အခန်း (၃၁၂၆-၃၁၃၀)
Vol. 136 Ch. 3126-3130
အပိုင်း (၃၁၂၆)
ဘာသာပြန်သူ_တိမ်တိုက်
အချိန်အတန်ကြာအောင် သောက်စားပြီးသည့် နောက်တွင် ခန်းမထဲ၌ အရက်ပုလင်းများ စုပုံထပ်လာခဲ့လေပြီ။ လူပေါင်းများစွာသည်လည်း ကြမ်းပြင်ထက် လဲကျရင်း အိပ်ပျော်နေကြလေပြီ။
ပုံမှန်အားဖြင့် ကျင့်ကြံသူများမှာ အရက်မူးလေ့ မရှိကြ။ ကျင့်စဉ်ကို လှည့်ပတ်လိုက်ရုံဖြင့်ပင် အရက်မူးနေသည့် ဒဏ်ကို ဖယ်ရှားပစ်၍ ရပေသည်။ သို့သော်ငြား ယခုကဲ့သို့သော ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေသည့် အခါမျိုးတွင် လူတိုင်းမှာ အခမ်းအနားပွဲကို အမှန်တကယ် အသက်ဝင်စေရန် အလို့ငှာ ထိုသို့မလုပ်ကြချေ။
အရက်သောက်၍ မူးလာလိုက်၊ အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလိုက်၊ ပြန်သောက်လိုက်၊ မူးလာလိုက်၊ ပြန်အိပ်ပျော်သွားလိုက်နှင့် တောက်လျှောက်ကို သံသရာလည်နေကြလေသည်။ ထောင်နှင့်ချီသော ကျင့်ကြံသူများသည် ခန်းမထဲ၌ အရက်ခွက်ကို ကိုင်ကာ လျှောက်သွားကြရင်း ပျော်ရွှင်စွာဖြင့် ခွက်ချင်းတိုက်ကာ တစ်ခွက်ပြီး တစ်ခွက် သောက်နေကြသည်။ လက်ရှိအချိန်တွင်တော့ အကုန်လုံးမှာ အခြား ဘာဆိုဘာမျှ စိတ်မဝင်စားကြဘဲ ဤအခမ်းအနားပွဲပေါ်တွင်သာ အပြည့်အဝ အာရုံရောက်နေကြလေသည်။
ရန်ကိုင်သည် သူနှင့် အရက်ခွက်ချင်း လာတိုက်သည့် လူတိုင်းအား ငြင်းဆန်ခြင်းမရှိဘဲ အရက်ခွက်ချင်း ပြန်တိုက်ကာ သောက်ပေးပေသည်။ မည်သူပင် သူ့အား အရက်ခွက် လာတိုက်စေကာမူ ရန်ကိုင်သည် ပြန်၍ သောက်ပေးလေသည်။ ထိုသို့ဖြင့် သောက်လာလိုက်ရာ ရန်ကိုင် သောက်ခဲ့သည့် အရက်ခွက်များမှာ ရေတွက်၍ပင် မရတော့ပေ။ စီနီယာများနှင့်အတူ သောက်ပြီးသည့်နောက်တွင် လူငယ်မျိုးဆက်အလှည့်သို့ ရောက်လာပြီဟု ပြော၍ရပေသည်။
ရှင်းရှင်းပြောရသော် ရန်ကိုင်သည် လူကြီးမျိုးဆက်ဝင်များနှင့် သိပ်၍ မရင်းနှီးလှ။ သို့သော်ငြား လူငယ်မျိုးဆက်ဝင်များနှင့်မူ အနည်းနှင့် အများတော့ ရင်းနှီးပေသည်။
အရိပ်လခန်းမမှ ဖြစ်ကြသော လက်ထပ်ထားသည့် လင်မယားဖြစ်ကြသည့် ဝေကုချန်းနှင့် တုံရွှမ်းအာ၊ မြသွေးရောင်ဂိုဏ်းမှ တိုက်ယွမ်နှင့် ယင်စုတျယ်၊ ကောင်းကင်ဂိုဏ်းမှ ရှန်ရှီတောက်နှင့် လုယင်တို့ အားလုံးသည် ရန်ကိုင်နှင့်အတူ သေခြင်းရှင်ခြင်း အခိုက်အတန့်များကို ဖြတ်ကျော်လာခဲ့ကြသူများ ဖြစ်ကြပေသည်။
သို့ရာတွင် နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် အတူပြန်တွေ့ကြသည့်အခါ သူတို့အကြား အတားအဆီး တစ်ခုခု ခြားနေသည့်အလား ထိုလူများသည် ရန်ကိုင်နှင့် ယခင်လောက် ရင်းနှီးကြခြင်း မရှိတော့ချေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြောင့်သာ ဖြစ်လေသည်။
ကျင့်ကြံခြင်းအဆင့် ကွာဟချက်ကြောင့် အဆင့်အတန်းမှာလည်း ကွာခြားသွားသလို ဖြစ်သွားလေရာ ထိုလူများမှာ ရန်ကိုင်အား ယခင်က ဆက်ဆံသည့်အတိုင်း မဆက်ဆံတော့နိုင် ဖြစ်လာရတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူတို့အကြား အတားအဆီးတစ်ခုခု ခြားနေသလို ဖြစ်နေရခြင်း ဖြစ်လေ၏။
လူတစ်ဦးသည် ကျင့်ကြံခြင်း ခရီးလမ်းတစ်လျှောက်၌ မိတ်ဆွေများစွာ ဖွဲ့နိုင်ပေလိမ့်မည်။ သို့သော်ငြား ထိုကျင့်ကြံခြင်း ခရီးလမ်းကို ဆက်၍ လျှောက်လှမ်းနေရင်းမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် ယခင်က ရှိခဲ့ဖူးသော မိတ်ဆွေများ ထိုမျှ မရှိတော့မှန်း သဘောပေါက်သွားကြရပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ အဖိုးတန် အမှတ်တရများသည် လူတစ်ဦး၏ စိတ်အတွင်းပိုင်းတွင်သာ ကိန်းအောင်းနေကြလေသည်။ ထိုအဖိုးတန် အမှတ်တရများကို ပြန်စဉ်းစားမိလိုက်တိုင်း မည်သူမဆို ပျော်မိကြပေလိမ့်မည်။ ထို့ကြောင့် ကိုယ်နှင့်အတူ လိုက်ပါနိုင်သည့် လူအရေအတွက်မှာ နည်းပါးသွားလင့်ကစား အမှတ်တရများဟာတော့ ပျောက်ပျက်သွားခြင်းမရှိဘဲ ကျန်ရှိနေပေလိမ့်မည်။
"ဂိုဏ်းချုပ်အတွက် ကျွန်မ တစ်ခွက်လောက် ဂုဏ်ပြုပေးချင်တယ်၊ ဂိုဏ်းချုပ်ကြောင့်သာ မဟုတ်ရင် ကျွန်မ အခုချိန်ထိ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး၊ ကျွန်မ အခုလိုမျိုး အေးအေးဆေးဆေး နေနိုင်ရတာလည်း ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကြောင့်ပဲ၊ ဒါကြောင့် ဂိုဏ်းချုပ်ကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခွက်လောက်တော့ အနည်းဆုံး ဂုဏ်ပြုပေးချင်တယ်"
သူ့အရှေ့ရှိ အမျိုးသမီးကို ကြည့်ရင်း ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် အရက်ခွက်ကို မော့ချကာ ပြန်ပြောလိုက်လေသည်။ "ယွင်အာ အဆင်ပြေနေတယ်"
ထိုစကားကို ကြားသည့်အခါ ဟွမ်ကျွမ်း၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် ကြည့်လာခဲ့သည်။
"ကျုပ် မကြာသေးခင်ကမှ သူနဲ့ တွေ့ခဲ့တာ၊ သူအခု အပျိုဖားဖားလေး ဖြစ်နေပြီ" ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သို့သော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်သည် လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်နေသည့်အတွက်ကြောင့် သူ့ဘက်မှ လေသံတိုးတိုးဖြင့် ပြောနေသည့်တိုင် လူတိုင်းမှာတော့ သူပြောသည့်စကားကို သေသေချာချာ ကြားလိုက်ကြရပေသည်။
"သူ အရွယ်ရောက်လာပြီလား" ဟွမ်ကျွမ်း၏ အကြည့်ထဲတွင် တောင်းတသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သူမ စိတ်ထဲ ယခင်က သူမဆီမှ မထွက်သွားချင်ဘဲ ထွက်သွားခဲ့သော ကောင်မလေး ယခုမည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို မြင်ယောင်နေသည့် ပုံပင်။ တကယ်ဆိုလျှင် လင်းယွင်အာသည် သူမ၏ သမီးအရင်း မဟုတ်ဘဲ သူငယ်ချင်း၏ သမီးတစ်ဦး ဖြစ်ပေသည်။ လင်းယွင်အာ၏ မိဘများ အသတ်ခံလိုက်ရပြီးသည့်နောက်တွင် ဟွမ်ကျွမ်းသည် လင်းယွင်အာကို ခေါ်ယူမွေးစားထားခဲ့သည်။ ရန်ကိုင်နှင့် တွေ့ပြီးသည့်နောက် ရန်ကိုင်သည် ဟွမ်ကျွမ်းနှင့်တကွ လင်းယွင်အာကိုပါ ထက်ကောင်းကင်ဂိုဏ်းဆီသို့ ပြန်ခေါ်လာခဲ့လေသည်။ ထို့နောက်ပိုင်းတွင် ရန်ကိုင်သည် လင်းယွင်အာအား ကြယ်တာရာ အစုအဝေးဆီသို့ ခေါ်သွားခဲ့လေ၏။
ဟွမ်ကျွမ်းသည် ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ရေရွတ်လိုက်လေသည်။ "သူ အဆင်ပြေနေတာကို ကြားရတာနဲ့တင် အဆင်ပြေပါပြီ" မျက်ရည်စများမှာတော့ ဟွမ်ကျွမ်း၏ ပါးပြင်တစ်လျှောက် ထိန်းမရအောင် စီးကျလာခဲ့လေသည်။ သူမအနေဖြင့် မျက်ရည်များကို မည်သို့ပင် သုတ်နေစေကာမူ အသစ်အသစ်သော မျက်ရည်များမှာ ဆက်၍ စီးကျလာနေလေ၏။ ဟွမ်ကျွမ်းမှာ တစ်ကိုယ်တည်းသမားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမ၏ သမီးရင်းသဖွယ် ချစ်မြတ်နိုးရသော တစ်ဦးတည်းသော ဖြစ်သည့် လင်းယွင်အာနှင့် ပတ်သက်၍ အမှန်တကယ်ကို စိတ်ပူရပေသည်။ သို့သော်ငြား ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ရန်ကိုင်အား ထိုအကြောင်းကို သွားမေးနေ၍ အဆင်မပြေသည့်အတွက်ကြောင့် လင်းယွင်အာ မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သိချင်စိတ် ဖြစ်မိသည့်တိုင် သွားမမေးခဲ့ဘဲ မျိုသိပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
"အခု သူ့ခွန်အားက ကျုပ်နဲ့ အဆင့်တူ ဖြစ်နေပြီ" ရန်ကိုင်က ပြုံး၍..."ပြီးတော့ မဟာဧကရာဇ်တစ်ပါးက သူ့ကို တပည့်အဖြစ် လက်ခံထားတယ်၊ ဒီတော့ ဒီလောကကြီးထဲမှာ သူ့ကို ရန်စရဲတဲ့လူဆိုလို့ သိပ်မရှိတော့ဘူး"
[မဟာဧကရာဇ်] လူတိုင်းမှာ ရန်ကိုင်ပြောသည့်စကားကို သေချာ အာရုံစိုက်နေကြလေရာ ရန်ကိုင်မှ မဟာဧကရာဇ်အကြောင်း ပြောလာသည်နှင့် တစ်ပြိုင်နက် အကုန်လုံးမှာ စိတ်ဝင်စားသွားကြလေ၏။ သို့သော်ငြား မဟာဧကရာဇ်သည် မည်ကဲ့သို့သော လူမျိုးအား ကိုယ်စားပြုသလဲဆိုသည်ကိုတော့ သူတို့ မသိကြပေ။
ထိုသို့ပင် ဖြစ်လင့်ကစား ဤဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်ဆိုသည့် ပညာရှင်ကြီးတစ်ပါး ရှိခဲ့ဖူးပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လူတိုင်းမှာ ထိုကြယ်တာရာကောင်းကင် မဟာဧကရာဇ်သည် လင်းယွင်အာ၏ ဆရာ ဖြစ်လေမလားဟု တွေးမိသွားကုန်ကြလေ၏။
ရန်ကိုင်သည် အရက်ခွက်ကို ကိုင်၍ ထိုင်ခုံမှ ထလိုက်လေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးသည့်နောက် အော်ပြောလိုက်လေ၏။ "ကျုပ် အခု ဘယ်အဆင့်ကို ရောက်နေလဲဆိုတာကို ခင်ဗျားတို့ သိချင်နေကြမှာပေါ့၊ ဟုတ်တယ်မလား"
လူတိုင်းမှာ အမှန်တကယ်ကို သိချင်နေပေသည်။ ရန်ကိုင် ဤကြယ်စီရင်စုထဲမှ ထွက်သွားစဉ်က တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။ ယခု နှစ်ပေါင်းများစွာကြာအောင် အပြင်လောကကြီးထဲ ခြေဆန့်နေပြီးသည့်နောက်တွင် သူ့အနေဖြင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်တွင်သာ ရပ်နေတော့လိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်ပေါင်းများစွာ ရှိကြပါသော်ငြား ရန်ကိုင်၏ အဆင့်ကို မည်သူမျှ မမြင်နိုင်ကြပေ။ ရန်ကိုင်၏ ကျင့်ကြံခြင်းကို မမြင်နိုင်ရခြင်းမှာ ရန်ကိုင်သည် ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့်ဟု ပြောလျှင်တော့ အပြည့်အဝ မမှန်ပေ။ ထိုသို့ဖြစ်ရသည့် အခြားသော အကြောင်းအရင်းတစ်ခု ရှိနေရပေလိမ့်ဦးမည်။ ထိုအကြောင်းအရင်းမှာ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတို့ထက် အစပေါင်းများစွာ ပိုမို မြင့်မားနေခြင်းသာ ဖြစ်လေသည်။
သို့သော်ငြား ယခုကဲ့သို့သော အချိန်မျိုးတွင် မည်သူမျှ ထိုအကြောင်းကို ရန်ကိုင်အား သွားမမေးရဲခဲ့ပေ။ ရီရှီယွင်သည်ပင်လျှင် မမေးရဲခဲ့။ အကုန်လုံးမှာ ရန်ကိုင်အား အသက်မရှူတမ်း ကြည့်နေကြလေသည်။ ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေလေ၏။
"တန်ခိုးရှင်ဘုရင်အဆင့်ရဲ့ အထက်မှာ တာအိုသခင်အဆင့် ရှိတယ်၊ အဲဒီအဆင့်ရဲ့ အထက်မှာတော့ ဧကရာဇ်အဆင့် ရှိတယ်၊ ကျုပ်က အခု ဧကရာဇ် ပထမအဆင့်ပဲ"
တာအိုသခင်အဆင့်။
ဧကရာဇ်အဆင့်။
ထိုနာမည်နှစ်ခုသည် ခန်းမထဲတွင် ရှိနေသည့် လူတိုင်းအား အရိုးထဲ အသည်းထဲအထိ တုန်လှုပ်သွားစေခဲ့သည်။ အကုန်လုံးမှာ ကန့်သတ်ထားခံရသည့် အချုပ်အနှောင်များမှ လွတ်ထွက်လာပြီး သူတို့အရှေ့ရှိ ပိတ်နေသည့် တံခါးကြီးမှာလည်း တဖြည်းဖြည်း ပွင့်လာခဲ့ကာ သူတို့ရှေ့ ကမ္ဘာသစ်တစ်ခု ပေါ်လာသည့်အလား ခံစားနေရလေသည်။
"ကျုပ် နေနေတဲ့နေရာကို ကြယ်တာရာ အစုအဝေးလို့ ခေါ်တယ်၊ ရှင်းရှင်းပြောရရင်တော့ အဲဒီနေရာက ဘယ်ကြယ်စီရင်စုထက်မဆို ပိုအဆင့်မြင့်တဲ့ နေရာတစ်ခုပဲ၊ အဲဒီနေရာမှာ တန်ခိုးရှင်ဘုရင်အဆင့်တွေကို နေရာတိုင်းလိုလိုမှာ တွေ့ရတယ်၊ တာအိုသခင်အဆင့်လောက် ရောက်မှပဲ နည်းနည်းပါးပါး ခြေကုပ်ယူလို့ ရတာ၊ ဧကရာဇ်အဆင့် ပညာရှင်တွေကတော့ ထိပ်သီး ပညာရှင်ကြီးတွေပေါ့၊ ဒါပေမဲ့ အဲဒီအဆင့် ရောက်မယ်ဆိုရင်တောင် မော်ကြွားမော်ကြွား လုပ်နေလို့ကတော့ အခန့်မသင့်ရင် အသတ်ခံရမှာပဲ" ရန်ကိုင်က ပြောလိုက်သည်။
ထိုစကားကို ကြားသော် အကုန်လုံး ရယ်ရယ်မောမော ဖြစ်သွားခဲ့ကြလေ၏။ သို့သော်ငြား ရန်ကိုင်ပြောသွားသည့် စကားများသည် သူတို့အား အမှန်တကယ်ကို တုန်လှုပ်သွားစေခဲ့လေသည်။ အထူးသဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ဤကြယ်စီရင်စုကြီး၏ ထိပ်သီးပညာရှင်များ ဖြစ်ကြသည်။ ထိုအတွက်ကြောင့် သူတို့ကိုယ်သူတို့ တကယ်ပညာရှင်ကြီးများဟု မှတ်ယူခဲ့ကြပေသည်။ သို့သော်ငြား သူနေသည့် နေရာတွင်တော့ သူတို့ကဲ့သို့သော ပညာရှင်မျာသည် လမ်းဘေးဈေးရှိ ဂေါ်ဖီထုပ်များနှယ် ပေါပေါသောသော ရှိနေကြောင်း ရန်ကိုင်မှ ပြောလာခဲ့သည်။
ထိုအတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ၏ ယုံကြည်ချက်များမှာ အတော်လေးကို ယိုင်နဲ့သွားခဲ့ကြရလေသည်။ တစ်ချိန်တည်းတွင်လည်း တန်ခိုးရှင်ဘုရင်အဆင့်အထက်၌ အခြားသောအဆင့်များ ထပ်ရှိနေသေးကြောင်း ကြားသိလိုက်ရပြီးသည့်နောက် အကုန်လုံးမှာ ထိုအဆင့်သို့ ရောက်လျှင် မည်ကဲ့သို့များ ဖြစ်လာလိမ့်မလဲဟု တွေးရင်း စိတ်လှုပ်ရှားလာကြလေ၏။
"ပြောသာပြောရတာ ဧကရာဇ်အဆင့်တွေက အားအကောင်းဆုံး မဟုတ်သေးဘူး၊ ရှင်းရှင်းပြောရရင်တော့ ကြယ်တာရာ အစုအဝေးမှာ အားအကောင်းဆုံးက မဟာဧကရာဇ် ဆယ်ပါးပဲ၊ အဲဒီမဟာဧကရာဇ် ဆယ်ပါးက တကယ်ထိပ်သီး ပညာရှင်ကြီးတွေလို့ ပြောလို့ရတယ်၊ လေနဲ့မိုးကို ဆင့်ခေါ်နိုင်တာလည်း သူတို့တွေပဲ၊ အခု ကျုပ်တောင် မဟာဧကရာဇ်တစ်ပါး ဘယ်လောက်အထိ အားကောင်းလဲဆိုတာကို မပြောနိုင်သေးဘူး"
ထိုစကားကို ကြားသော် အကုန်လုံး အသက်မရှူနိုင် ထပ်ဖြစ်သွားကြလေသည်။ ဧကရာဇ်အဆင့်သည်ပင်လျှင် သူတို့လက်လှမ်းမမီနိုင်လောက်သည့် အဆင့်တစ်ခု ဖြစ်နေပြီဖြစ်လေရာ မဟာဧကရာဇ်များသာ ဆိုလျှင်တော့ မည်သို့ပင် ဖြစ်လေမည်နည်း။ သူတို့ စိတ်ပင်မကူးရဲတော့ပေ။
ရန်ကိုင်သည် ဟွမ်ကျွမ်းဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "ယွင်အာရဲ့ ဆရာက သံမဏိသွေး မဟာဧကရာဇ်ပဲ"
အကုန်လုံးသည် ဟွမ်ကျွမ်းဘက်သို့ မနာလိုအားကျစွာဖြင့် ကြည့်လာကြလေသည်။
လင်းယွင်အာ၏ ဆရာသည် မဟာဧကရာဇ်တစ်ပါး ဖြစ်သည်ဟု ပြောစဉ်က မဟာဧကရာဇ်တစ်ပါးဆိုသည်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ကိုယ်စားပြုမှန်း ဤနေရာရှိလူများ နားမလည်ကြ။ သို့သော်ငြား ရန်ကိုင် ရှင်းပြသည်ကို ကြားပြီးသည့်နောက်တွင် မဟာဧကရာဇ်များသည် ဤလောကကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပညာရှင်များမှန်း အကုန်လုံး နားလည်သွားကုန်ကြလေသည်။
