အခန်း (၄၃၉-၄၄၀)
Vol. 44 Ch. 439-440
အခန်း ၄၃၉ - နတ်မီးအိမ်၏ စွမ်းပကား
အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူးလား
ချန်းဝူတိရဲ့ စကားတွေနဲ့ သူ့ရဲ့ သစ္စာဖောက်မှုဟာ ရှိနေတဲ့ ကျင့်ကြံသူအားလုံးကို တိတ်ဆိတ်သွားစေပါတယ်။
ဝိညာဉ်သွေးဂိုဏ်းရဲ့ ကြောက်မက်ဖွယ်ရာ သတင်းတွေနဲ့ အခုကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် လူတိုင်းဟာ တဖြည်းဖြည်း ကြောက်ရွံ့လာကြပါတယ်။
သူတို့ဘက်မှာရှိတဲ့ တစ်ဦးတည်းသော ရွှေအမြုတေအဆင့် ပညာရှင် ဖန့်ထင်ကျန့်ကလည်း ဒဏ်ရာပြင်းထန်နေပါပြီ။
ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၃ ယောက်ကလည်း အနက်ရောင်မြူတွေကြားထဲမှာ ပိတ်မိနေပြီး အခြေအနေကို မသိရသေးပါဘူး။
မဟာချန်း အင်ပါယာဟာ ဘယ်လောက်အထိ တောင့်ခံနိုင်ပါဦးမလဲ
"ဦးလေးကျွန်မ ဝိညာဉ်သွေးဂိုဏ်းထဲ မဝင်နိုင်ဘူး"
ရှင်းလုံမင်းသမီးက မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတွေနဲ့ ခပ်တိုးတိုး ပြောလိုက်ပါတယ်
"ဒါကို သေချာစဉ်းစားစေချင်ပါတယ် ဒီနေ့ရဲ့ ကံကြမ္မာအကျိုးပေး ထဲမှာသာ ဦးလေး ပါဝင်ပတ်သက်သွားရင် နောင်တစ်ချိန် မသေမျိုးဖြစ်ဖို့ လမ်းကြောင်းမှာ ခက်ခဲပါလိမ့်မယ်"
ချန်းဝူတိက နှာခေါင်းရှုံ့လိုက်ရင်း
"အသက်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကံကြမ္မာအကျိုးပေးက ဘာအရေးလဲ နောက်ပြီး ဝိညာဉ်သွေးဂိုဏ်းက ကံကြမ္မာကို အကြောက်ဆုံး မဟုတ်ဘူး"
"ကောင်းကင်က ငါတို့ကို ငြင်းပယ်ရင် ငါတို့ကပဲ ကောင်းကင်အသစ် ဖြစ်လာမှာပေါ့ သွေးဝိညာဉ်ဆေးလုံး က ဘယ်လို အတားအဆီးကိုမဆို ဖောက်ထွက်နိုင်တယ် မင်းကတော့ မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို လက်လွှတ်လိုက်ပြီပဲ"
ပြောပြောဆိုဆိုနဲ့ သူက လက်ကို ဝေ့ယမ်းလိုက်ရာ စိမ်းဖန့်ဖန့် ဓားအရှိန်အဝါတစ်ခုဟာ ဖန့်ထင်ကျန့်ဆီကို တန်းတန်းမတ်မတ် ပြေးဝင်သွားပါတယ်။
ဖန့်ဝမ်လီတို့က ကူညီချင်ပေမဲ့ သူတို့ကြားမှာ အကွာအဝေးတစ်ခု ရှိနေသလို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်စုကလည်း သူတို့ကို အနီးကပ် စောင့်ကြည့်နေတာကြောင့် တစ်ချက်လေး အမှားခံတာနဲ့ အသက်ပျောက်သွားနိုင်ပါတယ်။
ဓားချက်က ဖန့်ထင်ကျန့်ကို ထိတော့မယ့်အချိန်မှာပဲ ဖန့်ချန်ရဲ့ ကိုယ်ထဲကနေ စိမ်းရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပါတယ်။
ဓားဟာ စိမ်းရောင်အလင်းနဲ့ ထိတွေ့သွားပြီး တစ်လက်မတောင် ရှေ့မတိုးနိုင်ဘဲ တန့်သွားပါတော့တယ်။
အားလုံး အံ့သြသွားကြပါတယ်။
ဒါ ဘယ်သူလဲ ချန်းဝူတိရဲ့ ဓားကို တားနိုင်တယ် ဟုတ်လား ချန်းဝူတိက ရွှေအမြုတေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေ
အားလုံး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ နတ်နဂါးအရိုးမီးအိမ် ကို ကိုင်ထားပြီး ဖန့်ထင်ကျန့်ဘေးကို အေးအေးဆေးဆေး လျှောက်လာနေတဲ့ ဖန့်ချန်ကို မြင်လိုက်ရပါတယ်။
