အခန်း (၄၅၁-၄၅၂)
Vol. 46 Ch. 451-452
အခန်း ၄၅၁ - သေသောသူသည် ပြန်ရှင်နိုင်ပါ့မလား
ဖန့်ချန်သည် ကောင်းကင်ထက်တွင် ရပ်နေရင်း အောက်ခြေမှ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
"ကိုယ်တိုင် အသက်ရှိနေတုန်း ကိုယ့်ရဲ့ဈာပနကို ကိုယ်တိုင် ပြန်မြင်နေရတာ တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ"
သူ့ရုပ်ကလာပ်ကို ခန္ဓာကိုယ်ပုပ်သိုးခြင်းမှ ကာကွယ်ပေးသည့် အထူးပြုလုပ်ထားသော ကောင်းကင်ရတနာခန်းမ မှ လှူဒါန်းသည့် ကျောက်စိမ်းခေါင်းတလားထဲတွင် ထည့်သွင်းထားသည်။
ယနေ့တွင် ရွှေအမြုတေအဆင့်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများစွာ အပါအဝင် လူအုပ်ကြီးသည် မြို့တော်အပြင်ဘက်အထိ တိတ်ဆိတ်စွာ စီတန်းလိုက်ပါလာကြသည်။ ဘယ်သူမှ ဆူညံသံမပြုရဲကြပေ။
ဖန့်ချန်က လူအုပ်ကြီး၏ မျက်နှာပေးများကို အကဲခတ်နေသည်။
သာမန်လူဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ ကိုးဆယ်ရာခိုင်နှုန်းခန့်က ကျေးဇူးတင်သော အမူအရာရှိကြသော်လည်း၊ မိသားစုကြီး ၅ ခုမှ အနွယ်အဆက်အချို့ကတော့ သူသေသွားသည့်အပေါ် ခိုးကြောင်ခိုးဝှက် ဝမ်းသာနေကြသည်။
ထိုထဲတွင်မှ ဝိညာဉ်သွေးဂိုဏ်း၏ အကြွင်းအပါးဖြစ်ဟန်တူသော လူ ၅ ယောက်ခန့်ကတော့ သူ့ကို နာကျည်းစွာ စိုက်ကြည့်နေကြသည်။
သူတို့က အဆင့်နိမ့် ချီသန့်စင်ခြင်း အဆင့်သာ ရှိသော်လည်း မျက်လုံးထဲတွင် အငြိုးအတေးတွေ ပြည့်နေသည်။
ဖန့်ချန်က သူတို့ထံမှ အကြည့်ကို လွှဲလိုက်ပြီး
"နှမြောစရာပဲ ငါပြောတာကို သူတို့ မကြားနိုင်ကြဘူး ဒါပေမဲ့ ဒီလို အဆင့်နိမ့်ကျင့်ကြံသူ ၅ ယောက်လောက်နဲ့တော့ ချန်းအင်ပါယာ မြို့တော်မှာ ချက်ချင်းကြီး ပြဿနာရှာနိုင်မှာ မဟုတ်ပါဘူးလေ"
ဟု တွေးလိုက်သည်။
စီတန်းလှည့်လည်မှုသည် မြို့ပြင်တံခါးသို့ ရောက်ရှိလာသည်။
ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်က ရပ်တန့်လိုက်ပြီး နတ်သမီးယွီနှင့် အဖွဲ့ထံသို့ ဖန့်မိသားစုဝင်များက ခေါင်းတလားကို လွှဲပြောင်းပေးအပ်သည်ကို စောင့်ကြည့်နေကြသည်။
ဖန့်ထင်ကျန့်က နတ်သမီးယွီကို ကြည့်ကာ
“အားလုံးပဲ ငါ့ကို တကယ်ပဲ လိုက်ပို့ခွင့် မပေးချင်ဘူးလား သူက ဖန့်မိသားစုဝင်တစ်ယောက်ပဲ မိသားစုရဲ့ သွေးတွေ သူ့ထဲမှာ စီးဆင်းနေတာ”
ဟု မေးလိုက်သည်။
