← Chapters

အခန်း (၄၃၁-၄၃၂)

Vol. 44 Ch. 431-432

အခန်း (၄၃၁-၄၃၂)

Vol. 44 Ch. 431-432

​အခန်း ၄၃၁ - စကားများမနေနဲ့ မြန်မြန်လုပ်

​ဆိုင်ရှင်က သူ့ရဲ့ သိုလှောင်လက်စွပ်ထဲကနေ အပြာရောင်တစ်လုံးနဲ့ အနီရောင်တစ်လုံးရှိတဲ့ ဝိညာဉ်သားရဲဥ နှစ်လုံးကို ထုတ်ယူလိုက်ပါတယ်။

ဥတွေရဲ့ မျက်နှာပြင်မှာ ရှုပ်ထွေးတဲ့ ပုံစံတွေနဲ့ ဖုံးလွှမ်းနေပြီး အသက်ရှူနေသလိုမျိုး အနည်းငယ် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေပါတယ်။

​ဆိုင်ရှင်က ပြုံးဖြဲဖြဲနဲ့ ပြောလိုက်တယ်။

"သခင်လေးဖန့် ဒါတွေက အဆင့် ၄ ဝိညာဉ်သားရဲဥတွေပါပဲ ဒါပေမဲ့ ဘယ်လိုအမျိုးအစားလဲဆိုတာတော့ ကျွန်တော်လည်း အတိအကျ မပြောနိုင်ဘူးတကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ ထောင်နဲ့ ယူသွားလို့ရပါတယ်"

​ဝိညာဉ်ကျောက်တုံး ၅ ထောင်

​အရှင်မီးတိမ်တိုက်နဲ့ တခြားလူတွေရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

ဒီပမာဏက သူတို့အတွက်တော့ အိပ်မက်တောင် မမက်ရဲတဲ့ ပမာဏမျိုးပါ။

​ဆွေ့ဟွမ်နျန့်ရဲ့ မျက်နှာကတော့ တင်းမာသွားပါတယ်။

​သူမက သူမလက်ထဲက ဝိညာဉ်ကျောက်တုံး ၈ ရာတန် သားရဲဥကို တစ်ချက်ကြည့်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဆိုင်ရှင်ကို ဥပြန်ပေးပြီး ထွက်သွားပါတော့တယ်။

သူမရဲ့ စီနီယာအစ်ကိုတွေကလည်း မကျေမနပ် မျက်နှာပေးနဲ့ နောက်ကနေ အပြေးလိုက်သွားကြရတယ်။

သူတို့ထက် ကျင့်ကြံမှုအဆင့် နိမ့်တဲ့သူတစ်ယောက်က သူတို့ထက် အဆပေါင်းများစွာ ချမ်းသာနေတာကို မြင်လိုက်ရတော့ သူတို့ ကိုယ့်ကိုယ်ကိုယ် အတော်လေး သိမ်ငယ်သွားကြတာပါ။

​ဒါတောင် ဖန့်ချန်က တကယ် ဝယ်နိုင်ပါ့မလားဆိုတာ သူတို့ သိချင်နေကြသေးလို့ လှည့်ကြည့်လိုက်တဲ့အခါ ဖန့်ချန်က ကျောက်တုံးတွေ ချပေးပြီး သားရဲဥ နှစ်လုံးလုံးကို ဝယ်လိုက်တာ မြင်လိုက်ရပါတယ်။

​"ဒါတွေက တကယ်ကြီး ကျွန်တော်တို့အတွက်လား"

ကျန်းရှောင်ခဲ့က ကြောင်တောင်တောင်နဲ့ မေးလိုက်တယ်။

ဖန့်ချန်က အရင်ကလည်း သူ့ကို ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးထားပြီးပြီလေ အခု အဆင့် ၄ သားရဲဥတွေပါ ပေးနေတာကတော့ အရမ်းကို ရက်ရောလွန်းနေပါပြီ။

​ဖန့်ချန်အနေနဲ့ ဒီကျောက်တုံးတွေကို ပိုအရေးကြီးတဲ့ နေရာတွေမှာ သုံးစေချင်တာက သူ့ရဲ့ စေတနာပါ။

​ယန်ရုယွဲ့ကတော့ အဆင့် ၄ သားရဲဥကို အရမ်းလိုချင်နေပေမယ့် လက်ခံဖို့ အားနာနေတာကြောင့် အကြီးအကဲစူးကို လှမ်းကြည့်လိုက်ပါတယ်။

​"ယူထားလိုက်စမ်းပါ၊ ဘာမှမဟုတ်ပါဘူး"

လို့ ဖန့်ချန်က ပြောရင်း ဥတွေကို သူတို့ဆီ ပစ်ပေးလိုက်ပြီး လက်ဖက်ရည်ဆိုင်ရှိရာဘက်ကို ဦးတည် ထွက်ခွာသွားပါတယ်။

​အရှင်မီးတိမ်တိုက် တို့လည်း အမြန်လိုက်သွားကြသလို ဆဌမမင်းသမီးလေးကတော့ ကျန်းရှောင်ခဲ့နဲ့ ယန်ရုယွဲ့တို့ကို မနာလိုစိတ်နဲ့ ခိုးကြည့်နေမိတယ်။

​ယန်ရုယွဲ့က အကြီးအကဲစူးကို ကြည့်လိုက်တော့

"ဆရာ..."

