အခန်း (၄၃၅-၄၃၆)
Vol. 44 Ch. 435-436
အခန်း ၄၃၅ - မင်းအဖေ သေသွားပြီ
ယွီယွဲ့ဖန်ဟာ လူအုပ်နောက်ကနေ ဖန့်မိသားစုခြံဝင်းဆီကို လိုက်ပါလာရင်း ပိုပြီးတော့ စိုးရိမ်ပူပန်လာပါတယ်။
လမ်းမှာ သူ မြင်နေရတာက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ ထုံဟုကို မြင်တာနဲ့ အရိုအသေပေး နှုတ်ဆက်ကြပြီးတာနဲ့ ဘေးနားက တခြားကျင့်ကြံသူတွေကို ချက်ချင်းပဲ အသက်ထွက်အောင် သတ်ဖြတ်နေကြတာကိုပါ။
ကုန်သွယ်ရေးပွဲက စတင်ခဲ့တဲ့ ပရမ်းပတာ အခြေအနေဟာ စက္ကူပေါ်မှာ မှင်စက်ပျံ့နှံ့သွားသလိုပဲ မြို့တော်တစ်ခုလုံးကို ကူးစက်နေပါပြီ။
"ဘိုးဘေး ဘာတွေ ဖြစ်နေတာလဲဟင်"
ယွီယွဲ့ဖန်က မနေနိုင်ဘဲ မေးလိုက်မိတယ်။
တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးက သူ့ကို တစ်ချက်ကြည့်ပြီး အေးဆေးစွာပဲ ပြောလိုက်ပါတယ်။
"လိုက်ရုံသာလိုက်ခဲ့စမ်းပါ မင်းက ပါရမီရှိတဲ့သူတစ်ယောက်ပဲ ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့"
ထုံပိုင်ကျိုးကတော့ သာသာယာယာ ပြုံးနေပါတယ်။
"ညီလေး မင်း အခုထိ နားမလည်သေးဘူး ထင်တယ် ဒါပေမဲ့ မင်း ဒီလူ နောက်ကို လိုက်နိုင်တယ်ဆိုကတည်းက နောင်ကျရင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြမှာပါ"
"ဒီနေ့ပြီးသွားရင် မင်း အကုန်လုံးကို နားလည်သွားလိမ့်မယ် အခု မင်းရထားတဲ့ အခွင့်အရေးအတွက် မင်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိလိမ့်မယ်"
"ဗျာ..."
ယွီယွဲ့ဖန် ကြောင်သွားပါတယ်။
ဒါပေမဲ့ သူ ဝေဝေဝါးဝါး ခံစားမိတာကတော့ သူတို့ရဲ့ ဘိုးဘေးဟာ အင်အားစုတစ်ခုခုထဲကို ဝင်လိုက်ပြီ ဆိုတာပါပဲ။
အဲဒီအင်အားစုက မဟာချန်းကို တိုက်ခိုက်ပြီး မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြံစည်နေတာ ဖြစ်ရပါမယ်။
ယွီယွဲ့ဖန်ဟာ ရုတ်တရက် စိတ်အေးသွားသလို ခံစားလိုက်ရပြီး တစ်ခုခုကို တွေးမိသွားတယ်။
'တကယ်လို့ ဒါက အမှန်ဆိုရင် ဒါကလည်း အခွင့်အရေးတစ်ခုပဲပေါ့'
မကြာခင်မှာပဲ သူတို့အားလုံး ဖန့်မိသားစုရဲ့ ခြံဝင်းတံခါးရှေ့ကို ရောက်လာကြပါတယ်။
ကုန်သွယ်ရေးပွဲကြောင့် ဖန့်မိသားစု ကျင့်ကြံသူ အများစုက အမဲလိုက်ကွင်းပြင်ကို ရောက်နေကြတာပါ။
"အဖေ ကျွန်တော် ဖန့်ချန်ကို ခေါ်ထုတ်လိုက်မယ်"
လို့ ထုံပိုင်ကျိုးက ပြောပါတယ်။ ထုံဟုကလည်း ခေါင်းညိတ်လိုက်တယ်။
ထုံပိုင်ကျိုးက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အကျယ်ကြီး အော်လိုက်ပါတယ်။
"ဖန့်ချန် မင်းတို့မိသားစုရဲ့ ဘိုးဘေးတွေက မင်းကို အမြန်လာကူဖို့ အမိန့်ပေးလိုက်တယ် ဒီနေ့ မဟာချန်းမှာ တိုက်ပွဲကြီး ဖြစ်တော့မယ်"
သီးသန့်အိမ်တော်အတွင်းမှာတော့
တာအိုဆရာယာဟာ ထိတ်လန့်တကြား ဖြစ်နေပါတယ်။
"သခင်လေးဖန့် ဘာတွေ ဖြစ်ကုန်တာလဲ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
"မဟာချန်းမှာ မနေပါနဲ့လို့ ငါ ပြောသားပဲ မင်းတို့က နားမထောင်ကြဘူးလေ"
လို့ ဖန့်ချန်က ခေါင်းယမ်းပြီး ပြောလိုက်ပါတယ်။
