← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 40 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 40 Ch. 391-392

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၃၉၁ - အစီအရင်ကို ဖျက်ဆီးခြင်း

​ဆိုင်ရှင်လင်းသည် သွားကြိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ပြတ်သားမှုများ အရောင်ဟပ်နေသည်။

"စီနီယာချီယို့ စိတ်ချပါ ကျွန်တော်တို့ ဒီချိုင့်ဝှမ်းထဲကို တိတ်တဆိတ် ဝင်နိုင်မှာပါ မန်နေဂျာအတွက် လက်စားချေနိုင်သရွေ့ ကျွန်တော် အစွမ်းကုန် ကူညီပါ့မယ်"

​"ငါ့ရဲ့ ဒုတိယညီက မင်းကို မွေးမြူခဲ့တာ အလကားတော့ မဟုတ်ဘူးပဲ နှမြောဖို့ကောင်းတာက သူက လူမှားပြီး သစ္စာခံခဲ့မိတာပဲ အရင်ကသာ သူ ကောင်းကင်ရတနာခန်းမအတွက် အလုပ်မလုပ်ခဲ့ရင် အခုလို အဆုံးသတ်မျိုး ကြုံရမှာ မဟုတ်ဘူး"

​ချီယို့က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် အသိအမှတ်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်။

ဤကိစ္စပြီးသွားလျှင် ဆိုင်ရှင်လင်းကို သူ၏လက်အောက်သို့ ယူရန် သူ ဆုံးဖြတ်လိုက်သည်။

မိစ္ဆာတိမ်တိုက် အင်ပါယာရှိ စီးပွားရေးလုပ်ငန်းများကိုလည်း သူကိုယ်တိုင် လွှဲပြောင်းယူပေလိမ့်မည်။

သူ၏ ဒုတိယညီနှင့် တတိယညီတို့ကို အလကား သေခွင့်မပေးနိုင်သလို၊ အခြားသူများကိုလည်း အကျိုးအမြတ် ထုတ်ခွင့်မပေးနိုင်ပေ။

​ချိုင့်ဝှမ်းအတွင်းရှိ ရှေးဟောင်းသစ်ပင်ကြီးရှေ့တွင် ဖန့်ချန်သည် နောက်ဆုံးလက်ချက်ကို အဆုံးသတ်လိုက်ရာ အမြင်မှားအဆောင် တစ်ခု ဖန်တီးပြီးစီးသွားသည်။

အရင်က ပြုလုပ်ထားသော အဆောင် ၄ ခုနှင့်ပေါင်းလျှင် ယခုအခါ သူ၏လက်ထဲတွင် အမြင်မှားအဆောင် ၅ ခု ရှိနေပြီဖြစ်သည်။

​"စီနီယာ ကျွန်တော် မှတ်မိတာတော့ ဒီဘက်ကနေ ဝင်တာပဲ ဒါပေမဲ့ ပုံစံက တစ်မျိုးဖြစ်နေသလိုပဲ နေပါဦး ကျွန်တော် သေချာ ပြန်စဉ်းစားကြည့်ပါဦးမယ် မှားစရာ မရှိပါဘူး"

​ဖန့်ချန်နှင့် မလှမ်းမကမ်းတွင် ဆိုင်ရှင်လင်းနှင့် ချီယို့တို့မှာ ပတ်ချာလည် လမ်းလျှောက်နေကြသည်။

ဆိုင်ရှင်လင်း၏ နဖူးပေါ်တွင် စိုးရိမ်စိတ်ကြောင့် ချွေးများ အစီအရီ ထွက်နေပြီ ဖြစ်သည်။

​ဆိုင်ရှင်လင်း မသိသည်မှာ ဖန့်ချန်သည် စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီး ၏ အသက်သွေးကြော ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် အရင်နည်းလမ်းဟောင်းဖြင့် အစီအရင်ကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်တော့ပေ။

​ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲက ထွက်ခွာပြီး ထိုလူနှစ်ဦးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ချီယို့၏ အရှိန်အဝါမှာ ထုံဟု တို့ကဲ့သို့သော လူများထက် ပိုမိုနက်ရှိုင်းသည်မှာ ထင်ရှားလှသည်။

သူသည် ကျွယ်ဖေးချန် ဖန့်ဝမ်လီ နှင့် ရှင်းလုံမင်းသမီး တို့ထက်ပင် ပို၍ အစွမ်းထက်နေသည်။

ထိုသုံးဦးမှာ ရွှေအမြုတေအဆင့် အလယ်အလတ်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလို ရောက်နေသူများ ဖြစ်သည်။

​ဖန့်ချန်၏ အကြည့်မှာ အနည်းငယ် ပို၍ လေးနက်သွားသည်။

"ဒီလူက ရွှေအမြုတေအဆင့် အလယ်အလတ်မှာ ရှိနေတာပဲ"