အဲဒီ စိမ်းရောင်အလင်းဟာ သူ့လက်ထဲက ရှေးဟောင်းမီးအိမ်ကနေ ထွက်ပေါ်လာတာပါ။
စကြဝဠာမှန်ချပ် ကတော့ ကြွားလုံးထုတ်ခဲ့တာ မဟုတ်ပါဘူး။
နတ်နဂါးအရိုးမီးအိမ်ဟာ တကယ်ကို အသုံးဝင်လှပါတယ်။
ဖန့်ချန်အတွက်တော့ ဒါဟာ ဝိညာဉ်စွမ်းအင် အများကြီး ကုန်ဆုံးတာမျိုး မရှိဘဲ အလွယ်တကူ အသက်သွင်းနိုင်ပါတယ်။
တစ်ခုတည်းသော ဆုံးရှုံးမှုကတော့ မီးအိမ်အမြုတေထဲက ဆီ ပါပဲ
ဖန့်ဝမ်လီ ကြောင်အမ်းသွားပါတယ်။
"ဒါ ဖန့်ချန် မဟုတ်လား"
ဒါ ကျွယ်ဝူတိရဲ့ မီးအိမ် မဟုတ်လား ဖန့်ချန်လက်ထဲမှာ ဘာလို့ ဒီလောက် စွမ်းနေရတာလဲ
ဖန့်ထင်ကျန့်က ဖန့်ချန်ကို လှည့်ကြည့်ပြီး ခပ်တင်းတင်း ပြောလိုက်ပါတယ်။
"မင်း ဒီကို ဘာလို့ လာတာလဲ အမြန်ထွက်သွားပြီး အသက်ရှင်အောင် ကြိုးစားစမ်း"
ဖန့်ချန်က အသာအယာ ပြုံးလိုက်ပြီး
"ဘိုးဘေး ဒီနေ့ ငါတို့အားလုံးက ကြိုးတစ်ချောင်းတည်းမှာ ချည်ထားတဲ့ နှံကောင်တွေလိုပဲ ဘိုးဘေး မရှင်ရင် ငါတို့လည်း မရှင်နိုင်ဘူး"
နောက်ထပ် ရွှေအမြုတေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က မကျေမနပ် နှာခေါင်းရှုံ့လိုက်ပါတယ်။
"ချန်းဝူတိ မင်း သူ့ကို လက်လျှော့ပေးလိုက်တာလား"
အဲဒီကျင့်ကြံသူက လက်ကို ဝေ့ယမ်းလိုက်ရာ ဓာတ်ကြီးငါးပါး စွမ်းအင်တွေဟာ တောရိုင်းသားရဲတွေနဲ့ လက်နက်တွေအဖြစ် ပြောင်းလဲသွားပြီး စိမ်းရောင်အလင်းကို အပြင်းအထန် တိုက်ခိုက်ပါတော့တယ်။
ဒါပေမဲ့ သူ့ရဲ့ နည်းလမ်းတွေက စိမ်းရောင်အလင်းကို အစင်းကြောင်းလေးတောင် မထင်စေနိုင်ပါဘူး။
ထိုပညာရှင်မှာ အံ့သြသွားပြီး သူ၏ မျက်ဝန်းများတွင် လောဘအရိပ်အယောင်များ ပေါ်လာသည်။
"ဒါ ဘယ်လို ရတနာမျိုးလဲ ချီသန့်စင်ခြင်းအဆင့်လောက်က ငါတို့ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ခုခံနိုင်ရတာလဲ"
"မင်း ဖန့်ထင်ကျန့်ကို တစ်သက်လုံး ကာကွယ်မပေးနိုင်ပါဘူး"
ချန်းဝူတိက ဖန့်ချန်ကို သေချာစိုက်ကြည့်လိုက်ပါတယ်။
"သတ်ကြစမ်း ဒီမှာရှိတဲ့ ရွှေအမြုတေအဆင့်တွေကို အကုန်သတ်ပစ် ဒါဆိုရင် အခြေအနေက ငါတို့လက်ထဲ ရောက်ပြီ"
ဖန့်ချန်က အသံလှိုင်းနဲ့ သတင်းပို့လိုက်ပါတယ်။
"ဘိုးဘေးဝမ်လီ မင်းတို့လူတွေကို ခေါ်ပြီး ဒီဘက်လာခဲ့"
ဖန့်ဝမ်လီ မျက်လုံးတွေ တောက်ပသွားပြီး ဖန့်အောက်တို့အဖွဲ့ကို ဦးဆောင်ကာ ဖန့်ချန်ဆီကို ပြေးလာပါတယ်။
ရွှေအမြုတေအဆင့်အချို့က တားဆီးဖို့ ကြိုးစားပေမဲ့ ဖန့်ဝမ်လီက ဒဏ်ရာအပြင်းအထန်ရမယ့် ဘေးကို ဂရုမစိုက်ဘဲ ဖန့်ချန်ဘေးကို အရောက်သွားနိုင်ခဲ့ပါတယ်။
"တော်သေးတာပေါ့"
ဖန့်ဝမ်လီ သက်ပြင်းချလိုက်ပါတယ်။
သူက ဘူးသီးခြောက်ထဲက အရက်ကို သောက်လိုက်ပြီး အပြင်က ရွှေအမြုတေအဆင့်တွေဆီကို မှုတ်ထုတ်လိုက်ပါတယ်။
အရက်တွေဟာ ထောင်ပေါင်းများစွာသော အရက်ဓားတွေအဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးလို မြန်ဆန်စွာ ပျံထွက်သွားပါတယ်။
