အခန်း (၄၀၃-၄၀၄)
Vol. 41 Ch. 403-404
အခန်း ၄၀၃ - ကြယ်တာရာ အာရုံခံ ဆက်သွယ်ရေး အဆောင်
ဖန့်ချန်က ပြုံးလိုက်ပြီး
"နတ်မိမယ်ယွီ နင်က အလယ်တိုက်ကြီးကို ရောက်နေတာဆိုတော့ မဟာချန်းအင်ပါယာ မြို့တော်အထိ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ ဒီနှစ်နေရာက တော်တော်လေး ဝေးတာ မဟုတ်လား"
"သခင်လေး မသိသေးလို့ပါ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဓားသန္ဓေသားလောင်း တစ်ခု အခိုးခံခဲ့ရဖူးတယ် အခုတလောမှာ ဂိုဏ်းရဲ့ ဘိုးဘေးက အဲဒီဓားသန္ဓေသားလောင်းဆီက ထူးခြားတဲ့ တုံ့ပြန်မှုကို ပြန်ပြီး အာရုံခံမိလို့ ငါတို့ သိခဲ့ရတာပါ"
"အဲဒါကြောင့်ပဲ ဂိုဏ်းက တပည့်တွေ အနှံ့အပြားထွက်ပြီး အဲဒီဓားကို လိုက်ရှာနေကြတာပေါ့ စီနီယာအစ်မမှာ ဓားသန္ဓေသားရဲ့ တည်နေရာကို ယေဘုယျအားဖြင့် သိနိုင်တဲ့ အဆောင်တစ်ခု ရှိတယ်လေ"
" ငါတို့ လိုက်ရှာရင်းနဲ့ ဒီနေရာကို ရောက်လာတာကံကောင်းချင်တော့ ဒီမှာ ကုန်သွယ်ရေးညီလာခံရှိတာနဲ့ ကြုံနေတာကြောင့် ဓားသန္ဓေသားလောင်းက ဒီမှာ ရှိနေမလားဆိုတာ သိချင်လို့ လာကြည့်တာပါ"
ဟု နတ်မိမယ်ယွီက ရှင်းပြသည်။
ဓားသန္ဓေသားလောင်းရဲ့ တည်နေရာကို သိနိုင်တဲ့ အဆောင်လား
ဖန့်ချန် စိတ်လှုပ်ရှားသွားသည်။
"ဒါဆိုရင် ရှာတွေ့ပြီလား"
"မတွေ့သေးဘူး"
နတ်မိမယ်ယွီက သက်ပြင်းချလိုက်သည်။
"စီနီယာအစ်မက ခုနကတင် ဓားသန္ဓေသားရဲ့ အငွေ့အသက်ကို ခံစားမိလို့ ကျွန်မ ကို ဒီခေါ်လာတာဒါပေမဲ့ ပြီးတော့ အငွေ့အသက်က ပြန်ပျောက်သွားရော အဲဒီဓားကို ပိုင်ဆိုင်ထားတဲ့လူက ဓားကို ထုတ်သုံးမှပဲ ငါတို့က သူ့ကို အတည်ပြုနိုင်မှာ"
ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဒါက ဒုက္ခပဲ
တကယ်လို့ သူသာ ဓားငယ်လေး ကို ထပ်သုံးမိလျှင် ရွှေအမြုတေအဆင့် အလယ်အလတ်ရှိသော ထိုအမျိုးသမီး ဓားကျင့်ကြံသူက သူ့ကို ချက်ချင်း အာရုံခံမိသွားလိမ့်မည်။
ထိုအမျိုးသမီး၏ စိတ်နေစိတ်ထားမှာ မကောင်းလှမှန်း မဟာရှတွင် ရှိစဉ်ကတည်းက သူ သိထားပြီး ဖြစ်သည်။
အကယ်၍ ဓားသန္ဓေသားလောင်းက သူ့လက်ထဲမှာ ရှိနေမှန်း သူမ သိသွားပါက တွန့်ဆုတ်မနေဘဲ သူ့ကို တိုက်ခိုက်မည်မှာ သေချာသည်။
သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထံမှ လွတ်မြောက်နိုင်ရန် ဖန့်ချန် ယုံကြည်ချက်ရှိသော်လည်း ဓားကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်မူ အနိုင်ရရန် လုံးဝ ယုံကြည်ချက်မရှိပေ။
ကံကောင်းသည်မှာ သူသည် ရိပ်ခြေဗုဒ္ဓ ကျင့်စဉ် ကို တတ်မြောက်ထားသဖြင့် မနိုင်လျှင်တောင် အလွယ်တကူ ထွက်ပြေးနိုင်ပေသည်။
တော်သေးတာက သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို နှိမ်နင်းဖို့ ဓားငယ်လေးရဲ့ အကူအညီ မလိုတာပဲ
ဓားခန္ဓာ တတိယအဆင့်နှင့် မသေမျိုး ဓားသွေးကြော တို့ကြောင့် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ သာမန် အဆင့် ၁၂ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေသည်။
ထို့ကြောင့် ဓားငယ်လေး မပါလျှင်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ထူးခြားနေဆဲ ဖြစ်သည်။
"သခင်လေ ဒါက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ကြယ်တာရာ ဆက်သွယ်ရေး အဆောင် ပါ"