​ချီယို့၏ အရှိန်အဝါကို ကြည့်ရုံနှင့်ပင် သူသည် ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံသူ ဒါဇင်ဝက်ခန့်ကို အလွယ်တကူ ကိုင်တွယ်နိုင်ကြောင်း ဖန့်ချန် သိလိုက်သည်။

မဟာချန်း ကဲ့သို့သော အဆင့် ၅ အင်ပါယာကြီးတွင်ပင် ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံသူ ဒါဇင်ဝက်ခန့်ကို စုစည်းရန်မှာ မလွယ်ကူပေ။

​မဟာချန်းထက်ပင် အဆင့်နိမ့်သော မိစ္ဆာတိမ်တိုက် အင်ပါယာ၏ ဧကရာဇ်မှာ ရွှေအမြုတေအဆင့် အစောပိုင်းမျှသာ ရှိသည်။

​သီအိုရီအရဆိုလျှင် ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံသူ အများအပြားသည် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရန်မှာ အလွန်ရှားပါးလှသည်။

ထိုကဲ့သို့ အဖွဲ့ဖွဲ့၍ တိုက်ခိုက်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်။

​"လင်းမူ လမ်းရှာတွေ့ပြီလား"

ချီယို့၏ မျက်နှာထားမှာ တည်တင်းနေပြီး အေးစက်စွာ မေးလိုက်သည်။

​ချွေးများ ရွှဲနစ်နေသော ဆိုင်ရှင်လင်းမှာ ချီယို့၏ စိတ်မရှည်မှုကို ခံစားလိုက်ရသဖြင့် ပို၍ပင် စိုးရိမ်သွားကာ အမြန်ပြန်ဖြေလိုက်သည်။

"စီနီယာချီ ခဏလေး ထပ်စောင့်ပေးပါဦးကျွန်တော် ထပ်ပြီး ရှာကြည့်ပါရစေ၊ ခဏလေးပါပဲ"

​"မလိုတော့ဘူး"

ချီယို့၏ အသံမှာ အေးစက်လှသည်။

"အစီအရင်ကို တစ်စုံတစ်ယောက်က ပြင်ထားတာပဲ ဒါကြောင့် မင်း ဗဟိုချက် ကို ရှာမတွေ့တာ"

​ဆိုင်ရှင်လင်း အသက်ရှူမှားသွားသည်။

"စီနီယာချီ အဲဒါ ဘာကို ဆိုလိုတာလဲ"

​"အခုမှပဲ သူ ဘယ်လိုလုပ် ချိုင့်ဝှမ်းထဲဝင်ပြီး ငါ့ညီကို သတ်နိုင်ခဲ့လဲဆိုတာ ငါ နားလည်သွားပြီ ဒီလူဟာ အစီအရင် ပညာရှင် တစ်ယောက်ပဲ"

ချီယို့၏ မျက်လုံးများတွင် အေးစက်သော အရောင်များ တောက်ပလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

"သူ အခု ငါတို့ကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်တယ်"

​ဆိုင်ရှင်လင်း ထိတ်လန့်သွားသည်။

အကယ်၍ ထိုလူက သူတို့ကို တကယ် စောင့်ကြည့်နေသည်ဆိုပါက သူတို့ ရှိနေသည်ကို သိသွားပြီ မဟုတ်ပါလား။

​ချီယို့က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"အစီအရင်ကို ပိတ်လိုက်ပြီး ငါတို့ မျက်နှာချင်းဆိုင် စကားပြောကြရင် မကောင်းဘူးလား မင်း ငါ့ညီနှစ်ယောက်လုံးကို သတ်ထားတာဆိုတော့ ငါ့ကို ရှင်းပြချက်တစ်ခုတော့ ပေးရမှာပေါ့"

​ဖန့်ချန်မှာမူ ဘာမှပြန်မပြောဘဲ သူတို့ကို တိတ်တဆိတ်သာ ကြည့်နေသည်။

​ချီယို့ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ များပြားလှသော ဝိညာဉ်စွမ်းအင်များ လှိုင်းထကာ ထွက်ပေါ်လာတော့သည်။

​သူ၏ပတ်ဝန်းကျင်တွင် ဓာတ်ကြီးငါးပါး စွမ်းအားများမှာ မတည်မငြိမ် ဖြစ်လာပြီး မီတာရာနှင့်ချီ ရှည်လျားသော မီးနဂါး ကိုးကောင် ပေါ်ထွက်လာကာ ချိုင့်ဝှမ်းတစ်ခုလုံးကို ဝန်းရံလိုက်သည်။

စိမ်းလန်းနေသော ချိုင့်ဝှမ်းမှာ ချက်ချင်းပင် မီးလျှံများ၏ အလင်းရောင်အောက်သို့ ရောက်ရှိသွားသည်။

