အခန်း (၄၀၇-၄၀၈)
Vol. 41 Ch. 407-408
အခန်း ၄၀၆ - ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုလည်း သတ်နိုင်သည်ပင်
လီတောက်ယဲ့က
"ဖန့်ချန်"
ဟု အော်ခေါ်လိုက်ပြီးနောက် လီမျက်လုံးကြီး၏ အမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားတော့သည်။
သူ၏ဘေးမှ ရှစ်ထောင့်ဗေဒင်ဂိုဏ်း အကြီးအကဲ မင်ကျင်းမှာမူ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ထဲအေးသွားကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
သူသည် ထိုနေရာမှ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သော်လည်း လီမျက်လုံးကြီးက သူ့ကို လှမ်းဖမ်းထားလိုက်သည်။
"ဂိုဏ်းချုပ် ဒီနေရာက အန္တရာယ်များတယ်"
ဟု မင်ကျင်းက ရုန်းကန်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"အခြေအနေကို အရင်ကြည့်ဦး စိတ်မလောနဲ့ဦး"
ဟု လီမျက်လုံးကြီးက ဝိညာဉ်စွမ်းအင်ဖြင့် လှမ်းပြောကာ တားဆီးထားလိုက်သည်။
မင်ကျင်းမှာလည်း ရွေးချယ်စရာမရှိသဖြင့် မတတ်သာဘဲ ဆက်စောင့်ကြည့်ရန် သဘောတူလိုက်ရသည်။
ဖန့်ချန်က ပြုံးလိုက်ပြီး
"လီတောက်ယဲ့ မတွေ့တာ ကြာပြီနော်"
လီတောက်ယဲ့က ဇဝေဇဝါဖြင့်
"ဖန့်ချန် မင်း ဘာလို့ ဒီကို ရောက်နေတာလဲ ပြီးတော့ ခုနက မင်းသုံးလိုက်တဲ့ ကျင့်စဉ်က စတုတ္ထဦးလေးရဲ့ ရိပ်ခြေဗုဒ္ဓကျင့်စဉ် နဲ့ ဆင်နေသလိုပဲ"
အရိပ်ထဲမှ နုန်ကွေ့ချွမ်က ပြုံးလျက် ဝင်ပြောလိုက်သည်။
"မင်းရဲ့ အစ်ကိုကြီးက ဒီကျင့်စဉ်ကို ဒီသခင်လေးဆီ ရောင်းလိုက်တာလေ"
"အော်... ဒါကြောင့်ကိုး"
အားလုံးမှာ ရုတ်တရက် နားလည်သွားကြသည်။
သို့သော် လီမျက်လုံးကြီး၏ မျက်နှာမှာမူ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
ထိုကျင့်စဉ်မှာ သာမန်လူ ကျင့်ကြံနိုင်သည့်အရာ မဟုတ်ပေ။
နှစ်ပေါင်းများစွာအတွင်း နုန်ကွေ့ချွမ် တစ်ယောက်သာ ထိုကျင့်စဉ်၏ အနှစ်သာရကို နားလည်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ ထူးခြားသော နောက်ခံရှိပုံရသည့်
ထို ဖန့်ချန် ကလည်း ထိုကျင့်စဉ်ကို တတ်မြောက်နေပြီ မဟုတ်ပါလား။
ဖန့်ချန်က ပြုံးလျက်
"ငါ ဘာလို့ ဒီမှာ ရှိနေလဲဆိုတာကတော့ ပြောရရင် အရှည်ကြီးပဲ မင်းတို့က သခင်လေးကျား နဲ့ သိနေကြတာကို ငါ ပိုပြီး အံ့သြမိတယ်"
ထိုအခါ သခင်လေးကျားက နှစ်ဖက်စလုံးကို ရင်းရင်းနှီးနှီး မိတ်ဆက်ပေးတော့သည်။
ဖန့်ချန် ထင်ထားသည့်အတိုင်းပင် လီမျက်လုံးကြီးမှာ ငယ်စဉ်က ကောင်းကင်ကံကြမ္မာဆောင် ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးပြီး သခင်လေးကျား နုန်ကွေ့ချွမ် တို့နှင့် သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။
သခင်လေးကျားက အကြီးဆုံး လီမျက်လုံးကြီးက ဒုတိယ နုန်ကွေ့ချွမ်က စတုတ္ထ ဖြစ်သည်။
"သူက မဟာချန်းအင်ပါယာရဲ့ ဖန့်မိသားစုက ဖြစ်နေတာကိုး ဒါကြောင့်ကိုး ဒါကြောင့်ကိုး"
လီမျက်လုံးကြီးက တစ်ယောက်တည်း တွေးတောရင်း ရေရွတ်နေမိသည်။
သူသည် ဖန့်ချန်နှင့် သူ၏နောက်ခံအကြောင်းကို သားဖြစ်သူထံမှ ကြားဖူးခဲ့သည်။
မဟာရှတွင် ဝိညာဉ်ခြင်ဆီ ပေါ်လာစဉ်က ပါဝင်ပတ်သက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်မှာ ဖန့်မိသားစုမှ ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။
"ဒုတိယညီလေး မင်း သားက ဒီလူကို သိတာလားသူ့နောက်ခံက မရိုးရှင်းဘူးနော် သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ ဝိညာဉ်သန္ဓေသားအဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေပုံရတယ်"
ဟု သခင်လေးကျားက လီမျက်လုံးကြီး၏ နားထဲသို့ ဝိညာဉ်စွမ်းအင်ဖြင့် လှမ်းပြောလိုက်သည်။
လီမျက်လုံးကြီး ထိတ်လန့်သွားသည်။
သခင်လေးကျားက သူ့ကို ဒုတိယညီလေး ဟု ခေါ်ကာ အလေးအနက် ပြောနေသဖြင့် ထိုစကားကို သူ ချက်ချင်း ယုံကြည်လိုက်သည်။
"ရွှေအမြုတေအဆင့် တောင်မဟုတ်ဘဲ ဝိညာဉ်သန္ဓေသားအဆင့် ဟုတ်လား ဒါဆိုရင် သူ့နောက်ခံက ငါထင်ထားတာထက်တောင် ပိုကြီးမားနေတာပေါ့"
ဟု လီမျက်လုံးကြီး စိတ်ထဲမှ အံ့သြနေမိသည်။
"သခင်လေးဖန့် ဘခင်ဗျားရဲ့ နောက်ခံက ဒီလောက်အထိ ကြီးကျယ်ခမ်းနားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး မဟာချန်းရဲ့ အမာခံမိသားစုကြီး သုံးခုထဲက ဖန့်မိသားစုဝင် ဖြစ်နေတာကိုး အံ့သြဖို့ ကောင်းလိုက်တာ"
ဟု လီတောက်ယဲ့က စိတ်လှုပ်ရှားစွာ ပြောပြီးနောက်
"ဒီမှာ ဆုံရတာ ကံတရားပဲ ကျွန်တော်တို့ အတူတူ ထမင်းစားကြမလား"
ဟု ဖိတ်ခေါ်လိုက်သည်။