ရန်သူတွေဟာ မမျှော်လင့်ဘဲ တိုက်ခိုက်ခံရတာကြောင့် ပျာယာခတ်သွားကြပါတယ်။
သူတို့က ပြန်တိုက်ပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက နတ်နဂါးအရိုးမီးအိမ်ရဲ့ အလင်းတန်းမှာပဲ တန့်သွားပါတယ်။
ဖန့်ဝမ်လီက ရုတ်တရက် တစ်နေရာကို ကြည့်လိုက်ပြီး
"မကောင်းတော့ဘူး... အရှင်ထျန်းဝူ အန္တရာယ်ရှိနေပြီ"
ဖန့်ချန် စိတ်ကို အာရုံစိုက်လိုက်တာနဲ့ မီးအိမ်ရဲ့ စိမ်းရောင်အလင်းဟာ အရပ်မျက်နှာအနှံ့ကို ပြန့်ကားသွားပြီး အမဲလိုက်ကွင်းပြင်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို လွှမ်းခြုံလိုက်ပါတယ်။
နျဲ့ထျန်းယွမ်ရဲ့ လက်ချက်နဲ့ သေလုနီးပါး ဖြစ်နေတဲ့ အရှင်ထျန်းဝူလည်း အလင်းထဲမှာ ပါသွားပါတယ်။
ဖန့်ချန်က အသာအယာ ပြောလိုက်ပါတယ်။
"အားလုံးပဲ ဒီဘက်ကို လာခဲ့ကြပါ"
ဒါပေမဲ့ ဖန့်ချန်ဟာ ဒီအခြေအနေကို အကြာကြီး မထိန်းထားနိုင်ပါဘူး။
မီးအိမ်အလင်း ပြန့်ကားလေလေ ဆီကုန်တာ မြန်လေလေဆိုတာ သူ သိနေပါတယ်။
ကံကောင်းတာက တုန်းဖန်းဟောက်ကျဲဟာ မသေသေးဘဲ မီးအိမ်ရဲ့ အကာအကွယ်အတွင်းထဲကို ရောက်လာပါတယ်။
ချန်းဝူတိတို့အဖွဲ့ဟာ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
ခဏအတွင်းမှာပဲ သေလုနီးပါး ဖြစ်နေတဲ့ ကျင့်ကြံသူတွေဟာ မီးအိမ်ရဲ့ အကာအကွယ်အောက်ကို ရောက်ကုန်ပါတယ်။
နောက်ဆုံးမှာတော့ ဖန့်ချန်ဟာ မီးအိမ်ရဲ့ အကာအကွယ်ကို အချင်း ၁၀ မီတာ ပတ်လည်လောက်အထိပဲ လျှော့ချလိုက်ပါတယ်။
ဒါက လူထောင်ပေါင်းများစွာအတွက် မကျပ်မညပ်ဘဲ နေလို့ရမယ့် အနေအထားပါ။ လူအချင်းချင်း ကြားထဲမှာလည်း အကွာအဝေးတစ်ခု ထားစေပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ကြားထဲမှာ ဝိညာဉ်သွေးဂိုဏ်းသားတွေ ပုန်းနေဦးမလားဆိုတာ မသေချာလို့ပါ။ ချန်းဝူတိတို့ကို အပြင်မှာ ထားနိုင်ရင်တော့ အဆင်ပြေပါတယ်။
တုန်းဖန်းဟောက်ကျဲက နတ်သမီးထျန်းယွမ်ကို ဖန့်ချန်နား ဆွဲခေါ်လာပြီး
"လမ်းဖယ်ပေးကြပါဦး"
လို့ ပြောလိုက်ပါတယ်။
ဖန့်ချန်နား ရောက်လာတော့ သူ သက်ပြင်းချရင်း
"ခုနက ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ငါနဲ့ နတ်သမီးထျန်းယွမ်တို့ အခြေအနေ တကယ် ဆိုးနေတာ"
နတ်သမီးထျန်းယွမ်ကတော့ ဘာမှ မပြောနိုင်ပါဘူး။
သူမ စိတ်ထဲမှာ အရှင်ဝေဟင်ပြေး အတွက် အရမ်း စိုးရိမ်နေပါတယ်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး ဒီမီးအိမ်ဆီက အကြာကြီး မခံဘူး နောက်ကျရင် ခင်ဗျားကိုပဲ အားကိုးရတော့မယ်"
လို့ ဖန့်ချန်က အသံလှိုင်းနဲ့ သတင်းပို့လိုက်ပါတယ်။
တုန်းဖန်းဟောက်ကျဲ က အံ့သြတုန်လှုပ်စွာနဲ့ ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။
"ဘာ ဒါ မင်းလား"
တုန်းဖန်းဟောက်ကျဲက လူပုံအလယ်မှာ အော်ပြောရလောက်အောင် မမိုက်မဲပါဘူး။
သူက အသံလှိုင်းနဲ့ပဲ ပြန်မေးပါတယ်။