ချိုင့်ဝှမ်းတစ်ခုလုံးမှာ မီးဖိုကြီးတစ်ခုအတွင်းသို့ ရောက်နေသကဲ့သို့ပင်။

​ချီယို့က အေးဆေးစွာ ပြောလိုက်သည်။

"မင်း အခုမှ မထွက်လာဘူးဆိုရင် ဒီနေရာကို မင်းနဲ့အတူ ငါ အရည်ဖျော်ပစ်မယ်"

​ဆိုင်ရှင်လင်းမှာ မီးဟပ်ခံရမည်ကို ကြောက်သဖြင့် ချီယို့၏ နောက်ဘက်တွင် အမြန်ပင် ပုန်းအောင်းလိုက်ရသည်။

​အကယ်လို့ သူက ထွက်မလာရဲဘူးဆိုရင် အဖြေက တစ်ခုပဲ ရှိတယ် ဟု ဆိုင်ရှင်လင်း စိတ်ထဲက တွေးလိုက်သည်။

​ချီယို့၏ ခွန်အားမှာ မန်နေဂျာထက် အဆပေါင်းများစွာ သာလွန်သည်။

ထိုလူအနေဖြင့် ချီယို့ကို မယှဉ်နိုင်မှန်း သိသောကြောင့် ထွက်မလာရဲခြင်းသာ ဖြစ်ရမည်။

​ဆိုင်ရှင်လင်း၏ မျက်လုံးများတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

အကောင်းဆုံးပဲ မန်နေဂျာလည်း သေပြီ အဲဒီလူလည်း စီနီယာချီယို့ လက်ထဲမှာ သေရတော့မယ်။

နောက်ဆိုရင် စီနီယာချီယို့က ကောင်းကင်ရတနာခန်းမကို ဦးစီးမှာဆိုတော့ ငါကလည်း

​သူသည် အရင်ကထက် ပိုမြင့်မားသော ရာထူးကို ရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။

​ဖန့်ချန်မှာမူ တည်ငြိမ်နေဆဲပင်။

​ပြိုင်ဘက်၏ ဓာတ်ကြီးငါးပါးကို ထိန်းချုပ်နိုင်စွမ်းမှာ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်လှသည်။

မီတာရာချီ ရှည်လျားသော နဂါးကိုးကောင်မှာ ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

၎င်းတို့သည် စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီး ကို စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။

​ကံကောင်းသည်မှာ ထိုအစီအရင်မှာ အဆင့်မြင့် မြေကမ္ဘာအဆင့် ဖြစ်သလို ဖန့်ချန်က အခြား အစီအရင် ၆ ခုဖြင့် ထပ်ဆင့် အားဖြည့်ထားခြင်းပင်။

ထို့ကြောင့် ပြိုင်ဘက်အနေဖြင့် အင်အားသုံး၍ ခဏချင်း ဖျက်ဆီးရန်မှာ မဖြစ်နိုင်ပေ။

​ဖန့်ချန်သည် ဝိဇ္ဇာဗောဓိသီးကို ကြည့်လိုက်သည်။

"ငါးရက် သူ ဒီအစီအရင်ကို အသည်းအသန် တိုက်ခိုက်နေရင်တောင် ငါ့မှာ ငါးရက် အချိန်ရသေးတယ်"

​အချိန်မှာ ကွက်တိပင် ဖြစ်သည်။

အသီးမှာ နောက်ငါးရက်အတွင်း မှည့်ပေလိမ့်မည်။

​ရက်များ ကုန်လွန်သွားခဲ့သည်။

ဖန့်ချန်မှာ မည်သည့် တုံ့ပြန်မှုမျှ မပြသလို ထွက်လည်း မလာသောကြောင့် ချီယို့သည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး အစီအရင်ကို ဖျက်ဆီးရန်သာ အာရုံစိုက်လိုက်တော့သည်။

ရက်အနည်းငယ်အတွင်း အစီအရင်၏ အစိတ်အပိုင်းအချို့မှာ စတင် ပျက်စီးလာခဲ့သည်။

​ပတ်ဝန်းကျင် ရှုခင်းများမှာလည်း စတင် ပြောင်းလဲလာတော့သည်။

​ချီယို့က အေးစက်စွာ ပြုံးရင်း

"မကြာခင်မှာ ဒီအစီအရင်ကို ငါ အကုန်ဖျက်ဆီးနိုင်တော့မယ် တကယ်လို့ မင်း အခုမှ ထွက်လာပြီး စကားပြောဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒူးထောက်ပြီးမှ ပြောရလိမ့်မယ်"

ဟု ဆိုလိုက်သည်။

​ဆိုင်ရှင်လင်းကလည်း ချီယို့ကို မြှောက်ပင့်ပြောဆိုလိုက်သည်။

"စီနီယာ အဲဒီလူတော့ ကြောက်ပြီး ရူးသွားပြီ ထင်တယ်"

