အခန်း (၄၁၉-၄၂၀)
Vol. 42 Ch. 419-420
အခန်း ၄၁၉ ထိုလောကတွင် နေထိုင်ရန် မထိုက်တန်သူများ
"ဆရာနဲ့ စီနီယာအစ်မတို့ အရင်ပြန်နှင့်ကြပါ ကျွန်တော် ဖန့်ချန်နဲ့ ခဏလောက် လျှောက်လည်ဦးမယ် ပြီးမှပဲ ကျောင်းတော် ကို ပြန်လာခဲ့ပါ့မယ်"
ရှကျီ သည် ဆရာကြီး ချန်ယွမ်နှင့် ဝူရုန့်ချိုတို့ကို နှုတ်ဆက်ပြီးနောက် ဖန့်ချန်တို့နှင့်အတူ ဖန့်မိသားစုအိမ်တော်သို့ လိုက်ပါလာခဲ့သည်။
လမ်းတစ်လျှောက်တွင် ဖန့်လင်ရှင်းက ရှကျီကို ရွဲ့စောင်းပြောဆိုနေသော်လည်း ရှကျီက တစ်ခွန်းမကျန် ပြန်လည်ချေပနေသဖြင့် ဖန့်မိုရှန်းမှာ ဒေါသထွက်နေရသည်။
သို့သော် ဖန့်ခွန်နှင့် အခြားသူများကမူ ဂရုမစိုက်ကြချေ။
လူကြီးများအမြင်တွင် ထိုသည်မှာ ကလေးချင်း ရန်ဖြစ်နေကြသည်ဟုသာ ထင်မြင်ကြသည်။
ထို့ပြင် ရှကျီ၏ နောက်ကွယ်တွင် ဆရာကြီး ချန်ယွမ် ရှိနေသလို ဖန့်ချန်နှင့်လည်း ရင်းနှီးသဖြင့် သူတို့ ဘာမှဝင်မပြောကြခြင်း ဖြစ်သည်။
ဖန့်လင်ရှင်းက စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး ဖန့်မိုရှန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် ဘိုးဘေးနှစ်ဦးကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ သူမ ထွက်သွားရင်း တိုးတိုးလေး ရေရွတ်သွား၏။
"စီနီယာအစ်ကိုကျွယ်က ဖန့်ချန်ကို အနိုင်ပိုင်းပြီးရင်တော့ နင်တို့နှစ်ယောက် ဘယ်လိုနေမလဲ ကြည့်ကြသေးတာပေါ့"
"အဲဒီကလေးမက ကျွယ်ဝူတိဆီကို ထပ်သွားပြန်ပြီလား"
ဖန့်ဝမ်လီက မျက်မှောင်ကြုတ်လိုက်သည်။
"ကျွယ်မိသားစုဝင်တွေနဲ့ သိပ်မပတ်သက်ဖို့ သူမကို သတိပေးသင့်တယ်လို့ ထင်တယ်"
ဖန့်မိုရှန်း စကားမပြောခင်မှာပင် ဖန့်ထင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
"မျိုးဆက်သစ်တွေမှာ သူတို့အတွေးနဲ့သူတို့ ရှိကြတာပဲ ငါတို့လူကြီးတွေက ဘာလို့ ဝင်ပါနေမှာလဲ"
ဖန့်ဝမ်လီ ဆက်မပြောတော့ဘဲ တိတ်သွားတော့သည်။
"ဖန့်ချန် မင်း ဘာတွေတွေးနေတာလဲ စိတ်ထဲမှာ တစ်ခုခုရှိရင် ပြောလေ ငါတို့ အတူတူ စဉ်းစားကြတာပေါ့"
ရှကျီက လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသော ဖန့်ချန်ကို ကြည့်ကာ ဝိညာဉ်အသိဖြင့် လှမ်းမေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ကျွယ်ဝူတိက တုန်းဖန်းဟောက်ကျဲကို ဘယ်လိုနည်းနဲ့ အဆိပ်ခတ်လိုက်တာလဲဆိုတာ သိချင်နေရုံပါ"
ဟု ဖန့်ချန်က ပြန်ဖြေလိုက်သည်။
"ငါတို့က ကျင့်ကြံခြင်းအဆင့် နိမ့်တာကိုး သူတို့မှာ ငါတို့ မရိပ်မိအောင် အဆိပ်ခတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိမှာပေါ့ "
"မင်း မမြင်လိုက်တာ မဆန်းပါဘူး အခုတော့ တုန်းဖန်းဟောက်ကျဲက ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်နောက်ကို လိုက်သွားပြီဆိုတော့ အန္တရာယ် သိပ်မရှိနိုင်တော့ပါဘူး"
ဟု ရှကျီက ပြန်ဖြေသည်။
ဖန့်ချန် ဘာမှ ထပ်မပြောတော့ပေ။
ဖန့်ချန်၏ ဝိညာဉ်မှာ သာမန်လူများနှင့် မတူဘဲ ထူးခြားလှသည်ကို ရှကျီ မသိချေ။
ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦး ကိုယ်တိုင် လှုပ်ရှားခြင်း မဟုတ်လျှင် ဖန့်ချန်၏ မျက်စိအောက်မှ လွတ်ရန် ခက်ခဲလှသည်။
သို့သော် အကယ်၍ ထိုပညာရှင်များ ကိုယ်တိုင် လှုပ်ရှားခဲ့လျှင်ပင် ဖန့်ချန်အနေဖြင့် သဲလွန်စအချို့ကိုတော့ သေချာပေါက် သတိထားမိလိမ့်မည် ဖြစ်သည်။
"ဒါနဲ့ အဲဒီ ဝတုတ်ကောင်က တကယ် မဆိုးဘူးပဲနော် သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အဆိပ်အကုန်လုံးကို ခုခံနိုင်တာလား ဝိညာဉ်သွေးဂိုဏ်းကတောင် သူ့ကို သေအောင် အဆိပ်မခတ်နိုင်ဘူးပဲ ခုနက ကြည့်ရတာတော့ အဲဒီလောက် အရည်အချင်းရှိမယ်လို့ မထင်ထားမိဘူး"
ဟု ရှားကျိက ပြောသည်။
ဖန့်ချန် အနည်းငယ် အံ့သြသွားပြီး
"မင်း တုန်းဖန်းဟောက်ကျဲကို အရင်က တွေ့ဖူးလို့လား ဝိညာဥ်ရင်းမြစ်ရပ်ကွက် မှာလား"
"မတွေ့ဖူးပါဘူး မကြာခင်က စွမ်းအားမြင့်ဗလာ ကျောင်းတော် မှာ တွေ့တာ ဒီ မနက်ကပဲ သူနဲ့ သူ့ဘေးက ရွှေအမြုတေအဆင့် ပညာရှင်က ကျောင်းတော်ကို လာပြီး ကျမ်းစာတွေ လာဖတ်ကြတာ"
ရှကျီက လှောင်ပြောင်သလို အသံဖြင့် ပြောသည်။
"ဒီကာလအတွင်းမှာ ရွှေအမြုတေအဆင့် ပညာရှင် တော်တော်များများ ကျောင်းတော်ကို ရောက်လာကြတယ် အဲဒီ ကျမ်းစာတွေကို ဖတ်ပြီး သက်တမ်းတိုးဖို့ ကြိုးစားနေကြတာလေ"
"ကျမ်းစာ လာဖတ်တယ် ဟုတ်လား"
ဖန့်ချန် စဉ်းစားနေမိသည်။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ တုန်းဖန်းဟောက်ကျဲသည် စားသောက်ပွဲ မစတင်မီကတည်းက အဆိပ်ခတ်ခံထားရခြင်း ဖြစ်နိုင်သည်။
စားသောက်ပွဲကျမှ အဆိပ်က တက်လာခြင်း ဖြစ်လျှင် မည်သူ အဆိပ်ခတ်သနည်းဟု ပြောရန် ခက်သွားမည်။
တုန်းဖန်းဟောက်ကျဲဘေးတွင် အမြဲရှိနေသော နျဲ့ထျန်းယွမ်မှာ အကြီးမားဆုံး သံသယရှိသူ ဖြစ်လာသည်။
သူတို့ အိမ်တော်သို့ ပြန်ရောက်သောအခါ ရှကျီနှင့် ဖန့်ချန်တို့သည် တိတ်ဆိတ်သော အခန်းတစ်ခုထဲသို့ ဝင်လိုက်ကြသည်။
"ဖန့်ချန် နောက်တစ်ဆင့် ဘာလုပ်မလဲ ဝိညာဉ်သွေးဂိုဏ်းရဲ့ အစီအစဉ် ပျက်သွားပြီဆိုရင် သူတို့ တခြား နည်းလမ်းတွေ သုံးလာနိုင်တယ်"
ရှကျီက လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
"မမျှော်လင့်ထားတာ တစ်ခုခု မဖြစ်ခဲ့ရင်တော့ ပုန်းအောင်းနေတဲ့ ခွန်လုံစစ်သူကြီးက အခွင့်အရေးကို အသုံးချပြီး တုန်းဖန်းဟောက်ကျဲကို တိုက်ခိုက်လာနိုင်တယ်"
ဟု ဖန့်ချန်က တွေးတောရင်း ပြောလိုက်သည်။
"ပုန်းအောင်းနေတဲ့ ခွန်လုံစစ်သူကြီး ဟုတ်လား"
ရှားကျိ အံ့သြသွားသည်။
"သူက မဟာချန်းကို ရောက်နေပြီလား"
"သူက မဟာချန်းမှာ အစကတည်းက ရှိနေခဲ့တာလည်း ဖြစ်နိုင်တယ်"
ရှကျီက သူ၏ ပေါင်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
"ငါ ဘာလို့ ဒါကို မတွေးမိတာလဲ သူက တော်တော် လည်တာပဲ တိမ်မြုပ်ဒေသ တစ်ခုလုံးကို ဖျက်ဆီးဖို့ဆိုရင် ဝိညာဉ်သွေးဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေ ကိုယ်တိုင် မကြီးကြပ်ဘဲ နေပါ့မလား အဖြစ်အပျက်တွေ ပြီးမှ ရောက်လာတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူးလေ"