"သာမန် ဆက်သွယ်ရေး အဆောင်တွေနဲ့ မတူဘဲ အကြိမ်ပေါင်း သောင်းနဲ့ချီ သုံးလို့ရတယ် ဒါက သခင်လေးအတွက်ပါ ကျွန်မမှာလည်း နောက်တစ်ခု ရှိတယ်"
"စီနီယာအစ်မ မရှိတဲ့အချိန်ဆိုရင် ကျွန်မတို့ အမြဲတမ်း အဆက်အသွယ် လုပ်လို့ရတာပေါ့"
ဟု ဆိုကာ နတ်မိမယ်ယွီက လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းရောင်သန်းနေသော ကျောက်စိမ်း အဆောင်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် နောက်ထပ် တစ်ခုကိုလည်း ထပ်ထုတ်လိုက်သည်။
ထိုအဆောင် နှစ်ခုကြားတွင် တစ်မျိုးတစ်ဖုံသော ဆက်နွှယ်မှု ရှိနေပုံရသည်။
"ဒါက အလယ်တိုက်ကြီးရဲ့ နာမည်ကြီး ဆက်သွယ်ရေး အဆောင်ပဲ ကျွန်မတို့ မိုင်ပေါင်း ထောင်ချီဝေးနေရင်တောင် ဝိညာဉ်စွမ်းအင် လုံလောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ရတယ်"
ဟု ဆိုကာ အဆောင်လက်ဖွဲ့ တစ်ခုကို ဖန့်ချန်အား ပေးလိုက်သည်။
"မိုင်ပေါင်း ထောင်ချီဝေးတာတောင် စကားပြောလို့ရတယ် အံ့သြစရာပဲ နောက်ထပ် ရှိသေးလား ငါ့ကိုရော ပေးလို့ရမလား"
ဟု ရှကျီက အံ့သြတကြီး အော်ဟစ်လိုက်သည်။
နတ်မိမယ်ယွီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး
"တတိယမင်းသား ဒီအဆောင် တစ်စုံကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ထောင်တန်တာနော် ကျွန်မ ဒါတွေကို ဝယ်နိုင်ဖို့ အကြာကြီး စုခဲ့ရတာ"
"ဝိညာဉ်ကျောက်တုံး နှစ်ထောင်တောင် နင့်ဂိုဏ်းက တော်တော် ချမ်းသာပုံရတယ်"
ရှကျီက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြောသည်။
"နင်ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေကို ဒါတွေဝယ်ဖို့ပဲ သုံးလိုက်တာလား"
ဖန့်ချန် အနည်းငယ် အံ့သြသွားသည်။
နတ်မိမယ်ယွီက ဖန့်ချန်ဘက်သို့ လှည့်ကာ ပျော်ရွှင်စွာဖြင့်
"ဟုတ်တယ် သခင်လေးနဲ့ ကျွန်မ အမြဲတမ်း အဆက်အသွယ် ရှိနေရအောင် ဒီတစ်စုံကို ဝယ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တာ"
သူမက ဆက်ပြောသည်မှာ
"ကျွန်မ သခင်လေးကို နောက်တစ်ခါ ပြန်မတွေ့ရတော့မှာ ကြောက်နေခဲ့တာ အခုလို ဒီမှာ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး "
" ဒါက ကံကြမ္မာလို့ ထင်လား သခင်လေး ကျွန်မရဲ့ ဆရာက ပြောဖူးတယ် သတ္တဝါတွေရဲ့ ကံကြမ္မာဆိုတာ ဖန်တီးထားတဲ့အတိုင်း ဖြစ်လာတာတဲ့ ဒီဘဝမှာတော့ သခင်လေး ကျွန်မကို ဖယ်ထုတ်လို့ မရတော့ဘူး ထင်တယ်"
ဖန့်ချန်သည် လက်ထဲမှ အဆောင်ကို ကစားရင်း ပြုံးလိုက်သည်။
"နင်ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ အကုန်သုံးလိုက်တာလား နင့်ဆီမှာ သုံးဖို့ လောက်ငှရဲ့လား"
"လောက်ပါတယ် ကျွန်မတို့ဆီမှာ ဝိညာဉ်စွမ်းအင်တွေ အများကြီး ရှိတာပဲ ဝိညာဉ်ကျောက်တုံးတွေ သိပ်မလိုပါဘူး မရှိရင်တောင် ကျင့်ကြံမှု အနည်းငယ် နှေးသွားရုံပဲရှိတာ ကိစ္စမရှိပါဘူး"
ဟု နတ်မိမယ်ယွီက ရှင်းပြသည်။
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
"နင့်ရဲ့ ဝိညာဉ်လက်နက် ကို ငါ့ကို ပြလို့ရမလား"
နတ်မိမယ်ယွီ အနည်းငယ် တုန်လှုပ်သွားသည်။
သူမသည် စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သော်လည်း၊ ဖန့်ချန်က သူ၏ မီးခိုးဖြူရောင် မျက်လုံးများဖြင့် သူမကို အလေးအနက် စိုက်ကြည့်နေသည်ကို မြင်သောအခါ မတတ်သာဘဲ သူမ၏ ဝိညာဉ်လက်နက်ကို ထုတ်ပြလိုက်ရသည်။
