← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

​​အခန်း ၄၁၅ - ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် နဂါးသစ်သား

​မဟာချန်း တော်ဝင်နန်းတော်သည် ရွှေရောင်ဆေးများ ခြယ်သထားပြီး အနီရောင်အမိုးပြားများဖြင့် ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။

တစ်နန်းတော်လုံးတွင် လေးနက်တည်ကြည်သော အရှိန်အဝါများ လွှမ်းခြုံနေ၏။

​ဖန့်ချန်သည် လူအုပ်နောက်မှ လိုက်လာရင်း ဘေးတစ်ဖက်တစ်ချက် ပွင့်နေသော ကျယ်ဝန်းသည့် ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် ဧည့်သည်များအတွက် နေရာထိုင်ခင်းများကို အစဉ်လိုက် ပြင်ဆင်ထားပြီးဖြစ်သည်။

​ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက်သာမက ၎င်းတို့နှင့်အတူ ပါလာကြသည့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်ပါ သီးသန့်စားပွဲများကို ပြင်ဆင်ပေးထားသည်။

​နေရာတွင် ထိုင်လိုက်ပြီးနောက် ဖန့်ချန်သည် သူ၏ ဝိညာဉ်အသိကို ဖြန့်ကြက်လိုက်ရာ စားပွဲပေါင်း ထောင်ချီကို မြင်လိုက်ရသည်။

နန်းတွင်းအစေခံများနှင့် မိန်းမစိုးများမှာ ဟိုဟိုဒီဒီ အလုပ်ရှုပ်နေကြပြီး ခန်းမအပြင်ဘက်တွင်မူ မဟာချန်း၏ အထူးအစောင့်တပ်များက ကင်းလှည့်နေကြသည်။

​ဖန့်ချန်၏ အကြည့်က ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

"ထုံဟူ၊ ထုံပိုင်ကျိုး၊ ဖန့်ရှန်း၊ ကျွယ်ဝူတိ အားလုံး ဒီနေ့ ရောက်နေကြတာပဲ"

​ထို့နောက် သူသည် နျဲ့ထျန်းယွမ်နှင့် တုန်းဖန်းဟောက်ကျဲတို့ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ထျန်းဝူကဲ့သို့သော ရွှေအမြုတေအဆင့် ပညာရှင်များထံ အကြည့် ရောက်သွားသည်။

​ရောက်ရှိနေသော ရွှေအမြုတေအဆင့် ပညာရှင်မှာ တစ်ရာနီးပါး ရှိနေပြီး အများစုမှာ မိုးပြာအင်ပါယာ၊ မဟာဝေ၊ ချောင်ရှန်းနှင့် ထျန်းကျိ တို့မှ လာကြသူများ ဖြစ်သည်။

​ထိုပညာရှင်များ၏ အရှိန်အဝါများမှာ ကွဲပြားနေသော်လည်း အများစုမှာ ရွှေအမြုတေအစောပိုင်းအဆင့်တွင်သာ ပိတ်မိနေကြသူများ ဖြစ်သည်။

သူတို့သည် ဖန့်ဝမ်လီ၊ ကျွယ်ဖေးအန်းနှင့်မင်းသမီးရှင်းလုံ တို့နှင့် အဆင့်တူများ ဖြစ်ကြ၏။

​အလယ်အလတ်အဆင့်မှာ အနည်းငယ်သာ ရှိပြီး နောက်ဆုံးအဆင့် မှာမူ လက်ချိုးရေတွက်နိုင်လောက်အောင်ပင် ရှားပါးလှသည်။

​ရုတ်တရက် ဖန့်ချန်၏ အကြည့်က သွယ်လျသော လူတစ်ယောက်ထံသို့ ရောက်သွားသည်။

"ဒါက ရွှေအမြုတေအဆင့် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူလား"

​ထိုလူ၏ ဘေးတွင် ထိုင်နေသော ရွှေအမြုတေအဆင့် ပညာရှင်သည် သူ့ကို အမြဲတမ်း ယဉ်ယဉ်ကျေးကျေးနှင့် ဖားသည့် လေသံဖြင့် စကားပြောနေသည်။

​"ဆရာကြီးချန်း ကျွန်တော့်ရဲ့ အဆောင် တွေ ကုန်နေပြီ ဆရာကြီး အချိန်ရရင် အသစ်အချို့ ရေးဆွဲပေးလို့ ရမလား"

"ဆရာကြီးချန်း ကျွန်တော့်မြေးက အဆောင် ပညာကို အရမ်းစိတ်ဝင်စားနေတာ သူ့ကို ဆရာကြီးရဲ့ ဂိုဏ်းအောက်မှာ ကျင့်ကြံခွင့်ပေးဖို့ ဆန္ဒရှိပါ့မလား"

"ဆရာကြီးချန်း "

​ဖန့်ချန် ဘာဖြစ်နေသလဲဆိုတာ နားလည်သွားသည်။

"အော်... သူက အဆောင် ဆရာကြီးကိုး"