​ချီယို့က သူ့ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"သူကလည်း ရွှေအမြုတေအဆင့်ပဲ ဒီလောက်နဲ့တော့ ဘယ်ကြောက်ပါ့မလဲ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတာကို သိသလိုလိုနဲ့ မပြောစမ်းနဲ့ နားလည်လား"

​"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော် လွန်သွားပါတယ်"

ဆိုင်ရှင်လင်း အမြန်ပင် တောင်းပန်လိုက်သည်။

​ချီယို့မှာ မည်သည့်တုံ့ပြန်မှုမျှ ထပ်မရသောအခါ အစီအရင်ကို ဖျက်ဆီးရန်သာ ပြန်လည် အာရုံစိုက်လိုက်သည်။

​ရှေးဟောင်းသစ်ပင်ကြီး၏ ရှေ့တွင် ဖန့်ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။

​ပတ်ဝန်းကျင်မှ တိုးထွက်လာသော အပူလှိုင်းများကို ကြည့်ရုံနှင့် အစီအရင်မှာ ကြာရှည် ခံတော့မည်မဟုတ်ကြောင်း ဖန့်ချန် သိလိုက်သည်။

​ထိုစဉ်မှာပင် ရှေးဟောင်းသစ်ပင်ပေါ်မှ အသီးသည် ရွှေရောင်အလင်းတန်းများ စတင် ထွက်ပေါ်လာသည်။

​ရုတ်တရက် အသီး၏ အပေါ်ယံတွင် ထူးဆန်းသော အကြေးခွံများ အလွှာလိုက် ပေါ်လာသည်။

ထိုအကြေးခွံများမှာ စိပ်နေပြီး အသီးက အသက်ရှူနေသကဲ့သို့ တစ်ချက်တစ်ချက် ဟလိုက် ပိတ်လိုက် ဖြစ်နေသည်။

တစ်ကြိမ် ဟလိုက်တိုင်း အသီးသည် များပြားလှသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်။

၉၉ ကြိမ် ပြည့်သွားသောအခါ အကြေးခွံများမှာ အပြီးအပိုင် ပိတ်သွားပြီး နောက်ထပ် ဟမလာတော့ပေ။

​"မှည့်သွားပြီ"

​ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ ဝိဇ္ဇာဗောဓိသီးသည် သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ရောက်ရှိသွားတော့သည်။

​ထိုအချိန်မှာပင် မီးနဂါးများသည် တစ်ကောင်ပြီးတစ်ကောင် ချိုင့်ဝှမ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။

​စိမ်းလန်းသောကောင်းကင် တောင်စောင့်အစီအရင်ကြီးသည် စတင် ပြိုကွဲသွားပြီး ခဏအတွင်းမှာပင် အစီအရင်တစ်ခုလုံးမှာ ချီယို့၏ လက်ချက်ဖြင့် ပျက်စီးသွားတော့သည်။

​ချီယို့သည် ဆိုင်ရှင်လင်းနှင့်အတူ ရှေးဟောင်းသစ်ပင်ကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

​"ဝိဇ္ဇာဗောဓိသီး မရှိတော့ဘူး"

ဆိုင်ရှင်လင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​ချီယို့၏ အကြည့်မှာ လျှပ်စီးလက်သကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဖန့်ချန်၏ အရိပ်အယောင်ကို မတွေ့ရပေ။

ချိုင့်ဝှမ်းအတွင်း၌ သူတို့နှစ်ဦးမှအပ မည်သူမျှ မရှိသကဲ့သို့ပင်။

​"တစ်ခုခုတော့ လွဲနေပြီ ဒီက အရှိန်အဝါက မမှန်ဘူး ဒါက အခုလေးတင် မှည့်သွားတဲ့ ဝိဇ္ဇာဗောဓိသီးရဲ့ အရှိန်အဝါပဲ ဒါပေမဲ့ အခုတော့ မရှိတော့ဘူး ဆိုလိုတာက ငါ အစီအရင်ကို မဖျက်ဆီးခင်ကတည်းက ဒီလူက ဒီမှာ ရှိနေခဲ့တာပဲ"

ချီယို့၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။

​သူ၏ နောက်ဘက် အရိပ်ထဲတွင် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်နေသည်။

သိပ်မကြာခင်မှာပင် ထိုပုံရိပ်မှာ လှည့်ထွက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

​​အခန်း ၃၉၂ - ရိုင်းစိုင်းသော လူငယ်

​"ငါ့ရဲ့ စောင့်ကြည့်မှုအောက်ကနေ လွတ်အောင် ထွက်သွားနိုင်တယ်ဆိုတော့ ဒီလူက မရိုးရှင်းဘူးပဲ"

ချီယို့က မျက်မှောင်ကြုတ်လိုက်သည်။

​ဆိုင်ရှင်လင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

​သူ ဘယ်လိုလွတ်သွားတာလဲ အကယ်လို့ သူက နောက်မှ ငါတို့နောက်ကို ပြန်လိုက်လာရင် ဘယ်လိုလုပ်မလဲ