"ဒီမီးအိမ်က ငါ့ရဲ့ သွေးအဆီအနှစ်ယကို ဆီအဖြစ် သုံးနေတာလား"
"ဟုတ်တယ် ဒါပေမဲ့ ဒီအတိုင်းဆိုရင် နောက်ထပ် ၂ နာရီကနေ ၄ နာရီလောက်ပဲ ခံတော့မယ်"
တကယ်လို့ လူ ၃ ယောက် ၅ ယောက်လောက်ပဲ ကာကွယ်မယ်ဆိုရင် တစ်နေ့နဲ့ တစ်ည ခံပေမဲ့ အခုလို အကာအကွယ်နယ်မြေ ကျယ်လာတာကြောင့် ဆီကုန်တာ အရမ်းမြန်နေပါတယ်။
တုန်းဖန်းဟောက်ကျဲရဲ့ နှုတ်ခမ်းတွေ ဖြူလျော့သွားပါတယ်။
"၂ နာရီကနေ ၄ နာရီ တောက် မင်း ငါ့ဆီက သွေးအဆီအနှစ် အစက် ၂၀ တောင် ယူထားပြီးပြီလေ ငါ့မှာ ညှစ်ထုတ်စရာ သိပ်မကျန်တော့ဘူး"
ဖန့်ချန်က
"ဘယ်လောက် ညှစ်နိုင်သေးလဲ ရသလောက် ညှစ်ထား ဒီမှာ အသေခံချင်လို့လား ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက် လာကူနိုင်တဲ့အထိ တောင့်ခံထားရမယ်"
တုန်းဖန်းဟောက်ကျဲ သွားကြိတ်လိုက်ပါတယ်။
"အများဆုံး ၁၀ စက်ပဲ ရတော့မယ် အဲဒီထက် ပိုရင်တော့ ငါ့ရဲ့ သက်တမ်းပါ ထိခိုက်ကုန်လိမ့်မယ်"
၁၀ စက်လား
ဖန့်ချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပါတယ်။ ဘာမှမရှိတာထက်စာရင်တော့ တော်ပါသေးတယ်။
အနည်းဆုံးတော့ အချိန်အနည်းငယ် ပိုဆွဲထားနိုင်တာပေါ့။ နောက်ပြီး အခြေအနေက ပြန်လှည့်လို့ ရနိုင်ပါသေးတယ်။
ဖန့်ထင်ကျန့် ဒဏ်ရာရနေပေမဲ့ တခြား ရွှေအမြုတေအဆင့်တွေလည်း သိပ်တော့ အခြေအနေ မကောင်းကြပါဘူး။
ဒါပေမဲ့ အဲဒီ အမျိုးသမီး ဓားကျင့်ကြံသူကတော့ ဘာဒဏ်ရာမှ မရသေးပါဘူး။
တကယ်လို့ သူတို့အားလုံး ပူးပေါင်းရင် ရွှေအမြုတေ အထွတ်အထိပ်အဆင့် တစ်ယောက်ကို အနိုင်ယူနိုင်ကောင်းပါရဲ့။
အခုဆိုရင် သူမနဲ့ နတ်သမီးယွီတို့လည်း မီးအိမ်ရဲ့ အကာအကွယ်ထဲမှာ ရှိနေပြီး ဖန့်ချန်ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။
"ဖန့်ထင်ကျန့် မင်းဒဏ်ရာ ဘယ်လိုလဲ မင်းတပည့်ရဲ့ မီးအိမ်က အကြာကြီး ခံမှာ မဟုတ်ဘူး မင်းသာ မလှုပ်ရှားနိုင်ရင် ငါတို့ ဒီမှာတင် အသေခံရတော့မှာပဲ"
လို့ ကျန်းရွှမ်က မျက်နှာပျက်ပျက်နဲ့ မေးလိုက်ပါတယ်။
အားလုံးရဲ့ အကြည့်တွေက ဖန့်ထင်ကျန့်ဆီ ရောက်သွားပါတယ်။
ဒါပေမဲ့ သူ ဘာမှမပြောရသေးခင်မှာပဲ အပြင်က ချန်းဝူတိက လှောင်ရယ်လိုက်ပါတယ်။
"သူ့ဒဏ်ရာက အခုချက်ချင်း ပျောက်မှာ မဟုတ်ဘူးသေဖို့ စောင့်နေမယ့်အစား ထွက်လာပြီး ငါတို့နဲ့ တိုက်ကြပါလား အဲဒါမှ အသက်ရှင်ဖို့ အခွင့်အရေး ရှိဦးမယ်"
အခန်း ၄၄၀ - ငါ့အတွက် ခုခံပေးစမ်း
ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အပြင်ထွက်တာက သေတွင်းကို သွားတာနဲ့ အတူတူပဲ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၃ ယောက် အခြေအနေကောင်းလာမယ့်အချိန်ကို စောင့်တာက ပိုကောင်းလိမ့်မယ်"
" အချိန်ပိုရှိရင် ခွန်အားပြန်ပြည့်အောင်ပဲ အာရုံစိုက်ထားကြပါ ဒီ ဝိညာဉ်သွေးဂိုဏ်း အမှိုက်တွေရဲ့ စကားကို နားထောင်နေစရာ မလိုဘူး"