​"သိမ်းထားလိုက်ပါ"

လို့ အကြီးအကဲစူးက ခပ်တိုးတိုး ပြောလိုက်ပါတယ်။

​အဲဒီနောက် သူတို့ သုံးယောက်လုံး ဖန့်ချန်တို့ အုပ်စုနောက်ကို အပြေးလိုက်ကြပါတယ်။

ယန်ရုယွဲ့ကတော့ သူမလက်ထဲက သားရဲဥကို ကြည့်ပြီး အပျော်ကြီး ပျော်နေတော့တာပါ။

ကျန်းရှောင်ခဲ့က သိုလှောင်လက်စွပ်ထဲ ထည့်ထားဖို့ သတိပေးလိုက်မှပဲ သူမ ရပ်လိုက်ပါတယ်။

​လက်ဖက်ရည်ဆိုင်မှာတော့ မန်နေဂျာက ဖန့်ချန်အတွက် အထူးသီးသန့်ခန်းတစ်ခု စီစဉ်ပေးထားပါတယ်။

​သီလရှင်ကျူးယွဲ့တို့အဖွဲ့ ရောက်လာတဲ့အခါမှ တာအိုဆရာယာနဲ့ အရှင်မီးတိမ်တိုက်တို့ဟာ သူတို့လည်း မဟာချန်းကို ရောက်နေမှန်း သိလိုက်ရပါတယ်။

​မကြာခင်မှာပဲ လီတောက်ယဲ့ ရောက်လာပြီး လူတွေ အများကြီး မြင်တော့ အံ့သြသွားပါတယ်။

​ဖန့်ချန်က ခပ်တိုးတိုး ပြောလိုက်တယ်။

"နောက်တစ်ယောက် လာဖို့ ရှိသေးတယ်၊ ခဏလောက် စောင့်ပေးကြပါဦး"

​အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

နောက်တစ်ယောက်က ဘယ်သူဖြစ်မလဲ မဟာရှအင်ပါယာက ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ဦးမလား

​ခဏအကြာမှာတော့ ရှကျီ အခန်းထဲ ဝင်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်တယ်။

"ဟဲဟဲ တော်တော်လေး စည်စည်ကားကား ရှိလှချေလား"

​ဒါက ဘယ်သူလဲ

​အရှင်မီးတိမ်တိုက် တို့ကတော့ ရှကျီ ကို မမှတ်မိကြပါဘူး။

ဒါပေမဲ့ ဆဌမမင်းသမီးလေးက ရှကျီကို မြင်လိုက်တဲ့အခါ မျက်နှာကြီး တောင့်တင်းသွားပြီး မယုံနိုင်သလို အော်လိုက်တယ်။

"တတိယနောင်တော်"

​ရှကျီ က မျက်မှောင်ကြုတ်လိုက်တယ်။

"အော် နင်လည်း ဒီမှာ ရှိနေတာလား"

​ဆဌမမင်းသမီးလေးရဲ့ မျက်နှာက နေရခက်သွားပါတယ်။

အရင်တုန်းက သူမဟာ ရှယိ နဲ့ ပေါင်းပြီး ဖန့်ချန်ကို အမြဲတမ်း ရန်သူလို ဆက်ဆံခဲ့တာ မဟုတ်လား။

​အရှင်မီးတိမ်တိုက် တို့ကတော့ အခြေအနေကို ရိပ်မိသွားကြပါတယ်။

"ဒါဆို သူကလည်း မဟာရှကပဲပေါ့"

​"တတိယနောင်တော် ဒါက ကျွန်မရဲ့ ဆရာပါ ဒီကုန်သွယ်ရေးပွဲကို လိုက်လာတာပါ"

လို့ ဆဌမမင်းသမီးက တိုးတိုးလေး ပြောပြပါတယ်။

​ရှကျီက အရှင်မီးတိမ်တိုက်ကို လက်သီးဆုပ် နှုတ်ဆက်လိုက်တယ်။

"ကျွန်တော့်ညီမလေးက နည်းနည်း ဇီဇာကြောင်တတ်တယ် ဆရာ့ကို ဒုက္ခမပေးဘူးလို့ မျှော်လင့်ပါတယ်"

​အရှင်မီးတိမ်တိုက်က ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောပါတယ်။

"သူမက ထိုးထွင်းသိမြင်မှု ကောင်းပါတယ်၊ ကြိုးစားလည်း ကြိုးစားပါတယ် ဘာဒုက္ခမှ မပေးပါဘူး"

​တစ်ဖက်လူက ဖန့်ချန်နဲ့ ရင်းနှီးပုံရပြီး မဟာချန်းမှာလည်း နေရာရနေသူမို့ သူမ မပေါ့ဆရဲပါဘူး။

​"ဒါဆို ကောင်းတာပေါ့"

ရှကျီက ခေါင်းငြိမ့်ပြပြီး ဖန့်ချန်ဘက်ကို လှည့်ကာ အချက်ပြလိုက်ပါတယ်။

​ဖန့်ချန်က ခေါင်းငြိမ့်လိုက်ပြီး

"ဘာမှမဖြစ်ဘူး၊ ငါ့ကိုပဲ ပေးလိုက်ပါ"

