← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

ကျိုးထောင်ဟွားသည် ရွာလူကြီး၏အချက်ပြမှုကို ရရှိလိုက်ပြီး သူ့ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားသည်။ ​သို့သော် သူမအရင်ဆုံး အတည်ပြုရမည့် အချက်တစ်ချက်ရှိ၏။ တကယ်လို့ ဤစစ်သားထံတွင်သာ နတ်ဆိုးပူးနေခြင့်မဟုတ်လျှင် ဤပိုက်ဆံကို သူမရှာနိုင်မည်မဟုတ်ပေ။

​"သခင်ကြီးလွီ သူ့ကိုဧည့်ခန်းမထဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်ပါ"

​သူ့ခန္ဓာကိုယ်မှာ လူသတ်ချင်သော အငွေ့အသက်နှင့် သွေးဆာနေသည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသဖြင့် ကျိုးထောင်ဟွားသည် သာမန်မျက်စိဖြင့် တိုက်ရိုက်အကဲဖြတ်၍မရနိုင်ပေ။

​"သခင်လေး ကိုက်ခဲနေတဲ့လက်မောင်းကို ဆန့်ပေးပါ"

​ကျိုးထောင်ဟွားသည် သူ့လက်ဖမိုးပေါ်သို့ လက်ချောင်းလေးတစ်ချောင်း အသာတင်လိုက်ပြီး သူမ၏ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်စေကာ သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာစူးစမ်းရှာဖွေလိုက်သည်။ ​မထင်မှတ်ဘဲ ဝိညာဉ်စွမ်းအင်သည် သူ့လက်မောင်းကို ဖြတ်သန်းသွားရုံမျှဖြင့် ပုံမှန်မဟုတ်သောအရာတစ်ခုခုကို အာရုံခံမိသွား၏။ ​ကျိုးထောင်ဟွား မော့ကြည့်လိုက်ရာ သူ့နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များကို တွေ့လိုက်ရသည်။

ဒါဆိုအပူကြောင့် မဟုတ်ဘဲ နာကျင်လွန်းလို့အံကြိတ်ထားရတဲ့အတွက်ထွက်လာတဲ့ ချွေးတွေပေါ့။

သခင်ကြီးလွီသည် ကျိုးထောင်ဟွား၏ထူးခြားသော မျက်နှာအမူအရာကို ချက်ချင်းသတိထားမိလိုက်ရာမေးလာ၏။

​"မိန်းကလေးကျိုး ကျွန်တော့်တူက နတ်ဆိုးပူးနေတာလား"

​သူ့ခန္ဓာကိုယ်ကို ပိုမိုတိတိကျကျပြည့်စုံစွာ စစ်ဆေးနိုင်ရန် ကျိုးထောင်ဟွားသည် သခင်ကြီးလွီထံ ချက်ချင်းပြန်မဖြေခဲ့ပေ။ ​ခဏအကြာတွင် သူမလက်ချောင်းကို ပြန်ရုတ်လိုက်ပြီး ရွာလူကြီးထံအသာခေါင်းညိတ်ပြလိုက်သည်။ ဤအမျိုးသားသည် တကယ်ပင်နတ်ဆိုးပူးခံနေရခြင်းပင်။

​ပြီးတော့ အတော်လေးအစွမ်းထက်တဲ့ကောင်ပဲ။

​ရွာလူကြီးသည် စီးပွားရေးအခွင့်အလမ်းကြီးတစ်ခုရပြီဖြစ်ကြောင်း သိလိုက်သည်။ ​ရှန်းမင်သည် ကျိုးထောင်ဟွားနှင့် ရွာလူကြီးနှစ်ဦးစလုံး၏ မျက်နှာအမူအရာများကို အကဲခတ်နေခဲ့၏။ သူတို့အတွေးများကို သူအတိအကျခန့်မှန်းမိလေသည်။ ​ကျိုးထောင်ဟွား၏လေးနက်သောမျက်နှာထားကို မြင်သောအခါ လွီထင်ကျန်းမေးလာ၏။

