အတူတူ မြေမြှုပ်ခံရခြင်း…..
Vol. 18 Ch. 172
ဆံပင်ဖြူလူငယ်ထံမှ ထူးဆန်းသော အငွေ့အသက် တစ်ခု ထွက်ပေါ်နေသည်ကို ရွှီနင်း ခံစားလိုက်ရသည်။ ဤခံစားချက်မျိုးကို သူမ ယခင်က ကြုံဖူးသလို ခံစားနေရသဖြင့်သူမ ချက်ချင်း သဘောပေါက်လိုက်သည်။
ဒါ နတ်ဆိုးချီပဲ…
ရှောင်ပါး နဲ့ ရှောင်ကျိုတို့မှာလည်း ဒီလို နတ်ဆိုးချီမျိုး ရှိတယ်…
ဒါ ချီမိသားစု မွေးမြူထားတဲ့ နတ်ဆိုး ဖြစ်နိုင်မလား…
ရွှီနင်း လျင်မြန်စွာ စဉ်းစားလိုက်ပြီး နတ်ဆိုး၏ တိုက်ခိုက်ပုံကို အကြမ်းဖျင်း နားလည်လိုက်သည်နှင့်သူမ လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ ခန္ဓာကိုယ်မှ လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး သူမ၏ ဝတ်ရုံများ ပြင်းထန်စွာ လွင့်ပျံလာကာ ဆံပင်များက မျက်နှာ ဘေးတစ်ဖက်တစ်ချက်တွင် ကခုန်နေကြသည်။ လျှပ်စီးများ ပြည့်လျှံလာသည်နှင့် သူမ၏ ခြေထောက်များ မြေကြီးပေါ်မှ ကြွတက်လာပြီး ကြီးမားသော ဖိနှိပ်မှု အရှိန်အဝါ တစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရွှယ်ကျင်း၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။
ဒါ ဘယ်လို ဂါထာမျိုးလဲ…
ဤသည်မှာ ရွှီနင်း ကိုယ်တိုင် ဖန်တီးထားသော လျှို့ဝှက်သိုင်းကွက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း ဖြစ်သည်။ ကျန်းကျောက်ရှားနှင့် တိုက်ခိုက်စဉ်ကပင် သူမ ထုတ်မသုံးခဲ့ပေ။
လျှပ်စီးများ သူမကို ရိုက်ခတ်လိုက်သည်နှင့် ခါးမှ နာကျင်မှု ပျောက်ကွယ်သွားသည်။
ဆံပင်ဖြူလူငယ်သည်လည်း ရွှီနင်း၏ လျှို့ဝှက်သိုင်းကွက်ကို အံ့သြသင့်နေသည်။
လွှမ်းမိုးချုပ်ကိုင်သော အရှိန်အဝါ တစ်ခုကို သူ ခံစားနေရပေသည်။
ဝိညာဉ်ချီများ ရွှီနင်းထံသို့ စုဝေးရောက်ရှိနေပြီး ရွှီနင်းထံမှ အန္တရာယ်ရှိသော အငွေ့အသက် တစ်ခုကို သူ အာရုံခံမိသည်။
ထိုအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရွှီနင်းကို တိုက်ခိုက်ရန် ချက်ချင်း လှည့်လိုက်လေသည်။
ဘုန်း…
သူ လေထဲသို့ ခုန်တက်လိုက်ပြီး ခြေထောက်ဖြင့် နှင်းပြင်ကို ဆောင့်ကန်လိုက်ရာ နှင်းများ အရပ်လေးမျက်နှာသို့ လွင့်စဉ်သွားသည်။
သူ ဝင်ရောက်လာသည်ကို မြင်သောအခါ ရွှီနင်းက နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်သွားရာ သူတို့နှစ်ယောက် လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားကြသဖြင့် လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး နွယ်ပင်များ ကျယ်ပြန့်လာကာ လျှပ်စီးများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဆံပင်ဖြူလူငယ်၏ ညာဘက်လက်ဖဝါးကို ရွှီနင်း၏ ဓားက တားဆီးလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ရွှီနင်း သူ့ခွန်အားကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။
ရွှီနင်း၏ အကြည့်က အေးစက်လွန်းသဖြင့် ဆံပင်ဖြူလူငယ်၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားသည်။
"သေမျိုးကများ ငါ့ကို တားရဲတယ်..."
