← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 45 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 45 Ch. 441-442

​အခန်း ၄၄၁ - အရေးပေါ်အခြေအနေ

​လီတောက်ယဲ့မှာ အံ့သြတုန်လှုပ်နေသည်။

"သခင်လေးဖန့်က ရွှေအမြုတေအဆင့် ကျင့်ကြံသူကို တကယ် သတ်နိုင်တာလား"

​လီမျက်လုံးပြူးနှင့် အကြီးအကဲ မင်ကျင့်တို့သည် ဖန့်ချန်နှင့် ရင်းနှီးပြီးသားဖြစ်သလို သူ၏ နောက်ခံကိုလည်း သိထားကြသည်။

အခုတော့ သူတို့အနေနဲ့ သခင်လေးကျားရဲ့ စကားကို အတည်ပြုနိုင်ခဲ့ပါပြီ။

ဒီလူငယ်မှာ ထူးခြားတဲ့ နောက်ခံရှိပြီး သူ့နောက်ကွယ်မှာ ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက် ရှိနေတာ သေချာသလောက်ပါပဲ

​"သခင်လေးဖန့်က ကျွန်တော်တို့ကို မြို့ပြင်ကို သွားခိုင်းရင် သွားရမှာပေါ့"

လီတောက်ယဲ့သည် တုံ့ဆိုင်းမနေဘဲ မြို့ပြင်ဘက်သို့ ပျံသန်းသွားတော့သည်။

​"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး"

လီမျက်လုံးပြူးက လက်သီးဂါရဝပြုပြီးနောက် အကြီးအကဲ မင်ကျင့်နှင့်အတူ လီတောက်ယဲ့နောက်သို့ လိုက်ပါသွားကြသည်။

​မကြာခင်မှာပင် သူသည် လီတောက်ယဲ့ကို မှီသွားပြီး ဒေါသတကြီး ဆူပူလေတော့သည်။

"မင်းပဲ အမဲလိုက်ကွင်းပြင်ဘက်မှာ အသက်ရှင်ဖို့ လမ်းစရှိတယ်ဆို"

​"ဟုတ်တယ်လေ အခု သခင်လေးဖန့်နဲ့ တွေ့ခဲ့တယ် မဟုတ်လားယတကယ်လို့ သခင်လေးဖန့်သာ မရှိရင် အဖေနဲ့ ကျွန်တော် အဲဒီကျင့်ကြံသူလက်ထဲမှာ သေနေပြီ အကြီးအကဲ မင်ကျင့်က အများဆုံး တစ်ချက်ပဲ ခုခံပေးနိုင်မှာ"

လီတောက်ယဲ့က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

​လီမျက်လုံးပြူး၏ မျက်နှာမှာ တောင့်ခဲသွားပြီး သူ့ကို တိတ်တဆိတ် ကြည့်နေသော အကြီးအကဲ မင်ကျင့်ကို လှမ်းကြည့်လိုက်သည်။

သူက ရှက်ကိုးရှက်ကန်းဖြင့် အမြန်ပင် ရှင်းပြလိုက်ရသည်။

"ခုနက အရေးကြီးနေလို့ပါ စိတ်ထဲမထားပါနဲ့ ငါ မင်းကို တစ်ချက်ပဲ ခုခံခိုင်းမှာပါ ဒုတိယတစ်ချက်တော့ မခိုင်းပါဘူး"

​အကြီးအကဲ မင်ကျင့်က လေသံတိုးတိုးဖြင့်

"ဂိုဏ်းချုပ် ကျွန်တော်ကတော့ ဒုတိယတစ်ချက်ကို ခုခံပေးနိုင်မှာ မဟုတ်တာ သေချာပါတယ် နောက်ကျရင် ဓားစာခံလုပ်ဖို့ တစ်ယောက်ယောက် လိုရင် တခြားလူရှာပါဦး ကျွန်တော်ကြည့်ရသလောက် ဂိုဏ်းချုပ်လေးက အရေထူပြီး အရိုးမာမယ့်ပုံပဲ"

​ဖန့်ချန်သည် အရိပ်ထဲတွင် လျှောက်လှမ်းနေပြီး သေမင်းကဲ့သို့ အသက်ပေါင်းများစွာကို တစ်ခုပြီးတစ်ခု ရိတ်သိမ်းနေသည်။

သူသွားလေရာအရပ်တိုင်းတွင် ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူမှန်သမျှ ဓားတစ်ချက်တည်းဖြင့် အသက်ပျောက်နေကြရသည်။

​ထိုအတောအတွင်း သူသည် ရရှိသမျှသော ရတနာမှန်သမျှကို သိမ်းဆည်းမထားဘဲ ဓားငယ်လေး ကို တိုက်ရိုက်ကျွေးလိုက်သည်။