ဖန့်ချန်ရဲ့ မျက်နှာဟာ အမဲလိုက်ကွင်းပြင်ရှိရာကို ကြည့်ရင်း လေးနက်သွားပါတယ်။
ခွန်လုံ စစ်သူကြီးက လှုပ်ရှားလိုက်ပြီဖြစ်သလို ဝိညာဉ်သွေးဂိုဏ်းက ရွှေအမြုတေအဆင့် ပညာရှင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေပါပြီ။
သူတို့ရဲ့ ပစ်မှတ်က မဟာချန်း တစ်ခုလုံးဆိုရင် ရွှေအမြုတေအဆင့်တွေတင် မကဘူး။
အခုချိန်မှာ ရောက်နေတဲ့ အခြေခံတည်ဆောက်ခြင်းနဲ့ ချီသန့်စင်ခြင်းအဆင့်တွေထဲမှာလည်း ဝိညာဉ်သွေးဂိုဏ်းသားတွေ ပါနေမှာပဲ။
အရှင်ဝေဟင်ပြေး ကြည့်ရတာတော့ လူအင်အား အတော်လေး လိုအပ်နေပုံပဲ
အရှင်ဝေဟင်ပြေး အနက်ရောင်မြူထဲမှာ ပိတ်မိသွားတဲ့အချိန် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အချို့ဟာ ချက်ချင်း သတိကြီးကြီး ထားလိုက်တာကို ဖန့်ချန် သတိပြုမိပါတယ်။
သူတို့က သူမရဲ့ လက်အောက်ခံတွေ ဖြစ်မှာပါ။
ဒါပေမဲ့ ဝိညာဉ်သုတ်သင်ရေးဌာနက လူတွေ ဟုတ်မဟုတ်တော့ မသေချာပါဘူး။
သူမမှာ လူအင်အား မလုံလောက်တာ သိသာသလို၊ ဝိညာဉ်သွေးဂိုဏ်းက ဒီလောက်အထိ ရက်စက်မယ်လို့ သူမ ထင်မထားခဲ့တာ သေချာပါတယ်။
သူတို့က မဟာချန်းကို ဆေးဖိုအဖြစ် သုံးပြီး တိမ်မြုပ်နယ်မြေ တစ်ခုလုံးကို ပရမ်းပတာ ဖြစ်အောင် လုပ်ချင်နေကြတာပါ။
ဖန့်ယွင်က တစ်ခုခုကို သတိပြုမိသွားပြီး
"ဖန့်ချန် နင် ဘာတွေဖြစ်နေလဲဆိုတာ သိနေတာလား"
လို့ မေးလိုက်ပါတယ်။ ဖန့်ချန် ခုနက ပြောလိုက်တဲ့ စကားက တစ်ခုခု မှားနေသလိုပဲလေ။
အားလုံးရဲ့ အကြည့်တွေက ဖန့်ချန်ဆီကို တစ်ပြိုင်နက် ကျရောက်သွားပါတယ်။
ထိုစဉ်မှာပဲ ထုံပိုင်ကျိုးရဲ့ အသံက ဟိန်းထွက်လာပါတယ်။
"ဖန့်ချန် မင်းတို့မိသားစုရဲ့ ဘိုးဘေးတွေက မင်းကို အမြန်လာကူဖို့ အမိန့်ပေးလိုက်တယ် ဒီနေ့ မဟာချန်းမှာ တိုက်ပွဲကြီး ဖြစ်တော့မယ်"
"ဒီမှာတင် ပုန်းနေလို့လည်း မထူးတော့ဘူး ငါတို့ တတ်နိုင်တာ လုပ်ရမှာပဲ"
လို့ ဖန့်ချန်က သက်ပြင်းချရင်း ပြောလိုက်တယ်။
"ဘာဖြစ်နေတာလဲ သိချင်ရင် ငါနဲ့အတူ ထုံပိုင်ကျိုးကို သွားတွေ့ရအောင်"
ဖန့်ကျွယ်နဲ့ ဖန့်ရှုတို့က အံ့သြသွားပါတယ်။
"ထုံပိုင်ကျိုးလား ဒါက သူနဲ့ ဘာဆိုင်လို့လဲ"
"မင်းတို့နှစ်ယောက်က ကျင့်ကြံမှု နိမ့်တယ် ငါ့နားကပ်နေကြ"
လို့ သီလရှင်ကျူးယွဲ့က သူမရဲ့ တပည့်နှစ်ယောက်ကို သတင်းပို့လိုက်ပြီး ဖန့်ချန်နောက်ကနေ လိုက်လာပါတယ်။
ဖန့်မိသားစုထဲမှာတော့ တပည့်အများအပြားဟာ ခေါင်းမပါတဲ့ ယင်ကောင်တွေလို ဟိုပြေးဒီပြေး ဖြစ်နေကြပါတယ်။
ဒါပေမဲ့ ဖန့်ချန်ကို မြင်လိုက်တာနဲ့ ခေါင်းဆောင်တစ်ယောက်ကို တွေ့လိုက်ရသလိုပဲ သူ့နောက်ကနေ ငြိမ်ငြိမ်လေး လိုက်လာကြပါတယ်။
သူတို့တွေဟာ ကြောက်လည်းကြောက်သလို မျက်နှာလည်း ပျက်နေကြပါတယ်။
ဖန့်မိသားစုဝင်တွေအနေနဲ့ ဒီလို အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးပါဘူး။
ဝိညာဉ်သန္ဓေသားအဆင့်တွေ တိုက်တာ ထားပါဦး ရွှေအမြုတေအဆင့် ဘိုးဘေးတွေတောင် ရူးသွပ်နေသလို တစ်ယောက်ကိုတစ်ယောက် ပြန်သတ်နေကြတာလေ။