"မိန်းကလေးကျိုး ကျွန်တော့်တူရဲ့လက်မောင်းမှာ နတ်ဆိုးပူးနေတာလား"

​ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်ပြီးနောက်ပြန်ခါလိုက်သည်။

"သူ့လက်မောင်းထဲမှာ ကူပိုးကောင်တစ်ကောင်ရှိနေတာ"

​ပြောရင်းဆိုရင်း သူမက သူ့အင်္ကျီလက်စကို ခေါက်တင်ရန် အမူအရာပြလိုက်သည်။ ​ထိုနေရာတွင်ရှိနေသူများထဲ၌ အကြောက်တတ်ဆုံးဖြစ်သော ရွာလူကြီးမှ ပထမဆုံးအော်ဟစ်လာ၏။

​"ဘုရားရေ အဲ့ဒါဘာကြီးလဲ၊ အထဲမှာတွားသွားနေသလိုပဲ"

​ရွာလူကြီးသည် တုန်ရင်နေသောလက်များဖြင့် ထိုအမျိုးသား၏လက်မောင်းကို လက်ညှိုးထိုးပြလိုက်သည်။ ​ထိုအမျိုးသား၏ ညာဘက်လက်မောင်းသည် ဖောင်းကြွရောင်ရမ်းနေပြီး အရေပြားမှာ ပုံမှန်မဟုတ်သော ပြာနှမ်းနှမ်းဖြစ်နေကာ သွေးကြောများသည် လိမ်ယှက်နေသော တီကောင်များအလား အရေပြားအောက်တွင် ရှင်းလင်းစွာမြင်နေရ၏။ ​တစ်ခါတစ်ရံတွင် သွေးကြောများသည် အနည်းငယ် တုန်ခါသွားတတ်ပြီး အတွင်းထဲတွင် တစ်စုံတစ်ရာ လှုပ်ရှားနေသကဲ့သို့ဖြစ်နေသည်။

​ရွာလူကြီးမှာကြက်သီးမွေးညင်းများပင် ထသွားလေ၏။ ​ကျိုးထောင်ဟွားကို မဆိုထားနှင့်၊ သမားတော်ပင်လျှင် ထိုလက်မောင်းမှာ ဆက်ထား၍မရတော့ဘဲ ဖြတ်ပစ်ရမည်ဟုခံစားလိုက်ရသည်။ ​သူ့ညာလက်သည် အားနည်းတွဲကျနေသော်လည်း အတွင်းရှိသွေးကြောများ အနည်းငယ်လှုပ်ရှားသွားသည်နှင့် သံအပ်တစ်ထောင်ဖြင့် အထိုးခံရသကဲ့သို့ အလွန်အမင်း နာကျင်မှုကိုခံစားရလေ၏။ ​ကျိုးထောင်ဟွားစကားကို ကြားသောအခါ ထိုအမျိုးသားသည် သူမထံလေးစားမှုဖြင့် ချက်ချင်းကြည့်လာသည်။ ​သူမေးလိုက်၏။

"လက်မောင်းကိုမဖြတ်ရဘဲ ကယ်တင်နိုင်မယ့် နည်းလမ်းရှိလား"

​ဤသည်မှာ သူ့အတွက်အရေးကြီးဆုံးမေးခွန်း ဖြစ်သည်။ ​ညာလက်မောင်း ဆုံးရှုံးသွားခြင်းသည် သတ်ဖြတ်ခံရခြင်းနှင့် ဘာမှကွာခြားမည်မဟုတ်ပေ။ သခင်ကြီးလွီမှာ ချက်ချင်းဝင်ပြောလာသည်။

"မိန်းကလေးကျိုး မင်းပြောတဲ့ဘာ ကူပိုးကောင်ဆိုလား အဲ့ဒါကိုဖယ်ပြီး သူ့ညာလက်မောင်းကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ငါတို့တွေဘယ်လောက်ပဲပေးရပေးရ ပေးပါ့မယ်၊ ဈေးနှုန်းကိုသာပြောပါ"