နတ်သမီးယွီ၏ မျက်နှာက အေးစက်နေသည်။
“မလိုပါဘူး သခင်လေးသာ မျိုးနွယ်ဆက် လာမသတ်မှတ်ခဲ့ရင် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး”
သူမသည် ဖန့်ချန်၏ မျက်နှာကို နောက်ဆုံးအကြိမ် ထိတွေ့ချင်သော်လည်း ကျောက်စိမ်းခေါင်းတလားက ခြားနေသည်။
“သွားကြစို့... သွားကြစို့”
ဟု ရှကျီက တိုးတိုးလေးပြောပြီး လူအုပ်ထဲက ဝူရုန့်ချိုကို ကြည့်ကာ
“စီနီယာအစ်မ ကျွန်တော့်ကို ဒီမှာ စောင့်နေပါ ဖန့်ချန်ကို ပို့ပြီးတာနဲ့ ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်”
ဟု ခေါင်းညိတ်ပြလိုက်သည်။ ဝူရုန့်ချို၏ မျက်လုံးများက ဝေဝါးနေပြီး
“မောင်လေး ငါတို့နှစ်ယောက်ပဲ ကျန်တော့တာ မင်း သေချာပေါက် ပြန်လာရမယ်နော်”
ဟု မှာကြားသည်။
“ကျွန်မလည်း သခင်လေးနောက် လိုက်ပါရစေ”
ဟု ဖန့်ချင်းယောင်က ဝင်ပြောသည်။ နတ်သမီးယွီက သူမကို ခဏမျှ အကဲခတ်ပြီးမှ
“ကောင်းပြီ သခင်လေးက မင်းအတွက်လည်း အတော်လေး ကြိုးစားပေးခဲ့တာပဲ လိုက်ခဲ့တာက ကျိုးကြောင်းဆီလျော်ပါတယ်”
ဟု ခွင့်ပြုလိုက်သည်။
မင်းသမီး ၆ က ရှကျီကို ကြည့်ကာ စိတ်မကောင်းဖြစ်နေစဉ်၊ ရှကျီက
“ညီမ အရှင်မီးတိမ်တိုက် နောက်မှာ သေချာလိုက်ကျင့်ပါ ကျင့်ကြံခြင်းမှာ ပျက်ကွက်မှု မရှိစေနဲ့”
ဟု မှာကြားလိုက်သည်။
ကျန်းရှောင်ခဲ ကလည်း သူ့ဆရာဖြစ်သူ နှင့် စီနီယာအစ်မ ယန်ရုယွဲ့ ကို နှုတ်ဆက်ကာ ဖန့်ချန်ကို ပို့ဆောင်ပြီးပါက လေ့ကျင့်ရေး ခရီးထွက်တော့မည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ ဂရုစိုက်ပေးခဲ့မှုအတွက် ကျေးဇူးမမေ့ကြောင်း ပြောကြားသည်။
လီတောက်ယဲ့ကလည်း
“ကျွန်တော်ကော ဖန့်ချန် နောက် လိုက်လို့ရမလား”
ဟု မေးသော်လည်း နတ်သမီးယွီနှင့် ရှကျီက
“မရဘူး”
ဟု ပြိုင်တူ ငြင်းလိုက်ကြသည်။ လီတောက်ယဲ့က
“ဘာလို့လဲဗျာ”
ဟု မကျေမနပ် ဖြစ်နေသော်လည်း သူတို့ ၄ ယောက်သည် ခေါင်းတလားကို မကာ ထွက်ခွာခဲ့ကြသည်။
နတ်သမီးယွီ၏ စီနီယာဖြစ်သော အမျိုးသမီးဓားကျင့်ကြံသူသည်လည်း အဝေးမှ လိုက်ပါလာသည်။
သူမသည်လည်း ဖန့်ချန်၏ နောက်ဆုံးဓားချက်အတွက် သူမ၏နုပျိုမှုကို စတေးခဲ့ရသူဖြစ်ပေသည်။
ဖန့်ချန်သည် သူ့ခန္ဓာကိုယ် ထွက်ခွာသွားသည်ကို ဝမ်းနည်းရိပ်အချို့ဖြင့် ရပ်ကြည့်နေမိသည်။