ဓားငယ်လေးမှာ အစားမရွေးဘဲ မည်သည့်အဆင့်ရှိ ရတနာကိုမဆို ခွဲခြားခြင်းမရှိဘဲ လက်ခံစားသုံးလေသည်။

​ရိပ်ခြေဗုဒ္ဓကျင့်စဉ် နှင့် ပေါင်းစပ်လိုက်သောအခါ ဖန့်ချန်သည် သတ်ဖြတ်ရာတွင် ဝိညာဉ်စွမ်းအင် အများကြီး ကုန်ဆုံးခြင်းမရှိပေ။

ဤနည်းလမ်းကို အသုံးပြု၍ မြို့ထဲတွင် လှည့်လည်သတ်ဖြတ်နေသော ရွှေအမြုတေအဆင့် ပညာရှင် ၅ ဦးကို ရှင်းလင်းပြီး ဖြစ်သည်။

​ဆဋ္ဌမမြောက် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် တွေ့သောအခါမှသာ ဝိညာဉ်သွေးဂိုဏ်းက အခြေအနေကို သတိပြုမိသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုကျင့်ကြံသူသည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မည်သည့် ဟာကွက်မျှမရှိစေရန် ဝိညာဉ်ကာကွယ်ရေးအလွှာဖြင့် လုံးဝပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အရိပ်ဗုဒ္ဓကျင့်စဉ်ဖြင့် ချုံခိုတိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

​"တ-တောင်းပန်ပါတယ် ကျွန်တော်တို့ကို ချမ်းသာပေးကြပါ"

​ရာနှင့်ချီသော ကျင့်ကြံသူများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ရှေ့တွင် ဒူးထောက်ကာ အသက်ကို မသေရုံတောင်းပန်နေကြသည်။

သူတို့ပတ်ပတ်လည်တွင် အခြေခံတည်ဆောက်ခြင်းနှင့် ချီသန့်စင်ခြင်းအဆင့်ရှိ ဝိညာဉ်သွေးဂိုဏ်းသား အချို့က လှောင်ပြောင်သော အမူအရာဖြင့် ကြည့်နေကြသည်။

ထိုလူများသည် မြို့ထဲရှိ အဓိကမိသားစုကြီး ငါးခုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့၏ ရွှေအမြုတေအဆင့် ဘိုးဘေးများသည် အမဲလိုက်ကွင်းပြင်တွင် ပိတ်မိနေကြသည် သို့မဟုတ် သေဆုံးသွားကြပြီ ဖြစ်သည်။

​"ငါက မင်းတို့ကို ချမ်းသာမပေးချင်တာ မဟုတ်ဘူးဒါပေမဲ့ ဒါက မင်းတို့ရဲ့ ကံကြမ္မာပဲ"

ဟု ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူက သက်ပြင်းချရင်း ပြောလိုက်သည်။

"ငါတို့ရဲ့ မဟာရည်မှန်းချက် အောင်မြင်ဖို့အတွက် စတေးမှုတွေ ရှိရမယ် မင်းတို့ တစ်ကျော့ပြန် လူဖြစ်လာခဲ့ရင် ငါတို့ ဝိညာဉ်သွေးဂိုဏ်းက ဖန်တီးပေးထားတဲ့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ခေတ်ကြီးကို တွေ့ရလိမ့်မယ်.

" အဲဒီအချိန်ကျရင် ကျင့်ကြံရတာက အခုလောက် မခက်ခဲတော့ဘဲ ကျင့်ကြံခြင်း အရင်းအမြစ်တွေကလည်း ပေါများနေလိမ့်မယ်"

​"မင်း ရူးနေတာပဲ မင်းတို့ဂိုဏ်းက အရူးတွေစုနေတဲ့ နေရာပဲ ကျင့်ကြံဖို့အတွက်ဆိုရင် ဘာမဆို လုပ်မယ့်ကောင်တွေ"

"မင်းတို့ကိုယ်မင်းတို့ အမြင့်ကြီးတွေ ပြောနေပေမဲ့ လက်တွေ့မှာတော့ ငါတို့ကို သွေးဝိညာဉ်ဆေးလုံး ဖော်ဖို့အတွက် သုံးနေတာပဲ မဟုတ်လား"

​အသနားခံသော်လည်း မရနိုင်မှန်း သိသွားသော ကျင့်ကြံသူအချို့က ထရပ်ပြီး ဒေါသတကြီး ပြန်လည်ပြောဆိုကြသည်။

​ဝိညာဉ်သွေးဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူက တည်ငြိမ်စွာပင်

"မင်းတို့လို အားနည်းတဲ့ကောင်တွေဆီက ရတဲ့ သွေးဝိညာဉ်ဆေးလုံးက လုံလောက်မယ် ထင်နေတာလား အလွန်ဆုံးတော့ မင်းတို့က အမြည်းကလေးတွေပါ ငါတို့က အဓိကဟင်းပွဲအတွက် ခဏစောင့်နေရဦးမှာ"