မကြာခင်မှာပဲ သူတို့ဟာ ဖန့်မိသားစုခြံဝင်းရဲ့ အဝင်ဝကို ရောက်လာကြပါတယ်။
အဲဒီမှာ ဖန့်မုရှန်းက ဖန့်လင်ရှင်း၊ ဖန့်ရှန်းတို့နဲ့အတူ ထုံဟုကို စိုးရိမ်တကြီး စကားပြောနေတာကို တွေ့လိုက်ရပါတယ်။
ဖန့်လင်ရှင်းကတော့ ကြောင်အမ်းနေတုန်းပါပဲ။
ဆရာကြီးချန် တောင် ရွှေအမြုတေအဆင့် အများကြီးရဲ့ ဝိုင်းတိုက်တာ ခံနေရတာကို သူမ မြင်ခဲ့ရတယ်လေ။
သူတို့တွေ ရူးကုန်ကြပြီလား ဆရာကြီးချန်က တိမ်မြုပ်နယ်မြေမှာ နာမည်ကြီးတဲ့ အဆောင်ဆရာဆိုတာ သူတို့ မသိကြဘူးလား သူက ရွှေအမြုတေအဆင့်ပဲ ဆိုပေမဲ့ သူ့ရဲ့ ပညာရပ်က ဝိညာဉ်သန္ဓေသားအဆင့်တွေထက်တောင် သာသေးတာလေ။
"စိတ်မပူပါနဲ့ အဲဒီ ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်နဲ့ ရွှေအမြုတေအဆင့်တွေက ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ ကုန်သွယ်ရေးပွဲကို နှောင့်ယှက်ပြီး ကျင့်ကြံရေးပစ္စည်းတွေကို လုချင်တဲ့ လူအုပ်စုတချို့ပဲ ဖြစ်မှာပါ"
လို့ ထုံဟုက အေးအေးဆေးဆေး ပြောနေပါတယ်။
ဖန့်မိုရှန်းက စိုးရိမ်တကြီး တောင်းပန်နေပါတယ်။
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးနှစ်ယောက်လုံးက ဝိုင်းတိုက်ခံနေရတာပါ စီနီယာထုံ ကျေးဇူးပြုပြီး ကူညီပေးပါဦး"
"အဖေ ဖန့်ချန် ရောက်လာပြီ"
ဖန့်မိုရှန်းက ဖန့်ချန်ကို မြင်တာနဲ့ အရင်ဆုံး ဟောက်လိုက်ပါတယ်။
"မင်း ဒီကို ဘာလာလုပ်တာလဲ အထဲပြန်ဝင်ပြီး ငြိမ်ငြိမ်နေစမ်း အပြင်မှာ ဘယ်လောက် ပရမ်းပတာ ဖြစ်နေလဲ ကြည့်ဦး မင်းကိုယ်တိုင် ထွက်လာတာတင် မကဘူး ဖန့်မိသားစု တပည့်တွေကိုပါ ခေါ်ထုတ်လာရသလား"
ဖန့်ချန်က သူ့ကို လျစ်လျူရှုပြီး ထုံပိုင်ကျိုးဘက် လှည့်လိုက်တယ်။
"ငါ့ဘိုးဘေးက ငါ့ကို လာကူခိုင်းတယ်လို့ မင်း ခုနက ပြောလိုက်တာလား"
ထုံပိုင်ကျိုးက ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။
"ဟုတ်တယ်"
သူတို့ပတ်ပတ်လည်မှာတော့ စိမ်းသက်တဲ့ ချီသန့်စင်ခြင်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ပေါ်လာနေပါပြီ။
ဖန့်မိုရှန်း အံ့သြသွားတယ်။
"ငါ့ဘိုးဘေးက သူ့ကို အကူအညီတောင်းတယ် ဟုတ်လား"
ဒါက လုံးဝ မဖြစ်နိုင်တာပါ။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဲဒီလို အဆင့်မြင့် တိုက်ပွဲကြီးမှာ ဘာကူညီနိုင်မှာလဲ
ဖန့်ချန်က အသာအယာ မေးလိုက်တယ်။
"ငါ ထူးဆန်းနေတာ တစ်ခုရှိတယ် မင်းက ဘာလို့ ငါ့ဆီကို သီးသန့် လာတာလဲ မဟာချန်းက ဒီလောက် ပရမ်းပတာ ဖြစ်နေတာတောင် မင်းက မင်းလုပ်သင့်တာ မလုပ်ဘဲ ငါ့ဆီကို ဘာလာလုပ်တာလဲ"
"ဘာမှ မထူးဆန်းပါဘူး ငါက ငါ့ရဲ့ တတိယဂျူနီယာညီလေးအတွက် လက်စားလာချေတာပါ"
လို့ တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးက ပြောလိုက်ပါတယ်။
"လက်စားချေမယ် ဘာလက်စားချေမှာလဲ"
ဖန့်မိုရှန်းက တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးကို ကြည့်ပြီး ဒေါသထွက်သွားပါတယ်။
