← Chapters

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

Vol. 16 Ch. 151

ညနေခင်းတွင်

​ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့မီးဖိုချောင်ထဲ၌ ညစာအတူတူချက်ပြုတ်နေကြသည်။ ​ဇူလိုင်လသည် ခရမ်းသီး၊ ငရုတ်ပွနှင့် ခရမ်းချဉ်သီးများ အထွက်အများဆုံး ရာသီဖြစ်၏။ ​ကျိုးထောင်ဟွား မီးဖိုရှေ့တွင်ထိုင်ကာ မီးထိုးနေသည်။ အတွင်းဘက်ရှိအိုး၌ ထမင်းချက်နေသည်ဖြစ်ရာ အိုးအဖုံးမှထွက်ပေါ်လာသော ရေနွေးငွေ့များနှင့်အတူ ထမင်းနံ့သင်းသင်းလေး ပျံ့လွင့်နေ၏။ နောက်အိုးတစ်လုံးသည်လည်း ပူနေပြီဖြစ်ရာ ရှန်းမင်မှာ ဝက်ဆီတစ်ဇွန်းခပ်ထည့်လိုက်သည်။ ယနေ့ည၌ သူတို့ငရုတ်ပွဝက်သားကြော်နှင့် ခရမ်းချဉ်သီးကြက်ဥဟင်းချိုချက်ကြမည်ပင်။

​"ဇနီးလေး မီးဖိုထဲထင်းနည်းနည်းထည့်ပြီး အပြင်ထွက်ခဲ့တော့၊ အဲ့ဒီမှာတစ်ချိန်လုံး ထိုင်မနေနဲ့ ပူတယ်"

ဟင်းချက်နေရင်း မီးဖိုအနောက်တွင်မီးထိုးနေသော ကျိုးထောင်ဟွားကို ရှန်းမင်လှမ်းပြောလိုက်သည်။ ​ရှန်းမင်စကားကိုကြားသောအခါ သူမသည်မသိစိတ်ဖြင့်ထွက်လာရန် မတ်တတ်ရပ်လိုက်၏။ ရုတ်တရက် တစ်ခုခုမှားနေကြောင်း နောက်ကျမှသတိထားမိလိုက်သည်။ ​သူမ ဆတ်ကနဲမော့ကြည့်လိုက်၏။ ခုနက ရှန်းမင် သူမကိုဘယ်လို ခေါ်လိုက်တာလဲ။

ဇနီးလေးတဲ့လား

​ကျိုးထောင်ဟွားနှုတ်ခမ်းများမှာ ဖြည်ဖြည်းချင်းကွေးညွှတ်သွားရသည်။

"ယောင်္ကျားရေ"

​ခလုတ်တစ်ခုဖွင့်လိုက်သကဲ့သို့ ရှန်းမင်သည် ကျိုးထောင်ဟွားထံသို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေသည်။

​"ထောင်ဟွား အိမ်မှာရှိလား"

​ရွာလူကြီးအသံမှာ ရုတ်တရက်ဆိုသလိုခြံဝင်းတံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။ ​မီးဖိုချောင်ထဲရှိ ချိုမြိန်သောလေထုများ ချက်ချင်းပျောက်ကွယ်သွားလေ၏။

​"ထောင်ဟွားရေ ကွမ်းမင် ကွမ်းခွင်းနဲ့ ကွမ်းဖာတို့ လူငှားပြီးပြီ၊ မနက်ဖြန်မြေညှိတာတွေ မြောင်းတူးတာတွေ စလုပ်ကြမယ်၊ ပြီးရင် ကျောက်စရစ်တွေ မြေကြီးတွေနဲ့အုတ်မြစ်ချမယ်"

​ရွာလူကြီးပြောရင်းဝင်လာရာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ရှန်းမင်ကို အချိန်ကိုက် တွေ့လိုက်ရသဖြင့် မီးဖိုချောင်ဆီသို့ လျှောက်လာခဲ့သည်။

​"ရှန်းမင် ဟင်းချက်နေတာလား၊ ဟင်းတစ်ခွက် ဟင်းချိုတစ်ခွက်ဆို မင်းတို့နှစ်ယောက်အတွက် အတော်ပဲပေါ့၊ စားကြစားကြ အဘိုးထပ်မနှောင့်ယှက်တော့ပါဘူး"

