← Chapters

တောင်တန်းများဆီသို့ လက်လှမ်းခြင်း

Vol. 2 Ch. 20

တောင်တန်းများဆီသို့ လက်လှမ်းခြင်း

Vol. 2 Ch. 20

မှော်အာဟာရဆေးလုံး ၅၅ ပုလင်းနှင့် အံ့ဖွယ်တစ်သောင်းဆေးလုံး ပုလင်း ၃၀.…။

ဤသည်မှာ တစ်လတာအတွင်း လော့ချန်၏ ကြိုးစားအားထုတ်မှု ရလဒ်ပင် ဖြစ်သည်။

သူကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးပုလင်း ၅၀ အပြင် ကျန်ရှိသော ၅ ပုလင်းမှာမူ သေလမ်းရောက်သွားရှာသည့် ထိုငတုံးချန်ထားခဲ့သော အမွေအနှစ်များ ဖြစ်ကြသည်။

အံ့ဖွယ်တစ်သောင်းဆေးလုံး ပုလင်း ၃၀ ရရှိခဲ့သည်မှာမူ မမျှော်လင့်ထားသည့် ဝမ်းသာစရာတစ်ခုပင် ဖြစ်သည်။ ဤတစ်ခေါက်တွင် သူသည် ဆေးလုံး သုံးသုတ်လုံးအား အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ အားလုံးမှာ အဆင့်နိမ့် အရည်အသွေးများသာ ဖြစ်ကြသည်။

လော့ချန်သည် ဆေးပုလင်းများကို ကျောက်ပြားပေါ်တွင် စီရီစွာ တင်ထားရင်း ခါးထောက်လျက် ယနေ့ကျရောက်မည့် ဈေးနေ့ကို စိတ်အားထက်သန်စွာ မျှော်လင့်နေမိသည်။

ထိုစဉ် အဘိုးချန် မှာ ထုံးစံအတိုင်း အနည်းငယ် နောက်ကျ၍ ရောက်ရှိလာသည်။ လော့ချန်ကို မြင်လိုက်ရသည်နှင့် အဘိုးအို၏ မျက်ဝန်းအစုံတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ယှက်သန်းသွားလေသည်။

ငါ့ ဝိညာဉ်ကျောက် ၅၀….။

ပြီးခဲ့သည့်တစ်ခေါက်ကမှ ခက်ခက်ခဲခဲ ပြန်တောင်းထားရသည်ကို ဤကောင်စုတ်လေးက ထပ်မံ၍ ချေးငှားသွားပြန်ပြီ မဟုတ်ပါလော။ ထို့ကြောင့် ယနေ့တွင် လော့ချန် မည်မျှပင် အပြောကောင်းနေပါစေဦးတော့ ထိုအကြွေးကို မရမက ပြန်တောင်းမည်ဟု သူ၏ စိတ်ထဲတွင် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားလိုက်တော့သည်။

"လော့လေး၊ မင်းရဲ့ ဆေးဖော်တဲ့ အစွမ်းက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ"

ယခင်က သူ လော့ချန်အတွက် ဖယ်ပေးထားလေ့ရှိသည့် နေရာလေးမှာ မည်သည့်အခါကမျှ ပြည့်စုံခြင်း မရှိခဲ့ဖူးချေ။ သို့သော် ယနေ့တွင်မူ ထိုနေရာထက်၌ ကျောက်စိမ်းပုလင်းငယ် ငါးဆယ်၊ ခြောက်ဆယ်ခန့်မှာ စီရီသန့်ပြန့်စွာ နေရာယူထားသည်ကို တွေ့လိုက်ရသဖြင့် လော့ချန်၏ ဆေးဖော်အတတ်ပညာမှာ သိသိသာသာကြီး တိုးတက်လာခဲ့ပြီမှာ အထင်အရှားပင်။

လော့ချန်က ရယ်မောရင်း ဆိုသည်။

"ဒါတွေအားလုံးက ဦးလေးချန်ရဲ့ ရက်ရောမှုကြောင့်ပါ၊ ခင်ဗျားသာ အကူအညီမပေးရင် ကျွန်တော့်မှာ ဆေးတွေအများကြီး ဖော်ဖို့ အရင်းအနှီး ရှိမှာမဟုတ်ဘူး"

