အခန်း (၄၆၁-၄၆၂)
Vol. 47 Ch. 461-462
အခန်း ၄၆၁ - တာ့ချန်းသို့ အပြန်၊ အရာရာ ပြောင်းလဲသွားလေပြီ
ဖန့်ချန်သည် မိစ္ဆာသုံးကောင်ကို ခေါ်ဆောင်ကာ မြို့တော်သို့ ခေတ္တပြန်ခဲ့သည်။
ဟွမ်စီဟိုင်နှင့် အခြားသူများသည် ထာဝရသုသာန်ကိစ္စရပ်များကို အမှန်တကယ်ပင် ကောင်းမွန်စွာ စီမံထားနိုင်ခဲ့ကြသည်။
နှစ်ပတ်အတွင်းမှာပင် သေဆုံးသွားသော စစ်သည်တော် သောင်းနှင့်ချီကို မိသားစုဝင်များက လာရောက် ပင့်ဆောင်သွားခဲ့ကြပြီ ဖြစ်သည်။
ဖန့်ချန်သည် ခရီးသစ်တစ်ခု ထပ်မံထွက်ခွာတော့မည်ဖြစ်ပြီး မိစ္ဆာသုံးကောင်ကိုပါ ခေါ်သွားမည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရွှီဂီနှင့် ဟွမ်စီဟိုင်တို့မှာ အားကျမဆုံး ဖြစ်နေကြသည်။
ဖန့်ချန်တို့ ထွက်ခွာသွားပြီးနောက် ကျောက်ယန်သည်လည်း ဟွမ်စီဟိုင်တို့ကို တိုးတိတ်စွာ နှုတ်ဆက်ကာ တောင်ပိုင်းဒေသမှာပင် ကျန်ရစ်ခဲ့ပြီး သူ၏ ကိုယ်ခံပညာလမ်းစဉ်ကို ဆက်လက် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ဖန့်ချန်၏ ဦးတည်ရာမှာ တာ့ချန်းအင်ပါယာ ဖြစ်သည်။
သူသည် ရှကျီ ထိုနေရာမှာ ရှိနေသေးလားဆိုသည်ကို သိချင်သလို၊ တာ့ချန်းကို ဖြတ်ကျော်ပြီးမှ ရှန်းယွမ် အင်ပါယာ သို့ သွားကာ မိစ္ဆာသုံးကောင်ကို အရှင်ကျားဖြူနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။
တစ်လအကြာတွင် လူတစ်ယောက်နှင့် မိစ္ဆာသုံးကောင်တို့သည် တာ့ချန်းသို့ ရောက်ရှိလာကြသည်။
စည်ကားလှသော အင်ပါယာမြို့တော်ကြီးကို ကြည့်ပြီး မိစ္ဆာသုံးကောင်မှာ အံ့သြမှင်တက်နေကြသည်။
လမ်းခရီးတစ်လျှောက်တွင် သူတို့သည် အတွေ့အကြုံများစွာ ရရှိခဲ့ကြပြီး ချင်းဟူ နိုင်ငံကို ဖြတ်ကျော်စဉ်က မိစ္ဆာကျင့်ကြံသူများ စိုးမိုးသော နိုင်ငံရှိကြောင်းပင် သိခဲ့ရသည်။
သို့သော်လည်း ထိုနိုင်ငံမှာ တာ့ချန်းမြို့တော်၏ ခမ်းနားမှုနှင့် ယှဉ်လျှင် ဖုန်မှုန့်မျှသာ ရှိပေသည်။
အောင်မြင်ခြင်းဗုဒ္ဓ၊ တောင်သခင်ကျား နှင့် အစိမ်းလေး တို့၏ ရုပ်သွင်ကြောင့် လူအများက လှည့်ကြည့်ကြသော်လည်း တာ့ချန်းတွင် မိစ္ဆာကျင့်ကြံသူများ ရှိနေကျဖြစ်သဖြင့် သိပ်တော့ ထူးဆန်းမနေပေ။
ကျင့်ကြံသူအချင်းချင်း စိုက်ကြည့်ခြင်းမှာ ရန်လိုသည့် အပြုအမူဟု ယူဆနိုင်သဖြင့် လူအများမှာ ကိုယ့်အလုပ်ကိုယ်လုပ်ကာ ခပ်ရှောင်ရှောင်သာ နေကြသည်။
