← Chapters

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

Vol. 16 Ch. 152

ကျိုးလျန်ဟွား သကြားလုံးအခွံကိုခွာပြီး သူ့ကိုပေးလိုက်သည်။ ​ကျိုးရှန့်တနောက်ဆုံးတော့ သကြားလုံးကိုစားရသွားပြီး ၎င်း၏ချိုမြိန်မှုကို ခံစားနေလေ၏။

​ကျိုးရှန့်တ ကျေနပ်စွာစားနေသည်ကိုမြင်သောအခါ ရှစ်ရှီသည် ကျိုးလျန်ဟွားထံစိတ်သက်သာရာရသွားသောအပြုံးဖြင့် ကြည့်လိုက်သည်။ ​ရှစ်ရှီမှ ကျိုးရှန့်တကိုခေါ်ပြီး တောင်အောက်ဆင်းရန်ပြင်လိုက်စဉ် ကျိုးထောင်ဟွား သူမကိုတားကာပြောလိုက်၏။

​"အဒေါ်ရှစ် ရှန့်တလည်ပင်းကဒဏ်ရာက သာမန်ပွန်းပဲ့ဒဏ်ရာမဟုတ်ဘူး၊ သူက နတ်ဆိုးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံထားရတာ၊ ကြည့်လိုက် ရှန့်တက အခုမငိုတော့ပေမယ့် မျက်နှာပေါ်မှာချွေးသီးတွေ ဆက်တိုက်ကျနေတုန်းပဲ၊ သူအရမ်း နာကျင်နေတာ"

ထိုသို့​ပြောရင်းကျိုးထောင်ဟွား ရှေ့သို့ တိုးသွားပြီး ကျိုးရှန့်တအင်္ကျီကော်လာကို ဆွဲဖွင့်ကာ ဆက်ပြောသည်။

"ဒါက ခူယားကောင်နတ်ဆိုးကြောင့်ဖြစ်ရတာ၊ သူ့ကိုနည်းနည်းလေးထိမိတာနဲ့တောင် အရမ်းနာကျင်နေလိမ့်မယ်"

​ရှစ်ရှီသည် ခူယားကောင်များအကြောင်းကို သိထားသည်။ ဤသတ္တဝါများသည် နေရာအနှံ့အပြားတွင် ပေါက်ဖွားတတ်ပြီး အပင်များ၏အရောင်နှင့် တစ်ထပ်တည်းကျအောင် ရုပ်ဖျက်ရာတွင်အလွန် ကျွမ်းကျင်ကြသည်။ ​သာမန် ခူယားကောင်များပင်လျှင် လုံလောက်အောင် အဆိပ်ပြင်းနေပြီဖြစ်ရာ ယခု ခူယားကောင်နတ်ဆိုးမှာ ရှန့်တကိုဒဏ်ရာရစေခဲ့ပြီပင်။

​"ထောင်ဟွား ရှန့်တရဲ့နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းလေးကူစဉ်းစားပေးပါဦး"

​ရှစ်ရှီသည် ကျိုးရှန့်တမျက်နှာပေါ်ရှိ ချွေးသီးချွေးပေါက်များကို အနီးကပ် ကြည့်ရင်း ရင်ကွဲမတတ်ဖြစ်နေရသည်။

​သို့သော် ကျိုးထောင်ဟွားမှာလည်း အခက်ကြုံနေရ၏။

"သူက ခူယားကောင်နတ်ဆိုးနဲ့ထိမိထားတာဆိုတော့ ဘယ်ဆေးမှမတိုးဘူး၊ သူ့ဆီကထွက်တဲ့ အရည်ကပဲကူညီပေးနိုင်မှာ"

​ရှစ်ရှီထိတ်လန့်သွားသည်။ သူမဘာလုပ်နိုင်တော့မှာလဲ။

​"ထောင်ဟွား အဲ့ခူယားကောင်နတ်ဆိုးစုတ်ကိုဖမ်းပြီး ရှန့်တကိုလိမ်းပေးဖို့သူ့အရည်ကိုယူပေးပါဦး အဒေါ့်ကိုကူညီပါကွယ်၊ ရှန့်တ ဒီလောက်နာကျင်နေတာကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ"