"မင်း ဒီရက်ပိုင်းအတွင်း ကျောင်းတော်ကို မပြန်ဘဲ ဖန့်အိမ်တော်မှာပဲ နေပါလား"
ဖန့်ချန်က စနောက်လျက် ပြောလိုက်သည်။
"မင်းရဲ့ စီနီယာအစ်မလည်း မင်းချက်တဲ့ စွပ်ပြုတ်တွေကို ရက်အနည်းငယ်လောက် နားလို့ရတာပေါ့"
"အဲဒါလည်း ဟုတ်တာပဲ ဒါပေမဲ့ ငါက ကျောင်းတော်မှာ နေရတာ ပိုကြိုက်တယ် အဲဒီမှာ ရှုခင်းက ပိုလှသလို စီနီယာအစ်မလည်း အဖော်ရှိတယ်လေ"
ရှကျီက ပြုံးလျက် ဖန့်ချန်၏ ပုခုံးကို ပုတ်ကာ ပြောသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းက နိမ့်လွန်းတော့ ဒီကိစ္စမှာ မင်းကို သိပ်မကူညီနိုင်ဘူး တကယ်လို့ အခြေအနေက ငါတို့ လက်လှမ်းမမီတော့ဘူးဆိုရင် အတူတူ ထွက်ပြေးကြတာပေါ့ နောင်တစ်ချိန်မှာ အခွင့်အရေးတွေ ရှိနေပါသေးတယ်"
ရှကျီက ထိုစကားကို ပြောပြီးနောက် ဖန့်ချန် ပြန်ပြောရန် အခွင့်အရေးပင် မပေးဘဲ ထွက်သွားတော့သည်။
သူသည် ထိုစကားကို ပြောရန်သက်သက် လာခဲ့ပုံရသည်။
"ကံကြမ္မာဆိုတာ ကောင်းကင်ဘုံကိုတောင် အနိုင်ယူနိုင်ပါတယ်"
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မွဲပြာရောင် မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
အမှန်တကယ်ပင် သူ၏ ကျင့်ကြံခြင်းမှာ ဝိညာဉ်သွေးဂိုဏ်း၏ ပညာရှင်များနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
သူတို့ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ။
သို့သော် ယခုအချိန်တွင် သူသည် သတင်းအချက်အလက် အသာစီး ရထားသလို၊ အမှောင်ထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။
ကောင်းမွန်သော အကူအညီများသာ ရရှိလျှင် သူ အနိုင်ရရန် အခွင့်အရေး ရှိနေပေသေးသည်။
ဖန့်ချန်သည် ဝိညာဉ်အသိကို အသုံးပြု၍ နန်းတော်ထဲရှိ ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်သွားသည်။
တုန်းဖန်းဟောက်ကျဲသည် အရှင်ဝေဟင်ပြေး၏ ရှေ့တွင် ရိုသေစွာ မတ်တတ်ရပ်နေ၏။
"နျဲ့ထျန်းယွမ်လည်း ဒီမှာ မရှိဘူး အရှင်ဝေဟင်ပြေး ခေါ်လာတဲ့ တပည့်နှစ်ယောက်လည်း မရှိဘူးပဲ"
ကြီးမားပြီး အားကောင်းသော ဝိညာဉ်စွမ်းအားများက သူတို့နှစ်ဦးကို အကာအကွယ်အဖြစ် ဝန်းရံထားသည်။
ထိုသည်မှာ အရှင်ဝေဟင်ပြေး၏ နည်းစနစ်ဖြစ်ပြီး ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦးပင် အလွယ်တကူ ချဉ်းကပ်ရန် ခက်ခဲလှသည်။
"စီနီယာ ဝေဟင်ပြေး အခြေအနေက ဒီလိုပါ ဝိညာဉ်သွေးဂိုဏ်းက ကျွန်တော့်ကို အသုံးချပြီး တိမ်မြုပ်ဒေသ တစ်ခုလုံးကို သွေးဝိညာဉ်ဆေးလုံးတွေ ဖော်စပ်တဲ့ မီးဖိုကြီးအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတာပါ"
ဟု တုန်းဖန်းဟောက်ကျဲက ရှင်းပြလိုက်သည်။
သူက စကားကို ရပ်လိုက်ပြီး အရှင်ဝေဟင်ပြေး၏ တုံ့ပြန်မှုကို စောင့်နေသည်။
အရှင်ဝေဟင်ပြေးက ခဏမျှ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"ဒီကိစ္စကို မင်းကိုပြောပြတဲ့ ကျင့်ကြံသူက ဘယ်သူလဲဆိုတာ မင်းသိလား"
"မသိပါဘူး စီနီယာကျားဖြူ ဒါမှမဟုတ် ဆရာကြီး နဂါးသစ်သား ဖြစ်နိုင်မလား"