ဆံပင်ဖြူလူငယ်က ဟိန်းဟောက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုးနှက်လိုက်ရာ ကြောက်မက်ဖွယ်ရာ နတ်ဆိုးချီများ အနက်ရောင် မြူခိုးများအလား ပေါက်ကွဲထွက်လာပြီး ရွှီနင်းကို အတင်းအဓမ္မ နောက်သို့ တွန်းထုတ်လိုက်သဖြင့် ရွှီနင်းခင်မျာ လျှပ်စီးတန်း တစ်ခုအဖြစ် ပြောင်းလဲကာ နှင်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ထို့နောက် ကောင်းကင်မှ ဥက္ကာခဲကဲ့သို့ ပြုတ်ကျလာသော ဆံပင်ဖြူလူငယ်ကို ရှောင်တိမ်းရန် ခုန်ထွက်လိုက်ရသည်။ ဆံပင်ဖြူလူငယ် ပြုတ်ကျလာမှုကြောင့် နှင်းများ လွင့်ပျံသွားပြီး နှင်းဖုံးနေသော မြေပြင် တုန်ခါသွားခဲ့သည်။
သူတို့နှစ်ယောက် နှင်းပြင်ပေါ်တွင် အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ရွှယ်ကျင်းပင် သူတို့၏ အမြန်နှုန်းကို လိုက်မမီတော့ပေ။
ရွှီနင်းက ရှောင်တိမ်းနေရုံ သက်သက် မဟုတ်ဘဲ ဓားကို ပို၍ ပို၍ မြန်ဆန်စွာ ဝှေ့ယမ်းကာ ဆံပင်ဖြူလူငယ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။
"မင်းလို သေမျိုးက ငါ့ကို ဘယ်တော့မှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး... ရုန်းကန်စမ်းပါ... မင်းရဲ့ လျှို့ဝှက်နည်းလမ်းက မင်းခန္ဓာကိုယ်ကို ထိခိုက်စေမှာ သေချာတယ်... မင်း အစွမ်းကုန် တိုက်ခိုက်ရင်တောင် ဆိုးရွားတဲ့ ကံကြမ္မာကို လက်ခံရမှာပဲ... ဒီလို အဆုံးသတ်မျိုးက မင်းနဲ့ လိုက်ဖက်ပါတယ်..."
ဆံပင်ဖြူလူငယ်က အရူးတစ်ယောက်လို ရယ်မောလိုက်ရင်း သူ့လက်သီးနှင့် ခြေထောက်များက လေကဲ့သို့ မြန်ဆန်နေပြီး ရံဖန်ရံခါ လှံများကဲ့သို့သော သစ်သားနွယ်ပင်များကို ထုတ်လွှတ် တိုက်ခိုက်နေ၏။
ရွှီနင်းကို သူ့တိုက်ခိုက်မှုများကို ထပ်မံ မထိမှန်တော့သော်လည်း သူမ၏ တိုက်ခိုက်မှုများကလည်း ထိရောက်မှု မရှိပေ။ သို့သော် သူမ ဓားဝှေ့ယမ်းခြင်းကို မရပ်တန့်ပေ။
သူမ၏ ဓားကို ကောင်းကင်လျှပ်စီး မူလချီစွမ်းအင်များ ဝန်းရံထားပြီး ဓားချက်တိုင်းတွင် လျှပ်စီးများ တဖျပ်ဖျပ် လက်နေကာ အလွန် ထက်မြက်နေသည်။
ရွှယ်ကျင်း ထရပ်ရန် ကြိုးစားသော်လည်း မရသဖြင့် ရွှီနင်းတယောက်တည်း ရန်သူနှင့် သေလုမြောပါး တိုက်ခိုက်နေသည်ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သူ မလုပ်သင့်တာ လုပ်မိပြီဟု ခံစားရပြီး နောင်တရနေမိသည်။
ထိုစဉ် ချင်းရှောင်ဂိုဏ်းသား တစ်ဖွဲ့ အဝေးမှ ပြေးလာကြပြီး ရှီးလျန့်ခန်းမမှ တပည့်များ၏ အလောင်းများကို မြင်သောအခါ သူတို့ မျက်နှာပျက်သွားကြသည်။ သူတို့ ခြေလှမ်းများကို အရှိန်မြှင့်ပြီး ရွှီနင်းကို ကူညီရန် သွားလိုက်ကြတော့….
"အနားမလာနဲ့..."
ရွှီနင်း၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာသဖြင့် သူတို့ အလိုအလျောက် ရပ်တန့်လိုက်ကြရသည်။
ဂိုဏ်းသားများက စိတ်ကို တည်ငြိမ်အောင် ထားပြီး ရွှီနင်းနှင့် ဆံပင်ဖြူလူငယ်ကို သေချာ ကြည့်လိုက်ရာ သူတို့၏ ကြောက်ရွံ့မှု ပိုတိုးလာသည်။
ဆံပင်ဖြူလူငယ်က ရံဖန်ရံခါ ဒါဇင်နှင့်ချီသော သစ်သားနွယ်ပင်များကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့သည် နတ်ဆိုးလက်တံများ ဆန့်ထွက်လာသကဲ့သို့ ဖြစ်နေပြီး ကျယ်ပြောသော နှင်းပြင်ပေါ်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။
ဂိုဏ်းသားများကတော့ ရွှီနင်း နိုင်ပါစေဟုသာ ဆုတောင်းနိုင်ကြသည်။ ရွှီနင်းက ချင်းရှောင်ဂိုဏ်း၏ ထိပ်တန်းတပည့် ဖြစ်ပြီး ပြိုင်ဘက်ကင်း ဖြစ်သဖြင့် သူမကို ယုံကြည်မှု ရှိကြသည်။
သို့သော် ကြာကြာကြည့်လေ ယုံကြည်မှု နည်းလာလေပင်….
