အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း ၃၈၇ - စွန့်ပစ်ခံ နယ်ရုပ်
ဖန့်ချန်သည် ယခုအခါ ရှစ်မျက်နှာအရပ် ဓားကျမ်းစာ ကို အရင်ကထက် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်လာသည်ကို တွေ့ရှိရသည်။
၎င်းသည် သူ၏ သက်တမ်းကို ထပ်မံလောင်ကျွမ်းခြင်း မရှိတော့ပေ။
သို့သော် သူ၏ ဝိညာဉ်စွမ်းအင်များမှာမူ လုံးဝကုန်ခမ်းသွားခဲ့သည်။
သို့သော်လည်း ကိစ္စမရှိပေ၊ ၎င်းတို့သည် အလွန်မြန်ဆန်သောနှုန်းဖြင့် ပြန်လည်ပြည့်တင်းလာနေသည်။
ဖန့်ချန် ခဏမျှ စဉ်းစားလိုက်သည်။
ငါ့ရဲ့ ဝိညာဉ်စွမ်းအင် ပမာဏကတော့ အများကြီး တိုးမလာဘူး အရင်က ကျင့်ကြံခြင်းအဆင့် ၁၂ အဆင့်ရှိတဲ့ ကျင့်ကြံသူ ဒါဇင်ဝက်လောက်နဲ့ ညီမျှရင် အခုက အဲဒီထက် နှစ်ဆလောက်ပဲ ရှိသေးတာ။
ဓားငယ်လေး တတိယအဆင့်ကို တက်လှမ်းသွားတာက အဓိကအားဖြင့် ဓားခန္ဓာကိုယ်ရဲ့ စွမ်းအားကိုပဲ မြှင့်တင်ပေးတာ ဖြစ်မယ်
သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှုမှာ သာမန်အလယ်အလတ်အဆင့် အခြေခံတည်ဆောက်ခြင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့်ပင် မနှိုင်းယှဉ်နိုင်သေးပေ။
ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအင် ပမာဏက ရှစ်မျက်နှာအရပ် ဓားကျမ်းစာကို ထောက်ပံ့ပေးနေခြင်း မဟုတ်သည်မှာ သေချာသည်။
ရွှေအမြုတေနယ်ပယ် အဆင့် ကျင့်ကြံသူတစ်ဦးကို ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ သတ်နိုင်ခဲ့ခြင်းမှာ ဝိညာဉ်စွမ်းအင်ကြောင့် မဟုတ်နိုင်ပေ။
ဖန့်ချန်၏ မျက်လုံးများ လင်းလက်သွားသည်။
"ငါ့ရဲ့ မသေမျိုးဓားသွေးကြော တွေကြောင့်လား"
ထိုဓားချက်၏ စွမ်းအားမှာ သူ၏ မသေမျိုးဓားသွေးကြော ၁၂ ချောင်းမှ ဆင်းသက်လာပုံရသည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးရုံတင်မကဘဲ ယခုအကြိမ်တွင် သူ၏သက်တမ်းကိုလည်း မလောင်ကျွမ်းစေခဲ့ပေ။
ဒါဟာ မသေမျိုးဓားသွေးကြောတွေကြောင့် ဖြစ်ဖို့ အလွန်နီးစပ်သည်။
သို့သော် လောလောဆယ်တွင်တော့ အကြောင်းရင်းအတိအကျကို သူ အတည်မပြုနိုင်သေးပေ။
ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။
မိစ္ဆာတိမ်တိုက် ဧကရာဇ် ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာကျင့်ကြံ သူများအားလုံးမှာ ဆွံ့အသွားကြသည်။
သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အမြစ်တွယ်လာပြီး ဖန့်ချန်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြတော့သည်။
လူအိုကြီး ၏ မျက်နှာမှာ ဖြူလျော်သွားပြီး လည်ချောင်းထဲတွင် ခါးသီးသော ဝေဒနာကို ခံစားလိုက်ရသည်။
"သူက ငါ့ကိုသုံးပြီး ဧကရာဇ်ကို အပြင်ထွက်လာအောင် မြှူဆွယ်ခဲ့တာလား"
သူ မမှားဘူးဆိုရင် ဒီဓားသမားဟာ တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာဖြစ်သည်။
ဧကရာဇ်ကို ဆွဲထုတ်ဖို့အတွက် သူ့ကို အသုံးချခဲ့ခြင်းသာ ဖြစ်ရမည်။
ဒါမှမဟုတ်လျှင် မိစ္ဆာတိမ်တိုက် ဧကရာဇ်ကို အလွယ်တကူ သတ်နိုင်တဲ့ ဒီလောက် အစွမ်းထက်တဲ့ ဓားကျင့်ကြံသူက ဘာလို့ သူ့ကို ကြောင်နဲ့ကြွက် ကစားသလို ကစားနေမှာလဲ
မိစ္ဆာများ တစ်ကိုယ်လုံး တောင့်တင်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ။
မုဆိုးဖြစ်ခဲ့သူများမှာ ယခုအခါ သားကောင်များ ဖြစ်သွားကြပြီဖြစ်သည်။
ဖန့်ချန်က ခပ်တိုးတိုး မေးလိုက်သည်။
"မိစ္ဆာတိမ်တိုက် ဧကရာဇ်ကတော့ သွားနှင့်ပြီဆိုတော့မင်းတို့ရော သူ့နောက်ကို လိုက်သွားချင်ကြသေးလား"
မိစ္ဆာဘုရင် များထိတ်လန့်သွားသည် မျက်နှာများမှာလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"မိစ္ဆာတိမ်တိုက် အင်ပါယာရဲ့ နောက်ကွယ်မှာ တိမ်မြုပ်ဘိုးဘေး ရှိနေတာနော်"
လူအိုကြီးက အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
"အရင်ကလည်း တရားမျှတမှုအတွက်ဆိုပြီး မိစ္ဆာတွေကို လာနှိမ်နင်းတဲ့ ကျင့်ကြံသူတွေ အများကြီးရှိခဲ့တယ် ဒါပေမဲ့ သူတို့အားလုံး...."