တုန်းဖန်းဟောက်ကျဲက မျက်မှောင်ကြုတ်လိုက်သည်။
"သူက ကျွန်တော်ဟာ နဂါးသွေးမျိုးနွယ်စုဝင် ဖြစ်တာကို သိသလို ဝိညာဉ်သွေးဂိုဏ်းရဲ့ အစီအစဉ်ကိုလည်း သိနေတယ် သူ့ရဲ့ စွမ်းအားက ဝိညာဉ်သန္ဓေသားအဆင့် အထက်မှာ ရှိမှာ သေချာတယ်"
"သူ ဖြစ်ရင်လည်း ဖြစ်နိုင်သလို မဟုတ်ရင်လည်း မဟုတ်နိုင်ဘူး ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ စတိုင်နဲ့တော့ မတူဘူး"
အရှင်ဝေဟင်ပြေးက ခေါင်းခါလိုက်သည်။
"သူတို့က ဝိညာဉ်သွေးဂိုဏ်းနဲ့ အလွယ်တကူ ရန်သူမလုပ်ချင်ကြဘူး သူတို့က ကိုယ့်အသက်ကိုယ် သိပ်နှမြောကြတာ"
တုန်းဖန်းဟောက်ကျဲ၏ မျက်နှာထားက ထူးဆန်းသွားသည်။
"စီနီယာ ဝေဟင်ပြေး စီနီယာ အဲဒီလူရဲ့ စကားကို ယုံလို့လား ကျွန်တော့်အမြင်အရတော့ ဒီကိစ္စက တစ်ချို့လူတွေက သူတို့အကျိုးစီးပွားအတွက် မဟာချန်းနဲ့ မဟာဝေကို စစ်ဖြစ်အောင် သွေးထိုးပေးနေတာလည်း ဖြစ်နိုင်တယ်လေ"
အရှင်ဝေဟင်ပြေး၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီကမ္ဘာမှာ ဝိညာဉ်သွေးဂိုဏ်းရဲ့ သဲလွန်စတွေကို လိုက်ရှာနေတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ မင်း တကယ် ထင်နေတာလား "
"မဟုတ်ရင် သူတို့ ဘာလို့ ဒီလောက်အထိ လျှို့ဝှက်နေရမှာလဲ အဆင့် ၁ အင်ပါယာတွေမှာ ဝိညာဉ်သွေးဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့ ကြိုးစားနေတဲ့ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်"
"ဒါကြောင့်လည်း သူတို့က သူတို့ရဲ့ ခြေရာလက်ရာတွေကို အလွယ်တကူ အသိမခံတာပေါ့"
" အဲဒီ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေက တစ်ခါက ပြောဖူးတယ် ဝိညာဉ်သွေးဂိုဏ်းက အမှောင်ထဲမှာ ပုန်းချင်တယ်ဆိုရင် ငါတို့လည်း သူတို့လိုပဲ အမှောင်ထဲမှာ ပုန်းနေကြတာပေါ့ ဘယ်သူက အရင် လက်ဦးမှုယူမလဲ ကြည့်ကြသေးတာပေါ့ တဲ့"
ဟု အရှင်ဝေဟင်ပြေးက ရှင်းပြသည်။
ဖန့်ချန်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ဝင်းလက်သွားသည်။
"ဒါက..."
တုန်းဖန်းဟောက်ကျဲမှာလည်း မယုံကြည်နိုင်သလို ကြည့်နေမိသည်။
"စီနီယာ ဝေဟင်ပြေး... စီနီယာ ဆိုလိုတာက..."
"ငါ ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းနိုင်တဲ့ နေ့ကတည်းက ငါ လုပ်ခဲ့တဲ့ အရာတစ်ခု ရှိတယ် အဲဒါက ဝိညာဉ်သွေးဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို လိုက်ရှာပြီး သူတို့ကို ငရဲကို ပို့ပေးနေတာပဲ"
အရှင်ဝေဟင်ပြေး၏ အကြည့်မှာ အေးစက်လှသည်။
"ဒီလူတွေက ဒီလောကမှာ နေထိုင်ဖို့ လုံးဝ မထိုက်တန်တဲ့ သူတွေပဲ"
သူမ ခဏရပ်လိုက်ပြီး တုန်းဖန်းဟောက်ကျဲကို ကြည့်ကာ ဆက်ပြောသည်။
"ဝိညာဉ်သွေးဂိုဏ်းက တိမ်မြုပ်ဒေသကို သွေးဝိညာဉ်ဆေးလုံး ဖော်စပ်တဲ့ မီးဖိုအဖြစ် သုံးဖို့ အမြဲတမ်း ကြံစည်နေတာကို ငါတို့ သိထားတာ ကြာပါပြီ "
"မြို့တော်ထဲမှာလည်း ငါတို့ဘက်က ကျင့်ကြံသူတွေ အများကြီး ရှိတယ် မင်း ငါ့အနားမှာပဲ နေပါ တကယ်လို့ ဝိညာဉ်သွေးဂိုဏ်းက အသည်းအသန် ဖြစ်လာရင် သူတို့ရဲ့ ဖဲချပ်တွေကို ထုတ်ပြလာလိမ့်မယ် "