“အရှင်ဝေဟင်ပြေး ဒီတစ်ခါ ဝိညာဉ်သွေးဂိုဏ်းရဲ့ အစီအစဉ်ကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ သူတို့က ဇွဲမလျှော့ရင် ငါတို့ ကာကွယ်နိုင်မှာ မဟုတ်ဘူး”
ဟု အရှင်ကျားဖြူက ဆိုသည်။
အရှင်ဝေဟင်ပြေးက
“ငါ ဒီမှာ ဖြစ်ပျက်သမျှကို သတင်းပို့ပြီးပြီ မကြာခင် တိမ်ဖုံးဒေသက အင်ပါယာအားလုံး ဒီအကြောင်းကို သိသွားကြလိမ့်မယ်"
"သတိပေးချက်တစ်ခုအနေနဲ့ ဝိညာဉ်သွေးဂိုဏ်းက ဒီဒေသကို အခြေစိုက်စခန်းအဖြစ် သုံးဖို့ မဖြစ်နိုင်တော့ဘူး”
ဟု ပြန်ဖြေသည်။
ထိုစကားကို ကြားသောအခါ ဖန့်ထင်ကျန့်၊ ဖန့်ဝမ်လီ၊ မင်းသမီးရှင်းလုံနှင့် အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများ အားလုံး သက်ပြင်းချကာ စိတ်အေးသွားကြသည်။
ဖန့်ချန်သည် ဝိညာဉ်သုတ်သင်ရေးဌာန ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ဝေဟင်ပြေးတို့ကို ဦးညွှတ်နှုတ်ဆက်ကာ ခေါင်းတလားနောက်သို့ လိုက်သွားတော့သည်။
“ငါ့ဝိညာဉ်က မပျက်စီးသေးဘူး၊ ငါ့ခန္ဓာကိုယ်သာ မပုပ်သိုးရင် ပြန်ရှင်လာဖို့ အခွင့်အရေး ရှိသေးတယ် တကယ်လို့ မရရင်လည်း ပုဒု ရဲ့ နည်းလမ်းအတိုင်း သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခုကို ရှာပြီး ဝင်စားရမှာပဲ"
" ဒါပေမဲ့ အသက်ရှင်နေတဲ့သူ မဟုတ်ဘဲ အခုလေးတင် သေဆုံးသွားတဲ့သူမျိုး ဖြစ်ဖို့ လိုတယ်”
ဟု ဖန့်ချန်က ခေါင်းတလားပေါ်တွင် ထိုင်ရင်း စဉ်းစားနေမိသည်။
ခွန်လုံစစ်သူကြီးသည် ဖန့်ချန်၏ နောက်ကြောင်းကို သိထားသဖြင့် မဟာရှ ကို လက်စားချေရန် ကြိုးစားနိုင်သည်ကို ဖန့်ချန် စိုးရိမ်နေသည်။
ထိုစဉ် ရှကျီက အမျိုးသမီးဓားကျင့်ကြံသူကို မဟာရှသို့ ကာကွယ်ပေးရန် အကူအညီတောင်းလိုက်သည်။
“မင်းက ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ တပည့်ဖြစ်နေသရွေ့ မဟာရှကလည်း ငါတို့ဂိုဏ်းရဲ့ ဇာတိမြေပဲ ဘယ်သူ့ကိုမှ စော်ကားခွင့် မပေးနိုင်ဘူး”
ဟု အမျိုးသမီးဓားကျင့်ကြံသူက ဆိုသည်။ သူမသည် ဓားသန္ဓေသားကိစ္စကိုလည်း စိတ်ဝင်စားနေပြီး ဖန့်ချန်သာ ပြန်ရှင်လာပါက အမှန်တရားကို မေးမြန်းချင်နေသည်။
သူမသည် နတ်သမီးယွီကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“သေသောသူသည် တကယ်ပဲ ပြန်ရှင်လာနိုင်ပါ့မလား”
အခန်း ၄၅၂ - အရေးမပါသော အမွှေးတိုင်လမ်းစဉ်ကျင့်ကြံသူ