လင်းယွင်အာသည် မည်မျှ ကံကောင်း၍များ မဟာဧကရာဇ်တစ်ပါးကို ဆရာတင်ထားနိုင်ရလေသနည်း။ ထိုမျှ အားကောင်းလှသော နောက်ခံရှိနေပြီဖြစ်လေရာ ကြယ်တာရာ အစုအဝေးထဲရှိ မည်သူကများ သူမအား ရန်စရဲပါဦးမည်နည်း။ ထို့အပြင် သူမ၏ နောင်ရေးမှာလည်း အလွန်ကိုမှ အဆင်ပြေ ဖြောင့်ဖြူးသွားပြီဟု ပြော၍ရပေသည်။ မဟာဧကရာဇ်တစ်ပါးကို ဆရာတင်ထားရသည့်အတွက်ကြောင့် လင်းယွင်အာအနေဖြင့် မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုတော့ဘဲ ကြယ်တာရာ အစုအဝေးထဲ ခေါင်းမော့ ရင်ကော့ကာ သွားနိုင်လေပြီ။
ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည်။ "ကြယ်တာရာ အစုအဝေးက မရောက်နိုင်တဲ့ နေရာတော့ မဟုတ်ပါဘူး"
ထိုအခိုက်အတန့်မှာပင် ထိုလူများ၏ အကြည့်ထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် လူတိုင်း အသိပြန်ဝင်လာကုန်ကြလေသည်။
[သူ ထွက်မသွားခင် ပြောသွားတာ ဘာကိုပြောချင်နေတာလဲ] လူတိုင်းမှာ ရန်ကိုင်အစောပိုင်းက ပြောသွားသည့်စကားကို ပြန်လည်သုံးသပ်နေကြလေသည်။
[ဟုတ်တာပဲ သူ ကြယ်တာရာ အစုအဝေးဆီ ထွက်သွားတာ တော်တော်လေး ကြာနေပြီ၊ အခုလိုမျိုး ပြန်လာနိုင်တယ်ဆိုတော့ နောက်တစ်ကြိမ် ပြန်သွားနိုင်မှာပဲ၊ ဒီတစ်ကြိမ်ကျရင် သူနဲ့အတူ လူအချို့ကိုပါ ခေါ်သွားရင် ခေါ်သွားနိုင်မှာ] ထိုအတွေး သူတို့စိတ်ထဲ ရောက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ စိတ်လှုပ်ရှားလာကြတော့လေသည်။ ထို့နောက် အကုန်လုံး၏အကြည့်သည် ရီရှီယွင်ဆီသို့ ရောက်လာခဲ့ကြသည်။ လူတိုင်းမှာ ရီရှီယွင်အနားသို့ ကပ်ကာ ကြယ်တာရာ အစုအဝေးဆီသို့ မည်ကဲ့သို့ သွားရမလဲဆိုသည်ကို စတင်မေးမြန်းကြတော့လေသည်။
ရီရှီယွင်မှာတော့ သူမ ဘေးတွင် အုံခဲနေသည့် လူအုပ်ကြီးကို ကြည့်ရင်း စိတ်ညစ်ညစ်ဖြင့် နဖူးပေါ်သာ လက်တင်နေလိုက်တော့လေသည်။ သူမ ဘေးနားရှီ ပူညံပူညံ အသံများကို သည်းမခံနိုင်တော့သည့်အဆုံး ထအော်တော့လေ၏။ "ငါလည်း ဘာမှမသိဘူး၊ နင်တို့ နောက်တစ်ကြိမ် ငါ့အနားမှာ လာပြုံရဲပြုံကြည့်၊ နင်တို့အားလုံးကို သင်ခန်းစာ ပေးပစ်မှာ"
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားတော့လေသည်။ ထို့နောက်တွင် ရီရှီယွင်သည် နှာခေါင်းတစ်ချက် ရှုံ့လျက် အရက်တစ်ပုလင်းကို ကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်လေ၏။ ထိုအချင်းအရာကို မြင်သော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ကြောင်သွားကုန်ကြတော့လေသည်။ သူတို့ ရီရှီယွင်ကို သိလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ရီရှီယွင် အရက်သောက်သည်ကို တစ်ခါမျှ မမြင်ဖူးကြ။ သို့သော်ငြား ရီရှီယွင် အရက်သောက်သည့် အခါမျိုးတွင်လည်း ယခုကဲ့သို့ အရက်ပုလင်းတစ်ပုလင်းလုံးကို တစ်ပြိုင်တည်း မော့ချကာ သောက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ ထိုအတွက်ကြောင့် ရီရှီယွင် အရက်တစ်ပုလင်းလုံးအား တစ်ပြိုင်နက်တည်း မော့ချသွားသည်ကို မြင်လိုက်သည့်အခိုက်တွင် အကုန်လုံးမှာ အနည်းငယ် အံ့အားသင့်သွားကုန်ကြလေသည်။
…
အထက်ကောင်းကင်ဂိုဏ်းထဲရှိ ကျောက်စိမ်းသစ်ပင် တောင်ထွတ်ပေါ်တွင် ရန်ကိုင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထို့နောက် သူ့အရှေ့တွင် ရှိနေသော အိမ်ဆီသို့ လျှောက်သွားကာ တံခါးကို ခေါက်လိုက်သည်။
တစ်ခဏအကြာ၌ အခန်းတံခါး ပွင့်သွားခဲ့ပြီး ဖရိုဖရဲဖြစ်နေသော ပုံစံနှင့် ရန်ရင်ဖုန်း ပေါ်လာခဲ့လေသည်။
"အဖေ" ရန်ရင်ဖုန်း၏ မျက်နှာနှင့် လည်ပင်းရှိ အရာများကို ကြည့်ရင်း ရန်ကိုင်၏ မျက်နှာထက်ရှိ အပြုံးမှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် သတိထား၍ မေးလိုက်လေ၏။ "အဖေ မယားငယ် ထားနေတာလား၊ အမေရော သိရဲ့လား၊ အဖေ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရူးရတာလဲ၊ အမေသာ သိသွားရင် သားတို့ နှစ်ယောက်စလုံး အရိုက်ခံရမှာ၊ အိမ်ထဲက အဲဒီအမျိုးသမီးက ဘယ်သူလဲ"
"နင့်အမေပဲဟေ့" အိမ်ထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်လာခဲ့လေသည်။
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် လည်ပင်းလေး ကျုံ့ဝင်သွားခဲ့သည်။ ရနရင်ဖုန်းသည် ရန်ကိုင်အား စိုက်ကြည့်နေရင်းမှ သူ့နှုတ်ခမ်းကို လှုပ်စိလှုပ်စိ လုပ်လိုက်သည်။ အသံ ထွက်မလာခဲ့ပါသော်ငြား နှုတ်ခမ်းလှုပ်သွားသည့် ပုံစံကို ကြည့်ရသလောက် 'ကောင်လေး မင်းတော့ သေပြီသာ မှတ်ပေတော့'ဟု ပြောနေသည့် ပုံစံပင်။ ထို့နောက် ရန်ရင်ဖုန်းသည် အခန်းတံခါးကို ပြန်ပိတ်ရန် ပြင်လိုက်လေသည်။
ရန်ကိုင်သည် ရန်ရင်ဖုန်း အခန်းတံခါး ပိတ်တော့မည်ကို အလျင်စလို လှမ်း၍ တားလိုက်သည်။ ထို့နောက် သူ့အဖေလက်ကို ကိုင်၍ တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် ကြည့်လိုက်လေ၏။
[သားကို ကယ်ပါဦး]
သို့ရာတွင် ရန်ယင်ဖုန်းကမူ ရန်ကိုင်အား စိုက်သာ ကြည့်နေခဲ့လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အဖေ၊ သားကို ကယ်မှရမှာနော်၊ သားက အဖေ့ရဲ့ တစ်ဦးတည်းသော သားပဲ၊ ကိုယ့်သား သေတော့မှာကိုတောင် ဘယ်လိုလုပ်ပြီး ဒီအတိုင်း ရပ်ကြည့်နေရက်ရတာလဲ"
ရန်ကိုင်သည် အရိပ်ကြယ်သို့ ပြန်လာပြီးသည့်နောက် သူ့မိဘများကို လာမတွေ့ရုံမက တစ်လလုံး လူလုံးပျောက်နေခဲ့သည်။ ထိုအတွက်ကြောင့် သူ့အမေ ဤမျှ ဒေါသထွက်နေသည်မှာလည်း အဆန်းတော့ မဟုတ်။ တကယ်ဆိုလျှင် ရန်ကိုင်ကိုယ်တိုင်သည်လည်း အရိပ်ကြယ်၏ ဗဟိုချက်ထဲ၌ ထိုမျှကြာအောင် အချိန်ဖြုန်းခဲ့မိလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ ကျူးကျော်လာသူများကို မြန်မြန်ရှင်းပစ်၍ မြန်မြန်ပြန်လာနိုင်မည်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား မမျှော်လင့်ထားသည့် အဖြစ်အပျက်များကြောင့် သူ့အစီအစဉ်မှာ နှောင့်နှေးသွားခဲ့ရသည်။
ရန်ယင်ဖုန်းသည် ရန်ကိုင်၏ ပခုံးကို ပုတ်ပေးရင်းမှ ကျေနပ်ပီတိဖြစ်နေသည့် အမူအရာဖြင့်... "ဆုသာ တောင်းပေတော့ဟေ့"
ရန်ကိုင် ကူကယ်ရာမဲ့သွားရတော့လေသည်။ ချက်ချင်းပဲ ဖားဖားယားယား ပြုံး၍ ပြောလိုက်လေ၏။ "အမေ၊ သား ရောက်လာတယ်၊ အထဲဝင်လာလို့ ရမလား"
အိမ်ထဲမှ ဒေါင်စုကျု၏ အသံ ထွက်လာခဲ့လေသည်။ "နင် ဘယ်သူလဲ၊ ငါတို့မှာ နင့်လို သားမျိုး မရှိဘူး၊ ငါတို့ဘာသာ ငါတို့ အေးအေးဆေးဆေး ပျော်နေတာကို လာမရှုပ်နဲ့၊ အခု ထွက်သွားလိုက်"
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ "အမေ၊ သားကို မမှတ်မိတော့တာလား၊ အမေ့ရဲ့သား ရန်ကိုင်လေ"
ဒေါင်စုကျုက ပြန်ပြောလိုက်လေသည်။ "ငါ နင့်ကို သိလို့လား"
ရန်ကိုင် ဆက်မပြောနိုင်သေးခင်မှာပင် ရန်ရင်ဖုန်းက ဝင်ပြောလိုက်လေသည်။ "အရင် ထွက်သွားလိုက်၊ အခုလောလောဆယ် မင်းအမေ ဒေါသထွက်နေတယ်၊ သူ့ကို နည်းနည်းပါးပါး ဒေါသပြေသွားအောင် သွားလုပ်ပေးလိုက်ဦးမယ်၊ မိန်းမတွေက သူတို့ကို စိတ်ကျေနပ်သွားအောင် လုပ်ပေးနိုင်တော့မှပဲ စိတ်ပြေတာကွ”
ထိုစကားကို ကြားသော် သူ့အဖေပြောသည်မှာ ယုတ္တိရှိသည်ဟု ရန်ကိုင် ခံစားလိုက်ရလေသည်။ ထိုအတွက်ကြောင့် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ကာ သူ့အဖေလက်ထဲသို့ ထည့်ပေးလိုက်လေသည်။
"ဘာကြီးလဲ" ရန်ယင်ဖုန်းသည် ကျောက်စိမ်းပုလင်းကို ကြည့်ရင်းမှ ရန်ကိုင်အား မေးလိုက်လေသည်။
"နဂါးတစ်ကောင်လို သန်စွမ်းစေတဲ့ ဆေးပဲ" ရန်ကိုင်က မျက်ခုံးပင့်၍ ပြောလိုက်သည်။ သူ့ဘက်မှ ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက် ပုလင်းထဲရှိ ဆေးလုံးသည် မည်ကဲ့သို့သော ဆေးလုံးဖြစ်သလဲဆိုသည်ကို ရန်ရင်ဖုန်း နားမလည်စရာ အကြောင်းမရှိတော့ချေ။
ရန်ရင်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ကျောက်စိမ်းပုလင်းကို သိမ်းထားလိုက်သည်။
[ငါ့သားဆိုတဲ့အတိုင်းပဲ တကယ်တော်တဲ့ကောင်ပဲကွာ၊ သားက ဒီလို သိတတ်နေမှတော့ ငါကပဲ အနစ်နာခံပြီးတော့ ငါ့ခန္ဓာကိုယ်နဲ့ အိမ်ထဲက ကျားမလေးကို စိတ်ပြေသွားအောင် လုပ်ပေးရသေးတာပေါ့] ထိုသို့တွေးပြီးသည့်နောက် ချက်ချင်းပဲ တံခါးကို ပိတ်ကာ အထဲသို့ ပြန်ဝင်သွားလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၂၇)
ဘာသာပြန်သူ_တိမ်တိုက်
ထက်ကောင်းကင်ဂိုဏ်းထဲရှိ အဓိကတောင်ပေါ်တွင် နန်းတော်တစ်လုံး ရှိပေသည်။ ထိုနေရာတွင် ရန်ကိုင် မနေတော့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်သော်ငြား နန်းတော်မှာတော့ ဖုန်များကင်းစင်နေဆဲ။
စုယန်သည် ပြတင်းပေါက်ဘေးနားတွင်ထိုင်ရင်း လက်ပေါ်မေးတင်ကာ အပြင်ဘက်သို့ ငေးနေခဲ့သည်။ ယခင်က အတိတ်အကြောင်းများကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် သူမ၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
တစ်ခုခု အာရုံခံမိလိုက်သည့်အလား နောက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင်သည် တံခါးဘောင်ကိုမှီရင်း သူမအား ငေးကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
“ပြန်လာပြီလား” စုယန် ထိုင်ရာမှ ထလိုက်သည်။ ခြေတစ်လှမ်း၊ နှစ်လှမ်း လှမ်းပြီးရုံတင်ရှိသေး၊ ရန်ကိုင်သည် သူမရှေ့တွင် ရုတ်တရက်ကြီး ပေါ်လာပြီး သူမ၏ ခါးကို သိမ်းကျုံးဖက်လိုက်သည်။ ထို့နောက် အရှေ့သို့ မှီချလိုက်ရာ သူမ၏ ရင်ဘတ်နှင့် သူ့ရင်ဘတ် ကပ်သွားခဲ့လေသည်။
“စီနီယာအစ်မက အရမ်းလှတာပဲ” ရန်ကိုင်သည် သူ့ရှေ့ရှိ အမျိုးသမီးကြည့်ရင်း ချီးမွမ်းစကားဆိုလိုက်လေသည်။ သူမ၏ ဖြောင့်စင်းလှသည့် နှာတံလေးနှင့် နှုတ်ခမ်းဖူးဖူးလေးကိုကြည့်ရင်း ရန်ကိုင်မှာ သူ့စိတ်သူ မထိန်းနိုင်တော့ဘဲ ကောက်နမ်းချလိုက်လေ၏။
စုယန်သည် ရန်ကိုင်နှုတ်ခမ်းနှင့် သူမနှုတ်ခမ်းကြား လက်ဖြင့် ကောက်ကာလိုက်ရင်းမှ ပြောလိုက်၏ “နံလိုက်တာ၊ နင်ဘယ်လောက်တောင် သောက်လာတာလဲ”
ရန်ကိုင်က ပြုံးလျက် “ဘယ်လောက်မှ မဟုတ်ပါဘူး၊ တစ်ယောက်ကို တစ်ခွက်နှုန်းနဲ့ သောက်ပေးခဲ့ရုံပဲ”
“ထိုင်လိုက်” စုယန်သည် ရန်ကိုင်အား ကုတင်ဆီသို့ ဆွဲခေါ်သွားပြီး ပြောလိုက်သည်။
ရန်ကိုင်လည်း စုယန်ပြောသည့်အတိုင်း ကုတင်ပေါ် ထိုင်ချလိုက်သည်။ စုယန်သည် သူမ အသင့်ပြင်ထားသည့် ရေဇလုံးတစ်ခုလုံးကို ယူလာ၍ မျက်နှာသုတ်ပါဝါကို ရေညစ်ကာ ရန်ကိုင်၏ မျက်နှာကို ဆေးကြောပေးလိုက်လေ၏။ ရန်ကိုင်သည် စုယန် လုပ်ပေးသမျှကို ငြိမ်ခံနေခဲ့လေသည်။
ပြီးသွားသည့်နောက်၊ စုယန်မှ ရေဇလုံးကိုသယ်၍ ထွက်သွားရန် ပြင်လိုက်စဉ်၊ ရန်ကိုင်သည် စုယန်၏ လက်ကို လှမ်းဆွဲ၍ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ ရေဇလုံးလည်း အောက်သို့ ပြုတ်ကျသွားခဲ့ရလေသည်။ ရေများ ကြမ်းပြင်ပေါ်သို့ မကျခင် ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ချက်ချင်း ထိုင်ရာမှထ၍ စုယန်ကို အောက်တွင်ထားကာ အပေါ်စီးမှနေလျက် စုယန်ကို ဆာလောင်နေသည့် သားရဲတစ်ကောင်မှ စားတော့ဝါးတော့မတတ် ကြည့်နေသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်၏။
စုယန်မှမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက်မှ ရန်ကိုင်နှင့် အကြည့်ချင်း မဆိုင်ရဲသည့်အလား အကြည့်လွှဲထားခဲ့သည်။
စုယန်၏ ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်မှ စတင်၍ စိတ်ကြွလာခဲ့ရသည်။ သူတို့နှစ်ဦး လင်နှင့်မယား ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သလို ကြိမ်ဖန်ပေါင်းများစွာ ချစ်ပွဲဝင်ခဲ့ကြသည့်တိုင် စုယန်သည် သူ့ရှေ့၌ ယခုကဲ့သို့ ရှက်နေပေသေးသည်။ အမျိုးသမီးတစ်ဦး ဖြစ်သည့်အလျောက် ယခုကဲ့သို့ ရှက်တတ်သည်မှာ အဆန်းမဟုတ်ပါသော်ငြား သူမပုံစံကိုကြည့်ရင်း ရန်ကိုင်မှာ ပို၍ စိတ်ကြွလာခဲ့ရလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် စုယန်၏မေးကိုကိုင်၍ သူမ မျက်နှာကို သူ့ရှေ့တည့်တည့်သို့ လှည့်ခိုင်းလိုက်သည်။
စုယန်သည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာခဲ့လေသည်။ စုယန်သည်သာ ရှန်ချင်းလော့ကဲ့သို့ ညို့ဓါတ်ပြင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်လျှင် မည်မျှပင် စိတ်ဝင်စားစရာ ကောင်းလိုက်လေမည်နည်း။ စုယန်ကဲ့သို့သော အေးစက်စက် မျက်နှာထားနှင့် အမျိုးသမီးတစ်ဦးမှ သူ့အား ဖြာယောင်မည်ဆိုသည့်အကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်ကိုယ်ထဲရှိ ရမ္မက်မီးတောက်တို့မှာ ပေါက်ကွဲတော့မည့် မီးတောင်ရှင်တစ်လုံးပမာ ထိန်းမရသိမ်းမရ ထကြွလာခဲ့လေသည်။
ထိုအတွေးနှင့် ရန်ကိုင်၏ အကြည့်မှာလည်း ပို၍ စူးရှလာတော့လေသည်။
စုယန်မှာ ဆက်၍ သည်းမခံနိုင်တော့သည့်အဆုံး မေးလိုက်လေသည် “နင့်မိဘတွေနဲ့ တွေ့ပြီးသွားပြီလား၊ နင့်အမေ နင့်ကို အရမ်းလွမ်းနေတာ”
“အခုလေးတင် သူတို့ကိုတွေ့ပြီး ပြန်လာတာ” ရန်ကိုင်၏လက်သည် စုယန်၏ မေးစေ့ဆီမှ သူမ၏ နားသီးနားဆီသို့ ရောက်သွားခဲ့သည်။ စကားပြောနေရင်းမှ ရန်ကိုင်သည် စုယန် နားနားသို့ကပ်၍ သူမ၏နားသီးလေးကို လေပူများဖြင့် မှုတ်ချလိုက်လေသည်။
စုယန်၏ ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့လေ၏။ သို့တိုင် စုယန်သည် အံကိုကြိတ်ထားရင်းမှ ထပ်မေးလိုက်လေသည် “နင့်အမေ နင့်ကို မဆူဘူးလား”
စုယန်သည် လွန်ခဲ့သည့် တစ်လလုံးလုံး ဒေါင်စုကျုနားတွင် ရှိနေခဲ့လေရာ ဒေါင်စုကျု မည်သည့်ကိစ္စနှင့် ပက်သက်၍ အလွန်ကိုမှ မကျေမနပ် ဖြစ်နေသလဲဆိုသည်ကို သူမ သိပေသည်။
“ဆူရင် ပိုကောင်းမှာ”
“အခု ဘာဖြစ်လာလို့လဲ”
ရန်ကိုင်က စိတ်ဓါတ်ကျနေဟန်ဖြင့် “အခု ငါ့ကို သားအဖြစ်တောင် မသတ်မှတ်တော့ဘူး”
စုယန်က မျက်နှာကြီးမဲ့လျက် “နည်းတောင် နည်းသေးတယ်”
ရန်ကိုင်က စုယန်အား စိုက်ကြည့်၍ “စီနီယာအစ်မက ငါဒုက္ခရောက်တာကို ပျော်နေတာလား”
စုယန်က ပြန်ပြောလိုက်သည် “နင့်ကို တွေ့ရင် သင်ခန်းစာပေးဖို့ နင်အမေ ငါ့ကိုတောင် ပြောထားသေးတယ်...”