ရွှီနင်း ဘယ်လိုပင် တိုက်ခိုက်ပါစေ ဆံပင်ဖြူလူငယ်၏ အရေပြားကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။ ခြေလက်များကို ဖြတ်တောက်ရန် သို့မဟုတ် ခေါင်းဖြတ်ရန် ဆိုသည်မှာ ဝေးစွ။
"ဒါ ဘယ်လို သတ္တဝါကြီးလဲ..."
"သတ္တဝါဆန်း... သေချာပေါက် သတ္တဝါဆန်းပဲ..."
"အချိန်မရွေး ဝင်ပါဖို့ ပြင်ထားကြ... မနိုင်ရင်တောင် သူ့ကို တားရမယ်... တစ်ယောက်ယောက်က အကူအညီ တောင်းဖို့ တောင်ပေါ် တက်သွားပြီးပြီ..."
"သူက ဘယ်သူလဲ... ဘာလို့ လာတာလဲ..."
ဂိုဏ်းသားများ ထိတ်လန့်စွာ ရေရွတ်နေကြပြီး စကားလုံးတိုင်းတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။
ဆံပင်ဖြူလူငယ်၏ တိုက်စစ်က ပိုမို ပြင်းထန်လာပြီး ရွှီနင်းမှာမူ သိသိသာသာ နှေးကွေးလာသည်။
"ငါ့ရဲ့ ကိုယ်ပွားကို ဒီအဆင့်ထိ တိုက်ခိုက်နိုင်တယ်ဆိုတော့... မင်းနာမည် ဘယ်သူလဲ... ငါ မှတ်ထားသင့်တဲ့ အရာပဲ..."
ဆံပင်ဖြူလူငယ်က ယုတ်မာစွာ ပြုံး၍ တိုက်ခိုက်ရင်း မေးလိုက်ပြီး
သူ စကားဆုံးသည်နှင့် သွေးများ သူ့မျက်စိရှေ့တွင် ပန်းထွက်လာပြီး သူ့မျက်လုံးအိမ်များ ကျယ်သွားလေသည်။
အဘယ့်ကြောင့်ဆိုသော် ရွှီနင်းက သူ့လည်ပင်း အသားကို ဓားဖြင့် လှီးဖြတ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့်ပင်….
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဆံပင်ဖြူလူငယ်အတွက်တော့ ယုံကြည်နိုင်စရာ မရှိ ဖြစ်သွားသည်။
ရွှီနင်းကတော့ မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ ဓားကို ဆက်လက် လျင်မြန်စွာ ဝှေ့ယမ်းရင်း …."ရှင်က မသေနိုင်တာ မဟုတ်ဘူးပဲ..." ဟု ပြောလိုက်လေသည်။
ဆံပင်ဖြူလူငယ် ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်သော်လည်း ရွှီနင်းက အတင်းလိုက်တိုက်ခိုက်သဖြင့် ဘယ်လက်ဖြင့် လည်ပင်းကို အုပ်ထားရပြီး ညာလက်ဖြင့်သာ ပြန်လည် တိုက်ခိုက်နေရသည်။
"သူ့ရဲ့ အရင် တိုက်ခိုက်မှု အများစုက ငါ့လည်ပင်းကို ထိခဲ့တာပဲ... ဒါပေမဲ့ သူ အောင်မြင်သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
ဆံပင်ဖြူလူငယ်၏စိတ်ထဲတွင် တုန်လှုပ်မှုနှင့် ဒေါသများ ပြည့်နှက်နေပြီး နောက်ပြောင်လိုစိတ်များ ပျောက်ကွယ်သွားကာ သတ်ဖြတ်လိုစိတ်များ လွှမ်းမိုးသွားသည်။
သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး ညာဘက်ခြေထောက်ကို ဆောင့်နင်းလိုက်ရာ တစ်ခဏချင်းပင် ပိုမို ထူထဲသော သစ်သားနွယ်ပင်များ နှင်းပြင်အောက်မှ ထိုးထွက်လာချေပြီ။ ၎င်းတို့သည် ထူထပ်များပြားလွန်းပြီး ပေရာပေါင်းများစွာ အကျယ်အဝန်းကို ဖုံးလွှမ်းသွားသည်။ နွယ်ပင်များ၏ အရှိန်အဟုန်ကြောင့် အဝေးမှ ကြည့်နေသော ဂိုဏ်းသားများပင် မြေကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
ရွှယ်ကျင်းသည်လည်း လေထဲသို့ လွင့်စဉ်သွားပြီး နှင်းပြင်ပေါ် ပြန်ကျလာကာ နာကျင်မှုကြောင့် သတိမေ့လုနီးပါး ဖြစ်သွားသည်။