​ရွာလူကြီးမှာ ထိုသို့ပြောပြီးနောက် ပြန်ထွက်သွားလေသည်။ ​သူကတော့ တစ်ကယ့်ကိုလင်းထိန်နေတဲ့ အပိုမီးသီးကြီးပါလားနော်။ ​ကျိုးအိမ်ဟောင်းတွင်လည်း ညစာစားနေကြသည်။ ​ကျိုးလျန်ဟွားသည် ဟင်းများကိုမစားဘဲ ထမင်းကိုသာ တိတ်တဆိတ်စားနေသည်ကို ကျိုးရှင်းဟွာ သတိထားမိလိုက်ပြီး သူမထံခဏခဏ ခိုးကြည့်နေမိ၏။ ​ကျိုးလျန်ဟွားက ဒီညထမင်းပဲ စားနေတာလား။

​ကျိုးရှင်းဟွာ သူမထမင်းပန်းကန်ကို မြန်မြန်စားပြီးနောက် သူမနောက်သို့လိုက်ထွက်သွားသည်။ ​ကျိုးအိမ်ဟောင်းတွင် အသက်ရှစ်နှစ်အရွယ် ကျိုးလဲ့မှလွဲ၍ အိမ်ထောင်မကျသေးသူသုံးယောက်သာ ကျန်ရှိတော့၏။ သူမ၊ ကျိုးယွီနှင့် ကျိုးလျန်ဟွားတို့သာဖြစ်ကြသည်။ ​ကျိုးယွီနှင့် ကျိုးလဲ့တို့မှာတစ်ခန်းတည်းအိပ်ကြပြီး သူမက‌တော့ကျိုးလျန်ဟွားနှင့်တစ်ခန်းအိပ်၏။

​"အစ်မလျန်ဟွား ဘာဖြစ်လို့လဲ"

​ကျိုးရှင်းဟွာ တံခါးကိုပိတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ ​ကျိုးလျန်ဟွား ကိုယ့်ကိုကိုယ်လှောင်ပြောင်သလို ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာပြောလိုက်၏။

​"ငါက အရမ်းအသုံးမကျတာပဲ၊ မနေ့က ကျိုးရှန့်လင်ပြောသွားတဲ့ စကားတွေကို တစ်ကယ်ထင်ပြီးယုံနေခဲ့တာ၊ ဒီနေ့ အောင်သွယ်တော်ယိုလဲ ငါတို့အိမ်ကိုတင်တောင်းဖို့မလာပါဘူး"

​မနေ့မှမင်္ဂလာပွဲ၌ ကျိုးရှန့်လင်ပြောခဲ့သည့်စကားများကို ကျိုးရှင်းဟွာပြန်သတိရလိုက်သည်။ ​အဲ့ဒီတုန်းက သူက အရမ်းယုံကြည်မှုရှိနေပုံ ပေါက်နေလို့ သူမလည်း တစ်ကယ်ပဲလို့ထင်ခဲ့တာလေ။

​သူကလူလိမ်ဖြစ်နေမယ်လို့ သူမလုံးဝ ထင်မထားခဲ့မိဘူး။ ​အစ်မလျန်ဟွားကို သူကများ လှည့်စားရဲတယ်ပေါ့လေ။ ​ကျိုးရှင်းဟွာ နှစ်သိမ့်လိုက်သည်။

"အစ်မလျန်ဟွား သူ့ကိုဂရုစိုက်မနေပါနဲ့၊ သူဆိုတာ အရင်ကတည်းကလူရှုပ်လူပွေပဲလေ၊ မဟုတ်ရင် သူ့အမေဘယ်သေပါ့မလဲ၊ အခုမှ ပိုက်ဆံနည်းနည်းလေးရပြီး နည်းနည်းလေးအောင်မြင်လာတာကို အခွင့်ကောင်းယူပြီး အိမ်ထောင်ဘက်ဖြစ်ခွင့်နဲ့ မိန်းကလေးတွေကိုလှည့်စားချင်နေတာ"

