← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

ကျိုးထောင်ဟွား သံသယဝင်သွားသော်လည်း အချိန်မစောတော့သဖြင့် မနက်ဖြန်မှ ထပ်မံစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ​တောင်ပေါ်ရှိ နတ်ဆိုးလေးများသည် လေထဲတွင်ပျံသန်းနေသော ကျိုးထောင်ဟွားနှင့် ပိုးဖလံနတ်ဆိုးတို့ကို အားကျစွာကြည့်နေကြသည်။ အတောင်ပံရှိတာ အရမ်းကောင်းတာပဲ။

​ညနေခင်း

​ကျိုးကျားရွာရှိအိမ်တိုင်းမှ မီးခိုးငွေ့များ ထွက်ပေါ်နေပြီး လေထဲတွင်ဟင်းရနံ့များ မွှေးပျံ့နေသည်။ ​ကျိုးထောင်ဟွား ရှန်းမိသားစုခြံဝင်းထဲသို့ ဆင်းသက်လိုက်သည်နှင့် မီးဖိုချောင်ထဲရှိ ရှန်းမင် ချက်ချင်းသတိထားမိလိုက်သည်။ ​ခြံထဲသို့ ကောင်းကင်မှတစ်ခုခု ကျလာသည်ဟု ထင်ကာ ဂေါ်ပြားတစ်လက်ကို သူကိုင်၍အပြင်ထွက်လာခဲ့၏။ ​မထင်မှတ်ဘဲ ၎င်းမှာကျိုးထောင်ဟွားနှင့်.....

​ကျိုးထောင်ဟွား ရှန်းမင်ကိုမိတ်ဆက်ပေးလိုက်သည်။

"အစ်ကိုရှန်းမင် ခူယားကောင်နတ်ဆိုးက လူအသွင်ပြောင်းသွားပြီ"

​လေထဲ၌ပျံသန်းခြင်းကို ယခုလေးတင် ခံစားဖူးသဖြင့် သူမအလွန်တရာစိတ်လှုပ်ရှားနေသည်။ ​ရှေးခေတ်မှာ ခေတ်သစ်ထက်ပိုပြီး သက်သောင့်သက်သာရှိလှ၏။ ​သူမသည် ခူယားကောင်နတ်ဆိုး၏ကျောဘက်ရှိ အတောင်ပံများကို ကျေနပ်စွာကိုင်တွယ်ကြည့်လိုက်သည်။ ​ဧည့်ခန်းမထဲရှိ ခူယားကောင်အိမ်များပါသော ခြင်းတောင်းနှစ်လုံးသည် ကျိုးထောင်ဟွားစကားကိုကြားသောအခါ လှုပ်ရှားလာကြ၏။ ​သူတို့လည်း အိမ်ထဲကနေထွက်ချင်နေကြပြီပင်။ ​သူတို့လည်း လူအသွင်ပြောင်းချင်ကြသလို အတောင်ပံတွေပါ လိုချင်ကြ၏။

​"ဂါရဝပြုပါတယ် သခင်မနဲ့ သခင်"

ခူယားကောင်နတ်ဆိုးမှာ ရှန်းမင်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ​ရှန်းမင်သည် ထိုနတ်ဆိုးထံတစ်ချက်ကြည့်လိုက်၏။ သူတို့အိမ်တွင် နတ်ဆိုးများပိုမိုများပြားလာသဖြင့် တစ်နေ့တခြားစည်ကားသက်ဝင်လာလေသည်။ ​ထိုသို့တွေးရင်း သူသည် ကျိုးထောင်ဟွား၏ဝမ်းဗိုက်ဆီသို့ လှမ်းကြည့်လိုက်ပြီး နောက်ထပ်လူတစ်ယောက်သာ ထပ်တိုးလာရင် သေချာပေါက်ပိုစည်ကားလာမှာပဲဟု တွေးလိုက်မိ၏။

"ဇနီးလေး လက်ဆေးပြီးထမင်းစားရအောင်၊ ညစာကျက်တော့မယ်"

​ရှန်းမင် စားပွဲပြင်ပြီးသည်နှင့် ရုတ်တရက် မေးလိုက်သည်။

​"ဇနီးလေး ကိုယ်တို့ ကလေးဘယ်နှယောက်ရမလဲဆိုတာ တွက်ပေးလို့ရမလား၊ ယောင်္ကျားလေးလား မိန်းကလေးလား"