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့"
သူသည် မူလက နုန်ကွေ့ချွမ်နှင့် ခဏတာ တွေ့ဆုံပြီး ကုန်သွယ်ရေးညီလာခံအတွက် အလုပ်အချို့ ခိုင်းစေရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ယခုအခါ လီတောက်ယဲ့၏ စွမ်းရည်ကို တွေ့လိုက်ရသဖြင့် သူ စိတ်ပြောင်းသွားခဲ့သည်။
သူတို့နှစ်ဦး အတူထွက်သွားချိန်တွင် မင်ကျင်းမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ လီမျက်လုံးကြီးကို ပြောလိုက်သည်။
"ဂိုဏ်းချုပ် ဒီလူက ဝိညာဉ်သွေးဂိုဏ်း နဲ့ ရန်ငြိုးရှိခဲ့တဲ့သူလေ သခင်လေးက ဝိညာဉ်သွေးဂိုဏ်းနဲ့ ပတ်သက်မှုကို ခက်ခက်ခဲခဲ ရှင်းထားရတာကို အခု သူနဲ့ ပြန်ပေါင်းရင် ရှစ်ထောင့်ဗေဒင်ဂိုဏ်း ကို ဒုက္ခပေးလာနိုင်တယ်"
"ဒါက လွန်ခဲ့တဲ့ ကိစ္စတွေပဲလေ ဒီလောက်ကျယ်ပြောတဲ့ ကမ္ဘာကြီးမှာ မဟာချန်း မြို့တော်ထဲမှာ ဝိညာဉ်သွေးဂိုဏ်းကို ဘာကြောက်စရာ ရှိလဲ"
လီမျက်လုံးကြီးက ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။
"ဒီလောက် အင်အားကြီးတဲ့ နောက်ခံရှိတဲ့သူနဲ့ ငါ့သားက မိတ်ဆွေဖြစ်တာ ကောင်းတဲ့အရာပဲ"
"ဒါတင်မကသေးဘူး ဒီတစ်ခေါက် မဟာချန်းရဲ့ ကံကြမ္မာက ဒီလူ့အပေါ်မှာပဲ မူတည်နေနိုင်တယ်"
ဟု လီမျက်လုံးကြီးက သုံးသပ်ပြလိုက်သည်။
"ဝိညာဉ်သွေးဂိုဏ်း ဟုတ်လား"
သခင်လေးကျားက အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူနှင့် နုန်ကွေ့ချွမ်တို့ အချင်းချင်း ကြည့်လိုက်ကြရာ နှစ်ဦးလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ တွေ့နေရသည်။
"ဘာတွေဖြစ်နေတာလဲ သူက ဝိညာဉ်သွေးဂိုဏ်းနဲ့ ဘယ်လို ပတ်သက်နေတာလဲ"
ဟု သခင်လေးကျားက အလျင်အမြန် မေးတော့သည်။
သူသည် ဖန့်ချန်နှင့် အရောင်းအဝယ် အကြိမ်ကြိမ် လုပ်ခဲ့ဖူးရာ တကယ်လို့ ဖန့်ချန်မှာ ဝိညာဉ်သွေးဂိုဏ်းနှင့် ရန်ငြိုးရှိနေပြီး သူတို့က လာရောက်ကလဲ့စားချေလျှင် သူလည်း လွတ်မည်မဟုတ်ပေ။
"တကယ်တော့ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး အသေးအမွှားလေးတွေပါ"
လီမျက်လုံးကြီးက လက်ကာပြလိုက်သည်။
"တကယ်တော့ ဝိညာဉ်သွေးဂိုဏ်းက လက်တုံ့ပြန်တာမျိုးလည်း ငါမကြားမိပါဘူး အစ်ကိုကြီး စိတ်မပူပါနဲ့"
"ဝိညာဉ်သွေးဂိုဏ်း ဆိုတာ ဘာလဲ သူတို့က မှောင်ခိုနေတဲ့ ကပ်ပါးကောင်တွေ သွေးစုပ်ဖုတ်ကောင်တွေပဲလေ သူတို့က လူပုံအလယ်မှာ ပေါ်ပေါ်ထင်ထင် ထွက်ရဲလို့လား"
"အင်း ဒါလည်း ဟုတ်တာပဲ"
သခင်လေးကျားနှင့် နုန်ကွေ့ချွမ်တို့မှာ တွေးတောရင်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ကျင့်ကြံခြင်းလောကတွင် ကြာမြင့်စွာ နေထိုင်ခဲ့သူများဖြစ်၍ ဝိညာဉ်သွေးဂိုဏ်းအကြောင်း ကြားဖူးကြသည်။
သို့သော် ဝိညာဉ်သွေးဂိုဏ်းကို နှိမ်နင်းနေသည့် အင်အားစုများစွာ ရှိနေသည်ကိုလည်း သူတို့သိသည်။
တကယ့် အင်အားကြီး ပုဂ္ဂိုလ်များသာ သိသွားလျှင် ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူများကို ချက်ချင်း သုတ်သင်ပစ်ကြမည် ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်သွေးဂိုဏ်းသည် အမှောင်ထဲတွင်သာ ပုန်းအောင်းနေရပြီး အပြင်သို့ ထွက်မလာရဲကြပေ။
ဖန့်ချန်နှင့် လီတောက်ယဲ့တို့သည် မြို့တံခါးအနီးရှိ တိတ်ဆိတ်သော လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်လိုက်ကြသည်။
ကုန်သွယ်ရေးညီလာခံ နီးလာပြီဖြစ်၍ မြို့ထဲတွင် လူများဖြင့် ပြည့်နှက်နေသည်။
သီးသန့်ခန်းအတွင်း၌ အခြေချပြီးနောက် လီတောက်ယဲ့က ဝိညာဉ်စွမ်းအင် အကာအကွယ်တစ်ခု ချက်ချင်း ပြုလုပ်လိုက်သည်။
ထို့နောက် သူက တည်ကြည်သော မျက်နှာထားဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။
"ဖန့်ချန် မင်း ဒီကို ရောက်နေတာက ဝိညာဉ်သွေးဂိုဏ်း ကြောင့်လား"
ဟု လီတောက်ယဲ့က မေးလိုက်သည်။
ဖန့်ချန်က ပြုံးပြီး
"မင်း ဘာလို့ အဲဒီလို ထင်ရတာလဲ"
လီတောက်ယဲ့က
"ဝိညာဉ်သွေးဂိုဏ်း အတွက် မဟုတ်ရင် မင်း မဟာချန်းမှာ ဒီလောက်ကြာကြာ ဘာလို့ နေမှာလဲ ငါ မဟာရှကို တစ်ခေါက် ပြန်သွားတုန်းက မင်း ကို ရှာခဲ့သေးတယ် ဒါပေမဲ့ မတွေ့ခဲ့ဘူး"
"အဲဒီအချိန်မှာပဲ မင်း တစ်ခုခုကြောင့် အလုပ်များနေတယ်ဆိုတာ ငါ ရိပ်မိလိုက်တယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
"မင်းပြောတာ မှန်ပါတယ် မဟာချန်းမှာ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေရဲ့ အငွေ့အသက်ကို ငါ တွေ့ထားတယ်"
လီတောက်ယဲ့က ခဏမျှ စဉ်းစားပြီးနောက်
