← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၃၈၁ - အကြွေးနဲ့ ဝယ်လို့ရမလား

​အရိပ်ထဲတွင် ဓားငယ်လေးသည် ဖန့်ချန် ဝယ်ယူခဲ့သော အခြားရတနာနှစ်ခုကို စတင်ဝါးမြိုနေပြီဖြစ်သည်။

ဖန့်ချန်ကမူ ချည်နှောင်ခြင်း ခေါင်းလောင်း ကို လက်ထဲတွင်ကိုင်ကာ စစ်ဆေးနေမိသည်။

​"ဒီလို အဆင့်မြင့်ရတနာမျိုးကို သန့်စင်ဖို့ဆိုရင် ရက်ပေါင်းများစွာ ကြာလိမ့်မယ်"

ဟု ဖန့်ချန် တွေးလိုက်သည်။

​သူသည် လာမည့်ရက်အနည်းငယ်အတွင်း အရိပ်ထဲတွင်သာ ပုန်းကွယ်နေရန် ဆုံးဖြတ်ထားသည်။

ဤသည်မှာ အန္တရာယ်အနည်းဆုံးနှင့် ပြဿနာ အရှင်းရဆုံးနည်းလမ်းပင်။

မိစ္ဆာနှိမ်နင်းရေး စက်ဝိုင်း ကို ရရှိသည်နှင့် ဓားငယ်လေးကို ကျွေးကြည့်မည်။

အကယ်၍ တတိယအဆင့်ကို မရောက်သေးပါက ထိုခေါင်းလောင်းကိုပါ ထပ်ကျွေးရန် သူ ပြင်ဆင်ထားသည်။

​ယခုတစ်ခေါက်တွင် သူသည် ဝိညာဉ်ကျောက်တုံး ၁၁၀၀၀ သုံးစွဲခဲ့ပြီးဖြစ်ရာ လေလံပွဲအတွက် ၁၈၀၀၀ သာ ကျန်တော့သည်။

ဖန့်ချန်သည် စကြာဝဠာမှန်ချပ် ကို ထုတ်လိုက်သည်။

​မှန်ချပ်သည် ထွက်လာသည်နှင့် ဓားငယ်လေးက ရတနာများကို ဝါးမြိုနေသည်ကို မြင်ကာ မနာလိုဖြစ်သွားပြီး ဖန့်ချန်ကို ချက်ချင်းဆိုသည်

"အစ်ကိုကြီး အကူအညီလိုရင် ပြောနော်"

​"အနီးအနားမှာ ပိုင်ရှင်မဲ့နေတဲ့ အဝါရောင်အဆင့် အမြင့်ရတနာတွေ ဒါမှမဟုတ် ပစ္စည်းတွေ ရှိလားဆိုတာ ငါသိချင်တယ်"

ဟု ဖန့်ချန်က ပြုံးလျက် မေးသည်။

​မှန်ချပ်က ဝမ်းသာအားရဖြင့်

"ရှိတာပေါ့ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပဲ ပေး အဲဒါတွေ ဘယ်မှာလဲဆိုတာ ငါပြောပြမယ်"

​"သူ့ကို မပေးနဲ့"

ဟု ဓားငယ်လေးက လှမ်းအော်သည်။

​"မင်း အစာပဲ အေးအေးဆေးဆေးစားစမ်းပါ"

မှန်ချပ်က နှာခေါင်းရှုံ့လိုက်သည်

"သူက မင်းအတွက် မေးပေးနေတာကို ကျေးဇူးမကန်းနဲ့"

​"ကျောက်တုံး ၁၀၀၀၀ လား"

ဖန့်ချန်က တွန့်ဆုတ်စွာ ရေရွတ်သည်

"အဲဒီလောက်ဆိုရင် အထွတ်အထိပ်ရတနာ တစ်ခုတောင် ဝယ်လို့ရတယ်"