​"ဒီမှာ ခဏစောင့်နေ"

ချီယို့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ရုတ်တရက် သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာသွားတော့သည်။

​နှစ်နာရီခန့် ကြာပြီးနောက် ချီယို့သည် ချိုင့်ဝှမ်းသို့ ပြန်ရောက်လာသည်။

သူ၏ မျက်နှာထားမှာ အတော်လေး တင်းမာနေသည်။

၎င်းကို မြင်ရုံနှင့်ပင် ဆိုင်ရှင်လင်းမှာ ချီယို့တစ်ယောက် ထိုလူကို ရှာမတွေ့ခဲ့မှန်း သိလိုက်သည်။

​ချီယို့က ခပ်အေးအေးပင်

"ငါ့ကို ကောင်းကင်ရတနာခန်းမဆီ ပြန်ခေါ်သွားတော့"

ဟု အမိန့်ပေးလိုက်သည်။

​"ဟုတ်... ဟုတ်ကဲ့ပါ"

ဆိုင်ရှင်လင်း အမြန်ပင် ခေါင်းညိတ်လိုက်ရသည်။

​ဖန့်ချန်၏ နားထဲတွင် ဓားငယ်လေး၏ အသံ ပဲ့တင်ထပ်လာသည်။

"ဖန့်ချန်လေး မင်း ဘာလို့ အဲဒီလူကို မချခဲ့တာလဲ? ငါတို့သာ ရှစ်မျက်နှာအရပ် ဓားကျမ်းစာ ကို သုံးလိုက်ရင် အခွင့်အရေး ရှိတာပဲကို"

​ဓားငယ်လေးမှာ တတိယအဆင့်သို့ တက်လှမ်းပြီးကတည်းက တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေခဲ့ခြင်း ဖြစ်သည်။

​ဖန့်ချန်က ပြုံးလိုက်သည်။

"ငါတို့ ရခဲ့တဲ့ အကျိုးအမြတ်တွေက လုံလောက်နေပါပြီ ငါ့ရဲ့ ဓားကိုယ်ထည်က တတိယအဆင့်ကို ရောက်သွားပြီ ဝိညာဉ်ကျောက်တုံး ၇၀,၀၀၀ ရတယ် အဆင့်မြင့် မြေကမ္ဘာအဆင့် ရတနာ အချို့နဲ့ အလယ်အလတ်အဆင့် ရတနာ ဒါဇင်ဝက်ကျော် ရခဲ့တယ်။"

​"အဲဒါတင်မကဘူး ဝိညာဉ်ကုန်ကြမ်းတွေ ဆေးလုံးတွေနဲ့ အစီအရင် အမွေအနှစ်ကိုလည်း ရခဲ့သေးတာပဲ"

" ငါတို့က ဘာလို့ ရွှေအမြုတေအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ယောက်နဲ့ အသည်းအသန် သွားတိုက်နေမှာလဲ "

" သူ့မှာ ဘာဝှက်ဖဲတွေ ရှိနေမှန်းလည်း ငါတို့မသိဘူး နိုင်ရင်တောင် အကျိုးအမြတ်က သိပ်မရှိသလိုရှုံးသွားရင်တော့ ငါတို့ အဆုံးသတ်သွားနိုင်တယ်လေ"

​စကြဝဠာမှန်ချပ် ကလည်း ကြားဖြတ်ဝင်ပြောလာသည်။

"မင်းရဲ့ သတိကြီးမှုနဲ့ အမျှော်အမြင်ရှိမှုက ကောင်းပါတယ် တကယ်လို့ မင်းသာ တချို့လူတွေလို မိုက်မဲစွာ ဇွတ်တိုးမယ်ဆိုရင် မကြာခင်မှာ ဒုက္ခရောက်သွားလိမ့်မယ်"

​ချက်ချင်းပင် ဓားငယ်လေးနှင့် မှန်ချပ်တို့မှာ အချင်းချင်း ပြန်လည် ရန်ဖြစ်ကြပြန်သည်။

​ဖန့်ချန်ကတော့ သူတို့ကို ဂရုမစိုက်တော့ဘဲ ဓားတစ်လက်အဖြစ် ပြောင်းလဲကာ မဟာချန်း အင်ပါယာ မြို့တော်ဆီသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။

​"သခင်လေး ကျင့်ကြံနေတာ အခုဆို နှစ်လနီးပါး ရှိတော့မယ်"

​လျီချန်းသည် ဖန့်ချန်၏ အခန်းဘက်ကို လှည့်ကြည့်ရင်း စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

​ကုန်သွယ်ရေး ညီလာခံက စတင်တော့မည် ဖြစ်ရာ မကြာသေးမီ ရက်ပိုင်းအတွင်း အင်ပါယာ အသီးသီးမှ ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။

