← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 40 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 40 Ch. 397-398

_​အခန်း ၃၉၇ - တည်ငြိမ်မှု

​"ဒီကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တော်တော်ကောင်းတာပဲ"

မသေမျိုး ထျန်းဝူ၏ မျက်လုံးများ တောက်ပသွားပြီး ဖန့်ထင်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"သူက သိုင်းပညာရှင်လား"

​"ဟုတ်ပါတယ်"

ဖန့်ထင်ကျန့်က ခပ်ဖွဖွ ခေါင်းညိတ်သည်။

"ဒီကလေးက တောရိုင်းထဲမှာ ကြီးပြင်းခဲ့ပြီး တိုက်ပွဲတွေကြားမှာပဲ ရှင်သန်ခဲ့တာ ကျင့်ကြံသူဖြစ်လာဖို့အတွက် အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတယ် အဲဒီလို ကျော်ဖြတ်ရင်းနဲ့ပဲ မျက်စိကွယ်သွားခဲ့တာပါ"

​မသေမျိုး ထျန်းဝူ၏ အကြည့်များ လှုပ်ခတ်သွားသည်။

"သူက တကယ့်ကို အလားအလာရှိတဲ့ ပါရမီရှင်ပဲ"

​ကျောက်ခြင်္သေ့ကြီးက ဖန့်ချန်ကို ဘာမှမလုပ်နိုင်သည်ကို မြင်သောအခါ လူအုပ်ကြီးမှာ အံ့သြသွားကြသည်။

​ဖန့်ချန်အတွက် စိုးရိမ်နေကြသော ဖန့်မိသားစုဝင်များမှာလည်း တစ်ဦးပြီးတစ်ဦး ပြန်လည် တည်ငြိမ်သွားကြသည်။

​"ဒါဆို သူမမှာ တိုက်စစ်စွမ်းအား သိပ်မရှိတာပဲ သူမရဲ့ ကျင့်စဉ်တွေက ဖန့်ချန်အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူး"

​"ဟုတ်တယ် ငါက သူမကို အရမ်းအစွမ်းထက်တယ် ထင်နေတာ အခုတော့ ဒီအာရုံချောက်ခြားမှုကလွဲရင် ဘာမှ မဟုတ်ပါလား"

​"ဖန့်ချန် ဘာမှ ဆက်မလုပ်နဲ့တော့ ဒီအတိုင်းပဲ အချိန်ဆွဲထားလိုက် အကွက်တစ်ရာ မပြည့်မချင်း ဒီပွဲက အနိုင်အရှုံး မပေါ်ဘူး"

ဟု တစ်စုံတစ်ဦးက အကြံပေးလိုက်သည်။

​ဆွေ့ဟွမ်းနျန်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

သူမ၏ ကျင့်စဉ်များက ဖန့်ချန်အပေါ် သက်ရောက်မှု မရှိခြင်းမှာ သူမအတွက် မျှော်လင့်မထားသော အခြေအနေပင်။

အခြားသူများမှာ အာရုံချောက်ခြားမှု မြင်ကွင်းကိုသာ မြင်ရသော်လည်း သူမကမူ အခြေအနေအမှန်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဖန့်ချန်မှာ သူမ၏ ပိတ်ဆို့မှုကြောင့် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်သလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စွမ်းအင် အကာအကွယ် ပင် မပြုလုပ်နိုင်ပေ။

သို့သော် သူမ၏ မြေဓာတ်စွမ်းအားက သူ့ကို ဘာကြောင့် အနာတရ မဖြစ်စေနိုင်သနည်း ဆိုသည်ကို သူမ လုံးဝ နားမလည်နိုင် ဖြစ်နေသည်။

​ဆွေ့ဟွမ်းနျန် သွားကြိတ်လိုက်သည်။

"ငါ မယုံဘူး"

​ရုတ်တရက် ကောင်းကင်တွင် ရေတွက်၍မရသော ဓား များ ပေါ်လာပြီး ထက်မြက်သော ဓားအရှိန်အဝါများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

​ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ထိုဓားအရှိန်အဝါကြောင့် ကြက်သီးမွေးညင်းများ ထသွားကြသည်။

သို့သော် ၎င်းမှာ အာရုံချောက်ခြားမှု တစ်ခုသာ ဖြစ်ကြောင်း သူတို့ ချက်ချင်း သတိပြုမိလိုက်သည်။

​ဖန့်ချန်မှာမူ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် တစ်ချက်ကလေးမျှ မလှုပ်ရှားပေ။

ကောင်းကင်ပေါ်မှ ဓားမြောက်မြားစွာကို သူ ဘာတုံ့ပြန်မှုမှ မပြပေ။

​"ငါတို့က အကွက်တစ်ရာ ယှဉ်ပြိုင်ဖို့ သဘောတူထားတာ အကယ်လို့ မင်းက ရှုံးမှာကြောက်ပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ နေမယ်ဆိုရင်တော့ ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို အားနည်းသွားစေလိမ့်မယ်"