"စီနီယာထုံဟု ဒီလူက ဘယ်သူလဲ ဘာလို့ ငါ့မိသားစုဆီမှာ လက်စားလာချေတာလဲ"
ဖန့်ချန်က ရုတ်တရက် ခပ်တိုးတိုး ရယ်လိုက်ပါတယ်။
"မင်းက တောင်ပိုင်းကောင်းကင်ဂိုဏ်းမှာပဲ ငြိမ်ငြိမ်လေး နေသင့်တာပါ အခုတော့ အဝေးကြီးကနေ အသေခံဖို့ လာခဲ့တာပဲ"
တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးဟာ နေရာတင် ကြောင်သွားပြီး ဖန့်ချန်ကို တစ်ခုခု ခံစားမိသလိုမျိုး သေချာ ကြည့်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ဓားအလင်းတန်းတစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပါတယ်။
ဗျစ်...
ထုံဟုရဲ့ ခန္ဓာကိုယ်ဟာ နှစ်ခြမ်းကွဲပြီး မြေပေါ်ကျသွားပါတယ်။
သူ့ရဲ့ ပျက်စီးသွားတဲ့ ရွှေအမြုတေ ဟာလည်း ကိုယ်ထဲကနေ ထွက်ကျလာပါတယ်။
အားလုံးဟာ ဖန့်ချန်နဲ့ သူ့လက်ထဲက ဓားကို ကြည့်ပြီး ကြောင်အမ်းသွားကြပါတော့တယ်။
ဘာကြီးလဲဟ
ဖန့်ချန်က ဖန့်ချန်က ရွှေအမြုတေအဆင့် ပညာရှင်တစ်ယောက်ကို ဘယ်လိုလုပ် သတ်လိုက်တာလဲတစ်ချက်တည်းနဲ့ သတ်လိုက်တာလား
ထုံပိုင်ကျိုးရဲ့ မျက်နှာက အပြုံးဟာ အေးခဲသွားပါတယ်။
တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးလည်း နေရာမှာတင် ကြောင်အမ်းနေမိတယ်။
ဖန့်မိုရှန်းက မယုံနိုင်ဘဲ စိုက်ကြည့်နေသလို၊ ဖန့်လင်ရှင်းကတော့ ပါးစပ်ကို လက်နဲ့အုပ်ပြီး မျက်လုံးတွေ ပြူးနေပါတယ်။
ဖန့်ရှန်းကတော့ လန့်ဖြန့်ပြီး ထွက်ပြေးဖို့တောင် ပြင်နေပါပြီ။
ဖန့်ကျွယ်နဲ့ တခြားလူတွေကတော့ သူတို့ အိပ်မက်မက်နေတယ်လို့တောင် ထင်နေကြပါတယ်။
"သခင်လေးဖန့်က ရွှေအမြုတေအဆင့်ကိုတောင် အေးအေးဆေးဆေး သတ်နိုင်နေပြီပဲ"
သီလရှင်ကျူးယွဲ့က တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
ဖန့်ချင်းယောင်နဲ့ သီလရှင်ချင်းဟယ်တို့လည်း ကြောင်အမ်းနေသလို၊ ဆဌမမင်းသမီးလေးကတော့ စကားတစ်လုံးမှ မပြောနိုင်တော့ပါဘူး။
ဘာတွေ ဖြစ်ကုန်တာလဲ
"ထုံပိုင်ကျိုး မင်းအဖေတော့ သေသွားပြီ မင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြဖို့ အစီအစဉ် ရှိသေးလား"
လို့ ဖန့်ချန်က အသာအယာ ပြုံးရင်း မေးလိုက်ပါတယ်။
အခန်း ၄၃၆ - မင်း ဘယ်လိုလုပ် သိတာလဲ
ဖန့်ချန် ဓားဆွဲထုတ်လိုက်တဲ့အချိန်မှာ ကုန်သွယ်ရေးပွဲက အမျိုးသမီးဓားကျင့်ကြံသူဟာ ချက်ချင်း အာရုံခံမိသွားပါတယ်။
နတ်သမီးယွီဟာလည်း ဖန့်မိသားစုခြံဝင်းရှိရာဘက်ကို လှည့်ကြည့်လိုက်မိတယ်။
"ငါ ဓားရဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ် ဂျူနီယာညီမ"
လို့ အမျိုးသမီးဓားကျင့်ကြံသူက အေးစက်စွာ ပြောလိုက်တယ်။
နတ်သမီးယွီရဲ့ မျက်ဝန်းတွေက လှုပ်ခတ်သွားပြီး ခပ်တိုးတိုး ပြန်ပြောပါတယ်။
"စီနီယာအစ်မ ဓားကိစ္စကို ခဏထားလိုက်ပါဦး အခု ဒီလူတွေက ငါတို့အားလုံးကို သတ်ဖို့ ကြိုးစားနေတာ သူတို့ကို အရင် ရှင်းရအောင်"
အမျိုးသမီးဓားကျင့်ကြံသူဟာ ကောင်းကင်ကို ကြည့်လိုက်တော့ ဒီနေရာတစ်ခုလုံးကို အစီရင်နဲ့ ပိတ်ထားတာကို သိလိုက်ရပါတယ်။