၎င်းမှာ သာမန် ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်ပြီး ဝိညာဉ်အမှတ်အသား ငါးခုသာ ပါရှိသည်။
နတ်မိမယ်ယွီ၏ နောက်ခံနှင့်ဆိုလျှင် ထိုကဲ့သို့ သာမန်လက်နက်မျိုးကို မသုံးသင့်ပေ။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းသည် သူမအား ပိုမိုကောင်းမွန်သော ဓားတစ်ခု ပေးထားသင့်သည်။
"နောက်ခါ ဒါမျိုး မလုပ်နဲ့ ဝိညာဉ်ကျောက်တုံး ရှိရင် ကိုယ့်ကိုယ်ကိုယ် အရင် သန်မာအောင် လုပ်ရမယ်"
"အခုလို အားနည်းတဲ့ လက်နက်တွေကိုပဲ အားကိုးနေရင် အန္တရာယ်နဲ့ ကြုံတဲ့အခါ အသက်ဆုံးရှုံးသွားနိုင်တယ်"
ဖန့်ချန်၏ လေသံမှာ ပြတ်သားပြီး သူ တကယ် စိတ်ဆိုးနေမှန်း သိသာလှသည်။
ရှကျီ၏ မျက်နှာမှာလည်း ချက်ချင်းပင် တည်ကြည်သွားသည်။
ဖန့်ချန် စိတ်ဆိုးသည်ကို သူ တွေ့ရခဲလှသည်။
နောက်ဆုံးတွေ့ခဲ့ရသည်မှာ မဟာတောက်ပမှုအဖွဲ့ မှ လီဟွားဖုန်းကြောင့် ဖန့်ချန်၏ စစ်တပ်မှ ဆရာ သေဆုံးခဲ့ရစဉ်က ဖြစ်သည်။
နတ်မိမယ်ယွီ ခေါင်းငုံ့သွားပြီး
"နားလည်ပါပြီ သခင်လေး"
"နင့်ရဲ့ သိုလှောင်လက်စွပ်ကို ပေး"
ဟု ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်မိမယ်ယွီသည် သူမ၏ သိုလှောင်လက်စွပ်ကို ချွတ်၍ ဖန့်ချန်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။
ဖန့်ချန်က လက်စွပ်အတွင်းပိုင်းကို ကြည့်လိုက်ရာ အမျိုးသမီး ဝတ်စုံအချို့မှလွဲ၍ ဘာမျှ မရှိဘဲ လုံးဝ ဟောင်းလောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် ထိုဆက်သွယ်ရေး အဆောင်လက်ဖွဲ့ ဝယ်ယူရန်အတွက် သူမရှိသမျှ အရာအားလုံးကို သုံးစွဲခဲ့ခြင်းမှာ ထင်ရှားလှသည်။
ဖန့်ချန် သက်ပြင်းချလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းသို့ ဝိညာဉ်ကျောက်တုံး တစ်သောင်း ထည့်လိုက်ကာ သူမအား ပြန်ပေးလိုက်သည်။
"နင်သုံးဖို့ ဝိညာဉ်ကျောက်တုံးအချို့ ထည့်ပေးထားတယ် နောက်ခါ ဒါမျိုးတွေအတွက် အကုန်မသုံးပါနဲ့တော့"
"ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ မသေချာမှုတွေနဲ့ ပြည့်နေတာ အန္တရာယ်က ဘယ်အချိန် ရောက်လာမလဲ မသိနိုင်ဘူး"
"ငါတို့ အသက်ရှင်နေသရွေ့ အဆက်အသွယ် လုပ်လို့ရတယ် တကယ်လို့ နင် သေသွားရင် ငါက နင့်ကိုရှာဖို့ ငရဲပြည် အထိ လိုက်သွားရမှာလား"
နတ်မိမယ်ယွီ၏ စိတ်အစုံ တုန်လှုပ်သွားပြီး ဖန့်ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"တကယ်လို့ ကျွန်မ သေသွားရင် သခင်လေးက ကျွန်မကို ရှာဖို့ ငရဲပြည်အထိ တကယ် လိုက်လာမှာလား"
ဖန့်ချန် ခေတ္တမျှ စဉ်းစားပြီးနောက် ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
"လိုက်မှာပေါ့"
နတ်မိမယ်ယွီ၏ မျက်လုံးများတွင် အပြုံးများ ဝေဆာသွားသည်။
"စိတ်ချပါ ကျွန်မ အသက်ရှင်အောင် ကြိုးစားမှာပါ သခင်လေးကို ဒုက္ခပေးပြီး ငရဲပြည်အထိ လိုက်ရှာခိုင်းမှာ မဟုတ်ပါဘူး"
နတ်မိမယ်ယွီသည် သိုလှောင်လက်စွပ်ကို အမှတ်မထင် ကြည့်လိုက်သည်။
ရုတ်တရက် သူမ၏ အပြုံးမှာ အံ့သြမှုကြောင့် တန့်သွားပြီး အသက်ရှူပင် မှားသွားရသည်။
"သခင်လေး... ဒီထဲမှာ ရှိနေတာက"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ထည့်ပေးထားတာပါ ကျန်တာတွေကိုတော့ ငါ့အတွက် ချန်ထားခဲ့တယ် ဒါက နင့်အတွက် လောက်မှာပါ"
"တစ်သောင်း..."