"ဖန့်ချန် မဟာချန်းမှာ ရှိနေတဲ့ ဝိညာဉ်သွေးဂိုဏ်းဝင်တွေက အရမ်း အစွမ်းထက်နိုင်တယ်နော် ဖြစ်နိုင်ရင် ရွှေအမြုတေအဆင့် ဘိုးဘေးတွေတောင် ပါနိုင်တယ်"
သူက ဖန့်ချန်ကို ကြည့်ကာ ဆက်ပြောသည်။
"ငါတို့မှာ အဲဒီလို ပုဂ္ဂိုလ်တွေကို တားဆီးနိုင်တဲ့ အင်အား မရှိဘူး ဖန့်ချန် မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"ရွှေအမြုတေအဆင့် ဘိုးဘေးတွေ ဆိုတာကလည်း မင်းထင်သလို အနိုင်မတိုက်နိုင်တဲ့သူတွေ မဟုတ်ပါဘူး"
ဟု ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။
"အခု ငါတို့ စဉ်းစားရမှာက သူတို့ရဲ့ ကျင့်ကြံမှု မဟုတ်ဘူး အပြင်မှာ ဝိညာဉ်သွေးဂိုဏ်းဝင် ဘယ်နှစ်ယောက်လောက် ပုန်းနေသေးလဲ ဆိုတာပဲ"
"ငါကတော့ အနည်းငယ်ပဲ ရှာတွေ့သေးတယ် ကျန်တဲ့သူတွေကတော့ အပြင်ကို ထွက်မလာသေးဘူး"
"ရွှေအမြုတေအဆင့် ဘိုးဘေးတွေက အနိုင်မတိုက်နိုင်တဲ့သူတွေ မဟုတ်ဘူး ဟုတ်လား"
လီတောက်ယဲ့က ဖန့်ချန်၏ စကားကို ပြန်ကြားယောင်ရင်း တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
သူ၏ လက်ချောင်းများက စားပွဲအောက်တွင် တစ်ခုခုကို တွက်ချက်ရန် ကြိုးစားနေသည်။
ခဏအကြာတွင် သူသည် တုန်ရီသွားပြီး ဖန့်ချန်ကို ငေးကြည့်နေမိတော့သည်။
သူ၏ ကြယ်တာရာ ဟောကိန်းကျမ်း အရ သူ၏ရှေ့မှ လူသားမှာ အလွန်ပင် အန္တရာယ်များလှသည်ဟု ဖော်ပြနေသည်။
"မင်းရဲ့ ယီဂိုဏ်းကျင့်စဉ် က ဝိညာဉ်သွေးဂိုဏ်းဝင်တွေက ဘယ်သူတွေလဲဆိုတာ ခွဲခြားနိုင်လား"
ဟု ဖန့်ချန်က မေးလိုက်သည်။
"ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ သိဖို့ကတော့ ငါ့ ကျင့်ကြံမှုက အဲဒီလောက်ထိ မမြင့်သေးဘူးတကယ်လို့ အတင်းအကျပ် တွက်ချက်မယ်ဆိုရင် ငါ့ရဲ့ သက်တမ်းကို ထိခိုက်နိုင်တယ်"
ဟု လီတောက်ယဲ့က ခါးခါးသီးသီး ပြုံးလျက် ပြန်ဖြေသည်။
"ဒါပေမဲ့ သူတို့ရဲ့ အရေအတွက်ကိုတော့ ခန့်မှန်းပေးလို့ ရပါတယ် အဲဒါက မင်း အတွက် အကူအညီ ဖြစ်မလား"
ဖန့်ချန်က ခေါင်းညိတ်ပြသည်။
"ဖြစ်တာပေါ့"
"ခဏလောက် စောင့်ပေးအုံး "
လီတောက်ယဲ့သည် ရုတ်တရက် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်ကာ လက်ချောင်းထိပ်များမှ ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်လာစေသည်။
ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်ဖြင့် ကြည့်လိုက်သောအခါ လီတောက်ယဲ့၏ လက်ချောင်းထိပ်များတွင် အဖြူရောင် အငွေ့အသက် နှစ်ခု စီးဆင်းနေသည်ကို မြင်လိုက်ရသည်။
ထိုအငွေ့အသက်များမှာ တဖြည်းဖြည်း ထူထပ်လာပြီး နောက်ဆုံးတွင် လီတောက်ယဲ့၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အဖြူရောင် နဂါးနှစ်ကောင်အသွင် ဖြစ်ပေါ်လာသည်။
လီတောက်ယဲ့၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူလျော့လာပြီး သူ၏ နားထင်မှ ဆံပင်အနက်ရောင်များမှာလည်း မြင်သာထင်သာသော အရှိန်ဖြင့် ဖြူဖွေးသွားတော့သည်။
ဖန့်ချန်၏ အကြည့်မှာ တည်ကြည်သွားသည်။
"ဒီကျင့်စဉ်ကို သုံးဖို့က မလွယ်ဘူးပဲ သူ တော်တော်လေးကို ကြီးမားတဲ့ ပေးဆပ်မှု လုပ်နေရတာပဲ
အခန်း ၄၀၇ - အားလုံး စုံညီသွားကြပြီ
ရုတ်တရက် လီတောက်ယဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်နဂါးများ မှာ ပို၍ သောင်းကျန်းလာပြီး သူ၏ မျက်စိ၊ နား၊ နှာ၊ ပါး စသည့် ခုနစ်ပေါက်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်သွားကြသည်။
"ဖူး"
ခနဲ အသံနှင့်အတူ သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး အဖြူရောင် အငွေ့အသက်များမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
လီတောက်ယဲ့သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ အလွန်ပင် မောပန်းနွမ်းနယ်နေပုံရသည်။ သူက တိုးတိုးလေး ပြောလိုက်သည်
"မဟာချန်း မြို့တော်ထဲမှာ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူ တစ်ရာလောက် ရှိနေနိုင်တယ် ဖန့်ချန် ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးနော် မင်းသာ သတိမထားရင် တစ်စစီ ပျက်စီးသွားနိုင်တယ်"
"တစ်ရာတောင်လား"
ဖန့်ချန်၏ အကြည့်မှာ အလွန်ပင် တည်ကြည်သွားသည်။
မဟာချန်း မြို့တော်ထဲတွင် ဝိညာဉ်သွေးဂိုဏ်းဝင် ထိုမျှလောက်များပြားမည်ဟု သူ မထင်ထားခဲ့ပေ။
ထိုတစ်ရာထဲတွင် ထုံဟု တို့လိုလူမျိုးတွေ ပါနေသလား ရွှေအမြုတေအဆင့်ကရော ဘယ်နှစ်ယောက်တောင် ရှိနေမလဲ
ဖန့်ချန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
"နေဦး..."
