← Chapters

အခန်း (၄၃၃-၄၃၄)

Vol. 44 Ch. 433-434

အခန်း (၄၃၃-၄၃၄)

Vol. 44 Ch. 433-434

​​အခန်း ၄၃၃ - တိမ်မြုပ်နယ်မြေကို ဆေးဖိုအဖြစ် အသုံးပြုခြင်း

​ဝိညာဉ်ရင်းမြစ်ကျောက် ရောင်းချတဲ့နေရာမှာတော့ လူတွေက အုန်းအုန်းကျွက်ကျွက်နဲ့ စည်ကားနေပါတယ်။

​“ဆရာကြီးဖန့်ကတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ”

​“နောက်တစ်လုံး ထပ်အောင်ပြန်ပြီ ဒီရက်ပိုင်း ဆရာကြီးဖန့်ရဲ့ ခန့်မှန်းချက်တွေက တကယ့်ကို မှန်ကန်လွန်းတယ် သူ့နောက်လိုက်ပြီး ငါတို့လည်း အကျိုးအမြတ်တွေ အများကြီး ရနေပြီ”

​ဖန့်ချန်က နောက်ထပ် ဝိညာဉ်ရင်းမြစ်ကျောက်တစ်လုံးကို ထပ်မံခွဲလိုက်ပြီး အခုလေးတင် ရထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဝိညာဉ်စုစည်းဆေးလုံးတွေနဲ့ လဲလှယ်လိုက်ပါတယ်။

အခုဆိုရင် သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဝိညာဉ်စုစည်းဆေးလုံး ၁၀၀ လောက် ရှိနေပါပြီ။

​ဖန့်ချန်က စိတ်ထဲကနေ တွေးနေမိတယ်။

ငါပြန်ရောက်ရင် ဒီဆေးလုံးတွေကို အဖေ နဲ့ ညီမလေးကို ပေးရမယ် ဒါဆိုရင် သူတို့ရဲ့ ကျင့်ကြံမှုတွေက အလျင်အမြန် တိုးတက်လာမှာပဲ

​တကယ်လို့ ဒီတစ်ခေါက် ဝိညာဉ်သွေးဂိုဏ်းကိစ္စကို ဖြေရှင်းနိုင်ခဲ့ရင် သူ မဟာရှအင်ပါယာကို ချက်ချင်း ပြန်ဖို့ စိတ်ကူးထားပါတယ် သူ အိမ်ကို အတော်လေး လွမ်းနေမိပြီလေ။

​ရှကျီရဲ့ ဘေးမှာ လိုက်ပါလာတဲ့ ဆဌမမင်းသမီးလေးကတော့ ဖန့်ချန်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ တိတ်တဆိတ် ကြည့်နေပါတယ်။

အချိန်တိုလေးအတွင်းမှာပဲ ဖန့်ချန်ရဲ့ စွမ်းရည်တွေက ငါ စိတ်ကူးလို့တောင် မရတဲ့ အဆင့်ထိ ရောက်သွားခဲ့ပြီပဲ

​ထိုစဉ် ဖန့်ချန်က ရှကျီဆီကို ဝိညာဉ်အာရုံနဲ့ သတင်းပို့လိုက်ပါတယ်။

"ရှကျီ အရှင်မီးတိမ်တိုက်တို့က မပြန်ကြသေးဘူးလား"

​လွန်ခဲ့တဲ့ ရက်ပိုင်းက ဖန့်ချန်ဟာ အရှင်မီးတိမ်တိုက်၊ အကြီးအကဲစူးနဲ့ တာအိုဆရာယာတို့ကို အရေးကြီးတာ မရှိရင် မြို့မှာ မနေကြဖို့ သွယ်ဝိုက်ပြီး သတိပေးခဲ့ပါသေးတယ်။

​ရှကျီက ပြန်ဖြေပါတယ်။

"ဒီကောင်မလေးရဲ့ ဆရာက ခုတလော ဗုဒ္ဓဆောင်က ကျမ်းစာတွေကို စိတ်ဝင်စားနေလို့ ပြန်မယ့်ပုံ မပေါ်သေးဘူး"

"ငါတို့က အမှန်တရားကို ဖွင့်မပြောပြသရွေ့ သူမက ထွက်သွားမှာ မဟုတ်ဘူး ဒါပေမဲ့ သူမကရော ဝိညာဉ်သွေးဂိုဏ်းကလူ မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ"

​"ထားလိုက်ပါတော့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဒါက ရှောင်လွှဲလို့မရတဲ့ ကံတရားပဲ သူတို့ရဲ့ ကံအကြောင်းတရားပေါ်မှာပဲ မူတည်ပါစေတော့"

​"ဒါနဲ့. ဒီအကြောင်းကို ငါ့ရဲ့ဆရာ ကို အသိပေးဖို့ မလိုဘူးလား သူက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ဆိုပေမဲ့ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်လို့ ရွှေအမြုတေအဆင့်ကို ခြေတစ်လှမ်းလှမ်းဖို့ပဲ လိုတော့တဲ့သူပါ"