ဟု ရှကျီက ရေရွတ်ရင်း ဖန့်ချန်ကို ကြည့်နေမိသည်။
"နေပါဦး ဖန့်ကြီး တကယ်လို့ ငါကလည်း မင်းကို သခင်လေးဖန့်လို့ ခေါ်မယ်ဆိုရင်"
ဖန့်ချန်က ရယ်မောလိုက်သည်။
သူသည် ရှကျီ၏ လက်မှ သိုလှောင်လက်စွပ်ကို ဆွဲချွတ်လိုက်ပြီး ၎င်းအတွင်းသို့လည်း ဝိညာဉ်ကျောက်တုံး တစ်သောင်း ထည့်ပေးလိုက်သည်။
"အဲဒီလို ခေါ်စရာ မလိုပါဘူး ငါ မင်းကို ပေးမှာပါ"
ရှကျီတွင်လည်း သူ၏ ကိုယ်ပိုင်အခွင့်အလမ်း ရှိနေသဖြင့် ထိုဝိညာဉ်ကျောက်တုံး တစ်သောင်းမှာ သူ့အတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဖန့်ချန် မျှော်လင့်မိသည်။
"သခင်လေး ကျွန်မ ထင်ခဲ့တာက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းထဲ ဝင်လိုက်ရင် သခင်လေးကို နောင်ကျရင် ကူညီနိုင်မယ်လို့ပေါ့"
"ဒါပေမဲ့ အခုတော့ သခင်လေးက တကယ့်ကို သခင်လေး ဆိုတဲ့အတိုင်းပါပဲ ဘယ်နေရာမှာပဲရှိရှိ ကျွန်မတို့ မလုပ်နိုင်တဲ့အရာတွေကို လုပ်ပြနိုင်တာပဲ"
နတ်မိမယ်ယွီ၏ မျက်လုံးများမှာ အားကျနှစ်သက်မှုများဖြင့် တောက်ပနေသည်။
"ကျွန်မတို့ ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာအစ်ကိုတွေတောင်မှ ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူး"
ရှကျီကလည်း သိုလှောင်လက်စွပ်ထဲကို အမြန်ငုံ့ကြည့်လိုက်သည်။
ထိုနေရာတွင် ဝိညာဉ်ကျောက်တုံး တစ်သောင်း ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
"ဖန့်ကြီး မင်း တကယ်ပဲ သူဌေးကြီး ဖြစ်သွားပြီပဲ"
ဖန့်ချန်သည် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို ထိုမျှ လွယ်ကူစွာ ထုတ်ပေးနိုင်ခြင်းမှာ သူ၏ထံတွင် ထို့ထက်ပို၍ ရှိနေသေးသည်ဟု အဓိပ္ပာယ်ရသဖြင့် ရှကျီလည်း ဖန့်ချန်အတွက် စိုးရိမ်စရာ မလိုတော့မှန်း သိလိုက်သည်။
ရုတ်တရက် ဝူရုန့်ချို၏ အသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
သူမ၏ လေသံမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။
"ဂျူနီယာမောင်လေး၊ သခင်လေးဖန့် နောက်ထပ် လူတစ်ယောက်က သခင်လေးတို့ကို တွေ့ချင်နေတယ်"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ကျန်းရှောင်ခဲ ရောက်လာပြီပဲ"
နတ်မိမယ်ယွီ၏ မျက်လုံးများ တောက်ပသွားသည်။
"မုန့်သည် ကျန်း လား"
နတ်မိမယ်ယွီသည် တံခါးဝသို့ သွား၍ ကြည့်လိုက်ရာ ဝူရုန့်ချို၏ နောက်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ရပ်နေသည့် ကျန်းရှောင်ခဲကို မြင်လိုက်ရသည်။
"ယွီ... အစ်မယွီ"
ကျန်းရှောင်ခဲသည် နတ်မိမယ်ယွီကို မြင်သောအခါ အံ့သြတကြီး အော်လိုက်မိတော့သည်။
အခန်း ၄၀၄ - ပေါက်စီ
နတ်မိမယ်ယွီက အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးလိုက်ပြီး
"မုန့်သည်လေး နင်လည်း ရောက်နေတာပဲ"
ကျန်းရှောင်ခဲ မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဂါရဝပြုပါတယ် အစ်မ"
နတ်မိမယ်ယွီက ပြုံးလျက်