ဟု ကျန်းရွှန်းက ခပ်အေးအေး ပြောလိုက်သည်။

​လူအုပ်ကြီးမှာ အနည်းငယ် တုန်လှုပ်သွားသည်။

ကျန်းရွှန်း ပြောသည်မှာ မှန်ကန်ကြောင်း သူတို့ သိကြသည်။

​ကျင့်ကြံသူများသည် ခန္ဓာကိုယ်ကိုသာမက စိတ်ဓာတ်ကိုပါ ကျင့်ကြံရခြင်း ဖြစ်သည်။ အမှန်စင်စစ် ကျင့်ကြံသူတစ်ဦး၏ စိတ်ဓာတ်မှာ သူ၏ ကျင့်ကြံမှုအဆင့်ထက်ပင် ပို၍ အရေးကြီးသည်။

​ဖန့်ထင်ကျန့်က ခပ်တိုးတိုး ပြောလိုက်သည်။

"ဖန့်ချန် ရှုံးမှာကို မကြောက်နဲ့ ငါတို့ ရှုံးနိုင်တယ်မင်း လုပ်ချင်တာကိုသာ လုပ်ပါ"

​သို့သော်လည်း ဖန့်ချန်မှာ မလှုပ်မယှက် ရှိနေဆဲပင်။

​ဆွေ့ဟွမ်းနျန်၏ အကြည့်များမှာ အေးစက်သွားသည်။

ကောင်းကင်ယံရှိ ဓားများမှာ ဥက္ကာခဲများ မိုးရွာချသကဲ့သို့ ဖန့်ချန်၏ထံသို့ တားဆီး၍မရသော အရှိန်အဝါဖြင့် ဆင်းသက်လာတော့သည်။

​အမှန်တကယ်တွင်မူ အဝါရောင်အဆင့်နိမ့် ဓားတစ်လက်သည် ဖန့်ချန်၏ နဖူးဆီသို့ တည့်တည့် ဦးတည်နေခြင်း ဖြစ်သည်

​ဖန့်ချန်သည် သူ၏ ခန္ဓာကိုယ်ဖြင့် ဤဓားကို တိုက်ရိုက် ရင်မဆိုင်ရဲဟု ဆွေ့ဟွမ်းနျန် ယုံကြည်နေသည်။

​ထိုဓားပေါ်တွင် ဝိညာဉ်တံဆိပ် ၁၂ ခု လက်နေသည်။

​"နင် မလှုပ်တော့ဘူးလား"

ဆွေ့ဟွမ်းနျန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

​နောက်ဆုံးတွင် သူမ လက်မတွန့်တော့ဘဲ သူမ၏ ဓားကို ရှေ့သို့ အရှိန်အဟုန်ဖြင့် စေလွှတ်လိုက်သည်

​ဓားဦးဖျားသည် ဖန့်ချန်၏ နဖူးကို ထိမိသွားချိန်တွင် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲမှ ပိုမိုခန့်ညားသော ဓားအရှိန်အဝါ တစ်ခု တိုးထွက်လာသည်။

ဓားမှာ ဓားဦးဖျားမှ စတင်ကာ ကြေမွသွားပြီး မြေပြင်ပေါ်သို့ အပိုင်းအစများအဖြစ် ကြွေကျသွားတော့သည်။

​ဆွေ့ဟွမ်းနျန်မှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ချက်ချင်းပင် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး သူမ၏ သွေးစွမ်းအင်များမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။

သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာသည်။

​"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

​ဆွေ့ဟွမ်းနျန်၏ မျက်နှာမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

​ထိုအခိုက်အတန့်တွင် အပြစ်အနာအဆာ မရှိဟု ထင်ရသော အာရုံချောက်ခြားမှုမှာ အားနည်းလာသည့် အရိပ်အယောင်များ ပြသလာသည်။

​ဖန့်ချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

မည်သည့် ခံစားချက်မျှ မပါဝင်သော သူ၏ မီးခိုးဖြူရောင် မျက်သူငယ်အိမ်များက ဆွေ့ဟွမ်းနျန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

​ဆွေ့ဟွမ်းနျန်မှာ တစ်ခဏမျှ အာရုံပြန့်လွင့်သွားသည်။

"သူ့မျက်လုံးတွေက"

​ဆွေ့ဟွမ်းနျန် သတိပြန်ဝင်လာချိန်တွင် ဖန့်ချန်မှာ သူမ၏ရှေ့တည့်တည့်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်

​ဖြန်း

​ဖန့်ချန်က သူ၏ လက်ကို အားပါ ပါ ဝှေ့ယမ်းလိုက်ပြီး ဆွေ့ဟွမ်းနျန်၏ ပါးပေါ်သို့ ပါးရိုက်ချက်တစ်ခု ကျရောက်သွားသည်။

​ထိုပါးရိုက်ချက်ကြောင့် ဆွေ့ဟွမ်းနျန်မှာ လွင့်ထွက်သွားပြီး ပေအတော်အကွာရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

​အာရုံချောက်ခြားမှုမှာ ချက်ချင်းပင် ကွဲအက်သွားပြီး အားလုံးမှာလည်း အာရုံချောက်ခြားမှုထဲမှ ချက်ချင်း ပြန်လည် ထွက်ပေါ်လာကြသည်။

​လူအုပ်ကြီးမှာ မြေပြင်ပေါ်တွင် လဲကျနေသော ဆွေ့ဟွမ်းနျန်ကို အံ့သြခြင်း ဇဝေဇဝါဖြစ်ခြင်းနှင့် မယုံနိုင်ခြင်းများစွာဖြင့် ကြည့်နေကြသည်။