​ကျိုးထောင်ဟွား ဟင်းတစ်လုတ်ကိုပါးစပ်ထဲထည့်လိုက်ရုံရှိသေးရာ သူ့စကားကိုကြားပြီး မှင်သက်သွားလေသည်။

​ကလေးလား

​ကလေးရမယ်ပေါ့လေ

​ကျိုးထောင်ဟွားသည် ရှန်းမင်မျက်နှာထံ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူကလေး ဘယ်နှယောက်ရမည်ကို သိနိုင်လေသည်။ ​လိင်အမျိုးအစားများကိုပင် ရှင်းရှင်းလင်းလင်းသိနေ၏။

​ဒီလောက် အများကြီးလား

​ကျိုးထောင်ဟွားရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။

​သူတို့က ဝက်ပေါက်လေးတွေများဖြစ်နေမလား

​ကျိုးထောင်ဟွား မျက်လွှာအမြန်ချလိုက်ပြီးပြောလာ၏။

"သားသမီးများရင် ကံကောင်းမှုတွေများတာပေါ့"

​များတယ်ပေါ့လေ။

​ရှန်းမင် မျက်ခုံးပင့်လိုက်သည်။

​"ကိုယ်တို့ရဲ့ပထမဆုံး ကလေးက ဘယ်တော့လာမှာလဲ"

​ကျိုးထောင်ဟွား သူ့မျက်နှာထံမော့ကြည့်လိုက်သည်။

"ဒီနှစ် စက်တင်ဘာလမှာ ကိုယ်ဝန်ရှိလိမ့်မယ်"

​သို့သော် ဒီဇင်ဘာလတွင် စစ်တပ်တစ်တပ်သည် ကျိုးကျားရွာသို့ရောက်ရှိလာပြီး ရွာတစ်ရွာလုံးကိုဝိုင်းရံထားလိမ့်မည်။

​ကျိုးထောင်ဟွား ရုတ်တရက်အန္တရာယ်ရှိသည့်ခံစားချက်ကို ခံစားလိုက်ရသည်။

​နှစ်လပဲ ကျန်တော့တယ်။

​ကိုယ်ဝန်ရှိပြီးနောက်တွင် သူမခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်အလုံအလောက်ရှိနေမည်လားဆိုသည်ကို သူမ,မသိပေ။ ​ကျိုးထောင်ဟွား၏မျက်နှာထား လေးနက်သွားရသည်။ အချိန်မှာအလွန်တရာအရေးကြီးနေပြီး နှစ်လအတွင်းအရာအားလုံးကို သူမပြင်ဆင်ထားရမည်။ သူမအတွက် အသုံးပြုရန် ကျင့်ကြံခြင်းအမြုတေများကို တတ်နိုင်သမျှ များများရှာဖွေရမည်ဖြစ်ပြီး နတ်ဆိုးများကိုလည်း တတ်နိုင်သမျှများများဖမ်းဆီးရမည်။ ​တစ်ချိန်တည်းမှာပင် မြို့ရိုးများကိုလည်း တတ်နိုင်သမျှ ပြီးပြည့်စုံအောင်တည်ဆောက်ရမည်ပင်။ ​ကျိုးထောင်ဟွား မေးလိုက်၏။

"အစ်ကိုရှန်းမင် မနက်ဖြန်ညီမနဲ့အတူ တောင်ပေါ် လိုက်ခဲ့မလား"

​သူမသည် အချိန်မရွေးဝိညာဉ်စွမ်းအင် ဖြည့်တင်းရန်လိုအပ်ပြီး တိုက်ပွဲကိုမြန်မြန်ဆန်ဆန်အဆုံးသတ်ရမည်။ ​နောက်တစ်နေ့မနက်စောစောတွင် အိမ်ရှိကိစ္စများကိုစီစဉ်ပြီးနောက် သူတို့နှစ်ဦးတောင်ပေါ်သို့ ချက်ချင်းထွက်ခွာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ကျိုးထောင်ဟွားသည် နတ်ဆိုးငယ်တချို့ကို သတ်ဖြတ်ပြီး သူတို့အမြုတေများကိုယူဆောင်ခဲ့၏။ ​သို့သော် တောင်ပေါ်ရှိနတ်ဆိုးငယ်များသည် အန္တရာယ်ကိုအာရုံခံမိပြီး ပုန်းအောင်းနေကြပုံရကြောင်း ကျိုးထောင်ဟွားသတိထားမိလိုက်သည်။ ​တောင်များထဲသို့ ပိုမိုနက်ရှိုင်းစွာဝင်ရောက်သွားသည်နှင့်အမျှ ယမန်နေ့ညနေခင်း၌ လေထဲမှမြင်တွေ့ခဲ့ရသော ရေကန်ဖြူကြီးကို ကျိုးထောင်ဟွား ချက်ချင်းသတိရသွား၏။