"ဟွန်း.... မင်း အဲဒါကို သိရင်ပြီးတာပဲ"

အဘိုးချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ လေသံကို ခပ်တင်းတင်း ပြောင်းလိုက်သည်။

"ငါက စေတနာနဲ့ ချေးပေးထားတာနော်၊ ဒီနေ့တော့ အဲဒီ ဝိညာဉ်ကျောက်တွေကို မရမက ပြန်ပေးရမယ်"

"ပေးမှာပေါ့၊ ပေးမှာပေါ့ ဦးလေးရာ"

လော့ချန် အလိုက်သင့်လေး ပြန်ပြောလိုက်မှ အဘိုးချန်၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။

အဘိုးချန်၏ စရိုက်မှာကား တစ်စုံတစ်ဦးက သူ့ထံတွင် အကြွေးတင်ရှိနေပါက ထမင်းမေ့၊ ဟင်းမေ့ဖြစ်ကာ ရင်တမတမနှင့် အိပ်မပျော်၊ စားမဝင် ဖြစ်နေတတ်သူပင်။

ရုတ်တရက် အဘိုးချန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဟင်"

"လော့လေး၊ မင်း အခု ချီသန့်စင် အဆင့် ၄ ကို ရောက်သွားပြီလား"

လော့ချန်က အနည်းငယ် အံ့ဩသွားပြီး ပြန်ဖြေလိုက်သည်။

"ခင်ဗျား ဘယ်လို သိတာလဲ"

"ငါက ဝိညာဉ်မျက်စိ အတတ်ကို လေ့ကျင့်ထားတာကွ၊ လူတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ ချီစွမ်းအင်ကို ကြည့်တာက ငါ့အတွက် အသေးအဖွဲပဲ"

အဘိုးအိုက ဂုဏ်ယူသလို ပြောလိုက်ပြီးမှ ဇဝေဇဝါ ဖြစ်သွားသည်။

"မင်းက ဝိညာဉ်အမြစ် ငါးခုရှိတဲ့သူ မဟုတ်လား၊ ဒီအသက်အရွယ်မှာ ဘယ်လိုလုပ်ပြီး ချီသန့်စင် အလယ်အလတ်အဆင့်ကို ရောက်သွားတာလဲ"

ဝိညာဉ်မျက်စိ ဟူသည်မှာ ချီစွမ်းအင်ကို အသုံးပြု၍ မိမိ၏ အမြင်အာရုံကို ထူးကဲစွာ မြှင့်တင်ပေးနိုင်သည့် အခြေခံမှော်အတတ်တစ်ခု ဖြစ်သည်။

ဤမှော်အတတ်သည် ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူတိုင်း မဖြစ်မနေ ကျွမ်းကျင်ထားရမည့် မှော်အတတ်ငါးသွယ်ဖြစ်သော မီးလုံးမှော်အတတ်၊ လေခွင်းမှော်အတတ်၊ ဆွဲငင်ခြင်းမှော်အတတ်၊ ကုသခြင်းမှော်အတတ်နှင့် ဝိညာဉ်မျက်စိမှော်အတတ် တို့ထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ကံဆိုးသည်မှာ လော့ချန်သည် ထိုအထဲမှ မီးလုံးမှော်အတတ် တစ်ခုတည်းကိုသာ တတ်မြောက်သေးသည်။ နွယ်ရှင်နှောင်ကြိုး နှင့် မီးလုံးမှော်အတတ်ကိုမူ မူလလော့ချန်သည် ကံကောင်း၍ ရခဲ့ခြင်း ဖြစ်ပြီး သန့်စင်ခြင်းမှော်အတတ်ကိုမူ သူကိုယ်တိုင် စျေးထဲတွင် မှော်အာဟာရဆေးလုံးတစ်ပုလင်းနှင့် လဲခဲ့ခြင်း ဖြစ်သည်။

အဘိုးချန်သည် လော့ချန်အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေလေသည်။ တစ်နေ့တွင် လော့ချန်သည် သူနှင့် အလားတူ အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိဖူးချေ။

အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်သည် ကွာခြားချက် သိပ်မကြီးဟု ထင်ရသော်လည်း ချီစွမ်းအင် ပမာဏ နှစ်ဆတိုးသွားသည့်အတွက် တိုက်ခိုက်ရေးတွင် များစွာ ပို၍ အဆင်ပြေလေသည်။

တာဟဲစျေးမြို့တော် အတွင်းဝယ် အစောပိုင်းအဆင့် ကျင့်ကြံသူများမှာ လူမှုအလွှာ၏ အောက်ခြေ၌သာ ရှိကြပြီး အစေအပါးများအလား ခက်ခဲစွာ ရုန်းကန်ကြရရှာသည်။ သို့သော် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ပြီဆိုပါက ဂိုဏ်းများတွင် ဝင်ဆံ့နိုင်သကဲ့သို့ အကျိုးအမြတ်များသော တာဝန်များကိုလည်း လက်ခံထမ်းဆောင်နိုင်ပြီ ဖြစ်သည်။

အဘိုးချန်၏ စပ်စုလိုသော အမေးကို လော့ချန်က အေးချမ်းစွာ ပြုံး၍ပင် "ကျွန်တော် ကံကောင်းသွားလို့ပါ" ဟု ပြန်ဖြေလိုက်သည်။

စင်စစ်သော်ကား ဤသည်မှာ အလွန်တရာ ကြီးမားလှသော လျှို့ဝှက်ချက်တော့မဟုတ်ပေ။ ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံး၏ အာနိသင်နှင့် ပြီးပြည့်စုံအဆင့် နွေဦးကျင့်စဉ် တို့၏ ပေါင်းစပ်မှုကြောင့် အဆင့်တက်လှမ်းခြင်းမှာ သဘာဝကျစွာ ဖြစ်ပေါ်လာခဲ့ခြင်းပင်။

လော့ချန်သည် အဘိုးချန်ကို ကူညီ၍ မှော်စာရွက်များအား ခင်းကျင်းပေးနေရင်း ဝမ်ယွမ် အမြဲ ဆိုင်ခင်းလေ့ရှိသော နေရာလွတ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"အစ်ကိုဝမ်က ဒီရက်ပိုင်း ဈေးမထွက်ဘူးလား"

"မင်း အပြင်မြို့မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကြီးတွေကို မသိဘူးလား" ဟု အဘိုးချန်က အံ့ဩတကြီး မေးလိုက်သည်။

လော့ချန်ကမူ ဘာမျှမသိနားမလည်သည့် မျက်နှာပေးဖြင့်သာ ကြည့်နေမိသည်။

"သြော်…. ဟုတ်သားပဲ၊ မင်းက တောခေါင်ခေါင်မှာ နေတာဆိုတော့ ဘာမှမသိတာလည်း မဆန်းပါဘူး"

အဘိုးချန်က ဆက်ပြောသည်။

"ဒီရက်ပိုင်းမှာ တာကျန်းဂိုဏ်း နဲ့ လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ် တို့က မဟာမိတ် ဖွဲ့လိုက်ကြပြီလေ"

"ဒါက ပုံမှန်ပဲ မဟုတ်လား" ဟု လော့ချန်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။

စင်စစ်သော်ကား လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ် ဆိုသည်မှာ နယ်မြေသီးသီးမှ ရှားပါးရတနာများကို သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားသည့် အဖွဲ့အစည်းကြီးဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက်ကို အပိုင်စား စိုးမိုးထားသည့် တာကျန်းဂိုဏ်း နှင့် ပူးပေါင်းခြင်းမှာ ကျိုးကြောင်းဆီလျော်လှသည့် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပေသည်။

အဘိုးချန်က ပုခုံးတွန့်လိုက်ရင်း ဆိုသည်။

"ဒါပေမဲ့ တာကျန်းဂိုဏ်းက တောင်ပေါ်က ကုန်သွယ်မှုကို စိတ်ဝင်စားလာတာကတော့ ပုံမှန်မဟုတ်ဘူး"

"တောင်ပေါ်ကုန်သွယ်မှု ဟုတ်လား"

လော့ချန် အံ့ဩသွားသည်။

"ဒါက ဖိုရှန်းဂိုဏ်းရဲ့ နယ်မြေ မဟုတ်လား"