တကယ်တမ်းတွင် မဟာချန်း မြို့တော်ထဲ၌ ဝိညာဉ်သွေးဂိုဏ်းဝင် စစ်စစ်မှာ ထိုမျှ မများနိုင်ပေ။
ဝိညာဉ်သွေးဂိုဏ်း အနေဖြင့် အင်အားကြီး ပညာရှင် အများအပြားကို တစ်နေရာတည်းတွင် စုပြုံထားခြင်းမှာ အလွန်ပင် ယုတ္တိမရှိပေ။
လီတောက်ယဲ့ ခန့်မှန်းလိုက်သော ဝိညာဉ်သွေးဂိုဏ်းဝင်များထဲတွင် တောင်ပိုင်းကောင်းကင်ဂိုဏ်းမှ အကြီးအကဲများကဲ့သို့ အပြင်ပန်းတွင် အခြားဂိုဏ်းဝင်အဖြစ် ဟန်ဆောင်ထားသူများ ပါဝင်နေနိုင်သည်။
ယခု ကုန်သွယ်ရေးညီလာခံသို့ ရောက်လာကြသည့် ရွှေအမြုတေအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာထဲတွင် ဝိညာဉ်သွေးဂိုဏ်းဝင်များ ရောနှောပါဝင်နေမည်မှာ သေချာလှသည်။
"ချင်းဟယ်သာ ဒီမှာရှိရင် ကောင်းမှာပဲ သူမက လွင့်မျောနေတဲ့ ဝိညာဉ်တွေကို မြင်နိုင်တယ်လေ ဝိညာဉ်သွေးဂိုဏ်းဝင်တွေရဲ့ ဘေးမှာတော့ သေဆုံးသွားတဲ့ ဝိညာဉ်တွေ အများကြီး ကပ်တွယ်နေမှာပဲ"
ဟု လီတောက်ယဲ့က ဆိုသည်။
ဖန့်ချန်က ပြုံးလိုက်ပြီး
"သူမ ဒီမှာ ရှိနေတယ်"
လီတောက်ယဲ့ သတိပေးလိုက်မှပင် ဖန့်ချန်သည် သီလရှင်ကြီး ကျူးယွဲ့ ထံသို့ သွားရောက်ကာ ထိုကိစ္စအပေါ် သူမ၏ သဘောထားကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
လီတောက်ယဲ့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"သူမလည်း ဒီကို ရောက်နေတာလား ဒါဆို သိပ်ကောင်းတာပဲ သူမကို မတွေ့ရတာ တော်တော်ကြာပြီ"
"သီလရှင်ကြီး ကျူးယွဲ့ လည်း ဒီမှာ ရှိနေတယ် ခဏနေရင် မင်းပါးစပ်ကို သတိထားဦး လျှောက်မပြောနဲ့ သူမရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"
ဟု ဖန့်ချန်က သတိပေးကာ အခန်းထဲမှ ထွက်လာခဲ့သည်။
"သီလရှင်ကြီး ကျူးယွဲ့ လည်း ပါတာလား"
လီတောက်ယဲ့မှာ လန့်သွားပြီး အခန်းထဲမှ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ခဏအကြာတွင် ပြန်ထိုင်လိုက်သည်။
"ငါက ဘာကြောက်ရမှာလဲ အခု ငါက ယီဂိုဏ်းရဲ့ ပညာရှင်တစ်ယောက်ပဲလေ သူမက ငါ့ကို မျက်နှာသာ ပေးရမှာပေါ့"
ကောင်းကင်ဘုံရတနာခန်းမ အတွင်း၌
အရောင်းဝန်ထမ်းတစ်ဦးက ပြုံးရွှင်သော မျက်နှာဖြင့် သီလရှင်ကြီး ကျူးယွဲ့ နှင့် အဖွဲ့ကို ဧည့်သည်နေရာသို့ ခေါ်ဆောင်လာသည်။
"သီလရှင်ကြီး ဘာများ ဝယ်ယူချင်ပါသလဲကုန်သွယ်ရေးညီလာခံအတွက် ကျွန်တော်တို့ ခန်းမက ပစ္စည်းအားလုံးကို လျှော့စျေးနဲ့ ရောင်းချပေးနေပါတယ်"
ဟု ဝန်ထမ်းက ဆိုသည်။
"မင်းတို့ဆီမှာ ဝိညာဉ်ဓာတ်ဆေးလုံး ရှိလား"
သီလရှင်ကြီး ကျူးယွဲ့ က ဖန်ချင်းယောင်နှင့် ချင်းဟယ်တို့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ရှိပါတယ် ဒါပေမဲ့ အနည်းငယ်ပဲ ကျန်ပါတော့တယ် သိတဲ့အတိုင်း ဒါက အရမ်း အရောင်းရသွက်တဲ့ ဆေးလုံးလေ"
"အခု လျှော့စျေးလည်း ပေးထားတော့ ဂိုဏ်းအသီးသီးက သူတို့တပည့်တွေအတွက် လာဝယ်နေကြတာ"
" ကံကောင်းလို့ ကျွန်တော်တို့ဆီမှာ ၆ လုံးပါတဲ့ တစ်စုံ ကျန်သေးတယ် လျှော့စျေးနဲ့ဆိုရင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅၀၀ ကျသင့်ပါမယ် အဆင်ပြေပါ့မလား"
"၅၀၀ လား တကယ်ကို သက်သာတာပဲ"
သီလရှင်ကြီး ကျူးယွဲ့ က ခေါင်းညိတ်ကာ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်သည်။
"ကျေးဇူးပဲ"
"ခဏလေး စောင့်ပေးပါဦး"
ဝန်ထမ်းက ကျောက်တုံးများကို ယူကာ ထွက်သွားသည်။
"ချင်းဟယ် ဒီဆေးလုံး ၆ လုံးထဲက ၃ လုံးက မင်းအတွက် ကျန်တဲ့ ၃ လုံးက ချင်းယောင်အတွက်ပဲ ပိုလည်း မယူနဲ့ လိုလည်း မလိုစေနဲ့"
ဟု သီလရှင်ကြီးက ချင်းဟယ်ကို ပြုံးလျက် ပြောလိုက်သည်။
"ဆရာ ဒါတွေကို ဆရာနဲ့ ဂျူနီယာညီမ ချင်းယောင်ပဲ ယူလိုက်ပါ ကျွန်မအတွက် မလိုအပ်ပါဘူး ကျွန်မရဲ့ အခု ကျင့်ကြံမှုအဆင့်က လုံလောက်နေပြီလို့ ခံစားရတယ်"
ဟု ချင်းဟယ်က ငြင်းဆန်သည်။
"နောင်တစ်ချိန်မှာ ဂျူနီယာ ချင်းယောင်က လမင်းပုန်းကွယ်ကျောင်းကို တာဝန်ယူရမှာဆိုတော့ သူမက ဒီဆေးလုံးတွေကို ပိုလိုအပ်ပါတယ်"
"စီနီယာအစ်မ ချင်းဟယ်က မယူရင် ကျွန်မလည်း မယူတော့ဘူး ဆရာပဲ အကုန်ယူလိုက်ပါ"
ဟု ဖန့်ချင်းယောင်ကလည်း မတတ်သာသလို ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ကျင့်ကြံတဲ့ ပညာရပ်တွေက ထူးခြားတယ် ချီသန့်စင်ခြင်း အဆင့် ၆ ကို ရောက်တဲ့အခါ အတားအဆီးတစ်ခု ကြုံရလိမ့်မယ် အဲဒါကို ကျော်ဖြတ်နိုင်မှ ကျင့်ကြံမှုက ချောမွေ့မှာ"
သီလရှင်ကြီး ကျူးယွဲ့ က တည်ငြိမ်စွာ ရှင်းပြသည်။
"ဟိုးအရင်က ငါ့ရဲ့ဆရာကလည်း ငါ့ကို ဝိညာဉ်ဓာတ်ဆေးလုံးတွေ ဝယ်ပေးခဲ့ဖူးတယ် အဲဒီ အတားအဆီးကို ကျော်ဖြတ်ဖို့ ဆေးလုံး ၃ လုံးဆို လုံလောက်ပြီ"
ထိုစကားကို ကြားသောအခါ ဖန့်ချင်းယောင်နှင့် ချင်းဟယ်တို့မှာ ဆိတ်ဆိတ်နေလိုက်ကြတော့သည်။