​"အစ်ကိုကြီးကို အမှန်အတိုင်း ပြောရရင် မင်း မဟာချန်းမှာတုန်းက ဒီမေးခွန်းမေးရင် မရှိဘူးလို့ပဲ ငါဖြေမှာ"

" ဒါပေမဲ့ ကံကောင်းချင်တော့ ဒီမိစ္ဆာတိမ်တိုက် အင်ပါယာမှာတော့ မင်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပိုင်ရှင်မဲ့ ရတနာတစ်ခု ရှိနေတယ် မဝေးဘူးလေ"

​"သုံးရက်အတွင်း သွားပြန် လုပ်လို့ရမလား"

​မှန်ချပ်က တွန့်ဆုတ်နေသည်

"အဲဒါကတော့ အတိအကျ သိချင်ရင် ကျောက်တုံး ထပ်လိုလိမ့်မယ်"

​ဖန့်ချန်က တိုးတိုးလေး ဆိုသည်

"ငါ့မှာ ကျောက်တုံး ၁၈၀၀၀ ထက် မပိုတော့ဘူး မင်းကို ၁၀၀၀၀ ပေးလိုက်ရင် လေလံပွဲအတွက် မလောက်တော့ဘူး ဒီကိစ္စကို အကြွေးနဲ့ အရင် ယူလို့မရဘူးလား"

​"မရဘူး အဲဒါ မဖြစ်နိုင်ဘူး"

မှန်ချပ်က ငြင်းသည်။

​"ဒါဆို တစ်ဝက်အရင် ပေးရင်ကော"

​"အဲဒါဆိုရင်တော့ ရတယ် တစ်ဝက်ပေးရင် သွားပြန် ဘယ်လောက်ကြာမလဲဆိုတာ ပြောပြမယ်"

ဟု မှန်ချပ်က ချက်ချင်းဆိုသည်။

​ဖန့်ချန်က ကျောက်တုံး ၅၀၀၀ ကို မှန်ချပ်ထဲ ပစ်ထည့်လိုက်သည်။ မှန်ချပ်က တစ်ကျိုက်တည်း ဝါးမြိုလိုက်ပြီးနောက်

"အစ်ကိုကြီး အဲဒီရတနာက မဝေးဘူး သွားပြန် ဆယ်ရက်ပဲ ကြာမယ်"

​"ဆယ်ရက်လား"

​ဒါဆိုရင် လေလံပွဲအရင်တက်ပြီးမှ သွားရတော့မည်။

သူသည် သုံးရက်တာကို အရိပ်ထဲတွင်သာ စောင့်ဆိုင်းနေလိုက်သည်။

ကံကောင်းသည်မှာ ထိုရတနာက သိပ်မဝေးခြင်းပင်။

​"အဲဒါက ဘယ်လိုရတနာလဲ ဝိညာဉ်တံဆိပ် ဘယ်နှစ်ခုရှိလဲဆိုတာ မသိချင်ဘူးလား"

ဟု မှန်ချပ်က ဆွပေးသည်။

​ဖန့်ချန်က ပြုံးလျက်

"သိချင်တာပေါ့ ဒါပေမဲ့ အခုတော့ ကျောက်တုံး မဖြုန်းနိုင်သေးဘူး ခဏစောင့်ဦး"

​"ချန်လေး ဒီကောင်ကို ငါ မယုံဘူး သူသာ ငါတို့ကို လိမ်ရင် သူ့ကိုပါ ငါ စားပစ်မယ်"

ဓားငယ်လေးက ဒုတိယရတနာကို ဝါးမြိုရင်း ခြိမ်းခြောက်သည်။

​မှန်ချပ်ကလည်း ပြန်ပက်သည်

"မင်းက ငါ့ကို စားမလို့လာ မင်းက နုပါသေးတယ် မင်းရဲ့ ဓားခန္ဓာကိုယ် ပေါက်ကွဲသွားမှာ မကြောက်ဘူးလား မင်းက သံသရာထဲတောင် မဝင်ရသေးတဲ့ကောင်ပါ"