"ဟား" အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။

"ဖိုရှန်းဂိုဏ်းရဲ့ နယ်မြေ ဟုတ်လား၊ အရှေ့ပိုင်းလွင်ပြင်က ဝမ်တောင်တန်းကြီးဆိုတာ ဝိညာဉ်သားရဲတွေ ပိုင်တာကွ၊ ဂိုဏ်းကြီး ၆ ဂိုဏ်းတောင် အဲဒါကို သူတို့ပိုင်တယ်လို့ မပြောရဲဘူး၊ ရှင်းအောင် ပြောရရင် တာကျန်းဂိုဏ်းက ဖိုရှန်းဂိုဏ်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှာဖွေထားတဲ့ ဘေးကင်းတဲ့ တောင်ပေါ်လမ်းကြောင်းတွေကို မျက်စိကျနေတာ"

အဘိုးချန်သည် သတင်းအတင်းအဖျင်းများ စုဆောင်းရသည်ကို ဝါသနာထုံသူဖြစ်ရာ တစ်ခါတစ်ရံတွင် အဆင့်မြင့်မားသော ကျင့်ကြံသူများနှင့် ဆုံတွေ့ပါက ထိုသတင်းစကားများကိုပင် ဝိညာဉ်ကျောက်အနည်းငယ်ဖြင့် ပြန်လည်ရောင်းစားတတ်သေးသည်။

သူ၏ ပြောပြချက်အရ တာကျန်းဂိုဏ်းသည် တောင်ပေါ်ကုန်သွယ်ရေး လမ်းကြောင်းများကို စိုးမိုးရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အစပိုင်းတွင် သူတို့သည် တပည့်များကို စေလွှတ်၍ လမ်းကြောင်းသစ် ရှာဖွေခိုင်းသော်လည်း အထိအခိုက် အကျအဆုံး များလွန်းသဖြင့် နောက်ဆုံးတွင်မူ ဖိုရှန်းဂိုဏ်း ပိုင်ဆိုင်သော လမ်းကြောင်းများကိုသာ လုယူရန် ကြံစည်လာခဲ့တော့သည်။

ဖိုရှန်းဂိုဏ်းသည်လည်း မိမိတို့၏ အကျိုးစီးပွားကို ထိပါးလာလေရာ လက်ပိုက်ကြည့်မနေဘဲ တုံ့ပြန်ခဲ့ရာမှ ပြင်းထန်သော ပဋိပက္ခများ ပေါ်ပေါက်လာခဲ့လေသည်။

လွန်ခဲ့သော တစ်လက ဝမ်ယွမ် လာရောက်ရောင်းချသွားသည့် မှော်လက်နက်များမှာ စင်စစ်အားဖြင့် တာကျန်းဂိုဏ်းသားများကို သတ်ဖြတ်၍ ရယူလာခဲ့သော စစ်ပစ္စည်းများပင် ဖြစ်သည်။

ယခုအခါ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး ထိုတိုက်ပွဲများသည် တောင်ပေါ်ဒေသတွင်တင်မကဘဲ အပြင်မြို့၏ ညမှောင်ရိပ်များအတွင်းသို့ပါ ကူးစက်ပျံ့နှံ့လာနေလေပြီ။

လော့ချန်သည် ခဏမျှ စဉ်းစားကြည့်ပြီးနောက် ပြောလိုက်သည်။

"ခင်ဗျားက လျန်ယွန်းမဟာမိတ်နဲ့ တာကျန်းဂိုဏ်း မဟာမိတ်ဖွဲ့တာကို ပြောတယ်ဆိုတော့…. တာကျန်းဂိုဏ်းရဲ့ လုပ်ရပ်တွေက လျန်ယွန်းမဟာမိတ်က မြှောက်ပေးတာ ဖြစ်နိုင်မလား"

မှန်ပေသည်။ လျန်ယွန်းမဟာမိတ်သည် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုမဟုတ်ဘဲ ကုန်သွယ်ရေးအဖွဲ့အစည်းသာ ဖြစ်သဖြင့် ဖိုရှန်းဂိုဏ်းထံမှ ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရသည်ကို မကျေနပ်နိုင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် တာကျန်းဂိုဏ်းကို အသုံးချကာ ပြိုင်ဘက်တစ်ခု ဖန်တီး၍ ကုန်စည်ဈေးနှုန်းများကို မိမိတို့စိတ်ကြိုက် နှိမ်ချရန် ကြံစည်နေခြင်းသာ ဖြစ်ရမည်။