အချို့မှာ အဆင့် ၆ အင်ပါယာများမှ ဖြစ်ပြီး အချို့မှာ အဆင့် ၅ အင်ပါယာများမှ ဖြစ်ကြသည်။

​ဖန့်မိသားစုထံသို့ နေ့စဉ် လူသစ်များစွာ ရောက်ရှိလာလေ့ရှိသည်။

​ယနေ့တွင်လည်း အိမ်တော်သို့ ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး ရောက်ရှိလာသဖြင့် ဖန့်မိသားစု၏ အနွယ်အသီးသီးမှ ဘိုးဘေးနှစ်ဦးစလုံး ကိုယ်တိုင် ထွက်ကြိုခဲ့ရသည်။

​"ကြားတာတော့ ယွန်ချန်း အင်ပါယာက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေက နည်းပရိယာယ်တွေ ကြွယ်ဝရုံတင်မကဘူး နောက်ခံကလည်း သမုဒ္ဒရာလို နက်ရှိုင်းကြတာ သူတို့နဲ့ ယှဉ်ရင် ငါတို့က ပုရွက်ဆိတ်တွေလိုပါပဲ"

လျီချန်းက မိမိဘာသာ ရေရွတ်နေမိသည်။

​ထိုစဉ်မှာပင် ချန်ဖေးလန်သည် ကျန်းထျန်းအိုက်နှင့်အတူ သီးသန့်ခြံဝန်းဆီသို့ အပြေးအလွှား ရောက်ရှိလာသည်။

​လျီချန်း၏ အကြည့်က ကျန်းထျန်းအိုက်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည့်အခါ သူ ထိတ်လန့်သွားသည်။

​"ညီမချန် သူ့မျက်နှာမှာ ဘာဖြစ်တာလဲ"

​ကျန်းထျန်းအိုက်၏ ပါးပေါ်တွင် လက်ဝါးရာကြီးက ထင်ထင်ရှားရှား ပေါ်နေသည်!

​ချန်ဖေးလန်၏ မျက်နှာမှာ မည်းမှောင်နေသည်။

သူမက ကျန်းထျန်းအိုက်၏ ပါးကို အသာအယာ ထိလိုက်ပြီး လျီချန်းဘက် လှည့်ကာ ပြောလိုက်သည်။

"ဟို ဧည့်သည်ရဲ့ တပည့်တစ်ယောက်က အရမ်းရိုင်းတာပဲ ထျန်းအိုက်က သခင်မလေး ဖန့်ယွင်အတွက် စကားအနည်းငယ် ဝင်ပြောပေးတာကို လက်နဲ့ အရိုက်ခံလိုက်ရတယ်"

" အဲဒီတပည့်က သခင်မလေး ဖန့်ယွင် ကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ် အကြီးအကဲ ဖန့်အောက်ကတော့ ဒီကိစ္စကို သွားရှင်းနေပြီ ဘိုးဘေးနှစ်ယောက်က ဘယ်လို ကိုင်တွယ်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မှာပဲ"

​ခဏရပ်ပြီးနောက် ချန်ဖေးလန်က ဖန့်ချန်၏ အခန်းဘက်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"သခင်လေး ကျင့်ကြံရာက ထွက်လာမယ့် လက္ခဏာရှိလား ငါ သခင်လေးကို ထွက်လာပေးဖို့ တောင်းဆိုချင်လို့"

​ကျန်းထျန်းအိုက်က အမြန်ပင် ဝင်ပြောလိုက်သည်။

"အန်တီချန် ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့ အစ်ကို ဖန့် အပြင်ထွက်ခိုင်းတာက သူ့ရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်ရာ ရောက်လိမ့်မယ်"

​ချန်ဖေးလန်က ဒေါသတကြီး သွားကြိတ်လိုက်သည်။

"ဒါပေမဲ့ အဲဒီလူငယ်တွေက တကယ်ကို ရိုင်းစိုင်းလွန်းတယ်"

​လျီချန်းကလည်း ရှေ့သို့ တိုးလာပြီး အခြေအနေကို အသေးစိတ် မေးမြန်းလိုက်သည်။

​ဖြစ်စဉ်မှာ ဧည့်သည်တော်၏ အဖွဲ့မှ အဆင့် ၁၂ ကျင့်ကြံသူ တပည့်မလေးတစ်ဦးသည် ဖန့်ယွင်နှင့် စကားများရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင် ရှိနေသော ကျန်းထျန်းအိုက်က ဖန့်ယွင်ဘက်မှ စကားဝင်ပြောပေးသဖြင့် ထိုတပည့်မက သူမကို ပါးရိုက်လိုက်ခြင်း ဖြစ်သည်။

​ထိုအခါ ဖန့်ယွင်က ချက်ချင်း တုံ့ပြန်ခဲ့သော်လည်း ထိုတပည့်မကို မယှဉ်နိုင်ဘဲ သွေးအန်သည်အထိ ပြင်းထန်သော အတွင်းဒဏ်ရာ ရသွားခဲ့သည်။