"တကယ်လို့ ဆရာသာ သိထားမယ်ဆိုရင် အရေးကြုံတဲ့အခါ အများကြီး အထောက်အကူ ဖြစ်နိုင်မှာပါ"

​"လောလောဆယ်တော့ သူ့ကို မပတ်သက်စေတာ ပိုကောင်းပါတယ်"

" ကောင်းကင်ကြီး ပြိုကျလာရင်တောင် ထိန်းထားပေးမယ့်သူတွေ ရှိနေသေးတာပဲ ဝိညာဉ်သွေးဂိုဏ်းက တကယ် လှုပ်ရှားလာပြီဆိုမှ ဆရာတော်ကို အကြောင်းကြားလိုက်မယ်"

​ဖန့်ချန်က အရှင်ဝေဟင်ပြေးတို့ ရှိရာဘက်ကို မသိမသာ လှမ်းကြည့်လိုက်စဉ်မှာပဲ တစ်ခုခု ထူးဆန်းနေတာကို ခံစားလိုက်ရပါတယ်။

​'ဘာဖြစ်တာလဲ'

​ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ကိုယ်ထဲကနေ ချက်ချင်းထွက်ခွာပြီး ရွှေအမြုတေအဆင့် ပညာရှင် သုံးယောက်နားကို ရောက်သွားပါတယ်။

အဲဒီသုံးယောက်လုံးရဲ့ မျက်နှာတွေက တည်တင်းနေပြီး ပျော်ပျော်နေတတ်တဲ့ အရှင်ကျားဖြူတောင် ကောင်းကင်ကို လေးလေးနက်နက် ကြည့်နေပါတယ်။

ကောင်းကင်မှာ တစ်ခုခု ထူးထူးခြားခြား ဖြစ်နေပုံရပါတယ်။

​ဖန့်ချန် မော့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ မျက်လုံးအိမ်တွေ ကျုံ့သွားပြီး ဝိညာဉ်တောင် တုန်ခါသွားပါတယ်။

​ဝတ်စုံအမျိုးမျိုး ဝတ်ထားတဲ့ ကျင့်ကြံသူ လေးယောက်ဟာ ကောင်းကင်ယံမှာ ရပ်နေကြပြီး တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာ သွေးနီရောင် ကျောက်စာချပ် တစ်ခုစီ ကိုင်ထားကြပါတယ်။

အဲဒီ ကျောက်စာချပ်တွေဆီကနေ သွေးနီရောင် စွမ်းအားတွေ အဆက်မပြတ် ထွက်ပေါ်လာပြီး မဟာချန်း မြို့တော်တစ်ခုလုံးကို သွေးမြူတွေလို ဖုံးလွှမ်းနေပါတယ်။

​ဒီဖြစ်စဉ်က မြို့ပြင်အထိတောင် လွှမ်းခြုံနေတာပါ။

တကယ်လို့ ဝိညာဉ်နဲ့ ထွက်ကြည့်တာ မဟုတ်ရင် ဒီမြင်ကွင်းကို မြင်နိုင်မှာ မဟုတ်ပါဘူး။

​ဖန့်ချန်ရဲ့ မျက်နှာ တည်တင်းသွားပါတယ်။

'ဝိညာဉ်သွေးဂိုဏ်းကလူတွေလား သူတို့ အစီရင်တစ်ခုကို လုပ်နေကြတာပဲ'

​နောက်တစ်ခဏမှာတော့ ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ကောင်းကင်ကို ဖြတ်ကျော်ပြီး အဲဒီလူ လေးယောက်နားကို တိုက်ရိုက် ရောက်သွားပါတယ်။

​"ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်နေတာ ဝိညာဉ်သုတ်သင်ရေးဌာနက လူတွေကို ဆွဲဆောင်သလို ဖြစ်မနေဘူးလား"

လို့ သူတို့ထဲက တစ်ယောက်က ပြောလိုက်ပါတယ်။

​နောက်တစ်ယောက်က နှာခေါင်းရှုံ့ပြီး

"ဝိညာဉ်သုတ်သင်ရေးဌာနက ဘာမို့လို့လဲ သူတို့ ရောက်လာတဲ့အချိန်မှာ တိမ်မြုပ်နယ်မြေက စစ်မီးတွေနဲ့ လောင်မြိုက်နေပြီ ဖြစ်သလို ငါတို့ရဲ့ သွေးဝိညာဉ်ဆေးလုံး တွေလည်း ဖြစ်တည်ပြီးလောက်ပြီ"