"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
ဖန့်ချန်က စကားကို ဖြတ်ပြောလိုက်သည်။
ဓားအလင်းတန်းများစွာ လေထဲသို့ ပျံထွက်သွားတော့သည်။
အချိန်အနည်းငယ်အကြာတွင် ဖန့်ချန်သည် သိုလှောင်လက်စွပ် ဒါဇင်ဝက်ခန့်ကို သိမ်းဆည်းလိုက်သည်။
ထို့နောက် အက်ကြောင်းထဲသို့ ပြန်ဆင်းကာ တူးဖေး၏ အရိုးစုကို ကောက်ယူပြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
မြေကမ္ဘာ၏ စွမ်းအားများ လှုပ်ခတ်သွားပြီး ခဏအတွင်းမှာပင် တိုက်ပွဲ၏ အကြွင်းအကျန်များ အားလုံး ပျောက်ကွယ်သွားသည်။
မိစ္ဆာတိမ်တိုက် ဧကရာဇ်နှင့် အခြား မိစ္ဆာကျင့်ကြံသူများ ထိုနေရာတွင် ရှိနေခဲ့ဖူးသည့် လက္ခဏာပင် မကျန်တော့ပေ။
ဒီဖြစ်ရပ်ဟာ အချိန်အတော်ကြာအောင် ဖော်ထုတ်မရတဲ့ ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေပါလိမ့်မည်။
မိစ္ဆာတိမ်တိုက် ဧကရာဇ်နှင့် သူ၏ နောက်လိုက်များ ဘယ်နေရာကို ပျောက်ကွယ်သွားသလဲဆိုတာကို လူတိုင်း အဖြေရှာမရ ဖြစ်နေကြလိမ့်မည်။
ကောင်းကင်ရတနာဆိုင် ၏ တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း။
ဆိုင်ရှင်လင်း၏ မျက်နှာမှာ မည်းမှောင်နေသည်။ သူ၏ နောက်လိုက်များမှာလည်း ထိတ်လန့်နေကြသော်လည်း ခေါင်းငုံ့ကာ နှုတ်ဆိတ်နေကြသည်။
"အသုံးမကျတဲ့ အမှိုက်တွေ ကျင့်ကြံခြင်း ၁၂ အဆင့်ရှိတဲ့ လူငယ်အချို့ကိုတောင် မင်းတို့ မကိုင်တွယ်နိုင်ဘူးလား မြွေဝိညာဉ်သီး ကိုတောင် မင်းတို့ မယူနိုင်ခဲ့ဘူးလား"
ဆိုင်ရှင်လင်းက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ နဖူးပေါ်ရှိ သွေးကြောများမှာ ဒေါသကြောင့် ဖောင်းတက်နေသည်။
"မြွေဝိညာဉ်သီးကလည်း မရဘူး မိစ္ဆာတိမ်တိုက် ဧကရာဇ်ဘက်ကလည်း သတင်းအစအန မရဘူး ဒီရက်ပိုင်း စီးပွားရေး လုပ်ရတာ ပိုပိုပြီး ခက်လာပြီ"
ဆိုင်ရှင်လင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုစဉ် အစေခံတစ်ဦး ဝင်လာပြီး
"ဆိုင်ရှင်လင်း ဧည့်သည်တစ်ယောက်က တွေ့ချင်နေပါတယ်"
ဟု တိုးတိုးလေး လာပြောသည်။
"ဘယ်သူလဲ ဘာလို့ ငါ့ကို တွေ့ချင်ရတာလဲ"
ဆိုင်ရှင်လင်းက မေးလိုက်သည်။ အစေခံ ပြန်မဖြေနိုင်ခင်မှာပင် သူ စိတ်မရှည်စွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
"ထားလိုက်တော့ ငါ့ဘာသာပဲ သွားကြည့်လိုက်မယ်"
စည်ကားနေသော ဆိုင်ခန်းမထဲတွင် ဆိုင်ရှင်လင်းသည် သူ့ကို ကျောပေးထားသော လူတစ်ဦးဆီသို့ ချဉ်းကပ်သွားသည်။
"ကျွန်တော့်ဆီမှာ အရေးကြီးတဲ့ အရောင်းအဝယ်တစ်ခု ရှိတယ်လို့ ကြားပါတယ် ခင်ဗျာ"