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရက်သတ္တပတ် နှစ်ပတ် (၁၅ ရက်) ကုန်ဆုံးသွားခဲ့ပါပြီ။
အတိုင်းအဆမဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ သင်္ဘောကြီးတစ်စင်းဟာ လှိုင်းလေကို ဖြတ်ကျော်ပြီး ခရီးနှင်နေပါတယ်။
သင်္ဘောသားတွေနဲ့ ကပ္ပတိန်အပြင် ဒီသင်္ဘောပေါ်မှာ ခရီးသည် အနည်းငယ်ပဲ ပါရှိပါတယ်။
ဘာလို့လဲဆိုတော့ သူတို့က ဒီသင်္ဘောတစ်စင်းလုံးကို ငွေအမြောက်အမြားပေးပြီး စင်းလုံးငှားထားလို့ပါပဲ။
"ငါတို့ မကြာခင် သုံးလောကတောင် ကို ရောက်တော့မယ်"
ရှကျီက သင်္ဘောပတ်လက်အုံပေါ်မှာ ရပ်ရင်း အဝေးဆီကို တိတ်ဆိတ်စွာ ငေးကြည့်ရင်း ပြောလိုက်ပါတယ်။
သူ့စိတ်ထဲမှာ လွန်ခဲ့တဲ့ ၆ နှစ်က တိုက်ပွဲအကြောင်းတွေ ပြန်ပေါ်လာမိတယ်။
အဲဒီတိုက်ပွဲက တကယ့်ကို ရက်စက်ကြမ်းကြုတ်ခဲ့ပြီး သူ့ဘဝမှာ မြင်ဖူးသမျှ အဆိုးရွားဆုံးပါပဲ။
မဟာရှရဲ့ စစ်သည်တော်ပေါင်းများစွာဟာ သုံးလောကတောင်ပေါ်မှာ ကျဆုံးခဲ့ကြရတယ်။
အဲဒီထဲမှာ သူနဲ့ ဖန့်ချန်တို့ရဲ့ ရွယ်တူသူငယ်ချင်းတွေ၊ ညီအစ်ကိုလို ခင်မင်ပြီး အရက်အတူသောက်ခဲ့ကြတဲ့ သူတွေ အများကြီး ပါဝင်ခဲ့ပါတယ်။
"အဲဒီတိုက်ပွဲမှာ ဝိညာဉ်သွေးဂိုဏ်းသာ ဝင်မရှုပ်ခဲ့ရင် ဖန့်ချန် ဒီလောက်အထိ အထိနာမှာ မဟုတ်ဘူးအဲဒီအချိန်တုန်းက သူကလည်း ငါ့လိုပဲ သာမန်လူသားတစ်ယောက်ပဲလေ"
ရှကျီက တဖြည်းဖြည်း လှည့်ကြည့်လိုက်တော့ ဘေးနားမှာရှိတဲ့ ကျောက်စိမ်းခေါင်းတလားကို တွေ့လိုက်ရပါတယ်။
နတ်သမီးယွီ၊ ကျန်းရှောင်ခဲနဲ့ ဖန့်ချင်းယောင်တို့ဟာ ဖန့်ချန်ရဲ့ အလောင်းဘေးကနေ တစ်ဖဝါးမှမခွာဘဲ စောင့်ကြပ်နေကြပါတယ်။
သူတို့ ကြည့်နေရင်းနဲ့မှ ဖန့်ချန်က အံ့သြစရာကောင်းလောက်အောင် ပြန်ရှင်လာမလားလို့ မျှော်လင့်နေကြသလိုပါပဲ။
"လီတောက်ယဲ့က ဖန့်ချန် မသေဘူးလို့ ပြောခဲ့တယ် သူ့စကားက အခြေအမြစ်မရှိဘဲ ပြောတာတော့ မဟုတ်လောက်ဘူး ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ငါနဲ့ နတ်သမီးယွီတို့ဆီမှာ ထူးဆန်းတာတွေ ဖြစ်လာတယ်"
ရှကျီက သူ့ဘာသာ တွေးနေမိပါတယ်။
ဒီကာလအတွင်းမှာ သူ့ရဲ့ ကျင့်ကြံဆင့်က မမျှော်လင့်ဘဲ တိုးတက်လာပြီး ချီသန့်စင်ခြင်းအဆင့် ၁၁ ကို ရောက်ရှိသွားပါတယ်။
သူ အသက်ရှူလိုက်တိုင်း ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားတွေကို အလိုအလျောက် စုပ်ယူနေသလိုပါပဲ။ မကြာခင်မှာပဲ သူဟာ အဆင့် ၁၂ ကို ရောက်တော့မှာပါ။