ရွှီနင်း ရှောင်တိမ်းချိန် မရလိုက်ပေ။ သူမ ခေါင်းပေါ်ရှိ ကောင်းကင်တခွင်ကို သစ်သားနွယ်ပင်များဖြင့် ရက်လုပ်ထားသော ပိုက်ကွန်ကြီး တစ်ခုဖြင့် ဖုံးအုပ်ခံလိုက်ရပြီ ဖြစ်သည်။
မင်း နောင်တရစေရမယ်…
ဆံပင်ဖြူလူငယ်၏အကြည့်ရောအသံကပါ အေးစက်ပြီး စူးရှနေသည်။ သွေးများက သူ့လက်ချောင်းများကြားမှ စီးကျနေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ထူးခြားသော မူလချီစွမ်းအင် တစ်ခု ဖျက်ဆီးနေသည်ကို ခံစားနေရသည်။
ကျွီ…
ထိုစဉ် ကျယ်လောင်သော အော်မြည်သံ တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်မှ နှင်းမြူများ ရုတ်တရက် ပြယ်လွှင့်သွားပြီး ကြီးမားသော ခြေသည်းလက်သည်း တစ်စုံ ကောင်းကင်မှ ဆင်းသက်လာကာ လေထဲတွင် ရှုပ်ထွေးနေသော သစ်သားနွယ်ပင်များကို ဖမ်းဆုပ်ကာ စုတ်ဖြဲပစ်လိုက်သဖြင့်
ဆံပင်ဖြူလူငယ် မော့ကြည့်လိုက်ရာ အမှောင်ထု ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရပြီး သူ့မျက်လုံးထဲတွင် အံ့သြမှုများ ပေါ်လာသည်။
ကြီးလိုက်တဲ့ လင်းယုန်နတ်ဆိုး…
ရွှီနင်းက ဤအခွင့်အရေးကို အနားယူရန် အသုံးမပြုဘဲ ဆက်လက် တိုက်ခိုက်ရန် သာပြင်လိုက်သည်။
အခြားတစ်ဖက်တွင်…
မသေမျိုးလိုဏ်ဂူ အတွင်း၌ တရားထိုင်နေသော လီချင်းချိုးက ရှောင်ပါး၏ အသံကို သူ ကြားလိုက်ရပြီး ထိုအသံထဲမှ စိုးရိမ်ပူပန်မှုကို အာရုံခံမိလိုက်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထို့နောက် လီချင်းချိုး ကျောက်ကုတင်ပေါ်မှ ပျောက်ကွယ်သွားပြီး မသေမျိုးလိုဏ်ဂူ အတွင်းရှိ ဝိညာဉ်ချီများ လှုပ်ရှားသွားကာ ဝိညာဉ်ရေကန် ဘေးရှိ ဆေးပင်များ ယိမ်းနွဲ့သွားကြသည်။
……..
ဆံပင်ဖြူလူငယ်၏ မျက်နှာထားက ဒေါသကြောင့် ရှုံ့မဲ့နေ၏။ သူသည် ရှေ့ရှိ ရွှီနင်းကို စိုက်ကြည့်နေပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ယခုအချိန်တွင် ရွှီနင်း၏ ဓားထိပ်ဖျားက သူ့ခန္ဓာကိုယ်နှင့် ၄ လက်မ အလိုသို့ ရောက်နေသော်လည်း သူမ၏ လက်ကောက်ဝတ်နှင့် ဓားက သေးငယ်သော သစ်သားနွယ်ပင်များဖြင့် တုပ်နှောင်ခံထားရပြီး သူမ၏ ခန္ဓာကိုယ်လည်း ထို့အတူပင် ဖြစ်သည်။
ရွှီနင်း၏ ခန္ဓာကိုယ်မှ လျှပ်စီးများလည်းပျောက်ကွယ်စ ပြုလာသဖြင့် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
လှုပ်ရှား၍ မရရုံ သာမက သူမ၏ ခန္ဓာကိုယ်ထဲမှ မူလချီစွမ်းအင်များ စုပ်ယူခံနေရသည်။ထိုအချိန်တွင်
သူမ၏ နောက်တွင် ကြီးမားသော သစ်သားနွယ်ပင်များ မြေကြီးထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်မှလည်း နွယ်ပင်များ ကျဆင်းလာသည်။ ရှောင်ပါးက သူမကို ကောင်းကင်မှ ကူညီနေသော်လည်း မြေပြင်သို့ မဆင်းနိုင်ပေ။
ဆံပင်ဖြူလူငယ်က ရွှီနင်း၏ ခေါင်းကို ဖြတ်ရန် ညာလက်ကို မြှောက်လိုက်စဉ်…
ရွှီး…
လေခွင်းသံ တစ်ခု ကောင်းကင်မှ ဆင်းသက်လာချိန်၌ ဆံပင်ဖြူလူငယ်က ရက်စက်သော အပြုံးကို ထိန်းထားဆဲ ဖြစ်သာ်မှာ အချိန်ကာလ ရပ်တန့်သွားသလိုပင်….