​မှန်ချပ်သည် ကျောက်တုံး ၅၀၀၀ ရထားသဖြင့် ကျေနပ်နေပြီး ဓားငယ်လေးနှင့် ဆက်ရန်မဖြစ်တော့ဘဲ အနားယူရန်အတွက် သိုလှောင်လက်စွပ်ထဲ ပြန်ဝင်သွားသည်။

​သုံးရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

​ဖန့်ချန်သည် ကောင်းကင်ရတနာရှေ့သို့ ရောက်လာသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် နဂါးကျောရိုးမြို့ တွင် သူတွေ့ခဲ့သော လူငယ်တစ်စုကိုလည်း တွေ့လိုက်ရသည်။

သူတို့မှာ အတော်လေး ဖရိုဖရဲ ဖြစ်နေပြီး စီနီယာဖြစ်သူမှာ အတွင်းဒဏ်ရာ အတော်လေး ရထားပုံပေါ်သည်။

သူတို့သည် ဘေးပတ်ဝန်းကျင်ကို အလွန်အမင်း သတိထားနေကြသည်။

​အစေခံတစ်ဦးက ထိုလူငယ်များကို ချဉ်းကပ်လာသည်။

သူတို့သည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်ပြီး မိစ္ဆာတိမ်တိုက် အင်ပါယာမှ မဟုတ်ကြောင်း သူ အလွယ်တကူ သိနိုင်သည်။

​"ဧည့်သည်တော်တို့ ဘာဝယ်ချင်လို့လဲခင်ဗျာ"

​လူငယ်က ဖြည်းဖြည်းချင်း ဆိုသည်

"ဒီမှာ မြွေဝိညာဉ်သီး ရောင်းတယ်လို့ ကြားလို့ပါ"

​အစေခံက ပြုံးလျက်

"ရှိပါတယ် ဒါပေမဲ့ အခုတော့ ရောင်းဖို့ မဟုတ်ပါဘူး"

​"မရောင်းဘူး ဟုတ်လား"

လူငယ်မှာ အံ့သြသွားသည်။

​အစေခံက ရယ်မောကာ

"အော် ကျွန်တော် စကားမှားသွားလို့ပါ ရောင်းမှာပါဒါပေမဲ့ ဆိုင်ရှင်က ဒီအသီးကို ဒီနေ့ လေလံပွဲမှာ ထည့်သွင်းဖို့ ရွေးချယ်ထားလို့ပါ စိတ်ဝင်စားရင် လေလံပွဲ တက်ရောက်နိုင်ပါတယ်"

​ထို့နောက် အစေခံသည် ဖန့်ချန်ကို မြင်သွားပြီး

"ရောက်လာပြီပဲ လာပါ လေလံပွဲကို လိုက်ခဲ့ပါ"

ဟု ရိုသေစွာ ခေါ်ဆောင်သွားသည်။

ဖန့်ချန်က ခေါင်းညိတ်ပြီး အနောက်မှ လိုက်သွားသည်။

ထိုလူငယ်အုပ်စုမှာလည်း အံကြိတ်ကာ နောက်မှ လိုက်လာကြသည်။

​လေလံပွဲကို ခန်းမကျယ်ကြီးထဲတွင် ကျင်းပနေခြင်း ဖြစ်သည်။

ကျင့်ကြံသူများစွာ ရောက်နေကြပြီး ချီသန့်စင်ခြင်းအဆင့်မှသည် အခြေခံတည်ဆောက်ခြင်းအဆင့်အထိ ပါဝင်သည်။

အချို့မှာ သိသိသာသာပင် နက်နဲသော အငွေ့အသက်များ ရှိကြရာ ရွှေအမြုတေအဆင့် ပညာရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။