ဒီလို ထူးခြားတဲ့ ပြောင်းလဲမှုတွေက ရှကျီ တစ်ယောက်တည်း မဟုတ်ပါဘူး။
နတ်သမီးယွီ၊ အမျိုးသမီးဓားကျင့်ကြံသူ၊ ဖန့်ချင်းယောင်နဲ့ ကျန်းရှောင်ခဲတို့မှာလည်း သိသိသာသာ ပြောင်းလဲလာပါတယ်။
ဖန့်ချင်းယောင်နဲ့ ကျန်းရှောင်ခဲတို့ကတော့ အဆင့်ငယ်လေးတစ်ခုလောက်ပဲ တိုးတက်လာပေမဲ့၊ အမျိုးသမီးဓားကျင့်ကြံသူကတော့ သိသိသာသာကြီးကို ပြောင်းလဲသွားတာပါ။
သူမရဲ့ ရုပ်သွင်ဟာ အိုမင်းရင့်ရော်နေရာကနေ အခုဆိုရင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်ရည်ကို ၁၅ ရက်အတွင်းမှာ ပြန်ရလာခဲ့ပါတယ်။
နတ်သမီးယွီကတော့ ချီသန့်စင်ခြင်းအဆင့် ၁၂ ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ပါပြီ။
ဒီပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဖန့်ချင်းယောင်က
"ဒါဟာ ငါတို့လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် ကောင်းကင်ဘုံက ဆုလာဘ် ပေးတာပဲ"
လို့ ပြောခဲ့ပါတယ်။
တိမ်မြုပ်ဒေသတစ်ခုလုံးကို ဝိညာဉ်သွေးဂိုဏ်းက ဖျက်ဆီးမယ့်အရေးကို သူတို့အားလုံးက တစ်ထောင့်တစ်နေရာကနေ တားဆီးပေးခဲ့ကြတာကြောင့် ကုသိုလ်ကံတွေ ရရှိခဲ့တာပါ။
ဒါပေမဲ့ ရှကျီက ကျောက်စိမ်းခေါင်းတလားထဲက ဖန့်ချန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိပါတယ်။
"ဖန့်ချန် က ဒီကိစ္စမှာ အဓိက အကျဆုံးနေရာကနေ လုပ်ဆောင်ခဲ့တာ ဒါပေမဲ့ ဘာလို့ သူကတော့ ကုသိုလ်ကံတွေ မရတာလဲ ကောင်းကင်ဘုံက သူ့ကို သေသွားပြီလို့ သတ်မှတ်လိုက်လို့လား"
အဲဒီအချိန်မှာပဲ ကောင်းကင်ယံကနေ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းလာပြီး သင်္ဘောပတ်လက်အုံပေါ် ဆင်းသက်လိုက်ပါတယ်။
အဲဒါကတော့ ဝတ်စုံဖြူဝတ် ဆရာကြီးတစ်ဦးပါပဲ။
သင်္ဘောသားတွေနဲ့ ကပ္ပတိန်တို့ဟာ လန့်သွားကြပေမဲ့ အမျိုးသမီးဓားကျင့်ကြံသူကတော့ မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်းပဲ လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
"အကြီးအကဲ ဟွမ် "
အမျိုးသမီးဓားကျင့်ကြံသူက နှုတ်ဆက်လိုက်တာကို မြင်တော့မှ သင်္ဘောသားတွေလည်း တိတ်တဆိတ် ဆုတ်ခွာသွားကြပါတယ်။
ဆရာကြီးက အမျိုးသမီးဓားကျင့်ကြံသူကို ကြည့်ပြီး
"မင်းရဲ့ သက်တမ်းတွေ တော်တော်ကုန်သွားတာပဲ"