​ဘာဖြစ်သွားတာလဲ

​သူတို့အားလုံး ခုနက အာရုံချောက်ခြားမှုထဲမှာပဲ ရှိနေခဲ့ကြတာ မဟုတ်လား

​ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် ဘာဖြစ်သွားသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

​"အာရုံချောက်ခြားမှုက ဘယ်လိုဖြစ်ပြီး ပျက်စီးသွားတာလဲ"

​"မသိဘူး ဒါပေမဲ့ ခုနက အာရုံချောက်ခြားမှုက အားလျော့သွားသလို ခံစားလိုက်ရတယ် ဖန့်ချန်က အဲဒီအခွင့်အရေးကို အရယူလိုက်တာ ထင်တယ်"

​လူအုပ်ကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့နှံ့သွားပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

​ဖန့်ချန် နိုင်သွားပြီ ဆိုလိုသည်မှာ သူသည် ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း ၏ တပည့်တံဆိပ်ပြားကို ရရှိတော့မည် ဖြစ်သည်။

​၎င်းမှာ အပြာရောင်တိမ်တိုက် အင်ပါယာ၏ နံပါတ်တစ် ကျင့်ကြံခြင်း ဂိုဏ်းကြီး မဟုတ်ပါလား

​ကျန်းရွှန်း၏ မျက်နှာမှာ ညိုမှောင်သွားသော်လည်း ဘာမှ မပြောပေ။

သူ၏ အကြည့်မှာ ဆွေ့ဟွမ်းနျန်၏အပေါ်တွင် ကြာရှည်စွာ ကျရောက်နေသည်။

​နောက်ဆုံးတွင် ဆွေ့ဟွမ်းနျန်၏ စီနီယာအစ်ကိုများက သူမကို သွားရောက် ထူမပေးပြီး ဒဏ်ရာများကို စစ်ဆေးပေးကြသည်။

သူမတွင် ပြင်းထန်သော ဒဏ်ရာမရှိဘဲ ပါးတစ်ဖက် ရောင်ကိုင်းသွားသည်ကို သိလိုက်ရမှ သူတို့ သက်ပြင်းချနိုင်တော့သည်။

​ဆွေ့ဟွမ်းနျန်မှာ ယိမ်းယိုင်လျက် ရှေ့သို့ လျှောက်လာပြီး ကျန်းရွှန်း၏ရှေ့တွင် ခေါင်းငုံ့လိုက်သည်။

"ဆရာ... ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ..."

​ကျန်းရွှန်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ခုနက မင်းရဲ့ အာရုံချောက်ခြားမှုက ဘာလို့ အားနည်းသွားရတာလဲ"

​ဆွေ့ဟွမ်းနျန်က ဖန့်ချန်ကို လူသားစား ဘီလူးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

​"ကျွန်မရဲ့ ဓားက သူ့အပေါ် ကျသွားတဲ့အချိန်မှာ ဓားက ကြေမွသွားခဲ့တယ် အဲဒီကနေ ရတဲ့ တန်ပြန်သက်ရောက်မှုကြောင့် ကျွန်မရဲ့ စိတ်ဓာတ်ကို ထိခိုက်သွားစေပြီး အာရုံချောက်ခြားမှု အားနည်းသွားတာပါ"

​ဓားက ကြေမွသွားတယ် ဟုတ်လား

​ထိုစကားကို ကြားသောအခါ လူတိုင်းမှာ ဖန့်ချန်ကို ကြည့်လိုက်ကြပြီး ဖန့်ချန်၏ ခြေရင်းနားရှိ ဓား အပိုင်းအစများကို သတိထားမိသွားကြသည်။

​အားလုံး တုန်လှုပ်သွားကြသည်။

​ဒါက မလွန်လွန်းဘူးလား

​သူက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သုံးပြီး ဓားကို ချေဖျက်လိုက်တာလား သူက သွေးနဲ့ အသား ဟိုဘက်က ရတနာလေ။

အဝါရောင်အဆင့်နိမ့် ရတနာပဲ ဖြစ်ဖြစ်၊ ဒါက ရတနာပဲလေ

​"သူက ကျွယ်ထျန်းကန်း လိုပဲ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံတဲ့ လမ်းစဉ်ကို လျှောက်နေတာလား"

​"ဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ် သူက လောကအနှံ့ လှည့်လည်သွားလာနေတဲ့ သိုင်းပညာရှင်တစ်ယောက်လို့ ကြားဖူးတယ်"

​လူအုပ်ကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပို၍ ပျံ့နှံ့သွားသည်။

​မသေမျိုး ထျန်းဝူသည် ဖန့်ချန်ကို ရုတ်တရက် ကြည့်ကာ စိတ်လှုပ်ရှားနေသော အသံဖြင့် မေးလိုက်သည်။

"လူငယ်လေး မင်း ငါ့ရဲ့ တပည့်အဖြစ် နေချင်လား ငါက မသေမျိုးပညာနဲ့ သိုင်းပညာ နှစ်မျိုးစလုံးကို ကျင့်ကြံတာဆိုတော့ မင်းအတွက် အသင့်တော်ဆုံးပဲ ငါနဲ့အတူ ကျင့်ကြံရင် မင်း ရွှေအမြုတေအဆင့်ကို ရောက်ဖို့ အခွင့်အရေး ရှိတယ်"

​မသေမျိုး ထျန်းဝူ၏ တပည့်များမှာ ဖန့်ချန်ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်ကာ သူ၏ အဖြေကို စောင့်နေကြသည်။