ထိုစဉ် ငွေရောင် အလင်းတန်း တစ်ခုက သူ့မျက်နှာကို တဖြည်းဖြည်း လင်းလက်လာစေပြီး သူ့လက်မောင်း ပြတ်သွားကာ ဖြည်းဖြည်းချင်း လည်ပတ်ကာ ဓားသွားကဲ့သို့ ထက်မြက်သော လက်ချောင်းထိပ်များက သူ့မျက်နှာကို ပြန်လည် ချိန်ရွယ်နေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ သူ့ရှေ့ရှိ ရွှီနင်းက အနည်းငယ် ပြုံးလိုက်သည်။
ဘုန်း…
အားကောင်းသော စွမ်းအားတစ်ခုက ဆံပင်ဖြူလူငယ်ကို နောက်သို့ လွင့်ထွက်သွားစေပြီး သူ ရပ်နေသော နေရာတွင် ငွေရောင် ဓားရိပ်တစ်ခု စိုက်ဝင်နေသည်။
သူ့ညာဘက်လက်မောင်း ဘေးသို့ ပြုတ်ကျသွားသဖြင့်ရွှီနင်း၏ ခန္ဓာကိုယ်မှ သစ်သားနွယ်ပင်များ ပြေလျော့သွားပြီး ခန္ဓာကိုယ် ပျော့ခွေသွားသည်။ထိုအခါ သူမ ချက်ချင်း ဓားကို နှင်းပြင်ထဲသို့ ထိုးစိုက်၍ ခန္ဓာကိုယ်ကို ထောက်ထားလိုက်သည်။
အဝေးမှ ဂိုဏ်းသားများသည်လည်း ငွေရောင် အလင်းတန်း တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး နွယ်ပင်များကို ဖောက်ထွင်းကာ ရွှီနင်းနှင့် ဆံပင်ဖြူလူငယ် ကြားသို့ ကျရောက်သွားသည်ကိုသာ မြင်လိုက်ရသဖြင့် သူတို့ အလွန် စိတ်လှုပ်ရှားနေကြပြီး ဘာဖြစ်သွားမှန်း နားမလည်ကြပေ။
ရှောင်ပါးက နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်မြည်လိုက်သဖြင့် အားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည်။ အားလုံး ဝမ်းသာသွားကြပြီး အဝေးတွင် လဲလျောင်းနေသော ရွှယ်ကျင်းပင် ရှောင်ပါးကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်သည်။
ရှောင်ပါး၏ ခေါင်းပေါ်တွင် လူတစ်ယောက် ရပ်နေပြီး နေရောင်ခြည်က သူ့အပေါ် ကျရောက်နေသဖြင့် တောက်ပနေသည်။
လီချင်းချိုး…..
လီချင်းချိုးက ဆံပင်ဖြူလူငယ်ကို အလွန် အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်နေသည်။
ဆံပင်ဖြူလူငယ်ကလည်း သူ့လက်မောင်းကို ဖြတ်တောက်လိုက်သော ငွေရောင် ဓားကို ကြောက်လန့်တကြား စိုက်ကြည့်နေသည်။ သူ မော့ကြည့်လိုက်တော့မှသာ
လီချင်းချိုးကို မြင်လိုက်ရသည်။
"မင်း ဘယ်သူလဲ..."
ဆံပင်ဖြူလူငယ်က အံကြိတ်ပြီး မေးလိုက်သည်။ တစ်ဖက်လူ၏ ဓားကွက်များက မြန်ဆန်လွန်းသဖြင့် သူ မဆင်မခြင် မလှုပ်ရှားရဲပေ။
လီချင်းချိုးကမူ ပြန်မဖြေပေ။
စွမ်းအင်လှိုင်းများ သူ့ပတ်လည်တွင် စုဝေးလာပြီး ငွေရောင် ဓားရိပ်များသည် ဆံပင်ဖြူလူငယ်ထံသို့ ဦးတည်နေကြသည်။
အရှက်ရသလို ခံစားလိုက်ရသဖြင့် ဆံပင်ဖြူလူငယ်က ခြေထောက်ကို ထပ်မံ ဆောင့်နင်းလိုက်ရာ ကြီးမားသော သစ်သားနွယ်ပင်များ နှင်းပြင်မှ ထွက်ပေါ်လာပြီး ရှောင်ပါးထံသို့ တိုးဝင်သွားသည်။
ထိုအခါ လီချင်းချိုး၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင် ဖြတ်သန်းသွားပြီး သူ့ပတ်လည်ရှိ ငွေရောင် ဓားရိပ် ဒါဇင်ပေါင်းများစွာသည် မြားများကဲ့သို့ ပျံထွက်သွားကြသည်။
ရွှီး... ရွှီး... ရွှီး…
လေကို ခွင်းသော အသံများ ပေါင်းစည်းသွားပြီး တားဆီးထားသော ကြီးမားသည့် သစ်သားနွယ်ပင်များကို ဖြိုခွင်းကာ ဆံပင်ဖြူလူငယ်ထံသို့ တားဆီးမရနိုင်သော အရှိန်ဖြင့် တိုးဝင်နေသဖြင့် ဆံပင်ဖြူလူငယ် ကြောက်လန့်သွားပြီး ရှောင်တိမ်းရန် အလိုအလျောက် ခုန်တက်လိုက်သော်လည်း ထိုငွေရောင် ဓားရိပ်များ၏ အမြန်နှုန်းက သိပ်မြန်လွန်းသည်။
တခဏချင်းမှာပင်
ဓားက အသားနှင့် အရိုးကို ဖောက်ထွင်းသွားသော အသံ ထွက်ပေါ်လာချေပြီ။
မရှောင်တိမ်းနိုင်သဖြင့် ဆံပင်ဖြူလူငယ်ခင်မျာ ငွေရောင် ဓားရိပ် ဒါဇင်ကျော်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ယိုင်နဲ့နဲ့ နောက်ဆုတ်လိုက်ရသည်။
ရွှီနင်း မော့ကြည့်လိုက်တော့ ဆံပင်ဖြူလူငယ်၏ ကိုယ်ပေါ်တွင် ငွေရောင် ဓားရိပ်များ စိုက်ဝင်နေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။
"မင်း..."