​အဲဒီစကားကို ကြားတာနဲ့ အားလုံးက သူတို့ဝယ်ထားတဲ့ အဝါရောင်အဆင့်မြင့် ရတနာတွေကို ထုတ်ယူပြီး ဖန့်ချန်ကို ပေးကြပါတယ်။

ဖန့်ချန်က တစ်ခုချင်းစီကို သူ့ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပါတယ်။

​သူက သူတို့ကို ဝိညာဉ်ကျောက်တုံး ၃ သောင်း ပေးထားခဲ့တာဖြစ်ပြီး သူတို့ ဝယ်လာပေးတဲ့ ဝါ့အဆင့်မြင့် ရတနာ ၁၀ ခုကို သူ အတော်လေး ကျေနပ်သွားပါတယ်။

​တစ်ချိန်တည်းမှာပဲ ဓားငယ်လေးကတော့ ဒီရတနာတွေကို ကြည့်ပြီး သွားရည်ကျနေပါပြီ။

ဖန့်မိသားစုဆီ အမြန်ပြန်ပြီး ဒါတွေကို ဝါးမြိုချင်လို့ ဖန့်ချန်ကို ဇွတ်အတင်း ပူဆာနေတော့တာပါ။

ဒီအရောင်းအဝယ်တွေက အရမ်းမြန်လွန်းတာကြောင့် အရှင်မီးတိမ်တိုက်တို့က ပစ္စည်းတွေကို သေချာတောင် မမြင်လိုက်ရပါဘူး။

ဒါပေမဲ့ ရတနာတွေဆီက ထွက်ပေါ်လာတဲ့ အငွေ့အသက်ကတော့ သူတို့ကို တုန်လှုပ်စေပါတယ်။

​ဒါတွေက သာမန် ပစ္စည်းတွေ မဟုတ်တာတော့ သေချာတယ်

​ဖန့်ချန် ခုနက ဝယ်လိုက်တဲ့ သားရဲဥတွေအပြင် ဒီရတနာတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဖန့်ချန်မှာ ဘယ်လောက်တောင် ချမ်းသာကြွယ်ဝမှု ရှိမလဲဆိုတာ သူတို့ စဉ်းစားလို့တောင် မရတော့ပါဘူး။

​နာရီဝက်လောက် စကားပြောပြီးနောက်မှာတော့ ဖန့်ချန်က ပြန်ဖို့ ထရပ်လိုက်ပါတယ်။

သူက သီလရှင်ကျူးယွဲ့တို့ကို အရှင်မီးတိမ်တိုက်တို့နဲ့ စကားပြောဖို့ ချန်ထားခဲ့ပါတယ်။

​ဖန့်ချန် ထွက်သွားပြီး မကြာခင်မှာပဲ ရှကျီ က အရှင်မီးတိမ်တိုက်နဲ့ ဆဌမမင်းသမီးလေးကို စွမ်းအားမြင့်ဗလာ ကျောင်းတော် ဆီ လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

​လျီချန်း နဲ့ ချန်ဖေးလန် တို့ကတော့ ကုန်သွယ်ရေးပွဲထဲမှာ လျှောက်သွားနေကြဆဲပါ။

​ကျန်းထျန်းအိုက် လည်း ထွက်သွားပြီဖြစ်လို့ ခြံဝင်းထဲမှာ တိတ်ဆိတ်နေပါတယ်။

​အခန်းထဲ ပြန်ရောက်တာနဲ့ ဖန့်ချန်က ရတနာတွေကို ထုတ်ပြီး ဓားငယ်လေးကို ဝါးမြိုစေလိုက်ပါတယ်။

​အဲဒီနောက် သူရဲ့ ဝိညာဉ်က ကိုယ်ထဲကနေ ထွက်ခွာပြီး မဟာချန်းမြို့ရဲ့ အထက်ကောင်းကင်မှာ ရပ်နေလိုက်ပါတယ်။

​သူ့ရဲ့ အကြည့်တွေက ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ချင်းစီဆီကို ရောက်သွားပြီး ထုံဟု နဲ့ တခြားလူတွေကို သေချာ စောင့်ကြည့်နေပါတယ်။

​ထုဟုကတော့ ကျွယ်ဝူတိ သေတာက သူနဲ့ မဆိုင်သလိုမျိုး ဘာထူးခြားတဲ့ အမူအရာမှ မပြပါဘူး။

​ထုံပိုင်ကျိုးကတော့ ကျောက်စိမ်းမြစ်ခန်းမ ကို အင်တိုက်အားတိုက် ကြော်ငြာနေပြီး ကုန်သွယ်ရေးပွဲမှာ အမြတ်ကြီးကြီးရဖို့ ပစ္စည်းတွေ ကြိုတင်ပြင်ဆင်နေပုံရပါတယ်။

သူက သာမန်ကုန်သည်တစ်ယောက်လိုပဲ ဖြစ်နေပြီး ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူဖြစ်ကြောင်း ဘာသဲလွန်စမှ မရှိပါဘူး။