​"ဝိညာဉ်သွေးဂိုဏ်းက အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုး လုပ်တတ်တာ အခု အဆင့် ၅ အင်ပါယာ မြို့တော်တစ်ခုလုံးနဲ့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၃ ယောက်ကိုပါ ဆေးဖော်ဖို့ သုံးတာက နည်းနည်းတော့ မဆင်မခြင်နိုင်လွန်းဘူးလား ဒီသတင်းသာ ပျံ့သွားရင် တခြားနေရာက ငါတို့ ဂိုဏ်းသားတွေပါ အနှိမ်ခံရလိမ့်မယ်"

​"ရွေးချယ်စရာ မရှိဘူး ငါတို့ ခေါင်းဆောင်က ဝိညာဉ်သန္ဓေသားအဆင့်ကနေ ကျော်လွန်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ သူလိုအပ်တဲ့ သွေးဝိညာဉ်ဆေးလုံး ပမာဏက အရမ်းများတယ်"

"အဲဒီ တုန်းဖန်းဟောက်ကျဲကလည်း ထူးဆန်းတဲ့ ကိုယ်ထည်ပိုင်ရှင် ဖြစ်နေလို့ ခွန်လုံ ရဲ့ အဆိပ်နဲ့တောင် မသေတာ"

"ဒီကိစ္စက ခွန်လုံ မှာလည်း တာဝန်ရှိတယ် ခေါင်းဆောင်သာ ဝိညာဉ်သန္ဓေသားအဆင့်ကို ကျော်လွန်သွားရင် သူလည်း အပြစ်ပေးခံရမှာပဲ"

​"ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်သာ အဆင့်တက်သွားရင် ငါတို့ဂိုဏ်းခွဲက အခြေခိုင်သွားမှာဖြစ်သလို ငါတို့လည်း အကျိုးအမြတ် အများကြီး ရမှာပါ"

​ဖန့်ချန်ရဲ့ မျက်နှာက ပိုပြီး လေးနက်သွားပါတယ်။

အဲဒီလူ လေးယောက်ရဲ့ စကားအရ သူတို့ဟာ ဝိညာဉ်သန္ဓေသားအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်အောက်ခံ စစ်သူကြီးတွေ ဖြစ်နေတာပါ။

ပြီးတော့ အဲဒီ ကျင့်ကြံသူက တိမ်မြုပ်နယ်မြေ တစ်ခုလုံးကို ဆေးဖိုအဖြစ် အသုံးချပြီး သိမြင်ခြင်းအဆင့် ကို တက်လှမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတွေ ဖြတ်ပြေးသွားပါတယ်။

အဆင့်တက်ဖို့အတွက် နယ်မြေတစ်ခုလုံးကို ဆေးဖိုအဖြစ် သုံးကြတာလား

​ဒီဝိညာဉ်သွေးဂိုဏ်းက လူတွေဟာ တကယ်ကို ရက်စက်ကြပါတယ်။

သူတပါးအသက်ကို အရေးထားတဲ့သူတွေ မဟုတ်ပါဘူး သူကြားဖူးသမျှ မိစ္ဆာကျင့်ကြံသူတွေထက်တောင် ပိုပြီး ယုတ်မာကြပါတယ်။

​"ခွန်လုံက ဝိညာဉ်သန္ဓေသားအဆင့် အစောပိုင်း ပညာရှင် ၃ ယောက်ကို ယှဉ်နိုင်ပါ့မလား ဝေဟင်ပြေး ကျားဖြူ နဲ့ လုံမု တို့က ရှန်းယွမ်အင်ပါယာရဲ့ ထိပ်တန်း ပညာရှင်တွေလေ သူတို့က ရင်ဆိုင်ရ ခက်လိမ့်မယ်"

​"တကယ်လို့ ခွန်လုံက သူတို့ကို မနှိမ်နင်းနိုင်ရင် မြို့တော်တစ်ခုလုံးကို ပိတ်ထားနိုင်ရင်တောင် ဆေးဖိုအဖြစ် သုံးလို့ရမှာ မဟုတ်ဘူး"

​"ဟုတ်တယ် ဒီကိစ္စက အရမ်းအရေးကြီးတယ် ခွန်လုံက ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ ငါတို့သာ မဟာချန်းကို ဆေးဖော်နိုင်ရင် မနက်ဖြန်မှာ တိမ်မြုပ်နယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ် မဟုတ်ရင်တော့ ငါတို့ ကြိုးစားသမျှ အလကား ဖြစ်ကုန်မှာပဲ"

​"စိတ်ချစမ်းပါ ခွန်လုံက ဝိညာဉ်သန္ဓေသားအဆင့် အစောပိုင်းပဲ ဆိုပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ငါတို့ထဲမှာ ထိပ်ဆုံးပဲ ဒါကြောင့်လည်း ခေါင်းဆောင်က သူ့ကို မျက်စိကျနေတာပေါ့ နောက်ပိုင်းမှာ သူက ငါတို့ရဲ့ ခေါင်းဆောင်တောင် ဖြစ်လာနိုင်တဲ့သူပဲ"