​ကျိုးရှင်းဟွာသည် ကျိုးရှန့်လင်၏စကားများနှင့် လုပ်ရပ်များကို အလွန်ရွံရှာသွားတော့သည်။ ​အစ်မလျန်ဟွားက အပျိုကြီးဖြစ်ရမယ့်ကံကြမ္မာပါလာတာကို သိသိကြီးနဲ့ မျှော်လင့်ချက်တွေပေးပြီးတော့မှ စိတ်ပျက်အောင်လုပ်ရက်တယ်။ ​ကျိုးလျန်ဟွား ခါးသီးဟန်ဖြင့်ပြုံးလိုက်သည်။ ​ယခုမှစ၍ အခြားသူများ၏စကားများကို သူမ ဘယ်တော့မှအတည်ယူတော့မည် မဟုတ်ပေ။ ​နောက်တစ်နေ့တွင် ရွာအပြင်ဘက်တောင်ပေါ်၌ လူအများအပြား ရောက်ရှိလာကြသည်။ တောင်ပေါ်တွင် လူတစ်ထောင်နီးပါး မြေတူး၊ ကျောက်ခွဲ အလုပ်လုပ်နေကြ၏။ ​ကျိုးကွမ်းမင်၊ ကျိုးကွမ်းခွင်းနှင့် ကျိုးကွမ်းဖာတို့မှာ တောင်ကုန်းတစ်ခုစီကို ကြီးကြပ်ကြပြီး ရွာရှိလူတစ်ထောင်နီးပါးအတွက် နေ့လည်စာပြင်ဆင်ရန် လူအချို့ကိုစီစဉ်ပေးထားသည်။

​ငှားရမ်းထားသော အလုပ်သမားအားလုံးသည် အနီးအနားရွာများမှဖြစ်ကြပြီး တစ်နေ့လျှင် ပြားသုံးဆယ်ရရှိကြ၏။ ​ကျိုးကျားရွာမှ ဘာကြောင့်တောင်ကြောပေါ်၌ မြို့ရိုးဆောက်နေလဲဆိုသည်ကို သူတို့မသိကြပေသိ မြို့ထဲသွားစရာမလိုဘဲ တစ်နေ့ကိုပြားသုံးဆယ်ရရာ အားလုံးလည်းအလွန်တရာပျော်ရွှင်နေကြသည်။

​ထို့ပြင် စီမံကိန်းမှာကြီးမားလွန်းလှရာ ဆယ်ရက် လဝက်လောက်နှင့်ပြီးမည်မဟုတ်ပေ။ အနည်းဆုံး လအနည်းငယ်မှနေ ခြောက်လလောက်ထိကြာနိုင်သည်။

​ဒါက သူတို့ကို ဒီကာလအတွင်းတည်ငြိမ်တဲ့ ဝင်ငွေတစ်ခုရရှိစေမှာပဲလေ။ ​အလုပ်သမားများသည် အလွန်ကြိုးစားလုပ်ကိုင်ကြသည်။ ပန်းရန်ဆရာအချို့ အပါအဝင်အားလုံးကို ကျိုးကွမ်းမင်နှင့် ကျိုးကွမ်းခွင်းတို့က အဖွဲ့ခေါင်းဆောင်များအဖြစ်ခန့်အပ်ကာ အခြားအလုပ်သမားများကို ကြီးကြပ်လမ်းညွှန်စေ၏။

​မြို့ရိုးတည်ဆောက်ခြင်းလုပ်ငန်းစဉ် ချောမွေ့စွာလည်ပတ်နေပြီး ရွာထဲရှိ မီးဖိုချောင်နှစ်ဆယ်ကျော်၌လည်း နေ့လယ်စာ ပြင်ဆင်ပေးနေကြသည်။ ​မွန်းတည့်ချိန်မရောက်မီ အစားအသောက်များအားလုံးကို နွားလှည်းဖြင့်တောင်ပေါ်သို့ ပို့ဆောင်ပေး၏။ ​အသားနှင့် ဟင်းသီးဟင်းရွက်နှစ်မျိုးစလုံးပါဝင်ကာ ဆန်ဟောင်းနှင့်ရောထားသောပြောင်းမှုန့် ဖြစ်သော်လည်း လူတိုင်းမှာဤအစားအစာအတွက် အလွန်တရာကျေနပ်နေကြသည်။ ​ရွာတိုင်းမှာ ကျိုးကျားရွာကဲ့သို့ အိမ်တိုင်းဆန်အသစ်စားနိုင်ကြသည်မဟုတ်ပေ။ အများစုမှာ တစ်နေ့သုံးနပ် ပြောင်းဖူးမှုန့်သာစားနေရတုန်းပင်။

