← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

​အခန်း ၄၀၅ - ကြယ်တာရာ ဟောကိန်းကျမ်း

​"လီမျက်လုံးကြီး ငါ ဒီမှာ ကောင်းကောင်းနေနေရတယ်လို့ မင်း ထင်နေတာလား ငါ ဒီနှစ်တွေမှာ ဘယ်လိုရှင်သန်ခဲ့ရတယ်ဆိုတာ မင်း မသိပါဘူး"

"ဒီမှာ နေရတာက တော်တော်လေး ကျပ်တည်းလွန်းလို့ ငါ့ဘေးကလူတွေတောင် အကုန်ထွက်သွားကြပြီအခုတော့ ငါ့ရဲ့ အမျိုးအဝေး တော်တဲ့ သူတစ်ယောက်ပဲ ငါ့ဘေးမှာ အကူအညီအဖြစ် ကျန်တော့တာ"

သခင်လေးကျား က ချက်ချင်းပင် ညည်းတွားတော့ရာ သူ၏ဘေးမှ ဧည့်သည်မှာ ခေါင်းငုံ့ထားလိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

​သခင်လေးကျားက ရုတ်တရက် လီတောက်ယဲ့ကို ကြည့်လိုက်သည်။

"ဟေ့ မင်း ဘာလုပ်နေတာလဲ"

​"တစ်ခုခုတော့ မှားနေပြီ ဒီမှာ တစ်ခုခု မူမမှန်ဘူးလို့ ငါ ခံစားနေရတယ် ဒါပေမဲ့ ဘာလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး"

လီတောက်ယဲ့က မျက်မှောင်ကြုတ်ရင်း သူ၏လက်ချောင်းများဖြင့် တွက်ချက်မှုအချို့ စတင်လုပ်ဆောင်လိုက်သည်။

ထိုအချိန်တွင် သူ၏လက်ချောင်းထိပ်များ၌ ဖတ်မရနိုင်သော စွမ်းအားတစ်ခု စီးဆင်းနေသော်လည်း ဖန့်ချန်မှလွဲ၍ ကျန်လူများမှာ မမြင်နိုင်ကြပေ။

လီတောက်ယဲ့ တွက်ချက်နေစဉ်အတွင်း အဖြူရောင် အငွေ့အသက်များ မခန့်မှန်းနိုင်လောက်အောင် လှုပ်ရှားနေသည်ကို ဖန့်ချန် မြင်တွေ့နေရသည်။

​သခင်‌ေကျားသည် မျက်မှောင်ကြုတ်လျက် အရိပ်ထဲသို့ တစ်ချက်ကြည့်လိုက်သည်။

အရိပ်ထဲရှိ နုန်ကွေ့ချွမ်ယ၏ မျက်နှာမှာ မည်မျှ ပျက်ယွင်းနေသည်ကိုမူ သူ မမြင်နိုင်ပေ။

အရင်တစ်ခေါက် ထိုလူငယ်၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရသည်မှာ ထားပါတော့ အခုတော့ သူ၏ သွေးသောက်ညီအစ်ကို၏ သားဖြစ်သူကတောင် သူ့ကို အာရုံခံမိနေပြီလား။

​ငါ့ရဲ့ ကျင့်စဉ်မှာ တစ်ခုခု မှားယွင်းသွားတာလား နုန်ကွေ့ချွမ်သည် မိမိကိုယ်မိမိ သံသယဝင်လာတော့သည်။

​သခင်လေးကျားက ထိုသက်လတ်ပိုင်း ဝတ်စုံဝတ် အမျိုးသားကို အံ့သြတကြီး ကြည့်လိုက်သည်။

"သူက ဘာတွေ တွက်နေတာလဲ မင်းတို့က ဗေဒင်ဟောတဲ့ မျိုးရိုးက မဟုတ်ဘူးလား အခု ဒါက ဘာတွေလဲ"

​"ငါ့ရဲ့မျိုးရိုးက ဗေဒင်ပညာကို ကျင့်ကြံတာ မှန်ပေမဲ့ ငါ့မျိုးဆက်ကို ရောက်တဲ့အခါ အမွေအနှစ်က ပြတ်တောက်သွားခဲ့ပြီ"