​ဖန့်ထင်ကျန့်က အသာအယာ ပြုံးလိုက်သည်။

"မသေမျိုး ထျန်းဝူ သူက ဖန့်မိသားစုဝင် တစ်ယောက်ပါ သူ့အတွက် ငါ စီစဉ်ထားတာတွေ ရှိပါတယ်"

​မသေမျိုး ထျန်းဝူက သက်ပြင်းချလိုက်သည်။

"မင်းက သူ့ကို မလွှတ်ချင်ဘူးဆိုရင်လည်း ငါ ဘာမှ မတတ်နိုင်ဘူးပေါ့"

​ဖန့်ထင်ကျန့်က ကျန်းရွှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"မိတ်ဆွေကျန်း ငါတို့ ဒီပြိုင်ပွဲကို ဒီမှာပဲ အဆုံးသတ်ကြမလား နောက်ပြီး ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း ရဲ့ တံဆိပ်ပြားကရော"

​ကျန်းရွှန်းက ရုတ်တရက် ရယ်မောလိုက်ပြီး သူ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ရိုးရှင်းသော ကြေးတံဆိပ်ပြားတစ်ခု ဖန့်ထင်ကျန့်၏ လက်ထဲသို့ ကျရောက်သွားသည်။

"လောင်းကြေးက လောင်းကြေးပဲ ငါ့မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ ငါတို့ သွားတော့မယ်"

​ထိုသို့ ပြောပြီးနောက် ကျန်းရွှန်းသည် သူ၏ တပည့်များနှင့်အတူ လှည့်ထွက်သွားတော့သည်။

​ဆွေ့ဟွမ်းနျန်မှာလည်း မကျေနပ်သော မျက်နှာထားဖြင့် နောက်မှ လိုက်သွားသည်။

​အကယ်၍ သူမသာ ဖန့်ချန်ကို မတိုက်ခိုက်ခဲ့ပါက သူမ ရှုံးလိမ့်မည် မဟုတ်ပေ

​ကံဆိုးစွာဖြင့် သူမ၏ ပြိုင်ဘက်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံသူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

သူ၏ ခန္ဓာကိုယ်က ထိုမျှအထိ သန်မာနေလိမ့်မည်ဟုလည်း မထင်ခဲ့မိပေ။

​"ငါတို့လည်း ဒီမှာ အကြာကြီး မနေတော့ပါဘူး"

​မသေမျိုး ထျန်းဝူနှင့် သူ၏ အဖွဲ့မှာလည်း နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

​မသေမျိုး ထျန်းဝူ မထွက်ခွာမီ ဖန့်ချန်ကို သူ၏ တပည့်အဖြစ် နေချင်ခြင်း ရှိ မရှိ ထပ်မံ မေးမြန်းခဲ့သေးသည်။

ဖန့်ချန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သောအခါမှ သူ သက်ပြင်းချကာ ထွက်သွားတော့သည်။

​ဖန့်ချန်သည် မြွေဝိညာဉ်အသီး တစ်လုံးကို ထုတ်ယူကာ ဖန့်အောက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"အကြီးအကဲ ဖန့်အောက် ဒါက မြွေဝိညာဉ်အသီးပါဒဏ်ရာတွေကို ကုသရာမှာ အံ့သြစရာကောင်းတဲ့ အစွမ်း ရှိပါတယ်"

​ထို့နောက် ဖန့်ချန်သည် ဖန့်ထင်ကျန့်နှင့် ဖန့်ဝမ်လီတို့ကို နှုတ်ဆက်ပြီး သူ၏ လူများနှင့်အတူ လှည့်ထွက်သွားတော့သည်။

​ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း၏ တံဆိပ်ပြားအကြောင်းကိုပင် သူ မမေးခဲ့ပေ။

​ဖန့်ထင်ကျန့်မှာ အနည်းငယ် အံ့သြသွားသည်။

"မြွေဝိညာဉ်အသီးလား သူ့ဆီမှာ ဒီလို အဖိုးတန်တဲ့အရာတွေ ရှိနေတာလား"

​ဖန့်ထင်ကျန့်က ဖန့်အောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မြွေဝိညာဉ်အသီးကို ဖန့်ယွင်ကို ကျွေးလိုက်ပါ သူမရဲ့ ဒဏ်ရာတွေ ချက်ချင်း ပျောက်ကင်းသွားလိမ့်မယ်"

​ဖန့်အောက်နှင့် သူ၏ ဇနီးမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး အသီးကို ဖန့်ယွင်အား ချက်ချင်း ကျွေးလိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ခဏချင်းမှာပင် သူမ၏ မျက်နှာမှာ ပုံမှန် ပြန်ဖြစ်လာပြီး အရှိန်အဝါများလည်း တည်ငြိမ်သွားတော့သည်။

​"ယွင်အာ မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ"

ဖန့်အောက်၏ ဇနီးက အလျင်အမြန် မေးလိုက်သည်။

​ဖန့်ယွင်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

"မေမေ သမီး အခု အများကြီး သက်သာသွားပါပြီ"

​သူမသည် ဖန့်ချန် ထွက်ခွာသွားသော လမ်းဘက်သို့ ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်နေမိတော့သည်။