​သူ၏ အကြည့်သည် မဟာချန်း တော်ဝင်မိသားစုဝင်များ ထိုင်နေသော နေရာသို့ ပြောင်းသွားသည်။

​ထိုအုပ်စုကို မင်းသမီးရှင်းလုံ က ဦးဆောင်နေပြီး ချန်းဖုန်းနှင့် ချန်းကျိုယဲ့တို့လည်း ပါဝင်သည်။

သို့သော် ချန်းဖုန်းမှာ မင်းသား၊ မင်းသမီးများစွာ ဝိုင်းရံနေသော်လည်း ချန်းကျိုယဲ့မှာမူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့်အတူ အထီးကျန်စွာ ထိုင်နေရသည်။

​သူတို့၏ စကားသံများအရ ထိုအမျိုးသားမှာ အိမ်ရှေ့မင်းသား ဖြစ်ကြောင်း သိနိုင်သည်။

​ဒုတိယမင်းသား ချန်းဖုန်းက အိမ်ရှေ့မင်းသားနေရာကို လိုချင်နေတာကြောင့် လူစုနေတာပဲ။

အခု အိမ်ရှေ့မင်းသားမှာတော့ ချန်းကျိုယဲ့ တစ်ယောက်ပဲ ဘေးမှာ ရှိတော့တယ်။

သူ့အခြေအနေက သိပ်မကောင်းပုံရတယ် ဟု ဖန့်ချန်က ပြုံးလျက် တွေးလိုက်သည်။

​တော်ဝင်မိသားစုများအတွင်း ထိုကဲ့သို့ အားပြိုင်မှုမျိုးက သာမန်ပင် ဖြစ်သည်။

လွန်ခဲ့သော အချိန်များက ရှယိ သည်လည်း ထိုကဲ့သို့ပင်။

သူသည် တတိယမင်းသား ရှကျီ က ထီးနန်းလုမည်ကို ကြောက်သဖြင့် ရှကျီကို လုပ်ကြံရန် ကြံစည်ခဲ့ဖူးသည်။

ရှကျီ ၏ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ဖန့်ချန်သည်လည်း ရှယိ ၏ ပစ်မှတ် ဖြစ်ခဲ့ရသည်။

​ခဏအကြာတွင် ဖန့်ချန်သည် ချောင်ရှန်းမှ ကျင့်ကြံသူများထံ အာရုံပြောင်းလိုက်သည်။

​ချောင်ရှန်းအင်ပါယာသည် ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦးသာ စေလွှတ်ခဲ့ပြီး သူမမှာ အမျိုးသမီး ဖြစ်သည်။

သို့သော် သူမ၏ နောက်တွင်မူ ဖန့်ချန် အရင်က တွေ့ဖူးသည့် လူတစ်ယောက် ထိုင်နေသည်။

​ချောင်ရှန်းနန်းတော်လား ဒါဆို သူမက အဆင့် ၅ ချောင်ရှန်းအင်ပါယာကပေါ့။

သူမရဲ့ မျိုးရိုးနာမည်အရ ဆိုရင်တော့ တော်ဝင်မိသားစုဝင် ဖြစ်ရမယ်။

ဒါဆိုရင် အစွမ်းထက်တဲ့ ဝူချန်းတောင်ကုန်းက ချောင်ရှန်းအင်ပါယာထဲက ဂိုဏ်းကြီးတစ်ခု ဖြစ်နိုင်သလို နတ်ဘုရားပုန်း အင်ပါယာ ကလည်း ဖြစ်နိုင်တယ်' ဟု ဖန့်ချန် တွေးလိုက်သည်။

​ထို့ကြောင့်လည်း ချောင်ရှန်းနန်းတော်မှ မီရှန်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် မိမိ၏ ကိုယ်ပိုင်လက်နက် ကိုလုပ် နိုင်ခြင်း ဖြစ်သည်။

​"ဆရာကြီး ချန်ယွမ် ရောက်လာပြီ"

​အားလုံးသည် ခန်းမအဝင်ဝသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

​ဆရာကြီး ချန်ယွမ်သည် ရှကျီ၊ ဝူရုန့်ချုံ တို့နှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လာသည်။

ခန်းမထဲသို့ ဝင်လာသောအခါ သူတို့သည် လူအုပ်ကို ဦးညွှတ်ကာ ဗုဒ္ဓဂါထာများကို ရွတ်ဖတ်ပြီးနောက် တိတ်ဆိတ်စွာ နေရာယူလိုက်ကြသည်။

​ချန်ယွမ်ကို မြင်သောအခါ ရွှေအမြုတေအဆင့် ပညာရှင်များစွာမှာ ရှုပ်ထွေးသော မျက်နှာထားများ ဖြစ်သွားကြသည်။

​မဟာချန်း အတွင်းရော အပြင်မှာပါ ဆရာကြီး ချန်ယွမ်အကြောင်းကို ကြားဖူးကြသည်။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာ ရှိသော်လည်း နှစ်ပေါင်း ၄၀၀ တိုင်အောင် အသက်ရှည်နေသူအဖြစ် မဟာဝေ၊ ချောင်ရှန်းနှင့် ထျန်းကျိ ကဲ့သို့သော အဆင့် ၅ အင်ပါယာများတွင်ပါ နာမည်ကြီးလှသည်။