​လူငယ်အုပ်စုထဲမှ မိန်းကလေးမှာ ကြောက်လန့်နေသည်

"စီနီယာအစ်ကို ငါတို့ အသီးကို ဝယ်နိုင်ရင်တောင် ဒီအင်ပါယာကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလား"

ခန်းမထဲတွင် ရက်စက်သော အကြည့်များစွာက သူတို့အပေါ် ကျရောက်နေသည်။

​"မစိုးရိမ်ပါနဲ့ ဝယ်ယူသူတွေရဲ့ အကြောင်းကို လျှို့ဝှက်ထားပေးမယ့် နည်းလမ်းတွေ ရှိပါတယ်"

ဟု အစေခံက ဖန့်ချန်ကို အဓိကထား၍ ပြောကြားလိုက်သည်။

​ဖန့်ချန် ထိုင်လိုက်သောအခါ ရွှေအမြုတေအဆင့် ပညာရှင်အချို့က သူ့ကို ကြည့်လိုက်ကြသည်။

သူတို့ပင် ဖန့်ချန်၏ ကျင့်ကြံမှုကို အကဲမဖြတ်နိုင်သဖြင့် အတွေးနက်သွားကြသည်။

​မိန်းကလေးက သူမ၏ စီနီယာအင်္ကျီစကို ဆွဲကာ ဖန့်ချန်ကို မေးငေါ့ပြသည်

"စီနီယာအစ်ကို သူက နဂါးကျောရိုးမြို့မှာ တွေ့ခဲ့တဲ့လူနဲ့ တူတယ်နော်"

​"တခြားလူအကြောင်း ကွယ်ရာမှာ မပြောပါနဲ့ ညီမလေး ဒုက္ခရောက်တတ်တယ်"

ဟု လူငယ်က သတိပေးလိုက်သည်။

သို့သော် သူ ဖန့်ချန်ကို ကြည့်လိုက်သောအခါ မျက်ခုံးများ တွန့်သွားသည်။

​ဒီအဝတ်အစားတွေ တော်တော် ရင်းနှီးတာပဲ

​နဂါးကျောရိုးမြစ်မှာ ဘုရားရှင် ကို တစ်ချက်တည်း သတ်သွားတဲ့သူဝတ်ထားတာနဲ့ အရမ်းတူနေသည်။

အချိန်က ခဏလေးမို့ သေချာမမြင်ရသော်လည်း ထိုသူသာ ဖြစ်နိုင်ခြေများသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်ကို တစ်ချက်တည်း သတ်နိုင်သူဆိုလျှင် ထိုပုဂ္ဂိုလ်၏ ခွန်အားမှာ မမှန်းဆနိုင်ပေ။

​မကြာမီ ဆိုင်ရှင်လင်း ထွက်လာပြီး နှုတ်ဆက်သည်

"အားလုံးကို ကျေးဇူးတင်ပါတယ် အချိန်မဖြုန်းတော့ဘဲ လေလံပွဲကို အခုပဲ စတင်ပါ့မယ်"

​အခန်း ၃၈၂ - တိမ်မြုပ်တိမ်တိုက် နယ်မြေ

​ဆိုင်ရှင်လင်းသည် စိတ်ဆိုးခြင်းမရှိပေ။

ထိုအရပ်ရှိ ကျင့်ကြံသူများသည် စိတ်တိုလွယ်မှန်း သူသိထားသဖြင့် တည်ငြိမ်စွာပင် လေလံတင်မည့် ပစ္စည်းများကို စတင်မိတ်ဆက်ပေးသည်။

​ပထမဆုံး လေလံတင်သည့် ပစ္စည်းမှာ ကုသရေးပစ္စည်းဖြစ်သော မြွေဝိညာဉ်သီး ဖြစ်သည်။

​ဆိုင်ရှင်လင်းက အသာအယာပြုံးကာ

"အားလုံးပဲ မြွေဝိညာဉ်သီးအကြောင်း ကြားဖူးကြမှာပါ ဒါက ဒဏ်ရာပေါင်း ရာချီကို ကုသပေးနိုင်တဲ့ အဝါရောင်အဆင့် အထွတ်အထိပ် ဝိညာဉ်သီး ဖြစ်ပါတယ်"