ရုတ်တရက် ပေါ်လာတဲ့ ကျင့်ကြံသူအုပ်စုဟာ မဟာချန်းတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ရည်ရွယ်ထားပုံရပါတယ်။
ခုနလေးတင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က သူတို့ကို တိုက်ခိုက်ခဲ့ပေမဲ့ အမျိုးသမီးဓားကျင့်ကြံသူက ချက်ချင်း နှိမ်နင်းလိုက်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီနောက်မှာ ရွှေအမြုတေအလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ယောက်က သူမကို ဝိုင်းတိုက်ကြပြန်ပါတယ်။
သူမအနေနဲ့ သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေမဲ့ စွမ်းအားတွေ အကုန်အမြန်ကုန်သွားမှာကိုတော့ စိုးရိမ်နေပါတယ်။
တကယ်လို့ သူတို့က သူမကို စွမ်းအားကုန်အောင် လုပ်နိုင်သွားရင်တော့ သေဖို့ပဲ ရှိပါတော့တယ်။
"စီနီယာအစ်မ ဒီလူတွေ ဘယ်ကလာလဲဆိုတာ အရေးမကြီးဘူး ငါတို့ မဟာချန်းကို ကူညီရမယ်သူတို့ကို ကူညီတာက ငါတို့ကိုယ်ငါတို့ ကူညီတာပဲတကယ်လို့ ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်သာ ရှုံးသွားရင် ငါတို့လည်း သေမှာပဲ"
လို့ နတ်သမီးယွီက အရေးတကြီး ပြောလိုက်ပါတယ်။
"မှန်တယ်"
အမျိုးသမီးဓားကျင့်ကြံသူရဲ့ မျက်စိအိမ်တွေ ကျုံ့သွားပါတယ်။
သူမက ရွှေအမြုတေအဆင့်တွေကို မကြောက်ပေမဲ့ ထူးဆန်းတဲ့ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ကိုတော့ ကြောက်ပါတယ်။
သူက ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ကို အနက်ရောင်မြူထဲမှာ အလွယ်တကူ ပိတ်လှောင်ထားနိုင်တာကြောင့် သူမအနေနဲ့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
သူမရဲ့ တိုက်ခိုက်ရေးစွမ်းအားက ပြင်းထန်ပေမဲ့ အရာအားလုံးကို အနိုင်ယူနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
သူမရဲ့ ရွှေအမြုတေအစောပိုင်းအဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ရွှေအမြုတေအထွတ်အထိပ်အဆင့်ကို အနိုင်နိုင်ပဲ ယှဉ်နိုင်မှာပါ။
အမျိုးသမီးဓားကျင့်ကြံသူက ဆုံးဖြတ်ချက်ချလိုက်ပြီး အဝေးက ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ကို ဓားနဲ့ လှမ်းခုတ်လိုက်ပါတယ်။
"အခြေအနေကို အရင်ရှင်းရအောင် ဓားအရှိန်အဝါ ဘယ်ကလာလဲဆိုတာ နောက်မှ ရှာမယ်"
"ဒီမှာ ဓားကျင့်ကြံသူ ရှိနေတယ် အကုန်လုံး ဝိုင်းသတ်ကြစမ်း"
လို့ ဒဏ်ရာရသွားတဲ့ ရွှေအမြုတေကျင့်ကြံသူက အော်ဟစ်လိုက်ပါတယ်။
သူတို့ဟာ ဓားကျင့်ကြံသူရဲ့ နောက်ခံကိုတောင် လုံးဝ မကြောက်ကြပါဘူး။
ဒီအော်ဟစ်သံကို ကြားတာနဲ့ အမျိုးသမီးဓားကျင့်ကြံသူဟာ သူမ ရင်ဆိုင်နေရတဲ့သူတွေက သူတို့ရဲ့ ရည်ရွယ်ချက်အတွက် အသက်ကိုတောင် စတေးရဲတဲ့ ရူးသွပ်သူတွေဆိုတာ နားလည်သွားပါတော့တယ်။
ထုံပိုင်ကျိုးဟာ ကြောင်အမ်းနေပါတယ်။ သူက ထုံဟုရဲ့ အလောင်းကို ကြည့်ပြီး
"အဖေ သေသွားပြီ"
လို့ တိုးတိုးလေး ရေရွတ်နေမိတယ်။
ဖန့်ချန်က ပြုံးလိုက်တယ်။
"ဟုတ်တယ် မင်းအဖေ သေသွားပြီ မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ"