“ငါကို သင်ခန်းစာပေးမှာ...” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့ပြီး ပြောင်ချော်ချော် အမူအရာဖြင့် “ဘယ်လိုသင်ခန်းစာပေးမှာလဲ၊ စီနီယာအစ်မ တစ်ချက် ပြောပြပါလား၊ ကြိုပြီး ပြင်ဆင်ထားလို့ ရအောင်လေ”
“ငါမသိဘူး” စုယန် အကြည့်လွှဲသွားခဲ့လေ၏။ သူမ၏ လည်တိုင်လေးမှာတော့ မက်မွန်သီးပမာ ရဲတက်နေခဲ့လေသည်။
ထိုစဉ် ရန်ကိုင်သည် စုယန်၏ ရင်ဘတ်ကို လက်ဖြင့် ကောက်ပွတ်လိုက်ရာ စုယန်သည် မျက်မှောင်ကြီးကြုတ်လျက် ရန်ကိုင်အား ပြန်ကြည့်လာခဲ့၏။
“စီနီယာအစ်မက မပြောမှတော့ ငါကပဲ ပေးရတော့မှာပေါ့” ရန်ကိုင်မှာ သူ့စိတ်ရိုင်းကို ဆက်မထိန်းနိုင်တော့သည့်အဆုံး စုယန်၏ အဝတ်အစားများကို ကောက်ဆွဲဖြဲလေ၏။
ဗြီ ခနဲမြည်သံနှင့်အတူ စုယန် ဝတ်ထားသည့် အဝတ်အစား ပြဲထွက်သွားခဲ့လေသည်။ စုယန်မှာ အလန့်တကြားအော်သံပြုရင်း ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်၏။
ရန်ကိုင်သည် သူမအပေါ် တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ဖူးချေ။ ယခုမှသာလျှင် ပထဆုံးအကြိမ်အဖြစ် အကြမ်းပတမ်း ပြုလာခြင်း ဖြစ်လေသည်။ ထို့ကြောင့် ရန်ကိုင် အရက်မူးနေ၍ ယခုကဲ့သို့ ထူးထူးဆန်းဆန်း လုပ်နေသည်ဟုပင် စုယန် ထင်မိသွားခဲ့သည်။ သို့သော် သေချာကြည့်ကြည့်လိုက်သည့်နောက် ထိုသို့ မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင်၏ မျက်လုံးများသည် အရက်မူးနေသည့် လူတစ်ဦး၏ မျက်လုံးများနှင့် လုံးဝမတူ၊ သို့သော်ငြား သူ့ပုံစံသည် ယခင်ပုံစံနှင့် လုံးဝကို ကွာခြားနေခဲ့လေသည်။
အကြောင်းအရင်းအချို့မှာ စုယန်မှာ ရင်တုန်ပန်းတုန် ဖြစ်လာရသည်။ တစ်ခုခု ပြောတော့မည်အပြု ရန်ကိုင်သည် သူ့နှုတ်ခမ်းဖြင့် စုယန်၏ ပါးစပ်ကို ကောက်ပိတ်လိုက်လေသည်။
“အွင်း...” စုယန် ညီးလိုက်သည်။ သူမဘဝတွင် ယခုကဲ့သို့ အတင်းအကြပ် လုပ်ခံရသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
သူမ၏ အဝတ်အစားများ စုတ်ပြဲသွားသည့်အလျောက် သလင်းကျောက်ပမာ ချောမွတ်၍ နှင်းသားပမာ ဖြူဖွေးလှသော ကိုယ်လုံးလေး အဆီးအတားမရှိ ထွက်ပေါ်လာလေသည်။ မှိန်ဖျော့ဖျော့ ညနေရောင်အောက်ဝယ် စုယန်၏ ခန္ဓာကိုယ်လေးမှာ အရောင် ရွှန်းစိုတောက်နေလေ၏။
လက်ရှိအချိန်တွင် သံမဏိတမျှ မာကျောလှသော လက်ကြီးနှစ်ဖက်သည် သူမ၏ ခန္ဓာကိုယ်လေးအား တစစီဖြစ်အောင် ဖျက်စီးပစ်ချင်နေသည့်အလား သူမခန္ဓာကိုယ်ကို စီးလွတ်ဝါးလွတ် အကြမ်းပတမ်း ပွတ်သပ်နေခဲ့သည်။ ရန်ကိုင်သည် အနည်းငယ်မျှပင် ညှာတာမနေဘဲ အားစိုက်ထည့်ကာလုပ်နေသည့် အတွက်ကြောင့် စုယန်မှာ နာကျင်မှုကို စတင် ခံစားလာရလေ၏။ တစ်ချိန်တည်းတွင် နာကျင်မှုနှင့်အတူ ရှင်းပြမရသည့် ခံစားချက်တစ်ခုသည်ပါ သူမရင်ထဲ ပေါက်ဖွားလာခဲ့လေသည်။
ဤကဲ့သို့သော ခံစားချက်မျိုးကို သူမဘဝတွင် တစ်ခါမှ ခံစားခဲ့ရဖူးခြင်းမရှိ။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်ကြီး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး သူမ၏ အသားအရေမှာလည်း ရဲတက်လာခဲ့လေသည်။ သူမ၏ရင်ထဲ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ထားခံခဲ့ရသော စိတ်ဆန္ဒရိုင်းတို့ ပေါက်ကွဲထွက်လာသည့်အလား။
ရန်ကိုင်မှာတော့ စုယန်မှ သူ့လည်ပင်းကို ပွေ့ဖက်၍ သူ့အား အကြမ်းပတမ်း ပြန်နမ်းနေသည်ကိုကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေလေသည်။
စုယန်၏ လက်ရှိပုံစံသည် ရန်ကိုင်အား အမှန်တကယ်ကို တုန်လှုပ်သွားစေခဲ့သည်။ ရန်ကိုင်တို့နှစ်ဦး ကြိမ်ဖန်များစွာ ချစ်ရည်လူခဲ့ကြပါသော်ငြား ယခုမှသာလျှင် စုယန်သည် ပထမအကြိမ်၍ အချစ်ပွဲကို ဦးစီးဦးဆောင် လုပ်လာခဲ့ခြင်း ဖြစ်လေသည်။ စုယန် ပုံစံကို ကြည့်ရင်းမှ ရန်ကိုင်စိတ်ထဲ ဂရုဏာစိတ်တို့ ပျောက်ကွယ်သွားခဲ့ပြီး သူမခန္ဓာကိုယ်ကို အကြမ်းပတမ်း ပွတ်သပ်တော့လေ၏။ ထိုသို့ လုပ်နေရင်းမှ သူ့စိတ်ထဲ ရူးသွပ်သည့် အတွေးတစ်ခု ပေါ်လာခဲ့လေသည်။
(ငါလုပ်ချင်နေပြီ… မရတော့ဘူး၊ ငါအဲ့လိုကို လုပ်တော့မယ်)
အသံတစ်သံသည် သူ့စိတ်ထဲ အဆက်မပြတ် အော်ဟစ်နေခဲ့လေသည်။ နောက်ဆုံးတွင် ရန်ကိုင်မှာလည်း သူ့စိတ်သူ မထိန်းထားနိုင်တော့ဘဲ စုယန်အား အိပ်ရာနှင့် မျက်နှာချင်း ဆိုင်သွားအောင် ကောက်လှဲချလိုက်သည်။ စုယန်သည် စိတ်နှင့်လူနှင့် မကပ်သည့် အကြည့်မျိုးဖြင့် ရန်ကိုင်အား ပြန်လှည့်ကြည့်လာခဲ့လေသည်။
ဖြန်း... ရုတ်တရက်သူမ၏ ဖြူလွလွ တင်ပါးထက်ဝယ် လက်ဝါးရာကြီးတစ်ခု ပေါ်လာခဲ့လေ၏။
စုယန် ပင့်သက်ရှိုက်သွားခဲ့သည်။ ပါးစပ်လေးမှာလည်း အဟောင်းသားကို ဖြစ်နေသလို ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အကြောပိတ်ခံထားရသည့်အလား တောင့်တောင့်ကြီး ဖြစ်နေ၏။
ဖြန်း... သူမ၏ အခြားသော တင်းပါးထက်ဝယ် လက်ဝါးတစ်ခု ထပ်ပေါ်လာခဲ့သည်။ ယခုဆိုလျှင် လက်ဝါးရာနှစ်ခုသည် သူမ၏ တင်းပါးနှစ်ဖက်ပေါ်တွင် အချိုးညီစွာ ရှိနေခဲ့လေပြီ။
ထိုသို့ အရိုက်ခံလိုက်ရသည့်နောက် စုယန်၏ ခါးလေးမှာ ပိုလို့ကို ကောက်တက်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာလည်း နတ်ပူးခံထားရသည့်ပမာ တဆတ်ဆတ် တုန်ရီနေလေသည်။
သူမစိတ်ထဲ သူမ၏ သိက္ခာတရားကို ရေစုန်မျောသွားသလို ဆိုးဆိုးရွားရွား အရှက်ခွဲခံလိုက်ရသည်ဟု ခံစားနေရပါသော်ငြား တစ်ချိန်တည်းတွင်လည်း ထိုခံစားချက်အပေါ် သာယာနေမိလေသည်။ သေချာမစဉ်းစားမတွေးနိုင်တော့လေရာ စုယန်သည် ဆေးခြောက်ရှုထားသည့် လူတစ်ဦးပမာ သူမစိတ်တစ်ခုလုံးသည် လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေတော့လေ၏။
သူမ၏ အသိစိတ်သည် သူမအား ယခုကဲ့သို့ လုပ်မနေရန် ပြောပါသော်ငြား သူမ၏ ခန္ဓာကိုယ်မှာတော့ သူမ၏ စိတ်အလိုကို နားမထောင်ခဲ့ချေ။
ဖြန်း.. ဖြန်း... ဖြန်း... ဖြန်း...
လက်ဝါးချက်များနှင့်အတူ စုယန်၏ တင်ပါးဆုံလေးများသည် လှိုင်းလုံးလေးများပမာ ဘယ်ညာယိမ်းထိုးနေလေ၏။
နောက်ဆုံး ဆက်၍ တင်းမခံထားနိုင်တော့သည့်အဆုံး စုယန်သည် မည်သည့် ပုရိသ ယောကျာ်းသားကိုမဆို သွေးဆူဝေသွားစေနိုင်သည့် အသံမျိုးဖြင့် ထအော်ငြီးလေသည်။ စုယန်မှာ ရယ်လည်းမရယ်သလို ငိုလည်း မငိုချေ။ အရူးတစ်ယောက်ပမာ ခေါင်းကိုသာ အဆက်မပြတ် ခါရမ်းနေခဲ့ပြီး ဆံပင်များမှာလည်း သူမမျက်နှာရှေ့ ဖားလျားကျနေခဲ့၏။ မျက်ရည်များ ပါးပြင်တစ်လျှောက် လှိမ့်ဆင်းလာရင်းမှ အသနားခံလိုက်လေ၏ “မလုပ်နဲ့၊ ဂျူနီယာမောင်လေး၊ မလုပ်ပါနဲ့တော့...”