"ရွှေအမြုတေအဆင့် မြွေမိစ္ဆာတွေ ကောင်းကင်ဘေးဒုက္ခကို မကျော်ဖြတ်နိုင်ဘဲ သေဆုံးသွားတဲ့ သေမင်းတမန်ဇုန်တွေမှာပဲ ပေါက်ရောက်တာမို့ အရမ်းရှားပါးပါတယ်"

​လူငယ်အုပ်စု၏ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်လာသည်။

​"ဒီအသီးရဲ့ အခြေခံဈေးက ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖြစ်ပြီး တစ်ကြိမ်တိုးရင် အနည်းဆုံး ၅၀ တိုးရပါမယ် စိတ်ဝင်စားသူများ လေလံဆွဲနိုင်ပါပြီ"

​ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ကျောက်တုံး ၁၀၀၀ မှာ မနည်းလှပေ။

ကုသရေးပစ္စည်းတစ်ခုတည်းအတွက် ထိုမျှသုံးရန် လူအများစုက တွန့်ဆုတ်နေကြသည်။

​ဆိုင်ရှင်လင်းက ပြုံးကာ သတိပေးသည်

"လေလံဆွဲတဲ့အခါ အသံလွှင့်ကျင့်စဉ် ကို သုံးပါ ဈေးအမြင့်ဆုံးပေးသူက ရမှာပါ"

​လူငယ်မှာ အံ့သြသွားသည်

"အသံလွှင့်ပြီး လေလံဆွဲရတာလား"

သူက ချက်ချင်းပင်

"၁၀၅၀ ကျောက်တုံး"

ဟု လှမ်းပြောလိုက်သည်။

​ခဏအကြာတွင် ဆိုင်ရှင်လင်း၏ အသံက လူငယ်၏ စိတ်ထဲတွင် ပေါ်လာသည်

"ညီလေး တစ်ယောက်က ၁၁၀၀ ပေးထားတယ်"

​လူငယ်သည် ဘေးပတ်ဝန်းကျင်ကို သံသယဖြင့် ကြည့်လိုက်သည်။

အသံလွှင့်စနစ်မှာ ဒုက္ခမရောက်အောင် ကာကွယ်ပေးသော်လည်း လေလံပွဲ စီစဉ်သူများက ဈေးတင်ရန်အတွက် ပြိုင်ဘက်အတုများကို ဖန်တီးကာ လိမ်လည်ရန်လည်း အလွန်လွယ်ကူသည်။

သို့သော် သူ၏ ဆရာဒဏ်ရာအတွက် ထိုအသီးကို ရအောင်ယူရမည်ဟု အံကြိတ်ကာ ဆက်၍ လေလံဆွဲတော့သည်။

​လက်ဖက်ရည်တစ်အိုးစာ အချိန်ကုန်လွန်ပြီးနောက်.ာ

​ဆိုင်ရှင်လင်းက ရယ်မောကာ ကြေညာသည်

"မြွေဝိညာဉ်သီးကို ၁၃၅၀ ကျောက်တုံးနဲ့ ရောင်းချလိုက်ပါပြီ"

​ဖန့်ချန်ကတော့ ပြုံးနေမိသည်။

ထိုလူငယ်များသည် ဆိုင်ရှင်လင်းနှင့် ကောင်းကင်ရတနာခန်းမ တစ်ခုလုံးမှာ ဤအရပ်ရှိ အကောက်ကျစ်ဆုံး ရာဇဝတ်ဂိုဏ်းကြီးဖြစ်သည်ကို မသိကြရှာပေ။