"ဒီကောင်က မကြာခင်ကပဲ ကံကောင်းပြီး တစ်နေရာမှာ အခွင့်အရေးတစ်ခု ရခဲ့လို့ ယီဂိုဏ်း ထဲကို ဝင်ခဲ့တာ"

​သက်လတ်ပိုင်း အမျိုးသားက စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။

"မင်း သိတဲ့အတိုင်း ငါတို့ရဲ့ ဗေဒင်ပညာက ယီဂိုဏ်းနဲ့ ဆန့်ကျင်ဘက်ပဲလေ ဒီလမ်းစဉ်နှစ်ခုက အတူတူ ကျင့်လို့မရဘူး"

"မဟုတ်ရင် ငါတို့ အသက်ဘယ်လောက်ရှည်ရှည် အဲဒီက ထွက်လာတဲ့ စွမ်းအင်စားသုံးမှုကို မကာမိနိုင်ဘူး အခုတော့ ငါက အသစ်ကနေ ပြန်စပြီး ငါ့ရဲ့ ဗေဒင်ပညာကို တခြားဆက်ခံသူ တစ်ယောက်ကို ပေးဖို့ စီစဉ်နေရတာ"

​"ဆရာကြီ ဆက်ခံသူအသစ်တစ်ယောက် မွေးထုတ်ဖို့က အချိန်ယူရပါလိမ့်မယ် ကျွန်တော်ကတော့ ရှစ်ထောင့်ဗေဒင်ဂိုဏ်း ရဲ့ လူငယ်မျိုးဆက်ထဲကပဲ ရွေးသင့်တယ်လို့ အကြံပြုချင်ပါတယ်"ာ

ဟု နောက်ထပ် အမျိုးသားတစ်ဦးက ဝင်ပြောသည်။

​ဖန့်ချန်သည် ထိုလူကို မှတ်မိသည်။

သူ၏အမည်မှာ မင်ကျင်း ဖြစ်ပြီး ရှစ်ထောင့်ဗေဒင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်သည်။

သူသည် အရင်က လီတောက်ယဲ့ကို ရှာရန် မဟာရှသို့ ရောက်လာခဲ့ဖူးသော်လည်း လီတောက်ယဲ့မှာ ဝိညာဉ်သွေးဂိုဏ်း၏ ကိစ္စများတွင် ပါဝင်ပတ်သက်နေမှန်း သိလိုက်ရသောအခါ အမြီးကုပ်၍ ထွက်ပြေးသွားခဲ့ပြီး ထိုစဉ်ကတည်းက မဟာရှသို့ ပြန်မလာတော့ပေ။

​သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားသည်။

"လူငယ်မျိုးဆက် ဟုတ်လား အဲဒီထဲမှာ အငယ်ဆုံးကတောင် အသက် ၅၈ နှစ် ရှိနေပြီ"

"ငါက ဘယ်သူ့ကို ရွေးရမှာလဲ သူတို့မှာ ပါရမီရှိရင်တောင် အဲဒီအသုံးမကျတဲ့ အုပ်စုပေါ်မှာ ငါက ဘာလို့ မျှော်လင့်ချက် ထားရမှာလဲ"

​သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများမှ ထူးခြားသော အလင်းတန်းတစ်ခု မှိန်ပျပျ ထွက်ပေါ်လာသည်။

ဗေဒင်မျိုးရိုးမှာ ထူးခြားသော အမြင်အာရုံ ရှိကြသည်။ ထို့ကြောင့်လည်း သခင်လေးကျားက သူ့ကို

"လီမျက်လုံးကြီး"

ဟု ခေါ်ခြင်း ဖြစ်ပေလိမ့်မည်။

​"အချင်းချင်း ငြင်းမနေကြနဲ့ဦး အာ ခဏလေး ကျုပ် ရှာတွေ့ပြီ"

လီတောက်ယဲ့က တုန်ရီနေသော အသံဖြင့် အရိပ်ထောင့်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီမှာ တစ်ယောက်ယောက် ရှိနေတယ်"

​လီမျက်လုံးကြီး အံ့သြသွားသည်။

"တစ်ယောက်ယောက် ရှိနေတယ် ဟုတ်လား ဒါ စတုတ္ထမြောက်ညီလား အစ်ကိုကြီး"

​သခင်လေးကျားမှာ ကြောင်အသွားပြီး လီတောက်ယဲ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