အဘိုးချန်ကလည်း ထောက်ခံလိုက်သည်။

"မင်း မအဘူးပဲ၊ ငါလည်း အဲဒီလိုပဲ တွေးတယ်၊ မဟုတ်ရင် တာကျန်းဂိုဏ်းက ဘာလို့ ရုတ်တရက်ကြီး တောင်ပေါ်ကို စိတ်ဝင်စားလာမှာလဲ"

ထို့နောက် အဘိုးချန်က လေးပင်စွာ သက်ပြင်းချလိုက်ရင်း ဆိုသည်။

"ဒီဂိုဏ်းနှစ်ခု အားပြိုင်နေကြတာက အပြင်မြို့ကို ပိုပြီး ဖရိုဖရဲ ဖြစ်စေတာပဲ၊ ကြားထဲက အခွင့်အရေးသမားတွေကလည်း လုယက်သတ်ဖြတ်နေကြတော့ ငါတို့လို အေးအေးဆေးဆေး နေချင်တဲ့သူတွေပဲ မြေစာပင် ဖြစ်ရတာပေါ့"

"ဝမ်ယွမ်ကတော့ အခု တောင်ပေါ်လမ်းကြောင်းတွေကို စောင့်ကြပ်ရင်း နာမည်ကျော်နေတာလေ၊ သူက တာကျန်းဂိုဏ်းက အလယ်အလတ်အဆင့် ကျင့်ကြံသူ ငါးဦး၊ ခြောက်ဦးခန့်ကို သတ်ဖြတ်ခဲ့တဲ့အပြင်၊ အဆင့် ၈ ကျင့်ကြံသူ တစ်ယောက်ကိုတောင် အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တယ်လို့ သတင်းထွက်နေတာ၊ ဒါကြောင့် ဒီနေ့ သူ ဈေးမထွက်နိုင်တာ အဆန်းတော့ မဟုတ်ပါဘူး"

အဘိုးချန်က ခေါင်းခါလိုက်ရင်း ဆိုသည်။

"အခြေအနေတွေ ဒီလိုပဲ ဆက်ဖြစ်နေရင်တော့ ငါ မြို့ထဲပိုင်းကို ပြောင်းဖို့ စဉ်းစားနေတယ်၊ မင်းရော ဘယ်လိုလဲ လော့လေး"

လော့ချန် ခဏမျှ နှုတ်ဆိတ်သွားမိသည်။ သူ နေထိုင်ရာ အရပ်မှာ အနောက်တောင်ဘက် အစွန်အဖျား ဖြစ်သဖြင့် တိုက်ပွဲများနှင့် အလှမ်းဝေးသည် ဆိုသော်ငြားလည်း….။

"ကျွန်တော်လည်း စဉ်းစားရဦးမှာပဲဗျာ၊ မြို့ထဲမှာ နေထိုင်ဖို့ အိမ်လခနဲ့ အာမခံကြေးဆိုတာက နည်းတာမှ မဟုတ်တာ"

စင်စစ် ဤဈေးကွက်ထဲတွင် ရှင်သန်ရသည်မှာပင် ခက်ခဲလှချေပြီ။ မြို့ထဲပိုင်း၌ နေထိုင်ခွင့်ရရန်မှာမူ တစ်ကိုယ်တော်ကျင့်ကြံသူ အများစုအတွက် အလှမ်းဝေးလှသော အိမ်မက်တစ်ခုသာ ဖြစ်ပေသည်။

လော့ချန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ပြန်လည်ပြင်ဆင်ကာ ရောက်ရှိလာသမျှ ဖောက်သည်များကို ပြုံးရွှင်စွာဖြင့်ပင် ကြိုဆိုလိုက်တော့သည်။

"မိတ်ဆွေကျန်း….ကြွပါခင်ဗျာ၊ ထုံးစံအတိုင်းပဲလား"

"အေး…. ထုံးစံအတိုင်းပဲ ပေးပါတော့"

All Chapters