ချန်းဝူတိ၏ စကားကြောင့် တုန်လှုပ်နေသော ကျင့်ကြံသူများသည် မျက်လုံးများမှိတ်ကာ ခွန်အားပြန်လည်ရရှိရန် တရားမှတ်ခြင်းကို စတင်လိုက်ကြသည်။
ကျန်းရွှမ်၏ မျက်နှာမှာ လေးနက်သွားသည်။
'ဒီလူငယ်က စစ်သေနာပတိကောင်း တစ်ယောက်ဖြစ်မယ့် အရည်အချင်း ရှိတာပဲ'
ရတနာတစ်ခုကို အားကိုးနေရသည်ဆိုသော်လည်း ထိုကဲ့သို့ အခြေအနေမျိုးတွင် လူတိုင်းကို ကယ်တင်နိုင်ခြင်း စကားပြောဆိုပုံနှင့် အမူအရာမှာလည်း ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်လွန်းခြင်းတို့မှာ ချီးကျူးစရာပင်။
ဖန့်ထင်ကျန့်နှင့် သူ၏ မျိုးဆက်များသည် အဘယ်ကြောင့် ဤမျှ အရည်အချင်းရှိနေကြသနည်း
ဖန့်ချန်က သူ့ကို အမှိုက်ဟု ခေါ်လိုက်သော်လည်း ချန်းဝူတိ၏ မျက်နှာမှာ မပြောင်းလဲပေ။
သူက အေးဆေးစွာပင်
"ခွန်လုံစစ်သူကြီးက ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ကို ရှင်းလင်းပြီးတဲ့အထိ ငါတို့က မဟာချန်းကို ဆေးလုံးမဖော်ရသေးဘူးဆိုရင် သူ စိတ်ဆိုးလိမ့်မယ် ထင်တယ်"
"တိုက်ကြစမ်း ဒီမီးအိမ်ကို ဖျက်ဆီးပြီး ကျင့်ကြံသူတွေကို သတ်ပစ် ဒါဆိုရင် မဟာချန်း အင်ပါယာထဲမှာ ငါတို့ကို တားနိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး"
နောက်တစ်စက္ကန့်တွင် ချန်းဝူတိနှင့် အခြား ရွှေအမြုတေအဆင့် ပညာရှင် နှစ်ဦးတို့ တိုက်ခိုက်လိုက်ကြသည်။
သူတို့သာမက အခြေခံတည်ဆောက်ခြင်းနှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကလည်း နတ်နဂါးအရိုးမီးအိမ်ကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် အစွမ်းထက်လှသော နတ်နဂါးအရိုးမီးအိမ်ပင်လျှင် အနည်းငယ် တုန်ခါလာပြီး ၎င်း၏ စိမ်းရောင်အလင်းမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
မီးအိမ်ဆီ ကုန်ဆုံးမှုမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာပြန်သည်
အတွင်းရှိလူများ၏ မျက်ဝန်းတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ နတ်နဂါးအရိုးမီးအိမ်က ဘယ်လောက်အထိ တောင့်ခံနိုင်မည်နည်း
ဖန့်ချန်က ထပ်မံ ပြောလိုက်သည်။
"အားလုံးပဲ ခွန်အားကို အမြန်ဆုံး ပြန်ဖြည့်ထားပါသူတို့ စွမ်းအင်ကုန်သွားတာနဲ့ ငါ မီးအိမ်ကို ပြန်ရုပ်သိမ်းလိုက်မယ် အဲဒီအချိန်ကျရင် ဒီ ဝိညာဉ်သွေးဂိုဏ်း အမှိုက်တွေကို ရှင်းထုတ်ဖို့က မင်းတို့ တာဝန်ပဲ"
သူ၏ စကားအဆုံးတွင် အပြင်ဘက်မှ ရွှေအမြုတေအဆင့်များ၏ တိုက်ခိုက်မှုမှာ အနည်းငယ် လျော့ကျသွားသည်။
သူတို့၏ စွမ်းအင်များ သိသိသာသာ လျော့နည်းလာသည်မှာ မြင်သာသည်။
"သခင်လေးက အကြာကြီး မတောင့်ခံနိုင်တော့လို့ပဲ ဖြစ်ရမယ် အဲဒါကြောင့် ဝိညာဉ်သွေးဂိုဏ်းသားတွေ သူတို့ရဲ့ တိုက်စစ်ကို လျှော့ချသွားအောင် တမင်တကာ ပြောလိုက်တာပဲ"
ဟု နတ်သမီးယွီက တွေးတောလိုက်သည်။
"တုန်းဖန်းဟောက်ကျဲ ဒီမီးအိမ်ကို ပိုင်ရှင်အဖြစ် သတ်မှတ် လိုက်တော့"
ဟု ဖန့်ချန်က အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။