​အခန်း ၃၉၈ - ဖန့်ချန်၏ ညွှန်ကြားချက်

​ဖန့်ကျွယ်မှာ အံ့သြသွားပြီး

"အဖေ မြွေဝိညာဉ်အသီး ဆိုတာ ဘာလဲဟင် ညီမလေးရဲ့ ဒဏ်ရာတွေက တော်တော်ပြင်းထန်တာဘအခုတော့ လုံးဝနီးပါး ပြန်ကောင်းသွားပြီ"

​ဖန့်လင်ရှင်းနှင့် အခြားသူများလည်း ထိုဆူညံသံကြောင့် လှည့်ကြည့်လိုက်ကြသည်။

​ဖန့်မိုရှန်းနှင့် အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအချို့လည်း အနားသို့ တိုးလာကြသည်။

သူတို့၏ မျက်နှာများတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

​"ဖန့်အောက် ဖန့်ချန်က ဒီမြွေဝိညာဉ်အသီးကို ဘယ်ကရတာလဲ ဒါက အဝါရောင်အဆင့်မြင့် ဝိညာဉ်အသီးလေ ငါကြားဖူးတာတော့ ဒါက ပြာရောင်တိမ်တိုက် အင်ပါယာနဲ့ နန်းတော်မြုပ် အင်ပါယာတွေမှာပဲ ထွက်တာတဲ့"

​အဝါရောင်အဆင့်မြင့် ဝိညာဉ်အသီးတွေရဲ့ ဈေးနှုန်းက သူတို့ရဲ့ အာနိသင်ပေါ်မှာ မူတည်ပြီး ကွဲပြားတတ်ပါတယ်။

ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဝိညာဉ်ကျောက်တုံး တစ်ရာ၊ နှစ်ရာလောက်နဲ့ ဝယ်နိုင်တာမို့ အလွန်အမင်း ဈေးကြီးတယ်လို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ မြွေဝိညာဉ်အသီးကတော့ ဒဏ်ရာကုသတဲ့နေရာမှာ အစွမ်းထက်တဲ့ ဆေးဖက်ဝင်အသီး ဖြစ်ပါတယ်။

ဒီအသီးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တောင် အံ့သြစရာကောင်းအောင် အစွမ်းထက်ပါတယ်။

​ဒါကြောင့် မြွေဝိညာဉ်အသီးရဲ့ ဈေးနှုန်းက မနည်းပါဘူး။

ဖန့်မိသားစုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအတွင်း ဒီအသီးအနည်းငယ် ရခဲ့ဖူးပေမဲ့ အကုန်လုံး သုံးစွဲပြီးသွားပါပြီ။

​"ငါလည်း မသိဘူး ငါသိတာကတော့ ဖန့်ချန်က ဖန့်ယွင်ကို ကယ်ဖို့ ဒီအသီးကို သုံးခဲ့တယ်ဆိုတာပဲ အဲဒီလိုသာ မဟုတ်ရင် သူမရဲ့ ဒဏ်ရာတွေက သူမရဲ့ အခြေခံ ကိုပါ ထိခိုက်သွားနိုင်တယ်"

ဟု ဖန့်အောက်က လေးနက်သော အသံဖြင့် ဆိုသည်။

​"မင်းတို့ ဒါကို စိုးရိမ်မနေပါနဲ့ ကျန်းရွှန်းရဲ့ တပည့်က မင်း သမီး ကို ဒဏ်ရာရအောင် လုပ်ခဲ့ပေမဲ့ မြွေဝိညာဉ်အသီးက သူမရဲ့ အတွင်းဒဏ်ရာတွေကို ကုသပေးရုံတင်မကဘဲ အသီးကကျန်တဲ့ ဝိညာဉ်စွမ်းအင်တွေက သူမရဲ့ သွေးကြောတွေကိုပါ အားဖြည့်ပေးဦးမှာ ဒါကို ကံဆိုးရာက ကံကောင်းတာလို့ပဲ သတ်မှတ်ရမှာပေါ့"

ဟု ဖန့်ထင်ကျန့်က ပြုံးလျက် လျှောက်လာရင်း ပြောလိုက်သည်။

"ဒါအပြင် ငါက ဒီ ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း ရဲ့ တံဆိပ်ပြားကို ဖန့်ကျွယ်ကို ပေးဖို့ စိတ်ကူးထားတယ် မင်းတို့ ဘယ်လိုထင်လဲ"

​ဖန့်ဝမ်လီက ပြုံးပြီး

"ငါတို့ မိသားစုရဲ့ မျိုးနွယ်စုခွဲ သုံးခုစလုံးက ဒီကံဆိုးမှုကနေ တစ်ခုခု ပြန်ရလိုက်တာပဲ"

ဟု ဆိုသည်။

​တပည့်တံဆိပ်ပြားကို ဖန့်ကျွယ်ကို ပေးမယ် ဟုတ်လား

​လူအုပ်ကြီးမှာ မှင်တက်သွားပြီး သူတို့၏ မျက်နှာများတွင် အံ့သြမှုများ ပေါ်လာသည်။

​မျိုးနွယ်စုကြီး နှင့် ဒုတိယမျိုးနွယ်စုမှ လူကြီးများမှာ စကားပြောရန် တွန့်ဆုတ်နေကြပြီး စတုတ္ထမျိုးနွယ်စုမှ ကျင့်ကြံသူများမှာမူ ဘာမှမဖြစ်သကဲ့သို့ တိတ်ဆိတ်နေကြသည်။