​ဤသည်မှာ ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့လိုချင်နေသည့်အရာ အတိအကျပင်။ ​ကျိုးထောင်ဟွား လက်နှစ်ချောင်းကိုမြှောက်ပြကာ ပြောလိုက်၏။

"သခင်ကြီးလွီ ရှင့်တူရဲ့လက်မောင်းထဲက ဒီကူပိုးကောင်က သူ့ကိုယ်ထဲရောက်နေတာ တစ်လရှိပြီ၊ အဲ့ဒါက သူ့လက်မောင်းရဲ့အသားတွေနဲ့ အသက်စွမ်းအင်တွေကို စားသုံးပစ်ရုံတင်မကဘူး၊ ရိုးတွင်းခြင်ဆီထိကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်နေပြီ၊ ဒါကိုလုံးဝ ဖယ်ရှားပစ်ဖို့ကမလွယ်ဘူး၊ ​လက်မောင်းမဖြတ်ရအောင်လုပ်ဖို့ဆိုရင် ဒီလောက်ပမာဏတော့လိုမယ်"

​ရွာလူကြီးသည် ကျိုးထောင်ဟွားတောင်းဆိုလိုက်သောပမာဏကို အတော်လေးကျေနပ်သွားသည်။ ​အခကြေးငွေတေးနှစ်ထောင်မှာ တကယ်လို့နောက်ပိုင်း မြို့ရိုးဆောက်ဖို့ ပိုက်ဆံမလောက်လျှင်ပင် ရွာသားများအားတစ်ယောက်ကို ငွေ ဆယ်တေးစီ ထပ်မံထည့်ဝင်ခိုင်းစရာမလိုတော့ပေ။ ​ရှန်းကွမ်ဟောက်မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားသည်။

"တေးနှစ်သောင်းလား"

ဤပမာဏမှာ တကယ်ကိုများပြားလွန်းပေသိ သူ့လက်မောင်းနှင့်ယှဉ်လိုက်လျှင်တော့ တေးနှစ်သောင်းဆိုသည်မှာဘာမှမဟုတ်ပါပေ။ ​လွီထင်ကျန်း အလွန်တရာဝမ်းသာသွားရသည်။ စစ်သူကြီးရှန်းကွမ်၏လက်မောင်းသာ ပြန်ကောင်းလာမည်ဆိုလျှင် ဘာမဆိုသူပေးဆပ်မည်ပင်။ တေးနှစ်သောင်းမဆိုထားနှင့် လေးသောင်းဆိုလျှင်တောင်ပေးမည်ဖြစ်၏။

​သူ့မှာရှိသမျှပစ္စည်းများအား ရောင်းချပြီး စစ်သူကြီးရှန်းကွမ်၏လက်မောင်းပြန်ကောင်းအောင်ကုသဖို့ ပိုက်ဆံချေးငှားပစ်မည်ပင်။ အကယ်၍ သူသာယနေ့ စစ်သူကြီးရှန်းကွမ်ကို ကူညီနိုင်ခဲ့လျှင် စစ်သူကြီးရှန်းကွမ်မှ သူ့ကိုနောက်ကျရာထူးတိုးအောင် သေချာပေါက်ကူညီပေးပေလိမ့်မည်။

​ရာထူးတိုးပြီးချမ်းသာလာမည်ဆိုပါက ပိုက်ဆံအတွက် ပူပန်စရာမလိုတော့ပေ။ ​ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့နှစ်ဦးစလုံးသည် ရှန်းကွမ်ဟောက်စကားကြောင့် မှင်သက်သွားကြသည်။ ​ကျိုးထောင်ဟွားသည် သူမမြှောက်ထားသော လက်ချောင်းကို ကြည့်လိုက်၏။ သူမဆိုလိုသည်မှာ ထိုပမာဏမဟုတ်ပေ။

​"ကျွန်မ....."