တုန်းဖန်းဟောက်ကျယ် အံ့သြသွားသည်။
"ငါလား"
"ဟုတ်တယ် မင်းက ဝိညာဉ်သွေးဂိုဏ်းသား မဟုတ်ဘူးဆိုတာ ငါ ရာနှုန်းပြည့် သေချာတယ် အဲဒါကြောင့် မင်းကို ငါ ယုံကြည်တယ်"
တုန်းဖန်းဟောက်ကျဲက
"ဒါပေမဲ့ မင်း ငါ့ကို ဒီမီးအိမ် ပေးလိုက်ရင် မင်းက ဘာလုပ်မှာလဲ"
"လူသွားသတ်မှာပေါ့ ငါတို့ ဘယ်လောက်အထိ တောင့်ခံနိုင်မယ် ထင်လဲ ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်က ခွန်လုံစစ်သူကြီးရဲ့ လက်ထဲမှာ ပိတ်မိနေတာက အဓိက ပြဿနာပဲ"
" ချန်းဝူတိတို့က ဒုတိယ ပြဿနာပဲ ခွန်လုံစစ်သူကြီးကို ငါ မဖြေရှင်းနိုင်ပေမဲ့ ဒီ ဒုတိယ ပြဿနာတွေကိုတော့ ငါ ဖြေရှင်းနိုင်တယ်"
ဟု ဖန့်ချန်က ပြန်ပြောလိုက်သည်။
ထိုအခါမှ တုန်းဖန်းဟောက်ကျဲသည် ဖန့်ချန်၏ မယုံနိုင်စရာကောင်းသော ကိုယ်ပျောက်ပညာရပ်နှင့် ဝိညာဉ်သွေးဂိုဏ်းနှင့် ပတ်သက်သည့် ဗဟုသုတများကို သတိရသွားသည်။
သူ့ကို လုပ်ကြံမည့် အစီအစဉ်အကြောင်း သတိပေးခဲ့သူမှာလည်း ဖန့်ချန်ပင် ဖြစ်သည်။
တုန်းဖန်းဟောက်ကျဲ ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကလေးတစ်ခု ပေါ်လာသည်။
"အမှန်အတိုင်း ပြောစမ်း မင်းက ဝိညာဉ်သန္ဓေသားအဆင့် စီနီယာတစ်ယောက် မဟုတ်လား"
ဖန့်ချန်က
"ငါလား ငါက ချီသန့်စင်ခြင်း အဆင့် ၁၂ ပဲ ရှိသေးတာ ဒါကို ငါ အာမခံတယ်"
တုန်းဖန်းဟောက်ကျဲ ၏ မျှော်လင့်ချက်မှာ ချက်ချင်းပင် ရေစုန်မျောသွားတော့သည်။
ချီသန့်စင်ခြင်း အဆင့် ၁၂ နဲ့ ဖန့်ချန်က ဘာလုပ်နိုင်မှာလဲ
"ရပ်ကြည့်မနေနဲ့ မီးအိမ်ကို အခုပဲ ပိုင်ရှင်အဖြစ် သတ်မှတ်တော့ ငါ ကူညီပေးမယ်"
"ကောင်းပြီ"
ဘေးမှ ကြည့်နေသူများသည် တုန်းဖန်းဟောက်ကျဲက ဖန့်ချန်ထံမှ နတ်နဂါးအရိုးမီးအိမ်ကို ယူကာ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ ဝင်ရောက်တားဆီးရန် ပြင်လိုက်စဉ်မှာပဲ ဖန့်ချန်က ပြောလိုက်သည်။
"နတ်နဂါးအရိုးမီးအိမ်က သူ့လက်ထဲမှာဆိုရင် အစွမ်းအထက်ဆုံး ဖြစ်လိမ့်မယ် မစိုးရိမ်ကြပါနဲ့"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်နေကြသည်။
ဖန့်ချန်၏ အကူအညီဖြင့် တုန်းဖန်းဟောက်ကျဲ မှာ မီးအိမ်ကို ခဏအတွင်းမှာပင် ပိုင်ရှင်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။
ချန်းဝူတိတို့အဖွဲ့ကလည်း ဤမြင်ကွင်းကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
အဘယ်ကြောင့် ထိုမျှ အဖိုးတန်သော ရတနာကို တုန်းဖန်းမိသားစုမှ နှာဘူးလေးဟု နာမည်ကြီးသည့် တုန်းဖန်းဟောက်ကျဲ ကို ပေးလိုက်ရသနည်း
"မင်းရဲ့ သွေးအဆီအနှစ်ကို မီးအိမ်ဆီအဖြစ် သုံးလိုက်ရင် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုက အများကြီး မရှိတော့ဘူး ဆီကုန်သွားရင် ချက်ချင်း ဖြည့်ဖို့ မမေ့နဲ့"
ဟု ဖန့်ချန်က မှာကြားလိုက်သည်။
"တောက် ငါ့ရဲ့ သက်တမ်းကိုပဲ လောင်းကြေးထပ်လိုက်တော့မယ်"