ဆံပင်ဖြူလူငယ် ပြင်းထန်စွာ တုန်ရီနေပြီ။ ငွေရောင် ဓားတစ်လက်က သူ့မျက်နှာကို ထိုးဖောက်ထားပြီး သွေးများ ဓားသွားမှတဆင့် စီးကျလာကာ သူ့မျက်နှာ တစ်ခုလုံး ချင်းချင်းနီနေသည်။
သူ့ပခုံး၊ ရင်ဘတ်၊ ဗိုက်၊ ပေါင်၊ ဒူးနှင့် ခြေသလုံးများ အားလုံး ငွေရောင် ဓားရိပ်များ၏ ထိုးဖောက်ခြင်းကို ခံထားရကာ ကြောက်မက်ဖွယ်ရာ မူလချီစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲတွင် ဖျက်ဆီးနေကြသည်။ ရွှီနင်းနှင့် ဆင်တူသော မူလချီစွမ်းအင်ကို သူ ခံစားရသော်လည်း ဤ မူလချီစွမ်းအင်က ရွှီနင်းထက် ပိုမို အားကောင်းသည်။
ပြင်းထန်သော နာကျင်မှု၊ မွန်းကြပ်မှုနှင့် အေးစက်မှုများ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဆံပင်ဖြူလူငယ်အတွက်တော့ ဤကဲ့သို့ နာကျင်မှုကို မခံစားရသည်မှာ ကြာပြီ ဖြစ်သည်။ ယခင်က ဤမျှ နာကျင်ဖူးခြင်း ရှိမရှိကိုပင် သူ မမှတ်မိတော့ပေ။ ထို့ကြောင့် ကိုယ်ပွားကို အဆုံးသတ်လိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။
သို့သော် ကိုယ်ပွားကို နေရာယူထားသော ဝိညာဉ်ခွဲကို ဖျက်သိမ်း၍ မရကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ ထိတ်လန့်သွားသည်။
ဘယ်လို ဖြစ်နိုင်မှာလဲ…
ထိုစဉ် လီချင်းချိုး ကောင်းကင်မှ ဆင်းသက်လာပြီး သူ့ရှေ့တွင် ရပ်လိုက်သဖြင့် သူ လီချင်းချိုးကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အဆိပ်ပြင်းသော အမုန်းတရားများ ပြည့်နှက်နေပြီး အံကြိတ်ကာ …"မင်းက... လီချင်းချိုးလား..." ဟု မေးလိုက်သည်။
လီချင်းချိုးက သူ့ကို စိုက်ကြည့်ပြီး "မင်း မလာသင့်ဘူး..." ဟုသာ ပြောလိုက်သည်။
"လီချင်းချိုး... မင်း ဘယ်သူနဲ့ ပြဿနာ ဖြစ်နေလဲဆိုတာ သိရဲ့လား..."
"ငါ မင်းရှေ့ကို မကြာခင် ရောက်လာမှာပါ..."
လီချင်းချိုး စကားဆုံးသည်နှင့် ဆံပင်ဖြူလူငယ်၏ ကိုယ်ပေါ်ရှိ ဓားရိပ်များက ထိုးဖောက်သွားသဖြင့် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီး သွေးမြူများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကာ ချက်ချင်း သွေးလူသား ဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသဖြင့်
လီချင်းချိုးက လက်ကို မြှောက်၍ "ဝိညာဉ်သန့်စင် အလံ"ကို ထုတ်လိုက်သည်။
ဆံပင်ဖြူလူငယ်၏ ခန္ဓာကိုယ် လဲကျသွားသော်လည်း သူ့ဝိညာဉ် ကျန်ရစ်ခဲ့သည်။ ထိုဝိညာဉ်ကို ရွှီနင်း တစ်ယောက်သာ မြင်နိုင်သည်။ အခြား ဂိုဏ်းသားများကမူ ဂိုဏ်းချုပ်က ရန်သူကို သတ်ဖြတ်လိုက်သည်ကို မြင်၍ ဝမ်းသာအားရ အော်ဟစ်ကြပြီး လီချင်းချိုးထံသို့ ပြေးလာကြသည်။
ဆံပင်ဖြူလူငယ်၏ ဝိညာဉ်သည် ငွေရောင် ဓားရိပ်များဖြင့် တံကျင်လျှိုခံထားရဆဲ ဖြစ်ပြီး မလှုပ်ရှားနိုင်ပေ။
ဤ ငွေရောင် ဓားရိပ်များက လီချင်းချိုး ကိုယ်တိုင် ဖန်တီးထားသော "ဝိညာဉ်နှုတ်ဓားပျံ" ပညာရပ် ဖြစ်သည်။
ယခုအခါ ဆံပင်ဖြူလူငယ် လုံးဝ ထိတ်လန့်သွားပြီ ဖြစ်သည်။
"မင်း..."