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိတယ်။

ခွန်လုံ စစ်သူကြီးလား

​နောက်တစ်ခဏမှာပဲ သူ့ဝိညာဉ်က ကိုယ်ထဲ ပြန်ဝင်သွားပါတယ်။

သူ အရှင်ဝေဟင်ပြေးတို့ဆီ သွားဖို့ ပြင်လိုက်စဉ်မှာပဲ အနက်ရောင်မြူခိုးတွေက အရှင်ဝေဟင်ပြေးတို့ ပတ်ဝန်းကျင်ကို ချက်ချင်း ဖုံးလွှမ်းသွားတာကို မြင်လိုက်ရပါတယ်။

​"မင်းတို့ ရဲလှချေလား"

​"ဒါကတော့ လွန်သွားပြီ ငါ့ကို ခိုးတိုက်ရဲတယ်ပေါ့"

​"အမိတာဘုရား"

​အရှင်ဝေဟင်ပြေး၊ အရှင်ကျားဖြူ နဲ့ ဆရာကြီးလုံမု တို့ရဲ့ အသံတွေက အနက်ရောင်မြူခိုးထဲကနေ ထွက်ပေါ်လာပါတယ်။

အဲဒီမှာရှိနေတဲ့ ရွှေအမြုတေအဆင့် ပညာရှင်တွေလည်း ဘာဖြစ်နေမှန်း မသိဘဲ တုန်လှုပ်သွားကြပါတယ်။

​နောက်တစ်စက္ကန့်မှာတော့ အော်ဟစ်သံတွေနဲ့အတူ လူသားအရိုးစုတွေ အနက်ရောင်မြူခိုးထဲကနေ လွင့်ထွက်လာပါတယ်။

အဲဒီအရိုးစုတွေမှာ အသားစတစ်စတောင် မကျန်တော့ဘဲ သေဆုံးနေတာ ကြာလှပြီဖြစ်တဲ့ အရိုးစုတွေလို ဖြစ်နေပါတယ်။

ဒါပေမဲ့ တကယ်တမ်းတော့ သူတို့ဟာ ခုနလေးတင် အသက်ရှင်နေကြသူတွေပါ။ ကံဆိုးစွာနဲ့ အနက်ရောင်မြူခိုးထဲမှာ အတူ ပိတ်မိသွားခဲ့ကြတာပါ။

​တုန်းဖန်းဟောက်ကျဲကတော့ နတ်သမီးထျန်းယင်းကို ဆွဲပြီး အနက်ရောင်မြူခိုးထဲကနေ အသည်းအသန် လွတ်အောင် ပြေးလာနိုင်ပါတယ်။

သူက မြေပြင်ပေါ်က အရိုးစုတွေကို ကြည့်ပြီး ရင်ထဲမှာ ထိတ်လန့်သွားမိတယ်။

"တောက် ငါတော့ အထဲမှာ သေတော့မလို့ပဲ"

​ဒီလူတွေ သေသွားတာက အနက်ရောင်မြူကြောင့် မဟုတ်ဘဲ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေရဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲ စွမ်းအားကြောင့် သေကုန်ကြတာပါ။

အဲဒီစွမ်းအားက သာမန်လူတွေကို စက္ကန့်ပိုင်းအတွင်း အသားစတွေဖြစ်အောင် ချေမှုန်းနိုင်ပါတယ်။

​တကယ်လို့ သူ့အဖေ ပေးထားတဲ့ ဝှက်ဖဲတွေသာ မရှိရင် သူနဲ့ နတ်သမီးထျန်းယင်းလည်း အဲဒီမှာတင် အသက်ပျောက်နေလောက်ပါပြီ။

​"ဘာဖြစ်တာလဲ"

လို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က တုန်းဖန်းဟောက်ကျဲကို လှမ်းအော်မေးပါတယ်။

​"မမြင်ဘူးလား ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက်က ခိုးတိုက်ခိုက်တာလေ"

တုန်းဖန်းဟောက်ကျဲက ဒေါသတကြီး ပြန်အော်လိုက်တယ်။

သူဟာ ဝိညာဉ်သွေးဂိုဏ်း ဆိုတဲ့ စကားကိုတော့ ထုတ်မပြောရဲသေးပါဘူး။

ဘာလို့လဲဆိုတော့ သူ့ဘေးနားမှာရှိတဲ့ ရွှေအမြုတေအဆင့် ပညာရှင်တွေထဲမှာ ဘယ်သူက ဝိညာဉ်သွေးဂိုဏ်းကလဲဆိုတာ သူ မသေချာသေးလို့ပဲ ဖြစ်ပါတယ်။

​အခန်း ၄၃၄ - ရူးကုန်ကြပြီ! အားလုံး ရူးကုန်ကြပြီ

​ဖန့်ချန်ဟာ ရှကျီကို သီလရှင်ကျူးယွဲ့တို့အဖွဲ့ကို လိုက်ရှာဖို့ ညွှန်ကြားလိုက်သလို သူကိုယ်တိုင်လည်း ဝိညာဉ်အာရုံကို သုံးပြီး သူတို့ရဲ့ သဲလွန်စကို ရှာဖွေပါတယ်။