​ထို့နောက် သူက လက်ကို အသာအယာ မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

သူသည် ဤကျင့်ကြံသူများကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် သတ်ဖြတ်ရန် ပြင်လိုက်သည်။

​ရုတ်တရက် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

"ငြိမ်းချမ်းရေးအကြောင်း ပြောနေတာလား မင်း အိပ်မက်ယောင်နေတာပဲ"

​ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"နောက်ဆုံးတော့ မင်း ထွက်လာပြီပဲ အားလုံးပဲ သူ့ကို ဝိုင်းဖမ်းကြ ငါတို့ မျက်စိအောက်မှာတင် လာပြီး ချုံခိုတိုက်ရဲတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရတာပေါ့"

​ဗြုန်း... ဗြုန်း... ဗြုန်း...

​သွေးချင်းချင်းနီနေသော ဦးခေါင်းသုံးလုံးသည် ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူ၏ ခြေရင်းသို့ လိမ့်ကျလာသည်။

ထိုဦးခေါင်းပိုင်ရှင်များသည် သေခါနီးအချိန်တွင် မယုံနိုင်စရာတစ်ခုခုကို မြင်လိုက်ရသည့်အလား အံ့သြတုန်လှုပ်မှုနှင့် မကျေနပ်မှုများ မျက်နှာတွင် ပြည့်နှက်နေသည်။

​"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

​ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူ၏ မျက်လုံးများ အာရုံပျောက်ကွယ်သွားသည်။

ထိုသုံးယောက်မှာ သူ၏ အပေါင်းအပါများဖြစ်ပြီး ပုန်းအောင်းနေသော တိုက်ခိုက်သူကို မျှားခေါ်ရန် ဇာတ်တိုက်ထားကြသူများ ဖြစ်သည်။

ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး သူတို့တွေ ဒီလောက် တိတ်တဆိတ် သေသွားရတာလဲ

​သူ မော့ကြည့်လိုက်သောအခါ လူရိပ်တစ်ခု သူ၏ ရှေ့တွင် ပေါ်လာသည်။

တစ်ဖက်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာလည်း သေဆုံးသွားသော သုံးယောက်ကဲ့သို့ အံ့သြတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

"မင်း... မင်းက ဘယ်လိုလုပ်ပြီး"

​ထိုစကားအဆုံးတွင် ဓားအလင်းတစ်ချက် ဖြတ်သန်းသွားပြီး ကျင့်ကြံသူ၏ ဦးခေါင်းမှာ လည်ပင်းမှ ပြတ်ထွက်သွားတော့သည်။

သူသည်လည်း အံ့သြမှု၊ မကျေနပ်မှုများဖြင့် အသက်ပျောက်သွားရသည်။

​ဒူးထောက်နေသော ရာနှင့်ချီသည့် ကျင့်ကြံသူများမှာ ကြောင်အမ်းနေကြသည်။

သူတို့သည် ဖန့်ချန်ကို ကြည့်ရင်း အသက်ရှူရပ်မတတ် ဖြစ်နေကြရသည်။

​ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဘာကို စောင့်နေကြတာလဲ ကျန်နေတဲ့ ဝိညာဉ်သွေးဂိုဏ်းသားတွေကို နှစ်သစ်ကူးအထိ အသက်ရှင်ခိုင်းထားမလို့လား"

​ထိုစကားကို ကြားသောအခါမှ ကျင့်ကြံသူများမှာ သတိဝင်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်သွေးဂိုဏ်းသားများကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

​"ဟူး..."

ဖန့်ချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိပြီး သူ၏ မျက်နှာတွင် မောပန်းနွမ်းနယ်မှုများ ပေါ်လာသည်။

ဝိညာဉ်သွေးဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် ကြိုတင်ပြင်ဆင်ထားသူ ဖြစ်သည်။

ထို့ကြောင့် ရွှေအမြုတေအဆင့် လေးဦးကို သတ်ရန်အတွက် သူသည် ရှစ်မျက်နှာအရပ် ဓားကျမ်း ကို အသုံးပြုခဲ့ရသည်။

တစ်ခါသတ်တိုင်း သူ၏ ဝိညာဉ်စွမ်းအင်များမှာ သိသိသာသာ လျော့နည်းသွားရသည်။

မသေမျိုးဓားသွေးကြော ရှိနေသော်လည်း ဤဓားကျမ်းကို အသုံးပြုခြင်းမှာ ဖန့်ချန်အတွက် ဝန်ထုပ်ဝန်ပိုး ကြီးမားလှသည်။