"မင်းသားက ဘယ်လို ထူးဆန်းတဲ့ပညာကို ဆက်ခံထားတာလဲ စတုတ္ထညီ ရှိနေတာကိုတောင် ဘယ်လိုလုပ် သိတာလဲ"

​နုန်ကွေ့ချွမ်၏ မျက်နှာမှာ ညိုမှောင်သွားပြီး အရိပ်ထဲမှ ထွက်လာကာ လီမျက်လုံးကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"ဒုတိယအစ်ကို"

​ဖန့်ချန်၏ မျက်နှာထားမှာ တစ်မျိုး ဖြစ်သွားသည်။

ကြည့်ရသည်မှာ သူတို့အားလုံးက ကောင်းကင်ကံကြမ္မာဆောင် က ဖြစ်ပုံရသည်။

​ရှစ်ထောင့်ဗေဒင်ဂိုဏ်းမှာ ထိုကဲ့သို့သော နောက်ခံမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သူတို့သည် ကောင်းကင်ပျက်ကံကြမ္မာဆောင်မှ ဆိုလျှင် အဘယ်ကြောင့် အဆင့် ၆ အင်ပါယာလေးတွင်သာ နေထိုင်နေကြသနည်း။

သခင်လေး​ကျားမှာမူ မဟာချန်းအင်ပါယာ မြို့တော်ထဲတွင်ပင် ဇိမ်နှင့် အခြေချနေထိုင်နိုင်ခဲ့သည်။

​လီတောက်ယဲ့က ဂုဏ်ယူစွာဖြင့် ကြွားလုံးထုတ်တော့သည်။

"အဖေ တွေ့လား အဲဒီမှာ တကယ် လူရှိနေတာပဲ ကျွန်တော့်ရဲ့ ကြယ်တာရာ ဟောကိန်းကျမ်း ပညာက ရှစ်ထောင့်ဗေဒင်ဂိုဏ်းရဲ့ ဗေဒင်ပညာထက် ပိုသာတယ် မဟုတ်လား"

​လီမျက်လုံးကြီး၏ မျက်နှာမှာ မသာမယာ ဖြစ်သွားသော်လည်း ကြယ်တာရာ ဟောကိန်းကျမ်းမှာ သူတို့၏ ဗေဒင်ပညာထက် အနည်းငယ် ပိုစွမ်းသည်ကို ဝန်ခံရပေလိမ့်မည် အနည်းငယ်မျှသာ ဖြစ်သော်လည်းပေါ့

​"ဒုတိယအစ်ကို မင်း ဘာလို့ မင်းရဲ့မိသားစုကို မဟာချန်းဆီ ခေါ်လာတာလဲ လာမယ့် ကုန်သွယ်ရေးညီလာခံကို ပါဝင်ဖို့ စီစဉ်နေတာလား"

ဟု နုန်ကွေ့ချွမ်က အေးစက်စွာ မေးလိုက်သည်။

​"တကယ်လို့ မင်းတို့ ငွေလိုနေတာဆိုရင်တော့ ငါ့ကို လာမတောင်းနဲ့ ငါလည်း အခုတလော တော်တော်လေး ကျပ်တည်းနေတာ"

ဟု သခင်လေးကျားက ဝင်ပြောသည်။

​"အစ်ကိုကြီး ဘာလို့ ငါပိုက်ဆံလာချေးမှာ အဲဒီလောက် ကြောက်နေရတာလဲ"

လီမျက်လုံးကြီးက စတင်ပြောဆိုသည်။

"အမှန်အတိုင်း ပြောရရင် ငါ ဒီကို လာခဲ့တာက ဒီနေရာရဲ့ အငွေ့အသက်တွေက ထူးဆန်းနေတယ်လို့ ခံစားမိလို့ပဲ မကြာသေးခင်ကပဲ ငါ ကောင်းကင်ယံ နိမိတ်တွေကို ကြည့်ခဲ့ရာမှာ"

​"အဖေကလည်း အဖေက ညလယ်ခေါင်ကြီး အပေါ့သွားချင်လို့ အပြင်ထွက်တာ မဟုတ်လား"

​"ပါးစပ်ပိတ်ထားစမ်း အပေါ့သွားရင်းနဲ့ ကောင်းကင်နိမိတ်တွေကို တစ်ချက်လောက် ကြည့်လို့မရဘူးလား"