​တောင်ပိုင်းကောင်းကင်ဂိုဏ်းရဲ့ ဘိုးဘေးကလည်း ယွီယွဲ့ဖန်နဲ့အတူ ပွဲထဲမှာ ပတ်ကြည့်နေပြီး ဘာမှ မထူးခြားပါဘူး။

​တကယ်တော့ ကျွယ်ဝူတိ သေပြီးကတည်းက ဖန့်ချန်ဟာ ဒီလူနှစ်ယောက်ကို အစိုးရိမ်ဆုံးပါ။

တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးက ကျွယ်ဝူတိရဲ့ ဒုတိယ စီနီယာအစ်ကို မဟုတ်လား။

ကျွယ်ဝူတိ သေပြီးနောက် သူ တစ်ခုခု သတင်းပို့မလားဆိုတာ ဖန့်ချန် စောင့်ကြည့်နေပေမယ့် ဘာတုံ့ပြန်မှုမှ မရှိတာကြောင့် သူတို့က တကယ်ပဲ ကုန်သွယ်ရေးပွဲအတွက် လာတာလားလို့တောင် ထင်ရပါတယ်။

​ဖန့်ချန်က အရှင်ဝေဟင်ပြေး၊ အရှင်ကျားဖြူ နဲ့ ဆရာကြီးလုံမု တို့ဘက်ကို အကြည့်ပြောင်းလိုက်ပါတယ်။

​အရှင်ဝေဟင်ပြေးက ဝိညာဉ်သုတ်သင်ရေးဌာနက ကျင့်ကြံသူဖြစ်ပြီး သူမရဲ့ ပစ်မှတ်ကလည်း ဝိညာဉ်သွေးဂိုဏ်းပါပဲ။

ဒါပေမဲ့ သူမက အရမ်းကို တည်ငြိမ်နေပြီး မလှမ်းမကမ်းမှာရှိတဲ့ တုန်းဖန်းဟောက်ကျဲကိုပဲ တစ်ချက်တစ်ချက် လှမ်းကြည့်နေပါတယ်။

​အရှင်ကျားဖြူကတော့ ဆရာကြီးလုံမုနဲ့ စကားပြောနေပြီး ပျင်းရိနေတဲ့ ပုံစံမျိုးပါ။

သူတို့က မဟာချန်းမှာ အခြေအနေကို ဟန်ချက်ညီအောင် ထိန်းပေးဖို့ပဲ လာကြပုံရပါတယ်။

​မြို့တော်တစ်ခုလုံးကတော့ ရယ်သံတွေ၊ စည်ကားသံတွေနဲ့ ပြည့်နေပါတယ်။

ဝိညာဉ်သွေးဂိုဏ်း ရှိနေတာကိုသာ မသိရင် ဖန့်ချန်တောင် ဒီပျော်ပွဲရွှင်ပွဲထဲမှာ စီးမျောသွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီမျက်နှာပြင်အောက်မှာတော့ ယုတ်မာတဲ့ အကြံအစည်တွေ တိမ်မြုပ်နယ်မြေ ကို လှုပ်ခတ်စေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှန်း သူ ကောင်းကောင်း သိပါတယ်။

​အချိန်အတော်ကြာတော့ ဓားငယ်လေးက ရတနာတွေကို ဝါးမြိုလို့ ပြီးသွားပြီး ဖန့်ချန်ရဲ့ ကိုယ်ထဲ ပြန်ဝင်သွားပါတယ်။

ဖန့်ချန်က ဓားငယ်လေးဟာ အဆင့် ၄ မရောက်သေးပေမယ့် ပိုပြီး အစွမ်းထက်လာတာကို ခံစားမိလိုက်တယ်။

ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး သုံးလိုက်တာက အလကား မဖြစ်ခဲ့ပါဘူး။

​ဒီညတော့ တုန်းဖန်းဟောက်ကျဲနဲ့ သွားစကားပြောဦးမှပဲ

​ထိုညနှောင်းပိုင်း

​တုန်းဖန်းဟောက်ကျဲဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို ဆွဲပြီး သူ့အခန်းဆီ ပြန်လာပါတယ်။

အရှင်ဝေဟင်ပြေးက သူ့ဘေးခန်းမှာ ရှိနေတာကြောင့် သူ လုံခြုံတယ်လို့ ခံစားနေရပါတယ်။

​ရင်းနှီးနေတဲ့ အသံတစ်ခုက လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာပါတယ်။

"ညီအစ်ကိုတုန်းဖန်း မင်းဆီက နဂါးသွေး အချို့ ထပ်ချေးလို့ ရမလား ငါ့ကို ကူညီတဲ့အနေနဲ့ပေါ့"

​တုန်းဖန်းဟောက်ကျဲ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ စိတ်တိုတိုနဲ့ ပြောလိုက်တယ်။

"မင်းက အစက် ၁၀ စက်တောင် ယူသွားပြီးမှ အခုမှ ငါ့ကို အကူအညီတောင်းတာလား"

​"ငါ မင်းကို ဝိညာဉ်သွေးဂိုဏ်းအကြောင်း သတင်းပေးခဲ့တယ် မင်းက ငါ့ကို နဂါးသွေး ပေးခဲ့တယ်"