အသံလွှင့်စနစ်မှာ သူတို့၏ အကြံအဖန်များအတွက် အလွန်အဆင်ပြေစေသည်။

​နောက်ထပ် ပစ္စည်းများစွာကို လေလံတင်နေစဉ် ဖန့်ချန်က ငြိမ်သက်နေခဲ့သည်။

မွန်းလွဲပိုင်းသို့ ရောက်သောအခါမှ မိစ္ဆာနှိမ်နင်းရေး စက်ဝိုင်း ထွက်ပေါ်လာသည်။

​၎င်းမှာ လခြမ်းပုံသဏ္ဌာန်ရှိပြီး အနက်ရောင် ဝိညာဉ်သတ္တုဖြင့် ပြုလုပ်ထားကာ ခက်ထန်သော ဝိဇ္ဇာဓိုရ် ရုပ်ပုံ ၈ ခု ထွင်းထုထားသည်။

ထူးခြားဆန်းကြယ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

​"ဒီစက်ဝိုင်းက ကျွန်တော်တို့ဆိုင်မှာ ရှိနေတာ ကြာပါပြီ ဝိညာဉ်တံဆိပ် ၈၀ ရှိပေမဲ့ ယခင်ပိုင်ရှင်က ၄၀ ကို ပိတ်ထားခဲ့လို့ စွမ်းအားအပြည့် မထုတ်နိုင်သေးပါဘူး"

"ဒါပေမဲ့ အဝါရောင်အဆင့် အထွတ်အထိပ်ရတနာ ဖြစ်နေတုန်းပါပဲ အဲဒီအပိတ်တွေကို ဖွင့်နိုင်မယ့်သူဆိုရင် အစွမ်းထက်တဲ့ လက်နက်တစ်ခု ရမှာပါ"

ဆိုင်ရှင်လင်းက ဆိုသည်

"အခြေခံဈေး ၅၀၀၀၊ တစ်ကြိမ်တိုးရင် ၂၀၀ ပါ"

​ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဖန့်ချန်သည် အသံလွှင့်ကာ လေလံဆွဲလိုက်သည်။

​ဈေးနှုန်းမှာ မျက်စိတစ်မှိတ်အတွင်း ၆၈၀၀ သို့ ရောက်သွားသည်။ ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဆိုင်ရှင်လင်းက ဈေးကစားနေတာပဲ

​ပုံမှန်ဆိုလျှင် ဝိညာဉ်တံဆိပ် ၈၀ ရှိသော အထွတ်အထိပ်ရတနာမှာ ၈၀၀၀ မှ ၉၀၀၀ ကြား ရှိသော်လည်း ထိုပစ္စည်းမှာ တစ်ဝက်အပိတ်ခံထားရသဖြင့် အဆင့်မြင့်ရတနာနှင့်သာ တူညီသည်။

ထိုမျှ မြန်မြန် ဈေးတက်လာစရာ အကြောင်းမရှိပေ။

​ဖန့်ချန်က ဈေးထပ်တင်လိုက်သည်

"၇၀၀၀ ဆိုင်ရှင်လင်း အဲဒီထက် ပိုပေးမယ့်သူရှိရင် သူတို့ကိုပဲ တိုက်ရိုက် ရောင်းပေးလိုက်တော့"

​မျှော်လင့်ထားသည့်အတိုင်း ဆိုင်ရှင်လင်းက ၇၀၀၀ ဖြင့် ရောင်းချလိုက်ကြောင်း ကြေညာသည်။

ရွှေအမြုတေအဆင့် ပညာရှင်အချို့က မကျေမနပ်ဖြင့် ဘေးဘီကို ဝေ့ကြည့်နေကြသည်။

​အရောင်းအဝယ် အဆင့်ကို ရောက်သောအခါ ဖန့်ချန်သည် သီးသန့်အခန်းသို့ သွားကာ ၇၀၀၀ ပေးချေပြီး မိစ္ဆာနှိမ်နင်းရေး စက်ဝိုင်း ကို ရယူလိုက်သည်။