ဝိညာဉ်ကျောက်တုံး ၅၀၀ ဆိုသည်မှာ သီလရှင်ကြီးအတွက် မနည်းလှသော ပမာဏဖြစ်ကြောင်း သူတို့သိသည်။
ထိုငွေဖြင့် အဝါရောင်အဆင့် အလယ်အလတ်ရှိသော ဝိညာဉ်လက်နက်တစ်ခုပင် ဝယ်နိုင်သော်လည်း သီလရှင်ကြီးက သူတို့အတွက် ဆေးလုံးဝယ်ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် ဝန်ထမ်းက ပြုံးရွှင်စွာ ပြန်ရောက်လာပြီး ဆေးပုလင်းကို ကမ်းပေးသည်။
"သီလရှင်ကြီး ဒါက ဝိညာဉ်ဓာတ်ဆေးလုံး ၆ လုံးပါ"
သီလရှင်ကြီး ကျူးယွဲ့ က ခေါင်းညိတ်ကာ ပုလင်းကို ဖွင့်ကြည့်လိုက်သည်။
ဆေးလုံး ၆ လုံးမှာ အရည်အသွေး ကောင်းမွန်လှသည်။
သူမသည် တပည့်များနှင့်အတူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တာဝန်ခံဝူ သည် လူငယ်အချို့နှင့်အတူ ရောက်ရှိလာသည်။
"အဲဒီ ဝိညာဉ်ဓာတ်ဆေးလုံး ၆ လုံး ဘယ်မှာလဲ"
ဟု သူက ဝန်ထမ်းကို မေးလိုက်သည်။
ဝန်ထမ်းမှာ လန့်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
တာဝန်ခံဝူက သီလရှင်ကြီး ကျူးယွဲ့ ကို တစ်ချက်ကြည့်ကာ ရေရွတ်လိုက်သည်။
"စိတ်မရှိပါနဲ့၊ အဲဒီဆေးလုံးတွေကို ဖန့်မိသားစုရဲ့ သခင်လေးအတွက် ရောင်းလိုက်ပါပြီ"
တာဝန်ခံဝူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသော သီလရှင်ကြီးကို ကြည့်ပြီး သူမမှာ နာမည်ကျော် တစ်ဦးမဟုတ်ကြောင်း သိလိုက်သဖြင့် အမှားလုပ်မိလည်း ပြဿနာမရှိဟု တွေးလိုက်သည်။
သူက ပြုံးလျက် သီလရှင်ကြီးလက်ထဲမှ ဆေးပုလင်းကို လှမ်းယူရန် ကြိုးစားရင်း ဝန်ထမ်းကို ဝိညာဉ်ကျောက်တုံးများ ပြန်ပေးရန် ခိုင်းလိုက်သည်။
သီလရှင်ကြီး ကျူးယွဲ့ ၏ မျက်နှာမှာ ညိုမှောင်သွားပြီး ဆေးပုလင်းကို သူမ၏ ဝတ်ရုံလက်စွပ်ထဲသို့ ထည့်လိုက်ကာ တာဝန်ခံဝူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ဒါက မင်းတို့ ကောင်းကင်ဘုံရတနာခန်းမရဲ့ ဧည့်သည်ကို ဆက်ဆံတဲ့ ပုံစံလား ငါက ပစ္စည်းကို ဝယ်ပြီးနေပြီလေ အခုတော့ ငါ့လက်ထဲကနေ လုပြီး တခြားသူကို ရောင်းချင်နေတာလား"
"သီလရှင်ကြီး ဒီပစ္စည်းကို ကျွန်တော်တို့အတွက် ဖယ်ထားပေးဖို့ တာဝန်ခံ ဝူ ကို အရင်ကတည်းက ပြောထားတာပါ လုယူတာ မဟုတ်ပါဘူး"
ဟု ဖန့်ဟောင် က မျက်မှောင်ကြုတ်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
သီလရှင်ကြီး ကျူးယွဲ့ က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ချီသန့်စင်ခြင်းအဆင့် သာရှိသော ကျင့်ကြံသူကို အဖက်မလုပ်ဘဲ တာဝန်ခံဝူ ဘက်သို့ ပြန်လှည့်လိုက်သည်။
"ငါက ဝိညာဉ်ကျောက်တုံးတွေ ပေးပြီးပြီ ဆေးလုံးတွေလည်း ငါ့လက်ထဲမှာ ရှိနေပြီ မင်းရဲ့ ကတိကဝတ်ကို တခြားနည်းလမ်းနဲ့ ဖြည့်ဆည်းဖို့ ကြိုးစားသင့်တယ်"
" သီလရှင်ကြီး ဒါက ကောင်းကင်ဘုံရတနာခန်းမ ဆိုတာ မမေ့ပါနဲ့ ပြီးတော့ ဒီဆေးလုံးတွေကို ဝယ်ထားတဲ့သူတွေက ဖန့်မိသားစုရဲ့ သခင်လေးတွေပါ"
"ကျွန်တော်တို့ ခန်းမကို ဂရုမစိုက်ရင်တောင် မဟာချန်းက ဖန့်မိသားစုကိုတော့ စော်ကားလို့ မဖြစ်ဘူးနော်"
ဟု တာဝန်ခံဝူက အေးအေးဆေးဆေး ပြောလိုက်သည်။
"ကျွန်တော် ကိစ္စတွေကို မကြီးထွားစေချင်ဘူး ဒါကြောင့် ဆေးလုံးတွေကို အခုပဲ လွှဲပေးလိုက်ပါ"
"မင်းတို့က တကယ့်ကို အကျိုးအကြောင်း မရှိတာပဲ"
ဖန့်ချင်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။
"အရာအားလုံးမှာ အစဉ်အလိုက် ရှိတယ် ငါ့ရဲ့ဆရာက ဒီဆေးလုံးတွေကို အရင်ဝယ်ခဲ့တာ တကယ်လို့ မင်းတို့ပြောသလို ကြိုတင်မှာထားတာ မှန်ရင်တောင် ဒါက မင်းတို့ခန်းမရဲ့ ပေါ့ဆမှုပဲစီးပွားရေးဆိုတာ သစ္စာရှိရှိ လုပ်ရတယ်"
သူမသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် မရောက်မီက ဆေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ခဲ့ဖူးရာ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စီးပွားရေးလုပ်ပုံမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
"ညီမလေး မြို့ထဲမှာ ဆက်နေချင်သေးရင် ငါတို့နဲ့ ငြင်းမနေတာ အကောင်းဆုံးပဲ"
ဟု ဖန့်ဟောင် က ပြုံးလျက် ပြောသည်။
"မင်းတို့အားလုံး ကုန်သွယ်ရေးညီလာခံအတွက် လာတာ မဟုတ်လား တကယ်လို့ မဟာချန်း စစ်သည်တွေက မင်းတို့ကို မြို့ပြင် ထုတ်ပစ်လိုက်ရင် ဒီပွဲကြီးကို တက်ရောက်နိုင်မှာ မဟုတ်ဘူးနော်"
သီလရှင်ကြီး ကျူးယွဲ့ ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ဖန့်ချင်းယောင်နှင့် ချင်းဟယ်တို့မှာလည်း သူတို့၏ဆရာ အကျပ်ကိုင်ခံနေရသည်ကို မြင်သောအခါ ဒေါသများ ထွက်လာကြသည်။
"သီလရှင်ကြီး ကျူးယွဲ့"
ပုံရိပ်တစ်ခု တည်ငြိမ်စွာ လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
"အော်... ဒါ သခင်လေး မဟုတ်လား"
ချင်းဟယ်မှာ အနည်းငယ် အံ့သြသွားသည်။
"သခင်လေး..."