"ဝင်ခဲ့လေ"
ဟု ဆိုကာ ဝူရုန့်ချိုဘက်သို့ လှည့်လိုက်သည်။
"စီနီယာအစ်မ ကျေးဇူးတင်ပါတယ်ရှင်"
မဆန်းပါဘူး သူတို့က လူဟောင်းတွေ ဖြစ်ပုံရတာပဲ ဟု ဝူရုန့်ချို စိတ်ထဲမှ တွေးလိုက်မိသည်။
သူမသည် နတ်မိမယ်ယွီကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားတော့သည်။
ကျန်းရှောင်ခဲသည် သစ်သားအိမ်ထဲသို့ လှမ်းဝင်လိုက်ရာ ဖန့်ချန်နှင့် ရှကျီတို့ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားမှုများမှာ မျက်နှာပေါ်တွင် အထင်းသား ပေါ်လာသည်။
သူက ရိုသေစွာ ဦးညွှတ်လိုက်ပြီး
"သခင်လေး တတိယမင်းသား"
"ဟေး... ဟေး... မတွေ့ရတာ ကြာတော့ မင်း တော်တော် အရပ်ရှည်လာတာပဲ ငါ မြို့တော်ကနေ ထွက်သွားတုန်းက မင်းက ငါ့ခါးလောက်ပဲ ရှိသေးတာ မှတ်မိသေးတယ်"
ရှကျီက ပြုံးရွှင်စွာဖြင့် သူ၏ ခါးနားတွင် လက်ဖြင့် အတိုင်းအတာ ပြုလုပ်ပြလိုက်သည်။
"ဟုတ်တယ်မလား မုန့်သည်လေး"
ကျန်းရှောင်ခဲက ပြုံးလိုက်ပြီး
"နှစ်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပေမဲ့ တတိယမင်းသားရဲ့ ဟန်ပန်ကတော့ အရင်အတိုင်းပါပဲ"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
"ငါ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ထက်တောင် မင်း အရပ်ပိုရှည်လာသေးတယ်"
နတ်မိမယ်ယွီ အံ့သြသွားသည်။
"နောက်ဆုံးတွေ့ခဲ့တဲ့ အချိန် ဟုတ်လား"
"သခင်လေး မုန့်သည်လေး တပည့်အဖြစ် အခေါ်ခံရပြီးနောက်ပိုင်း သူနဲ့ ပြန်တွေ့ခဲ့သေးတာလားဟင်"
ကျန်းရှောင်ခဲ၏ မျက်နှာတွင် ဂုဏ်ယူရိပ်တစ်ခု ချက်ချင်း ပေါ်လာသည်။
"အစ်မ မသိသေးလို့ပါ သခင်လေးနဲ့ မီးတောက်အင်ပါယာ မှာ တစ်ခါ ဆုံခဲ့သေးတယ် အဲဒီတုန်းက သခင်လေးက တကယ့်ကို အစွမ်းထက်တာ"
"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူခဲ့ရုံတင်မကဘူး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်ပြီး ထွက်ပြေးအောင် မောင်းထုတ်နိုင်ခဲ့တာ"
နတ်မိမယ်ယွီက အားမလိုအားမရ သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ ကျွန်မသာ အဲဒီမှာ ရှိနေရင် ကောင်းမှာ"
သူမသည် ဖန့်ချန်၏ ဘေးတွင် အမြဲရှိနေချင်ပြီး သူ မြင်သမျှကို မြင်ကာ သူ တွေးသမျှကို နားလည်ချင်မိသည်။
"ရှောင်ခဲ မင်း အကြီးအကဲစူး နဲ့အတူ ကုန်သွယ်ရေးညီလာခံကို လာခဲ့တာလား"
ဖန့်ချန်က မေးလိုက်သည်။
ကျန်းရှောင်ခဲက ခေါင်းညိတ်သည်။
"ဆရာ့ပြောစကားအရဆိုရင် ကုန်သွယ်ရေးညီလာခံမှာ အဆင့်မြင့် ဝိညာဉ်သားရဲဥတွေကို ဝယ်လို့ရနိုင်တယ်တဲ့"
"ကျွန်တော်တို့ ဝိညာဉ်သားရဲတောင်ကြား ရဲ့ ကျင့်စဉ်က ဝိညာဉ်သားရဲတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတာဆိုတော့ ဆရာက ဒီတစ်ခေါက် ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ဝိညာဉ်သားရဲတစ်ကောင် ရှာပေးချင်နေတာ"
"မဟာချန်းမြို့တော်က အခုတလော သိပ်မငြိမ်သက်ဘူး အကြီးအကဲစူးနဲ့ အတူရှိနေတဲ့အချိန်မှာ သတိထားပါ"