လို့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက ခါးသီးစွာ ပြုံးလိုက်ပြီး
"ဟုတ်ပါတယ်၊ အတော်လေး ကုန်သွားပါတယ်ဒါပေမဲ့ ကံကောင်းတာက ကောင်းကင်ဘုံက ကုသိုလ်ကံအချို့ ပေးသနားခဲ့လို့ အတော်လေး ပြန်ကာမိသွားပါတယ်"
လို့ ဆိုပါတယ်။
ရှကျီကတော့
"ဒီဆရာကြီးက ဝိညာဉ်သန္ဓေသားအဆင့် ဓားကျင့်ကြံသူများလား"
လို့ စိုးရိမ်တကြီး ကြည့်နေမိပါတယ်။
ဖန့်ချန်ရဲ့ ဝိညာဉ်ကလည်း ဆရာကြီးကို ကြည့်ပြီး လေးစားအားကျမိသွားပါတယ်။
ဒီဆရာကြီးဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါက ခွန်လုံစစ်သူကြီးထက်တောင် အများကြီး သာလွန်နေပြီး ဝိညာဉ်သန္ဓေသားအဆင့်ရဲ့ အလယ်ပိုင်းလောက်မှာ ရှိနေပုံရပါတယ်။
"မင်းတို့က ဝိညာဉ်သွေးဂိုဏ်းရဲ့ အကြံအစည်ကို မမျှော်လင့်ဘဲ တားဆီးနိုင်ခဲ့လို့ ကုသိုလ်ကံတွေ အတော်ရခဲ့တာပဲ"
"ဒါပေမဲ့ ဒီကုသိုလ်တွေက မင်းဆုံးရှုံးသွားတာအားလုံးကိုတော့ ပြန်မဖြည့်ဆည်းပေးနိုင်သေးဘူး"
လို့ အကြီးအကဲဟွမ်က ပြောပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက ကျောက်စိမ်းခေါင်းတလားကို ညွှန်ပြပြီး
"ဒီလူက ဝိညာဉ်သွေးဂိုဏ်းကို တားဆီးတဲ့နေရာမှာ အရေးအပါဆုံး သူရဲကောင်းပါ"
လို့ တိုးတိုးလေး ပြောလိုက်ပါတယ်။
အကြီးအကဲဟွမ်က ခေါင်းတလားကို အေးစက်စွာ ကြည့်လိုက်ပြီး
"ငါတို့ဂိုဏ်းက အခိုးခံလိုက်ရတဲ့ ဓားသန္ဓေသား က သူ့လက်ထဲမှာလား သူက အဲဒါကို သူ့ရဲ့ ကိုယ်ပိုင်ဓားအဖြစ် မွေးမြူထားပြီးပြီလား"
လို့ မေးပါတယ်။
နတ်သမီးယွီက ဆရာကြီး စိတ်ဆိုးမှာကို စိုးရိမ်ပြီး ရှေ့ကို ထွက်လာပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူကလည်း
"အကြီးအကဲဟွမ် ဒီကိစ္စမှာ နားလည်မှုလွဲတာ ရှိနိုင်ပါတယ် ကျွန်မသိသလောက်တော့ ဒီလူဟာ ကျွန်မတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ဆီကနေ ဓားသန္ဓေသားကို ခိုးယူနိုင်စွမ်း မရှိပါဘူး"
လို့ ကာကွယ်ပြောပေးပါတယ်။
အကြီးအကဲဟွမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"ဓားသန္ဓေသားကို ခိုးသွားတဲ့သူက အမွှေးတိုင်လမ်းစဉ် ကို ကျင့်ကြံပြီး သူ့ကိုယ်သူ ပုဒု လို့ ခေါ်တဲ့ အရေးမပါတဲ့ တာအိုကျင့်ကြံသူတစ်ယောက်ပါ ငါတို့ ခုထိ သူ့နောက်ကို လိုက်နေတုန်းပဲ"
လို့ ဆိုပါတယ်။