ဖန့်မိုရှန်းကတော့ မယုံနိုင်ဘဲ ဖန့်ချန်ကို မော့ကြည့်နေပါတယ်။ သူ့ရဲ့ ရင်ဘတ်တွေလည်း နိမ့်ချည်မြင့်ချည်နဲ့ တုန်လှုပ်နေပါတယ်။
'ဒီကောင်လေးက ရွှေအမြုတေအဆင့်တွေကို သတ်နိုင်တဲ့ စွမ်းအားရှိနေတာလား အရင်က ကျွယ်ဝူတိနဲ့ တိုက်တုန်းက သူက ဟန်ဆောင်နေခဲ့တာလား'
ဖန့်မိုရှန်းဟာ ဖန့်လင်ရှင်းကို သူ့နောက်မှာ ကွယ်ထားလိုက်ပါတယ်။
ဖန့်လင်ရှင်းနဲ့ ဖန့်ချန်က အဆင်မပြေကြတာ သူ သိနေတယ်လေ။
"သူက တကယ်ပဲ ဘယ်သူလဲ ဘယ်လို ကျင့်ကြံမှုအဆင့်ရှိတာလဲ"
"ဘာလို့လဲ ဘာလို့ ငါ့အဖေကို သတ်လိုက်တာလဲ"
ထုံပိုင်ကျိုးက ဖန့်ချန်ကို ကြည့်ပြီး မေးလိုက်တယ်။
သူ့ရဲ့ မျက်လုံးတွေ နီမြန်းပြီး မျက်ရည်တွေ ဝဲနေပေမဲ့ မျက်နှာမှာတော့ မလျှော့ပေးချင်တဲ့ အပြုံးတုတစ်ခု ပေါ်နေပါတယ်။
"ဘာလို့လဲဆိုတော့ မင်းတို့ ဝိညာဉ်သွေးဂိုဏ်းက အမှိုက်တွေက သေသင့်လို့ပဲ"
လို့ ဖန့်ချန်က အသာအယာ ပြန်ဖြေလိုက်တယ်။
'ဝိညာဉ်သွေးဂိုဏ်း'
ဖန့်မိသားစု တပည့်တွေရော၊ တာအိုဆရာယာတို့ အဖွဲ့ပါ ဒီစကားလုံး ၃ လုံးကို ကြားလိုက်ရတဲ့အခါ ကျောချမ်းသွားကြပါတယ်။
အခုမှ သူတို့ အကုန်လုံး နားလည်သွားကြတာပါ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ရူးကုန်ကြတာ မဟုတ်ပါဘူး၊ သူတို့က ဝိညာဉ်သွေးဂိုဏ်းကလူတွေ ဖြစ်နေတာပါ
"မင်း ဘယ်လိုလုပ် သိတာလဲ ဘာလို့လဲ"
ထုံပိုင်ကျိုးက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။
"ငါ့ကို ဘာမှမသိဘဲ အသေမခံခိုင်းပါနဲ့ ပြောပြပါ ကျေးဇူးပြုပြီး"
"ဟုတ်တယ်၊ ပြောပြလိုက်စမ်း"
လို့ ဖန့်ရှန်းကလည်း အလျင်စလို ဝင်တိုက်တွန်းပါတယ်။
ထုံပိုင်ကျိုးကတော့ သေဖို့ သေချာနေပါပြီ၊ ဒါပေမဲ့ သူ အလကားတော့ အသေမခံချင်ပါဘူး။
သူ ဘာမှ သံသယဖြစ်စရာ မလုပ်ခဲ့ဘူးလို့ ယုံကြည်နေတာပါ။
တကယ်လို့ ဖန့်ချန် ဘယ်လိုသိသွားလဲဆိုတာ သူ သိသွားရင် ဒါက ဂိုဏ်းအတွက် အကြီးမားဆုံး အကျိုးကျေးဇူး ဖြစ်လာမှာပါ။
"ငါ ပြောပြမှာ မဟုတ်ဘူး သေပြီးမှပဲ ဟိုဘက်ရောက်ရင် လိုက်မေးကြည့်လိုက်တော့"
လို့ ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
ရွှေရောင်ဓားဦးချပ်တစ်ခု ကောင်းကင်ကနေ ကျဆင်းလာပြီး ထုံပိုင်ကျိုးကို အသားစတွေ ဖြစ်သွားအောင် သတ်ပစ်လိုက်ပါတယ်။
ရွှေဝတ်စုံဝတ် စစ်သည်တော် ရုတ်တရက် ပေါ်လာတာကို ကြည့်ပြီး အားလုံးဟာ အံ့သြတုန်လှုပ် သွားကြပါတယ်။
"ပြေး"
တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးဟာ ဆက်မနေရဲတော့ပါဘူး။
ဖန့်ချန်က သူ တောင်ပိုင်းကောင်းကင်ဂိုဏ်းကဆိုတာကို သိနေတာကတင် ပြဿနာ အကြီးကြီး ဖြစ်နေပါပြီ
ကံဆိုးစွာနဲ့ သူ လှည့်ပြေးဖို့ ပြင်လိုက်တာနဲ့ ဓားအလင်းတန်းတစ်ခုက ထပ်ပြီး ထွက်ပေါ်လာပါတယ်။
တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးဟာ ဖန့်ချန်ဘက်ကို လေးလေးနက်နက် လှည့်ကြည့်လိုက်တယ်။
"မင်းက တကယ်ပဲ ဘယ်သူလဲ"
"ဘိုးဘေး... ခန္ဓာကိုယ်ကြီးက..."