​ဆိုင်ရှင်လင်းက အလိုက်တသိ သတိပေးသည်

"သခင်လေး သတိထားပါဦး မိစ္ဆာတိမ်တိုက် အင်ပါယာက မအေးချမ်းဘူး တခြားသူတွေက မင်းဆီက လုဖို့ ကြံစည်နေနိုင်တယ်"

​"ငါ ဝယ်လိုက်တာကို ဘယ်သူမှ မှ မသိတာ ဘယ်သူက လုမှာလဲ တစ်ယောက်ယောက်က လာလုတယ်ဆိုရင် မင်းတို့ ကောင်းကင်ရတနာခန်းမ ကလူတွေပဲ ဖြစ်မှာပေါ့"

ဟု ဖန့်ချန်က ပြန်ပြောသည်။

​ဆိုင်ရှင်လင်း၏ အပြုံးမှာ ပျက်မသွားဘဲ ပို၍ပင် နွေးထွေးသွားသည်

"သခင်လေးက နောက်ပြောင်တတ်သားပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းက တိမ်မြုပ်တိမ်တိုက် နယ်မြေ တစ်ခုလုံးမှာ ပြန့်နှံ့နေတာပါ ဒီလောက် အမြတ်အစွန်းလေးအတွက်နဲ့ ဂုဏ်သိက္ခာ အပျက်မခံပါဘူး"

​ဖန့်ချန်သည် ခေါင်းညိတ်ကာ ထွက်ခွာလာခဲ့သည်။

​ဖန့်ချန်သည် လမ်းတွင် စဉ်းစားနေမိသည်။ တိမ်မြုပ်တိမ်တိုက် နယ်မြေ...

​"ရှောင်ကျိုး သူပြောတဲ့ တိမ်မြုပ်တိမ်တိုက် နယ်မြေဆိုတာ ဘာလဲ"

​စကြာဝဠာမှန်ချပ်က ရှင်းပြသည်

"တိမ်မြုပ်တိမ်တိုက် နယ်မြေဆိုတာ မိုးပြာတိမ်တိုက် အင်ပါယာနဲ့ တိမ်မြုပ်ထာဝရ အင်ပါယာတို့ရဲ့ နယ်မြေတွေကို ခေါ်တာ"

" အဲဒီထဲမှာ အဆင့် ၅ အင်ပါယာ ၃၇ ခု၊ အဆင့် ၆ ၁၉၃ ခု၊ အဆင့် ၇ ၅၇၁ ခု၊ အဆင့် ၈ ၉၂၈ ခုနဲ့ အဆင့် ၉ အင်ပါယာပေါင်း ၃၅၀၆ ခု ပါဝင်တယ်"

​ဖန့်ချန် အံ့သြသွားသည်။

မဟာဝေအင်ပါယာသည် တိမ်မြုပ်ထာဝရ အင်ပါယာအောက်မှာ ရှိခြင်းဖြစ်သည်။

ထိုမျှ ကျယ်ပြောလှသော နယ်မြေများကြားတွင် မဟာရှ ကဲ့သို့ နိုင်ငံငယ်လေးမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိပေမည်။

​"ရှောင်ကျိုး ဝိညာဉ်သွေးဂိုဏ်းရဲ့ ရည်ရွယ်ချက်က မဟာချန်းနဲ့ မဟာဝေကို စစ်တိုက်ခိုင်းရုံတင် မကဘဲ အထက်က အဆင့် ၄ အင်ပါယာကြီးနှစ်ခုကိုပါ စစ်ဖြစ်အောင် ဆွပေးနေတာ ထင်တယ်"

"ဒီအင်ပါယာကြီးတွေ စစ်ဖြစ်ပြီဆိုရင် သူတို့အောက်က ထောင်ချီတဲ့ နိုင်ငံတွေပါ ပါဝင်လာပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးရလိမ့်မယ်"

All Chapters