​ကျိုးထောင်ဟွားရှင်းပြရန်ပြင်လိုက်စဉ် ရှန်းမင်မှာ သူမကိုရုတ်တရက် လှမ်းဆွဲလိုက်ပြီး သူတို့ထံရှင်းပြမည်ကိုတားဆီးလိုက်သည်။ ​ထိုအမျိုးသားနှစ်ဦးသည် တစ်ခဏမျှသာအံ့သြသည့်ဟန်ပြပြီး ကန့်ကွက်စကား တစ်ခွန်းမှမဟကြသဖြင့် သူတို့အနေဖြင့်ဈေးနှုန်းကို လက်ခံကြောင်းညွှန်ပြနေ၏။ ​ထင်သည့်အတိုင်းပင် နောက်တစ်ခဏ၌ သခင်ကြီးလွီမှပြောလာသည်။

​"ကောင်းပြီ မင်းသာငါ့တူလက်မောင်းထဲက ကူပိုးကောင်ကို ဖယ်ရှားပေးမယ်ဆိုရင် သူ့လက်မောင်းအရင်လို ပုံမှန်ပြန်ကောင်းလာပြီး အလုပ်လုပ်နိုင်မယ်လို့အာမခံရင် တေးနှစ်သောင်း တစ်တေးမှမလျှော့ဘဲပေးပါ့မယ်"

​"???"

​ကျိုးထောင်ဟွားမျက်ခုံးပင့်လိုက်ပြီး သူမနှုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားရသည်။ တေးနှစ်သောင်းတောင် တကယ်ကြီးလား။ ​ရွာလူကြီးမှာမူ ပို၍ပင်အံ့အားသင့်သွားပြီး မျက်လုံးများပြူးကျယ်သွားရသည်။ ဒီလောက်တောင် ရက်ရောတာလား။ ​ရှန်းကွမ်ဟောက်သည် သခင်ကြီးလွီထံကြည့်လိုက်ပြီး သာမန်စီရင်စုတရားသူကြီးတစ်ယောက်အတွက် တေးနှစ်သောင်းရှာဖို့ဆိုသည်မှာ အတော်လေးခက်ခဲလိမ့်မည်ဟု တွေးလိုက်မိသည်။ ​ထို့ကြောင့် သခင်ကြီးလွီထံသူပြောလိုက်၏။

"ဦးလေး ဒါကိုကျွန်တော်ကိုယ်တိုင် ပေးပါ့မယ်"

​နောက်တစ်ခဏတွင် ကျိုးထောင်ဟွားသည် သူမရှေ့၌တစ်ထောင်တန်ငွေစက္ကူ တစ်ထပ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ​ရှန်းကွမ်ဟောက်၏ တိုက်တွန်းမှုကြောင့် ကျိုးထောင်ဟွား၎င်းတို့ကို ယူလိုက်၏။ ​သူမ ,မနေနိုင်တော့ဘဲ လက်ချောင်းများကို တံတွေးဆွတ်၍ရေတွက်ကြည့်လိုက်ရာ အရွက်နှစ်ဆယ် အတိအကျပင်။ ​ချက်ချင်းဆိုသလို ကျိုးထောင်ဟွားမျက်လုံးများတွင် ရှန်းကွမ်ဟောက်ကို လာဘနတ်မင်းကြီး တစ်ပါးအလား စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုလိုသည့်အရိပ်အယောင်များ အသစ်တဖန် ပေါ်လာလေသည်။

​"သခင်လေး စိတ်ချပါ၊ ရှင့်လက်မောင်း လုံးဝပြန်ကောင်းလာစေရမယ်လို့ ကျွန်မ အာမခံပါတယ်"

​ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် ရှန်းကွမ်ဟောက်အင်္ကျီညာဘက်ခြမ်းကို ချွတ်ခိုင်းလိုက်ပြီး ရှန်းမင်ကို သူ့ညာလက်မောင်းအား ထိန်းကိုင်ပေးထားရန်ခိုင်းလိုက်သည်။ ​ဤအချိန်တွင် ရှန်းကွမ်ဟောက်ညာလက်မောင်းတစ်ခုလုံး အားအင်ကုန်ခမ်းနေရာ ရှန်းမင်၏အကူအညီမပါဘဲ သူလုံးဝကြွအောင်မ,မနိုင်ပေ။ ​ရှန်းမင်၏အကူအညီဖြင့် လက်မောင်းအားအသာမြှောက်လိုက်ရုံမျှဖြင့်ပင် နာကျင်မှုကြောင့် သူ့နှုတ်ခမ်းများ တုန်ရီသွားရသည်။