​ရှန့်တတစ်ယောက် ဤမျှထိနာကျင်နေရသည်ကို သူမ,မကြည့်ရက်နိုင်တော့ပေ။

​ကျိုးရှန့်တမျက်နှာ ဖြူဖျော့နေပြီကို တွေ့လိုက်ရသဖြင့် ကျိုးထောင်ဟွားသည် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ကာပြောလိုက်သည်။

​"အဒေါ်ရှစ် ဒီအဆောင်ကို ရှန့်တကိုယ်ပေါ်မှာ ကပ်ထားလိုက်ပါ၊ သူ့ကိုနည်းနည်းတော့ သက်သာသွားစေလိမ့်မယ်၊ သမီး အခုပဲအဲ့ဒီခူယားကောင်နတ်ဆိုးကို သွားဖမ်းလိုက်ဦးမယ်"

​ကျိုးရှန့်တကိုကူညီရန် ခူယားကောင်နတ်ဆိုးကိုဖမ်းခြင်းမှာ အကြောင်းအရင်းတစ်ခုသာဖြစ်သည်။ ​ဒုတိယအချက်အနေဖြင့် သူမသည် ခူယားကောင်နတ်ဆိုးများကို မြို့ရိုးတစ်လျှောက်လုံးတွင် ဖြန့်ကျက်ထားချင်ခြင်းပင်။ ​ထိုအခါ မြို့ရိုးကိုကျော်တက်ပြီး ကျိုးကျားရွာထဲသို့ ဝင်ရောက်ရန်ကြိုးစားသူတိုင်း အံ့အားသင့်မှုကြီးများနှင့် ကြုံတွေ့ရလိမ့်မည်။ ​နတ်ဆိုးလေး၏လမ်းပြမှုဖြင့် ကျိုးထောင်ဟွားသည် အဆိပ်ပြင်းခူယားကောင်နတ်ဆိုး ပုန်းအောင်းနေသည့် နေရာကို လျင်မြန်စွာရှာတွေ့သွားလေသည်။ ​၎င်းသည် သစ်ရွက်တစ်ရွက်၏ ကျောဘက်တွင်ကပ်နေပြီး သေချာမကြည့်လျှင် လုံးဝမမြင်ရသလောက်ပင်။

​၎င်းသည် အစိမ်းရောင်တောက်တောက်အင်္ကျီကိုဝတ်ဆင်ထားပြီး အရောင်အသွေးစိုပြည်ကာ ၎င်း၏ကျောကုန်းတစ်လျှောက်တွင် အပြာရောင်အစက်အပြောက်တစ်တန်း ပါရှိသည်။

​၎င်း၏အစွန်းနှစ်ဖက်နှင့် ဘေးပတ်လည်ရှိ အာရုံခံအမွေးအမျှင်များအား အမွှေးထူထူဆူးချွန်များဖြင့် ဖုံးလွှမ်းထား၏။ ကျိုးရှန့်တသည် ဤဆူးချွန်များဖြင့်အထိုးခံလိုက်ရသဖြင့် ထိုကဲ့သို့ဖြစ်သွားရခြင်းဖြစ်ရမည်။

​ကျိုးထောင်ဟွား ဆောင့်ကြောင့်ထိုင်ချကာ ထိုအဆိပ်ပြင်းခူယားကောင်နတ်ဆိုးလေးကို ကြည့်လိုက်သည်။ ဤတစ်ကောင်သည် ယခုမှနတ်ဆိုးအဖြစ်သို့ ပြောင်းလဲလာခြင်းဖြစ်ပြီး အများဆုံး ကျင့်ကြံခြင်းစွမ်းအား အနှစ်နှစ်ဆယ်သာ ရှိသေးသည်။ ​သူတစ်ကောင်တည်းနှင့် ကျိုးကျားရွာ၏မြို့ရိုးတစ်လျှောက်လုံးကို ဖုံးလွှမ်းရန်မလုံလောက်နိုင်ပေ။ ထို့အပြင် ၎င်းသည် ကျင့်ကြံခြင်းစွမ်းအား အားနည်းသောသားလောင်းတစ်ကောင်သာဖြစ်သဖြင့် သိပ်အသုံးဝင်မည်မဟုတ်ချေ။ ​ကျိုးထောင်ဟွား စိုးရိမ်ပူပန်စွာဖြင့် မော့ကြည့်လိုက်ရာ သူမခေါင်းထက်ရှိသစ်ရွက်တိုင်း၏ကျောဘက်တွင် အဆိပ်ပြင်းခူယားကောင်နတ်ဆိုး အများအပြားကိုတွေ့လိုက်ရသည်။ ​ကျိုးထောင်ဟွား မျက်လုံးများတောက်ပသွားရ၏။