လီမျက်လုံးကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောသည်။

"ဒီဘက်အရပ်က ကောင်းကင်နိမိတ်တွေက မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေတာကို ငါ မြင်ခဲ့တယ်"

" အဲဒါက ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှိနိုင်တယ်ဆိုတာကို ပြနေတာပဲ အဲဒါကြောင့် ငါ ဒီဘက်ကိုလာပြီး ကံစမ်းကြည့်မလို့ပေါ့"

​"မင်း သိတဲ့အတိုင်းပဲ ငါ့ရဲ့ ကံမကောင်းတဲ့ ဆရာက အရင်တုန်းက ရူးသွပ်နေတဲ့ မိန်းမတစ်ယောက်ကို သွားစော်ကားမိလို့ မီးတောက်အင်ပါယာထဲမှာ ပုန်းအောင်းနေခဲ့ရတာ"

" ဒီနှစ်တွေမှာ ငါတို့ ရှစ်ထောင့်ဗေဒင်ဂိုဏ်းရဲ့ ကံကြမ္မာက ကျဆင်းနေခဲ့တယ် တကယ်လို့ ငါတို့သာ ကြီးမားတဲ့ အခွင့်အရေးတစ်ခုနဲ့ အမြန်မတွေ့ရင် ငါတို့ရဲ့ မျိုးရိုးက ပြတ်တောက်သွားလိမ့်မယ်"

​စကားပြောနေစဉ် လီမျက်လုံးကြီးက လီတောက်ယဲ့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ချက်ချင်း ဖြတ်ပြေးသွားသည်။

​လီတောက်ယဲ့ ခေတ္တမျှ ကြောင်အသွားပြီးနောက် လီမျက်လုံးကြီးကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"အဖေ အဖေ ခုနက ကျွန်တော့်ကို သတ်ပစ်ဖို့ စဉ်းစားလိုက်တာလား"

​လီမျက်လုံးကြီးက သူ့ကို လျစ်လျူရှုကာ သခင်လေးကျား ဘက်သို့ လှည့်လိုက်သည်။

"အစ်ကိုကြီးက သတင်းအချက်အလက် ပိုသိနိုင်တယ်လေ ဒီက ကောင်းကင်နိမိတ်တွေ ဘာလို့ အဲဒီလောက် မှန်းရခက်နေတာလဲဆိုတာ မင်း သိလား"

​"မှန်းရခက်တာ ဒါက ကုန်သွယ်ရေးညီလာခံကြောင့် မဟုတ်ဘူးလား "

"အခုတလော မဟာချန်းမြို့တော်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ရာကျော်လောက် ရောက်နေတာဆိုတော့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်နေတယ်လေ အဲဒါကြောင့်လည်း ဖြစ်နိုင်တာပဲ"

ဟု သခင်လေးကျားက သုံးသပ်ပြသည်။

​လီမျက်လုံးကြီး ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

"ငါ့ရဲ့ ဗေဒင်ပညာက ဘယ်တော့မှ မမှားဘူး ဒီကုန်သွယ်ရေးညီလာခံမှာပဲ ငါတို့ ရှစ်ထောင့်ဗေဒင်ဂိုဏ်းအတွက် အခွင့်အရေးတစ်ခု ရှာတွေ့နိုင်လိမ့်မယ်"

​ဖန့်ချန်မှာ ခဏမျှ စကားစမရှိ ဖြစ်သွားသည်။

ရှစ်ထောင့်ဗေဒင်ဂိုဏ်းချုပ် မြင်နေရသည့်အရာမှာ ဝိညာဉ်သွေးဂိုဏ်းနှင့် ပတ်သက်နေနိုင်ခြေ များလှသည်။

အခွင့်အရေးထက် နိမိတ်ဆိုး ဖြစ်ဖို့က ပိုများနေပေလိမ့်မည်

​ဖန့်ချန်သည် လီတောက်ယဲ့ကို ကြည့်လိုက်သည်။

ထိုကောင်လေးမှာ ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ၏ ကြယ်တာရာ ဟောကိန်းကျမ်းမှာ အမှန်ပင် အံ့မခန်းလှသည်။

​အကယ်၍ ဖန့်ချန်တွင် သူ၏ စိတ်အာရုံကို လွှတ်ထုတ်နိုင်သည့် စွမ်းရည်မရှိလျှင် အရိပ်ထဲရှိ နုန်ကွေ့ချွမ်ကို မြင်နိုင်မည်မဟုတ်ပေ။