ဖန့်ချန်က ခေါင်းညိတ်ပြီး
"အကူအညီ လိုတာရှိရင် ဖန့်မိသားစုဆီလာပြီး ငါ့ကို ရှာလိုက်ပါ အခုလောလောဆယ် ငါ အဲဒီမှာပဲ နေနေတာ"
ကျန်းရှောင်ခဲ အနည်းငယ် ထိတ်လန့်သွားသည်။
"ဖန့်မိသားစု မဟာချန်းအင်ပါယာရဲ့ အဓိကမိသားစုကြီး သုံးခုထဲက တစ်ခုလား"
ဒီကို မလာခင်မှာပဲ မဟာချန်းရဲ့ မိသားစုကြီး သုံးခုရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားအကြောင်းကို ဆရာ့ဆီက သူ ကြားထားပြီးသား ဖြစ်သည်။
မိသားစုတစ်ခုစီမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ယောက်စီ ရှိနေတာတောင် သူ သိထားသေးသည်။
သူတို့ရဲ့ ကျင့်ကြံမှုကလည်း အလွန်ပင် နက်ရှိုင်းလှသည်။
သူတို့က သာမန် ရွှေအမြုတေအဆင့်တွေ မဟုတ်ကြဘူး။
အရင်က ပင်လယ်နဂါးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး
"ငါ့ရဲ့ ဘိုးဘေးတွေက ဖန့်မိသားစုနဲ့ ဆက်စပ်နေတာလေ ငါ့အဘိုးကလည်း ငါ့ကို ဇာစ်မြစ်ကို ပြန်ပြီး အသိအမှတ်ပြုစေချင်နေတာ"
ဖန့်ချန်က ပြုံးလိုက်သည်။
"ငါက အဘိုးကြီးရဲ့ စကားကို နားထောင်ရမှာ မင်း သိပါတယ်"
"အော် အဲဒီလိုကိုး"
ကျန်းရှောင်ခဲနှင့် နတ်မိမယ်ယွီတို့ ချက်ချင်း နားလည်သွားကြသည်။
သခင်လေးကို ဘာလို့ ဒီမှာ တွေ့ရသလဲဆိုတာ သူတို့ သဘောပေါက်သွားသည်။
ခေတ္တမျှ စကားပြောပြီးနောက် ဖန့်ချန်သည် ကျန်းရှောင်ခဲ၏ သိုလှောင်လက်စွပ်ကို ယူ၍ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ထည့်ပေးလိုက်သည်။
ကျန်းရှောင်ခဲမှာ အလွန်အံ့သြသွားပြီး
"ကျွန်တော် ဒီဝိညာဉ်ကျောက်တုံးတွေကို လက်မခံနိုင်ပါဘူး သခင်လေး"
ဟု ထပ်ခါတလဲလဲ ငြင်းဆန်တော့သည်။
"ယူထားလိုက်ပါ မင်းတို့သခင်လေးက အခု သူဌေးကြီး ဖြစ်နေပြီ ဒီကျောက်တုံးတွေက မင်း ပိုကောင်းတဲ့ ကျင့်ကြံမှုပတ်ဝန်းကျင် ရစေဖို့ ပေးတာပါ"
ရှကျီက ခပ်ဖွဖွ ပြုံးလျက် ဆက်ပြောသည်မှာ
"ဝိညာဉ်သားရဲဥတွေ ဝယ်မလို့ဆို အရည်အသွေးကောင်းတဲ့ ဥတွေက ဈေးမပေါဘူးနော်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်သည်။
"သိမ်းထားလိုက်ပါ တခြားကိစ္စ မရှိရင်တော့ အခုလောလောဆယ် အကြီးအကဲစူးရဲ့ ဘေးကိုပဲ ပြန်သွားပါတော့ မဟာချန်းက အခု အရမ်းရှုပ်ထွေးနေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ကာကွယ်ပါ"
"ကျေးဇူးတင်ပါတယ် သခင်လေး"
ဟု ဆိုကာ ကျန်းရှောင်ခဲက ငြိမ်သက်စွာ ရပ်နေဆဲဖြစ်သည်။
"တခြား ပြောစရာ ရှိသေးလို့လား"
ဖန့်ချန်က မေးလိုက်သည်။
ကျန်းရှောင်ခဲက ရှက်ပြုံးလေးဖြင့်
"ကျွန်တော်တို့ နောက်ထပ် ပြန်တွေ့လို့ ရဦးမလားဟင် သခင်လေး နောက်ရက်အနည်းငယ်အတွင်းမှာလေ"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြသည်။
"နောက်ရက်ပိုင်းအတွင်း ငါတို့ ပြန်ဆုံကြဦးမှာပါ အခုတော့ တခြားအရာတွေကို အရမ်းမတွေးဘဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ"