​စကြဝဠာမှန်ချပ်၏ အသံသည် ဖန့်ချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"အစ်ကို မင်း ဒီနည်းလမ်းကို ထပ်သုံးရင် မင်းရဲ့ သက်တမ်းကို တိုစေလိမ့်မယ် မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတောင် မရောက်သေးတော့ လက်ရှိ အခြေခံကိုပါ ထိခိုက်နိုင်တယ် ခဏလောက် အနားမယူသင့်ဘူးလား"

​ဖန့်ချန်က အေးဆေးစွာပင်

"ငါလည်း အနားယူချင်တာပေါ့ ဒါပေမဲ့ အချိန်မရှိဘူး ဒီအန္တရာယ်ကို မရှင်းနိုင်ရင် ငါလည်း သေရမှာပဲ"

​သူ မောပန်းနေသော်လည်း ကံကောင်းသည်မှာ လမ်းတစ်လျှောက်တွင် ရတနာအတော်များများကို ရရှိခဲ့ပြီး ဓားငယ်လေးမှာလည်း ပိုမိုသန်မာလာပုံရသည်။

ထို့ကြောင့် ဖန့်ချန် စိတ်အနည်းငယ် လျော့သွားရသည်။

​ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ကိုယ်ပေါ်မှ ရတနာများကို ရှာဖွေသိမ်းဆည်းပြီးနောက် ဝိညာဉ်သွေးဂိုဏ်းသားများအားလုံး ရှင်းလင်းသွားသည်ကို မြင်လိုက်ရသည်။

ကျင့်ကြံသူ ရာပေါင်းများစွာမှာ ဖန့်ချန်ကို ကြည့်ရင်း စကားပြောရန် ဝေခွဲမရ ဖြစ်နေကြသည်။

​"ဝိညာဉ်သွေးဂိုဏ်းက မြို့တော်တစ်ခုလုံးကို ဆေးဖိုအဖြစ် သုံးဖို့ ကြံနေတာ သူတို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ဘယ်သူ့ကိုမှ ချန်ထားမှာ မဟုတ်ဘူး"

" ဒီမှာ ပုန်းနေတာ အကျိုးမရှိဘူး၊ မြို့ပြင်ကို သွားကြမလား ဒါမှမဟုတ် ဒီမှာပဲ နေမလား ကိုယ်တိုင် ဆုံးဖြတ်ကြ တွေ့သမျှ ဝိညာဉ်သွေးဂိုဏ်းသားတွေကို သတ်ပြီး မျှော်လင့်ချက်တစ်ခုအတွက် တိုက်ပွဲဝင်ကြပါ"

ဖန့်ချန်က ပြောပြီးနောက် အရိပ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

​"ခုနက လူက ဖန့်မိသားစုက ဖန့်ချန်နဲ့ တူတယ်"

​"ဝိညာဉ်သွေးဂိုဏ်းက မြို့တော်တစ်ခုလုံးကို ဆေးဖိုအဖြစ် သုံးမလို့တဲ့လား"

​"ဘုရားရေ အဲဒီအရူးတွေက တကယ်ကို ရူးနေတာပဲ"

​"အားလုံးပဲ ဝိညာဉ်သွေးဂိုဏ်းက တကယ်သာ ဒီလိုလုပ်ဖို့ ကြံနေတာဆိုရင် ဒါက သာမန်ကိစ္စ မဟုတ်တော့ဘူး ငါတို့သာ ပြန်မခုခံရင် အရှင်လတ်လတ် အသေခံရမှာပဲ"

​"သွားကြစို့ မြို့ပြင်ကို သွားကြမယ်"

​ရာနှင့်ချီသော ကျင့်ကြံသူများသည် ထိုနေရာမှ ထွက်ပြေးပြီး မြို့ပြင်သို့ ဦးတည်သွားကြသည်။

ဖန့်ချန်သည် အရိပ်ထဲမှနေ၍ ဤအရာအားလုံးကို ခံစားသိရှိနေပြီး ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံသူများက သတင်းဖြန့်ပြီး ဝိညာဉ်သွေးဂိုဏ်း၏ ရည်ရွယ်ချက်ကို သိသွားကြလျှင် သူတို့ ထပြီး ခုခံကြလိမ့်မည်။

သူ၏ တာဝန်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ကြားဖြတ်ဟန့်တားပြီး အနှောင့်အယှက်ပေးရန်ဖြစ်သည်။

​သူရှိနေမှန်း သိသွားပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး အသတ်ခံလိုက်ရသည်ကို သိသွားလျှင်တောင် သူတို့ ဘာလုပ်နိုင်မည်နည်း

သူ၏ ဝိညာဉ်စွမ်းအင်သည် မုသားနှင့် ထောင်ချောက်မှန်သမျှကို ဖောက်ထွင်းမြင်နိုင်သဖြင့် သူတို့၏ လှည့်ကွက်များသည် သူ၏ မျက်စိထဲတွင် ကလေးကစားစရာကဲ့သို့ပင် ဖြစ်နေတော့သည်။