​လူတိုင်း အစားအသောက်ယူပြီးနောက် ကျိုးကွမ်းမင်၏ဇနီး ဟန်ရှီ၊ ကျိုးကွမ်းဖာ၏ ဇနီးရှစ်ရှီနှင့် အခြားသူများသည် ပစ္စည်းများသိမ်းဆည်းကာ ဆေးကြောရန် ရွာသို့ပြန်လာခဲ့ကြသည်။ ​ရှစ်ရှီသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကိုဆွဲ၍ အိမ်ပြန်ရောက်သောအခါ ခြံဝင်းတံခါးဟင်းလင်းပွင့်နေသည်ကို တွေ့လိုက်ရသည်။ ​သူမ အထဲသို့အပြေးအလွှားဝင်သွားပြီး အော်ခေါ်လိုက်၏။

"ရှန့်တ ရှန့်တ"

​သူမ အချိန်အတော်ကြာသည်ထိခေါ်နေသော်လည်း မည်သူမှပြန်မထူးပေ။

​အိမ်တွင်းရှိတိတ်ဆိတ်မှုမှာ သူမကိုစိုးရိမ်လာစေပြီး အိမ်တစ်အိမ်လုံးပတ်ရှာသည့်တိုင် ရှန့်တကိုမတွေ့ရပေ။ ​ကျန်းရှီဝင်လာပြီး မေးလိုက်သည်

"ရှန့်တ ဘာဖြစ်လို့လဲ"

​ကျိုးရှန့်တသည် အခြားကလေးများနှင့်မတူပေ။ သူသည် အသက် ၁၆နှစ်ရှိပြီဖြစ်သော်လည်း ဉာဏ်ရည်မမီသူဖြစ်သည်။

​ထို့ကြောင့် ကျိုးကွမ်းဖာနှင့် သူ့ဇနီးတို့သည် သူ့ကိုအများအားဖြင့် အိမ်မှာသာထားလေ့ရှိကြသည်။

​"ယောင်းမယန်ချိုး ရှန့်တပျောက်သွားပြီ"

​ရှစ်ရှီ စကားတစ်ဝက်တွင် ငိုချလိုက်မိလေသည်။ ​ကျိုးရှန့်တာသည် ဉာဏ်ရည်မမီသော်လည်း သူမ၏သွေးသားရင်းချာဖြစ်၏။ ​သူမ သူ့ကို ၁၆နှစ်တိုင်တိုင်ပြုစုပျိုးထောင်လာခဲ့သည်ဖြစ်ရာ လူမပြောနှင့်ခွေးတစ်ကောင်‌ဆိုလျှင်ပင် သံယောဇဉ်ရှိနေပြီပင်။ ​ကျိုးရှန့်တသည် မွေးကတည်းမှ ဉာဏ်ရည်မမီခဲ့သဖြင့် သူတိုးတက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်ချက်မထားခဲ့ကြပေ။ ​ရှန့်ကျင်းအရွယ်ရောက်လာ၍ ခင်ပွန်းကောင်းတစ်ယောက်ကိုရှာပေးဖို့သာ သူတို့ဆန္ဒရှိကြသည်။ ထိုသို့ဆိုပါက သူမနှင့်ကွမ်းဖာတို့ သေဆုံးသွားပြီးနောက်တွင်တောင် စိတ်အေးချမ်းသာစွာဖြင့်ထွက်ခွာသွားနိုင်ပြီပင်။ ​ရှန့်ကျင်းနှင့်သူမခင်ပွန်းရှိနေလျှင် ရှန့်တလည်းအနှိမ်ခံရမည်မဟုတ်ဟု သူတို့ယုံကြည်၏။

​"စိတ်မပူပါနဲ့ ငါကူရှာပေးပါ့မယ်"