ထိုသို့ပြောလိုက်ရာ ကျန်းရှောင်ခဲသည် ပျော်ရွှင်စွာဖြင့် လှည့်ထွက်သွားတော့သည်။
"နတ်မိမယ်ယွီ နင်နဲ့ နင့်စီနီယာအစ်မ ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ"
ဖန့်ချန်က မေးလိုက်သည်။
"ခဏတော့ နေဦးမှာပါ သခင်လေး"
ဟု နတ်မိမယ်ယွီက ဆိုသည်။
သူမသည် အတော်လေး ထက်မြက်သူဖြစ်သဖြင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိလိုက်ကာ
"ဖြေရှင်းစရာ ခက်ခဲတဲ့ ကိစ္စတစ်ခုခု ရှိနေလို့လားဟင်"
"ရှိတယ် ဒါပေမဲ့ နင့်ကို လူသိရှင်ကြား ပါဝင်ပတ်သက်စေတာမျိုးတော့ ငါ မလိုလားဘူး"
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"နင် သေချာစဉ်းစားကြည့်ဦး တကယ်လို့ ခက်ခဲမယ်ဆိုရင် ငါ့ဘာသာငါပဲ ဖြေရှင်းလိုက်မယ်"
"သခင်လေး ပြောပြပါရှင်"
နတ်မိမယ်ယွီက ပြုံးလိုက်သည်။
"ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်မ စီနီယာအစ်မ ရှိနေတာပဲ ကျွန်မတို့ မဖြေရှင်းနိုင်တာ မရှိပါဘူး"
"ဝိညာဉ်သွေးဂိုဏ်းက ကုန်သွယ်ရေးညီလာခံအတွင်းမှာ မဟာဝေ အင်ပါယာက တုန်းဖန် မိသားစုရဲ့ သခင်လေးကို လုပ်ကြံဖို့ စီစဉ်နေကြတယ်"
"တုန်းဖန်မိသားစုရဲ့ သခင်လေးသာ မဟာချန်းမှာ သေသွားမယ်ဆိုရင် မဟာချန်းနဲ့ မဟာဝေတို့ကြားမှာ စစ်ပွဲဖြစ်လာမယ်လို့ သူတို့ ယုံကြည်နေကြတာ"
ဖန့်ချန်က အသံတိုးတိုးဖြင့် ရှင်းပြသည်။
"အဲဒီအချိန်ကျရင် စစ်မီးက တိမ်မြုပ်နယ်မြေ တစ်ခုလုံးကို ပြန့်သွားလိမ့်မယ် အဲဒီအခါမှာ စစ်ပွဲကြောင့် သေကျေပျက်စီးသူတွေကို အသုံးချပြီး သူတို့အတွက် သွေးဝိညာဉ်ဆေးလုံး တွေ ဖော်စပ်ဖို့ လွယ်ကူသွားမှာလေ"
"တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နင့်စီနီယာအစ်မကို အဲဒီ တုန်းဖန်မိသားစုက သခင်လေးကို စောင့်ရှောက်ပေးဖို့ နည်းလမ်းတစ်ခုခုနဲ့ စည်းရုံးပေးစေချင်တယ် သူ့ကိုတွေ့ရင် ဘယ်သူမှ လုပ်ကြံလို့မရအောင် ကာကွယ်ပေးထားဖို့ပေါ့"
ခေတ္တမျှ ရပ်နားပြီးနောက် ဖန့်ချန်က ဆက်ပြောသည်မှာ
"ဒါပေမဲ့ အဓိကကတော့ နင်ပါဝင်နေမှန်း သူတို့ မသိစေဖို့ပဲ ဝိညာဉ်သွေးဂိုဏ်းမှာ အလယ်ပိုင်းတိုက်ကြီးက အစွမ်းထက်တဲ့သူတွေလည်း ရှိနေနိုင်တယ်"
နတ်မိမယ်ယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ခပ်ဖွဖွ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ သခင်လေး ဒါကို ကျွန်မကိုပဲ လွှဲထားလိုက်ပါ"
ရုတ်တရက် စွမ်းအားမြင့်ဗလာ ဘုရားကျောင်းအတွင်းမှ အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"ဂျူနီယာညီမ ငါတို့ သွားကြစို့"
ထိုအသံကို ကြားသည်နှင့် နတ်မိမယ်ယွီသည် ဖန့်ချန်အား ကြယ်တာရာ ဆက်သွယ်ရေး အဆောင်ဖြင့် ဆက်သွယ်ရန် အလျင်အမြန် မှာကြားပြီးနောက် သစ်သားအိမ်ထဲမှ သုတ်သုတ်သီးသီး ထွက်ခွာသွားတော့သည်။
"ဖန့်ကြီး တကယ်လို့ နတ်မိမယ်ယွီက သူမရဲ့ စီနီယာအစ်မကို စည်းရုံးနိုင်ခဲ့ရင် ဝိညာဉ်သွေးဂိုဏ်းရဲ့ အစီအစဉ်က လုံးဝ ပျက်စီးသွားမှာပဲ.