ရန်ကိုင်မှာတော့ သူ့စိတ်ရိုင်းကို မထိန်းနိုင်တော့လေရာ စုယန်၏ အသနာခံသံများကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး သူ့စိတ်ကို လုံးဝ လွှတ်ပေးထားခဲ့သည်။ သူ၏ ကြမ်းတမ်းသည့် ရိုက်ချက်များအောက်ဝယ် အသက်ပင် မရှူနိုင်ဖြစ်နေသည့် စုယန်လေးကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ မည်သို့မှန်းမသိ ကျေနပ်ပီတိ ဖြစ်နေမိ၏။
တဖြန်းဖြန်း ရိုက်သံများနှင့်အတူ စုယန်၏ အော်ငြီးသံများ အခန်းထဲ အဆက်မပြတ် ထွက်လာနေခဲ့သည်။
အချိန်အတော်ကြာသွားသည့်နောက် စုယန်၏ အော်သံမှာ တိုးလျလာခဲ့လေသည်။ တိုးသွားခြင်းပင်မဟုတ်၊ အသံမှာလည်း အနည်းငယ် ခြောက်အက်အက် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်မူ အသံပင် မထွက်နိုင်တော့သည်အထိကို ဖြစ်သွားခဲ့လေသည်။
…
“စီနီယာအစ်မ၊ စီနီယာအစ်မ...” ကုတင်ဘေးတွင် ထိုင်ရင်း ရန်ကိုင်သည် ကုတင်ပေါ်တွင် ရှိနေသည့်စုယန်ကို လက်ဖြင့် သွားတို့လေသည်။
စုယန်ကမူ စောင်ဖြင့် ခေါင်းမြီးခြုံလျက် ရန်ကိုင်ဆီမှ အကြည့်လွှဲကာ တိတ်နေခဲ့သည်။
ရန်ကိုင်မှာ ဘာလုပ်ရဘာကိုင်ရမှန်းမသိသည့် အမူအရာဖြင့် ခေါင်းကုတ်ရင်းမှ သူ့ကိုယ်သူ ပြန်ဆဲနေခဲ့လေသည် (ငါဘာလို့ ဒီလောက်တောင် ကြမ်းသွားရတာလဲကွာ)
သို့သော်ငြား ထိုစဉ်က သူ့စိတ်ထဲ ပေါ်လာသည့် စိတ်ရိုင်းများကို လုံးဝ ချုပ်တည်းနိုင်ခဲ့ခြင်းမရှိ၊ သူဘာလို့ ထိုကဲ့သို့ လုပ်လိုက်သလဲဆိုသည်ကိုပင် မသိချေ။
(အခုတော့ သွားပြီ၊ စီနီယာအစ်မ ငါ့ကို မုန်းတော့မှာပဲ၊ ငါ့ကို စကားတောင် ပြောပါဦးမလားမသိဘူး) ရန်ကိုင်မှာ သူ့စိတ်ထဲ အပြစ်မကင်းသလိုလည်း ခံစားရ၊ စိုးလည်း စိုးရိမ်နေရလေ၏။
“စီနီယာအစ်မ ငါ့ကို စိတ်ဆိုးတယ်ဆို ရိုက်ချင်ရိုက်လိုက်ပါနော်၊ ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့လား” ရန်ကိုင်သည် စုယန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်ရင်းမှ ပြောလိုက်လေသည်။
သို့သော်ငြား စုယန်ကမူ တိတ်သာတိတ်နေ၏။
ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်၏ “ဒီတစ်ကြိမ် ငါမှားမှန်းသိပါပြီ။ နော်... ဒါကြောင့် စိတ်မဆိုးနဲ့တော့နော်၊ စိတ်ဆိုးတာက ကျန်းမာရေးအတွက် မကောင်ဘူး စီနီယာအစ်မရဲ့”
“အဲ့ဒါ မဟုတ်ဘူး” စုယန်က တိုးတိုးလေး ပြန်ပြောလာသည်။
“ဘာအဲ့ဒါ မဟုတ်တာလဲ” ရန်ကိုင် ဝမ်းသာသွားလေ၏ (စကား ပြန်ပြောလာပြီပဲ၊ တစ်ချိန်ကုန် တိတ်နေတော့မယ် မှတ်နေတာ)
စုယန်သည် ရန်ကိုင်ဘက်သို့ လှည့်လာခဲ့သည်။ သို့သော် သူမမျက်နှာကို စောင်ဖြင့် အုပ်ထားဆဲ “ငါနင့်ကို စိတ်ဆိုးနေတာ မဟုတ်ဘူး”
“ဒါဆို ဘာလို့ တိတ်နေတာလဲ”
“ငါ့ကိုယ်ငါ စိတ်ဆိုးနေတာ”
ရန်ကိုင် ဆွံ့အသွားလေသည်။ ထို့နောက် စောင်ကိုဖယ်ရန် ကြိုးစားလိုက်ရာ စုယန်သည် စောင်ကို အတင်းပြန်ဆွဲထားလျက် လေသံတိုးတိုးဖြင့် အသနားခံလိုက်လေ၏ “မလုပ်နဲ့။ ငါရှက်တယ်”
ရန်ကိုင် ထရယ်တော့လေသည် (ဒီတော့ သူက ငါ့ကို စိတ်ဆိုးနေတာမဟုတ်ဘူး ရှက်နေတာကိုး)
စုယန် ရှက်သည်မှာလည်း အဆန်းတော့မဟုတ်ဘူး။ သူတို့ လင်မယား ဖြစ်နေပြီမှာ ကြာနေပြီဖြစ်ပါသော်ငြား စုယန်သည် သူရှေ့တွင် တောရိုင်းမလေးသဖွယ် တစ်ခါမှ မပြုမူဖူးချေ။ သူကိုယ်တိုင်သည်လည်း သူမအပေါ် ယခုကဲ့သို့ တစ်ခါမှ မဆက်ဆံဖူး။ ထို့ကြောင့် ပထမဆုံးအကြိမ် ကြုံပြီးနောက်တွင် စုယန်သည် မိန်းမသားတစ်ဦး ဖြစ်သည့်အလျောက် ရှက်သွားသည်မှာ သဘာဝသာ ဖြစ်ပေသည်။
ထို့နောက်တွင် ရန်ကိုင်သည် စောင်ထဲမှ စုယန်၏ လက်ကလေးကို ဆွဲထုတ်၍ စောင်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။ သို့ရာတွင် စုယန်မှာ မျက်လုံးကို ပိတ်ထားခဲ့လေ၏။ တဆတ်ဆတ် တုန်ရီနေသည့် မျက်တောင်လေးများသည် သူမ မည်မျှ ရှက်နေကြောင်းကို အထင်းသား ဖော်ပြနေလေ၏။
“ငါ့ကိုကြည့်” ရန်ကိုင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
စုယန်သည် နှုတ်ခမ်းလေးကို တင်းတင်း စေ့ထားပြီးသည့်နောက် ခဏအကြာ၌ မျက်လုံး ဖွင့်ကြည့်လာခဲ့သည်။ ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားသည် ချက်ချင်း စောင်ထဲ ပြန်ပုန်းနေရန် လုပ်တော့သည်။
“ကဲ၊ရပြီ၊ ဟုတ်ပြီလား” ရန်ကိုင်ကမူ စောင်ကို လှမ်းဆွဲထားရင်းမှ ကျန်လက်တစ်ဖြင့် စုယန်၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူမအား ချစ်မြတ်နိုးစွာကြည့်လျက် ပြောလိုက်လေ၏ “စီနီယာအစ်မ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါက စီနီယာအစ်မကို ချစ်ပြီးသား”
(မနေ့ညက ပုံစံကိုတော့ ပိုကြိုက်တာပေါ့)
စုယန်သည် သူမမျက်နှာကို လက်ဖြင့် အုပ်ရင်းမှ တိုးတိုးလေး ပြန်ပြောလာခဲ့သည် “အဲ့လို နောက်တစ်ကြိမ် ထပ်မလုပ်နဲ့”
“အင်း၊ မလုပ်တော့ဘူး” ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီး စုယန်ကိုဖက်ကာ သူမ၏ ကျောပြင်လေးကို ပုတ်လေးလိုက်သည်။ ထို့နောက် ပြုံး၍ ပြောလိုက်လေ၏ “ကဲ၊ ထပေတော့၊ အမေနဲ့ အဖေ့ကို သွားတွေ့ရမယ့် အချိန်ရောက်ပြီ”
(ငါဘာသာ တစ်ယောက်တည်း သွားရင် ကန်ထုတ်ခံရမှာ၊ စုယန်ကိုပါ ခေါ်သွားမယ် ဆိုရင်တော့ သိပ်အခြေအနေ မဆိုးလောက်ဘူး)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၂၈)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်နှင့် စုယန်တို့မှာ အဝတ်အစား အသီးသီး ပြန်ဝတ်နေခဲ့ကြလေသည်။
စုယန်ကိုယ်ပေါ်ရှိ လက်ဝါးရာများကိုကြည့်ရင်း ရန်ကိုင် အမှန်တကယ်ကို စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ စုယန်အပေါ် ထိုမျှ ကြမ်းတမ်းမိသွားသည့်အတွက်ကြောင့် သူ့ကိုယ်သူလည်း ပြန်၍ အပြစ်တင်နေမိလေ၏။ ထို့အတွက်ကြောင့် သူ့လက်အား ချီစွမ်းအင်ဖြင့်အုပ်၍ စုယန်၏ခန္ဓာကိုယ်အား ဖိကပ်ပေးလိုက်လေသည်။ စုယန်ကိုယ်ထဲသို့ ချီစွမ်းအင်များ စီးဝင်လာသည့်အလျောက် စုယန်ကိုယ်ပေါ်ရှိ အနီရောင်လက်ဝါးများမှာလည်း စတင်၍ မှေးမှိန်ပျောက်ကွယ်သွားတော့လေသည်။
အဝတ်အစားကိုယ်စီ ဝတ်ပြီးသည့်နောက်တွင် နှစ်ဦးစလုံး ကျောက်စိမ်းသစ်ပင်တောင်ဆီသို့ ပျံသန်းသွားကြလေသည်။ ထိုတောင်ဆီသို့ သွားရာလမ်းတစ်လျှောက်၌ ရန်ကိုင်သည် စုယန်အား မကြာခဏ ကြည့်ကြည့်နေခဲ့သလို စုယန်မှာလည်း အဆက်မပြတ်ကို ရှက်သွေးဖြာနေခဲ့လေသည်။ စုယန်၏ မည်သူမျှမသိသော တစ်ဖက်ခြမ်းကို ရှာတွေ့မိလိုက်ကြောင်း သဘောပေါက်သွားသည့်အလျောက် ရန်ကိုင်မှာ သူ့စိတ်ထဲ အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားမိနေလေသည်။
စုယန်သည် သူမ၏ထိုဘက်ခြမ်းကို သူ့ကိုသာ ပြဖူးပေသည်။
ကျောက်စိမ်းသစ်ပင်တောင်ပေါ်ရှိ အိမ်တစ်လုံးရှေ့သို့ရောက်သော် သူ့အဖေ ပန်းပင်များကို ရေလောင်းပေါင်းသင်နေကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ရန်ကိုင်သည် သူ့အဖေအား သွားနှုတ်ဆက်လိုက်ပြီးသည့်နောက် နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ရန်ရင်ဖုန်းကမူ အခြေအနေကောင်းကြောင်း သူ့သားအား အချက်ပြလိုက်လေ၏။
(ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အဖေ…) ရန်ကိုင်စိတ်ထဲ ကျေးဇူးတင်မိသွားလေသည်။
ထို့နောက် ရန်ရင်ဖုန်းသည် အိမ်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏။ “စုကျု… နင့်သားရောက်နေတယ်…”
“သူ့ကို ထွက်သွားခိုင်းလိုက်…”
ရန်ကိုင်သည် မျက်နှာမဲ့ကြီးလျက် သူ့အဖေအား ခါးသက်သက်အမူအယာဖြင့် ကြည့်လိုက်သည်။ (အဖေပြောတော့ ကောင်းတယ်ဆို… အဖေရယ်… အဖေ့ကို သား တကယ်စိတ်ပျက်သွားပြီ… ဒီလိုဆေးလုံးတွေ ပေးထားတာတောင် အခုချိန်ထိ အမေ့ကို စိတ်ပြေအောင် မလုပ်နိုင်သေးဘူး…)
“အမေ…” စုယန်က လှမ်းအော်ခေါ်လိုက်သည်။
“စုယန်လည်း ရောက်နေတာလား…” ဒေါင်စုကျု အံ့အားသင့်သွားခဲ့လေ၏။ ထို့နောက် အလျင်စလို ပြန်ပြောလိုက်လေသည်။ “ဝင်လာခဲ့လေ…”
စုယန်သည် ရန်ကိုင်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးသည့်နောက် နှစ်ဦးအတူ အိမ်ထဲသို့ ဝင်သွားလေသည်။
အိမ်၏ အတွင်းပိုင်းအပြင်အဆင်မှာ အတော်လေးကိုမှ ရိုးရှင်းလှသည်။ ထို့အပြင် ဤကျောက်စိမ်းသစ်ပင်တောင်ပေါ်၌ သူ့မိဘနှစ်ဦးတည်းသာ နေပြီး အခြား မည်သည့်အစေခံကိုမှ မထားထားပေ။ ဧည့်ခန်းကို ဖြတ်ကျော်လာပြီးသည့်နောက် အဝတ်လဲခန်းဆီသို့ ရောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ဒေါင်စုကျုသည် မှန်တင်ခုံရှေ့တွင်ထိုင်ရင်းမှ သူမ၏ဆံပင်ကို ဘီးဖြင့် ဖြီးနေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် စုယန်သည် ဒေါင်စုကျုနားသို့ အမြန်ပြေးသွားပြီး ပြောလိုက်လေ၏။ “အမေ… သမီး ကူဖြီးပေးမယ်…”
ဒေါင်စုကျုက ပြုံး၍ ဘီးကို စုယန်လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်လေ၏။ “ကျေးဇူးပဲ…”
စုယန်က ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်စရာမလိုပါဘူး အမေ… ဒါ သမီးလုပ်ရမယ့်ဟာပဲကို…”
ဒေါင်စုကျုက ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “သမီးတွေက အကောင်းဆုံးပဲ… စုယန်လေးသာ ငါ့သမီးဖြစ်လိုက်ရင် ဘယ်လောက်တောင်ကောင်းမလဲ… ငါတကယ် သမီးတစ်ယောက်ကို အရမ်းလိုချင်နေပြီ…”
စုယန်က ယဲ့ယဲ့လေးပြုံးလျက် “သမီးက အမေ့သမီးပဲဟာကို… ပြီးတော့ အမေ့မှာ သမီးတစ်ယောက်တောင်မကဘူး ရှိတယ်လေ… ကျွန်မညီအစ်မတွေက အမေ့အနားမှာ မရှိဘူးဆိုပေမယ့် သူတို့အားလုံးလည်း အမေ့ကိုလွမ်းနေမှာ သေချာတယ်…”
“ဟုတ်တယ်… ချင်းလော့လေး နင်းချန်လေးနဲ့ ရွှယ့်ယွယ်လေးတို့အကုန်လုံးက ငါအဆင်ပြေရဲ့လားဆိုတာကို မကြာခဏ လူလွှတ်ပြီးတော့ မေးမေးပေးတယ်…” ထိုသို့ပြောနေရင်းမှ ဒေါင်စုကျု၏အကြည့်သည် ရန်ကိုင်၏ဆီသို့ ရောက်လာခဲ့လေသည်။ ပြုံးရွှင်နေသည့် သူမ၏မျက်နှာလေးမှာ ရုတ်ချည်းဆိုသလို မှုန်ကုပ်သွားခဲ့ပြီး အော်ပြောလိုက်လေ၏။ “ဟိုလူတစ်ယောက်ကတော့များ သူ့ကို ကိုးလလွယ်ဆယ်လဖွားပြီး မွေးပေးခဲ့တာတောင် အရွယ်ရောက်တာနဲ့ ချက်ချင်း အိမ်မှာကိုမနေတော့ဘူး… ငါ့ကိုလည်း လုံးဝကို ဂရုမစိုက်တော့ဘူး…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အမေ…”
“အို…” ဒေါင်စုကျုက အံ့အားသင့်သွားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်သူများလဲ… နင် ဘာဖြစ်လို့ ငါ့အခန်းထဲ ရောက်နေတာလဲ… ကောင်လေး… ငါ့အခန်းထဲကို ခွင့်ပြုချက်မရှိဘဲနဲ့ ဝင်လာလို့ရတယ်လို့ နင့်ကို ဘယ်သူသင်ပေးထားတာလဲ… စုယန်… အဲ့ကောင်ကို သွားမောင်းထုတ်ပစ်လိုက်စမ်း…”
စုယန်က ခေါင်းလေးငုံ့လျက် ပြန်ပြောလိုက်သည်။ “သမီးက သူ့ပြိုင်ဘက်မဟုတ်ဘူး…”
ဒေါင်စုကျုက ဒေါသတကြီးဖြင့် ခုံလက်ရမ်းကို ကောက်ရိုက်လျက် အော်ပြောလိုက်လေသည်။ “သူ နင့်အပေါ် လက်ပါရဲတယ် ဟုတ်လား… ဒီကောင် အသက်မရှင်ချင်တော့တာလား…”
“မဟုတ်ဘူး… မဟုတ်ဘူး…” ယမန်နေ့ညကအဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သော် စုယန်၏မျက်နှာလေး ရဲတက်လာခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း နုံးချိချင်သလို ဖြစ်လာခဲ့လေ၏။
(မနေ့ညတုန်းက သူတကယ်ကြီး ငါ့အပေါ် လက်ပါခဲ့တာပဲ… အခုအချိန်ထိ ကျောကုန်းက အောင့်နေတုန်းပဲ…)
ဒေါင်စုကျုက ပြောလိုက်လေသည်။ “သူ့ကိုကြောက်မနေနဲ့… သူ့ကျင့်ကြံခြင်းမြင့်တော့ရော ဘာဖြစ်လဲ… ဒီကြယ်ရဲ့ကြယ်သခင်ဖြစ်တော့ရော ဘာဖြစ်လဲ… သူ နင့်ကို အနိုင်ကျင့်ရင် ငါ့ကိုသာပြော… ငါ သူ့ကို ကောင်းကောင်းရိုက်ပေးမယ်…”
သူမ ထိုကဲ့သို့ ပြောနေစဉ်မှာပင် ရန်ကိုင်သည် ဒေါင်စုကျုနားသို့ လျှောက်လာပြီး ဒူးထောက်ကာ ခေါင်းလေးငုံ့လိုက်လေသည်။
“နင်ဘာလုပ်နေတာလဲ…” ဒေါင်စုကျုက ထအော်လေသည်။
“အမေ သားကိုရိုက်မယ်ဆို… ဒါကြောင့် အမေ လာပြီးတော့မရိုက်ရအောင် သားဘာသာသား လာပေးလိုက်တာ…” ရန်ကိုင်က ပြုံးဖြီး၍ ပြောလိုက်သည်။
“သွား သွား… အရှက်မရှိတဲ့ကောင်…” ဒေါင်စုကျုမှာ ရန်ကိုင်အပေါ် ခက်ထန်နေပါသော်ငြား စုယန်အပေါ်တော့ အတော်လေးကိုမှ ဖော်ရွေနေပေသည်။
ရန်ကိုင်သည် သူ့အမေလက်ကိုကိုင်၍ သူ့ခေါင်းပေါ်တင်ပေးလိုက်လေသည်။
ဒေါင်စုကျုက အေးစက်စက်အမူအယာဖြင့် ဆူပူပြစ်တင်လိုက်လေ၏။ “ငါ နင့်ကို မရိုက်ရဲဘူးလို့ ထင်နေတာလား…”
“အမေ သားကိုရိုက်လို့ ဒေါသပြေသွားမယ်ဆိုရင် ကြိုက်သလောက်ရိုက်လို့ရပါတယ်…”
“ကောင်းပြီလေ…” ဒေါင်စုကျုသည် အံကိုတင်းတင်းကြိတ်၍ သူမလက်ကိုမြှောက်ကာ အောက်သို့ ရိုက်ချလိုက်လေသည်။
ရန်ကိုင်မှာမူ တစ်ချက်ပင် တွန့်မသွားခဲ့။
သူမ၏လက်သည် ရန်ကိုင်ခေါင်းတည့်တည့်တွင် ရပ်သွားခဲ့သည်။ ဒေါင်စုကျုသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ “နင့်ကြောင့်နဲ့ အနှေးနဲ့အမြန် ငါ အသက်ထွက်ပြီး သေရလိမ့်မယ်…”