"အဲဒါက ကျေသွားပြီ အခုကတော့ ငါ မင်းကို ကျေးဇူးကြွေး တစ်ခု တင်သွားစေရမယ် စကားများမနေနဲ့ မြန်မြန်လုပ်စမ်းပါ"

​​အခန်း ၄၃၂ - ပြီးပြည့်စုံသော နဂါးရိုးကောင်းကင်မီးအိမ်

​နန်းတော်က ပြန်လာပြီးနောက် ဖန့်ချန်ဟာ နဂါးရိုးကောင်းကင်မီးအိမ်ကို ထုတ်ယူလိုက်ပါတယ်။

စကြဝဠာမှန်ချပ် ပြောပြတဲ့ နည်းလမ်းအတိုင်း သူဟာ ဝိညာဉ်စွမ်းအားကို သုံးပြီး မူလပါဝင်တဲ့ မီးအိမ်ဆီတွေကို ဖယ်ထုတ်လိုက်ကာ တုန်းဖန်းဟောက်ကျဲရဲ့ နဂါးသွေးတွေနဲ့ အစားထိုးလိုက်ပါတယ်။

​"အခုဆို ရပြီလား"

ဖန့်ချန်က မေးလိုက်တယ်။

​စကြဝဠာမှန်ချပ်က တဟဲဟဲ ရယ်မောလိုက်တယ်။

"ဟင်း အခုဆို ဒီနဂါးရိုးကောင်းကင်မီးအိမ်ကို ပြီးပြည့်စုံသွားပြီလို့ ပြောလို့ရတယ် ဒါက အဝါရောင်အဆင့် အလယ်အလတ် ရတနာဆိုပြီး အထင်မသေးနဲ့"

"မင်းသာ ဝိညာဉ်စွမ်းအားနဲ့ မီးညှိလိုက်ရင် မီးအိမ်ဆီ မကုန်မချင်း ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေတောင် မင်းနားကပ်ဖို့ ခက်လိမ့်မယ်"

​"နဂါးသွေး ၁၀ စက်က ဘယ်လောက်ကြာကြာ ခံမှာလဲ"

ဖန့်ချန်က ဆက်မေးပါတယ်။

​"ဒါက ရန်သူရဲ့ အစွမ်းအပေါ် မူတည်တယ်တကယ်လို့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ဆိုရင်တော့ အသက်ရှူအကြိမ် ၁၀ ခါစာလောက် ဟန့်တားထားနိုင်ဖို့ ပြဿနာမရှိဘူး ရွှေအမြုတေအဆင့် ဆိုရင်တော့ တစ်နေ့တစ်ညလုံး တားထားနိုင်တာပေါ့"

လို့ စကြဝဠာမှန်ချပ်က ရှင်းပြပါတယ်။

​'ဝိညာဉ်သန္ဓေသားအဆင့်ကို အသက်ရှူ ၁၀ ခါစာပဲ တားနိုင်မယ်ဆိုတော့'

ဖန့်ချန်က တွေးတောနေမိတယ်။

​အချိန်က တိုတောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အသက်ရှူ ၁၀ ခါဆိုတာ စက္ကန့် ၃၀၊ မိနစ်ဝက်လောက် ရှိပါတယ်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက်ကို မိနစ်ဝက်လောက် ဟန့်တားထားနိုင်တာက တကယ့်ကို ကြောက်စရာကောင်းတဲ့ စွမ်းရည်ပါပဲ။

အဲဒီအချိန်အတွင်းမှာ တိုက်ပွဲရဲ့ အလှည့်အပြောင်းတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။

​နဂါးရိုးကောင်းကင်မီးအိမ် ချည်နှောင်ခြင်းခေါင်းလောင် နဲ့ ရိပ်ခြေဗုဒ္ဓနည်းစနစ် တို့က သူ့ရဲ့ လက်ရှိဝှက်ဖဲတွေပါပဲ။

ဓားငယ်လေးကတော့ သူ့ရဲ့ အပြင်းထန်ဆုံး လက်နက်ပေါ့။

တကယ်ကို လိုအပ်တဲ့အချိန် မဟုတ်ရင် သူ ထုတ်သုံးမှာ မဟုတ်သလို အဲဒီ အမျိုးသမီးဓားကျင့်ကြံသူအတွက်လည်း ချန်ထားရဦးမှာပါ။

​"ငါ အခုတော့ အဆင်သင့်ဖြစ်နေပြီ ဝိညာဉ်သွေးဂိုဏ်းက လူတွေ လှုပ်ရှားလာမှာကိုပဲ စောင့်ရတော့မယ်"

​နောက်ရက်တွေမှာတော့ ဖန့်ချန်ဟာ ကုန်သွယ်ရေးပွဲကို နေ့တိုင်းသွားလေ့ရှိပြီး တစ်ခါတလေ ဝိညာဉ်ရင်းမြစ်ကျောက် တွေနဲ့ ကစားလေ့ရှိပါတယ်။

ကံကောင်းရင်တော့ အမြတ်အစွန်း အတော်အတန် ရတတ်ပါတယ်။

​သူ့မှာ ကျန်နေတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ အခုရှာလို့ရတဲ့ ကျောက်တုံးတွေကို သုံးပြီး ဝိညာဉ်စုစည်းဆေးလုံး တွေကို အကုန်ဝယ်လိုက်ပါတယ်။