​လူအများမှာ သူအသက်ရှည်ရခြင်း၏ လျှို့ဝှက်ချက်ဖြစ်သော ဗုဒ္ဓကျမ်းစာကို ကြည့်ရှုရန် အဝေးမှ လာခဲ့ကြသော်လည်း ဘာမှ ရှာမတွေ့ခဲ့ကြချေ။

ဆရာကြီး ချန်ယွမ်၏ ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်ကြံမှုမှာ သူတို့၏ စိတ်ကူးထက် များစွာ သာလွန်နေသည်ဟုသာ ဆိုရပေလိမ့်မည်။

​ကျွယ်ဝူတိ၏ မျက်လုံးများက ဖန့်ချန်ပေါ်တွင်သာ ရှိနေသော်လည်း ရှကျီ ခန်းမထဲ ဝင်လာသည်နှင့် သူ၏ အကြည့်က ရှကျီ ထံ ပြောင်းသွားသည်။

​ထိုအကြည့်ကို သိလိုက်သောအခါ ရှကျီ သည် ကျွယ်ဝူတိကို မျက်လုံးလှန်ပြလိုက်သည်။

ဒီနေ့သာ ထူးခြားတဲ့ အခမ်းအနား မဟုတ်ရင် သူ ကျွယ်ဝူတိ ကို လက်ခလယ်တောင် ထောင်ပြမိမှာ ဖြစ်သည်။

​ရှကျီ သည် အသံကိုနှိမ့်ကာ ဖန့်ချန်ရှိရာဘက်သို့ ညွှန်ပြရင်း

"ဆရာ ကျွန်တော် ဟိုဘက်မှာ သွားထိုင်လို့ ရမလား"

ဟု မေးလိုက်သည်။

​ဆရာကြီး ချန်ယွမ်က ခေါင်းညိတ်ကာ

"ပြဿနာမရှာနဲ့နော် ဒီနေ့က ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေရှိနေတဲ့ ထူးခြားတဲ့နေ့ပဲ"

ဟု မှာကြားလိုက်သည်။

​"စိတ်ချပါ ဆရာ"

ရှကျီ က ခေါင်းညိတ်ပြီး သူ၏ စားပွဲကို ဖန့်ချန်ဘေးသို့ ရွှေ့လာကာ ဖန့်ကျွယ်ကိုတောင် ဘေးသို့ အနည်းငယ် တွန်းထုတ်လိုက်သည်။

​ဖန့်ကျွယ်က သူ့ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ရှကျီ မင်းရဲ့ ကျင့်ကြံခြင်းက အတော်လေး တိုးတက်လာသလိုပဲနော်"

​အနီးနားတွင် ထိုင်နေသော ဖန့်လင်ရှင်းက မျက်မှောင်ကြုတ်ကာ ရှကျီ ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း သူမ၏ မျက်လုံးထဲတွင် သံသယများ ရိပ်ပြေးသွားသည်။

ရှကျီ ၏ ကျင့်ကြံခြင်းက ဘာလို့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အများကြီး တိုးတက်သွားရတာလဲ

​ရှကျီက ရယ်မောလိုက်သည်။

"နေ့တိုင်း ဗုဒ္ဓတရားတော်တွေကို ဆင်ခြင်နေလို့ တရားအသိတွေ ရလာတာ ဖြစ်မှာပါ"

​ရှကျီသည် ဖန့်ကျွယ်နှင့် စကားစမြည် ပြောနေသော်လည်း ဖန့်ချန်ကမူ တိတ်ဆိတ်နေဆဲဖြစ်သည်။

​ဖန့်ချန်၏ အကြည့်က ရွှေအမြုတေအဆင့် ပညာရှင်များကို ဝေ့ကြည့်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က မယ်သီလရှင် ချင်းဟယ် ပေးထားသော စာရင်းအရ ဝိညာဉ်သွေးဂိုဏ်းဝင် ဖြစ်နိုင်ချေရှိသည့် ရွှေအမြုတေအဆင့် ပညာရှင် ခုနစ်ယောက် ရှစ်ယောက်ခန့်ကို သူ သတိပြုမိလိုက်သည်။

​"မျက်လုံးမှိတ်ထားတဲ့ လူက ဖန့်မိသားစုက ဖန့်ချန်လား"

"သူပဲ ဖြစ်မှာပေါ့ သူက မျက်မမြင် ဒုက္ခိတတစ်ယောက်လို့ ကြားတယ်"

"ဒီရက်ပိုင်း ကောလာဟလတွေကို ကြားပြီးပြီလားသူက ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်တဲ့"