ဒါက သူမလိုချင်နေတဲ့ဟာ အတိအကျပဲ။ ​သူတို့ကရောက်လာတာကို ဖုံးကွယ်ထားကြတာကိုး။

​ကျိုးထောင်ဟွားသည် ဝိညာဉ်စွမ်းအင်အိတ်တစ်ခုဖန်တီးရန် သူမဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် ချွန်ထက်သောတံစဉ်းတစ်ခုသည် သူမအထက်ရှိသစ်ပင်ပင်စည်အနောက်မှ တိတ်တဆိတ်ပေါ်ထွက်လာလေ၏။ ​၎င်းသည် ရှေ့သို့တစ်လှမ်းတိုးလာရာ ၎င်း၏တစ်ကိုယ်လုံး ပေါ်လွင်လာလေသည်။ ​ကျိုးထောင်ဟွား မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားသည်။

ရှိခိုးကောင်နတ်ဆိုးလား။ ​ဒါဆို ခူယားကောင်နတ်ဆိုးတွေကို ပစ်မှတ်ထားနေတာ သူမတစ်ယောက်တည်း မဟုတ်ဘူးပေါ့။

​၎င်း၏ တံစဉ်းစွန်းရှိလွှသွားများသည် ဓားများအလား ချွန်ထက်နေပြီး သစ်ရွက်များပေါ်ရှိ ခူယားကောင်နတ်ဆိုးများကို ချက်ချင်းတိုက်ခိုက်လေတော့သည်။ ​၎င်း၏ တံစဉ်းကဲ့သို့သော ရှေ့ခြေလက်များသည် လေထဲတွင်လျှပ်စီးလက်သကဲ့သို့ လျှပ်တစ်ပြက်လှုပ်ရှားသွားပြီး ဖက်ကနဲ ခူယားကောင်နတ်ဆိုးများကို တိတိကျကျညှပ်ဖမ်းလိုက်လေ၏။ ခူယားကောင်များမှာ အသည်းအသန် ရုန်းကန်နေကြပြီး သူတို့၏အမွှေးထူထူဆူးချွန်များဖြင့် ရှိခိုးကောင်နတ်ဆိုးကို အားပါးတရထိုးစိုက်ကြသော်လည်း ၎င်း၏မာကျောသောအခွံကြောင့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ပေ။ ​၎င်းသည် ခူယားကောင်နတ်ဆိုးများကို သစ်ပင်ပင်စည်နှင့် ဖိကပ်ထားပြီး ချွန်ထက်သောသွားများပြည့်နှက်နေသည့် ၎င်း၏မေးရိုးများဖြင့် သူတို့၏အပြင်ဘက်အရေခွံကို လျင်မြန်စွာဆွဲဖြဲကာ သူတို့ခန္ဓာကိုယ်ထဲမှအရည်များကို အငမ်းမရစုပ်ယူလေတော့သည်။

​ကျိုးထောင်ဟွားမျက်လုံးများ အေးစက်သွား၏။ သူမပစ္စည်းတွေကို လုယူဖို့ ကြိုးစားနေတာလား။