​မဟာချန်းမှာ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ သူတို့ မသိတာကြောင့် အားလုံး စုစုစည်းစည်း နေကြတာကသာ အလုံခြုံဆုံး ဖြစ်ပါလိမ့်မယ်။

​ကံကောင်းတာက သီလရှင်ကျူးယွဲ့တို့အဖွဲ့ဟာ အဆင်သင့်ရှိနေကြပြီး အနက်ရောင်မြူခိုးတွေ ပေါ်လာတာနဲ့ ဖန့်ချန်ရှိရာကို ချက်ချင်း ချဉ်းကပ်လာကြပါတယ်။

​ဆဌမမင်းသမီးလေးကတော့ ရှကျီနောက်က လိုက်လာရင်း ထိတ်လန့်တကြား မေးလိုက်တယ်။

"တတိယနောင်တော် ဘာတွေ ဖြစ်နေတာလဲ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက်ကို တိုက်ခိုက်ရဲတဲ့သူ ရှိနေတာလား"

​"မဟာချန်းကတော့ ပရမ်းပတာ ဖြစ်တော့မယ်အဆင်သင့်ပြင်ထား"

လို့ ရှကျီက ပြောလိုက်ပေမဲ့ အသေးစိတ်တော့ ရှင်းမပြပါဘူး သူက သီလရှင်ကျူးယွဲ့တို့ကို တွေ့တာနဲ့ ဖန့်ချန်ရှိရာကို ခေါ်လာပါတယ်။

​"မဟာချန်းက ပရမ်းပတာ ဖြစ်တော့မယ် ဟုတ်လား ဒါဆို ကျွန်မရဲ့ ဆရာကရော"

​ရှကျီက ရှင်းပြလိုက်တယ်။

"မင်းရဲ့ဆရာက စွမ်းအားမြင့်ဗလာကျောင်းတော် မှာဆိုတော့ ဘေးကင်းပါတယ် ငါ့ရဲ့ဆရာကလည်း အထင်သေးလို့ရတဲ့သူ မဟုတ်ဘူးလေ"

​အဲဒီတော့မှ မင်းသမီးလေးရဲ့ မျက်နှာ အနည်းငယ် ပြေလျော့သွားပြီး သက်ပြင်းချနိုင်ပါတော့တယ်။

​"အားလုံးပဲ မပြာကြပါနဲ့"

​မဟာချန်း ဘိုးဘေး ချန်းဝူတိ ရဲ့ အသံဟာ တစ်မြို့လုံးကို ပျံ့နှံ့သွားပါတယ်။

သူဟာ ရှင်းလုံမင်းသမီး နဲ့အတူ ရပ်နေပြီး အနက်ရောင်မြူခိုးကို လေးလေးနက်နက် ကြည့်နေပါတယ်။

​ကံကောင်းတာက အနက်ရောင်မြူခိုးက ထပ်ပြီး ကျယ်ပြန့်မလာတော့ပါဘူး။

အခုချိန်မှာ အဲဒီမြူခိုးတွေက ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေရဲ့ တိုက်ပွဲကွင်းပြင် ဖြစ်သွားပြီး အပြင်ဘက်ကိုတော့ သက်ရောက်မှု မရှိတော့ပါဘူး။

​ဖန့်ဝမ်လီကတော့ ကြောင်တောင်တောင်နဲ့

"ဦးလေး ဘာတွေဖြစ်နေတာလဲ အရှင်ဝေဟင်ပြေးမှာ ရန်သူတွေ ရှိနေတာလား"

​ဖန့်ထင်ကျန်းရဲ့ မျက်နှာက တည်တင်းနေပါတယ်။

"မမေးနဲ့၊ ဘာမှမပြောနဲ့ ကြည့်ပဲကြည့်နေ"

​ထိုစဉ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့ရဲ့ခေါင်းက မြေပေါ်ကျသွားကာ ခန္ဓာကိုယ်လည်း တစစီ ဖြစ်သွားပါတယ်။

​“ဟဲတုန်းကျဲ မင်း ဘာလုပ်နေတာလဲ”

​"ဘာလုပ်နေတာလဲ ဟုတ်လား ဆေးဖော်နေတာပေါ့"

​အဆင့် ၅ အင်ပါယာတစ်ခုက လာတဲ့ ရွှေအမြုတေအဆင့် အလယ်အလတ် ကျင့်ကြံသူ ဟဲတုန်းကျဲ က နှာခေါင်းရှုံ့ပြီး ဘေးနားက ကျင့်ကြံသူတွေကို ထပ်ပြီး တိုက်ခိုက်ပါတယ်။