​ဖန့်ခွန်းသည် မိသားစုခေါင်းဆောင် ဖြစ်သည့်အတိုင်း ထိုကဲ့သို့ အနေရခက်သော အခြေအနေကို ချက်ချင်း သတိပြုမိလိုက်သည်။

​"ဘိုးဘေးတို့ ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း တံဆိပ်ပြားက အလွန်အရေးကြီးပါတယ် ဒါကို ဖန့်လင်ရှင်း ဖန့်ရှန်း ဒါမှမဟုတ် ဖန့်ရှု တို့ထဲက တစ်ယောက်ကို ပေးဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"

" သူတို့ သုံးယောက်က ဖန့်ကျွယ်ထက် ပိုပြီး ပါရမီရှိသလို ခရမ်းရောင်ဝင်ရိုး စာပေသင်တန်းကို တက်ဖို့လည်း ပိုသင့်တော်ပါတယ်"

​ဖန့်မိုရှန်း၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

ထိုသည်က သူ၏သမီးအတွက် ဆရာကြီးချန်း၏ တပည့်ဖြစ်လာရန်နှင့် ခရမ်းရောင်ဝင်ရိုး စာပေသင်တန်းသို့ တက်နိုင်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော အခွင့်အလမ်းကို သူတို့ လုံးဝ မလက်လွတ်နိုင်ပေ

​"ဆရာ အကြီးအကဲတို့ မိသားစုခေါင်းဆောင် ပြောတာ မှန်ပါတယ် သူတို့က ကျွန်တော့်ထက် ပိုပြီး ပါရမီရှိကြပါတယ်"

"ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း တံဆိပ်ပြားက အရမ်းတန်ဖိုးရှိတာမို့ အလဟဿ မဖြစ်သင့်ပါဘူး"

ဟု ဖန့်ကျွယ်က ရိုသေစွာ ပြောလိုက်သည်။

​"ဖန့်ချန်က ဒီတံဆိပ်ပြားကို ရအောင်လုပ်ပေးခဲ့တာဆိုတော့ မျိုးနွယ်စုခွဲ (၃) ခုက လူတွေက ဦးစားပေး ရသင့်တာပေါ့"

ဟု ဖန့်ရှုက ဆိုသည်။

​စတုတ္ထမျိုးနွယ်စုမှ ကျင့်ကြံသူက သူ့ကို တစ်ချက်ကြည့်ကာ ခပ်ဖွဖွ ခေါင်းညိတ်ပြီး

"ဖန့်ရှုပြောတာ မှန်တယ် မျိုးနွယ်စုခွဲ (၃) ခုက ဦးစားပေး ရသင့်တယ်"

ဟု ထောက်ခံလိုက်သည်။

​ဖန့်မိုရှန်းက မျက်မှောင်ကြုတ်ကာ

"ဒါက တစ်မိသားစုလုံးနဲ့ ဆိုင်တဲ့ကိစ္စလေ မျိုးနွယ်စုခွဲ သုံးခုပဲဖြစ်ဖြစ် မျိုးနွယ်စုကြီးပဲဖြစ်ဖြစ် ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ အားလုံးကို မျှမျှတတ ဆက်ဆံသင့်တယ်"

ဟု ပြန်ပြောလိုက်သည်။

​စတုတ္ထမျိုးနွယ်စုမှ ကျင့်ကြံသူက သူ့ကို အေးစက်သော အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

​"ဒုတိယမျိုးနွယ်စုကတော့ ဘာကန့်ကွက်မှုမှ မရှိပါဘူး ဘိုးဘေးတွေနဲ့ မိသားစုခေါင်းဆောင်ရဲ့ အစီအစဉ်အတိုင်းပဲ လိုက်နာပါ့မယ်"

ဟု ဒုတိယမျိုးနွယ်စုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ဝင်မပါရန် ဆုံးဖြတ်လိုက်ကြသည်။

​ထိုသို့လုပ်ခြင်းဖြင့် သူတို့သည် မျိုးနွယ်စုကြီး ကိုလည်း စိတ်မဆိုးစေသလို တတိယနှင့် စတုတ္ထမျိုးနွယ်စုများနှင့်လည်း ရန်ငြိုးမဖွဲ့မိတော့ပေ။

​ဖန့်အောက်သည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

"ဘိုးဘေးတို့ အကယ်လို့ ဒီတံဆိပ်ပြားကို တစ်ယောက်ယောက်က ရသင့်တယ်ဆိုရင် အဲဒါ ဖန့်ချန်ပဲ ဖြစ်ရမယ်"

​ဖန့်ထင်ကျန့်က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

"ဖန့်ချန်က ဒီတံဆိပ်ပြားကို ကိုင်ထားဖို့ မသင့်တော်ဘူး တကယ်လို့ သူသာ ခရမ်းရောင်ဝင်ရိုး စာပေသင်တန်းကို သွားရင် အဲဒါက ဘေးဒုက္ခတွေကို ခေါ်လာလိမ့်မယ်"

"အဲဒါက စာပေသင်တန်းကိုတင်မကဘူး ငါတို့ မိသားစုကိုပါ ထိခိုက်စေလိမ့်မယ် သူ့အတွက် ငါ တခြား စီစဉ်ထားတာတွေ ရှိတယ် သူ့ကို ငါတို့ မတရား မဆက်ဆံပါဘူး"

​အနားရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ ထိုစကားကို နားလည်သွားပြီး ရုတ်တရက် သဘောပေါက်သွားကြသည်။

သို့သော် ဖန့်ချန်၏ နောက်ခံကို မသိသော အဆင့် ၁၂ ကျင့်ကြံသူများမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။

ဖန့်ချန် ခရမ်းရောင်ဝင်ရိုး စာပေသင်တန်းကို သွားတာက ဘာလို့ ဘေးဒုက္ခတွေ ခေါ်လာမှာလဲ

​ဖန့်ဝမ်လီက ခေါင်းညိတ်သည်။

"မှန်တယ် ဖန့်ချန်က ဒီတံဆိပ်ပြားကို ရအောင် ယူပေးခဲ့တာဆိုတော့ သူ့ကို ငါတို့ လျစ်လျူမရှုပါဘူး အခု လာမယ့် ကုန်သွယ်ရေး ညီလာခံမှာ အခြေခံတည်ဆောက်ခြင်း ဆေးလုံး တွေ ရောင်းဖို့ ရှိတယ် သူ့အတွက် တစ်လုံးရအောင် ငါတို့ အသေအချာ ဝယ်ပေးပါ့မယ်"

​"အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဟုတ်လား"

​"ဒါက..."

​အနားရှိ အခြေခံတည်ဆောက်ခြင်းအဆင့်ရော၊ အဆင့် ၁၂ ကျင့်ကြံသူများပါ အံ့သြသွားကြသည်။

ခရမ်းရောင်ဝင်ရိုး စာပေသင်တန်း၏ တံဆိပ်ပြားက အရေးကြီးပြီး ဈေးကြီးသည်မှာ မှန်သော်လည်းအခြေခံတည်ဆောက်ခြင်း ဆေးလုံး၏ တန်ဖိုးမှာ လက်တွေ့အကျိုးကျေးဇူးအရ ဆိုလျှင် ထိုတံဆိပ်ပြားထက်ပင် သာလွန်လှသည်။

​"အကြီးအကဲတို့ အရင်ကတော့ တကယ်လို့ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ရှိခဲ့ရင် ကျွန်တော့်သမီးက ဦးစားပေး ရမယ်လို့ ပြောခဲ့တယ် မဟုတ်လား"

ဖန့်မိုရှန်းက စဉ်းစားရင်း မေးလိုက်သည်။

​"အဲဒါက အရင်ကလေ အခုတော့ ဖန့်ချန်ရဲ့ စွမ်းအားက လင်ရှင်းထက် အများကြီး သာလွန်နေပြီ ဒါကြောင့် သူက အရင်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းတာက အကောင်းဆုံးပဲ"

ဟု ဖန့်ထင်ကျန့်က ဆိုသည်။

​ဖန့်ထင်ကျန့်၏ စကားကို မည်သူမျှ မချေပရဲကြပေ။

​အကယ်၍ ဖန့်လင်ရှင်းသာ ခရမ်းရောင်ဝင်ရိုး စာပေသင်တန်းကို ဝင်ခွင့်ရခဲ့မယ်ဆိုရင် ဖန့်ချန်ကို အခြေခံတည်ဆောက်ခြင်း ဆေးလုံး ပေးလိုက်တာက သိပ်ကိစ္စမရှိဘူးလို့ ဖန့်မော့ရှန်းက စိတ်ထဲကနေ တွက်ဆလိုက်သည်။

​"ဖန့်ကျွယ် မင်း ငြင်းမနေပါနဲ့ ခုနကပဲ ဖန့်ချန်က ငါတို့ဆီကို အသံလှိုင်းလွှင့်ပြီး ဒီတံဆိပ်ပြားကို မင်းကိုပဲ ပေးဖို့ ပြောခဲ့တယ်"

ဟု ဖန့်ထင်ကျန့်က ခပ်ဖွဖွ ပြုံးရင်း ဆိုသည်။

​"ဖန့်ချန်က ငါတို့အတွက် တံဆိပ်ပြားကို ရအောင် ယူပေးခဲ့ရုံတင်မကဘူး ငါတို့ရဲ့ ဂုဏ်သိက္ခာအတွက်လည်း တိုက်ပွဲဝင်ခဲ့တာ ငါတို့အတွက်ပဲဖြစ်ဖြစ် ဒါကို လက်ခံလိုက်ပါ"

​ဖန့်ဝမ်လီက ပြုံးပြီး

"ငါတို့က ဒါကို လက်မခံဘူးဆိုရင် လက်အောက်က လူတွေ စိတ်မကောင်း ဖြစ်ကုန်မှာပေါ့"

ဟု ဆိုသည်။

​ဖန့်ထင်ကျန့်က ဘာကြောင့် ဖန့်ကျွယ်ကို တံဆိပ်ပြား ပေးချင်ရသလဲဆိုသည်ကို အားလုံး ရုတ်တရက် နားလည်သွားကြသည်။

၎င်းမှာ ဖန့်ချန်ကိုယ်တိုင် ညွှန်ကြားခဲ့ခြင်း ဖြစ်နေ၍ပင်

​"ဘိုးဘေးတို့ ဖန့်ချန်က အဆင့် ၁၂ ကျင့်ကြံသူ တစ်ယောက်ပဲ ရှိသေးတာပါ သူက အခြေအနေအရပ်ရပ်ကို ဘယ်လို စီစဉ်ရမလဲဆိုတာ မသိသေးပါဘူး"