"ဖန့်ထင်ယွမ် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက မိုးပြာအင်ပါယာက ပါရမီရှင်တွေကိုတောင် ကျော်လွန်ခဲ့တဲ့ နံပါတ်တစ် ပါရမီရှင် မဟုတ်လား မိုးပြာအင်ပါယာနဲ့ နတ်ဘုရားပုန်း အင်ပါယာ က ပါရမီရှင်တွေတောင် သူ့ရှေ့မှာ မှေးမှိန်ခဲ့ရတာ"

"ဟုတ်တယ် အဆင့် ၅ အင်ပါယာမှာ မွေးဖွားခဲ့ပေမဲ့ အဆင့် ၁ အင်ပါယာရဲ့ ဂိုဏ်းကြီးတစ်ခုက အတင်းအဓမ္မ ခေါ်ယူခြင်း ခံခဲ့ရတဲ့သူလေ အဲဒီလို ပါရမီမျိုးကို ဘယ်သူ ယှဉ်နိုင်မှာလဲ"

"နှမြောစရာပဲ သူ့ရဲ့ နောက်ခံက မတောင့်တင်းခဲ့ဘူး အဆင့် ၁ အင်ပါယာမှာ တစ်ယောက်ယောက်ကို သွားစော်ကားမိလို့ တစ်ညတည်းနဲ့ ဘဝပျက်သွားခဲ့ရတာလေ"

​လူငယ်ကျင့်ကြံသူ အများအပြားမှာ ဝိညာဉ်အသိဖြင့် တိုးတိုးလေး ပြောဆိုနေကြပြီး ဖန့်ချန်ကို ခဏခဏ လှည့်ကြည့်နေကြသည်။

သူတို့သည် မဟာချန်းမှ မဟုတ်ကြသော်လည်း လွန်ခဲ့သော နှစ်ပေါင်း ရာချီက ထူးခြားသော ထိုပုဂ္ဂိုလ်ကြီးအကြောင်းကို သိထားကြသည်။

​"စောင့်ရတာ အားနာပါတယ် အားလုံးပဲ"

​ရုတ်တရက်ပင် အဖိုးအိုတစ်ဦးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လာသည်။

​ထိုအဖိုးအိုမှာ အခြားသူမဟုတ်၊ အရင်က ကျောက်စိမ်းမြစ်ခန်းမတွင် ပေါ်လာခဲ့သော မဟာချန်း၏ ဘိုးဘေး ချန်းဝူကျိ ဖြစ်သည်။

သူသည် ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ ရောက်နေသူ ဖြစ်၏။

သူ့နောက်မှ ကျင့်ကြံသူမှာမူ မဟာချန်း၏ ဧကရာဇ် ဖြစ်ပြီး ဖန့်မိသားစုရှိ ဖန့်ခွန် ကဲ့သို့သော အခန်းကဏ္ဍတွင် ရှိသူ ဖြစ်သည်။

​ရွှေအမြုတေအဆင့် ပညာရှင်များနှင့် နှုတ်ဆက်ပြီးနောက် သူတို့က စိုးရိမ်တကြီး မေးလိုက်ကြသည်။

"မိတ်ဆွေ ချန်း စီနီယာ သုံးယောက်က နန်းတော်ထဲမှာ ရှိနေပြီလား"

​"စီနီယာ သုံးယောက်ဆီက သတင်းရထားပါတယ် သူတို့ လာနေကြပါပြီ အချိန်အရဆိုရင် အခုလောက်ဆို ရောက်ခါနီးနေပါပြီ"

ဟု ချန်းဝူကျိက ပြုံးလျက် ပြန်ဖြေသည်။

​သူ၏ စကားအဆုံးမှာပင် သက်တံရောင် အလင်းတန်းတစ်ခုသည် ခန်းမထဲသို့ ဆင်းသက်လာသည်။

အလင်းများ ပျောက်ကွယ်သွားသောအခါ နီရွှေရောင် သင်္ကန်းကို ဝတ်ဆင်ထားပြီး တည်ကြည်လှပသော ရဟန်းတော်တစ်ပါး အားလုံး၏ ရှေ့တွင် ပေါ်လာတော့သည်။

​ထိုရဟန်းတော်က အားလုံးကို ပြုံးပြလိုက်သည်။

"နမော အမိတာဘ ငါ ရောက်တာ မနောက်ကျဘူးလို့ မျှော်လင့်ပါတယ်"

​သူကား ချန်ရှန်းကျောင်းတော် မှ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် နဂါးသစ်သား ပင် ဖြစ်သည်။

​လူအုပ်ကြီး၏ မျက်လုံးများ ဝင်းလက်သွားပြီး အားလုံးက မတ်တတ်ရပ်ကာ အရိုအသေ ပေးလိုက်ကြသည်။

ဖန့်ထင်ကျန့် တို့ပင်လျှင် အရိုအသေပေးရန် တုံ့ဆိုင်းမနေခဲ့ကြချေ။

​မိုးပြာအင်ပါယာတွင် အဓိက ဂိုဏ်းကြီး သုံးဂိုဏ်းရှိပြီး ချန်ရှန်းကျောင်းတော်မှာ ၎င်းတို့အနက် တစ်ခု အပါအဝင် ဖြစ်သည်