ဖန့်ချန်က ဆိုင်ရှင်လင်းဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ အရေးကြီးတဲ့ အရောင်းအဝယ်ပဲ မင်း ပတ်ဝန်းကျင်ကို ရှင်းလိုက်တာ ပိုကောင်းမယ်"
ဆိုင်ရှင်လင်း သူ့မျက်လုံးကိုသူ မယုံနိုင်အောင် ဖြစ်သွားသည်။
"မင်း "
သူ ဘာလို့ ဒီမှာ ရှိနေတာလဲ သူဟာ မိစ္ဆာတိမ်တိုက် ဧကရာဇ်ရဲ့ လူတွေ လိုက်ဖမ်းတာကို ခံနေရမှာ မဟုတ်ဘူးလား ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ
ဆိုင်ရှင်လင်းသည် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းလိုက်ပြီး အတင်းပြုံးပြလိုက်သည်။
"အော် အထူးဧည့်သည်တော်ကြီးကိုး ဒီတစ်ခါ ဘာဝယ်ချင်လို့လဲ ပြောရုံသာပြောပါ ကျွန်တော်တို့ အကောင်းဆုံး စီစဉ်ပေးပါ့မယ်"
"အရေးကြီးတဲ့ ကိစ္စလို့ ငါပြောနေတယ်လေပတ်ဝန်းကျင်ကို ရှင်းလိုက်ပါ"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"အရေးကြီးတဲ့ ကိစ္စ"
ဆိုင်ရှင်လင်း၏ မျက်နှာမှာ ဝေခွဲမရ ဖြစ်သွားသည်။ ခဏအကြာတွင် သူက အတင်းပြုံးကာ ပြောလိုက်သည်။
"ကောင်းကင်ရတနာဆိုင်က စီးပွားရေး လုပ်နေတာလေ အကြောင်းပြချက်မရှိဘဲ လူရှင်းလိုက်ရင် ငါတို့ရဲ့ ဂုဏ်သတင်း ထိခိုက်ကုန်မှာပေါ့"
ဖန့်ချန်က ပြုံးပြီး ပြန်ပြောသည်။
"ဒီအရောင်းအဝယ်က မိစ္ဆာတိမ်တိုက် ဧကရာဇ်နဲ့ ဆက်စပ်နေတယ် မင်း ဒါကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး မင်းရဲ့ မန်နေဂျာကို ခေါ်လိုက်တာ ပိုကောင်းမယ်"
ဆိုင်ရှင်လင်း၏ နှလုံးသားထဲတွင် အေးစိမ့်သွားသည်။
သူ ဘယ်လို တုံ့ပြန်ရမလဲ မသိလောက်အောင် ထိတ်လန့်သွားခဲ့သည်။
ခဏအကြာတွင် သူ၏ နောက်လိုက်များကို အော်ပြောလိုက်သည်
"လူရှင်းလိုက်ကြ ဒီနေ့အတွက် ဆိုင်ပိတ်ပြီ"
"ဟုတ်ကဲ့"
ကောင်းကင်ရတနာဆိုင်မှ ဝန်ထမ်းများ ချက်ချင်း လူရှင်းလိုက်ကြသည်။ ကျင့်ကြံသူအချို့က ညည်းညူကြသော်လည်း ဘယ်သူမှ ပြဿနာမရှာရဲဘဲ ထွက်သွားကြသည်။
သိပ်မကြာခင်မှာပင် စည်ကားနေသော ဆိုင်ကြီးမှာ တံခါးများ အလုံပိတ်ကာ တိတ်ဆိတ်သွားတော့သည်။
ဆိုင်ရှင်လင်းက ဖော်ဖော်ရွေရွေ ပြုံးကာ မေးလိုက်သည်။
"ကဲ... အသေးစိတ် ရှင်းပြပေးပါဦး မိစ္ဆာတိမ်တိုက် ဧကရာဇ်နဲ့ ဘယ်လို ဆက်စပ်နေတာလဲ ပြီးတော့ ကျွန်တော်တို့ဆိုင်ရဲ့ မန်နေဂျာအကြောင်းကို မင်းက ဘယ်လိုသိတာလဲ"
"မင်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး မန်နေဂျာကိုပဲ ခေါ်လိုက်ပါ"
ဖန့်ချန်က ပြုံးလျက် ပြန်ဖြေသည်။
ထိုစဉ် လူတစ်ဦး လျှောက်လာခဲ့သည်။