​ထိုနေရာကို သူမယခင်က တစ်ခါမှမမြင်ဖူးခဲ့ပေ။ ​ခူယားကောင်နတ်ဆိုးကို လေထဲမှနေ၍ တည်နေရာကိုအတည်ပြုခိုင်းပြီးနောက် ကျိုးထောင်ဟွားသည် ရှန်းမင်ကိုခေါ်ကာ တောနက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားလေသည်။ ​အချိန်မည်မျှကြာအောင် လျှောက်ခဲ့မိသည်မသိ၊ သူတို့ပတ်ဝန်းကျင်တွင် လူသူမရောက်ဖူးသော သဘာဝတောအုပ်ကြီးတစ်ခုဖြင့် ဝန်းရံထားသကဲ့သို့ဖြစ်နေ၏။ ရှန်းမင်ရှိနေခြင်းကြောင့် နတ်ဆိုးငယ်လေးများသည် သူတို့နှင့် ခပ်ခွာခွာတွင်သာနေကြလေသည်။

​ရုတ်တရက် ရှန်းမင်သည် ကျိုးထောင်ဟွားလက်ကို လှမ်းဆွဲလိုက်ပြီး ရှေ့ဆက်မသွားရန်တားလိုက်၏။

​"အစ်ကိုရှန်းမင်"

​ကျိုးထောင်ဟွား စကားမပြောနိုင်ခင်မှာပင် ရှန်းမင် သူမပါးစပ်ကို လက်ဖြင့်ပိတ်လိုက်သည်။ ​သူ သူမနား,နားကပ်ကာတိုးတိုးလေးပြောလာ၏။

"ညီမထောင်ဟွား အသံမထွက်နဲ့၊ တစ်ခုခု ချဉ်းကပ်လာနေသလိုပဲ"

​စကားပြောနေစဉ်မှာပင် သူ့နားရွက်များ လှုပ်ရှားသွားပြီး အဝေးမှထွက်ပေါ်လာသောအသံကို အာရုံစိုက်နားထောင်နေလေသည်။

​"ဒီအသံက ထူးဆန်းတယ်၊ ဝံပုလွေခြေသံနဲ့ မတူဘူး၊ တစ်ခါတလေပြင်းပေမယ့် တစ်ခါတလေကျ အသံသဲ့သဲ့လေးပဲ"

ရှန်းမင် ဆက်ပြောရင်း ကျိုးထောင်ဟွားနားထဲသို့ တိုးတိုးလေးပြောလိုက်သည်။ နွေးထွေးပြီး ယားကျိကျိဖြစ်စေသော သူ့အသက်ရှူငွေ့များသည် စကားလုံးတိုင်းနှင့်အတူ သူမနားရွက်အားပွတ်တိုက်သွားလေ၏။ ​ကျိုးထောင်ဟွား နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမဦးနှောက်သည် တွေးတောနိုင်စွမ်း ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ​ရုတ်တရက် လေထဲတွင် ပျံသန်းနေသော နတ်ဆိုးလေးများကို သူမမြင်တွေ့လိုက်ရ၏။ ​ကျိုးထောင်ဟွားသည် ခူယားကောင်နတ်ဆိုးကို အာရုံဖြင့်လှမ်းခေါ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်ခိုင်းလိုက်သည်။

​နတ်ဆိုးမှ သူတို့ကိုမမြင်စေရန် ရှန်းမင်သည် ကျိုးထောင်ဟွားကိုပွေ့ချီကာ သစ်ပင်ပင်စည်အနောက်တွင် အသာပုန်းအောင်းလိုက်၏။ ​ခူယားကောင်နတ်ဆိုး လေထဲရောက်သွားသည်နှင့် သစ်တောထဲတွင်ရွေ့လျားနေသော နှင်းဆီပွင့်အလား ဖြူဖွေးသည့်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ ​သစ်ပင်များမှ ၎င်း၏ပုံသဏ္ဍာန်ကို ဖုံးကွယ်ထားသဖြင့် နတ်ဆိုးပုံစံအား သေချာမမြင်ရပေ။ ​ခူယားကောင်နတ်ဆိုးမှာ ကျိုးထောင်ဟွားကို စိတ်ဖြင့်ဆက်သွယ်၍ပြန်ပြောလိုက်သည်။