ယွီယွဲ့ဖန်က ကြောက်လန့်တကြား အော်လိုက်တယ်။
ဘိုးဘေးက ဖန့်ချန်ကို လှည့်ကြည့်နေပေမဲ့ သူ့ရဲ့ အောက်ပိုင်းကတော့ သူ ထွက်ပြေးမယ့်ဘက်ကိုပဲ မျက်နှာမူနေဆဲပါ။
သူ့ရဲ့ ခါးပတ်လည်မှာ သွေးစင်းကြောင်းတစ်ခု ထင်ကျန်နေပါပြီ။
ဖန့်ချန်က ပြန်မဖြေပါဘူး။
ရွှေဝတ်စုံဝတ် စစ်သည်တော်က ဘိုးဘေးကို အချက်အနည်းငယ်အတွင်းမှာတင် အပြတ်ရှင်းလိုက်ပါတယ်။
"ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော် ဘာမှ မသိပါဘူး ကျွန်တော် ဝိညာဉ်သွေးဂိုဏ်းထဲ မဝင်ရသေးပါဘူး"
ယွီယွဲ့ဖန်က အသက်ဘေးကနေ အသနားခံနေပေမဲ့ စစ်သည်တော်ရဲ့ ဓားချက်က သူ့ကို နေရာတင် သတ်ပစ်လိုက်ပါတယ်။
သူ့ရဲ့ ဘိုးဘေးက သူ့ကို အသေခံဖို့အထိ ဒီအဝေးကြီး ခေါ်လာလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ပါဘူး။
ဖန့်မိုရှန်းက မြေပေါ်က အလောင်းတွေကို ကြည့်ပြီး အလျင်အမြန် မေးလိုက်ပါတယ်။
"ဖ-ဖန့်ချန် သူတို့က တကယ်ပဲ ဝိညာဉ်သွေးဂိုဏ်းကလား ဒီနေ့ ဖြစ်ပျက်နေတာတွေ အားလုံးက ဝိညာဉ်သွေးဂိုဏ်းက မဟာချန်းကို ပစ်မှတ်ထားလို့ပေါ့ ဟုတ်လား "
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ်တယ် ဝိညာဉ်သွေးဂိုဏ်းက မဟာချန်းကို အသုံးချပြီး တိမ်မြုပ်နယ်မြေတစ်ခုလုံးကို ဆေးဖိုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတာ သက်ရှိအားလုံးကို သွေးဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ ကုန်ကြမ်းတွေအဖြစ် သုံးမှာ"
ဖန့်မိုရှန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒေါသတကြီး အော်လိုက်တယ်။
"အဲဒီ အရူးတွေ"
ဖန့်ရှန်းကတော့ မနေနိုင်ဘဲ မေးလိုက်ပြန်တယ်။
"ဒါတွေ အကုန်လုံးကို မင်း ဘယ်လိုလုပ် သိနေတာလဲ"
ဖန့်ချန်က ဖန့်ရှန်းကို အသာအယာ ပြုံးပြလိုက်တယ်။
"မင်းကို ငါ ဘာလို့ ပြောပြရမှာလဲ မင်းလည်း သူတို့ရဲ့ လက်ပါးစေတစ်ယောက်ပဲ မဟုတ်လား"
ဖန့်ကျွယ်နဲ့ တခြားလူတွေ ဆွံ့အသွားပါတယ်။
"ဘာ သူကလည်း ဝိညာဉ်သွေးဂိုဏ်းကလား"
ဖန့်မိုရှန်းက ဖန့်ရှန်းဘက်ကို လှည့်ကြည့်လိုက်ပြီး ဖန့်လင်ရှင်းကို ဆွဲကာ ချက်ချင်း အဝေးကို ဆုတ်လိုက်ပါတယ်။
ဖန့်ရှန်းက အတင်းပြုံးပြီး ပြောပါတယ်။
"မင်း ဘာတွေ ပြောနေတာလဲ ငါက ဘယ်လိုလုပ် ဝိညာဉ်သွေးဂိုဏ်းက ဖြစ်ရမှာလဲ ငါက ဖန့်မိသားစုရဲ့ ဒုတိယသား ဖန့်ရှန်းလေ"
ဖန့်ချန်က ပြုံးလိုက်တယ်။
"ကျွယ်ဝူတိက ဝိညာဉ်သွေးဂိုဏ်းသားပဲ မင်းလည်း အတူတူပဲ ကျောက်စိမ်းမြစ်ခန်းမမှာ မင်းနဲ့ ထုံပိုင်ကျိုးတို့ ပြောခဲ့တဲ့ စကားတွေကို ငါ မှတ်မိသေးတယ် မင်းကိုယ်မင်း အဆုံးစီရင်မလား ဒါမှမဟုတ် ငါကပဲ လိုက်ပို့ပေးရမလား"
ဖန့်ရှန်းဟာ ရုတ်တရက် ထိတ်လန့်သွားပါတယ်။
"မ မင်း ဘယ်လိုလုပ်..."