သူသည် ထည်ဝါခန့်ညားသော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး ခြင်္သေ့မျက်နှာနှင့် လူကိုယ်ခန္ဓာ ရှိသည်။
သူ လျှောက်လာသောအခါ သူ၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် အရှိန်အဝါများ သိသိသာသာ ထွက်ပေါ်နေသည်။
ဆိုင်ရှင်လင်း အပါအဝင် လူတိုင်းသည် ထိုလူ ပေါ်လာသည်နှင့် ဖိအားများကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
"မန်နေဂျာ"
ဆိုင်ရှင်လင်းနှင့် နောက်လိုက်များက ရိုသေသေ အရိုအသေ ပေးလိုက်ကြသည်။
မန်နေဂျာမှာ နှုတ်ဆိတ်နေပြီး ဖန့်ချန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
"မင်း ငါ့ကို ဘာလို့ ရှာတာလဲ"
ဖန့်ချန်၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
"ရုပ်သေး လား"
မန်နေဂျာ၏ အရှိန်အဝါမှာ အရင်ကလို မဟုတ်ပေ။
ကြည့်ရုံနှင့် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ဦးဟု ထင်ရသော်လည်း ဖန့်ချန်က တစ်ခုခု လွဲချော်နေသည်ကို သတိထားမိလိုက်သည်။
အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ၎င်းမှာ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ကြောင်း သိလိုက်ရသည်။
ရုပ်သေးမန်နေဂျာက လှောင်ပြုံးပြုံးလိုက်သည်။
"မိစ္ဆာတိမ်တိုက် ဧကရာဇ်က ငါ့ရဲ့ လက်တွဲဖော်ပဲ၊ သူ့သေဆုံးမှုကို ငါသိတာပေါ့ တိမ်မြုပ်ဘိုးဘေး လည်း ဒါကို သိတယ် သူက မိစ္ဆာတိမ်တိုက် ဧကရာဇ်ကို အလွန်တန်ဖိုးထားတာ"
"မင်းက သူ့ရဲ့ ယုံကြည်ရတဲ့ စစ်သူကြီးတစ်ယောက်ကို သတ်လိုက်ပြီဆိုတော့ သူ့ရဲ့ ဒေါသကို မင်း ဆွလိုက်ပြီပဲ သူ မင်းနောက်ကို လိုက်လာလိမ့်မယ်"
"မင်း ငါ့ကို လာရှာရဲလိမ့်မယ်လို့ ငါမထင်ထားဘူးဒါပေမဲ့ မင်း ရောက်လာခဲ့သားပဲ မင်း မိစ္ဆာတိမ်တိုက် ဧကရာဇ်ကို သတ်နိုင်ခဲ့ပေမဲ့ ငါ့ကိုတော့ သတ်နိုင်မှာ မဟုတ်ဘူး ငါ့ရဲ့ မူလကိုယ်က မိစ္ဆာတိမ်တိုက် အင်ပါယာကနေ ထွက်သွားတာ ကြာပြီ"
ဖန့်ချန်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဆိုင်ရှင်လင်းနှင့် အခြားသူများမှာမူ ထိုရုပ်သေးကို ကြည့်ရင်း မျက်နှာများ ပျက်ယွင်းသွားကြသည်။
သူတို့တွေဟာ စွန့်ပစ်ခံ နယ်ရုပ်တွေ ဖြစ်သွားကြပြီ
ရုပ်သေးက တုန်လှုပ်စရာကောင်းအောင် ရယ်မောလိုက်သည်။
"ငါတို့ မကြာခင် ပြန်ဆုံကြမယ်လို့ ငါယုံကြည်တယ်လောလောဆယ်တော့ ငါသာ မင်းနေရာမှာဆိုရင် မိစ္ဆာတိမ်တိုက် အင်ပါယာကနေ မြန်မြန် ထွက်ပြေးလိုက်မယ် တိမ်မြုပ်ဘိုးဘေးက ဒီကို လာနေပြီ"
ဓားအလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်တွင် ရုပ်သေးရုပ်မှာ ငါးပိုင်းကွဲသွားတော့သည်။
ထို့နောက် အစိမ်းရောင်အလင်းတန်းတစ်ခု လက်သွားပြီး လူတိုင်း၏ ရှေ့မှောက်မှာပင် သစ်သားတုံးများအဖြစ် ပြောင်းလဲသွားတော့သည်။
အခန်း ၃၈၈ - ဝိဇ္ဇာဗောဓိသီး
"ကြည့်ရတာ မင်းကတော့ အစွန့်ပစ်ခံလိုက်ရပြီ ထင်တယ် ဆိုင်ရှင်လင်း"
ဖန့်ချန်က ဆိုင်ရှင်လင်းကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
ဖန့်ချန်သည် မန်နေဂျာတွင် မိစ္ဆာတိမ်တိုက် ဧကရာဇ်နှင့် ဆက်သွယ်ထားသည့် ဝိညာဉ်မီးအိမ် ကဲ့သို့သော အရာတစ်ခု ရှိနိုင်ကြောင်း အစောကတည်းက တွက်ဆထားပြီးသား ဖြစ်သည်။
ထိုသို့ဆိုလျှင် ဧကရာဇ် တစ်ခုခုဖြစ်သည်နှင့် မန်နေဂျာက ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။
ထို့အပြင် ကောင်းကင်ရတနာခန်းမနှင့် မိစ္ဆာတိမ်တိုက် ဧကရာဇ်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် သူထင်ထားသည်ထက် ပိုမိုနီးကပ်ကြောင်းလည်း ဖန့်ချန် ရိပ်မိလိုက်သည်။
သူတို့ကြားက ဆက်ဆံရေးသည် သာမန် စီးပွားရေးလုပ်ဖော်ကိုင်ဖက်ထက် ပိုနိုင်ပြီး ခင်မင်ရင်းနှီးမှုဘက်သို့ပင် ယိုင်နိုင်ပေသည်။
မန်နေဂျာက တိမ်မြုပ်ဘိုးဘေး လာနေပြီဟု ပြောပြီး ခြောက်လှန့်သွားခြင်းကိုမူ ဖန့်ချန်က အဓိပ္ပာယ်မရှိသော စကားအဖြစ် ပယ်ချလိုက်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ဝိညာဥ်သန္ဓေသား အဆင့် ကျင့်ကြံသူတစ်ဦး၏ လှုပ်ရှားမှုကို ဘယ်လိုလုပ်ပြီး ကြိုတင်သိနိုင်မှာလဲ
မန်နေဂျာသည် သူ့ကို ဝေခွဲမရဖြစ်အောင် လုပ်ပြီး မိစ္ဆာတိမ်တိုက် အင်ပါယာကနေ အမြန်ထွက်သွားစေရန် တွန်းအားပေးနေခြင်းသာ ဖြစ်ကြောင်း ဖန့်ချန် တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
ဆိုင်ရှင်လင်းသည် တည်ငြိမ်အောင် အတင်းကြိုးစားရင်း အားတင်းပြုံးလိုက်သည်။
"သခင်လေး ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ် ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါ"
ဖန့်ချန်က ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းလိုက်သည်။
"မလိုပါဘူး မင်းတို့က မသမာတဲ့ စီးပွားရေးတွေ လုပ်နေတာပဲ ပြီးတော့ မိစ္ဆာတိမ်တိုက် ဧကရာဇ်နဲ့လည်း တစ်လှေတည်းစီး တစ်ကိုင်းတည်းထွက်တွေပဲလေ ဘာမှ ရှင်းပြနေစရာ မလိုပါဘူး"
ဆိုင်ရှင်လင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။
"ကျွန်... ကျွန်တော်..."