ဖန့်ချင်းယောင်မှာ ဖန့်ချန်ကို ငေးကြည့်နေမိပြီး မယုံနိုင်သလို ဖြစ်နေသည်။
သူမသည် အိမ်မက် မဟုတ်ကြောင်း သေချာစေရန် သူမ၏ပေါင်ကိုပင် ပြန်ဆိတ်ကြည့်လိုက်မိသည်။
"သခင်လေးဖန့်လား"
သီလရှင်ကြီး ကျူးယွဲ့ လည်း အနည်းငယ် အံ့သြသွားသည်။
ထိုအချိန်မှာပင် ပို၍ ထင်မှတ်မထားသော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။
"အားလုံး စုံနေကြတာပဲ"
ဖန့်ဟောင် က ရုတ်တရက် အော်ဟစ်လိုက်ပြီး ဖန့်မိသားစု တပည့်တစ်စုကို ဦးဆောင်ကာ ဖန့်ချန်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
"ကျွန်တော်တို့ အစ်ကိုကြီး ဖန့်ချန် ကို ဂါရဝပြုပါတယ်"
"ဖန့်ချန် ပါလား"
"သူက ကျင့်ကြံရာက ထွက်လာပြီလား"
ကောင်းကင်ဘုံရတနာခန်းမရှိ ကျင့်ကြံသူများစွာမှာ ထိုဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။
အချို့သော ကျင့်ကြံသူများမှာ ဖန့်ချန်က မည်သူနည်းဟု အချင်းချင်း အလျင်အမြန် စုံစမ်းနေကြတော့သည်။
သီလရှင်ကြီး ကျူးယွဲ့ နှင့် အဖွဲ့မှာမူ မှင်တက်လျက် ကျန်ရစ်ခဲ့တော့သည်။
ဒါတွေက ဘာတွေ ဖြစ်နေတာလဲ
အခန်း ၄၀၈ - အခြေခံတည်ဆောက်ခြင်းဆေးလုံး
ဖန့်ဟောင်နှင့် အခြားသူများသည် ဖန့်ချန်ကို ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုအကြည့်များထဲတွင် အားကျစိတ်များလည်း ရောနှောနေသည်။
"မင်းတို့ ခုနက သီလရှင်ကြီး ကျူးယွဲ့ နဲ့ အငြင်းပွားနေကြတာလား"
ဖန့်ချန်က ဖန့်ဟောင်ကို မေးလိုက်သည်။
တာဝန်ခံဝူ၏ ရင်ထဲတွင် မအီမသာ ဖြစ်သွားသည်။ ဒီသီလရှင်ကြီးက ဖန့်ချန်နဲ့ ဘယ်လိုလုပ် သိနေတာလဲ
ဖန့်ဟောင်သည် တစ်ခုခုကို ရိပ်မိသွားပုံရပြီး သူ၏ မျက်နှာတွင် အံ့သြမှုများဖြင့် ပြည့်နှက်သွားသည်။
"အစ်ကိုကြီး ဖန့်ချန် သူမကို သိတာလား"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။
"မိတ်ဆွေဟောင်းတွေပါ"
ဖန့်ဟောင်က သူ၏ပေါင်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး
"ဒုက္ခပဲ ကျွန်တော်က ဝိညာဉ်ဓာတ်ဆေးလုံး အချို့ ဝယ်ချင်လို့ပါ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကျွန်တော် မရောက်ခင်လေးတင် သူမက နောက်ဆုံးကျန်တဲ့ ဆေးလုံးတွေကို ဝယ်သွားတာ"
"တာဝန်ခံဝူက ကျွန်တော့်အတွက် အဲဒါတွေကို သူမဆီကနေ ပြန်တောင်းပေးမလို့ လုပ်နေတာပါ သူတို့က အစ်ကိုကြီးနဲ့ သိမှန်းသာ သိရင် ကျွန်တော် ဒီလိုမျိုး လုပ်ဖို့ ဘယ်ဝံ့ပါ့မလဲ"
ဖန့်ဟောင်၏ ဖွင့်ဟဝန်ခံမှုကြောင့် တာဝန်ခံဝူမှာ အားကိုးရာမဲ့သွားပြီး ဖန့်ချန်ကို အတင်းအပြုံးဖြင့် ဦးညွှတ်လိုက်သည်။
"သခင်လေးဖန့် ဒါက နားလည်မှုလွဲတာလေးပါ"
ဖန့်ချန်က တာဝန်ခံဝူကို လျစ်လျူရှုထားလိုက်ပြီး သီလရှင်ကြီး ကျူးယွဲ့ ကို ပြုံးပြလိုက်သည်။
"သီလရှင်ကြီး ကျူးယွဲ့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် တစ်ခုခုမှာ သွားပြီး စကားပြောကြမလား"
သီလရှင်ကြီး ကျူးယွဲ့ က ခေါင်းညိတ်သည်။
"ကောင်းပါပြီ"
ဖန့်ဟောင်နှင့် အဖွဲ့သည် သူတို့ကို ကောင်းကင်ဘုံရတနာခန်းမ အပေါက်ဝအထိ လိုက်လံပို့ဆောင်ကြပြီးနောက် နောင်တရသလိုမျိုး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"အစ်ကိုကြီး ဖန့်ချန်က တကယ့်ကို လူသိများတာပဲ"
ဖန့်ဟောင်က သက်ပြင်းချရင်း ဆိုသည်။
"အစ်ကိုကြီး ဖန့်ချန်က ခရမ်းရောင်ဝင်ရိုးစာပေ သင်တန်း ရဲ့ တပည့်အဖြစ် တက်ရောက်နိုင်တဲ့ အဆောင်အယောင်ကိုတောင် လွယ်လွယ်ကူကူ စွန့်လွှတ်ခဲ့တဲ့သူပဲ"
" ဒီလို မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့သူမှာ မိတ်ဆွေတွေ အများကြီး ရှိတာ မဆန်းပါဘူး"
ဟု တတိယမျိုးနွယ်စုမှ တပည့်တစ်ဦးက ပြောသည်။
ဖန့်ဟောင်က ထိုစကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
ထို့နောက် သူ လှည့်ကြည့်လိုက်သောအခါ တာဝန်ခံဝူ၏ မျက်နှာမှာ အားနာစိတ်ကြောင့် အစိမ်းရောင်ပင် သန်းနေသည်ကို တွေ့လိုက်ရသဖြင့် ဖန့်ဟောင်က ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
"တာဝန်ခံဝူ ဝိညာဉ်ဓာတ်ဆေးလုံးတွေ ကျန်သေးလား ကျွန်တော့်အတွက် နည်းနည်းလောက် ကူရှာပေးပါဦး"
လမ်းခရီးတွင် ဖန့်ချင်းယောင်သည် သတ္တိမွေးကာ ဖန့်ချန်၏ အနီးသို့ ချဉ်းကပ်လာသည်။
"သခင်လေးဖန့် မတွေ့တာ ကြာပြီနော်"
ဖန့်ချန်က ပြုံးပြသည်။
"လမင်းပုန်းကွယ်ကျောင်းမှာ အသားကျပြီလား ဖန့်ချင်းယောင်"
ဖန့်ချင်းယောင်က ခပ်တိုးတိုး ခေါင်းညိတ်သည်။