သူ စတင်လှုပ်ရှားလိုက်တာနဲ့ ဘေးက ရွှေအမြုတေအစောပိုင်း ကျင့်ကြံသူတွေဟာ မခုခံနိုင်ဘဲ အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာတင် နောက်တစ်ယောက် ထပ်သေသွားပါတယ်။

​ဟဲတုန်းကျဲဟာ လူသတ်ပွဲကို စတင်ပေးလိုက်သူပါပဲ။

သူ စတင်လိုက်တာနဲ့ ဘေးနားက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေဟာလည်း တစ်ယောက်ကိုတစ်ယောက် စတင် တိုက်ခိုက်ကြပါတော့တယ်။

​မျက်စိတစ်မှိတ်အတွင်းမှာတင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ သေဆုံးသွားပါတယ်။

​ဒီမြင်ကွင်းကို ကြည့်ပြီး ချီသန့်စင်ခြင်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ ကြောက်လန့်တကြား ကြောင်အမ်းနေကြပါတယ်။

​ဆရာကြီးချန် ပါ တိုက်ခိုက်ခံရတော့မှ သူတို့ဟာ သတိဝင်လာပြီး

"ရူးကုန်ကြပြီ အားလုံး ရူးကုန်ကြပြီ"

လို့ အော်ဟစ်ကာ ထွက်ပြေးကြပါတော့တယ်။

​ချန်းဝူတိ၊ ရှင်းလုံမင်းသမီး၊ ဖန့်ထင်ကျန်း၊ ဖန့်ဝမ်လီ တို့ဟာလည်း စိမ်းသက်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။

တိုက်ခိုက်တဲ့သူတွေက လူစိမ်းတွေ ဖြစ်ပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုတွေက အစွမ်းထက်လှပါတယ်။

သူတို့ထဲမှာ ရွှေအမြုတေအဆင့် အထွတ်အထိပ်တွေတောင် ပါဝင်ပါတယ်။

​"ဦးလေး ဘာတွေ ဖြစ်နေတာလဲ"

ဖန့်ဝမ်လီက တိုက်ခိုက်ရင်း အော်ဟစ်လိုက်ပါတယ်။ သူဟာ မိသားစုက လူငယ်တွေကို ကာကွယ်ရင်း နောက်ဆုတ်နေရပါတယ်။

​"မိသားစုဝင်တွေကို ကာကွယ်ရင်း နောက်ဆုတ်ကြအခြေအနေက ငါတို့အတွက် မကောင်းဘူး"

လို့ ဖန့်ထင်ကျန်းက ပြောလိုက်ပါတယ်။

သူ တစ်မြို့လုံးကို ဝေ့ကြည့်လိုက်တော့ ရင်ထဲမှာ ထိတ်လန့်သွားပါတယ်။

​တိုက်ခိုက်နေတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အရေအတွက်ဟာ ဒီမှာရှိတဲ့ ကျင့်ကြံသူအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ရှိနေတာပါ။

အဲဒီထဲမှာ ရုတ်တရက် ပေါ်လာတဲ့ လူစိမ်းတွေလည်း ပါဝင်ပါတယ်။

ဒီနေ့ ဒီမှာရှိတဲ့လူ အကုန်လုံးကို သတ်ဖြတ်ပြီး မဟာချန်းကို အမြစ်ပြတ်အောင် လုပ်ဖို့ ကြံစည်နေတာကတော့ သေချာနေပါပြီ။

​အချို့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေဟာ ဟင်းလင်းပြင်ကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ ဒီနယ်မြေတစ်ခုလုံးကို အစီရင်နဲ့ ပိတ်ထားတာကို သိလိုက်ရတဲ့အခါမှာတော့ ထိတ်လန့်သွားကြပါတယ်။

​"မဟာချန်းကို အစီရင်နဲ့ ပိတ်လိုက်ပြီတစ်ယောက်ယောက်က ငါတို့အားလုံးကို သတ်ဖြတ်ချင်နေတာ"

​ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ဟင်းလင်းပြင်မှာ ရပ်နေပါတယ်။

အခုချိန်ထိ သူဟာ သဲလွန်စ ပေါ်လာသမျှ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူအားလုံးကို မှတ်သားဖို့ ကြိုးစားနေပါတယ်။

​ကျန်းရွှမ် ကတော့ တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်နေပြီး သူ့ရဲ့တပည့် ဆွေ့ဟွမ်နျန့်တို့ကလည်း ကူညီနေကြပါတယ်။

ဒါကြောင့် သူက ဝိညာဉ်သွေးဂိုဏ်းသား မဟုတ်တာ သေချာပါတယ်။

​မဟာဝေဘက်မှာတော့ အရှင်ထျန်းဝူဟာ ယဲ့ထျန်းယွမ်နဲ့ ပေါင်းပြီး ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နေပါတယ်။

​ယဲ့ထျန်းယွမ်က သူ့ရဲ့တကယ့် လက္ခဏာကို မဖော်ပြသေးဘူး အရှင်ထျန်းဝူတော့ အန္တရာယ်ရှိနေပြီ