မိစ္ဆာတိမ်တိုက် ဧကရာဇ်ကို သတ်ပြီးပြီးချင်း ဖန့်ချန် ထိုနေရာသို့ တန်းလာခဲ့ခြင်းမှာ မန်နေဂျာကို သတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားလှသည်။
ဖန့်ချန်ကို ကြောက်၍ မန်နေဂျာကိုယ်တိုင် ထွက်ပြေးသွားရသည်ဆိုလျှင် သူကဲ့သို့ အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ ပြိုင်ဘက်ကို အာခံနိုင်မှာလဲ ဆိုင်ရှင်လင်း၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"လေလံပွဲကနေ ရထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်မှာ ထားထားလဲ"
ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်သည်။
ဆိုင်ရှင်လင်းက ခါးသီးစွာ ပြုံးလျက်
"တန်ဖိုးကြီးပစ္စည်းတွေ အားလုံးကို မန်နေဂျာက သူ့ကိုယ်ပေါ်မှာပဲ သိမ်းထားတာပါ"
ဟု ဖြေသည်။
ဖန့်ချန်က ခပ်တိုးတိုး ရယ်လိုက်သည်။
"အော် အဲဒီလိုလား"
သူသည် ကောင်းကင်ရတနာခန်းမ တစ်ခုလုံးကို သူ၏ ဝိညာဉ်အာရုံ ဖြင့် ရှာဖွေကြည့်ပြီးပြီ ဖြစ်သည်။
အဆင့်နိမ့် ရတနာအချို့ ဝိညာဉ်ကုန်ကြမ်းများနှင့် ခန်းမထဲရှိ ဆေးလုံးများမှအပ အခြား အထူးတန်ဖိုးရှိသည့် အရာများ မတွေ့ရပေ။
မန်နေဂျာသည် ကြိုတင်စီစဉ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်သောကြောင့် တန်ဖိုးရှိသည့် အရာအားလုံးကို ယူဆောင်သွားခြင်း ဖြစ်ပေမည်။
မန်နေဂျာ၏ ပြတ်သားမှုကို ဖန့်ချန် မချီးကျူးဘဲ မနေနိုင်ပေ။
တကယ်လို့ သူသာ မိစ္ဆာတိမ်တိုက် ဧကရာဇ်အတွက် လက်စားချေဖို့ ဆုံးဖြတ်ပြီး ဆက်နေခဲ့လျှင် ယနေ့သည် သူ၏ နောက်ဆုံးနေ့ ဖြစ်သွားပေလိမည်။
ယခုမူ သူသည် အသက်ရှင်ရုံတင်မကဘဲ ဆိုင်ရှိ တန်ဖိုးကြီးပစ္စည်းများကိုပါ ကာကွယ်သွားနိုင်ခဲ့သည်။
ဖန့်ချန် သက်ပြင်းချလိုက်သည်။
"ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်တဲ့သူတိုင်းဟာ တကယ်ကို ပါးနပ်တဲ့ မြေခွေးအိုကြီးတွေပဲ"
ဖန့်ချန်သည် ခန်းမထဲရှိ ပစ္စည်းအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်သည်။
ထိုစဉ် ဆိုင်ရှင်လင်းက ရုတ်တရက် စကားပြောလာသည်။
"သခင်လေး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ကျွန်တော့်မှာ အပ်နှံစရာ ရတနာတစ်ခု ရှိပါတယ် အဲဒါက တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ အရာပါ"
ဖန့်ချန် ပြုံးလိုက်သည်။
"ပြောကြည့်လေ"
ဆိုင်ရှင်လင်းက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒီကနေ မိုင်ငါးဆယ်အကွာမှာ ဝိဇ္ဇာဗောဓိသီး လို့ ခေါ်တဲ့ ဝိညာဉ်သီးတစ်မျိုး ရှိပါတယ် အဲဒါက အဆင့်နိမ့် နက်နဲအဆင့် ဝိညာဉ်သီးတစ်မျိုးပါအထူးအဆင့် မြေကမ္ဘာအဆင့် ရတနာတွေထက်တောင် အများကြီး ပိုတန်ဖိုးရှိပါတယ်"
ဖန့်ချန် အံ့သြသွားသည်။
"အဆင့်နိမ့် နက်နဲအဆင့် ဝိညာဉ်သီး ဟုတ်လား"
နက်နဲအဆင့် ဝိညာဉ်သီးအကြောင်း သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
မီးတောက်အင်ပါယာ၊ ချင်းဟူအင်ပါယာ သို့မဟုတ် မဟာချန်းအင်ပါယာတို့တွင်ပင် ထိုကဲ့သို့သော အရာမျိုး ရှိကြောင်း သူ မကြားဖူးခဲ့ပေ။
ဤကဲ့သို့သော ဝိညာဉ်ပစ္စည်းမျိုးမှာ လောကကြီးထဲကနေ ကွယ်ပျောက်သွားပြီဟုပင် ထင်ရသည်။