ဒီဆေးလုံးတွေက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် အကျိုးရှိသလို အခြေခံတည်ဆောက်ခြင်းအဆင့်တွေတောင် သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ သုံးနိုင်ပါတယ်။

​နောက်ရက်အနည်းငယ်ကတော့ ဘာပြဿနာမှမရှိဘဲ ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့ပါတယ်။

ထုံဟု နဲ့ တခြားလူတွေကလည်း ထူးခြားတဲ့ သံသယဖြစ်စရာ မပြဘဲ ပုံမှန်အတိုင်း လှုပ်ရှားနေကြပါတယ်။

​ရှကျီ ဟာ ဆိုင်ခန်းတစ်ခုရှေ့မှာ သူ အခုလေးတင် ဝယ်ထားတဲ့ ဝိညာဉ်စုစည်းဆေးလုံးတွေကို ဆဌမမင်းသမီးလေးဆီ ကမ်းပေးလိုက်ပါတယ်။

"ဒီဆေးလုံးတွေကို သိမ်းထားလိုက်ပါ နည်းတယ်လို့တော့ မထင်နဲ့နော်"

​ဆဌမမင်းသမီးလေး ကြောင်သွားပါတယ်။

ဝိညာဉ်စုစည်းဆေးလုံး ၁၀ လုံးဆိုတာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉ ရာလောက် တန်တာလေ သူမရဲ့ တတိယနောင်တော်က မဟာချန်းမှာ ဒီလောက်အထိ အဆင်ပြေနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။

​မင်းသမီးလေးဟာ ဆေးပုလင်းကို ကိုင်ထားရင်း ရုတ်တရက် ခေါင်းငုံ့လိုက်မိတယ်။

"နောင်တော် ကျွန်မ တောင်းပန်ပါတယ်"

​ရှကျီက အံ့သြသွားတယ်။

"ဘာအတွက်လဲ"

​"အရင်က ကိစ္စတွေအတွက်ပါ"

​ရှကျီက ရယ်မောလိုက်တယ်။

"အရင်ကလား အဲဒီတုန်းက ငါတို့က ကလေးတွေပဲ ရှိသေးတာလေ သဘောထားချင်း မတိုက်ဆိုင်တာက ပုံမှန်ပါပဲ"

"နင်က အဲဒါတွေကို အခုထိ မှတ်ထားသေးတာလား ငါကတော့ ငါတို့ ဘယ်လောက်တောင် နုနယ်ခဲ့လဲဆိုတာပဲ မှတ်မိတော့တယ် အခုပြန်တွေးကြည့်ရင် အဲဒါတွေက ရယ်စရာကြီးပါ"

​ထိုစဉ် ဖန့်ချန်ဟာ ဖန့်ကျွယ်၊ ဖန့်ရှုး၊ ဖန့်ယွင် တို့နဲ့အတူ ရောက်လာပါတယ်။

​"ရှကျီ ငါတို့ ကျောက်စိမ်းမြစ်ခန်းမ ကို သွားပြီး ပျော်ကြရအောင်လေ"

​ရှကျီရဲ့ မျက်လုံးတွေ တောက်ပသွားပြီး ညီမဖြစ်သူကို ပြောလိုက်တယ်။

"အတူတူ သွားရအောင် ဖန့်ချန် က အခု ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ ဖြစ်နေပြီ နင် တကယ့် ထူးထူးခြားခြားတွေ မြင်ရလိမ့်မယ်"

​ဆဌမမင်းသမီးလေး အံ့သြသွားတယ်။

"ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ ဟုတ်လား"

​သူမဟာ ဝိညာဉ်ရင်းမြစ်ကျောက်တွေအကြောင်းကို အခုမှ သိထားတာဆိုတော့ ဖန့်ချန်က ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ ဖြစ်နေတယ်ဆိုတာက သူမအတွက် အတော်လေး တုန်လှုပ်စရာပါပဲ။

​ကုန်သွယ်ရေးပွဲမှာ ဝိညာဉ်ရင်းမြစ်ကျောက်တွေကိုပဲ သီးသန့်ရောင်းတဲ့ နေရာတစ်ခု ရှိပါတယ်။

ကျောက်စိမ်းမြစ်ခန်းမ အပြင် တခြား အဆင့် ၅ အင်ပါယာတွေက လာတဲ့ ဆိုင်ခန်းပေါင်း တစ်ဒါဇင်ကျော်လည်း ရှိပါတယ်။

​"ဆရာကြီးဖန့် ပြန်လာပြီဟေ့"

​"ဆရာကြီးဖန့် ဒီနေ့ ကျွန်တော်တို့ ဆိုင်ကို ကြွပါဦးလား ကျောက်စိမ်းမြစ်ခန်းမမှာ ပစ္စည်းကောင်းတွေ ကျန်မှာ မဟုတ်တော့ပါဘူး"

​"ဟုတ်တယ် ကျွန်တော်တို့ဆီလည်း လာကြည့်ပါဦး"