​ထို့နောက် တတိယမျိုးနွယ်မှ ဖန့်ကျွယ်နှင့် တပည့်များ ရောက်လာပြီး ထိုတပည့်မကို တားဆီးထားခဲ့ကြသည်။

သို့သော် သိပ်မကြာခင်မှာပင် ထိုတပည့်မ၏ စီနီယာအစ်ကို ရောက်လာခဲ့သည်။

​သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူက တစ်ချက်တည်းနှင့်ပင် ဖန့်ကျွယ်နှင့် ကျန်သူများကို ဒဏ်ရာရအောင် လုပ်လိုက်သဖြင့် အကြီးအကဲ ဖန့်အောက်နှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

​ယခုအခါ ဘိုးဘေးနှစ်ဦးဖြစ်သော ဖန့်ထင်ကျန့်နှင့် ဖန့်ဝမ်လီတို့ ဝင်ရောက်စေ့စပ်ပေးနေရပြီး ထိုဧည့်သည်တော်နှင့် စကားပြောနေကြသည်။

​လျီချန်းက ခါးသီးစွာ ပြုံးလိုက်ပြီး

"ညီမချန် ယွန်ချန်း အင်ပါယာက ရောက်လာတဲ့ အဲဒီဧည့်သည်ကို ဘိုးဘေးနှစ်ယောက်စလုံးက အလေးထားနေရတယ်ဆိုကတည်းက သူ့နောက်ခံက မသေးဘူးဆိုတာ သေချာတယ် ဒီကိစ္စမှာ သခင်လေးကို ဆွဲမသွင်းတာ အကောင်းဆုံးပဲ"

ဟု ပြောလိုက်သည်။

​ချန်ဖေးလန်ကတော့ မကျေမနပ် ဖြစ်နေဆဲပင်။

"ဒါဆို သခင်မလေးက ဒီအတိုင်း အရိုက်ခံရတာကို ကြည့်နေရမှာလား"

​သူမသည် ကျန်းထျန်းအိုက်ကို ပြုစုစောင့်ရှောက်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ သူမ၏ တည်ငြိမ်ပြီး သိတတ်သော စိတ်ထားကို ချစ်ခင်နေသူ ဖြစ်သည်။

ထို့အပြင် သူမသည် အရင်က ဖန့်အောက်၏ ဇနီးထံတွင် အလုပ်အကျွေးပြုခဲ့သူ ဖြစ်သဖြင့် ဖန့်ယွင်မှာလည်း သူမ၏ သခင်မလေးပင် ဖြစ်သည်။

ယခုအခါ သူမ ချစ်ခင်ရသူ နှစ်ဦးစလုံး တိုက်ခိုက်ခံရသည်ကို မြင်ရသောအခါ သိုင်းပညာရှင်တစ်ဦးအနေနှင့် သူမ ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။

​လျီချန်းက တိုးတိုးလေး ပြောလိုက်သည်။

"သခင်လေး ကျင့်ကြံရာက ထွက်လာတဲ့အထိ စောင့်ကြည့်ရမှာပေါ့ သခင်လေး ကျင့်ကြံနေတုန်း ဘယ်သူမှ မနှောင့်ယှက်စေဖို့က ငါ့တာဝန်ပဲ အဲဒီထဲမှာ မင်းလည်း ပါတယ်"

​ချန်ဖေးလန်သည် လျီချန်းကို ဖျောင်းဖျ၍ မရနိုင်မှန်း သိသောကြောင့် သက်ပြင်းချကာ ကျန်းထျန်းအိုက်အတွက် ဆေးသွားယူပေးလိုက်တော့သည်။

​ဖန့်ချန်ကတော့ အရိပ်ထဲကနေ ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်သည်။

​လျီချန်းက သိုင်းဧကရာဇ် အဆင့်ကို ရောက်နေပြီပဲ။ မဆိုးဘူး

​လီချန်း၏ အရှိန်အဝါမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာပြီး သူသည် ဘုရင်အဆင့် မှ ဧကရာဇ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သိုင်းပညာရှင်တစ်ဦး အနေဖြင့် ထိုအဆင့်သို့ ရောက်ရှိခြင်းမှာ သူတို့၏ အခြေခံအုတ်မြစ် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

​ဖန့်ချန်သည် သူ၏အခန်းသို့ ပြန်သွားပြီး သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်လိုက်သည်။

​ကျန်းထျန်းအိုက်၏ ပါးပေါ်မှ လက်ဝါးရာကို သူ သတိထားမိလိုက်သည်။

​ထိုလူသည် လုံးဝ ညှာတာခြင်း မရှိခဲ့ပေ။

သို့မဟုတ်ပါက ကျန်းထျန်းအိုက်၏ မျက်နှာပေါ်တွင် လက်ဝါးရာက ထိုမျှ ကြာရှည်စွာ ထင်ကျန်နေမည် မဟုတ်ပေ။