ဖန့်ချန် ခေါင်းညိတ်ပြလိုက်သည်။
"ဆက်ပြောပါဦး"
သူက စကြာဝဠာမှန်ချပ်ကို တိတ်တဆိတ် မေးလိုက်သည်။
"မှန်ချပ်လေး ဝိဇ္ဇာဗောဓိသီး ဆိုတာ ဘာလဲ သူ့ရဲ့ အာနိသင်က ဘာလဲ ဘယ်လောက်ရော တန်ဖိုးရှိလဲ"
"ဒီသတင်းအချက်အလက်အတွက် ဝိညာဉ်ကျောက်တုံး မလိုပါဘူး ဝိဇ္ဇာဗောဓိသီးဟာ အဆင့်နိမ့် နက်နဲအဆင့် ဝိညာဉ်သီးတစ်မျိုး ဖြစ်ပါတယ်"
"ဆေးလုံးဖော်စပ်တာနဲ့ ကိရိယာတွေ သွန်းလုပ်တဲ့နေရာမှာ သုံးလို့ရပါတယ် ဒီအသီးက အလွန်မာကျောတာကြောင့် ရတနာတစ်ခုထဲမှာ ထည့်သွင်းသွန်းလုပ်ရင် အဲဒီရတနာရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်"
"တိုက်ရိုက်စားသုံးမယ်ဆိုရင်တော့ သာမန်လူတစ်ယောက်ဟာ ချက်ချင်းဆိုသလို ကောင်းကင်နက်နဲအဆင့် လေးဆင့်အထိ ရောက်သွားနိုင်ပါတယ်"
"ကျင့်ကြံသူတစ်ယောက်က ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်နဲ့အတူ စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခွန်အားကို အဆမတန် တိုးတက်စေနိုင်ပါတယ်"
ဖန့်ချန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ ထိုအသီးမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
ကောင်းကင်နက်နဲခြင်းအဆင့် လေးဆင့်ဆိုသည်မှာ ကျင့်ကြံခြင်းနယ်ပယ်၏ အဆင့် ၁၂ နှင့် ညီမျှသည်။
ထိုအဆင့်ရှိသော ကိုယ်ခံပညာရှင်များသည် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်သည်။
သာမန်လူတစ်ဦးက အသီးစားရုံနှင့် ဤမျှ အစွမ်းထက်လာခြင်းမှာ အံ့သြစရာပင်။
ဆိုင်ရှင်လင်းက ဆက်ပြောသည်။
"မန်နေဂျာ ဒီကို လာရတဲ့ အဓိက အကြောင်းရင်းကလည်း ဒီအသီးကြောင့်ပဲ ဖြစ်ပါလိမ့်မယ်"
ဖန့်ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။
မန်နေဂျာသည် သူ့ကို ခြောက်လှန့်ပြီး မောင်းထုတ်ခြင်းမှာ ဝိဇ္ဇာဗောဓိသီးအကြောင်း သူ မသိသွားစေရန် ကာကွယ်ခြင်းသာ ဖြစ်ပေမည်။
ငါသာ သူ့နေရာမှာဆိုရင် အသီးမမှည့်ခင် ထွက်သွားပါ့မလား
ဟု ဖန့်ချန်က ရယ်ချင်စိတ်ဖြင့် တွေးလိုက်သည်။
မန်နေဂျာသည် အင်ပါယာထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း သေချာသလောက် ရှိနေပြီ။
"စကားမစပ် အစ်ကို ဝိဇ္ဇာဗောဓိသီးက မိစ္ဆာကျင့်ကြံသူတွေအတွက် ပိုပြီး အကျိုးရှိပါတယ် သူတို့က သဘာဝအရ ခန္ဓာကိုယ် သန့်စင်ခြင်းဘက်ကို ပိုပြီး အသားပေးကြလို့ပါ"
ဟု မှန်ချပ်က ဖြည့်စွက်ပြောသည်။
ဖန့်ချန်က ခပ်တိုးတိုး ရယ်လိုက်သည်။
"ဆိုင်ရှင်လင်း မင်းပြောပုံအရဆိုရင် မင်းရဲ့ သူဌေးက ဒီအသီးကို အလွန်တန်ဖိုးထားတာပဲ ဒါဆို ဒီအသီးရှိတာကို သိနေတဲ့ မင်းက ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ"
ဆိုင်ရှင်လင်းက တိုးတိုးလေး ပြောသည်။
"အမှန်အတိုင်း ပြောရရင် ဒီအသီးကို ကျွန်တော်က မတော်တဆ တွေ့ခဲ့တာပါ"
"ဒါပေမဲ့ ဒီလိုရတနာမျိုးကို ကျွန်တော့်အင်အားနဲ့ မကာကွယ်နိုင်မှန်း သိတာကြောင့် မန်နေဂျာကို ဆက်သခဲ့တာပါ ကျွန်တော် ဒီအသီးကို မန်နေဂျာအတွက် စောင့်ရှောက်ပေးနေတာ ကြာပါပြီ"
ဖန့်ချန် နားလည်သွားသည်။