​ကျိုးထောင်ဟွားသည် ရှန်းကွမ်ဟောက်ကို ခုံပုလေးတစ်လုံးပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး သူမဘယ်လက်ကို သူ့ပခုံးပေါ်သို့တင်ကာ လက်ဖဝါးမှတစ်ဆင့် ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေပြီး ကူပိုးကောင်၏ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ​တစ်ချိန်တည်းမှာပင် ဤဝိညာဉ်စွမ်းအင်သည် ထုံဆေးကဲ့သို့အလုပ်လုပ်ပြီး ရှန်းကွမ်ဟောက်၏နာကျင်မှုကို သက်သာစေ၏။ ​နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေရသော ရှန်းကွမ်ဟောက်သည် ရုတ်တရက် သူ့ပခုံးမှနေ၍ လက်မောင်းတစ်ခုလုံးသို့ သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခုပြန့်နှံ့သွားသည်ကို ခံစားလိုက်ရသည်။

​ဤသည်မှာ လွန်ခဲ့သောတစ်လတာ ကာလအတွင်း ရှန်းကွမ်ဟောက် ခံစားခဲ့ရသည့် အသက်သာဆုံးအခိုက်အတန့်ပါပင်။ ​ကျိုးထောင်ဟွားထံ သူအံ့အားသင့်စွာဖြင့်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာရှိတော့သည်။ တေးနှစ်သောင်းအကုန်ခံရတာ တန်တာပဲ။ ​မျှော်လင့်ထားသည့်အတိုင်းပင် သခင်ကြီးလွီပြောသမျှမှာ ချဲ့ကားပြောခြင်းမဟုတ်ဘဲ သူတို့၏လော့ဟယ်မြို့တွင် တကယ်ကိုအစွမ်းထက်သည့် ဆရာသခင်များရှိနေ၏။ ​ရှန်းကွမ်ဟောက် အတွေးလွန်နေစဉ် အေးစက်သောအလင်းတန်းတစ်ခု ရုတ်တရက်လက်ကနဲဖြစ်သွားသည်။

​စစ်သားတစ်ယောက်အနေဖြင့် သူသည် ဓားများနှင့်ပတ်သက်၍ မွေးရာပါအာရုံခံနိုင်စွမ်းရှိ၏။ ​ကျိုးထောင်ဟွား၏လက်ဖဝါးတွင် သေးငယ်ဖြူဖွေးသော မိုးမခရွက်ပုံစံဓားငယ်လေး တစ်လက် ရုတ်တရက်ပေါ်လာသည်။ ထို​ဓားသွားမှ သူ့အရေပြားကို ခပ်ဖွဖွလေး ပွတ်ဆွဲသွားရာ သွေးများချက်ချင်းပန်းထွက်လာလေ၏။ ​သို့သော် ကျိုးထောင်ဟွားမှ လက်သည်းခွံအရွယ်လောက်သာရှိသော အရာလေးတစ်ခုကိုဖြတ်လိုက်သည်နှင့် ရပ်တန့်သွားလေသည်။

​ထို့နောက် သူမသည်တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသကဲ့သို့ ဒဏ်ရာ၏အပြင်ဘက်တွင် သူမလက်ချောင်းကိုတင်ရုံသာတင်ထားလိုက်၏။ ​ကျိုးထောင်ဟွား ဘာလုပ်နေသည်ကို အခြားသူများလုံးဝနားမလည်ကြသဖြင့် တိတ်တဆိတ်သာစောင့်ကြည့်နေနိုင်ကြသည်။ ​သူတို့မယုံနိုင်အောင်ဖြစ်ရသည်မှာ ရှန်းကွမ်ဟောက်၏အရေပြားအောက်တွင် ဒဏ်ရာဆီသို့ တစ်စုံတစ်ရာမှတွားသွားလာနေခြင်းပင်။

All Chapters