​သူတို့အားလုံးမှာ သားလောင်းများဖြစ်နေပေသိ ကျင့်ကြံခြင်းစွမ်းအားအနှစ်နှစ်ဆယ်ရှိနေပြီပင်။ ​ကျိုးထောင်ဟွား သူမလက်ဖဝါးမှနေ ဝိညာဉ်စွမ်းအင်ကြာပွတ်တစ်ခုကို ရုတ်တရက်ထုတ်လွှတ်လိုက်သည်။ လက်ကောက်ဝတ်ကို တစ်ချက် ရမ်းလိုက်ရာ အဖြူရောင်ကြာပွတ်သည် အဆိပ်ပြင်းမြွေတစ်ကောင်အလား လေတိုက်သံနှင့်အတူ ရှိခိုးကောင်နတ်ဆိုးထံသို့ ရိုက်ခတ်သွားလေ၏။

​"???"

ရှိခိုးကောင်နတ်ဆိုး အံ့အားသင့်သွားသည်။ ​ဒီမှာ နောက်ထပ်လူတစ်ယောက် ရှိနေတာလား။ ​အစွမ်းထက်တဲ့ဆရာသခင်တစ်ယောက်ဖြစ်နိုင်တယ်။

​၎င်းသည် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ကာကွယ်ရန် ၎င်း၏ရှေ့လက်တစ်ဖက်ကို ချက်ချင်း မြှောက်လိုက်သည်။ ကျယ်လောင်သော ခွပ်ကနဲအသံတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်ကြာပွတ်မှာ ၎င်း၏မာကျောသောအခွံကို ရိုက်မိသွားရာ မီးပွားများလွင့်စင်သွားလေ၏။

​၎င်းသက်ပြင်းချနိုင်သွားရသည်။

ကံကောင်းလို့ ကာကွယ်နိုင်ခဲ့တာ။ ​သူမက အတော်လေးအစွမ်းထက်တာပဲ။

​"ဂျွတ်"

​ပြတ်သားပြီးနားကွဲလုမတတ် ကျိုးပဲ့သံတစ်ခု ပဲ့တင်ထပ်သွားလေသည်။ ​၎င်း၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားလေသည်။

​မဖြစ်နိုင်ဘူး။

​၎င်းငုံ့ကြည့်လိုက်ရာ ၎င်း၏ရှေ့လက်တစ်ဖက် ကျိုးပဲ့သွားသည်ကို တွေ့လိုက်ရသည်။

​"ရှီး"

ရှိခိုးကောင်နတ်ဆိုး နာနာကျင်ကျင်ဖြင့်အော်ဟစ်လိုက်သည်။ ​ဒေါသထွက်သွားသဖြင့် ၎င်းသည် သစ်ပင်ပေါ်မှခုန်ဆင်းလာပြီး ၎င်း၏နောက်တံစဉ်းတစ်ဖက်ကို ကျိုးထောင်ဟွား၏ငယ်ထိပ်ဆီသို့ ရွယ်ကာလွှဲယမ်းလိုက်လေ၏။ ​ကျိုးထောင်ဟွား အေးစက်စက်ဖြင့်သာ စိုက်ကြည့်နေသည်။ ဝိညာဉ်စွမ်းအင်လုံးတစ်ခုသည် သူမဘေးပတ်လည်တွင် လျင်မြန်စွာဖြစ်ပေါ်လာပြီး သူမတစ်ကိုယ်လုံးကို လွှမ်းခြုံကာ ၎င်း၏တံစဉ်းကိုကာကွယ်တားဆီးလိုက်လေသည်။ ရှိခိုးကောင်နတ်ဆိုးသည် ထိုအဖြူရောင်အလင်းဝန်းကို ဖောက်ထွင်း၍မရသဖြင့် ၎င်း၏ပေါင်းစပ်မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး စိုးရိမ်မှုနှင့်ဒေါသတို့ ရောထွေးနေလေသည်။ ​၎င်းသည် မာကျောသောအဖြူရောင်အလင်းဝန်းကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် အတွင်းမှလက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး အေးစက်စက်အလင်းတန်းတစ်ခု လက်ကနဲဖြစ်သွားကာ ဝိညာဉ်စွမ်းအင်ဓားတစ်လက်သည် ၎င်း၏မျက်လုံးများကို ဖောက်ထွင်း၍ ခေါင်းထဲသို့ စိုက်ဝင်သွားလေ၏။​ အိမ်ထောင်ကျပြီးနောက်တွင်တော့ နှစ်ပေါင်းသုံးရာကျော် ကျင့်ကြံခြင်းစွမ်းအားရှိသော နတ်ဆိုးတစ်ကောင်ကိုဖြေရှင်းရသည်မှာ သူမအတွက်အရင်ကထက် အများကြီး ပိုမိုလွယ်ကူနေပြီပင်။

​"!!!"