​အခန်း ၄၁၆ - အကြပ်အတည်း

​"အားလုံးပဲ အားနာစရာမလိုပါဘူး"

ဟု ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် နဂါးသစ်သား က ပြုံးလျက် ပြောလိုက်သည်။

​နဂါးသစ်သားနှင့် ရွှေအမြုတေအဆင့် ပညာရှင်များသည် နှုတ်ဆက်စကားများ ဖလှယ်ကြပြီးနောက် နေရာယူလိုက်ကြသည်။

သူ၏ အမူအရာမှာ လူအများကို ဖမ်းစားထားသည်။

သူသည် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း နွေဦးမိုးရေစက်များကဲ့သို့ပင် အေးချမ်းတည်ငြိမ်သော အရှိန်အဝါကို ထုတ်ဖော်နေ၏။

သူသည် ဗုဒ္ဓဘာသာဂိုဏ်းမှ ဆရာကြီးတစ်ဦး ဖြစ်သည့်အတိုင်း အမှန်တကယ်ပင် လေးစားဖွယ် ကောင်းလှသည်။

​ဖန့်ချန်၏ ဝိညာဉ်သည် လေထဲတွင် ဝဲပျံနေရင်း နဂါးသစ်သားကို စောင့်ကြည့်နေသည်။

နဂါးသစ်သားသည် သက်တံရောင် အလင်းတန်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သဖြင့် မယ်သီလရှင် ချင်းဟယ်အနေဖြင့် သူ့ကို ကြိုတင်မြင်တွေ့နိုင်ခဲ့မည် မဟုတ်ချေ။

နဂါးသစ်သား၏ အရှိန်အဝါမှာ ရွှေအမြုတေအဆင့် ပညာရှင်များထက် များစွာ ပိုမိုနက်ရှိုင်းသည်။

သူ၏ လှုပ်ရှားမှုတိုင်းတွင် ကြီးမားသော ဖိအားများ ပါဝင်နေသကဲ့သို့ ခံစားရသည်။

သူက ကြင်နာတတ်သော ပုံစံရှိသော်လည်း ထိုနေရာရှိ လူငယ်ကျင့်ကြံသူများမှာမူ အသက်ရှူနှုန်းများ မြန်လာသည်အထိ ဖိအားကို ခံစားနေရ၏။

​သူတို့ စိတ်ကို မစုစည်းနိုင်ခင်မှာပင် ကျားဟိန်းသံကဲ့သို့ ဟိန်းဟောက်သံတစ်ခု နားထဲတွင် ပဲ့တင်ထပ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြူဖွေးသော ကျားကြီးတစ်ကောင် ခန်းမထဲတွင် ပေါ်လာတော့သည်။

​"ဒါက..."

"ကျောက်စိမ်းဟောင်းနန်းတော် က အရှင်ကျားဖြူလား"

​ရွှေအမြုတေအဆင့် ပညာရှင်များစွာမှာ မျက်နှာပျက်သွားကြပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပေါ်လာသည်။

အရှင်ကျားဖြူသည် မိုးပြာအင်ပါယာတွင် တစ်ဦးတည်းသော ဝိညာဉ်သန္ဓေသားအဆင့်ရှိသည့် မိစ္ဆာကျင့်ကြံသူ ဖြစ်ပြီး ကျင့်ကြံရန်အတွက် ကျောက်စိမ်းဟောင်းနန်းတော်မှ ထွက်ခွာလေ့မရှိသူအဖြစ် နာမည်ကြီးသည်။

​ဒီနေ့ရောက်လာမည့် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်များထဲတွင် ထိုကဲ့သို့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်မျိုး ပါဝင်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အရှင်ကျားဖြူသည် ကိစ္စတစ်ခုကြောင့် ဒေါသတကြီး ဖြစ်ခဲ့ဖူးပြီး ထိုစဉ်က အနည်းဆုံး ရွှေအမြုတေအဆင့် ပညာရှင် တစ်ဆယ်ခန့်မှာ သူ၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရဖူးသည်။

​ရွှေအမြုတေအဆင့် ပညာရှင်အားလုံးက တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

"ကျွန်တော်မျိုးတို့ အရှင်ကျားဖြူကို ဂါရဝပြုပါတယ်"

​အရှင်ကျားဖြူကမူ သူတို့ကို မျက်လုံးလှန်ကြည့်ရန်ပင် စိတ်မဝင်စားချေ။

သူသည် နဂါးသစ်သားထံသို့သာ အကြည့်ပို့လိုက်သည်။

"လုံရှု အရှင်ဝေဟင်ပြေး ရော သူမ ဘာလို့ အခုထိ မရောက်သေးတာလဲ"

​လူအုပ်ကြီး၏ မျက်နှာထားများမှာ နေရခက်သွားကြသည်။

ဒါဟာ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦးက ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ဆက်ဆံရမည့် အရှိန်အဝါမျိုး ဖြစ်သည်။

နဂါးသစ်သားကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သော ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်မျိုးမှာ အလွန်ရှားပါးသည်။