​​အခန်း ၄၄၂ - အနက်ရောင်မြူများ ကွယ်ပျောက်ခြင်း

​အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နှစ်နာရီခန့် ကြာပြီးနောက်မှာတော့ မီးအိမ်ဆီက ကုန်ခါနီးနေပါပြီ။

​တုန်းဖန်းဟောက်ကျဲ တစ်ယောက် အသည်းခိုက်မတတ် ခံစားနေရပါတယ်။ ဒါတွေက သူ့ရဲ့ သွေးအဆီအနှစ်တွေ မဟုတ်လား။

​'မရတော့ဘူး အပြင်က အန္တရာယ်ကို ဖြေရှင်းဖို့ သူ ဘာအစီအစဉ်ရှိလဲဆိုတာ ငါ မေးမှဖြစ်တော့မယ်'

​ဒီလိုတွေးပြီး တုန်းဖန်းဟောက်ကျဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တဲ့အခါ ဖန့်မိသားစုဝင်တွေက ဖန့်ချန်ကို အခုထိ တင်းတင်းကျပ်ကျပ် ဝိုင်းထားဆဲဖြစ်တာကို တွေ့လိုက်ရတော့ ပိုပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။

​"အစ်ကို မင်းရဲ့ မိသားစုဝင်က ဘာလုပ်နေတာလဲဆိုတာ မေးပေးလို့ရမလား"

တုန်းဖန်းဟောက်ကျဲက နတ်နဂါးအရိုးမီးအိမ်ကို ကိုင်ထားရင်း ဘယ်မှမသွားရဲတာကြောင့် အနားမှာရှိတဲ့ ဖန့်ရှုကို လှမ်းမေးလိုက်ပါတယ်။

​ဖန့်ရှုရဲ့ အမူအရာက ထူးဆန်းသွားပြီး ဘာမှပြန်မဖြေဘဲ ခေါင်းပဲ ခါပြပါတယ်။

​တုန်းဖန်းဟောက်ကျဲက လက်မလျှော့ဘဲ တခြား ဖန့်မိသားစုဝင်တွေကို ထပ်မေးပေမဲ့ အဖြေကတော့ အတူတူပါပဲ။

ဖန့်ချန်နားကို ကပ်ပြီး ကြည့်ဖို့ ကြိုးစားသူမှန်သမျှကို ဖန့်ဝမ်လီက တားဆီးထားပါတယ်။

​"ဖန့်ချန်က တကယ်ပဲ ဘာလုပ်နေတာလဲ"

​"သူက လှည့်ကွက်တွေ သုံးနေတာနေမှာပါ ဒီလိုအခြေအနေမျိုးမှာ ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်က ဘာလှည့်ကွက် သုံးနိုင်မှာလဲ ရွှေအမြုတေအဆင့် ဘိုးဘေးတွေတောင် ငါတို့လိုပဲ ဒီမှာ ပိတ်မိနေတာ မမြင်ဘူးလား"

​လူတိုင်းက တိုးတိုးတိတ်တိတ် ဝေဖန်နေကြပေမဲ့ အများစုကတော့ မျက်လုံးမှိတ်ပြီး အနားယူနေကြပါတယ်။

မီးအိမ်ရဲ့ အကာအကွယ် မကြာခင် ပျောက်ကွယ်သွားတော့မယ်ဆိုတာ သူတို့ သိနေပြီး ပြင်းထန်တဲ့ တိုက်ပွဲအတွက် ပြင်ဆင်နေကြတာပါ။

​"ဂျူနီယာညီမလေး မီးအိမ်ရဲ့ အစွမ်းကုန်သွားတာနဲ့ ငါ အပြင်က ရွှေအမြုတေ အထွတ်အထိပ်အဆင့် ၃ ယောက်ကို တိုက်ခိုက်မယ်"

"တခြား ရွှေအမြုတေအဆင့်တွေနဲ့ ပေါင်းပြီး အချိန်နည်းနည်း ဆွဲပေးထားမယ် မင်းကတော့ မြို့ပြင်ကို ရောက်အောင် အမြန်ပြေးပါ ဒီက အစီရင်ကွဲသွားတာနဲ့ ဒီကိစ္စကို ဂိုဏ်းကို အမြန်သတင်းပို့"

"ဝိညာဉ်သွေးဂိုဏ်းက ဒီလုပ်ရပ်အတွက် ထိုက်တန်တဲ့ ပေးဆပ်မှု ရစေရမယ်"

လို့ အမျိုးသမီး ဓားကျင့်ကြံသူက အသံလှိုင်းနဲ့ မှာကြားလိုက်ပါတယ်။

​"စီနီယာအစ်မ အဲဒီ ရွှေအမြုတေ အထွတ်အထိပ်အဆင့် ၃ ယောက်ကို အနိုင်ရဖို့ အခွင့်အရေး ရှိလား"