လီချင်းချိုးက စကားအများကြီး ပြောမနေတော့ဘဲ ဝိညာဉ်သန့်စင် အလံကို ထုတ်၍ ထိုဝိညာဉ်ကို အလံထဲသို့ ထည့်လိုက်သည်။
[ သင့် တာအိုမျိုးဆက်အပေါ် နတ်ဆိုးတိုက်ခိုက်မှု ပထမဆုံးအကြိမ် ကြုံတွေ့ရပြီး အသေအပျောက် ရှိခဲ့သော်လည်း သင်သည် နတ်ဆိုးကို အချိန်မီ သတ်ဖြတ်နိုင်ခဲ့ပြီး ဖြစ်နိုင်ချေရှိသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တားဆီးနိုင်ခဲ့သဖြင့် ကံကောင်းခြင်း တစ်ကြိမ် ရရှိသည်။ ]
လီချင်းချိုး သူ့ရှေ့တွင် ပေါ်လာသော စာတန်းကို ကြည့်ပြီး မပျော်ရွှင်နိုင်ပေ။ အဝေးရှိ အလောင်းများကို ကြည့်ရင်း သူ့ရင်ထဲ လေးလံနေသည်။
ဂိုဏ်းတစ်ခု အလွန် ကြီးမားလာခြင်းက ကောင်းသော ကိစ္စ မဟုတ်နိုင်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။
သင့်တော်သော ဆက်သွယ်ရေး နည်းလမ်းနှင့် ပုံစံ မရှိလျှင် ရန်သူ ကျူးကျော်ရန် အားနည်းချက် ဖြစ်လာနိုင်သည်။
သူ နောင်တရမနေဘဲ လက်ကို မြှောက်၍ ရွှီနင်းကို အပ်နှစ်ချောင်း စိုက်ပေးလိုက်ပြီးနောက် အဝေးရှိ အလောင်းများထံသို့ လျှောက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် သူ လက်ကို မြှောက်၍ ရွှယ်ကျင်းထံသို့ အပ်နှစ်ချောင်း ပစ်လွှတ်ပေးလိုက်သေးသည်။
ဂိုဏ်းသားများ ရောက်လာပြီး ရွှီနင်းကို ဝိုင်းရံကာ အခြေအနေ မေးမြန်းကြသည်။
"ရွှယ်ကျင်းကို သွားကြည့်ကြ... ငါ ဘာမှ မဖြစ်ဘူး..." ဟု ရွှီနင်းက လေးနက်စွာ ပြောလိုက်ပြီး ထိုင်ချလိုက်သည်။
သူမ တရားထိုင်နေသည်ကို မြင်သောအခါ ဂိုဏ်းသားများ ရွှယ်ကျင်းထံသို့ ပြေးသွားကြသည်။
လီချင်းချိုးက ရှီးလျန့်ခန်းမမှ တပည့်များ၏ အလောင်းများ ရှေ့တွင် ရပ်လိုက်ရင်း သူ့မျက်နှာထား တည်တင်းနေသည်။
ဤတပည့်များ၏ ဝိညာဉ်များ ခန္ဓာကိုယ်မှ ထွက်ခွာသွားကြပြီ ဖြစ်ပြီး ယင်နှင့် ယန် အမိန့်တော်မှ လာရောက် ခေါ်ဆောင်မည့် ၇ ရက်တာ ကာလကို စောင့်ဆိုင်းရင်း လွင့်မျောနေကြသည်။
ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများကို ရှောင်လွှဲ၍ မရပေ။
ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ဤဖြစ်ရပ်မျိုး ထိုက်ခွန်း တောင်တန်း အတွင်း၌ ဖြစ်ပွားခဲ့ခြင်းက လီချင်းချိုးကို အပြစ်ရှိသလို ခံစားရစေသည်။
သူသည် မူလအားဖြည့်နယ်ပယ် နဝမအဆင့် ရှိပြီး အလွန် စွမ်းအားကြီးသော်လည်း သူ မကာကွယ်နိုင်သော လူများ ရှိနေသေးသည်။
သူကိုယ်တိုင် သုတေသနပြုထားသော "စိတ်နှလုံးသန့်စင်သော ဂါထာ"ကို ရွတ်ဆိုလိုက်သည်။ ၎င်းသည် သေဆုံးသူ၏ ဝိညာဉ် အသိစိတ်ကို ခေတ္တ ပြန်လည် ရရှိစေနိုင်သည်။
ရှီးလျန့်ခန်းမမှ တပည့် ၁၅ ယောက်၏ ဝိညာဉ်များ လျင်မြန်စွာ သတိပြန်ဝင်လာကြပြီး သူတို့ လီချင်းချိုးကို မြင်သောအခါ အလိုအလျောက် ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။ သို့သော် အောက်သို့ ငုံ့ကြည့်လိုက်ပြီး မိမိတို့၏ အလောင်းများကို မြင်လိုက်ရသောအခါ ကြောင်အသွားကြသည်။
သူတို့ သေသွားကြပြီလား…
လီချင်းချိုးက ….