​မဟာချန်းဘက်က ရွှေအမြုတေအဆင့်တွေလည်း တစ်ယောက် နဲ့တစ်ယောက် ပြန်တိုက်နေကြပြီဆိုတော့ သူတို့ထဲမှာလည်း ဝိညာဉ်သွေးဂိုဏ်းသားတွေ ပါဝင်နေတာ သိသာပါတယ်။

​ပုံမှန်အချိန်မှာ အေးအေးဆေးဆေးနေတတ်တဲ့ ရွှေအမြုတေအဆင့်တွေဟာ တခြားသူတွေကို ရူးသွပ်စွာ လိုက်သတ်နေကြပါတယ်။

သူတို့အားလုံးဟာ ချွင်းချက်မရှိ ဝိညာဉ်သွေးဂိုဏ်းသားတွေပါပဲ။

​ရှကျီရဲ့ အသံက ထွက်ပေါ်လာပါတယ်။

"ကောင်းပြီ လူတွေလည်း စုံသလောက်ရှိပြီ အခု ငါတို့ ဘယ်သွားကြမလဲ"

​ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ကိုယ်ထဲ ပြန်ဝင်သွားပါတယ်။

ဖန့်ကျွယ်နဲ့ တခြားလူတွေကတော့ ကြောက်လန့်တကြား ဖြစ်နေကြပြီး ဖန့်ချန်ရဲ့ အဆုံးအဖြတ်ကို စောင့်နေကြပါတယ်။

ဒီအခြေအနေမှာ ဖန့်ချန်က သူတို့ရဲ့ ခေါင်းဆောင် ဖြစ်သွားပါပြီ။

​"ဒါက ရွှေအမြုတေနဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေရဲ့ စစ်မြေပြင်ပဲ ဘယ်သွားသွား ဒီနေရာကနေ အရင်ဆုံး လွတ်အောင် ပြေးရမယ်"

လို့ ဖန့်ချန်က လေးနက်စွာ ပြောလိုက်ပါတယ်။

​သူ့ရဲ့ ကိုယ်ပိုင်ခြံဝင်းမှာတော့ စိမ်းလဲ့ကောင်းကင် တောင်စောင့်အစီရင် ကို သူ တပ်ဆင်ထားပြီးသားပါ။

အရင်က ဒီနေရာမှာ သူလုပ်ခဲ့တဲ့ အစီရင်ကိုတော့ လူတွေ မြင်သွားမှာစိုးလို့ သူ ဖယ်ရှားထားခဲ့ပါတယ်။

​"ကျွန်မရဲ့ မိဘတွေရော"

ဖန့်ယွင်က လူအုပ်ထဲမှာ သူမရဲ့ မိဘတွေကို စိုးရိမ်တကြီး ရှာနေပါတယ်။

​"စိတ်မပူနဲ့ မင်းရဲ့ဖခင်က အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုတော့ မင်းအမေကို ဘေးကင်းအောင် ခေါ်သွားနိုင်ပါတယ် အခုတော့ မင်းကိုယ်မင်း အရင်ဂရုစိုက် ဖန့်ကျွယ် သူမကို ခေါ်ပြီး အမြန်သွားတော့"

လို့ ဖန့်ချန်က အမိန့်ပေးလိုက်ပါတယ်။

​“ဟုတ်ကဲ့”

​အားလုံးဟာ ဖန့်မိသားစုခြံဝင်းရှိရာကို အပြေးအလွှား သွားကြပါတယ်။

ကံကောင်းတာက ဝိညာဉ်သွေးဂိုဏ်းကလူတွေက အဓိက တိုက်ပွဲကွင်းပြင်မှာပဲ အာရုံရောက်နေကြလို့ လမ်းမှာ ဘာအတားအဆီးမှ မတွေ့ခဲ့ပါဘူး။

​လမ်းမှာ ဖန့်ချန်ဟာ နတ်သမီးယွီ နဲ့ အမျိုးသမီး ဓားကျင့်ကြံသူကို မြင်လိုက်ပေမဲ့ ဂရုမစိုက်နိုင်ခဲ့ပါဘူး။

အဲဒီ အမျိုးသမီး ဓားကျင့်ကြံသူရဲ့ နားမှာရှိနေတာက နတ်သမီးယွီအတွက် အလုံခြုံဆုံးပါပဲ။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် မလာသရွေ့တော့ ဘယ်သူက ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူကို ယှဉ်နိုင်မှာလဲ

​ထိုစဉ် ထုံပိုင်ကျိုးက ဖန့်ချန်တို့ ထွက်ခွာသွားတာကို ကြည့်ပြီး တွေးတောနေပါတယ်။

သူက သူ့ဖခင် ထုံဟုကို လှည့်ကြည့်ပြီး ပြုံးလိုက်တယ်။

"အဖေ သူတို့ ဆုတ်ခွာသွားပြီ ကျွန်တော်တို့ သူတို့နောက်ကို လိုက်သွားကြမလား"

​ထုံဟုက ခေါင်းညိတ်လိုက်တယ်။

"အင်း..."