တုန်းဖန်းဟောက်ကျဲ က မီးအိမ်ကို ကိုင်ကာ မျက်လုံးများ နီမြန်းလျက် ပြောလိုက်သည်။
ထိုစဉ် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင် မှာ ကိုယ်ထဲမှ ခေတ္တခွာကာ လေဟာနယ်ထဲတွင် ရပ်နေသည်။
အပြင်ဘက်တွင် ဝိညာဉ်သန္ဓေသားအဆင့် စစ်သူကြီး လေးဦးမှာ ကျောက်စာတိုင်များကို ကိုင်ဆောင်ကာ မဟာချန်း မြို့တော်တစ်ခုလုံးကို ပိတ်လှောင်ထားဆဲ ဖြစ်သည်။
အနက်ရောင်မြူများကြားတွင် အရှင်ဝေဟင်ပြေး၊ အရှင်ကျားဖြူနှင့် စီနီယာကြီး နဂါးသစ်သားတို့ ထိုင်နေကြသည်။
အရှင်ကျားဖြူနှင့် စီနီယာကြီး နဂါးသစ်သားမှာ အရှင်ဝေဟင်ပြေး၏ နောက်တွင် ထိုင်ကာ သူမ၏ ကျောပြင်ပေါ်သို့ လက်များ တင်ထားကြသည်။
နှစ်ဖက်စလုံးကြားတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များမှာ အားပြိုင်နေကြပြီး တစ်ခါတစ်ရံ အရှင်ဝေဟင်ပြေးဆီသို့၊ တစ်ခါတစ်ရံ ဝတ်စုံနက်ဝတ်ထားသူဆီသို့ စီးဝင်နေသည်။
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလူက ခွန်လုံစစ်သူကြီးလား"
သူတို့ လေးဦးမှာ အပြန်အလှန် ထိန်းချုပ်ထားသည့် အနေအထားတွင် ရှိနေပြီး ခွန်လုံစစ်သူကြီးမှာ တစ်ယောက်တည်းနှင့် သုံးယောက်ကို ယှဉ်နိုင်သည်အထိ အစွမ်းထက်လှသည်။
'သူတို့ကြားမှာ စွမ်းအင် ညီမျှနေပုံရတယ် ဒါပေမဲ့ ပတ်ဝန်းကျင်က အနက်ရောင်မြူတွေက အန္တရာယ်ရှိတယ် ရွှေအမြုတေအဆင့်တွေတောင် ဝင်သွားရင် အသက်အန္တရာယ် ရှိနိုင်တယ်'
ဟု ဖန့်ချန်က မှတ်ချက်ပေးလိုက်သည်။
"သူတို့ သုံးယောက်ထဲက တစ်ယောက် အနိုင်ရတဲ့အထိ စောင့်ဖို့ပဲ ရှိတော့တယ် ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ တစ်ခုခု လုပ်နိုင်သေးတယ်"
သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ပြီးနောက် ဖန့်ချန်သည် ဖန့်မိသားစုဝင်များကို ခေါ်ကာ ဘေးလူများ မမြင်နိုင်အောင် သူ့ကို ဝိုင်းထားစေပြီး ထိုင်ချလိုက်သည်။
"ဒီကောင်လေး ဘာလုပ်နေတာလဲ"
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်သည်။
"သူ့ကို ဂရုမစိုက်ပါနဲ့ သူက လူမပြောပလောက်တဲ့ အကောင်လေးပါ အချိန်မဖြုန်းကြနဲ့တော့ ငါတို့ထဲက တချို့သွားပြီး ဝိညာဉ်သွေးဂိုဏ်းသားတွေကို ကူပြီး ဒီနေရာကို ဆေးလုံးဖော်စပ်ဖို့ ပြင်ကြရအောင်"
ဟု တစ်ဦးက အကြံပြုလိုက်သည်။
ချန်းဝူတိတို့အဖွဲ့မှ ရွှေအမြုတေ အထွတ်အထိပ်အဆင့် ၃ ဦးက ခေါင်းညိတ်လိုက်ပြီး ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ အချို့မှာ အမဲလိုက်ကွင်းပြင်မှ ထွက်ခွာသွားကြသည်။
ဖန့်ဝမ်လီမှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်နေသည်။
"သူတို့က လူသတ်ဖို့ သွားကြပြီ ငါတို့ အပြင်မထွက်နိုင်တာ နှမြောစရာပဲ"
သူသည် ဖန့်ချန်ကို ဝိုင်းထားသော ဖန့်မိသားစုဝင်များ၏ မျက်ဝန်းထဲမှ အံ့သြမှုကို သတိမထားမိပေ။
လီတောက်ယဲ့၏ မျက်လုံးများ တောက်ပသွားသည်။