"အဲဒီအချိန်ကျရင် တိမ်မြုပ်ဒေသမှာရှိတဲ့ သူတို့ရဲ့ အခြေစိုက်စခန်း အားလုံးကို ငါ အမြစ်ပြတ် သုတ်သင်ပစ်မယ်"
တုန်းဖန်းဟောက်ကျဲမှာ ဆွံ့အသွားတော့သည်။
ဖန့်ချန်မှာလည်း ခဏမျှ မှင်တက်သွားပြီးနောက် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာသည်။
ဝိညာဉ်သွေးဂိုဏ်းကို တိုက်ခိုက်နေသည့် ဩဇာရှိသော ပုဂ္ဂိုလ်များ ရှိနေသည်ကို သိလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် ဖိထားသော ကျောက်တုံးကြီးမှာ အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်
အခန်း ၄၂၀ - ဝိညာဉ်သုတ်သင်ရေးဌာန
"ဒါက ပိုပြီး အဓိပ္ပာယ်ရှိသွားပြီ တကယ်လို့ ဘယ်သူမှ သတိမထားမိကြဘူးဆိုရင် ဝိညာဉ်သွေးဂိုဏ်းက သူတို့စိတ်ကြိုက် သွေးဝိညာဉ်ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် သက်ရှိမှန်သမျှကို ဗြောင်ကျကျ သတ်ဖြတ်နေကြမှာပေါ့ ဘာလို့ အမှောင်ထဲမှာ ပုန်းနေဖို့ လိုဦးမှာလဲ"
အရှင်ဝေဟင်ပြေးကို ကြည့်ရင်း ဖန့်ချန်၏ စိတ်ထဲတွင် ရင်းနှီးမှုတစ်ခု ခံစားလိုက်ရသည်။
သူမ၏ စကားအရ သူမသည် မဟာချန်းသို့ ကြိုတင်ပြင်ဆင်မှုများဖြင့် ရောက်လာခြင်းဖြစ်ပြီး ဝိညာဉ်သွေးဂိုဏ်း၏ အစွယ်အပွားများကို ဖော်ထုတ်ရန်အတွက် လူအင်အားများကို တိတ်တဆိတ် ချထားပြီးသား ဖြစ်ကြောင်း ထင်ရှားနေသည်။
ဝိညာဉ်သွေးဂိုဏ်းမှာ သူတို့လူတွေ ရှိသလို၊ အရှင်ဝေဟင်ပြေး နောက်ကွယ်မှာလည်း လူတွေ ရှိနေတာပဲ
ခွန်လုံစစ်သူကြီးက ဝိညာဉ်သန္ဓေသားအဆင့်ဆိုတော့ အရှင်ဝေဟင်ပြေးနဲ့ အဆင့်တူတူပဲပေါ့ သူတို့နှစ်ယောက်ရဲ့ စွမ်းအားက အပြန်အလှန် ထိန်းညှိနေမှာပဲ
"ဒီကာလအတွင်းမှာ မင်း သေချာ ပြင်ဆင်ထားဖို့ လိုမယ် ဝိညာဉ်သွေးဂိုဏ်းက မင်းကို သတ်ဖို့ ဘယ်အချိန်မဆို လှုပ်ရှားလာနိုင်တယ်"
ဟု အရှင်ဝေဟင်ပြေးက တုန်းဖန်းဟောက်ကျဲကို ကြည့်ကာ ထပ်လောင်း သတိပေးလိုက်သည်။
"စီနီယာ ဝေဟင်ပြေး ကျွန်တော့်မှာ မေးစရာတစ်ခု ရှိပါတယ် ဝိညာဉ်သွေးဂိုဏ်းရဲ့ အဆိပ်ခတ်တဲ့ အစီအစဉ်က ပျက်သွားပြီဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်က အားလုံးအတွက် သိသာသွားပြီ မဟုတ်လား"
"သူတို့လုပ်တယ်ဆိုတာကို ဘယ်သူမှ သေသေချာချာ မသိရင်တောင်မှ မဟာချန်းက ကျွန်တော့်ကို လုပ်ကြံတာ မဟုတ်ဘူးဆိုတာကို လူတိုင်း ရိပ်မိသွားကြပြီလေ"
"အဲဒီတော့ သူတို့ ရည်မှန်းချက်က မအောင်မြင်နိုင်တော့ဘူး မဟုတ်လား အဲဒါကို သူတို့က ကျွန်တော့်ကို ဆက်ပြီး လုပ်ကြံဖို့ ကြိုးစားဦးမှာလား"
ဟု တုန်းဖန်းဟောက်ကျဲက သူ၏ သံသယကို မေးလိုက်သည်။
အရှင်ဝေဟင်ပြေးက နှာခေါင်းရှုံ့လိုက်သည်။
"ဝိညာဉ်သွေးဂိုဏ်းက အဲဒီလိုနေရာမျိုးမှာ ခန့်မှန်းရ ခက်တာပဲ သူတို့လူတွေက မဟာချန်း တစ်ခုတည်းမှာ ရှိနေတယ်လို့ မင်း တကယ် ထင်နေတာလား"
"စိမ်းလန်းသောတိမ်တိုက် အင်ပါယာ နတ်ဘုရား ပုန်းအင်ပါယာ အဲဒီနေရာတွေ အားလုံးမှာ ဝိညာဉ်သွေးဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ရှိနေတာ"