နတ်သမီးယွီက လေးနက်စွာ မေးလိုက်ပါတယ်။

​အမျိုးသမီး ဓားကျင့်ကြံသူက ခဏစဉ်းစားပြီး

"တစ်ရာခိုင်နှုန်းပဲ ရှိတယ်"

လို့ ဖြေပါတယ်။

​နတ်သမီးယွီ စိတ်ထဲကနေ သက်ပြင်းချလိုက်မိပါတယ်။ တစ်ရာခိုင်နှုန်းဆိုတာ မရှိသလောက်ပါပဲ။

ဓားကျင့်ကြံသူတစ်ယောက်က တစ်ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောရင် အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိတာကို ဆိုလိုတာမှန်း သူမ သိပါတယ်။

​"မစိုးရိမ်ပါနဲ့ စီနီယာအစ်မ ခဏလောက် ထပ်စောင့်ကြည့်ရအောင် တစ်ခုခု ထူးခြားလာမှာပါ"

လို့ နတ်သမီးယွီက အားပေးလိုက်ပါတယ်။

​ဖန့်ချန်က တစ်ခုခု လုပ်ဆောင်နေပြီဆိုတာ သူမ ယုံကြည်နေပါတယ်။

ဒီ နတ်နဂါးအရိုးမီးအိမ်ကပဲ သက်သေပါပဲ။ ဒီမီးအိမ်သာ မရှိရင် မဟာချန်းရဲ့ အခြေအနေက ဘယ်လောက်တောင် ဆိုးရွားနေမလဲဆိုတာ သူမ မတွေးရဲပါဘူး။

​တစ်ချိန်တည်းမှာပဲ ချန်းဝူတိနဲ့ အပေါင်းအပါတွေရဲ့ မျက်နှာက ပျက်သွားပါတယ်။

အပြင်ကနေ အပြေးအလွှား ပြန်လာတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရလို့ပါ။

​"ငါတို့တွေ လုပ်ကြံခံနေရပြီ"

လို့ အဲဒီ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူက အသက်လုပြေးရင်း အော်ပြောလိုက်ပါတယ်။

​ချန်းဝူတိရဲ့ မျက်နှာက တင်းမာသွားပြီး

"တခြားလူတွေကော"

လို့ မေးလိုက်ပါတယ်။

​"အားလုံး သေကုန်ပြီ တိုက်ခိုက်တဲ့သူက အနည်းဆုံး ရွှေအမြုတေ အထွတ်အထိပ်အဆင့်ပဲ ငါတို့ သူ့ကို မယှဉ်နိုင်ဘူး"

​အဲဒီကျင့်ကြံသူက သေဘေးက လွတ်လာလို့ သက်ပြင်းချနေပါတယ်။ တစ်ခုခု လွဲနေပြီဆိုတာ သိတာနဲ့ ချက်ချင်း ပြန်ပြေးလာလို့သာ တော်တော့တာပါ။

မဟုတ်ရင် သူလည်း သေနေလောက်ပါပြီ။ တိုက်ခိုက်တဲ့သူက ဘယ်သူလဲဆိုတာ သူ သေချာမမြင်လိုက်ရပေမဲ့ အဲဒီလူရဲ့ ဓားပညာကတော့ ကြောက်စရာကောင်းလှပါတယ်။

သူ့ရဲ့ အပေါင်းအပါတစ်ယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပါ။

​'အားလုံး သေကုန်ပြီ ဟုတ်လား'

​ချန်းဝူတိတို့အဖွဲ့ ဆွံ့အသွားပါတယ်။ အပြင်မှာ အသက်ရှင်ကျန်နေတဲ့သူ ရှိသေးတာလား ဒါပေမဲ့ မဟာချန်းမှာ ရွှေအမြုတေ အထွတ်အထိပ်အဆင့်က ၃ ယောက်ပဲ ရှိတာပါ။

ဖန့်ထင်ကျန့်က ဒဏ်ရာအပြင်းအထန် ရနေပြီး ကျွယ်မိသားစုက တစ်ယောက်ကလည်း သေသွားပြီ မဟုတ်လား။

​"ဟားဟားဟား ကြားလိုက်ကြလား ရွှေအမြုတေအဆင့် ဆယ်ယောက်ကျော် သေသွားပြီတဲ့ ငါတို့ အနိုင်ရဖို့ အခွင့်အရေး ရှိလာပြီ"

စိမ်းဖန်ဖန် အလင်းထဲကနေ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ချန်းဝူတိတို့ကို လက်ညှိုးထိုးပြီး အားရပါးရ ရယ်မောလိုက်ပါတယ်။

​ဒါက ဘယ်သူဖြစ်နိုင်မလဲ

​ဖန့်ဝမ်လီ၊ ရှင်းလုံမင်းသမီးနဲ့ တခြားသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးပျော်သွားကြပါတယ်။