​နဂါးသစ်သားက ပြုံးလိုက်သည်။

"အရှင်ဝေဟင်ပြေးက ဒီတစ်ခေါက် တပည့်နှစ်ယောက်ကို ခေါ်လာတာဆိုတော့ လမ်းမှာ အနည်းငယ် ကြန့်ကြာနေတာ ဖြစ်ပါလိမ့်မယ်"

​"အော်"

ဟု အရှင်ကျားဖြူက ခေါင်းညိတ်လိုက်သည်။

သူ၏ အကြည့်က ထိုနေရာရှိ ရွှေအမြုတေအဆင့် ပညာရှင်များဆီသို့ ဝေ့ဝဲသွားရာ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ စိုးမိုးနေသည်။

သူ စိုက်ကြည့်ခံရသော ရွှေအမြုတေအဆင့် ပညာရှင်များမှာ ရေခဲရေဖြင့် အလောင်းခံရသကဲ့သို့ ရင်ထဲတွင် စိမ့်တက်သွားပြီး ချွေးစေးများ ထွက်လာကြသည်။

​ရုတ်တရက် အရှင်ကျားဖြူ၏ အကြည့်က ဖန့်ချန်ပေါ်တွင် ရပ်တန့်သွားပြီး ခပ်အေးအေး ပြောလိုက်သည်။

"ဒီကလေးက ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်လား"

​အားလုံး အံ့သြသွားကြသည်။

သူတို့ ဖန့်ချန်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အရှင်ကျားဖြူ၏ စကားကြောင့် အကြည့်အားလုံးက ဖန့်ချန်ထံသို့ စုပြုံရောက်ရှိသွားတော့သည်။

ဖန့်ဝမ်လီမှာ ဇဝေဇဝါ ဖြစ်သွားသည်။

အရှင်ကျားဖြူက ဘာလို့ ဒီကလေးအကြောင်းကို ရုတ်တရက် ထုတ်ပြောရတာလဲ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တာလား

​ဖန့်မိုရှန်းကတော့ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ ခိုးပြီး ဝမ်းသာနေသည်။

အရှင်ကျားဖြူက ဖန့်ထင်ယွမ်နဲ့ ပတ်သက်တဲ့ ကိစ္စကို မှတ်မိနေပုံရသည်။

မဟုတ်ရင် မဟာချန်းကို ရောက်တာနဲ့ ဒီကလေးအကြောင်းကို ပြောမှာ မဟုတ်ဘူး။

​ဖန့်ထင်ကျန့်က မတ်တတ်ရပ်ကာ အရိုအသေပြုလိုက်ပြီးနောက် မတုန်မလှုပ်သော လေသံဖြင့် ပြောလိုက်သည်။

"အရှင်ကျားဖြူ ဒီကလေးက ကျွန်တော့်ရဲ့ အစ်ကိုကြီးရဲ့ မျိုးဆက် အမှန်ပါပဲ"

​"ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်က မြို့တော်ကို ပြန်ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ဟု အရှင်ကျားဖြူက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

"ဒီကလေးရဲ့ ပါရမီက ဖန့်ထင်ယွမ်နဲ့ ယှဉ်နိုင်မလား သိချင်မိရဲ့"

​ဖန့်ထင်ကျန့်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"သူက ကျွန်တော့်အစ်ကိုကြီးကို ဘယ်လိုမှ မမီနိုင်ပါဘူး သူက ငယ်ပါသေးတယ် သွားရမယ့်လမ်းက အဝေးကြီး ကျန်ပါသေးတယ် အရှင်ကျားဖြူ ရဲ့ စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါတယ်"

​ဖန့်ချန်သည် ဝိညာဉ်အသိဖြင့် အရှင်ကျားဖြူကို စောင့်ကြည့်နေရင်း တွေးတောနေမိသည်။

အရှင်ဖြူကျားက ဘိုးဘေးထင်ယွမ်ရဲ့ ကိစ္စနဲ့ ပတ်သက်နေတာပဲ

​ထျန်းဝူနှင့် အခြားသူများလည်း အံ့သြသွားကြသည်။

"ဒီကလေးက ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်ကိုး"

​ကျန်းရွှမ်၏ မျက်နှာတွင် အရင်က အပြုံးတစ်ခု ရှိနေသော်လည်း အရှင်ကျားဖြူ ၏ စကားကို ကြားသောအခါ အပြုံးများ ပျောက်ကွယ်သွားပြီး ဖန့်ချန်ကို တင်းမာသော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။

​မီရှန်းမှာလည်း မှင်တက်သွားသည်

"သူက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​ချောင်ရှန်းမှ ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦးက မီရှန်းထံသို့ လှည့်ကြည့်ကာ

" မီရှန်း ဘာဖြစ်လို့လဲ မင်း ဒီကလေးကို သိနေတာလား"

ဟု မေးလိုက်သည်။

​"ဒေါ်ဒေါ် သူက အဲဒီတုန်းက ကျွန်မကို ကယ်ခဲ့တဲ့သူပဲ"