"အကြောင်းပြချက်က ဘယ်လောက်ပဲ ခိုင်လုံမှု မရှိပါစေ၊ သူတို့ကတော့ အဲဒါကို အသုံးချမှာပဲ"
တုန်းဖန်းဟောက်ကျဲ အေးစက်သော လေထုကို ရှူသွင်းလိုက်မိသည်။
ထိုလူ ပြောခဲ့သည့် စကားမှာ အရှင်ဝေဟင်ပြေး ပြောနေသည့် စကားနှင့် တစ်ထပ်တည်း ကျနေသည် မဟုတ်လား။
အရှင်ဝေဟင်ပြေးက သက်ပြင်းတစ်ချက် ချလိုက်သည်။
"တကယ်လို့ မင်းကို သတိပေးခဲ့တဲ့ အဲဒီကျင့်ကြံသူနဲ့ ထပ်တွေ့ရင် ငါ့ဆီ လာတွေ့ဖို့ သူ့ကို ပြောလိုက်ပါ"
"ငါတို့ဆီမှာ အခုလို လူတော်တွေ အရမ်း လိုအပ်နေတယ် အထူးသဖြင့် စိမ်းလန်းသောတိမ်တိုက် အင်ပါယာမှာ လူအင်အားက လုံးဝ မလုံလောက်ဘူး ဖြစ်နေတာ"
"ကံမကောင်းတာက အဲဒီတုန်းက ဖန့်ထင်ယွမ်သာ အလှည့်စား မခံခဲ့ရရင် သူက ငါ့ရဲ့ နေရာကို အစားထိုးနိုင်မယ့်သူ ဖြစ်ခဲ့မှာ"
တုန်းဖန်းဟောက်ကျဲ အံ့သြသွားသည်။
"ဖန့်ထင်ယွမ် ဟုတ်လား ဖန့်မိသားစုက လူလား"
ဖန့်ချန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
အရှင်ဝေဟင်ပြေးက ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ် ဖန့်ထင်ယွမ်က ငါတို့ထဲက တစ်ယောက်ပဲ"
"နေပါဦး စီနီယာ ဝေဟင်ပြေး ငါတို့ လို့ ပြောတာက ဘယ်သူတွေကို ဆိုလိုတာလဲ"
ဟု တုန်းဖန်းဟောက်ကျဲက သတိထား၍ မေးလိုက်သည်။
ဖန့်ချန်လည်း အဖြေကို သိချင်သဖြင့် အရှင်ဝေဟင်ပြေးကို စိုက်ကြည့်နေမိသည်။
"ဝိညာဉ်သုတ်သင်ရေးဌာန "
ဟု အရှင်ဝေဟင်ပြေးက ခပ်အေးအေး ပြောလိုက်သည်။
"ဝိညာဉ်သုတ်သင်ရေးဌာန အကြောင်းကို သိတဲ့သူ သိပ်မရှိပါဘူး အဲဒါက ဂိုဏ်းတစ်ခု မဟုတ်ဘဲ အင်ပါယာ နန်းတွင်းက အာဏာပိုင် အဖွဲ့အစည်းတစ်ခုနဲ့ ပိုတူတယ်"
"အဆင့် ၁ အင်ပါယာက ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူ အားလုံးကို အမြစ်ပြတ် သုတ်သင်ဖို့အတွက် တည်ထောင်ခဲ့တာ"
"အဲဒီဌာနမှာ ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေနဲ့ ပညာရှင်တွေ စုစည်းထားတာပေါ့ ငါကလည်း အဲဒီထဲက တစ်ယောက်ပဲ အရင်က ဖန့်ထင်ယွမ်ကလည်း တစ်ယောက်ပေါ့ အခုဆိုရင် မင်းကလည်း ငါတို့ထဲက တစ်ယောက် ဖြစ်လာတော့မှာပါ"
တုန်းဖန်းဟောက်ကျဲ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ကျွန်တော်လား"
"မဟုတ်ရင် ငါက ဘာလို့ ဒါတွေကို မင်းကို ပြောပြနေမှာလဲ မင်းက နဂါးသွေးမျိုးနွယ်စုရဲ့ မျိုးဆက်ပဲလေ"
"မင်းမှာ ထူးခြားတဲ့ သွေးမျိုးနွယ် ရှိတာက အားသာချက်တစ်ခုပဲ မဟုတ်ရင် မင်းက ဝိညာဉ်သုတ်သင်ရေးဌာနထဲ ဝင်ဖို့ အရည်အချင်း မမီပါဘူး"
"အခု မင်းက ဝိညာဉ်သွေးဂိုဏ်းနဲ့ ပတ်သက်နေပြီဆိုတော့ မင်းမှာ ရွေးချယ်စရာ သိပ်မရှိတော့ဘူး"
ဟု အရှင်ဝေဟင်ပြေးက ဆက်ပြောသည်။
"ဒီကိစ္စတွေ ပြီးသွားရင် မင်းကို ဝိညာဉ်သုတ်သင်ရေးဌာနထဲ ငါ သွင်းပေးမယ် နောင်ကျရင် မဟာဝေ ရဲ့ ကိစ္စရပ်တွေကို မင်းက တာဝန်ယူရလိမ့်မယ်"
တုန်းဖန်းဟောက်ကျဲ ခဏမျှ တွေဝေသွားသော်လည်း ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
"ဝင်ပါ့မယ် ဝင်ပါ့မယ် စီနီယာ ဝေဟင်ပြေးက ဒီဂျူနီယာရဲ့ အသက်ကို ကာကွယ်ပေးနိုင်သရွေ့ ဘာမဆို လုပ်ပါ့မယ်"