​လမ်းမှာ ဆိုင်ရှင်အများအပြားက ဖန့်ချန်ကို နွေးထွေးစွာ နှုတ်ဆက်ကြသလို အနားမှာရှိတဲ့ ကျင့်ကြံသူတွေကလည်း သူတို့အလုပ်တွေကို ပစ်ထားပြီး ဖန့်ချန်နောက်ကို တကောက်ကောက် လိုက်လာကြပါတယ်။

​ဒီရက်ပိုင်းမှာ ဖန့်ချန် ဘယ်သွားသွား အရောင်းအဝယ်တွေ အရမ်းသွက်နေတာပါ။

ဖန့်ချန်ဟာ ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ ဆိုတဲ့ သတင်းက နေရာအနှံ့ ပျံ့နှံ့နေပါပြီ။

မဟာချန်းမှာ ရွှေအမြုတေအဆင့် ပညာရှင် ရာနဲ့ချီရှိပြီး ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ရှိပေမဲ့ ဝိညာဉ်ရင်းမြစ်ကျောက်ဆရာတော့ တစ်ယောက်မှ မရှိပါဘူး။

ဒါကို ကြည့်ရင် ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ တစ်ယောက်ဟာ ဘယ်လောက် ရှားပါးလဲဆိုတာ သိနိုင်ပါတယ်။

​တစ်ဖက်မှာတော့ နတ်သမီးထျန်းယင်း နဲ့ ပျော်ပျော်ပါးပါး စကားပြောနေတဲ့ တုန်းဖန်းဟောက်ကျဲဟာ ဝိညာဉ်ရင်းမြစ်ကျောက် နေရာက စည်ကားနေတာကို မြင်တော့ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ်။

​"ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ ဟုတ်လား ငါသာ အခု သွေးတွေ အားမနည်းနေရင် တကယ့် ဝိညာဉ်ရင်းမြစ်ကျောက်ဆရာ ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ ပြလိုက်မှာ"

​အဲဒါကို တွေးမိတော့မှ သူက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဝိညာဉ်သွေးဂိုဏ်းဘက်က ဘာလှုပ်ရှားမှုမှ မရှိတာကို သတိရသွားပါတယ်။

သူက အရှင်ဝေဟင်ပြေးကို လှမ်းကြည့်ပြီး ဝိညာဉ်အာရုံနဲ့ စကားပြောလိုက်တယ်။

"စီနီယာ ဝိညာဉ်သွေးဂိုဏ်းက အခုထိ ငြိမ်နေတယ် ကုန်သွယ်ရေးပွဲကလည်း ပြီးတော့မယ် သူတို့ လက်လျှော့လိုက်ပြီလို့ ထင်လား"

​"ဝိညာဉ်သွေးဂိုဏ်းက ဒီလောက် အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး သူတို့ ငြိမ်နေတာက သူတို့ ပြင်ဆင်နေတာကို ဆိုလိုတာပဲ"

လို့ အရှင်ဝေဟင်ပြေးက ပြန်ဖြေပါတယ်။

"စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပါ ဖြစ်နိုင်တာက မင်းက သူတို့ရဲ့ ပစ်မှတ် မဟုတ်တော့တာလည်း ဖြစ်နိုင်တယ်"

​"အဲဒါဆိုရင်တော့ ကောင်းတာပေါ့"

တုန်းဖန်းဟောက်ကျဲ သက်ပြင်းချလိုက်ပါတယ်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေနဲ့ သူက အမြဲ ကပ်နေတာကို မြင်တော့ ဝိညာဉ်သွေးဂိုဏ်းက လက်လျှော့သွားတာလည်း ဖြစ်နိုင်တာပဲလေ။

​တုန်းဖန်းဟောက်ကျဲက နတ်သမီးထျန်းယင်းကို ဆက်ပြီး ကပ်ပါတော့တယ်။

"နတ်သမီးထျန်းယင်း ငါက ကြွားပြောနေတာ မဟုတ်ပါဘူး ဒီကုန်သွယ်ရေးပွဲ ပြီးရင် ငါနဲ့အတူ မဟာဝေအင်ပါယာကို လိုက်ခဲ့ပါ ငါ နတ်သမီးကို ရတနာတစ်ခု ပြမယ်"

​နတ်သမီးထျန်းယင်းရဲ့ မျက်နှာမှာ စိတ်မရှည်တဲ့ အရိပ်အယောင်တွေ ပေါ်နေပေမဲ့ ကံဆိုးစွာပဲ သူမရဲ့ စီနီယာအစ်ကိုက ဝိညာဉ်ရင်းမြစ်ကျောက် နေရာကို အပျော်သွားကြည့်နေတာကြောင့် ဒီစိတ်ပျက်စရာကောင်းတဲ့ ယင်ကောင်ကို တားပေးမယ့်သူ မရှိပါဘူး။

​နတ်သမီးထျန်းယင်းက ရုတ်တရက် မျက်မှောင်ကြုတ်ရင်း ရပ်တန့်သွားပါတယ်။ သူမ ကောင်းကင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"နေပါဦး ကောင်းကင်က ကြည့်ရတာ တစ်ခုခု ထူးဆန်းနေသလိုပဲ"

​တုန်းဖန်းဟောက်ကျဲလည်း သူမနဲ့အတူ ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်။