"အားလုံးက ကျွန်မအပေါ် အရမ်းကောင်းကြပါတယ် ကျွန်မရဲ့ဆရာ အကြီးအကဲတွေနဲ့ စီနီယာအစ်မတွေ အားလုံးကပေါ့"
ဖန့်ချန်က ခေါင်းညိတ်သည်။
"ဒါဆိုရင် ဝမ်းသာပါတယ်"
သီလရှင် ချင်းဟယ် က စပ်စုချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
"သခင်လေးဖန့်ဘရှင်က ဘာလို့ မဟာချန်းမှာ ရှိနေတာလဲ ပြီးတော့ ခုနက ဖန့်မိသားစု တပည့်တွေက ရှင့်ကို ဘာလို့ ဒီလောက် ရိုသေနေကြတာလဲ"
ဖန့်ချင်းယောင်ရော သီလရှင်ကြီး ကျူးယွဲ့ ပါ စိတ်ဝင်တစား ရှိနေကြသော်လည်း သီလရှင်ကြီးက ပို၍ ဟန်ဆောင်ထားနိုင်သည်။
ဖန့်ချန်က ပြုံးလျက်
"ကျွန်တော့်ရဲ့ ဘိုးဘေးတွေက ဖန့်မိသားစုကပါ"
ထိုအခါမှ အမျိုးသမီး သုံးဦးလုံး နားလည်သွားကြသည်။
ဖန့်ချင်းယောင်က စိတ်ထဲမှ အံ့သြနေမိသည်။
သခင်လေးဖန့်ရဲ့ ဘိုးဘေးတွေက မဟာချန်းက ဖြစ်နေတာကိုး ဒါကြောင့် သူက မွေးကတည်းက သာမန်လူတွေနဲ့ မတူဘဲ ထူးခြားနေတာ ဖြစ်မှာ။
စကားပြောရင်းနှင့်ပင် အားလုံးမှာ လက်ဖက်ရည်ဆိုင်ရှိ တိတ်ဆိတ်သော အခန်းတစ်ခုသို့ ရောက်လာကြသည်။
ချင်းဟယ်သည် လီတောက်ယဲ့ကို မြင်သောအခါ အံ့သြသွားသည်။
"ရှင်လည်း ဒီမှာ ရှိနေတာလား"
သီလရှင်ကြီး ကျူးယွဲ့ ၏ မျက်နှာတွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"မင်းအဖေရော ဒီမှာ ရှိနေတာလား"
"ဟုတ်ကဲ့ပါ သီလရှင်ကြီး"
လီတောက်ယဲ့က ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး ချင်းဟယ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
သီလရှင်ကြီးက ခပ်ဖွဖွ ခေါင်းညိတ်သည်။
"တိုက်ဆိုင်လိုက်တာ"
လီတောက်ယဲ့က ချင်းဟယ်နှင့် စကားစမြည်ပြောပြီး ဖန့်ချင်းယောင်နှင့် မိတ်ဆက်ပြီးနောက် ဖန့်ချန်သည် သီလရှင်ကြီး ကျူးယွဲ့ ဘက်သို့ လှည့်လိုက်သည်။
"သီလရှင်ကြီး ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ"
သီလရှင်ကြီးက အနည်းငယ် အံ့သြသွားသည်။
"ဘာကိစ္စများလဲ"
"ဝိညာဉ်သွေးဂိုဏ်း နဲ့ ပတ်သက်တဲ့ ကိစ္စပါ"
ချက်ချင်းပင် သီလရှင်ကြီး၏ မျက်နှာမှာ တည်ကြည်သွားပြီး ချင်းဟယ်လည်း ဖန့်ချန်ကို ကြည့်လိုက်သည်။
ဖန့်ချင်းယောင်၏ အမူအရာလည်း ပြောင်းလဲသွားသည်။
သူမသည် ဝိညာဉ်သွေးဂိုဏ်း၏ အန္တရာယ်ကို ကိုယ်တိုင်တွေ့ကြုံဖူးသူ ဖြစ်သဖြင့် ထိုအမည်မှာ သူမအတွက် အလွန် ထိရှလွယ်သော အမည်ဖြစ်သည်။
"တကယ်လို့ သီလရှင်ကြီးက သူတို့နဲ့ ပတ်သက်တာ ဘာမှမကြားချင်ဘူးဆိုရင်လည်း ကျွန်တော် ဆက်မပြောပါဘူး"
ဟု ဖန့်ချန်က တိုးတိုးလေး ဆိုသည်။
"ရပါတယ် သခင်လေးဖန့်"
သီလရှင်ကြီးက အေးဆေးစွာ ဆိုသည်။
"ကျွန်မလည်း ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါပြီ အရင်တုန်းကလို စိုးရိမ်စိတ်တွေလည်း မရှိတော့ပါဘူး"
ထိုအခါမှ ဖန့်ချန်က အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သည်။
ဝိညာဉ်သွေးဂိုဏ်းသည် တိမ်မြုပ်နယ်မြေ တစ်ခုလုံးကို ဝါးမြိုမည့် စစ်ပွဲကြီးတစ်ခုကို ဖန်တီးရန် ကြံစည်နေကြောင်း သိလိုက်ရသောအခါ အမျိုးသမီး သုံးဦးလုံး၏ မျက်နှာမှာ ပို၍ လေးနက်သွားသည်။
သီလရှင်ကြီးက မျက်မှောင်ကြုတ်လျက်
"သခင်လေးဖန့် ရှင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ အခုလို ပြောပြနေတာဆိုတော့ တစ်ခုခု စဉ်းစားထားတာ ရှိမှာပဲ"
ဖန့်ချန်က ထိုကိစ္စတွင် ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည်ဟု ဘာကြောင့် ယုံကြည်နေသည်ကို သူမ သိချင်နေသည်။
ဤနေရာမှာ မဟာရှ မဟုတ်သလို မီးတောက်အင်ပါယာလည်း မဟုတ်ပေ။
မဟာချန်းရှိ ဝိညာဉ်သွေးဂိုဏ်းသားများ၏ လုပ်ရပ်မှာ အလွန်ပင် ကမ္ဘာပျက်မတတ် ပြင်းထန်ပေလိမ့်မည်။
"တုန်းဖန်းမိသားစုရဲ့ သခင်လေးက မဟာချန်းကို မရောက်သေးဘူး ဒါကြောင့် ဝိညာဉ်သွေးဂိုဏ်းက လောလောဆယ် ဘာမှလုပ်လို့ မရသေးဘူး"
"ကျွန်တော်က ချင်းဟယ် ရဲ့ စွမ်းရည်ကို သုံးပြီး မဟာချန်းမှာ ဘယ်ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေ ရှိနေလဲဆိုတာ သိချင်တယ်"
ဟု ဖန့်ချန်က ပြောလိုက်သည်။
သီလရှင်ကြီး ကျူးယွဲ့ က ခေါင်းညိတ်သည်။
"ဒါက တကယ်ကို ကောင်းတဲ့ အကြံပဲ"
ချင်းဟယ်က မေးလိုက်သည်
"သခင်လေး ကျွန်မ ဘာလုပ်ပေးရမလဲ"
"ကုန်သွယ်ရေးညီလာခံ စတာနဲ့ တစ်ကမ္ဘာလုံးက ကျင့်ကြံသူတွေ မြို့တော်ကို စုပြုံလာကြလိမ့်မယ်ကျင့်ကြံသူ အများအပြားက နန်းတော်ကို ဧည့်သည်အဖြစ် သွားကြမှာဖြစ်လို့ နန်းတော်ရှေ့က လမ်းကို ခဏခဏ ဖြတ်သွားကြလိမ့်မယ်"