ဒေါင်စုကျုမှာ အမှန်တကယ် သူမသားအပေါ် မရိုက်ရက်ပေ။ သူမ၏မျှော်လင့်ချက်အားလုံးမှာ သူ့သားအပေါ်တွင်သာ ရှိနေပေသည်။ ထို့အပြင် ဤသားသည် သူမ၏ တစ်ဦးတည်းသောသားဖြစ်သည်။ သူမ၏သား အနည်းငယ်လေး ဒဏ်ရာရသွားမည်ဆိုလျှင်ပင် ဒေါင်စုကျုမှာ ရင်ကွဲပက်လက် ဖြစ်နေရမည်ဖြစ်လေရာ သူမ၏သားအား မည်ကဲ့သို့များ ရိုက်ရက်ပါမည်နည်း။
“နင် အခုလိုလုပ်ရဲနေတာ ငါနင့်ကို အလိုလိုက်ထားမှန်း သိလို့မလား…” ပြောရင်းမှ ဒေါင်စုကျုသည် သူမ၏မျက်ရည်များကို သုတ်လိုက်လေသည်။
ရန်ကိုင်လည်း ဒူးထောက်နေရာမှ ထရပ်၍ ဒေါင်စုကျု၏ပုခုံးပေါ် လက်တင်ရင်းမှ မှန်ထဲတွင်ရှိနေသော ဒေါင်စုကျု၏ပုံရိပ်ကိုကြည့်ကာ ပြောလိုက်လေသည်။ “အမေ… မငိုနဲ့လေ… ငိုလွန်းအားကြီးရင် အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်…”
“အရေးအကြောင်း…” ထိုစကားကိုကြားသည့်အခါ ဒေါင်စုကျု ချက်ချင်း အငိုရပ်သွားခဲ့လေသည်။ ထို့နောက် သူမကိုယ်သူမ မှန်ထဲ သေချာပြန်စစ်ဆေးကြည့်၍ မေးလိုက်လေသည်။ “ဘယ်မှာလဲ အရေးအကြောင်းတွေ… နင်တွေ့လို့လား…”
“အရေးအကြောင်းရှိလည်း ကိစ္စမရှိပါဘူး…” ရန်ကိုင်သည် အသင့်ပြင်လာသည့် ကျောက်စိမ်းသေတ္တာလေးတစ်လုံးကိုထုတ်၍ သူ့အမေရှေ့တွင် ချပေးလိုက်လေသည်။
“ဒါ ဘာကြီးလဲ…” ဒေါင်စုကျုသည် ကျောက်စိမ်းသေတ္တာကိုကိုင်၍ မေးလိုက်သည်။
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အချိန်တန်လာလို့ရှိရင် အဲ့ဒါကိုသောက်လိုက်… အဲ့ဒါဆိုလို့ရှိရင် အမေ အသက်နှစ်ဆယ်အရွယ်လေးလို အမြဲတမ်း ငယ်ရွယ်နေလိမ့်မယ်…”
ထိုစကားကိုကြားသော် ဒေါင်စုကျု ဝမ်းသာအားရ ဖြစ်သွားခဲ့လေ၏။ “တကယ်ကြီးလား…”
ထိုသို့ မေးပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းသေတ္တာကို သူမ၏သိုလှောင်လက်စွပ်ထဲ အလျင်စလို ထည့်သိမ်းလိုက်လေသည်။ “နင်လာရင် လက်ဆောင်ယူလာဖို့ ငါ နင့်ကို မပြောထားပါဘူး…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဒါက အဲ့လောက်ဈေးကြီးတာမှမဟုတ်တာ… အမေ အဲ့ဒါကိုကြိုက်လား…”
“ကြိုက်တယ်…” ဒေါင်စုကျုမှာ သူမသားပေးလာသည့်လက်ဆောင်ကို မကြိုက်စရာအကြောင်း ရှိမည်လား။ ထို့နောက် ရန်ကိုင်၏မျက်နှာလေးကို ကျန်လက်တစ်ဖက်ဖြင့် ပွတ်ပေးလျက် “ဒီအတောအတွင်း နင် အတော်လေး ခက်ခဲခဲ့မှာပေါ့…”
“အဲ့လောက်မခက်ခဲပါဘူး…” ရန်ကိုင်က ခေါင်းခါ၍ “သားဘာသာသား ခေါင်းမော့ရင်ကော့ပြီးတော့ သွားချင်တဲ့နေရာသွားလို့ရတယ်… ဘယ်သူက သားကို ရန်စရဲမှာလဲ… ရန်စရဲတဲ့လူတွေအကုန်လုံး အခု သေကုန်ပြီ…”
“နင် ဘာတွေလာပြောနေတာလဲ…” ဒေါင်စုကျု ရန်ကိုင်၏ခေါင်းကို ကောက်ခေါက်လိုက်လေသည်။ ရန်ကိုင်သည် သူကြုံခဲ့ရသည့် အခက်အခဲများကို သူ့အမေ စိတ်ပူမည်စိုးသည့်အတွက်ကြောင့် မပြောချင်ခြင်းဖြစ်မှန်းကိုတော့ ဒေါင်စုကျု သိထားပေသည်။
ရန်ကိုင်သည် အိမ်သို့ အဆင်ပြေပြေနှင့် ပြန်ရောက်လာသည့်အပေါ် ဒေါင်စုကျုမှာ ဝမ်းသာမိပါသော်ငြား ဤကဲ့သို့ပြန်လာနိုင်ရန်အတွက် ရန်ကိုင်မှာ အခက်အခဲပေါင်းစုံနှင့် ကြုံခဲ့ရမည်မှန်းတော့ သူမ ပြောနိုင်ပေသည်။
“အခု ပြန်ရောက်လာပြီဆိုတော့ ပြန်သွားဦးမို့လား…” ဒေါင်စုကျုက မေးလိုက်သည်။
“အင်း…” ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။
ဒေါင်စုကျု ချက်ချင်း မျက်နှာပျက်သွားခဲ့ပြီး သူမလက်ကိုဝှေ့ယမ်း၍ “အဲ့ဒါဆို အခု ထွက်သွားလိုက်ပေတော့… ဒီတစ်ကြိမ်ထွက်သွားပြီးရင် ဘယ်တော့မှ ပြန်မလာတော့နဲ့… အဲ့နေရာမှာပဲ တစ်ခါတည်း သေလိုက်ပေတော့…”
ရန်ကိုင် ကူကယ်ရာမဲ့သွားခဲ့လေသည်။ “သားက အမေတို့နဲ့အတူ သွားမှာလေ…”
ထိုအခါမှသာလျှင် ဒေါင်စုကျုသည် ရန်ကိုင်အား မျက်နှာကြီးမဲ့လျက် ပြန်စိုက်ကြည့်လာကာ ပြောလိုက်လေသည်။ “နင် အဲ့ဒါကို ဘာလို့ အစောကြီးတည်းက မပြောတာလဲ…”
ထို့နောက် တစ်ချက်မျှရပ်ပြီးသည့်နောက် ဆက်၍ မေးလိုက်လေသည်။ “ငါတို့ ဘယ်ကိုသွားရမှာလဲ…”
“ကြယ်တာရာအစုအဝေးကို…”
“အဲ့ဒါ နင် အရင်နှစ်တွေတုန်းက ရောက်ခဲ့တဲ့နေရာလား…”
“ဟုတ်တယ်… အဲ့မှာ သား ထက်ကောင်းကင်နန်းတော်ဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ထားတယ်… ဂိုဏ်းထဲမှာလည်း ပညာရှင်တွေအများကြီးပဲ… အမေနဲ့အဖေလည်း အဲ့မှာ စိတ်အေးအေးနဲ့ ကျင့်ကြံလို့ရတယ်… ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး…”
“နင်က ဂိုဏ်းတစ်ဂိုဏ်းတောင် ထောင်ထားတယ် ဟုတ်လား…” ဒေါင်စုကျု အံ့အားသင့်သွားခဲ့လေသည်။ ကြယ်တာရာအစုအဝေးသည် မည်ကဲ့သို့သောနေရာမျိုး ဖြစ်သလဲဆိုသည်ကို သူမ မသိပါသော်ငြား ထိုနေရာသည် အရိပ်ကြယ်ထက်တော့ အများကြီးပိုကောင်းရပေလိမ့်မည်။ ထိုကဲ့သို့သောနေရာမျိုးတွင် နှစ်အနည်းငယ်လေးအတွင်း ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ဖို့ရာ အလွန်တရာကိုမှ ခက်ခဲရပေလိမ့်မည်။
ချက်ချင်းဆိုသလို ဒေါင်စုကျုမှာ သူမသားနှင့်ပတ်သက်၍ ဂုဏ်ယူမိချင်သလိုပင် ဖြစ်လာခဲ့လေသည်။ ကြယ်တာရာအစုအဝေးနှင့် ထက်ကောင်းကင်နန်းတော်အကြောင်းကို သိလိုသည့်အတွက်ကြောင့် ဒေါင်စုကျုမှာ ထိုနေရာများနှင့်ပတ်သက်၍ အဆက်မပြတ်ကို မေးမြန်းနေခဲ့လေသည်။
အိမ်အပြင်ဘက်တွင်ရှိနေသော ရန်ရင်ဖုန်းမှာတော့ အခန်းထဲရှိအသံများကို နားထောင်ရင်း ပြုံးမိသွားခဲ့လေသည်။ (မနေ့တုန်းက ငါတတ်ထားသမျှစွမ်းရည်တွေအကုန်လုံးကို ထုတ်သုံးပြခဲ့တာ… ဟိုဆေးလုံးနဲ့ပါဆိုလည်းဆိုရော အကျိုးမထူးစရာအကြောင်းရှိတော့မလား… ငါပေးဆပ်လိုက်ရတာ တကယ်ကိုတန်သွားတယ်…)
ရန်ကိုင်တို့၏စကားဝိုင်းသည် ညအချိန်ထိသို့ပင် ရောက်ရှိသွားခဲ့လေသည်။
အချိန်အများစုမှာတော့ ရန်ကိုင်သည်သာ ကြယ်တာရာအစုအဝေးတွင် သူကြုံခဲ့ရသည်များကို ပြန်ရှင်းပြနေသူဖြစ်ပြီး ဒေါင်စုကျုနှင့်စုယန်မှာတော့ ရန်ကိုင်ပြောသည်ကိုသာ နားစိုက်ထောင်နေခဲ့ကြသည်။ တကယ့်တကယ်ဆိုလျှင်တော့ ရန်ကိုင်သာ ရှိနေမည်ဆိုပါက ဒေါင်စုကျုနှင့်စုယန်တို့အဖို့ မည်သည့်နေရာတွင်နေရစေကာမူ ကိစ္စမရှိပေ။
ရန်ရင်ဖုန်းမှာ ရေနွေးကြမ်းပို့ရင်းမှ အခန်းထဲသို့ တစ်ကြိမ်မက ဝင်နေခဲ့သည်။ တစ်ယောက်တည်းချန်ထားခံရပြီး စားပွဲထိုးတစ်ဦးပမာ ရပ်စောင့်နေရသည့်အပေါ် သူ့စိတ်ထဲ မကျေမနပ်ဖြစ်မိပါသော်ငြား သူ့မိန်းမကိုကြောက်သည့်အတွက်ကြောင့် ဘာမျှတော့ မပြောရဲခဲ့ပေ။
“ဒါနဲ့ ငါ နင့်ကို မေးစရာတစ်ခုရှိသေးတယ်… အမှန်အတိုင်းဖြေနော်…” ဒေါင်စုကျု၏အမူအယာ လေးနက်သွားခဲ့သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “မေးလေ အမေ… သား အမှန်အတိုင်းဖြေပေးမယ်…”
ဒေါင်စုကျုသည် စုယန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမဘာပြောချင်နေသလဲဆိုသည်ကို နားလည်သည့်အလား စုယန်က ပြောလိုက်လေသည်။ “ကျွန်မ အခု ထွက်သွားလိုက်မယ်နော်…”
ဒေါင်စုကျုက စုယန်၏လက်ကို ချက်ချင်းလှမ်းကိုင်၍ ပြောလိုက်သည်။ “မသွားနဲ့… ဒီကိစ္စက နင်နဲ့လည်းဆိုင်တယ်… ဒီတော့ နင်လည်းနားထောင်ရမယ်…”
“ဟုတ်ကဲ့…” စုယန်မှာ ဒေါင်စုကျု ဘာမေးမလဲဆိုသည်ကို မသိပါသော်ငြား ဒေါင်စုကျုပြောသည်ကို ကြားပြီးသည့်နောက် ပြန်ထိုင်နေလိုက်လေ၏။
အကြောင်းအရင်းတချို့ကြောင့် ရန်ကိုင်မှာတော့ အနည်းငယ် စိတ်လှုပ်ရှားနေမိလေသည်။ လက်ရှိ ဒေါင်စုကျု၏အမူအယာကို မြင်ရသလောက် သူမမေးမည့်မေးခွန်းသည် သူ့အတွက်တော့ အခြေအနေမကောင်းသည့်ပုံပင်။
“ငါနင့်ကိုမေးချင်တာက…” ဒေါင်စုကျုသည် သူမသားအား ခက်ထန်သည့်အမူအယာဖြင့် စိုက်ကြည့်၍ “နင် ဒီကနေထွက်သွားတာ နှစ်တွေအများကြီးကြာနေပြီဆိုတော့ အဲ့ဘက်မှာ နင် မိန်းကလေးအသစ်တွေဘာတွေ ထပ်ရသေးတာလဲ…”
ထိုစကားကိုကြားသော် စုယန်သည်လည်း ရန်ကိုင်အား မျက်နှာသေဖြင့် စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်၏နဖူးမှာတော့ ချွေးအေးများဖြင့် စိုရွှဲနေခဲ့လေသည်။
“ရှိတယ်ပေါ့…” ရန်ကိုင်၏အမူအယာကိုမြင်သော် အခြေအနေကို ဒေါင်စုကျု ချက်ချင်း သိလိုက်လေသည်။ ထို့အတွက်ကြောင့် ဒေါသထွက်ထွက်နှင့် ရန်ကိုင်၏ခေါင်းကိုကောက်ထုရင်းမှ အော်ပြောလိုက်လေ၏။ “နင့်မိန်းမတွေအပေါ် နင် ဘယ်လိုလုပ်ပြီး လုပ်ရက်တာလဲ…”
ရန်ကိုင်ကမူ ခေါင်းကိုသာ ငုံ့ထားခဲ့လေသည်။
ဒေါင်စုကျုက ဆက်ပြောလိုက်သည်။ “နင့်မှာ စုယန်ရယ် နင်းချန်ရယ် ချင်းလော့ရယ် ရွှယ့်ယွယ်ရယ် ရှိနေပြီပဲကို… အဲ့ဒါနဲ့တင် မကျေနပ်သေးဘူးလား… နင်တို့ယောကျ်ားတွေအကုန် ဒီလိုပဲလား… ဟမ်… နင့်ခေါင်းထဲမှာ ဘာအတွေးတွေများ ရှိနေတာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “မတော်တဆဖြစ်သွားတာ…”
“မတော်တဆ ဟုတ်လား…” ဒေါင်စုကျုက ပြန်ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ မိန်းမတွေဆိုတာ မရေမတွက်နိုင်အောင်ပဲ… နင်တွေ့သမျှမိန်းမတိုင်းနဲ့ မတော်တဆဖြစ်ချင်နေတာလား…” ထိုသို့ပြောပြီးသည့်နောက် ဘေးဘက်တွင်ရပ်နေသော ရန်ရင်ဖုန်းကိုညွှန်ပြလျက် “နင့်အဖေဆီက နည်းနည်းပါးပါး သင်စမ်းပါ… နင့်အဖေ အခြားမိန်းမတွေနဲ့ လျှောက်ပွေနေတာကို နင်မြင်ဖူးလို့လား…”
ရန်ရင်ဖုန်းက ပြောလိုက်လေသည်။ “မိန်းမများများရှိတာလည်း မဆိုးပါဘူးလို့ နင်ပဲ အရင်တုန်းက ပြောခဲ့တာမဟုတ်ဘူးလား…”
“နင် ဘာပြောလိုက်တာ…” ဒေါင်စုကျုသည် ရန်ရင်ဖုန်းအား စူးရဲစွာ စိုက်ကြည့်လာခဲ့လေသည်။
ရန်ရင်ဖုန်းသည် ချက်ချင်းပဲ သူ့သားအား စူးရဲစွာ စိုက်ကြည့်လျက် ဆူပူပြစ်တင်လိုက်လေ၏။ “ကောင်လေး… ဒီတစ်ကြိမ်တော့ မင်း စည်းကျော်သွားခဲ့ပြီကွ…”
ထိုအခါမှသာလျှင် ဒေါင်စုကျု၏အမူအယာ အနည်းငယ်ပြေလျော့သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “မတော်တဆဖြစ်ဖြစ်မဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… ငါတို့ ကြယ်တာရာအစုအဝေးဆီသွားတာနဲ့ နင် သူတို့အကုန်လုံးကို မောင်းထုတ်ပစ်လိုက်… နင့်မှာ မိန်းမလေးယောက်တောင် ရှိနေပြီ… အဲ့လေးယောက်ကိုပဲ ငါ့သမီးအဖြစ်သတ်မှတ်မှာ… ကျန်တဲ့လူတွေတော့ မရတော့ဘူး…”
“အမေ…” စုယန်သည် ဒေါင်စုကျု၏လက်ကို ကိုင်ရင်းမှ ပြုံး၍ “ဂျူနီယာမောင်လေးက သွေးအေးတဲ့လူမဟုတ်ဘူး… ပြီးတော့ စိတ်ထင်တိုင်းလည်း တွေ့ကရာမိန်းမနဲ့ လျှောက်ပြီးတော့ ပွေတတ်တဲ့လူတစ်ယောက်လည်းမဟုတ်ဘူး… အခု သူ့မှာ မိန်းမတွေရှိနေပြီဆိုပေမယ့် ဟိုကိုသွားနေတဲ့အချိန်တုန်းက သူတစ်ယောက်တည်းပဲ ရှိနေတာလေ… ဒီတော့ သူ့ကိုစောင့်ရှောက်ပေးဖို့ မိန်းမတစ်ယောက်နှစ်ယောက်ကတော့ လိုမှာပေါ့… တကယ်ဆိုလို့ရှိရင် ကျွန်မ၊ နင်းချန်နဲ့ ကျန်တဲ့လူတွေအကုန်လုံး အဲ့ကညီအစ်မတွေကိုတောင် ကျေးဇူးတင်သင့်တာ… ဂျူနီယာမောင်လေး အဲ့ကိုရောက်နေတဲ့အချိန် သူတို့ကပဲ သူ့ကို ဂရုစိုက်ပေးနေခဲ့တာလေ… ဒီတော့ သူ့ကိုလည်း အရမ်းကြီးအပြစ်မတင်ပါနဲ့…”
ဒေါင်စုကျုက ပြန်ပြောလိုက်သည်။ “နင် သဘောထားသေးသိမ်တဲ့လူမဟုတ်မှန်း ငါသိတယ်… ဒါပေမယ့် အကုန်လုံး သူ့ဘက်ကချည်းပဲ ဝင်ပြောပေးနေလို့မရဘူးလေ… အထူးသဖြင့် ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင်ပြောတာ… အဲ့လိုကိစ္စနဲ့ ပတ်သက်လာပြီဆိုရင် သူနဲ့ သေသေချာချာ ရှင်းရှင်းလင်းလင်းပြောထားရမယ်…”
စုယန်က ပြုံး၍ “သူက ကလေးမှမဟုတ်တော့တာ… ဒီတော့ သူဘာလုပ်နေလဲသူသိမယ်လို့ သမီးယုံပါတယ်…”
ဒေါင်စုကျုသည် စုယန်အား စိုက်ကြည့်ရင်းမှ သက်ပြင်းချလျက် “ငါ့သားလုပ်ခဲ့တာတွေအတွက် ငါ နင်တို့အပေါ် တကယ် စိတ်မကောင်းဘူး…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၂၉)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ထွက်သွားခဲ့သည်မှာ နှစ်အတော် ကြာခဲ့သည်။ ထိုနေရာတွင် မိန်းမလှလေးပေါင်းများစွာ ရှိနေမည် ဖြစ်လေရာ ရန်ကိုင် အနေဖြင့် အမှားတစ်ခုခု လုပ်မိသွားခဲ့သည်မှာတော့ သဘာဝသာ ဖြစ်ပေသည်။ ဒေါင်စုကျု မှာ ထိုအချက်ကို နားလည်ထားသလို သူမ သားအကြောင်းကိုလည်း ကောင်းကောင်း သိထားပေသည်။ သူမအနေဖြင့် ယခုကဲ့သို့ ပြဿနာရှာနေရခြင်းမှာ စုယန် ကိုယ်စား ပြောပေးနေခြင်းသာ ဖြစ်လေသည်။ စုယန် မည်ကဲ့သို့ တုံ့ပြန်လာမလဲ ဆိုသည်ကိုလည်း သူမ သိထားပြီးသားပင်။
ဒေါင်စုကျုမှာ အကြံအဉာဏ်များသည့် မိန်းမတစ်ယောက်တော့ မဟုတ်။ သို့သော်ငြား ရန်ကိုင်၏ အမေ ဖြစ်သည့်အလျောက် စုယန်ဘက်တွင် သူမ ရှိနေကြောင်းကို ပြပေးရပေလိမ့်မည်။ သူမသားဘက်သို့ ဘက်လိုက်နေ၍ မဖြစ်ချေ။
စုယန်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ "အခြား ညီအစ်မတွေနဲ့ ငါက စိတ်ထဲမထားဘူးဆိုပေမဲ့ မိန်းမတိုင်းကိုတော့ ရန်မိသားစုထဲကို ခေါ်သွင်းလို့ မရဘူးဆိုတာကိုရော နင် သိထားသင့်တယ်နော်၊ နင် ခေါ်သွင်းလာမဲ့ မိန်းမတွေက ကြင်နာတတ်ပြီးတော့ နောက်ခံက ရှင်းရှင်းလင်းလင်း ဖြစ်နေမှ၊ မဟုတ်ရင် မိန်းမတွေ အများကြီးနဲ့ ပျော်ရမဲ့အစား ပြဿနာကို လက်ယပ်ခေါ်နေသလို ဖြစ်သွားမှာ၊ အဲဒါကိုတော့ နင် သိတယ်မလား ဂျူနီယာမောင်လေး"