မန်နေဂျာက ဆိုင်ရှင်လင်းကို သတ်ပြီး နှုတ်ပိတ်မထားခြင်းမှာ တိမ်မြုပ်ဘိုးဘေး၏ ဂုဏ်သတင်းကတင် ဆိုင်ရှင်လင်းကို သစ္စာမဖောက်ရဲအောင် ဟန့်တားနိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းကြောင့် ဖြစ်ပေမည်။
ထိုနည်းဖြင့် သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားကို သတ်ရန် မလိုတော့ပေ။
"သခင်လေး ဒီသတင်းက ကျွန်တော့်အသက်ကို ကယ်ဖို့ လုံလောက်ပြီလား"
ဆိုင်ရှင်လင်းက ဖန့်ချန်၏ မျက်နှာရိပ်မျက်နှာကဲကို တိတ်တဆိတ် အကဲခတ်နေသည်။ ဖန့်ချန်၏ တိတ်ဆိတ်မှုက သူ့ကို ပိုပြီး စိုးရိမ်စေသည်။
ဖန့်ချန် ပြုံးလိုက်သည်။
"မင်းရဲ့ သူဌေးက အဲဒီ ဝိဇ္ဇာဗောဓိသီး အနားမှာ စောင့်နေလိမ့်မယ်ဆိုတာ မင်းလည်း တွက်မိပြီးသား ဖြစ်မှာပါ"
ဆိုင်ရှင်လင်း၏ မျက်နှာမှာ ထိတ်လန့်သွားသည်။
ဖန့်ချန်က အခြေအနေအားလုံးကို ဒီလောက်မြန်မြန် ဆက်စပ်မိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အမှန်ပင်
သူ့ကို စွန့်ပစ်လိုက်ပြီမှန်း သိလိုက်ကတည်းက မန်နေဂျာ ဘယ်မှာ ပုန်းနေမည်ကို သူ တွက်မိပြီးသား ဖြစ်သည်။
မန်နေဂျာသည် ဝိဇ္ဇာဗောဓိသီးကို လုံးဝလက်လွှတ်မည် မဟုတ်ပေ။ ထိုအသီးမျိုးမှာ မိစ္ဆာကျင့်ကြံသူများအတွက် အလွန် အကျိုးရှိလှသည်မဟုတ်ပါလား
သူသည် ဤသတင်းကို ပေးခြင်းဖြင့် မိမိအသက်ကို ကယ်ရုံတင်မကဘဲ ဖန့်ချန်ကို မန်နေဂျာနောက်သို့ လိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။
အကယ်၍ မန်နေဂျာ သေသွားလျှင် သူ လက်စားချေပြီးသား ဖြစ်ပေမည်။
အကယ်၍ နှစ်ယောက်လုံး အထိနာသွားလျှင် ဝိဇ္ဇာဗောဓိသီးမှာ သူ၏လက်ဝယ်သို့ ရောက်လာနိုင်ခြေ ရှိသည်။
ထို့အပြင် မန်နေဂျာ၏ ကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော ရတနာများမှာလည်း သူ့လက်ထဲ ရောက်လာနိုင်သည်။
အဆိုးဆုံး အခြေအနေမှာ မန်နေဂျာက ဖန့်ချန်ကို သတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်လည်း သူသည် အင်ပါယာထဲကနေ ထွက်ပြေးရုံသာ ရှိတော့သည်။
ဆိုင်ရှင်လင်းက အတင်းပြုံးလိုက်သည်။
"နားလည်မှု လွဲနေပါပြီ အခု သခင်လေး သတိပေးလိုက်တော့မှ ကျွန်တော် သေချာစဉ်းစားကြည့်မိတာပါ"
"မန်နေဂျာက အဲဒီအသီးအနားမှာ ရှိနေနိုင်တာ အမှန်ပါပဲ သခင်လေးသာ ကျိန်ဆိုပေးမယ်ဆိုရင် အဲဒီနေရာကို ကျွန်တော် ပြောပြပါ့မယ်"
ဖန့်ချန် ရယ်လိုက်သည်။
"မင်းမှာ ရွေးချယ်စရာ မရှိဘူး မင်း ပြောမလား ဒါမှမဟုတ် အခုချက်ချင်း သေမလား ငါ့ရဲ့ ကတိတည်မှုအပေါ်မှာပဲ မင်း လောင်းကြေးထပ်ရလိမ့်မယ်"
ဆိုင်ရှင်လင်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
ဖန့်ချန်က ကျိန်ဆိုဖို့ ကိုတောင် သဘောမတူဘူးလား သူ ဘာလုပ်ရမလဲ နှုတ်ဆိတ်နေပြီး သေခြင်းတရားကို ရင်ဆိုင်ရမလားဒါမှမဟုတ် ပြောပြပြီး အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ်ကို ဆုပ်ကိုင်ရမလား
နောက်ဆုံးတွင် ဆိုင်ရှင်လင်း သွားကြိတ်ပြီး ထိုနေရာကို ဖန့်ချန်အား တိုးတိုးလေး ပြောပြလိုက်သည်။
ဖန့်ချန်သည် ဓားငယ်လေးကို ဆိုင်ရှင်လင်းတို့အား စောင့်ကြည့်ရန် ညွှန်ကြားလိုက်ပြီး သူ၏ ဝိညာဉ်အာရုံကို ဆိုင်ရှင်လင်းပြောသည့် နေရာသို့ စေလွှတ်လိုက်တော့သည်။