ဟု မီရှန်းက ဝိညာဉ်အသိဖြင့် အမြန်ပြန်ဖြေလိုက်သည်။

ချောင်ရှန်းမှ ပညာရှင်မှာ ခဏမျှ အံ့သြသွားပြီးနောက် ဖန့်ချန်ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

​တုန်းဖန်းဟောက်ကျဲမှာမူ နျဲ့ထျန်းယွမ်ကို ကြည့်ရင်း တွေဝေနေပုံရသည်။

"ဖန့်ထင်ယွမ်ရဲ့ မျိုးဆက်လား ဦးလေးနျဲ့ ဖန့်ထင်ယွမ်သာ အဲဒီတုန်းက အန္တရာယ်နဲ့ မကြုံခဲ့ရရင် မဟာချန်းသမိုင်းမှာ ပထမဆုံး ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အဖေက ပြောဖူးတယ်"

​"ငါလည်း ကြားဖူးပါတယ်"

ဟု နျဲ့ထျန်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"တကယ်တော့ သူ့ရဲ့ ပါရမီက ထူးခြားလွန်းလို့ အဆင့် ၁ အင်ပါယာက ဂိုဏ်းကြီးတစ်ခုရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတာလေ"

​"အံ့သြစရာပဲ အဲဒီလို ပါရမီရှင်ရဲ့ မျိုးဆက်ဆိုတော့ သူ့အရည်အချင်းကလည်း မနည်းလောက်ဘူးပေါ့"

ဟု တုန်းဖန်းဟောက်ကျဲက ဖန့်ချန်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ငယ်ပါသေးတယ် ဟုတ်လား"

အရှင်ဖြူကျားက ရယ်မောလိုက်သည်။

"ဖန့်ထင်ယွမ်လည်း အဲဒီတုန်းက ငယ်တာပဲ မဟုတ်လား အဲဒီတုန်းက သူက အသက် ၄၀၊ ၅၀ လောက်ပဲ ရှိသေးတာ"

" ရွှေအမြုတေအဆင့်ကို တက်လှမ်းပြီး တိမ်မြုပ်ဒေသ က ပါရမီရှင် အားလုံးကို နှိမ်ထားနိုင်ခဲ့တာလေ ခဏတဖြုတ်တော့ သူက အနှိုင်းမဲ့ ဖြစ်ခဲ့တာပဲ"

​"တကယ်လို့ အဲဒီတုန်းက ကိစ္စသာ မဖြစ်ခဲ့ရင် အခုဆို ငါက သူ့ကို မိတ်ဆွေလို့ ခေါ်နေရလောက်ပြီ ဟားဟားဟား"

အရှင်ကျားဖြူ၏ ထူးဆန်းသော ရယ်သံမှာ ခန်းမထဲတွင် ပဲ့တင်ထပ်သွားပြီး အားလုံး၏ မျက်နှာထားများမှာ ထူးဆန်းပြီး ရှုပ်ထွေးသွားကြသည်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦးက ဖန့်ထင်ယွမ်ကို နှစ်ပေါင်းများစွာကြာအောင် မှတ်မိနေခြင်းက ဖန့်ထင်ယွမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မည်မျှအထိ ကြောက်စရာကောင်းသော ပါရမီရှင် ဖြစ်ခဲ့ကြောင်း သက်သေပြနေခြင်းပင်။

ဖန့်ထင်ယွမ်၏ မျိုးဆက် တစ်နေ့တွင် ပြန်ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

​အရှင်ကျားဖြူသည် သူ၏ ခြေသည်းကို မြှောက်ကာ ဖန့်ချန်ကို လက်ယပ်ခေါ်လိုက်သည်။

"လာစမ်း ကောင်လေး မင်းရဲ့ အခြေခံကို ငါ စမ်းသပ်ကြည့်ရအောင် တကယ်လို့ မင်းရဲ့ အခြေခံက မဆိုးဘူးဆိုရင် ကျောက်စိမ်းဟောင်းနန်းတော်ကို ငါနဲ့အတူ လိုက်ခဲ့ပြီး ငါ့ဆီမှာ ကျင့်ကြံမလား"

​ကျောက်စိမ်းဟောင်းနန်းတော်တွင် ကျင့်ကြံမည် ဟုတ်လား မိစ္ဆာကျင့်ကြံသူတစ်ဦး၏ လမ်းစဉ်က လူသားကျင့်ကြံသူတစ်ဦးအတွက် မည်သို့ ဆီလျော်ပါမည်နည်း။

အရှင်ကျားဖြူသည် ဖန့်ချန်ကို သိသိသာသာ လှောင်ပြောင်နေခြင်း ဖြစ်သည်။

​ဖန့်ထင်ယွမ်သည် အတိတ်တုန်းက အရှင်ဖြူကျားကို စော်ကားခဲ့ဖူးကြောင်း အားလုံးနီးပါး သေချာသွားကြသည်။