"ဒါနဲ့... အဲဒီလူ ပြောတာတော့ မဟာချန်း ထဲမှာ ဝိညာဉ်သွေးဂိုဏ်းက ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက် ပုန်းနေတယ်လို့ ပြောပါတယ်"
"ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ဟုတ်လား"
အရှင်ဝေဟင်ပြေး၏ မျက်နှာတွင် အံ့သြရိပ်အချို့ ပေါ်လာပြီး မျက်လုံးများထဲတွင် လေးနက်မှုများ ဖြစ်ပေါ်လာသည်။
"အဲဒီလူက ဘယ်သူလဲ မင်း တကယ်ပဲ မသိဘူးလား"
"ကျွန်တော် တကယ် မသိတာပါ"
တုန်းဖန်းဟောက်ကျဲ ခါးသီးစွာ ပြုံးလိုက်သည်။
"တကယ်လို့ ကျွန်တော် သိခဲ့ရင် သူ့လက်ထဲမှာ ကျွန်တော့်ရဲ့ သွေးဆယ်စက် အလုခံရပါ့မလား"
'ဝိညာဉ်သုတ်သင်ရေးဌာနက သူငယ်ချင်းတစ်ယောက်ယောက်များ ဒီကို ရောက်နေတာလား'
အရှင်ဝေဟင်ပြေး တစ်ယောက်တည်း တွေးတောနေပြီးမှ တုန်းဖန်းဟောက်ကျဲကို ထွက်သွားရန် လက်ယပ်ပြလိုက်သည်။
'ဝိညာဉ်သုတ်သင်ရေးဌာန ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေ'
ဖန့်ချန် စဉ်းစားနေမိသည်။
အရှင်ဝေဟင်ပြေး နောက်ကွယ်က အင်အားက မသေးလှကြောင်း သိလိုက်ရသဖြင့် ဤသည်မှာ သတင်းကောင်းပင် ဖြစ်သည်။
သို့သော် ဖန့်ထင်ယွမ်က အရင်က ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်လေးရာက သူ အလှည့်စားခံရတဲ့ ကိစ္စမှာ ဖန့်ထင်ယွမ်ရဲ့ အုပ်စုထဲက တစ်ယောက်ယောက်က လုပ်ခဲ့တာလား ဒါမှမဟုတ် ဝိညာဉ်သုတ်သင်ရေးဌာနထဲမှာပဲ အချင်းချင်း အားပြိုင်မှုတွေ ရှိခဲ့တာလား
မူလက သူနဲ့ ရှကျီ တို့ ယူဆထားတာကတော့ ဖန့်ထင်ယွမ်ရဲ့ အဖွဲ့အစည်းထဲက လူကပဲ လုပ်ခဲ့တာ ဖြစ်နိုင်တယ်။
ဒါကြောင့်လည်း အဖြစ်အပျက် ပြီးသွားတဲ့အထိ ဖန့်ထင်ယွမ်ရဲ့ အဖွဲ့အစည်းဆီက ဘာသတင်းမှ မကြားရသလို၊ ဘာမှလည်း ထုတ်ပြန်ချက် မရှိခဲ့တာ။
ဒါပေမဲ့ အခု ဝိညာဉ်သုတ်သင်ရေးဌာန ပါဝင်လာပြီဆိုတော့ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု ရှိလာပြီ။
ဖန့်ထင်ယွမ်ရဲ့ နောက်ကွယ်က အုပ်စုက ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ စွမ်းအားကို သိထားတာကြောင့် ဒီကိစ္စထဲကို ဝင်မပါရဲတာ ဖြစ်နိုင်မလား
သူမက တစ်ခုခုတော့ သိနေလိမ့်မယ် အရင်က တွေ့ခဲ့တဲ့ အဲဒီ မိစ္ဆာမက သူမများ ဖြစ်နေမလား
ဖန့်ချန်က အရှင်ဝေဟင်ပြေးကို စဉ်းစားဟန်ဖြင့် ကြည့်နေမိသည်။
တကယ်လို့ သူမသာ အဲဒီလူ ဖြစ်နေခဲ့ရင် ဆရာကြီး ချန်ယွမ်က သူမကို တွေ့တဲ့အခါ ထူးခြားတဲ့ တုံ့ပြန်မှု ရှိရမှာ ဖြစ်သည်။
ငါ ကိုယ်တိုင် အရှင်ဝေဟင်ပြေးနဲ့ သွားတွေ့သင့်လား နေပါဦး... အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ အရင် စောင့်ကြည့်တာပေါ့
ဖန့်ချန် သူ၏ အတွေးများကို ဖိနှိပ်ထားလိုက်ပြီး ဝိညာဉ်အသိကို ပြန်ရုပ်သိမ်းလိုက်သည်။
ထို့နောက် ရိပ်ခြေဗုဒ္ဓ နည်းစနစ် ကို အသုံးပြု၍ နန်းတော်ထဲသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။
သူသည် အရိပ်များကြားတွင် လျှောက်လှမ်းရင်း နန်းတော်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားသည်။