"ဒါပေမဲ့ သူမ စီနီယာအစ်မရဲ့ ကျင့်ကြံမှုက ထုံဟု နဲ့ ယှဉ်နိုင်ပါ့မလား"
ဟု ရှကျီက အသံတိုးတိုးဖြင့် မေးလိုက်သည်။
ဖန့်ချန်က ပြုံးလိုက်သည်။
"သူမက ရွှေအမြုတေအဆင့်ရှိတဲ့ ဓားကျင့်ကြံသူလေ ထုံဟု တောင် သူမရဲ့ ဓားတစ်ချက်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
ရှကျီ စိတ်ထဲမှ ထိတ်လန့်သွားသည်။
ရွှေအမြုတေအဆင့်ရှိတဲ့ ဓားကျင့်ကြံသူ
အကယ်၍ နတ်မိမယ်ယွီ၏ စီနီယာအစ်မက ထိုအဆင့်မှာ ရှိနေလျှင် သူတို့၏ ဆရာမှာ မည်မျှအထိ အစွမ်းထက်မည်နည်း။
အနည်းဆုံးတော့ ဝိညာဥ်သန္ဓေသားအဆင့် တော့ ဖြစ်ရလိမ့်မည်
ရှကျီ သက်ပြင်းကို အရှည်ကြီး ချလိုက်မိသည်။
"တောင်ပိုင်းဒေသကနေ မြောက်ပိုင်းအထိ တစ်လမ်းလုံး အနာအဆာတွေနဲ့ ဖုန်တောထဲမှာ အစားတောင်းစားခဲ့ရတဲ့ ကောင်မလေးက တစ်နေ့မှာ ဓားကျင့်ကြံသူ ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"
ခေတ္တမျှ ရပ်နားပြီးနောက် ရှကျီက ဖန့်ချန်ကို ကြည့်လိုက်သည်။
"မင်း မှတ်မိသေးလား ငါတို့ လမ်းပေါ်မှာ ရန်ဖြစ်ခဲ့ကြတဲ့နေ့ကလေ ရန်ဖြစ်ပြီးတော့ ငါ့ဆီမှာ ကျန်တဲ့ နောက်ဆုံးဒင်္ဂါးနှစ်ပြားနဲ့ မင်းကို ပေါက်စီ ဝယ်ကျွေးခဲ့တာလေ"
"အဲဒီတုန်းက မင်းရဲ့ မိသားစုက ငွေကြေးပိုင်းမှာ အရမ်းစည်းကမ်းကြီးတော့ မင်းဆီမှာ မုန့်ဖိုး သိပ်မရှိဘူး"
"ယွီလေးက မင်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မင်းက မင်းရဲ့ ပေါက်စီတွေကို သူမကို ပေးလိုက်တာ မဟုတ်လား"
ဖန့်ချန်က ပြုံးလိုက်သည်။
"မှတ်မိတာပေါ့ အဲဒါ ဘာဖြစ်လို့လဲ"
ရှကျီက ရယ်မောရင်း ပြောသည်။
"အဲဒီဆိုင်က ပေါက်စီတွေက တကယ် အရသာရှိတာ ငါတို့ ဘယ်တော့လောက်မှ အဲဒီအဘိုးကြီးဆီမှာ ပြန်ဝယ်စားရမလဲ မသိဘူးနော်"
ဖန့်ချန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
"ငါတို့ မကြာခင် ပြန်သွားနိုင်မှာပါ တကယ်လို့ မင်း မပြန်နိုင်ရင်တောင် ငါ မင်းအတွက် အဲဒီဆိုင်က ပေါက်စီ နှစ်လုံး ဝယ်လာပေးမယ်"
ရှကျီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကတိပဲနော်"
စွမ်းအားမြင့်ဗလာ ဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက် ဖန့်ချန်သည် သခင်လေးကျား ၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သခင်လေးကျားကို ကြည့်ကာ သက်ပြင်းချရင်း ဆိုသည်။
"အစ်ကိုကြီး အစ်ကိုကြီးက ဒီနှစ်တွေမှာ တော်တော် သက်တောင့်သက်သာ နေခဲ့တာပဲ ကြားရတာတော့ ဒီအတွင်းမြို့ထဲမှာ အခြေချဖို့က နည်းလမ်းမရှိရင် မရဘူးဆိုပဲ ဒီနေရာက ဝိညာဉ်စွမ်းအင်တွေကလည်း ကြွယ်ဝတယ် တကယ်ကို ကောင်းတဲ့နေရာပဲ"
လီတောက်ယဲ့က ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် အရိပ်တစ်ခုကို အလေးအနက် စိုက်ကြည့်နေသည်။