လေးလံနေတဲ့ အခြေအနေက ရုတ်တရက် ပေါ့ပါးသွားသလိုပါပဲ။

ဒါဟာ သူတို့ မြင်ချင်တဲ့ အရာပါပဲ။ အပြင်မှာ ဝိညာဉ်သွေးဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်တွေကို လိုက်သတ်နေတာ ဘယ်သူများလဲဆိုတာကိုတော့ အားလုံးက သိချင်နေကြပါတယ်။

​ရုတ်တရက် ဖန့်ချန်ကို ဝိုင်းထားတဲ့ ဖန့်မိသားစုဝင်တွေက သူတို့ရှေ့က လေဟာနယ်ကို ကြည့်ပြီး ထူးဆန်းတဲ့ အမူအရာတွေ ဖြစ်သွားကြပါတယ်။

​'ဒါ ဖန့်ချန်တော့ မဟုတ်လောက်ပါဘူးနော် မဖြစ်နိုင်တာ'

​ဖန့်ချန်က ဘယ်လောက်ပဲ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းပြားပါစေ ရွှေအမြုတေအဆင့်တွေကို လိုက်သတ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ သူတို့ ထင်နေကြပါတယ်။

​အမျိုးသမီး ဓားကျင့်ကြံသူရဲ့ မျက်နှာမှာ မျှော်လင့်ချက်တွေ ပေါ်လာပါတယ်။

"ငါတို့အတွက် အခွင့်အရေး ရပြီ"

​တစ်ဖက်က ရွှေအမြုတေအဆင့် ဆယ်ယောက်ကျော် အသတ်ခံလိုက်ရတာကြောင့် ဝိညာဉ်သွေးဂိုဏ်းရဲ့ အင်အားက သိသိသာသာ လျော့နည်းသွားပါပြီ။

အခု အပြင်မှာ ရွှေအမြုတေ အစောပိုင်းအဆင့် ဆယ်ယောက်ကျော်၊ အလယ်အလတ်အဆင့် ၆ ယောက်၊ အဆင့်မြင့် ၄ ယောက်နဲ့ အထွတ်အထိပ်အဆင့် ၃ ယောက်ပဲ ကျန်ပါတော့တယ်။

​ဒီအင်အားက တောင့်တင်းနေဆဲ ဖြစ်ပေမဲ့ ဖန့်ထင်ကျန့်သာ ပြန်ကောင်းလာပြီး ဦးဆောင်မယ်ဆိုရင် သူတို့ဘက်က ကျန်နေတဲ့ ရွှေအမြုတေအဆင့်တွေနဲ့ ပြန်တိုက်လို့ ရနိုင်ပါတယ်။

​"အဆင့်မြင့် ၄ ယောက်နဲ့ အထွတ်အထိပ် ၃ ယောက် ကျန်သေးတယ် အဆင့်မြင့်အဆင့်တွေကိုတော့ အခွင့်အရေးရရင် ငါ ချက်ချင်း သတ်နိုင်တယ်၊ ဒါပေမဲ့ နောက်ဆုံး ၃ ယောက်ကတော့"

​အမျိုးသမီး ဓားကျင့်ကြံသူက ဝေခွဲမရ ဖြစ်နေပါတယ်။

အရင်က အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိခဲ့ပေမဲ့ အခုတော့ အမှန်တကယ် အခွင့်အရေး ရှိလာပြီလို့ သူမ ခံစားရပါတယ်။

ဘာပဲဖြစ်ဖြစ် အပြင်မှာ ရွှေအမြုတေအဆင့်တွေကို လိုက်သတ်နိုင်တဲ့ အမည်မသိ ပညာရှင်တစ်ယောက် ရှိနေတာ မဟုတ်လား။

​ရွှေအမြုတေ အထွတ်အထိပ်အဆင့် တစ်ယောက်က မျက်မှောင်ကြုတ်ပြီး

"တစ်ယောက်ယောက်ကို အပြင်လွှတ်ပြီး စစ်ခိုင်းသင့်လား"

လို့ မေးလိုက်ပါတယ်။

​ချန်းဝူတိနဲ့ တခြားတစ်ယောက်ကတော့ တိတ်ဆိတ်နေပါတယ်။

​'လူလွှတ်ရမယ် ဟုတ်လား'

​တစ်ဖက်လူရဲ့ အစွမ်းက ဘယ်လောက်လဲဆိုတာ သူတို့ မသိပါဘူး။

ဘယ်လို နည်းလမ်းတွေ သုံးမလဲဆိုတာလည်း မသိရပါဘူး။ အမှားအယွင်း တစ်ခုခုဖြစ်ရင် လက်ရှိ အခြေအနေကို ထိခိုက်သွားနိုင်ပါတယ်။