​ဖန့်ချန်၏ ဝိညာဉ်အာရုံမှာ ဧည့်ခန်းမဆောင်ဆီသို့ ပျံသန်းသွားသည်။

ထိုနေရာတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြား ရှိနေပြီး ၎င်းတို့အထဲမှ တစ်ဦးမှာ ဖန့်ထင်ကျန့်နှင့်ပင် အဆင့်တူနေသည်။

​ရွှေအမြုတေအဆင့် နောက်ဆုံးအဆင့်လား

​ဖန့်ချန်၏ ဝိညာဉ်အာရုံသည် ခန်းမထဲသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် ဖန့်မိသားစုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား စုရုံးနေကြသည်။

​ဖန့်အောက်နှင့် သူ၏ဇနီးမှာ ဖန့်ဝမ်လီ၏ နောက်တွင် ရပ်နေကြပြီး အလွန်မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် မလှမ်းမကမ်းရှိ တပည့်မလေးကို တစ်ချက်တစ်ချက် ကြည့်နေကြသည်။

​ထိုတပည့်မလေးမှာမူ ဘာကိုမျှ ဂရုမစိုက်သည့် ဟန်ဖြင့် ရပ်နေသည်။

သူမ၏ မျက်လုံးများတွင် မာနကြီးမှုများဖြင့် ပြည့်နှက်နေပြီး ရံဖန်ရံခါတွင် ပတ်ဝန်းကျင်ရှိ လူများကို အထင်သေးသော အကြည့်များဖြင့် ကြည့်တတ်သေးသည်။

​သူမနှင့်အတူ မာနကြီးပုံရသော လူငယ်ကျင့်ကြံသူ အချို့လည်း ပါလာပြီး အားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်များ ဖြစ်ကြသည်။

​ဖန့်ထင်ကျန့်သည် အဖိုးအိုတစ်ဦးနှင့် တိုးတိုးလေး စကားပြောနေသည်။

ထိုအဖိုးအိုမှာ နှုတ်ခမ်းတွင် အပြုံးလေးဖြင့် တိတ်ဆိတ်စွာ နားထောင်နေသည်။

​ဖန့်ထင်ကျန့်က သက်ပြင်းချကာ ပြောလိုက်သည်။

"မိတ်ဆွေကျန်း ဒါက လူငယ်တွေကြားက ပွတ်တိုက်မှုလေးမို့လို့ ငါတို့ လူကြီးတွေ ဝင်မစွက်ဖက်သင့်ဘူး ဆိုပေမဲ့ မင်းရဲ့ တပည့်ကတော့ နည်းနည်း လွန်သွားသလိုပဲ"

​ဖန့်ချန်၏ အကြည့်က ဖန့်ယွင် ထံသို့ ရောက်သွားသည်။

သူမ၏ မျက်နှာမှာ ဖြူလျော်နေပြီး ဝိညာဥ်စွမ်းအားများ ယုတ်လျော့နေသည်။

သူမသည် ကျင့်ကြံမှုကိုပင် ထိခိုက်စေနိုင်သော ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိထားသည်မှာ ထင်ရှားလှသည်။

​စိတ်ကောင်းရှိသည်ဟု ကျော်ကြားသော ဖန့်ကျွယ်ပင်လျှင် သိသိသာသာ ဒေါသထွက်နေသည်။

​ထိုအဖိုးအိုက ရုတ်တရက် ရယ်မောလိုက်သည်။

"မိတ်ဆွေဖန့် ငါတို့ လူကြီးတွေ ဒီကိစ္စမှာ ဝင်မပါတာက အကောင်းဆုံး ဖြစ်လိမ့်မယ် ဒါကို လူငယ်တွေဘာသာ ဖြေရှင်းပါစေလား ငါ့တပည့်က စိတ်နည်းနည်း ဆတ်တယ်ဆိုတာ ငါ သိပါတယ်"

"တကယ်လို့ ဖန့်မိသားစုက တစ်စုံတစ်ယောက်က သူ့ကို ဆုံးမပေးနိုင်မယ်ဆိုရင် သူ့ထက်တော်တဲ့သူတွေ ရှိသေးတယ်ဆိုတာကို သိသွားပြီး သင်ခန်းစာ ကောင်းကောင်း ရသွားမှာပေါ့"

​ထိုတပည့်မလေးက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဆရာ ကျွန်မက အဆင့် ၁၂ အထိ ရောက်နေပြီဆိုတော့ ဒီမှာ ကျွန်မကို ယှဉ်နိုင်ဖို့ဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ ဖြစ်ရလိမ့်မယ် ထင်တယ်"

​ဖန့်မိသားစုမှ ကျင့်ကြံသူအားလုံး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း တွေးလိုက်မိသည်မှာ

"ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်တဲ့ မသာမလဲ

All Chapters