​သူတို့နှစ်ဦး ရွာထဲ၌ကျိုးရှန့်တနာမည်ကို အော်ခေါ်နေစဉ် ရွာသားများတစ်ယောက်ပြီးတစ်ယောက် ရှာဖွေရာတွင်ပါဝင်လာကြသည်။ ​ထိုသတင်းကိုကြားသောအခါ ကျိုးထောင်ဟွားသည်လည်း ဖားပေါက်စနတ်ဆိုးလေးကို ချက်ချင်းလွှတ်၍ ရှာဖွေစေလိုက်၏။ ​နောက်ဆုံးတွင် ကျိုးရှန့်တတစ်ယောက်တောင်ပေါ်သို့ တစ်ကယ်ထွက်ပြေးသွားကြောင်း သူတို့သိရှိသွားကြသည်။ ​သူသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ဝမ်းနည်းပက်လက်ငိုကြွေးနေလေ၏။

​"ရှန့်တ သားဘာဖြစ်လို့လဲ၊ ဘယ်နေရာနာသွားလို့လဲ အမေ့ကိုမြန်မြန်ပြော"

​ရှစ်ရှီသည် ကျိုးရှန့်တခန္ဓာကိုယ်ကို ခေါင်းမှစ၍ခြေဖျားထိ စစ်ဆေးကြည့်သော်လည်း ပုံမှန်မဟုတ်သောအရာဘာမှမတွေ့ရပေ။ ​ကျိုးထောင်ဟွားမျက်လုံးများ နက်မှောင်သွားပြီး ကျိုးရှန့်တဂုတ်ပိုးထက်မှ သတ်ဖြတ်ချင်စိတ်အငွေ့အသက်တစ်ခုကိုမြင်တွေ့လိုက်ရသည်။

​နောက်တစ်ခါ ထပ်လာပြန်ပြီလား

​သူ လာပြီလား

​ရွာကိုကာကွယ်ရန် မြို့ရိုးတည်ဆောက်ဖို့ကိုသာ အာရုံစိုက်နေကြ၍ ဤကိစ္စအား သူတို့မေ့သွားခဲ့ခြင်းပင်။ ​ကျိုးလျန်ဟွားသည် ကျိုးရှန့်တ၏ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းသတိထားမိလိုက်သည်။

"အဒေါ်ရှစ် ရှန့်တလည်ပင်းက နီနေတယ် ကြည့်ပါဦး"

​ရှစ်ရှီကြည့်လိုက်ရာ တကယ်ပင်ဖြစ်နေသည်။ ​သူမကျိုးရှန့်တ၏အင်္ကျီကော်လာကို ဆွဲဖွင့်လိုက်သောအခါ ထိုနေရာသည် နီရဲနေရုံသာမက ပေါက်ပြဲပြီး သွေးထွက်နေသည်ကိုပါ တွေ့လိုက်ရ၏။ ထို့ကြောင့်သာ ရှန့်တတစ်ယောက် ဤမျှထိငိုနေခြင်းဖြစ်သည်။ ရှစ်ရှီ ရင်ကွဲမတတ်ခံစားလိုက်ရ၏။ ​ရှစ်ရှီမှာ သားဖြစ်သူအားနှစ်သိမ့်ချော့မော့လိုက်သည်။

"ရှန့်တ လိမ္မာတယ်နော် မငိုနဲ့တော့"

သို့သော်​ကျိုးရှန့်တ၏မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာပြီး မရပ်မနား ငိုကြွေးနေလေသည်။ ရှစ်ရှီဘာလုပ်ရမည်မှန်းမသိ ဖြစ်နေတော့၏။ ​သူမမှာ သူ့ကိုမချော့နိုင်သလို ဆူပူဖို့လည်း မရက်စက်နိုင်ပေသိ သူငိုနေသံအားကြားရသည်မှာ သူမရင်ကိုဆို့နင့်စေသည်။ ​ကျိုးလျန်ဟွား အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်လိုက်၏။

"မောင်လေးရှန့်တ မငိုနဲ့တော့နော်၊ ဒီသကြားလုံးချိုချိုလေး စားမလား"

​ကျိုးလျန်ဟွားသည် ကလေးတစ်ယောက်ကိုချော့သကဲ့သို့ ကျိုးရှန့်တရှေ့တွင် သကြားလုံးကိုပြလိုက်သည်။ ​ကျိုးရှန့်တအမှန်တကယ်ပင် အငိုတိတ်သွားလေ၏။ ​ရှစ်ရှီ အလွန်တရာဝမ်းသာသွားပြီး ကျိုးလျန်ဟွားထံ မယုံနိုင်ဟန်ဖြင့်ကြည့်နေမိသည်။

​အဖိုးတန်ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်......

All Chapters