​ချန်းဝူတိက အေးစက်စွာ ပြောလိုက်ပါတယ်။

"မလိုဘူး ဒီနေရာကိုပဲ ထိန်းထား ခွန်လုံစစ်သူကြီး ဆူရင်လည်း ခံရုံပေါ့"

​တခြား အထွတ်အထိပ်အဆင့် တစ်ယောက်ကလည်း ခေါင်းညိတ် ထောက်ခံပါတယ်။

"ဟုတ်တယ် ခွန်လုံစစ်သူကြီးက ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ကို ရှင်းပြီးတာနဲ့ ငါတို့က အသာစီး ရမှာပဲ"

​သူတို့တွေ တိုင်ပင်ပြီးနောက်မှာတော့ ဖန့်ဝမ်လီတို့ကို မြွေဆိုးလို အေးစက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း တိတ်ဆိတ်သွားကြပါတယ်။

​ချန်းဝူတိတို့က လူထပ်မလွှတ်တာကို မြင်တော့ ဖန့်ဝမ်လီတို့ သက်ပြင်းချနိုင်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် အခြေအနေက အခုတော့ ကောင်းနေပါပြီ။

အပြင်က လျှို့ဝှက်ပညာရှင်ကြောင့် ဝိညာဉ်သွေးဂိုဏ်းရဲ့ ချီသန့်စင်ခြင်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေကတော့ အမြည်းဟင်းပွဲတွေ ဖြစ်ကုန်ပါပြီ။

​နောက်ထပ် နှစ်နာရီလောက် ထပ်ကြာသွားပါတယ်။

လူတိုင်းအတွက်တော့ ဒီအချိန်က ကမ္ဘာတည်သလောက် ကြာနေသလိုပါပဲ။

​နတ်နဂါးအရိုးမီးအိမ်ရဲ့ အလင်းတန်းက စတင် တုန်ခါလာပါတယ်။

ချန်းဝူတိက ဒါကို သတိထားမိပြီး ပြုံးလိုက်ပါတယ်။

"မင်းတို့ မီးအိမ် ဆီကုန်တော့မယ် မဟုတ်လား"

​ဖန့်ဝမ်လီတို့ စိုးရိမ်သွားပါတယ်။

ဖန့်ထင်ကျန့်ရဲ့ ဒဏ်ရာတွေက ဒီနာရီပိုင်းအတွင်း သက်သာလာပေမဲ့ မျက်နှာကတော့ ဖြူလျော့နေတုန်းပါပဲ။

သူ အပြည့်အဝ ပြန်မကောင်းသေးဘူးဆိုတာ သိသာပါတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အကောင်းဆုံး အခြေအနေရဲ့ အစိတ်အပိုင်းလေးပဲ ရှိပါသေးတယ်။

​"ဘယ်သူက ကုန်ပြီ ပြောလဲ"

တုန်းဖန်းဟောက်ကျဲက ချန်းဝူတိကို စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။

သူက အားလုံးရဲ့ ရှေ့မှာတင် သူ့ရဲ့ သွေးအဆီအနှစ် ၁၀ စက်ကို မီးအိမ်ထဲ ထည့်လိုက်ပါတယ်။

​စိမ်းဖန်ဖန် အလင်းတန်းက ပြန်လည် တည်ငြိမ်သွားပါတယ်။

​ဒါကို မြင်တော့ အားလုံး အံ့သြသွားကြပြီး ဖန့်ချန်က ဘာလို့ တုန်းဖန်းဟောက်ကျဲကို မီးအိမ် ပေးခဲ့တာလဲဆိုတာ နားလည်သွားကြပါတယ်။

​ချန်းဝူတိတို့ မျက်မှောင်ကြုတ်သွားပါတယ်။

'တုန်းဖန်းဟောက်ကျဲမှာ ဘာခန္ဓာကိုယ်မျိုး ရှိနေတာလဲ သူ့သွေးက ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ ခွန်လုံစစ်သူကြီးတောင် သူ့ကို အဆိပ်မတိုက်နိုင်တာ မဆန်းပါဘူး'

​နတ်သမီးထျန်းယွမ်က သူ့ကို အံ့သြတုန်လှုပ်စွာ ကြည့်နေတာ မြင်တော့ တုန်းဖန်းဟောက်ကျဲက အားနည်းတဲ့ အပြုံးလေးနဲ့

"နတ်သမီးထျန်းယွမ် ကျွန်တော် မင်းကို ကာကွယ်ပေးပါ့မယ် ဘာအန္တရာယ်မှ အဖြစ်မခံဘူး"

လို့ ပြောလိုက်ပါတယ်။

​သူ့စကားအဆုံးမှာပဲ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်မြူတွေက လုံးဝ ကွယ်ပျောက်သွားပါတော့တယ်...။

All Chapters