ဒီစကားကို ကြားတော့ ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရပါတယ်။
"ပုဒုက လူမိသွားပြီပေါ့ ဒါဆို ငါက ဓားခိုးတဲ့သူဆိုတဲ့ နာမည်ဆိုးကနေ လွတ်သွားပြီပေါ့"
အကြီးအကဲဟွမ်က ဆက်ပြောပါတယ်။
"သူက ပုဒုကို သိတာလည်း မဟုတ်ပါဘူး အဲဒီလူက ဓားသန္ဓေသားကို ခိုးပြီး ဝေးလံတဲ့နေရာမှာ ဝှက်ထားခဲ့တာ ဒီလူက ကံကောင်းထောက်မစွာနဲ့ အဲဒီဓားကို တွေ့ရှိပြီး ဓားကျင့်ကြံသူ ဖြစ်လာတာဟာ ရေစက် လို့ပဲ ပြောရမှာပေါ့"
နတ်သမီးယွီကတော့ စိတ်အေးသွားပါတော့တယ်။
ဒီဓားကျင့်ကြံသူတွေက စိတ်ဆတ်ပေမဲ့ တရားမျှတတယ်ဆိုတာ သူမ သိလိုက်ပါတယ်။
ဆရာကြီးက ဖန့်ချန်ကို
"အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပေမဲ့ ဝိညာဉ်သန္ဓေသားအဆင့်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တာ အတိတ်နဲ့ ပစ္စုပ္ပန်ကို ဖြတ်တောက်ပစ်နိုင်တာတွေက သူဟာ လူမိုက်တစ်ယောက် ဖြစ်နိုင်ပေမဲ့ ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတော့ ရှိပါတယ်"
လို့ ချီးကျူးလိုက်ပါတယ်။
"သူက ငါတို့ဂိုဏ်းရဲ့ ဓားသန္ဓေသားထဲက အမွေအနှစ်ကို ရရှိထားတာကြောင့် သူ့ကို ငါတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ တပည့်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်"
အမျိုးသမီးဓားကျင့်ကြံသူက အံ့သြသွားပြီး
"ဓားသန္ဓေသားထဲက အမွေအနှစ် ဟုတ်လား"
လို့ မေးပါတယ်။ အကြီးအကဲဟွမ်က
"တချို့သော ဓားသန္ဓေသားတွေက ရှေးဟောင်းအမွေအနှစ်တွေ ပါရှိတတ်တယ် သူက အဲဒီဓားကနေ ပညာတွေကို ရခဲ့တာပဲ"
လို့ ရှင်းပြပါတယ်။
ဖန့်ချန်လည်း အံ့သြသွားပါတယ်။
"ဒီဆရာကြီးက ဓားငယ်လေးထဲမှာ အမွေအနှစ်ရှိတာကို သိနေတာလား"
အကြီးအကဲဟွမ်က
"ဒါနဲ့ သူ့နာမည်က ဘယ်သူလဲ ငါပြန်သွားတဲ့အခါ သူ့ကို ဂိုဏ်းဝင်အဖြစ် မှတ်ပုံတင်ပေးလိုက်မယ်"
လို့ မေးပါတယ်။
"သူ့နာမည်က ဖန့်ချန် ပါ"
လို့ နတ်သမီးယွီက အလျင်အမြန် ဖြေလိုက်ပါတယ်။
"ဖန့်ချန်လား ကောင်းပြီ အခု ငါနဲ့အတူ ဂိုဏ်းကို လိုက်ခဲ့ကြ သူ့ရဲ့ ရုပ်ကလာပ်ကိုလည်း ဂိုဏ်းထဲမှာပဲ မြှုပ်နှံပေးမယ်"
အားလုံးဟာ မှင်တက်သွားကြပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက ခါးသီးစွာ ပြုံးရင်း
"အကြီးအကဲဟွမ် သူက တခြားနေရာမှာ မြှုပ်နှံပေးဖို့ နောက်ဆုံးဆန္ဒ မှာခဲ့လို့ပါ"