သို့သော် လီတောက်ယဲ့မှာမူ ၎င်းကို တွက်ချက်နိုင်ခဲ့သည်။

​၎င်းမှာ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြစ်သော ချီသန့်စင်ခြင်းအဆင့် ၉ ဖြင့်သာ ဖြစ်သည်။

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး"

​လီတောက်ယဲ့သည် သူ၏ ကိုယ်ပိုင်အခွင့်အလမ်းနှင့် တကယ် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

မဟာရှတွင် ရှိစဉ်က သူ၏ ကျင့်ကြံမှုနှင့် ယှဉ်လျှင် အခုမူ သူ၏ စွမ်းအားမှာ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်သည်။

​လီတောက်ယဲ့က ရုတ်တရက် လှည့်ကြည့်ကာ ဖန့်ချန် ရှိနေသည့်ဘက်သို့ ကြည့်လိုက်သည်။

"နေပါဦး ဒီမှာ နောက်ထပ် လူတစ်ယောက် ရှိနေသလိုပဲ"

​အားလုံး အံ့သြသွားကြသည်။

​လီမျက်လုံးကြီးက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းရဲ့ စတုတ္ထဦးလေးကလွဲလို့ တခြား ဘယ်သူက အဲဒီလို စွမ်းရည်ရှိမှာလဲ အရမ်းလည်း စိတ်လှုပ်ရှားမနေစမ်းနဲ့"

​"အဖေ ကျွန်တော် ကြယ်တာရာ ဟောကိန်းကျမ်းကို တတ်မြောက်သွားပြီ အခုလောလောဆယ် ကျွန်တော်က ကောင်းကင်ဘုံတရားလမ်းစဉ် နဲ့ ပေါင်းစည်းထားတာ အရာအားလုံးက ကျွန်တော့်ရဲ့ တွက်ချက်မှုအောက်မှာပဲ ရှိတယ်"

လီတောက်ယဲ့၏ အသံမှာ လေးနက်နေသည်။

"အဖေ ကျွန်တော့်ရဲ့ အရည်အချင်းကို ငြင်းလို့မရတော့ဘူး"

​လီမျက်လုံးကြီး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ထပ်မံ ဖြတ်ပြေးသွားပြန်သည်။

သူက သူ့ကို ဆူပူရန် ပြင်လိုက်စဉ်မှာပင် သခင်လေးကျားနှင့် နုန်ကွေ့ချွမ်တို့၏ မျက်နှာထားမှာ အလွန်ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။

​"သခင်လေးဖန့် သခင်လေး ဒီမှာ ရှိနေတာလား"

ဟု သခင်လေးကျားက စမ်းတဝါဝါဖြင့် မေးလိုက်သည်။

​လီမျက်လုံးကြီးနှင့် မင်ကျင်းတို့မှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

​"တကယ်ပဲ နောက်ထပ် လူတစ်ယောက် ရှိနေတာလား"

​မကြာမီမှာပင် အရိပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

​နုန်ကွေ့ချွမ်မှာ အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင် စိတ်သက်သာရာ ရသွားဟန် ပေါ်လာသည်။

သူ မမှားခဲ့ပေ။ လီတောက်ယဲ့၏ ပညာမှာ အလွန်အစွမ်းထက်နေခြင်းကြောင့်သာ ဖြစ်သည်။

​လီမျက်လုံးကြီး အံ့သြသွားသည်။

"ဒါ... စတုတ္ထညီရဲ့..."

​"ကျွန်တော် ပြောသားပဲ"

လီတောက်ယဲ့၏ မျက်နှာတွင် ဂုဏ်ယူရိပ်များ ပေါ်လာသည်

သို့သော် ဖန့်ချန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ ကိုယ်ပေါ်မှ အမွှေးအမျှင်များ ထောင်ထလာပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။

"ဖန့်ချန်"

​ဖန့်ချန်....

​ဒါက ဘာတွေလဲ

​သခင်လေးကျားနှင့် နုန်ကွေ့ချွမ်တို့မှာ လီတောက်ယဲ့က ဖန့်ချန်ကို ခေါ်ဆိုလိုက်ပုံကြောင့် မှင်တက်သွားကြသည်။

​ဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား

All Chapters