သူ ဘယ်လိုလုပ် သိနေတာလဲ ဒါဆို သူက အစကတည်းက အကုန်သိနေပြီး ငါကပဲ လူပြိန်းလို လုပ်နေခဲ့တာလား
ဗျစ်
ဖန့်ရှန်း ဘာမှ မစဉ်းစားနိုင်ခင်မှာပဲ သူ့ရဲ့ နဖူးဆီကနေ အေးစက်မှုကို ခံစားလိုက်ရပြီး ဓား တစ်လက်က သူ့ခေါင်းကို ဖောက်ထွက်သွားပါတယ်။
အေးစက်တဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေတဲ့ လူတစ်ယောက်ကို သူ မြင်လိုက်ရတယ်။
ဖန့်ရှန်းက ခါးသီးစွာ ရယ်လိုက်ပြီး သူ့ရဲ့ နောက်ဆုံးစကားကို ပြောသွားပါတယ်။
"မင်းတို့ အားလုံး ငါ့နောက်ကို လိုက်လာရမှာပါ တိမ်မြုပ်နယ်မြေကတော့ ပရမ်းပတာ ဖြစ်တော့မှာပဲ"
ဖန့်ရှန်း သေသွားပါပြီ။
သူ့ရဲ့ နောက်ဆုံးစကားတွေက သူဟာ ဝိညာဉ်သွေးဂိုဏ်းဝင်ဆိုတာကို သက်သေပြဖို့ လုံလောက်ပါတယ်။
ဖန့်ကျွယ်တို့ အဖွဲ့ကတော့ အရာအားလုံးက မယုံနိုင်စရာ ဖြစ်နေပါတယ်။
သူတို့ကြားဖူးတဲ့ ဝိညာဉ်သွေးဂိုဏ်းက သူတို့ရဲ့ ဘေးနားတင် ရှိနေခဲ့တာလေ
"သူက ဘာလို့ အဲဒီဂိုဏ်းထဲ ဝင်သွားတာလဲ"
လို့ ဖန့်မိသားစု တပည့်တစ်ယောက်က တိုးတိုးလေး ရေရွတ်ပါတယ်။
ဖန့်ချန်က အေးစက်စွာ ဖြေလိုက်တယ်။
"ဘာလို့လဲဆိုတော့ ဝိညာဉ်သွေးဂိုဏ်းက လူတွေရဲ့ စိတ်နှလုံးကို ကစားရာမှာ ကျွမ်းကျင်လို့ပဲ မသေမျိုးဖြစ်အောင် ကျင့်ကြံနေပေမဲ့ စိတ်ဓာတ်မခိုင်မာရင်တော့ ဒါတွေက အလကားပဲ"
အဲဒီနောက် သူက ရှကျီနဲ့ တခြားလူတွေကို ကြည့်လိုက်ပါတယ်။
"ဝိညာဉ်သွေးဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်နဲ့ ရွှေအမြုတေအဆင့်တွေကိုတင် မကဘူး"
" သူတို့က သက်ရှိအားလုံးကို ဆေးလုံးဖော်ချင်နေတာ မင်းတို့ ဆန္ဒရှိရင် ဘယ်လို ကျင့်ကြံမှုအဆင့်ပဲရှိရှိ အခု ဒီတိုက်ပွဲမှာ ပါဝင်ကူညီနိုင်တယ်"
အားလုံးရဲ့ ရင်ထဲမှာ လေးလံသွားပြီး သူတို့ရဲ့ မျက်နှာတွေမှာ မကြုံစဖူး လေးနက်တဲ့ အမူအရာတွေ ပေါ်လာပါတော့တယ်။
ဒီနေ့ကတော့ သွေးချောင်းစီးမယ့် တိုက်ပွဲကြီး ဖြစ်လာတော့မှာပါပဲ