"သူက စိတ်လိုက်မာန်ပါပဲ လုပ်တတ်တာပါ ဘိုးဘေးတို့အနေနဲ့ ဒါကို ပြန်စဉ်းစားပေးစေချင်ပါတယ်"

ဟု ဖန့်ခွန်က လက်အုပ်ချီ ဦးညွတ်ရင်း ပြောလိုက်သည်။

​ဖန့်ထင်ကျန့်က ခေါင်းခါယမ်းကာ တံဆိပ်ပြားကို ဖန့်ကျွယ်ထံ ကမ်းပေးလိုက်သည်။

"ငါ ပြန်စဉ်းစားစရာ မလိုတော့ဘူး ကုန်သွယ်ရေး ညီလာခံ ပြီးသွားရင် ခရမ်းရောင်ဝင်ရိုး စာပေသင်တန်းက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူဆီကို မင်း သွားလို့ရပြီ"

"ဒါပေမဲ့ မင်း အဲဒီကျောင်းကို ဝင်ခွင့်ရ မရ ဆိုတာကတော့ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်"

​ဖန့်ကျွယ်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤကဲ့သို့ ကြီးမားသော အခွင့်အရေးကို သူ ဒီအတိုင်း ရလိုက်တာလား

​လူအုပ်ကြားထဲတွင် ဖန့်ဟောက်မှာ စိတ်လှုပ်ရှားနေသည်။

သူ၏ အစ်ကိုဖြစ်သူ ဖန့်ကျွယ်၏ အနာဂတ် တောက်ပလေလေ၊ သူလည်း အကျိုးခံစားရလေလေ ဖြစ်သည်။

​ဖန့်ဟောက်မှာ အားနာသလို၊ ကျေးဇူးလည်း တင်မိသည်။

ဖန့်ချန်က ရန်ငြိုးကို ကျေးဇူးနဲ့ တုံ့ပြန်လိုက်တာပဲ။

ငါ အရင်က အမှားတွေ လုပ်ခဲ့ပေမဲ့၊ ငါ့အစ်ကိုက စိတ်ကောင်းရှိပြီး သူ့ကို မပြစ်မှားခဲ့လို့ တော်သေးတာပေါ့

​ဖန့်အောက်နှင့် ကျင်ကျင်တို့မှာလည်း အလွန် စိတ်လှုပ်ရှားနေကြသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော ကံဆိုးမှုမှ တတိယမျိုးနွယ်စုက ထိမျှ အကျိုးအမြတ် ရလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

ဤအရာအားလုံးမှာ ဖန့်ချန် တစ်ယောက်တည်း၏ ကြိုးစားမှုကြောင့်ပင်

​"မောင် ရှင် မျိုးရိုးမသိတဲ့ တပည့်တစ်ယောက်ကို တတိယမျိုးနွယ်စုထဲ ခေါ်လာလို့ ကျွန်မ ရှင့်ကို အရင်က အပြစ်တင်ခဲ့မိတယ် ကျွန်မက အမြင်ကျဉ်းခဲ့တာပဲ"

(ဖန့်ကျွယ်က ဖန့်အောက်ရဲ့ မွေးစားသားဖြစ်သလို တပည့် တစ်ယောက်လည်း ဖြစ်ပါတယ်နော်)

ဟု ကျင်ကျင်က ဖန့်အောက်ထံ အသံလှိုင်းလွှင့်၍ ပြောလိုက်သည်။

​"အဲဒါပေါ့..."

ဟု ဖန့်အောက်က အမှတ်မထင် ပြန်ပြောလိုက်သည်။

သို့သော် ခဏအကြာတွင် သူ ဘာပြောလိုက်မိသနည်း ဆိုသည်ကို သတိပြုမိသွားသည်။

​သူ ကျင့်ကျင့်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ အေးစက်နေသည်ကို မြင်လိုက်ရသည်။

​ဖန့်အောက်၏ မျက်နှာမှာ အရှက်ရသလို ဖြစ်သွားသည်။

​"တခြား ကိစ္စမရှိရင် လူစုခွဲကြရအောင် ဒီအချိန်မှာ ကုန်သွယ်ရေး ညီလာခံကိုပဲ အာရုံစိုက်ထားကြ ငါတို့မှာ အမှားအယွင်း ဖြစ်လို့ မရဘူး"

ဟု ဖန့်ထင်ကျန့်က ဆိုပြီး ဖန့်ဝမ်လီနှင့်အတူ ထွက်ခွာသွားတော့သည်။

​သူတို့ ထွက်သွားပြီးနောက် ဖန့်အောက်နှင့် သူ၏ ဇနီးလည်း သူတို့၏ လူများနှင့်အတူ အလျင်အမြန် ထွက်သွားကြသည်။

​အားလုံး ထွက်သွားပြီးနောက် ဖန့်မိုရှန်း၏ မျက်နှာမှာ အလွန် ညိုမှောင်သွားတော့သည်။

​ဖန့်ခွန်က သူ့ကို တစ်ချက်ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

"မိုရှန်း ဘိုးဘေးရဲ့ အစီအစဉ်တွေအပေါ် ရန်ငြိုးမထားပါနဲ့ဦး"

All Chapters