ထိုနေရာတွင် ရှိနေသော ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် အချို့၏ ဖိနှိပ်ထားသော်လည်း အစွမ်းထက်လှသော အရှိန်အဝါများကို သူ ခံစားမိနေသည်။
"သခင်လေး ကျွန်တော်တို့ မဟာဝေ ကို အရင် ပြန်ကြရင် မကောင်းဘူးလား ဒီမှာ ဆက်နေရင် တစ်ယောက်ယောက်ရဲ့ လုပ်ကြံတာကို ထပ်ခံရဦးမယ်"
ဟု နျဲ့ထျန်းယွမ်က တိုးတိုးလေး ကပ်ပြောနေသည်။
မဟာဝေ မှ ရွှေအမြုတေအဆင့် ပညာရှင် အချို့လည်း တုန်းဖန်းဟောက်ကျဲကို ဝိုင်းပြီး ဖျောင်းဖျနေကြသည်။
ထိုအထဲတွင် အရှင်ထျန်းဝူ လည်း ပါဝင်သည်။
"မပြန်ပါဘူး မသွားသေးဘူး ကုန်သွယ်ရေး ညီလာခံတောင် မစသေးဘူး ပြီးတော့ နတ်သမီး ထျန်းယင်နဲ့လည်း ရင်းနှီးအောင် မလုပ်ရသေးဘူးလေ"
"အခု ပြန်သွားရင် အဓိပ္ပာယ် မရှိတော့ဘူးပေါ့ခင်ဗျားတို့ စိုးရိမ်မနေပါနဲ့ ဒီအဆိပ်ကိစ္စက မဟာချန်းနဲ့ မဟာဝေကို ရန်တိုက်ပေးချင်တဲ့ လူယုတ်မာအချို့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"
" အခု ကျွန်တော်က အရှင်ဝေဟင်ပြေးရဲ့ အနားမှာ နေမှာဆိုတော့ အဲဒီလူယုတ်မာတွေက ထင်သလို လုပ်ရဲတော့မှာ မဟုတ်ဘူး"
ဟု တုန်းဖန်းဟောက်ကျဲက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
နျဲ့ထျန်းယွမ်က ထပ်ပြီး ဖျောင်းဖျချင်သော်လည်း တုန်းဖန်းဟောက်ကျဲက သူ ပင်ပန်းနေပြီဟု ပြောကာ အားလုံးကို ပြန်လွှတ်လိုက်သည်။
ထို့နောက် တုန်းဖန်းဟောက်ကျဲက ရုတ်တရက် ဝိညာဉ်အကာအကွယ်တစ်ခုကို တည်ဆောက်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟေ့ မင်းက ဝိညာဉ်သွေးဂိုဏ်းအကြောင်း ဒီလောက် စိတ်ပူနေတယ်ဆိုရင် ငါ အဆိပ်မိတဲ့အကြောင်းလည်း သိမှာပေါ့ မင်း ဒီနေ့ ခန်းမထဲမှာ ရှိနေခဲ့တယ် မဟုတ်လား"
"တကယ်လို့ မင်း ဒီမှာ ရှိနေရင် ထွက်လာပြီး ငါနဲ့ စကားပြောပါဦး အရှင်ဝေဟင်ပြေးက မင်းကို တွေ့ချင်နေတာ"
" မစိုးရိမ်ပါနဲ့ သူမက ဝိညာဉ်သွေးဂိုဏ်းနဲ့ ဘာမှ မပတ်သက်ဘူး ဆန့်ကျင်ဘက်အနေနဲ့ သူမရဲ့ နောက်ခံက မင်းကို အံ့သြသွားစေလိမ့်မယ်"
တုန်းဖန်းဟောက်ကျဲ ခဏမျှ စောင့်နေသော်လည်း ဘာတုံ့ပြန်မှုမှ မရှိသဖြင့် သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း ဒီမှာ မရှိဘူး ထင်ပါရဲ့..."
သူက ဝိညာဉ်အကာအကွယ်ကို ဖျက်သိမ်းတော့မည့် အချိန်မှာပင် သူ၏ နားထဲသို့ တိုးညှင်းသော စကားသံတစ်ခု ရောက်လာသည်။
"ငါ အခုလောလောဆယ် အရှင်ဝေဟင်ပြေးနဲ့ မတွေ့နိုင်သေးဘူး ဒါပေမဲ့ မင်းကို တစ်ခု ပြောချင်တာက ကျောက်စိမ်းမြစ်ခန်းမ က ထုံဟု နဲ့ သူ့သားက ဝိညာဉ်သွေးဂိုဏ်းကပဲ"
"ကျွယ်ဝူတိ ကလည်း အဲဒီထဲက တစ်ယောက်ပဲ ဖန့်မိသားစု ဒုတိယမျိုးနွယ်က ဖန့်ရှန်း ကလည်း ဝိညာဉ်သွေးဂိုဏ်းဝင်ပဲ"
"ပြီးတော့ မီးတောက်အင်ပါယာ က တောင်ပိုင်းကောင်းကင်ဂိုဏ်း ရဲ့ ဘိုးဘေးကလည်း ဝိညာဉ်သွေးဂိုဏ်းကပဲ"
" သူက အခု မဟာချန်း မြို့တော်ထဲမှာ ရှိနေတယ် မဟာချန်းမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ကတော့ ခွန်လုံစစ်သူကြီး ပဲ"