​ကျိုးထောင်ဟွား : အဖြူရောင်ပေါ့လေ ​နှင်းဝံပုလွေလား၊ ​နှင်းမြေခွေးဖြူလား။

​ထိုစဉ်မှာပင် မလှမ်းမကမ်းရှိမြက်ခင်းပြင်ပေါ်တွင် နှင်းလိုဖြူဖွေးနေသောမြင်းတစ်ကောင် ဖြည်းညှင်းစွာပေါ်ထွက်လာသည်ကို ကျိုးထောင်ဟွားမြင်တွေ့လိုက်ရသည်။ ​၎င်းသည် ရပ်တန့်ကာ မြက်အချို့ကိုစားနေလေ၏။ ​သို့သော် ၎င်းမှာသာမန်မြက်မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် အနည်းငယ်ပါဝင်သော ရေခဲနွယ်မြက်ပင်အစုအဝေးလေးသာဖြစ်ကြောင်း ကျိုးထောင်ဟွားချက်ချင်း သိလိုက်သည်။

​ဒီမြင်းက ပါးနပ်တာပဲ။ ​ရေခဲနွယ်မြက်ပင်များကို စားထားသောကြောင့်လားမသိပေသိ ၎င်း၏လည်ဆံမွှေးများသည် ဆောင်းရာသီပိုးသားအလား ချောမွေ့တောက်ပနေလေ၏။ ​၎င်း၏ခြေလက်များသည် ရှည်လျားသန်မာကာ ကြွက်သားများဖြင့် တင်းရင်းနေလေသည်။ ​၎င်းသည်မြို့ပေါ်ရှိ မြင်းဇောင်းများတွင် သူမမြင်ဖူးသမျှ မြင်းများနှင့် လုံးဝမတူပေ။ ​ကျိုးထောင်ဟွားသည် မြင်းများနှင့်ပတ်သက်၍ သိပ်နားမလည်သော်လည်း ၎င်းသည်မြို့ပေါ်ရှိ မြင်းဇောင်းများတွင်ရောင်းချသော မြင်းများအားလုံးထက် သေချာပေါက်ပိုကောင်းသည်ဟု ခံစားမိသည်။

​အဲဒီမြင်းတွေကသာ တစ်ကောင်ကိုတေးတစ်သောင်းတန်တယ်ဆိုရင် ဒီမြင်းက အနည်းဆုံးတေးတစ်သိန်းတန်တယ် ​မဟုတ်ဘူး တေးတစ်သန်းတောင်တန်တယ်။

​ရေခဲနွယ်မြက်ကိုစားပြီးနောက် မြင်းသည် အထူးတလည်စိတ်ကြည်နူးသွားပြီး ၎င်း၏အမြီးကို ကျေနပ်စွာယမ်းနေလေသည်။ မြက်နံ့ကိုရသဖြင့် ခရီးရှည်ကြီး လာခဲ့ရသည်မှာတန်သွားလေပြီပင်။ ​ရှန်းမင်သည် တောနက်ထဲ၌မြင်းရိုင်းတစ်ကောင်ကိုတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ​သူ တောင်ပေါ်မှာ အမဲလိုက်လာသည်မှာကိုးနှစ်ရှိပြီဖြစ်သော်လည်း ထိုအချိန်၌မြင်းရိုင်းတစ်ကောင်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။

*ဂျွတ်*

မြင်းရိုင်းသည် ခြေသံကြားလိုက်ရသဖြင့်မော့ကြည့်လိုက်ရာ ဆယ့်ငါးနှစ်အရွယ်မိန်းကလေးတစ်ဦး တိတ်တဆိတ်ချဉ်းကပ်လာသည်ကိုတွေ့လိုက်ရသည်။

​ကျိုးထောင်ဟွားသည် သူမဤမျှမြန်မြန် အမိခံရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

​သူတို့နှစ်ဦးသား အကြည့်ချင်းဆုံသွားကြသည်။ ​၎င်း၏မျက်လုံးများတွင် ပျူငှာမှုမရှိသော ရိုင်းစိုင်းမှုနှင့် သတိရှိမှုတို့ထင်ဟပ်နေလေ၏။

All Chapters