"ငါတို့ အမဲလိုက်ကွင်းပြင်နား ရောက်တော့မယ်"
သူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သတိကြီးစွာ လျှောက်လာသည်။ ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ရုတ်တရက် အမဲလိုက်ကွင်းပြင်ဘက်မှ လူတစ်ဦး လေထဲမှ ဆင်းသက်လာသည်။
"အိုး မင်းတို့ သုံးယောက်က ပုန်းမနေဘဲ ဒီကို လာကြတာလား အခြေအနေကို အခွင့်ကောင်းယူမလို့လား"
လီတောက်ယဲ့တို့ကို မြင်သောအခါ ထိုလူက ပြုံးရင်း ရပ်လိုက်သည်။
သူတို့ သုံးယောက် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ထိုလူက လက်ကို ဝေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားတစ်လက်မှာ သူတို့ဆီသို့ ဦးတည်လာသည်။
လီတောက်ယဲ့ ဆွံ့အသွားသည်။
"ဒီအရှိန်အဝါ ဒါ ရွှေအမြုတေအဆင့်ပဲ"
သူတို့၏ ကျင့်ကြံမှု အဆင့်နှင့်ဆိုလျှင် ရွှေအမြုတေအဆင့်၏ တိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။
သူ့ရဲ့ တွက်ချက်မှုတွေ မှားသွားတာလား သူတို့အတွက် မျှော်လင့်ချက် မရှိတော့ဘူးလား
"ငါ့သား အန္တရာယ်ရှိတယ်"
လီမျက်လုံးပြူးက ဒေါသတကြီး အော်လိုက်သည်။
သူက လီတောက်ယဲ့ကို ဖမ်းကာ နောက်သို့ ပစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အကြီးအကဲ မင်ကျင့်ကို ဆွဲကာ သူ့ရှေ့တွင် အကာအကွယ်အဖြစ် ထားလိုက်သည်။
"မင်ကျင့် ငါ့အတွက် ဒါကို ခုခံပေးစမ်း မင်းသေသွားရင် ငါ မင်းအတွက် အမှတ်တရ ကျောက်တိုင် စိုက်ပေးမယ်"
"တောက်"
အကြီးအကဲ မင်ကျင့်မှာ ကျိန်ဆဲလိုက်သော်လည်း ဘာမှ မတတ်နိုင်ဘဲ သူ့ဆီ ပြေးဝင်လာသော ဓားကိုသာ ကြည့်နေရတော့သည်။
သို့သော်လည်း ပြင်းထန်စွာ လာနေသော ဓားမှာ ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားပြီး အကြီးအကဲ မင်ကျင့်၏ ခြေထောက်နှစ်ချောင်းကြား မြေကြီးထဲသို့ စိုက်ဝင်သွားသည်။
သူသည် ကြောက်လန့်တကြားဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ နောက်တွင် လူရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
ထိုလူ၏ လက်ထဲမှ ဓားရှည်မှာ ကျင့်ကြံသူ၏ မေးစေ့မှတစ်ဆင့် ဦးခေါင်းထိပ်အထိ ဖောက်ထွက်နေသည်
ဖန့်ချန်သည် ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်နှင့် အဆင့်မြင့် ဝါရောင်အဆင့် ဓားကို သိမ်းလိုက်ပြီး ကြောင်ကြည့်နေသော လူသုံးယောက်ကို ကြည့်လိုက်သည်။
"အမဲလိုက်ကွင်းပြင်က အရမ်း အန္တရာယ်များတယ် အချိန်မရွေး အသက်ဆုံးရှုံးနိုင်တယ် မင်းတို့ အသက်ရှင်ချင်ရင် မြို့ပြင်ဘက်ကို သွားတာ ပိုကောင်းလိမ့်မယ်"
"အဲဒီမှာရှိတဲ့ ဝိညာဉ်သွေးဂိုဏ်းသားတွေက ကျင့်ကြံမှု နိမ့်ကြပြီး အများစုက ချီသန့်စင်ခြင်းနဲ့ အခြေခံတည်ဆောက်ခြင်း အဆင့်တွေပဲ"
"ရွှေအမြုတေအဆင့်တွေက မြို့ထဲမှာ အလုပ်များနေကြလို့ သူတို့ဆီ မလာနိုင်ကြဘူး ဒါနဲ့ နုံကွေ့ချွမ်လည်း အခု မြို့ပြင်မှာပဲ ရှိနေတယ်"