"အဲဒီနားက လက်ဖက်ရည်ဆိုင် တစ်ခုခုမှာ ထိုင်ပြီး အဲဒီလမ်းကို ဖြတ်သွားတဲ့ ကျင့်ကြံသူတွေကို စောင့်ကြည့်ပေးစေချင်ပါတယ်"
ဟု ဖန့်ချန်က ဆိုသည်။
လီတောက်ယဲ့က ဝင်ပြောသည်
"ဝိညာဉ်သွေးဂိုဏ်းနဲ့ မသက်ဆိုင်တဲ့ ကျင့်ကြံသူတွေမှာလည်း အတိတ်ကံက ကြီးမားနိုင်တယ်လေ သူတို့ကို ဘယ်လို ခွဲခြားမလဲ"
"ကျင့်ကြံသူတွေ သေဆုံးသွားတဲ့အခါ သူတို့ရဲ့ ဝိညာဉ်တွေက သံသရာထဲကို လွယ်လွယ်ကူကူ ဝင်သွားနိုင်ပြီး လူ့ပြည်မှာ သိပ်မကြာကြာ မနေတတ်ဘူး"
"မတရား သေဆုံးခဲ့ရတဲ့ သာမန်လူတွေရဲ့ ဝိညာဉ်တွေပဲ သံသရာလမ်းကို မမြင်နိုင်ဘဲ လူ့လောကမှာ ကျန်ရစ်နေတတ်တာ"
ဟု သီလရှင်ကြီးက ရှင်းပြသည်။
"ဒါကို ကြည့်ပြီး ငါတို့ ခန့်မှန်းနိုင်ပါတယ် သခင်လေးဖန့် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
" ဝိညာဉ်သွေးဂိုဏ်းရဲ့ ရည်မှန်းချက်က အရမ်းကြီးမားတယ် ငါတို့အားလုံးက တိမ်မြုပ်နယ်မြေမှာ နေကြသူတွေဖြစ်လို့ ဒီကိစ္စနဲ့ ကံတရားခြင်း ဆက်နွယ်နေတယ် ဒီအတိုင်း ကြည့်မနေသင့်ဘူး"
ထို့နောက် သူမသည် ချင်းဟယ်ကို ကြည့်လိုက်သည်။
သူမ၏ စိတ်ထဲတွင် တစ်ခု တွေးနေမိသည်မှာ ချင်းဟယ်သာ ဝိညာဉ်သွေးဂိုဏ်း၏ အကြံအစည်ကို တားဆီးရာတွင် ကူညီပေးနိုင်ပါက သူမအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်ပေလိမ့်မည်။
"ငါ့ရဲ့ စိတ်နှလုံးက အရင်လို မသန့်ရှင်းတော့တာပဲ နှမြောဖို့ ကောင်းတယ် ငါက လောကီရေးရာတွေမှာ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေမိတော့ ဒီလမ်းစဉ်ကို လိုက်ဖို့ ခက်ခဲသွားပြီ"
ဟု သီလရှင်ကြီး ကျူးယွဲ့ က သက်ပြင်းချရင်း ရေရွတ်မိသည်။ သူမသည် အရင်ကလို ရိုးရှင်းသော မိန်းကလေး မဟုတ်တော့ပေ။
သူမ၏ လုပ်ရပ်တိုင်းမှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတတ်သဖြင့် ကောင်းကျိုးရနိုင်သော်လည်း များများစားစား ရလိမ့်မည် မဟုတ်ပေ။
နာရီဝက်ခန့် ကြာပြီးနောက် အားလုံးမှာ လက်ဖက်ရည်ဆိုင်မှ ထွက်ခွာခဲ့ကြသည်။
ဖန့်ချန်သည် သူ၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်လာသောအခါ ကျောက်ခုံတန်းပေါ်တွင် ထိုင်နေသော ဖန့်ဝမ်လီ နှင့် ကျန်းထျန်းအိုက် တို့ကို တွေ့လိုက်ရသည်။
လျီချန်းနှင့် ချန်ဖေးလန်တို့မှာ ဘေးတွင် ရိုသေစွာ ရပ်နေကြသည်။
ဖန့်ဝမ်လီ က ဖန့်ချန်ကို ကြည့်ကာ
"ဒီကောင်လေး ပြန်လာပြီလား"
ဖန့်ဝမ်လီ ၏ အမူအရာမှာ တစ်ခုခုကို ဖုံးကွယ်ထားပုံရသည်။
ဖန့်ချန်က ခေါင်းညိတ်ပြီး လက်နှစ်ဖက်ကို စုကာ ဂါရဝပြုလိုက်သည်။
"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
"ဒီသေတ္တာထဲမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး တွေ ပါတယ်"
ဟု ဖန့်ဝမ်လီ က ဆိုသည်။
"ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့က အချိန်အများကြီး ယူရတတ်တယ် နှစ်အနည်းငယ် ကြာနိုင်သလို ဆယ်စုနှစ်ပေါင်းများစွာလည်း ကြာနိုင်တယ်"
" အန္တရာယ်လည်း ရှိတယ် မင်းနဲ့ ကျွယ်ဝူတီ ရဲ့ တိုက်ပွဲပြီးရင် တစ်လုံးသောက်ပြီး ဂူအောင်းကျင့်ကြံလိုက်တော့"
ဖန့်ဝမ်လီ က လက်ကို မြှောက်လိုက်ရာ ကျောက်စိမ်းသေတ္တာ တစ်လုံးသည် ဖန့်ချန်၏ ရှေ့သို့ ပျံသန်းရောက်ရှိလာသည်။
လျီချန်းနှင့် ချန်ဖေးလန်တို့၏ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
"အခြေခံတည်ဆောက်ခြင်းဆေးလုံးလား"
ဒါဆိုရင် သူတို့ရဲ့ သခင်လေးက ဖန့်အောက် တို့လိုမျိုး အခြေခံတည်ဆောက်ခြင်းအဆင့်ကို မကြာခင် တက်လှမ်းနိုင်တော့မှာပေါ့။
သူတို့ စဉ်းစားလေ၊ ပိုပြီး စိတ်လှုပ်ရှားလေ ဖြစ်နေကြသည်။
ကျန်းထျန်းအိုက် ကလည်း ဖန့်ချန်အတွက် စိတ်ထဲမှ ဝမ်းသာနေမိပြီး အရက်ကြိုက်တဲ့ ဒီအဘိုးကြီးက တကယ့် လူကောင်းပဲဟု တွေးလိုက်မိသည်။
ဖန့်ချန်မှာ အနည်းငယ် အံ့သြသွားပြီး ကျောက်စိမ်းသေတ္တာကို ကြည့်နေမိသည်။
သူသည် မူလက ကုန်သွယ်ရေးညီလာခံတွင် အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံး ဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။
ယခုမူ ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မကုန်ဘဲ သူ့တံခါးဝသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအချိန်တွင် စကြာဝဠာမှန် ၏ အသံက ဖန့်ချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"အစ်ကိုကြီး ဒီအခြေခံတည်ဆောက်ခြင်းဆေးလုံးက အစ်ကိုကြီးအတွက် ဘာမှ အသုံးမဝင်ဘူး"