စုယန်သည် ရုတ်တရက်ဆိုသလို အစ်မကြီးတစ်ဦး၏ ပုံစံမျိုးဖြင့် ပြောလာခဲ့လေသည်။ စုယန်၏ ဤပုံစံကို ရန်ကိုင် အသားမကျသေးပေ။ သို့သော်ငြား အမြန် ခေါင်းညိတ်ပြလိုက်လေ၏။ "သိပါတယ်"
စုယန်က ထပ်၍ ပြောလိုက်သည်။ "အဖေနဲ့ အမေလည်း ဒီကိုရောက်နေတာဆိုတော့ နင် အဲဒီမှာ ဘယ်လို မိန်းကလေးတွေနဲ့ တွေ့လာလဲဆိုတာကို တစ်ခါတည်း ပြောပြလိုက်ပါလား၊ အဲဒါဆိုရင် အဲဒီအထဲက ဘယ်သူက သင့်တော်လဲဆိုတာကို ငါတို့ ဆုံးဖြတ်ပေးလို့ ရတာပေါ့"
ဒေါင်စုကျုကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါတို့ အားလုံးကို သေသေချာချာ ပြောပြ၊ တစ်ခုမှ ဖုံးကွယ်မထားနဲ့နော်၊ မဟုတ်ရင်တော့ နင် သေပြီသာ မှတ်ပေတော့"
ရန်ယင်ဖုန်းလည်း ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်သည် နဖူးထက်ရှိ ချွေးများကို သုတ်ရင်းမှ လက်တစ်ချောင်း ထောင်ပြလိုက်လေ၏။ "တစ်ယောက်တည်းပါ၊ အမေတို့ ထင်သလို အများကြီး မဟုတ်ဘူး"
"တစ်ယောက်တည်းလား" သုံးယောက်စလုံး ကြောင်သွားကြလေသည်။
ဤသည်မှာ သူတို့ ထင်ထားသလို မဟုတ်ပေ။ ရန်ကိုင်သည် ကြယ်တာရာအစုအဝေးသို့ နှစ်အတော်ကြာအောင် ရောက်နေခဲ့သည့်အတွက် ထိုနေရာတွင် မိန်းမများစွာ ရခဲ့ရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်သည် တစ်ယောက်တည်းဟုသာ ပြောလာခဲ့သည်ကို ကြည့်ရသလောက် သူ့ကိုယ်သူ အတော်ထိန်းထားသည့် ပုံပင်။
ဒေါင်စုကျုက မေးလိုက်လေသည်။ "သူ့ပုံစံက ဘယ်လိုလဲ၊ ငါတို့ကို သေသေချာချာ ပြောပြစမ်း"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "သူက လူမဟုတ်ဘူး"
"လူမဟုတ်ဘူး" ရန်ရင်ဖုန်း ၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။ "ဘာလဲ မွန်းစတားမျိုးနွယ်စုကလား"
[ကျွတ်ကျွတ်၊ ဒီကောင့်အကြိုက်က တော်တော်လေး ထူးဆန်းတာပဲ၊ ဘာပဲဖြစ်ဖြစ် မွန်းစတားမျိုးနွယ်စုက မိန်းမတွေက လူသားမျိုးနွယ်စုက မိန်းမတွေထက်တောင် ပိုရှားသေးတယ်၊ ငါ ဒီကောင်ကိုတောင် မနာလိုချင်သွားပြီကွာ၊ တကယ်ကို ကံကောင်းတဲ့ကောင်ပါလား]
"မွန်းစတားမျိုးနွယ်စုကလည်း မဟုတ်ပြန်ဘူးလို့ပဲ ပြောရမလား"
ဒေါင်စုကျု မျက်မှောင်ကြုတ်သွားခဲ့လေသည်။ "လူလည်းမဟုတ်၊ မွန်းစတားလည်းမဟုတ်၊ ဘာလဲ လူအသွင်ပြောင်းလာတဲ့ အပင်တစ်ပင်လား" ထိုသို့ပြောပြီးသည့်နောက် သူမ၏ ခုံလက်ရန်းကို ကောက်ရိုက်ချလိုက်လေသည်။ [ဒီကောင် မိန်းမနဲ့ ပတ်သက်လာရင် ဘာဖြစ်လို့ သေသေချာချာ မရွေးရတာလဲ၊ အပင်တွေက လူအသွင်ပြောင်းနိုင်တယ်ဆိုပေမဲ့ အဲဒီလူအသွင်ပြောင်းထားတဲ့ အပင်ကြီးနဲ့ သူက ဘယ်လိုနေမှာလဲ၊ ဒီကောင်ကတော့နော်၊ ဖြစ်မဲ့ဖြစ် မွန်းစတားမျိုးနွယ်စုက မိန်းမလှတစ်ယောက်ယောက်ကိုပဲ ရွေးလိုက်ပါလားလို့]
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "သူက နဂါး၊ နဂါးတစ်ကောင်ပဲ"
အခန်းတစ်ခန်းလုံး တိတ်ကျသွားခဲ့ပြီးသည့် နောက်တွင် ဒေါင်စုကျုက အထိတ်တလန့်ဖြင့် မေးလိုက်လေသည်။ "ဘာ၊ နဂါး ဟုတ်လား"
"ဟုတ်တယ်၊ နဂါးပဲ" ရန်ကိုင်က ရှင်းပြလိုက်လေသည်။ "ကြယ်တာရာအစုအဝေးထဲမှာ နဂါးကလန်ဆိုတဲ့ ကလန်တစ်ခု ရှိတယ်၊ သူတို့တွေက ရှေးဟောင်း နတ်သားရဲတွေရဲ့ ခေါင်းဆောင်ပဲ၊ အဲဒီ နတ်သားရဲတွေအကြောင်းကိုတော့ သားတို့ ဒီမှာဆိုရင် ဒဏ္ဍာရီအဖြစ်ပဲ ကြားဖူးတာလေ၊ ဒါပေမဲ့ ကြယ်တာရာအစုအဝေးမှာတော့ နဂါးတွေက တကယ်ရှိတာ၊ သားနဲ့ အဲဒီက နဂါးမလေးတစ်ကောင်က မတော်တဆ တစ်ခု ဖြစ်သွားတာ"
ဒေါင်စုကျုနှင့် သူမယောက်ျားတို့ နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြလေသည်။
ဤကြယ်စီရင်စုထဲတွင် နဂါးများသည် ဒဏ္ဍာရီများသာ ဖြစ်ကြသည်။ နဂါးနှင့် ဖီးနစ်များသည် ရှေးဟောင်း နတ်သားရဲများ၏ ခေါင်းဆောင်များ ဖြစ်ကြပါသော်ငြား ထိုကဲ့သို့သော အားကောင်းလှသည့် မျိုးနွယ်စုဝင်များကို ကြယ်စီရင်စုကြီးထဲတွင် တစ်ခါမျှ မမြင်ဖူးကြပေ။ ထိုမျိုးနွယ်စုများ အကြောင်းကို မှတ်တမ်းမှတ်ရာများနှင့် ပန်းချီကားချပ်များထဲတွင်သာ တွေ့ရပေသည်။
ထိုအတွက်ကြောင့် သူတို့သားသည် နဂါးမလေးတစ်ကောင်နှင့် မတော်တဆ ဖြစ်ခဲ့သည့်အပေါ် ဒေါင်စုကျုတို့ လင်မယားနှစ်ဦးစလုံးမှာ မယုံကြည်နိုင် ဖြစ်နေကြလေ၏။
ဒေါင်စုကျုသည် တံတွေးတစ်လုတ် မျိုချ၍ ပြန်၍ မေးလိုက်လေသည်။ "အဲဒီ နဂါးမလေး၊ ငါပြောချင်တာက သူ့မှာ အခြား မိသားစုဝင်တွေ ရှိသေးလား"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အဲဒီ ကြယ်တာရာအစုအဝေးထဲမှာ နဂါးကလန်သား အယောက်နှစ်ဆယ်ကျော်လောက်တော့ ရှိမယ်၊ သူတို့ အားလုံးက နဂါးကျွန်းဆိုတဲ့ နေရာမှာ နေကြတာ"
"အယောက် နှစ်ဆယ်ကျော်" ဒေါင်စုကျု ထိတ်လန့်သွားခဲ့လေသည်။ အသက်ရှင်သေးသည့် နဂါးများ ရှိနေသေးသည့် အကြောင်းသည်ပင်လျှင် အလွန်ကိုမျှ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေပြီ ဖြစ်လေရာ ထိုကဲ့သို့သော နဂါးမျိုး အကောင် နှစ်ဆယ်ကျော်မက ရှိနေလိမ့်ဦးမည်ဟု ဒေါင်စုကျု မထင်ထားခဲ့ပေ။
"အဲဒါဆို မင်း ဘယ်လိုလုပ်ပြီး အသက်ရှင်လျက် ပြန်လာနိုင်ရတာလဲ" ရန်ရင်ဖုန်းသည် သူ့သားအား အထိတ်တလန့်ဖြင့် ကြောင်ကြည့်နေခဲ့လေသည်။
နဂါးကလန်သည် မည်သို့သော ကလန်မျိုးဖြစ်သလဲ ကြယ်တာရာအစုအဝေးထဲတွင် မည်သည့်အဆင့်တွင် ရှိနေသလဲ ဆိုသည်ကို သူ မသိပါသော်ငြား ထိုနဂါးများ၏ အဆင့်မှာ လုံးဝ နိမ့်ကျစရာ အကြောင်းတော့ မရှိပေ။ ထိုနဂါးများသည် ကြယ်တာရာအစုအဝေးတွင် အားအကောင်းဆုံးသော မျိုးနွယ်စုပင် ဖြစ်နေနိုင်ပေသည်။ ရန်ကိုင်သည် လူသားတစ်ဦးသာ ဖြစ်လေရာ နဂါးမလေးတစ်ကောင်နှင့် မတော်တဆ ဖြစ်ပြီးသည့်နောက် အသတ်မခံရဘဲ အကောင်းအတိုင်း ပြန်လွတ်လာသည်ကို ကြည့်ပါက သူ့ ကံ အလွန်ကောင်းနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်က ပြုံးဖြီးလျက်... "သားက နဂါးကျွန်းမှာ နည်းနည်းပါးပါး အာဏာရှိတယ်လေ"
ရန်ကိုင်၏ ခွန်အားသည် သူ့အား ထိုကဲ့သို့သော အာဏာကို ပေးစွမ်းထားခြင်းသာ ဖြစ်လေသည်။
ဒေါင်စုကျုသည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ "အဲဒီ နဂါးမလေးက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ သူ ရန်မိသားစုထဲကို ဝင်ချင်တယ်ဆိုရင်တော့ စုယန်ကို မိသားစုရဲ့ ပထမ မယားအဖြစ် အသိအမှတ်ပြုရမှာပဲ"
"အမေ၊ သမီးတို့ အကုန်လုံးက အတူတူပဲလေ၊ အဲလိုမျိုး အဆင့်တွေ ခွဲစရာမှ မလိုတာ"
ဒေါင်စုကျုက ခေါင်းခါလိုက်သည်။ "မရဘူး၊ လုံးဝ အဲဒီလိုမျိုး ခွဲကိုခွဲမှ ရမှာ၊ သူက နဂါးတစ်ကောင်ပဲ၊ ဒီတော့ ငါတို့ ဒီအချက်ကို အစောကြီးကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားရမယ်" ထို့နောက် ဒေါင်စုကျုသည် သူမသားကို စိုက်ကြည့်၍... "ငါပြောတာ နားလည်လား"
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ နားလည်ပါတယ်"
"သူ သဘောမတူရင်ရော"
ရန်ကိုင်က သူ့လက်ကို မြှောက်၍... "သူ သဘောမတူရင် သား သူ့ကို ဆုံးမလိုက်မှာပေါ့"
ထိုစကားကို ကြားသော် ဒေါင်စုကျုသည် ရန်ကိုင်၏ ခေါင်းကို ထပ်ရိုက်လေပြန်သည်။ "နင် မိန်းမတစ်ယောက်အပေါ် လက်ပါရဲတယ် ဟုတ်လား"
…
ဆယ်ရက် ကြာပြီးသည့်နောက် ရန်ကိုင်တို့ အားလုံးသည် အထက်ကောင်းကင်ဂိုဏ်းထဲရှိ ဟင်းလင်းပြင် အစီအရင်တစ်ခုအရှေ့တွင် စုဝေးနေခဲ့ကြလေသည်။ ရန်ကိုင်သည် အစီအရင် အလယ်ဗဟိုတွင် မတ်တတ်ရပ်နေခဲ့ရင်းမှ မျက်လုံးပိတ်ကာ လမ်းကြောင်းကို အာရုံခံနေခဲ့လေသည်။
လွန်ခဲ့သည့် ဆယ်ရက်လုံးလုံး ရန်ကိုင်နှင့် စုယန်သည် ကျောက်စိမ်းသစ်ပင်တောင်ပေါ်တွင် နေရင်း သူ့မိဘများကို အဖော်ပြုပေးနေခဲ့သည်။ လွန်ခဲ့သည့် နှစ်များအတွင်း ကြယ်တာရာအစုအဝေးတွင်သာ ရှိနေသည့်အတွက်ကြောင့် သူ့မိဘများအား တစ်ခါမျှ ပြုစုပေးခွင့်မရ။ ယခု ပြန်ရောက်တုန်းရောက်ခိုက် သူ့မိဘများကို အထူးတလည် အချိန်ပေးနေခြင်း ဖြစ်လေသည်။ ဒေါင်စုကျုက သူ့အား မြန်မြန်သွားပါဟု ပြောနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင် ဤနေရာတွင် အတန်ကြာအောင် ဆက်နေဖြစ်ပေလိမ့်ဦးမည်။
ဒေါင်စုကျု သူမ သားကို သူမအနားတွင် ခေါ်မထားချင်သည် မဟုတ်။ သို့သော်ငြား လက်ရှိအချိန်တွင် ကြယ်စီရင်စုကြီးသည် ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်နေခဲ့ပြီး စစ်မီးတို့သည် နေရာအနှံ့ လောင်မြိုက်နေခဲ့လေသည်။ အခြားသူများ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို ဤအတိုင်း ရပ်ကြည့်နေ၍ မဖြစ်ပေ။ ရှန်ချင်းလော့နှင့် အခြားသူများမှာ သူတို့၏ သက်ဆိုင်ရာ ကြယ်အသီးသီးကို ကာကွယ်နေကြရပေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင် အနေဖြင့် သူ့မိဘအနားတွင်သာ မည်ကဲ့သို့များ အချိန်ဖြုန်းနေနိုင်ပါမည်နည်း။
ထိုအကြောင်းကြောင့်ပင် ယနေ့၌ ဒေါင်စုကျုသည် သူ့သားအား သူ၏ အခြားသော မိန်းမများကို သွားရှာရန် မောင်းလွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ရန်ကိုင်လည်း ဝမ်းသာအားရဖြင့်ပင် သဘောတူလိုက်သည်။ တကယ်တော့ သူလည်း ရှန်ချင်းလော့ နှင့် အခြားသော သူ၏ မိန်းမများကို အမှန်တကယ် လွမ်းနေပြီ မဟုတ်လေလော။
ကျူးကျော်လာသည့် လူများကို ရှင်းပစ်ပြီးသည့်နောက် အရိပ်ကြယ်ပေါ်ရှိ အခြေအနေမှာ တည်ငြိမ်သွားခဲ့လေပြီ။ ဤစစ်ပွဲ ပြီးသည့်နောက်တွင် အရိပ်ကြယ်ပေါ်ရှိ အခြေအနေကို သေသေချာချာ နားမလည်သ၍ တစပြင်ကန္တာရကြယ်စီရင်စုမှ လူများ အရိပ်ကြယ်အား ထပ်မံ ကျူးကျော်လာစရာ အကြောင်းမရှိတော့ချေ။
ထို့အပြင် စုယန်သည် ဤနေရာ၌ ရောက်နေလေရာ ကျူးကျော်သူများ ရောက်လာဦးမည်ဆိုလျှင်ပင် အသက်ရှင်လျက် ပြန်သွားနိုင်လိမ့်မည် မဟုတ်ပေ။
ဤကြယ်စီရင်စုကြီးမှ ထွက်မလာခင်က ရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲတွင် ဟင်းလင်းပြင်အစီအရင် တစ်ရာမက ခင်းကျင်းခဲ့ပေသည်။ ထိုအစီအရင်များသည် ကြယ်စီရင်စုကြီးထဲရှိ အဓိကကျင့်ကြံရေး ကြယ်တိုင်းကို ဆက်သွယ်ထားလေ၏။ သို့သော်ငြား ဆယ်နှစ်ကျော်မက ကြာမြင့်လာသည့် စစ်ပွဲအတွင်း ဟင်းလင်းပြင် အစီအရင်ပေါင်းများစွာမှာ ဖျက်ဆီးခံလိုက်ရသည်။ အချို့မှာမူ ဖျက်ဆီးခံရခြင်း မရှိဘဲ တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ အပိုင်သိမ်းခြင်း ခံလိုက်ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံသူများမှာ တစ်ဖွဲ့အပေါ် တစ်ဖွဲ့ ထိထိရောက်ရောက် အကူအညီ မပေးနိုင်တော့ခြင်း ဖြစ်လေသည်။ ထိုသို့သာ မဟုတ်ပါက ယခုကဲ့သို့သော ကူကယ်ရာမဲ့နေသည့် အခြေအနေမျိုးဖြင့် ကြုံနေရလိမ့်မည် မဟုတ်ပေ။
ထက်ကောင်းကင်ဂိုဏ်းထဲရှိ ဟင်းလင်းပြင်အစီအရင်သည် ကြယ်စီရင်စုကြီးထဲရှိ ဟင်းလင်းပြင်အစီအရင် အားလုံးနှင့် ဆက်သွယ်ထားပေသည်။ ထိုအတွက်ကြောင့် ဤနေရာသည် ပစ်မှတ်ထားခံရဆုံး နေရာတစ်ခု ဖြစ်နေခြင်းပင်။ လက်ရှိအချိန်တွင် အထက်ကောင်းကင်ဂိုဏ်းဆီမှ အခြားသော ကြယ်များဆီသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းမှာ ဖျက်ဆီးခံလိုက်ရလျှင်ခံရ မခံရလျှင် အပိုင်စီးခံထားရလေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် အရိပ်ကြယ်သည် အခြားသော ကြယ်များနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရခြင်း ဖြစ်လေ၏။
ဤကြယ်စီရင်စုကြီးရှိ ဟင်းလင်းပြင်အစီအရင်များကို ရန်ကိုင်မှ ခင်းကျင်းထားခဲ့ခြင်း ဖြစ်လေရာ ထိုဟင်းလင်းပြင်အစီအရင်များအကြောင်းကို ရန်ကိုင်သာ အသိဆုံးပင်။ ဟင်းလင်းပြင်အစီအရင် မည်မျှရှိပြီး ထိုအစီအရင်များ မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကိုလည်း ရန်ကိုင်သာလျှင် အသိဆုံးပင်။ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်ပြီးနောက် လေဟာနယ် နိယာမစွမ်းအားတို့ စတင်ဖြာထွက်လာခဲ့လေ၏။
လက်ရှိအချိန်တွင် ရန်ကိုင်မှာ အဆင့်နိမ့် ကြယ်စီရင်စုထဲတွင် ရှိနေပါသော်ငြား အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်သည့်အလျောက် ဤနေရာတွင် ရန်ကိုင်သည် သူ့စွမ်းအားအချို့ကို အသုံးပြုနိုင်ပေသည်။ ထိုသို့ အသုံးပြုသည့်တိုင် ကောင်းကင်လမ်းစဉ်၏ ငြင်းဆန်ခြင်း ခံရမည်ကို စိတ်ပူစရာ မလိုပေ။
တစ်ခဏအကြာတွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့လေသည်။ အသုံးပြု၍ရမည့် လမ်းကြောင်းတစ်ခုကို သူ ရှာတွေ့သွားခဲ့လေပြီ။ အခြားသူများသည် အနီးနား တစ်နေရာတွင် ရပ်ရင်းမှ ရန်ကိုင်အား ကြည့်နေကြလေ၏။