​ဖန့်ထင်ကျန့်က ပြုံးလိုက်ပြီး

"စီနီယာကတော့ နောက်နေပြန်ပြီ ဒီကလေးက စီနီယာရဲ့ ဂရုစိုက်မှုကို ခံယူဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မှီမှာလဲ"

ဟု ပြောလိုက်သည်။

​ဖန့်ဝမ်လီမှာမူ စိတ်ထဲမှ ကြိတ်ပြီး ညည်းတွားနေမိသည်။

ဖန့်ထင်ကျန့်သာ သူ့စကားကို နားထောင်ခဲ့ရင် ဒီလို ပြဿနာမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး။

​ဖန့်ရှုနှင့် ဖန့်ကျွယ်တို့မှာ ထိတ်လန့်နေကြသော်လည်း ဖန့်ရှန်း၏ မျက်နှာတွင်မူ လှောင်ပြုံးတစ်ခု ပေါ်နေသည်။

​"ဖန့်ချန်တော့ ဒုက္ခရောက်ပြီ"

ဟု ချန်းဖုန်းက သူ၏ ဘေးရှိ မင်းသား၊ မင်းသမီးများကို ဝိညာဉ်အသိဖြင့် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ချန်းကျိုယဲ့ကမူ မျက်မှောင်ကြုတ်ကာ အရှင်ကျားဖြူကို ခိုးကြည့်လိုက်သည်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦးက ဘာလို့ ဒီလောက်အထိ ရန်ငြိုးကြီးနေရတာလဲ ဒါက သဘောထား သေးသိမ်လွန်းရာ ရောက်နေသည်။

​"မင်း တိုက်ခိုက်စရာတောင် လိုမှာ မဟုတ်ဘူး ဖန့်ချန်ကတော့ ဖိအားအောက်မှာတင် ပျက်စီးသွားတော့မယ် ထင်တယ်"

ဟု ထုံပိုင်ကျိုးက ကျွယ်ဝူတိကို ဝိညာဉ်အသိဖြင့် လှမ်းပြောလိုက်သည်။

​"ငါကတော့ သူ့ကို ငါ့လက်နဲ့ကိုယ်တိုင် နှိမ်နင်းချင်တာ"

ဟု ကျွယ်ဝူတိက အေးစက်စွာ ပြောလိုက်သည်။

ထုံပိုင်ကျိုးက ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

​အရှင်ကျားဖြူ ၏ အကြည့်က အေးစက်သွားပြီး ဖန့်ထင်ကျန့်ကို ကြည့်လိုက်သည်။

"ငါ ဘယ်တုန်းက နောက်နေတယ်လို့ ပြောလိုက်လို့လဲ"

​အခြေအနေက တင်းမာလာစဉ်မှာပင် နောက်ထပ် သက်တံရောင် အလင်းတန်းတစ်ခု ခန်းမထဲသို့ ဆင်းသက်လာသည်။

အလင်းများ ပျောက်ကွယ်သွားသောအခါ လူသုံးယောက် ပေါ်လာသည်။

တစ်ဦးမှာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် အေးစက်လှပသော အမျိုးသမီးကြီး ဖြစ်သည်။

သူမ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ရိပ်ပြေးနေသည်။

ကျန်နှစ်ဦးမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ရှိသည့် လူငယ် နှစ်ဦး ဖြစ်သည်။

အမျိုးသားမှာ ဓားကဲ့သို့ မျက်ခုံးတန်းများနှင့် ကြယ်ကဲ့သို့ တောက်ပသော မျက်လုံးများရှိသည့် ချောမောသူ ဖြစ်ပြီး၊ အမျိုးသမီးမှာမူ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်ရှိသည့် နတ်သမီးတစ်မျှ လှပသူ ဖြစ်သည်။

​အားလုံး စိတ်လှုပ်ရှားသွားကြသည်။

​"အရှင်ဝေဟင်ပြေး"

တုန်းဖန်းဟောက်ကျဲ၏ မျက်လုံးများ ဝင်းလက်သွားသည်။

"နတ်သမီး ထျန်းယင်"

​အရှင်ဝေဟင်ပြေးသည် အရှင်ကျားဖြူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"အရှင်ကျားဖြူ ရှင်က ဝိညာဉ်သန္ဓေသားအဆင့်ရှိတဲ့ မိစ္ဆာတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ ဒီကလေးလေးကို ဒုက္ခပေးနေရတာလဲ"

​အော်... အရှင်ဝေဟင်ပြေးက အမျိုးသမီးကိုး

ဟု ဖန့်ချန် တွေးလိုက်သည်။

​တုန်းဖန်းဟောက်ကျဲ ပြောတာသာ မှန်မယ်ဆိုရင်တော့ သူ့ရှေ့က လူဟာ နဂါးသွေးမျိုးနွယ်စုဝင် တစ်ဦးဖြစ်ပြီး မိုးပြာအင်ပါယာ၊ ခရမ်းရောင်ဝင်ရိုးစာပေသင်တန်း က ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် တစ်ဦး ဖြစ်ရပေမည်။

All Chapters