"နောက် ၇ ရက်နေရင် မင်းတို့ သံသရာစက်ဝန်းထဲကို ဝင်ရောက်နိုင်ပြီ... ငါ မင်းတို့ကို ရွေးချယ်ခွင့် တစ်ခု ပေးမယ်... မင်းတို့ရဲ့ ဝိညာဉ်တွေကို ငါ ယာယီ ထိန်းသိမ်းထားပေးမယ်... အနာဂတ်မှာ မင်းတို့ကို တခြားနည်းလမ်းနဲ့ ပြန်ရှင်သန်ခွင့် ပေးနိုင်ကောင်း ပေးနိုင်မယ်... ဒါပေမဲ့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတာနော်... ငါ မလုပ်နိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဒါကြောင့် မင်းတို့ ဆုံးဖြတ်ပါ... သံသရာထဲ ဝင်ချင်တယ် ဆိုရင်လည်း မင်းတို့ရဲ့ ဆွေမျိုး မိတ်ဆွေတွေကို ငါ သတင်းပါးပေးမယ်... ပြောသာ ပြောပါ... ငါ သေချာပေါက် ပြောပေးပါ့မယ်..."
တပည့်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်နေကြသည်။ အရာအားလုံးက ရုတ်တရက် ဖြစ်ပျက်ခဲ့သဖြင့် ချက်ချင်း ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြသည်။
"မင်းတို့ သေချာ စဉ်းစားကြပါ... ငါ ခဏနေရင် ပြန်လာခဲ့မယ်..."
ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားပြီး နှင်းမြူများကြားတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
လီချင်းချိုး လျူကျဲ၏ အလောင်းနားသို့ လျှောက်သွားလိုက်တော့ လျူကျဲ၏ ခေါင်းနှင့် ကိုယ် ပြတ်နေသည်ကို မြင်သော်လည်း သူ့မျက်နှာထား မပြောင်းလဲပေ။ သူ လျှောက်သွားပြီး လျူကျဲ၏ ခေါင်းကို ကောက်ယူကာ ခန္ဓာကိုယ်နှင့် ပြန်လည် တွဲဆက်ပေးလိုက်သည်။
ထို့နောက် လျူကျဲ၏ ဝိညာဉ်ကိုလည်း သန့်စင်သော ဂါထာ ရွတ်ဖတ်ပေးလိုက်သည်။
ထိုအခါ လျူကျဲ အိပ်မက်ဆိုးမှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားသည်။ သူ မျက်လုံးဖွင့်လိုက်ရာ လီချင်းချိုးကို တွေ့လိုက်ရသည်။
လျူကျဲသည်လည်း အခြား တပည့်များကဲ့သို့ပင် ဦးညွှတ် နှုတ်ဆက်လိုက်ပြီးမှ သူ့အလောင်းကို မြင်လိုက်ရသည်။
သူလည်း ခဏမျှ ကြောင်သွားပြီး သူ သေဆုံးသွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သောအခါ ခါးသီးစွာ ပြုံးလိုက်မိသည်။
ငါ သေပြီးပြီပဲ... ဘာလို့ အရိုအသေ ပေးနေရဦးမှာလဲ…
ဂိုဏ်းချုပ်က ငါ့ကို မြင်ရမှာမှ မဟုတ်တာ…
လျူကျဲက လီချင်းချိုးကို မော့ကြည့်လိုက်ပြီး ဝမ်းနည်းကြေကွဲသော လေသံဖြင့်… "ဂိုဏ်းတူဦးလေး... ကျွန်တော် တာဝန်မကျေခဲ့ပါဘူး..." ဟု ပြောလိုက်တော့ လီချင်းချိုးက သူ့ကို ကြည့်ပြီး…
"မဟုတ်ဘူး... မင်း တာဝန်ကျေပါတယ်... မကြာခင် လူအများကြီး မင်းနဲ့အတူ မြေမြှုပ်ခံရလိမ့်မယ်..." ဟု ပြောလိုက်သဖြင့် လျူကျဲ ထပ်မံ ကြောင်အသွားပြီး လီချင်းချိုးကို အံ့သြတကြီး စိုက်ကြည့်နေမိကာ သူ့နားသူ မယုံနိုင် ဖြစ်နေလေတော့သည်။