ရှိခိုးကောင်နတ်ဆိုး ပြင်းပြင်းထန်ထန်တုန်ယင်သွားပြီး အားအင်ကုန်ခမ်းကာ မြေကြီးပေါ်သို့ လဲကျသွားလေသည်။

​၎င်း ရှုံးနိမ့်သွားပြီပင်။ ​သူမက အရမ်းအစွမ်းထက်တာပဲ။

​ကျိုးထောင်ဟွား ၎င်းကိုခြေထောက်ဖြင့် ကန်လိုက်သည်။ ဒါတောင်သူမရဲ့ခူယားကောင်နတ်ဆိုးတချို့ကိုတောင် စားပစ်လိုက်သေးတယ်။ ​သူမ ဝိညာဉ်စွမ်းအင်ဓားကိုကိုင်ကာ ရှိခိုးကောင်နတ်ဆိုး၏ခေါင်းကို ခွဲလိုက်ပြီး နှစ်ပေါင်း သုံးရာကျင့်ကြံခြင်းစွမ်းအား ပါဝင်သောအမြုတေကို ထုတ်ယူလိုက်သည်။ ထိုအခါမှသာ သူမအပြုံးမှာပြန်လည်ပေါ်လာတော့၏။

​ခူယားကောင်နတ်ဆိုးတွေကိုကျွေးဖို့ ဒါကို သူမ လိုအပ်တယ်လေ။ အမြုတေကိုသိမ်းဆည်းပြီးနောက် သူမသည် သစ်ပင်ပေါ်ရှိ ခူယားကောင်နတ်ဆိုးအားလုံးကို ဖမ်းယူလိုက်ရာ နောက်ဆုံးတွင်အိတ်တစ်လုံးအပြည့် ရရှိသွားသဖြင့်ပြန်ယူလာခဲ့သည်။ ​ရှစ်ရှီနှင့် သူမသားကျိုးရှန့်တတို့သည် ထိုနေရာတွင်စောင့်နေဆဲပင်။ ​ကျိုးထောင်ဟွား၏ ကာကွယ်ရေး အဆောင်လက်ဖွဲ့ကြောင့် ကျိုးရှန့်တအများကြီး သက်သာသွားသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့ဂုတ်ပိုးတွင် ရေနွေးပူလောင်ထားသကဲ့သို့ အနီကွက်ကြီးတစ်ခုပေါ်လာပြန်၏။

​"ထောင်ဟွား ပြန်လာပြီလား၊ အဲ့ဒီခူယားကောင်နတ်ဆိုးကို တွေ့ခဲ့လား"

​ကျိုးထောင်ဟွားကိုမြင်သည်နှင့် ရှစ်ရှီစိုးရိမ်တကြီး မေးလိုက်သည်။ ​ရွာတစ်ရွာလုံးတွင် နတ်ဆိုးများအားဖြေရှင်းနိုင်စွမ်း ရှိသည်မှာ ထောင်ဟွားတစ်ယောက်တည်းပင်။ ​ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်ပြီး သူတို့ထံလျှောက်သွားကာ သူမကိုင်လာသော ဝိညာဉ်စွမ်းအင်အိတ်ကို အောက်ချလိုက်သည်။​ အိတ်ကိုဖွင့်လိုက်သည်နှင့် ရှစ်ရှီနှင့်ကျိုးလျန်ဟွားတို့ ထိတ်လန့်သွားကြ၏။

​ဒီလောက်တောင် အများကြီးလား။

All Chapters