​"အဖေ အဲဒီ နဂါးရိုးကောင်းကင်မီးအိမ်ကိုတော့ ငါတို့ ရအောင် ယူရမယ် အဲဒါက တန်ဖိုးကြီး ရတနာပဲ ဖန့်ချန်ကိုတော့ နောင်ရေးအတွက် အမြစ်ဖြတ်ရမယ် ဒါမှလည်း ကျွယ်ဝူတိရဲ့ စီနီယာ ရောက်လာတဲ့အခါ ငါတို့မှာ ရှင်းပြစရာ ရှိမှာ"

လို့ ထုံပိုင်ကျိုးက ဝိညာဉ်အာရုံနဲ့ သတင်းပို့လိုက်ပါတယ်။

​"ဘာလို့လဲ မသိဘူး ဖန့်ချန်ကို ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ သူ ဝိညာဉ်သွေးဂိုဏ်းအကြောင်း သိနေတာများလား"

ထုံပိုင်ကျိုးက ဆက်မေးပါတယ်။

​ထုံဟုရဲ့ မျက်နှာမှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာတယ်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့က သူ့အတွက် သေနေ့ပဲ"

​သူက အနက်ရောင်မြူခိုးဘက်ကို လှည့်ကြည့်လိုက်ပြီး ရိုသေတဲ့ အမူအရာနဲ့

"ခွန်လုံ စစ်သူကြီးက လှုပ်ရှားလိုက်ပြီဆိုတော့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် သုံးယောက်လုံးကို ထိန်းထားနိုင်လိမ့်မယ် သူတို့ ခဏလောက်တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

သူ ခဏနားပြီး ဆက်ပြောတယ်။

"ပြီးတော့ ငါတို့လူတွေ အားလုံးလည်း လှုပ်ရှားကုန်ပြီ မကြာခင်မှာ ဒီက ကျင့်ကြံသူတွေရော သာမန်လူတွေပါ အကုန်လုံး သွေးဝိညာဉ်ဆေးလုံး အဖြစ် ဖော်စပ်ခြင်း ခံရတော့မှာ"

​“ဒီနေ့ကစပြီး တိမ်မြုပ်နယ်မြေကတော့ အေးချမ်းမှာ မဟုတ်တော့ဘူး”

​ထုံပိုင်ကျိုးက ထူးဆန်းစွာ ပြုံးလိုက်တယ်။

“ကောင်းတာပေါ့ ငါလည်း မဟာချန်းမှာ နေရတာ ငြီးငွေ့နေပြီ တိမ်မြုပ်နယ်မြေကြီး တစ်ခုလုံး ဆေးဖို ဖြစ်သွားရင် အဖေလည်း အကျိုးအမြတ် အများကြီး ရမှာပဲ မလား ကျွန်တော့်ရဲ့ ကျင့်ကြံမှုလည်း အများကြီး တိုးတက်လာမှာပဲ”

​လမ်းတစ်ဝက်မှာတော့ သူတို့ဟာ တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးနဲ့ ယွီယွဲ့ဖန်တို့ကို တွေ့လိုက်ရပါတယ်။

​“ကျွယ်ဝူတိက ငါ့ရဲ့ တတိယမြောက် ဂျူနီယာညီလေးပဲ”

လို့ တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးက ပြောလိုက်တာနဲ့ သူတို့ရဲ့ တကယ့် လက္ခဏာကို အတည်ပြုလိုက်သလိုပါပဲ။

​“မင်းကိုယ်တိုင်ပဲ လက်စားချေဖို့ စီစဉ်ထားတာလား”

လို့ ထုံဟုက သတိထားပြီး မေးလိုက်ပါတယ်။

​တစ်ဖက်လူက ကျွယ်ဝူတိရဲ့ စီနီယာအစ်ကိုဆိုတော့ ဝိညာဉ်သွေးဂိုဏ်းထဲမှာ ရာထူးကြီးသူ ဖြစ်ရပါမယ်။

ခွန်လုံ စစ်သူကြီးနဲ့တောင် ယှဉ်နိုင်လောက်ပါတယ်။

​တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးက ခေါင်းညိတ်လိုက်တယ်။

“ဟုတ်တယ် ငါကိုယ်တိုင်ပဲ သူ့ခေါင်းကို ဖြတ်ပြီး ငါ့ရဲ့ စီနီယာအစ်ကိုကြီးဆီကို လက်ဆောင်အဖြစ် သွားပေးမယ်”

​ယွီယွဲ့ဖန်ကတော့ ကြောင်တောင်တောင်နဲ့ ဘာတွေဖြစ်နေမှန်း လုံးဝ နားမလည်နိုင် ဖြစ်နေပါတော့တယ်။

All Chapters