"နတ်သမီးထျန်းယင်း ဘာကို ဆိုလိုတာလဲ"

​နေရောင်ခြည်၊ တိမ်ဖြူဖြူတွေနဲ့ လေပြေအေးတွေ အားလုံးက ပုံမှန်ပါပဲ။ ဘာမှ ထူးခြားတာ မရှိပါဘူး။

​"တိမ်တွေက ရွေ့မသွားတာ ကြာပြီ"

နတ်သမီးထျန်းယင်း မျက်မှောင်ကြုတ်လိုက်ပြီး အရှင်ဝေဟင်ပြေးကို လှည့်ကြည့်လိုက်တယ်။

"စီနီယာ တစ်ခုခုတော့ မဟုတ်တော့ဘူး"

​အရှင်ဝေဟင်ပြေးက သူမကို ကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ"

​"ကောင်းကင်က တိမ်တွေက ရွေ့မနေဘူး"

လို့ နတ်သမီးထျန်းယင်းက တိုးတိုးလေး ပြောလိုက်ပါတယ်။

​အရှင်ကျားဖြူက ပြုံးလိုက်တယ်။

"တိမ်တွေ ရွေ့တာ မရွေ့တာက ဘာအရေးကြီးလို့လဲ သူတို့လည်း ရွေ့ရတာ ပင်ပန်းနေလို့ ဖြစ်မှာပေါ့ ပြီးတော့ နည်းနည်းပါးပါး ရွေ့ရင်လည်း မင်း သိမှာ မဟုတ်ဘူး မလား"

​အရှင်ဝေဟင်ပြေးက ရှင်းပြပါတယ်။

"အရှင်ကျားဖြူ သူမက ပုံရိပ်ယောင်သင်ကျောင်း မှာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတာဆိုတော့ ပတ်ဝန်းကျင် အပြောင်းအလဲကို အရမ်း အာရုံခံနိုင်စွမ်းရှိတယ်"

​အရှင်ကျားဖြူ အံ့သြသွားတယ်။

"ပုံရိပ်ယောင်သင်ကျောင်းရဲ့ ကျောင်းအုပ်က တပည့်မယူတာ နှစ်ပေါင်း နှစ်ရာလောက် ရှိပြီ မဟုတ်လား"

​ဆရာကြီးလုံမုကလည်း နတ်သမီးထျန်းယင်းကို စိတ်ဝင်တစား ကြည့်နေမိပါတယ်။

ပုံရိပ်ယောင်ဘုရင် ရဲ့ မျက်စိကျပြီး တပည့်အဖြစ် အသိအမှတ်ပြုခံရအောင် သူမမှာ ဘယ်လို ပါရမီတွေ ရှိမလဲဆိုတာ သူ သိချင်နေပုံရပါတယ်။

​သာမန်လူတွေကတော့ အရှင်ဝေဟင်ပြေးက ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းကျောင်း ကို တာဝန်ယူထားတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းတော့ အဲဒီမှာ အစွမ်းအထက်ဆုံးက ပုံရိပ်ယောင်ဘုရင် ပါပဲ

​ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေတောင် အဲဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ထိပ်တိုက်မတွေ့ချင်ကြပါဘူး။

တကယ်လို့ တွေ့ခဲ့ရင်တောင် သူတို့ အနိုင်ရဖို့ အခွင့်အရေး သိပ်မရှိဘူးလို့ ယုံကြည်ထားကြပါတယ်။

​"ငါ တစ်ချက် ကြည့်လိုက်မယ်"

လို့ ပြောပြီး အရှင်ဝေဟင်ပြေးက ကောင်းကင်ကို လက်ညှိုးညွှန်လိုက်ပါတယ်။

​သတ္တုဓာတ်စွမ်းအားတွေက ဓားတစ်လက်အဖြစ် စုစည်းသွားပြီး ကောင်းကင်ဆီကို ပျံတက်သွားပါတယ်။

ဒါပေမဲ့ နောက်တစ်ခဏမှာပဲ အဲဒီဓားဟာ တစ်ခုခုရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရသလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားပါတော့တယ်။

​အရှင်ဝေဟင်ပြေးဟာ အဲဒီဓားရဲ့ တည်ရှိမှုကို အာရုံခံလို့ မရတော့ပါဘူး။

​"တစ်ယောက်ယောက်က ငါတို့ကို ပိတ်မိအောင် အစီရင် အကြီးကြီးတစ်ခု လုပ်ထားတာပဲ"

အရှင်ဝေဟင်ပြေးက အရှင်ကျားဖြူနဲ့ ဆရာကြီးလုံမုတို့ကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ်။

​ထင်ထားတဲ့အတိုင်း ဝိညာဉ်သွေးဂိုဏ်းက လှုပ်ရှားလာပါပြီ။

သူတို့က သူတို့ရဲ့ ပစ်မှတ်ကို ပြောင်းလိုက်ပြီး တုန်းဖန်းဟောက်ကျဲကို လုပ်ကြံဖို့ မကြိုးစားတော့ပါဘူး။

​ဒါပေမဲ့ သူတို့ နောက်ထပ် လုပ်မယ့်အရာက ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။

All Chapters