ရန်ကိုင်သည် စုယန်ကို ကြည့်၍ ပြောလိုက်လေသည်။ "စီနီယာအစ်မ၊ ဒီနေရာကို စီနီယာအစ်မရဲ့ လက်ထဲ အပ်ထားခဲ့လိုက်မယ်နော်"
စုယန် က ခေါင်းညိတ်လိုက်သည်။ "စိတ်မပူနဲ့" သူမသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားခဲ့ပါသော်ငြား တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်များ သူမအား ယှဉ်ပြိုင် တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။ စုယန်မှာ အရိပ်ကြယ်ကို စောင့်ကြည့်နေမည် ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဘာကိုမျှ စိတ်ပူနေစရာ မလိုတော့ပေ။
"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော်" ဒေါင်စုကျု က လှမ်းပြောလိုက်သည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေသည်။ ထို့နောက်တွင် နိယာမစွမ်းအားတို့ အသက်ဝင်လာခဲ့ပြီး အစီအရင်မှာ တလက်လက် တောက်ပလာခဲ့ကာ ရန်ကိုင် သည်လည်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
အရိပ်ကြယ်မှ မိုင်သန်းပေါင်းများစွာ ဝေးကွာသည့် နေရာတွင် ကြယ်လေးတစ်လုံး ရှိနေခဲ့လေသည်။ ထိုကြယ်လေးပေါ်ရှိ မြေအောက်ထဲတွင် ရှိနေသော မိုင်းတွင်းတစ်တွင်းထဲ၌ ဟင်းလင်းပြင်အစီအရင်တစ်ခု အရောင်တလက်လက် တောက်ပလာခဲ့လေသည်။
အမှောင်ထုထဲမှ လူအချို့ မျက်လုံးဖွင့်လာခဲ့ပြီး အစီအရင်ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုလူများသည် တစပြင်ကန္တာရကြယ်စီရင်စုမှ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့အနေဖြင့် ဤနေရာအား စောင့်ကြပ်နေရခြင်းမှာ အရိပ်ကြယ်မှ လူများ ဤနေရာသို့ ရောက်လာသည့်အခါတွင် တစ်ခါတည်း သတ်ပစ်နိုင်ရန်အတွက် ဖြစ်လေသည်။ ယခင်က ဤနေရာတွင် စောင့်စားရင်းမှ ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို သုံး၍ ဤကြယ်ပေါ်သို့ ရောက်လာကြသော အရိပ်ကြယ်မှ ကျင့်ကြံသူများကို အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့လေသည်။ ထိုအတွက်ကြောင့် အရိပ်ကြယ်မှ လူများ ထပ်ရောက်လာလို့ ရောက်လာငြား ဤနေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။ အရိပ်ကြယ်မှ ရောက်လာသည့် ကျင့်ကြံသူများကို သတ်ပစ်ရင်းမှ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ရန်ကိုင် ဖန်တီးထားခဲ့သော ဖြတ်သန်းရေးတံဆိပ်ပြား အချို့ကိုပင် ရရှိခဲ့လေသည်။
ရန်ကိုင် ခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင်များကို လူတိုင်း အသုံးပြု၍ မရပေ။ အသုံးပြုလိုပါက ရန်ကိုင် ဖန်တီးထားသော ဟင်းလင်းပြင်တံဆိပ်ပြားကို ဦးစွာ ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ ထိုသို့သာ မဟုတ်ပါက ဟင်းလင်းပြင်အစီအရင်ကို သုံးရင်းနှင့်ပင် အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားရပေလိမ့်မည်။
ဖြတ်သန်းရေးတံဆိပ်ပြားများ၏ အကူအညီဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ကြလေသည်။ ထိုတံဆိပ်ပြားများဖြင့် အထက်ကောင်းကင်ဂိုဏ်းဆီသို့ပင် တိုက်ရိုက် တန်းသွားနိုင်သည်။ သို့သော်ငြား တံဆိပ်ပြား အရေအတွက်မှာ နည်းပါးလှသည့်အတွက်ကြောင့် ထိုသို့ မလုပ်ရဲကြ။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် တံဆိပ်ပြားများကို သူတို့ အပိုင်သိမ်းထားသော ဟင်းလင်းပြင်အစီအရင်များနှင့် ကူးသန်းသွားလာရန်အတွက်သာ အသုံးပြုကြပေသည်။
ဤနေရာတွင် စောင့်ဆိုင်းနေလင့်ကစား ဤနေရာရှိ ဟင်းလင်းပြင်ကို အရိပ်ကြယ်မှ လူများ မသုံးသည်မှာ နှစ်အတန်ကြာနေခဲ့လေပြီ။ အရိပ်ကြယ်မှ လူများသည် ဤနေရာတွင် ရန်သူများ မမြင်အောင် စောင့်ဆိုင်းနေသည်ဟူသော သတင်းကိုလည်း ရထားကြသည့် ပုံပင်။ ထိုအတွက်ကြောင့် ဤနေရာသို့ လူထပ်မလွှတ်တော့။
ယနေ့မှသာလျှင် ဤနေရာ၌ ရှိနေသော ဟင်းလင်းပြင်အစီအရင် တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့ခြင်း ဖြစ်လေသည်။
အမှောင်ထုထဲဝယ် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် သူတို့၏ အရှိန်အဝါကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားရင်းမှ ဟင်းလင်းပြင်အစီအရင်အား ဘက်ပေါင်းစုံမှ ဝန်းရံထားခဲ့ကြလေသည်။
တစ်ဏအကြာ၌ ဟင်းလင်းပြင် အစီအရင်ပေါ်၌ လူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူသည် ရုပ်ရည်ချောမောလှသည့် လူငယ်လေးတစ်ဦး ဖြစ်လေ၏။ ထိုလူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရိပ်ထဲမှ လူငါးဦးသည် ရက်စက်ကြမ်းကြုတ် ဆာလောင်နေသော သားရဲကောင်များပမာ လူငယ်လေးအပေါ်သို့ ခုန်အုပ်လာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်းတွင်းတစ်ခုလုံးသည် တိုက်ကွက်များမှ ထွက်ပေါ်လာသည့် အလင်းရောင်များကြောင့် တလက်လက် တောက်ပသွားခဲ့ပြီး ပေါက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၃၀)
ဘာသာပြန်သူ_တိမ်တိုက်
အမှောင်ထုထဲဝယ် လူငါးဦးမှာ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြလေသည်။
ရုတ်တရက် ရန်ကိုင် ခေါင်းမော့ရာ လူငါးဦးထဲမှ လူထွားကြီးနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
ထိုသို့ အကြည့်ချင်းဆုံသွားသည့်အခိုက် လူထွားကြီးမှာ လုံးဝကို အံ့အားသင့်သွားရသည်။ ပုံမှန်အားဖြင့် ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုပြီးသည့် လူများသည် မူးဝေသည့် ဒဏ်ကို အနည်းနှင့်အများဆိုသလို ခံစားကြရသည်။ သို့သော်ငြား လူငယ်လေးနှင့် အကြည့်ချင်းဆုံပြီးသည့်နောက်တွင် လူငယ်လေး၏ မျက်လုံးထဲ၌ မူးဝေသည့် အရိပ်အယောင်ကို စိုးစဉ်းမျှပင် မတွေ့ရပေ။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိသည့်အတွက်ကြောင့် လူထွားကြီးမှာ ဘာမျှ စဉ်းစားမနေတော့ဘဲ သူ့တူဖြင့်သာ ရန်ကိုင်၏ ခေါင်းတည့်တည့်သို့ ရိုက်ချလိုက်လေ၏။
ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ တူအား လှမ်းဖမ်းဆွဲလိုက်လေသည်။ အရှိန်အဟုန်ပြင်းစွာနှင့် တိုးဝင်နေသော တူကြီးမှာ ရန်ကိုင်၏ လက်နှင့် အတွေ့တွင် ရှေ့သို့ တစ်လက်မပင် ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။ တစ်ချိန်တည်းတွင်လည်း ထွက်ပေါ်လာသည့် ပြန်ကန်အားကြောင့် လူထွားကြီး၏ လက်တစ်ခုလုံးမှာ ထုံတက်သွားခဲ့ရလေသည်။
ထိုအဖြစ်အပျက်ကြောင့် လူထွားကြီးမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားတော့လေ၏။ [ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ၊ ဒီကောင်က ဟင်းလင်းပြင်အစီအရင်ကို သုံးပြီးတာတောင် ခေါင်းမမူးရုံတင် မဟုတ်သေးဘူး၊ ငါ့မှော်ရတနာကိုပါ လက်တစ်ဖက်တည်းနဲ့ ဖမ်းထားနိုင်သေးတယ်၊ အရိပ်ကြယ်မှာ ဒီလောက်တောင် အားကောင်းတဲ့လူ ရှိနေတာလား]
လူထွားကြီး စိတ်ထဲ အဖြေမရှာနိုင်သေးခင်မှာပင် သူ့အဖော်လေးဦးမှာ ထူးဆန်းသည့် လူငယ်လေးအား တိုက်ခိုက်လာခဲ့ကြလေသည်။ ချက်ချင်းဆိုသလို သူတော်စင်ချီလှိုင်းတို့ ဖြာထွက်လာခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့လေ၏။ ကျောက်စကျောက်နတို့သည်လည်း လိုဏ်ဂူမျက်နှာကြက်ဆီမှ ပြုတ်ကျလာခဲ့ကြလေသည်။
အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ပြီးသည့်နောက် လေးဦးစလုံး နောက်သို့ ပြန်ဆုတ်သွားခဲ့ကြသည်။
မပေါ့်တပေါ် အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် လူထွားကြီးအား ကြည့်ရင်းမှ လှောင်ပြောင်လိုက်လေသည်။ "မန်ကျိ၊ ငါတို့ အချစ်ပွဲနွှဲတာများလို့ နင် အားကုန်သွားတာလား၊ နင် ဒီလောက်တောင် အားနည်းနေမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး၊ အသုံးမဝင်လိုက်တာ"
ပုပုပိန်ပိန် လူအိုကြီးတစ်ဦးက ချောင်းဟန့်၍ ဝင်ပြောလိုက်လေသည်။ "မိန်းမလှတစ်ယောက်က ယောက်ျားတွေကို ကျရှုံးအောင် လုပ်နိုင်တယ်ဆိုတာ အမှန်ပါပဲလား၊ မန်ကျိ မန်ကျိ၊ မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းကွ"
သန့်သန့်ပြန့်ပြန့် ဝတ်စားထားသည့် လူတစ်ဦးက ထိုအခိုက်အတန့်မှာပင် ဝင်၍ ပြောလိုက်လေ၏။ "မိန်းကလေးချန်၊ မန်ကျိက အသုံးမဝင်ဘူးဆိုမှတော့ ဘာဖြစ်လို့ လူသစ်တစ်ယောက် မပြောင်းကြည့်တာလဲ"
အမျိုးသမီးချန်ဟု ခေါ်သည့် မိန်းမလေးက ထိုလူအားကြည့်၍ ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်လေသည်။ "သွားစမ်းပါ၊ နင်တို့လို ရုပ်ချောချော ကောင်လေးတွေကို ငါစိတ်မဝင်စားဘူး"
သန့်သန့်ပြန့်ပြန့် ဝတ်စားထားသော လူငယ်လေးသည် ရုတ်တရက် ခေါက်ယပ်တောင် တစ်ချောင်းကို ထုတ်၍ သူ့ကိုယ်သူ ယပ်ခပ်ရင်း ပြုံးကာ ပြောလိုက်လေသည်။ "အင်း၊ ငါက ရုပ်ချောတဲ့ ကောင်လေးဆိုတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အားနည်းတဲ့လူမှ မဟုတ်တာ၊ မိန်းကလေးချန်၊ အဆင်ပြေ မပြေ သိရအောင် ငါနဲ့ ဘာဖြစ်လို့ အရင် အိပ်မကြည့်တာလဲ"
အမျိုးသမီးချန်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "နင် အိပ်ရာထဲမှာ တကယ် စွမ်းနိုင်မယ်ဆိုရင်တောင် နင်က ငါကြိုက်တဲ့ ပုံစံမျိုး မဟုတ်သေးဘူး၊ ငါက မန်ကျိလို လူကောင်ထွားထွားတွေကို ပိုကြိုက်တာ"
ပြောပြီးသည့်နောက် မန်ကျိဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "မန်ကျိ၊ နင် အဲဒီမှာ ဘာတွေ ကြောင်ရပ်နေတာလဲ"
မန်ကျိဟု ခေါ်သည့် လူထွားကြီး၏ တစ်ကိုယ်လုံးမှာ ကျောက်ရုပ်ပမာ တောင့်တင်းနေခဲ့ပြီး အေးစက်စက် ချွေးအေးတို့မှာလည်း သူ့နဖူးထက်တွင် ဝေ့သီနေခဲ့လေသည်။
မန်ကျိသည် သူ့အရှေ့ရှိ ရန်ကိုင်အား သေမင်းတစ်ပါးကို ကြည့်နေသည့်ပမာ ကြောက်ရွံ့မှု အပြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
[အရူးကောင်တွေ၊ ဒီကောင် မသေသေးဘူးကွ] လူလေးဦးသည် တိုက်ခိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်ဆုတ်သွားခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင် မည်ကဲ့သို့ ဖြစ်သွားသလဲ ဆိုသည်ကို သေချာမသိကြ။ သူတို့ ထင်ထားသည်မှာတော့ သူတို့အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးသည့်နောက် ထိုလူငယ်လေး သေသွားလိမ့်မည် ဟူ၍သာ။ သို့သော်ငြား ရန်ကိုင် နှင့် အနီးဆုံးတွင် ရှိနေသော မန်ကျိမှာမူ ထိုလူများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးသည့်တိုင် လူငယ်လေးမှာ အနည်းငယ်မျှပင် ဒဏ်ရာရမသွားကြောင်းကိုတော့ သေသေချာချာ မြင်ခဲ့ရပေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် မျက်နှာသေ အမူအရာဖြင့် လူထွားကြီးကို စိုက်ကြည့်နေခဲ့လေသည်။
လူထွားကြီးမှာ သူ့မှော်ရတနာကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော်ငြား မည်သို့ပင် ကြိုးစားနေစေကာမူ သူ့မှော်ရတနာမှာတော့ ပြုတ်တူကြီးဖြင့် ညှပ်ခံထားရသည့်အလား တုတ်တုတ်မျှ မလှုပ်ခဲ့။ တစ်ဖက်လူ၏ ခွန်အားသည် သူ့အား လုံးဝကို ကူကယ်ရာမဲ့နေစေခဲ့လေသည်။ ရန်ကိုင်၏ နှုတ်ခမ်းသည် ချောက်ချားဖွယ်ရာ ကောင်းစွာ ယဲ့ယဲ့လေး ပြုံးတက်နေသည်ကို မြင်သော် လူထွားကြီးမှာ ကြက်သီးမွေးညင်း ထသွားခဲ့ပြီး နောက်ပြန်ဆုတ်ရန်အလို့ငှာ သူ့မှော်ရတနာကို လွှတ်လိုက်လေသည်။
သို့သော်ငြား ထိုကဲ့သို့ လုပ်ပြီးပြီးချင်းမှာပင် လက်တစ်ဖက်သည် သူ့လည်ပင်းအား ဆွဲညှစ်လာခဲ့သည်။
လည်ပင်းညှစ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် မန်ကျိမှာ လုံးဝကို လှုပ်မရတော့ကြောင်း တွေ့လိုက်ရလေသည်။ လူကောင်ထွားလင့်ကစား သူ့ခန္ဓာကိုယ်ကြီးသည် လေထဲသို့ အသာအယာ မြှောက်တင်ထားခြင်း ခံနေရသည်။
ထိုအချင်းအရာကို မြင်လိုက်သော် အမျိုးသမီးချန်နှင့် အခြားသူများ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ လူတိုင်းမှာ သူတို့အရှေ့ရှိ မြင်ကွင်းအားကြည့်ရင်း လုံးဝကို မယုံကြည်နိုင် ဖြစ်နေသည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေကြလေသည်။
မန်ကျိအကြောင်းကို သူတို့ သိပေသည်။ မန်ကျိသည် သူတို့ကဲ့သို့ အားကောင်းသည့် လူတစ်ဦး ဖြစ်ပေ၏။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ လူငယ်လေးသည် မန်ကျိအား ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းကိုင်ထားသည့်ပမာ လေပေါ်သို့ မြှောက်တင်ထားခဲ့သည်။
[ဒီလူ ဘယ်သူများလဲ]
"ခင်ဗျားတို့ အားလုံးက တကယ်ကို စကားဝိုင်းကောင်းနေကြတာပဲ" ရုတ်တရက် မိုင်းတွင်းထဲမှ ထွက်ပေါ်လာသည့် ရန်ကိုင် ၏ အသံကြောင့် အမျိုးသမီးချန်နှင့် အခြားသူ အားလုံး တုန်တုန်ယင်ယင် ဖြစ်သွားကုန်ကြလေသည်။
အကုန်လုံးမှာ မည်သည့် အပိုစကားမျှ ပြောမနေခဲ့ဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ရန်ကိုင် ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ပြေးဝင်သွားကြလေ၏။
"ဟင်းဟင်း၊ လာစမ်း" ရန်ကိုင်က မာန်သွင်း အော်ဟစ်လိုက်သည်။ ထိုလူများသာ ထွက်ပြေးသွားမည် ဆိုလျှင်တော့ ရန်ကိုင် အနေဖြင့် ထိုလူများကို လိုက်ဖမ်းဖို့ရာ အနည်းငယ် အားကုန်ရပေလိမ့်ဦးမည်။ သို့သော်ငြား ထိုလူများသည် ယခုကဲ့သို့ သူ့ဆီသို့ သူတို့ဘာသာ ပြေးဝင်လာနေသည့်အတွက်ကြောင့် ရန်ကိုင် အနေဖြင့် အလုပ်ရှုပ်ရ သက်သာသွားခဲ့လေပြီ။
ရန်ကိုင်သည် မန်ကျိအား ခပ်တင်းတင်း ဆုပ်ကိုင်လျက် တစ်ခုသော အရပ်ဆီသို့ လှမ်းပစ်လိုက်သည်။ ရန်ကိုင် လှမ်းပစ်လိုက်သည့် အရပ်တွင် ဘာဆိုဘာမျှ ရှိမနေခဲ့။ သို့သော်ငြား မန်ကျိ ထိုနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာ၌ ပုပုပိန်ပိန် လူအိုကြီးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။
လူအိုကြီးမှာတော့ သူ့ဆီသို့ တိုးဝင်လာနေသည့် မန်ကျိ၏ ခန္ဓာကိုယ်ကြီးကို ကြည့်ရင်း ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်သွားခဲ့သည်။
ထို့နောက် ဘုန်းကနဲမြည်သံနှင့် အတူ မန်ကျိ၏ ခန္ဓာကိုယ်ကြီးသည် လူအိုကြီး၏ ခေါင်းကို သွားရောက် ထိမှန်ပြီး နှစ်ဦးစလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ကြလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ၏ ကျန်လက်တစ်ဖက်တွင် ကိုင်ထားသော မန်ကျိ၏ မှော်ရတနာအား အသာအယာ ဝှေ့ယမ်းချလိုက်သည်။ ရန်ကိုင်သည် သာမန်ကာလျှံကာ ပုံစံဖြင့်သာ ဝှေ့ယမ်းလိုက်ပါသော်ငြား တူထဲတွင် ပါဝင်နေသည့် စွမ်းအားမှာ စစ်သည်ပေါင်း တစ်ထောင်ကို ဖျက်ဆီးနိုင်ပြီး ပင်လယ်ရေတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်နိုင်ပေသည်။
ထိုတူရိုက်ချက်ကြောင့် သန့်သန့်ပြန့်ပြန့် ဝတ်စားထားသည့်လူမှာ တစ်ခါတည်း အသားပြားအဖြစ်သို့ ပြောင်းကာ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ရသည်။ သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အကာအကွယ် မှော်ရတနာနှင့် သူကိုယ်တိုင် ဖန်တီးထားသည့် သူတော်စင်ချီ အကာအကွယ်မှာလည်း တူရိုက်ချက်အောက်ဝယ် စက္ကူဖြူတစ်ရွက်ပမာ အလွန်ကိုမှ ပါးလျအားနည်းနေခဲ့လေသည်။
အမျိုးသမီးချန်နှင့် အခြားလူတစ်ဦးမှာ မသေသေးပါသော်ငြား ထွက်ပေါ်လာသည့် အားလှိုင်းများကြောင့် နောက်သို့ လွင့်စင်ထွက်သွားခဲ့ရပြီး သွေးအပွက်ပွက် အန်ထွက်နေရလေသည်။ အတိုက်ခိုက်မခံရသေးပါသော်ငြား ထွက်ပေါ်လာသည့် အားလှိုင်းဒဏ် သက်သက်နှင့်ပင်လျှင် ထိုလူနှစ်ဦး ဝတ်စားထားကြသည့် အကာအကွယ် မှော်ရတနာများ ပျက်စီးသွားကုန်ကြရလေပြီ။
သူတို့နှစ်ဦးစလုံး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ပြီးသွားချိန်တွင်တော့ ကြောက်ရွံ့မှုတို့ သူတို့၏ ရင်ထဲ ကိန်းအောင်းနေခဲ့လေပြီ။ [ဒီလူ ဘယ်သူလဲ၊ ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုပြီးပြီးချင်း ဘာဖြစ်လို့ ဘာမူးဝေတဲ့ဒဏ်ကိုမှ မခံစားရတာလဲ၊ ပြီးတော့ သူတစ်ယောက်တည်းနဲ့ ငါတို့ တန်ခိုးရှင်ဘုရင် သုံးယောက်ကိုလည်း အလွယ်တကူ သတ်သွားနိုင်သေးတယ်၊ ဒီကောင် လူရော ဟုတ်သေးရဲ့လား၊ အရိပ်ကြယ်မှာ ဒီလောက် အားကောင်းတဲ့ ပညာရှင် တစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ]
အမျိုးသမီးချန် ငေးကြောင်ကြောင်ဖြစ်နေစဉ် အခြားသော တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူသည် ချက်ချင်း အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ ထွက်ပြေးတော့လေသည်။
သူတို့ ငါးဦး စုပေါင်းတိုက်ခိုက်သည့်တိုင် ဤလူငယ်လေး၏ ပြိုင်ဘက် မဖြစ်နိုင်လေရာ သူတို့နှစ်ဦးတည်းဖြင့် ဤလူငယ်လေး၏ ပြိုင်ဘက် ဖြစ်နိုင်စရာ အကြောင်းမရှိ။ သူသာ ထွက်မပြေးလျှင် သေရတော့မည်မှန်း ထိုလူ ကျိန်းသေသိနေခဲ့သည်။ ရန်ကိုင် မည်မျှ အားကောင်းကြောင်းကိုမူ သူ မသိပါသော်ငြား မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပါစေ ဤနေရာတွင်တော့ အနည်းငယ်မျှပင် ဆက်မနေရဲတော့။
မိုင်းတွင်းတစ်ခုလုံးမှာ လမ်းကြိုလမ်းကြားများဖြင့် ပြည့်နေခဲ့လေရာ ဘယ်ညာကူးကလန်ခတ် သွားလာနေပြီးသည့်နောက် ထိုလူသည် ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်သည် အထင်အမြင်တသေးဖြင့် သူ့ခေါင်းကို တစ်ခါခါ လုပ်လိုက်သည်။ အကြွင်းမဲ့ စွမ်းအားရှေ့မှောက်တွင် မည်သည့် ခုခံမှုမျှ အသုံးမဝင်ပေ။ ဤသည်မှာ ကြယ်တာရာအစုအဝေးထဲ၌ ရန်ကိုင် ထပ်တလဲလဲ သိခဲ့ရသော သင်ခန်းစာတစ်ခု ဖြစ်ပေသည်။
ထို့နောက်တွင် ရန်ကိုင်သည် တူကို ကိုင်၍ ပစ်ထည့်လိုက်လေသည်။ တူပျံကြီးသည် ကျောက်စိုင်ကျောက်သားများကို ထိုးဖောက်ကာ ပြန်ထွက်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ လိုဏ်ဂူအတွင်းဆီမှ လူတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံကို ကြားလိုက်သော် အမျိုးသမီးချန်၏ မျက်နှာသွေးစုပ်ဖြူလျော်သွားခဲ့လေပြီ။ ထိုအသံမှတစ်ဆင့် ပြေးသွားသော သူမအဖော် သေသွားပြီမှန်း အမျိုးသမီးချန် သိနေလေသည်။ ဤနေရာအား စောင့်ကြပ်နေသည့် တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူ ငါးဦးအနက် သူမတစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်တော့သည်။
ရန်ကိုင်နှင့် အကြည့်ချင်းဆုံလိုက်သော် အမျိုးသမီးချန် ချက်ချင်း ဒူးထောက်ကျသွားခဲ့ပြီး ကတုန်ကယင် လေသံဖြင့် ပြောလိုက်လေ၏။ "ကျေးဇူးပြုပြီး ကျွန်မအသက်ကို ချမ်းသာပေးပါနော်"
ရန်ကိုင်က မျက်မှောင်ကြုတ်၍ အမျိုးသမီးချန်ဆိုသည့် လူဆီသို့ လျှောက်သွားလိုက်လေသည်။ ထို့နောက် သူမ၏ မေးစေ့ကိုကိုင်၍ သူမခေါင်းကို မော့ကာ မေးလိုက်လေ၏။ "ခင်ဗျားကို အမျိုးသမီးချန်လို့ ခေါ်တာပေါ့"
အမျိုးသမီးချန် အားတင်းပြုံးလိုက်လေသည်။ သို့သော်ငြား သူမ၏ အပြုံးမှာ ငိုနေသည့် မျက်နှာထက်ပင် ပို၍ အရုပ်ဆိုးနေခဲ့သည်။ "အဲဒါ သူတို့ ကျွန်မကို ခေါ်တဲ့ပုံစံပါ"
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးချန်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ အမျိုးသမီးမှာ အမှန်တကယ်ကို ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျနသည့် လူတစ်ဦး ဖြစ်ပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ထဲသို့ အားနည်းနည်း ထပ်စိုက်၍ ပြောလိုက်လေ၏။ "ခင်ဗျားက ကျုပ်ကို အကျပ်ရိုက်အောင် လုပ်နေတာပဲ"
အမျိုးသမီးချန်သည်သာ ထွက်ပြေးသွားမည် ဆိုလျှင်တော့ ရန်ကိုင် အတွက် ပိုကောင်းပေသည်။ ထိုကဲ့သို့သော ထွက်ပြေးသွားသည့် လူမျိုးကို သူ့အနေဖြင့် ဘာကိုမျှ ဂရုစိုက်နေစရာ မလိုဘဲ သတ်ပစ်လိုက်နိုင်ပေသည်။ သို့သော်ငြား အမျိုးသမီးသည် ထွက်မပြေးရုံမက သူ့အား ဒူးထောက်၍ပင် အသနားခံနေခဲ့လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ဤအမျိုးသမီးအား သတ်ဖြတ်ချင်စိတ်တို့ အနည်းငယ် လျော့ကျသွားခဲ့ရလေသည်။
"ကျုပ်က မိန်းမတွေကို သတ်တဲ့နေရာမှာ သိပ်မတော်ဘူး" ရန်ကိုင် ခေါင်းခါလိုက်လေသည်။
ထိုစကားကို ကြားသော် အမျိုးသမီးချန်၏ အကြည့် ဝင်းပသွားခဲ့လေသည်။ "ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မအသက်ကို ချမ်းသာပေးပါနော်၊ ဆရာသာ ကျွန်မအသက်ကို ချမ်းသာပေးမယ်ဆို ကျွန်မ ဆရာ့အတွက် ဘာမဆို လုပ်ပေးပါမယ်"
သို့သော်ငြား ရန်ကိုင်က ခေါင်းခါလိုက်လေ၏။ "ကျုပ် စိတ်မဝင်စားဘူး"
အမျိုးသမီးချန်သည် ပျာယီးပျာယာဖြင့် ရန်ကိုင်အား မော့ကြည့်လာခဲ့လေသည်။ ရန်ကိုင် သူမရင်ဘတ်အား စိုက်ကြည့်နေသည်ကို မြင်သော် အလျင်စလို တောင်းဆိုလိုက်လေ၏။ "ဆရာသာ ကျွန်မကို မသတ်ဘူးဆိုရင် ဆရာ့ရဲ့ အစေခံ ဖြစ်ပေးရမယ်ဆိုရင်လည်း ဖြစ်ပေးနိုင်ပါတယ်"
ထိုသို့ ပြောပြီးသည့်နောက်တွင် အမျိုးသမီးချန်သည် လေးဘက်ထောက်လိုက်ရင်းမှ တင်ပါးနေရာကို အနည်းငယ် မြှောက်လျက် သူမ၏ လျှာလေးကို ထုတ်လိုက်သည်။ လက်ရှိအချိန်တွင် အမျိုးသမီးချန်၏ ပုံစံသည် ခွေးတစ်ကောင်နှင့်ပင် တူနေပေသည်။ အမြီးတစ်ချောင်းသာ ပေါက်နေမည်ဆိုလျှင်တော့ တကယ်ခွေးနှင့်ပင် တူသွားပြီဟု ပြော၍ရပေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ သူ့စိတ်အား သိပ်မထိန်းနိုင်ချင်တော့ဘဲ လွန်ခဲ့သောညက စုယန်နှင့် အဖြစ်အပျက်များကို ပြန်စဉ်းစားမိသွားခဲ့လေသည်။ ထိုညသည် သူ့အတွက်တော့ အလွန်ကိုမှ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည့် ညတစ်ည ဖြစ်ခဲ့သည်။ သို့သော်ငြား ထိုညပြီးသည့်နောက် စုယန်သည် သူ့အား ထပ်ထိခွင့် မပေးတော့ပေ။ သူမ ရှက်သွားသည့်အတွက်ကြောင့်လား သူ့အပေါ် ဒေါသထွက်သွားသည့်အတွက်ကြောင့်လား ဆိုသည်မှာတော့ မသေချာသေးပေ။
လက်ရှိအချိန်တွင် အမျိုးသမီးချန်၏ လုပ်ရပ်သည် ထိုညက အဖြစ်အပျက်များကို ရန်ကိုင်အား ပြန်စဉ်းစားမိသွားစေခဲ့လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်၏ သွေးများ ဆူပွက်လာခဲ့ပြီး အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့ရသည်။ စုယန်သည် သူ့အား ထိုကဲ့သို့ ထပ်လုပ်ခွင့် ပေးလောက်လိမ့်မည် မဟုတ်ပါသော်ငြား သူ့အရှေ့တွင် ရှိနေသည့် အမျိုးသမီးမှာတော့ သူလုပ်သမျှကို ကျိန်းသေ ခွင့်ပြုပေးပေလိမ့်မည်။
[ကျွတ်၊ ငါ အဲဒီလိုမျိုး ထပ်လုပ်နိုင်ရင် တကယ်ကောင်းမှာ]
အမျိုးသမီးချန်သည် ရန်ကိုင်၏ အမူအရာကို အဆက်မပြတ် အကဲခတ်နေခဲ့လေသည်။ ရန်ကိုင်၏ ပုံစံကို မြင်သော် ရန်ကိုင် စိတ်ပါလာပြီမှန်း သဘောပေါက်လိုက်သည့်နောက် သူမ၏ တင်ပါးလေးကို ဘယ်ညာလှုပ်ခါယမ်းရင်းမှ ရမ္မက်သွေးကြွဖွယ်ရာ အသံများကို လုပ်ပြလိုက်လေသည်။
ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူရင်းမှ အမျိုးသမီး၏ ပခုံးပေါ် လက်တင်၍... "သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့နောက်တော့ ခင်ဗျားကို သတ်လိုက်တာ ကောင်းမယ်လို့ ထင်တယ်"
ထို့နောက် သူ၏ ချီစွမ်းအင်ကို အသက်သွင်း၍ သူမ၏ ကိုယ်ထဲကို ထည့်သွင်းလိုက်လေသည်။ အားကောင်းလှသည့် ချီစွမ်းအင်များ သူမကိုယ်ထဲ တရဟော စီးဝင်လာသည့်နောက်တွင်တော့ အမျိုးသမီး၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကုန်ပြီး သွေးကြောများမှာလည်း ပေါက်ထွက်ကုန်ရလေသည်။ နောက်ဆုံးတွင် အမျိုးသမီးသည် ဒွါရခုနစ်ပေါက်မှ သွေးများစီးကျလျက် မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားခဲ့လေ၏။ သေသွားသည့်အထိတိုင် အမျိုးသမီးမှာတော့ ရန်ကိုင်သည် သူမကဲ့သို့သော မိန်းမလှလေး တစ်ဦးအား ဘာကြောင့် သတ်ပစ်လိုက်ရသလဲ ဆိုသည့်အပေါ်၌ နားမလည်နိုင် ဖြစ်နေသည့်ပုံပင်။ ထိုအတွက်ကြောင့်ပင်လျှင် သေသွားသည့်တိုင်း သူမ၏ မျက်လုံးများမှာ အံ့အားသင့်နေသည့်အလား ပြူးလျက်သား ဖြစ်နေခဲ့လေသည်။
ပတ်ဝန်းကျင်အား စစ်ဆေးကြည့်ပြီးသည့်နောက် မည်သည့်ရန်သူမျှ မကျန်ရစ်တော့မှန်း အတည်ပြုပြီးသော် ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
သူကိုယ်တိုင် အချိန်ကုန်ခံ ပစ္စည်းအကုန်အကျခံ အပင်ပန်းခံပြီး ခင်းကျင်းခဲ့သော ဟင်းလင်းပြင်အစီအရင်များသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအတွက် အသုံးဝင်သည့် ပစ္စည်းတစ်ခု ဖြစ်လာရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ ထိုလူငါးယောက် ဤနေရာကို စောင့်နေသည်မှာ ကြာလောက်ပေပြီ။ ဤနေရာကို စောင့်ဆိုင်းရင်းမှ အရိပ်ကြယ်မှ လာသည့် ကျင့်ကြံသူများကိုလည်း သတ်ပစ်ခဲ့လောက်သည်။ ထိုအတွက်ကြောင့် အမျိုးသမီးမှာ သူ့အား အသနားခံ တောင်းပန်နေသည့်တိုင် ရန်ကိုင်ကမူ တစ်ဖက်လူ၏ အသက်ကို မချမ်းသာပေးခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင်မှာ အမျိုးသမီးများအား သတ်ရသည်ကို မနှစ်သက်ပါသော်ငြား လိုအပ်လာလျှင်တော့ စိတ်ထားပျော့ညံ့နေလိမ့်မည် မဟုတ်ပေ။
ထိုလူများကို သတ်ပြီးသည့်နောက် ထိုလူများ၏ သိုလှောင်လက်စွပ်ကို ယူကာ အထဲရှိ ပစ္စည်းများကို လိုက်လံ စစ်ဆေးကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်းပင် ထိုလူများ၏ သိုလှောင်လက်စွပ်ထဲတွင် သူဖန်တီးထားခဲ့သော ဖြတ်သန်းရေးတံဆိပ်ပြားကို တွေ့လိုက်ရလေသည်။ တခြားသော ပစ္စည်းများကိုတော့ ရန်ကိုင် ဂရုပင်စိုက်မနေခဲ့။
ထို့နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ပေါ်သို့တက်၍ သွားရမည်လမ်းကြောင်းကို ရှာဖွေလိုက်သည်။ မည်သည့်နေရာသို့ သွားရမလဲဆိုသည်ကို အတည်ပြုပြီးလိုက်သော် လေဟာနယ် နိယာမစွမ်းအားကို အသက်သွင်း၍ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။