စွမ်းအားမြင့်ဗလာတောင် မှာ ဖန့်ချန် မှတ်မိနေသည့်အတိုင်း ဘာမှ မပြောင်းလဲဘဲ ရှိနေသည်။
ဖန့်ချန်သည် မိစ္ဆာသုံးကောင်ကို ဦးဆောင်ကာ စွမ်းအားမ့င့်ဗလာကျောင်းတော် ရှေ့သို့ ရောက်သွားသည့်အခါ ရဟန်းအုပ်စုတစ်စု စုဝေးနေသည်ကို တွေ့လိုက်ရသည်။
မိစ္ဆာသုံးကောင်ကို မြင်သည့်အခါ ရဟန်းတစ်ပါးက ဖန့်ချန်ကို ကြည့်ကာ လက်အုပ်ချီ မေးမြန်းသည်။
"ဒကာ အမွှေးတိုင် လာထွန်းတာလား"
"ဒီမှာ အရင်က နေခဲ့တဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ"
ဟု ဖန့်ချန်က ပြန်မေးလိုက်သည်။
သူသည် တောင်အောက်မှာ ရှိနေစဉ်ကပင် ရှကျီနှင့် ဝူရုန့်ချို တို့၏ အငွေ့အသက်ကို မခံစားရသဖြင့် သူတို့မရှိတော့သည်ကို သိပြီးသား ဖြစ်သည်။
ဟောင်းနွမ်းနေသော ကျောင်းတော်မှာ ယခုအခါ အသစ်ပြန်လည် ပြုပြင်ထားပြီး ဖြစ်သည်။
ထိုနေရာတွင် ဗုဒ္ဓဘာသာ ကျင့်ကြံသူများ အခြေချနေထိုင်နေကြပြီး အချို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အထိ ရောက်နေကြသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေကြောင့် ကျောင်းတော်က လူသူကင်းမဲ့သွားခဲ့တာပါ အခု ကျွန်တော်တို့က ရှန်းယွမ်အင်ပါယာက ချန်ရှန်းကျောင်းတော် က လာတာပါ"
ဟု ရဟန်းက ဆိုသည်။
ဖန့်ချန်က အံ့သြဟန်ဖြင့်
"အရှင်လုံမု ရှိတဲ့ ချန်ရှန်းကျောင်းတော်လား"
ရဟန်းက ဖန့်ချန်ကို စိတ်ဝင်တစား ကြည့်ကာ
"ဒကာက အရှင်လုံမုကို သိလို့လား"
ဟု မေးသည်။ ဖန့်ချန်က ပြုံးလျက်သာ နှုတ်ဆက်ကာ မိစ္ဆာသုံးကောင်နှင့်အတူ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။
တာ့ချန်း၏ ဝိညာဉ်သုတ်သင်ရေးဌာန သည် ယခင်ဖြစ်ရပ်များကြောင့် ထိုနေရာကို ပိုမိုဂရုစိုက်လာပုံရသည်။
ထိုစဉ်က မိစ္ဆာမ၏ ကြောက်မက်ဖွယ် စွမ်းအင်တွေ ရှိခဲ့သော်လည်း ယခု ရဟန်းများ နေရဲကြခြင်းမှာ အထက်က စောင့်ရှောက်မှုရှိ၍ ဖြစ်ပေလိမ့်မည်။
တောင်ပေါ်မှ ဆင်းပြီးနောက် ဖန့်ချန်သည် မြို့ထဲသို့ ဦးတည်လာခဲ့သည်။
ရှကျီနှင့် မတွေ့ရသော်လည်း ဖန့်ထင်ကျန့် နှင့် ဖန့်ဝမ်လီ တို့နှင့် တွေ့ဆုံခြင်းကလည်း မဆိုးလှပေ။
ထိုစဉ် မြို့တံခါးနားတွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပုံပြောဆရာတစ်ယောက်လို အားရပါးရ ပြောဆိုနေသည်။
"ဓားတစ်ချက်မှာ လူတစ်ယောက်ပဲ ဖန့်မိသားစုက ဓားကျင့်ကြံသူဟာ သွေးဝိညာဉ်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ပညာရှင်တွေကို ဟင်းသီးဟင်းရွက် လှီးသလို တုံးတစ်ပစ်ခဲ့တာဗျ"
"ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတောင် သူ့ဓားဒဏ်ကို မခံနိုင်ဘူး သူ့ရဲ့ ရဲရင့်တဲ့ လုပ်ရပ်သာ မရှိရင် ဒီနေ့ တာ့ချန်းမှာ ငြိမ်းချမ်းရေး ဆိုတာ ရှိပါ့မလား"
"ကျွန်တော် ပိုပြောနေတာ မဟုတ်ဘူးနော်၊ အဲဒီ သူရဲကောင်းနဲ့ ကျွန်တော်နဲ့က ပတ်သက်မှုရှိလို့ အမှန်အတိုင်း ပြောပြနေတာ"
ကျင့်ကြံသူ အတော်များများက ထိုလူကို ဝိုင်းနားထောင်နေကြသည်။ တစ်ယောက်က ကြားဖြတ်မေးလိုက်သည်။
"မင်းနဲ့ သူနဲ့က ဘာတော်လို့လဲ"
ထိုလူက ဂုဏ်ယူဝင့်ကြွားစွာ နှာခေါင်းရှုံ့လိုက်သည်။
"ဘာတော်ရမှာလဲ သူ တာ့ချန်းကို ပထမဆုံး ရောက်လာကတည်းက ကျွန်တော် သိတာဗျ"
ထို့နောက် သူက သူ့ခြေထောက်တွေကို ပုတ်ပြရင်း
"အဲဒီတုန်းက သူပဲ ကျွန်တော့် ခြေထောက်တွေကို ရိုက်ချိုးခဲ့တာ"
ဖန့်ချန်က အဝေးကနေ ကြည့်နေရင်း ထိုလူကို သေချာကြည့်လိုက်သည့်အခါ အံ့သြသွားသည်။
လင်းယွီ လား ၁၂ နှစ်အတွင်းမှာ သူ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အိုစာသွားရတာလဲ
သူ့မှာ ဝိညာဉ်စွမ်းအင် လုံးဝ မရှိတော့သလို ကျင့်ကြံခြင်းသွေးကြောတွေလည်း ပြတ်တောက်နေသည်။
သူ့ရဲ့ ကျင့်ကြံမှုတွေ ဖျက်ဆီးခံထားရတာပဲ။
"မင်းပြောတာ တကယ်လား သူက မင်းခြေထောက်ကို ချိုးခဲ့တာလား မင်းက သူနဲ့အတူ တိုက်ပွဲဝင်ခဲ့တာလား"
ဟု တစ်ဦးက မယုံကြည်နိုင်စွာ အော်ပြောသည်။
လင်းယွီက ဂုဏ်ယူသော မျက်နှာဖြင့်
"မှားတယ် အတူတိုက်ခဲ့တာ မဟုတ်ဘူး အဲဒီကောင် ကျွယ်ဝူတီ ကြောင့် ကျွန်တော် သူ့ကို သွားစော်ကားမိလို့ ခြေထောက် ချိုးခံလိုက်ရတာ"
လူတိုင်း၏ မျက်နှာက ထူးဆန်းသွားသည်။
ဒီလိုကိစ္စမျိုးကို ဘယ်လိုဖြစ်လို့ ဂုဏ်ယူပြီး ပြောနေရတာလဲ
လင်းယွီက ဆက်ပြောသည်။
"ကျွယ်ဝူတီ အကြောင်း ပြောရဦးမယ် ဒီကောင်က အပြင်ပန်းမှာ သူတော်ကောင်းယောင်ဆောင်ပြီး လူတွေကို လှည့်စားခဲ့တာ နောက်မှ သွေးဝိညာဉ်ဂိုဏ်းက လူမှန်း သိလိုက်ရတာဗျ တကယ့်ကို ရှက်စရာကောင်းတဲ့ ကောင်ပဲ"
"နောက်တော့ ကျွယ်မိသားစုလည်း ဝဋ်လည်တာပေါ့ အရင်က တာ့ချန်းရဲ့ မသားစုကြီး သုံးခုထဲက တစ်ခုဖြစ်ခဲ့ပေမဲ့ အခုတော့ မြို့ပြင်က ရပ်ကွက်လေးတွေမှာ ကပ်ရပ်နေရတဲ့ ဘဝ ရောက်သွားပြီဟားဟား ဒါတွေက ကံတရားရဲ့ စီရင်ချက်ပဲ"
လင်းယွီက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး
"မင်းတို့ အဲဒီ ရန်ငြိုးဟောင်းတွေအကြောင်း အသေးစိတ် သိချင်ရင် ကျွန်တော့်ကို အရက်တစ်ခွက်လောက် ဝယ်တိုက်ပါလား အကုန်ပြောပြမယ်"
"ဖူး"
ကျင့်ကြံသူ အတော်များများက သူ့ကို လှောင်ပြောင်ပြီး ထွက်သွားကြသည်။
အောင်မြင်ခြင်းဗုဒ္ဓ၊ တောင်သခင်ကျား နှင့် အစိမ်းလေး တို့မှာ ထိုစကားတွေကို ကြားပြီး အံ့သြနေကြသည်။
ရွှေအမြုတေအဆင့် ပညာရှင်တွေကို ဟင်းသီးဟင်းရွက်လို လှီးနိုင်တဲ့သူ ရှိတာ တကယ်လား တော်တော် ကြောက်စရာကောင်းမှာပဲ
ထိုစဉ် လူငယ်တစ်စု ရောက်လာပြီး လူအုပ်ကို တိုးဝှေ့ကာ လင်းယွီဆီ လာခဲ့သည်။
ခေါင်းဆောင်လာသူ လူငယ်က လင်းယွီ၏ ကော်လာကို ဆွဲကိုင်ကာ အေးစက်စွာ ကြည့်လိုက်သည်။
"လင်းယွီ မင်း ငါ့မိသားစုကို ထပ်ပြီး စော်ကားနေပြန်ပြီလား မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"
လင်းယွီက မထိတ်လန့်ဘဲ နှာခေါင်းရှုံ့လိုက်သည်။
"ဘာဖြစ်လဲ ကျွယ်မိသားစုက ငါ့ကို သတ်ပြီး နှုတ်ပိတ်မလို့လား မင်းတို့ကြောင့် ငါ့မိသားစု ပျက်စီးခဲ့ရသလို ငါ့ကျင့်ကြံမှုလည်း ဖျက်ဆီးခံခဲ့ရတာ ဘာလဲ ငါ့ကို သတ်ပြီး ဟိုမှာရှိတဲ့ ဦးနှောက်မရှိတဲ့ ငါ့အဖေဆီ ပို့ပေးမလို့လား"
လင်းယွီ၏ အသံက ပို၍ ခါးသီးလာသည်။
"ကျွယ်ဝူတီကသာ ငါ့အဖေကို မြှောက်ပေးပြီး ဖန့်ချန်ကို သွားနှောင့်ယှက်ခိုင်းတာ မဟုတ်ရင် ငါ့အဖေ အခုလို ပျောက်သွားပါ့မလား"
"ငါ့မိသားစုမှာသာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ရှိနေသေးရင် ငါတို့ အခုလို ဘဝရောက်ပါ့မလား ကျွယ်မိသားစုက တကယ်ကို သေသင့်တာ"
ဘေးကလူတွေ အံ့သြကုန်ကြသည်။
"ဒီပုံပြောဆရာရဲ့ အဖေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတဲ့လား"
ထိုသို့သော ကျင့်ကြံသူ၏ သားမြေးဆိုလျှင် မြို့တော်မှာ ဩဇာရှိရမှာဖြစ်ပေမဲ့ အခုတော့ အရက်တစ်ခွက်အတွက် ပုံပြောစားနေရတဲ့ ဘဝ ရောက်နေရတာကို မယုံနိုင်အောင် ဖြစ်နေကြသည်။
မိစ္ဆာသုံးကောင်လည်း အချင်းချင်း ကြည့်လိုက်ကြသည်။
"ဖန့်ချန် ငါတို့ ဆရာနဲ့ နာမည်တူနေပါလား"
"ဒီအကောင်ကတော့"
ဟု လူငယ်က အော်ဟစ်ကာ လင်းယွီ၏ ပါးကို အချက်ပေါင်းများစွာ ရိုက်နှက်လိုက်ရာ လင်းယွီ၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားတော့သည်။
ထိုလူငယ်က လှည့်ကြည့်ကာ
"သူပြောတာတွေက အလကားပါ၊ ဘယ်သူမှ မယုံကြနဲ့"
ဟု ဆိုကာ ထွက်သွားရန် ပြင်စဉ် တောင်သခင်ကျားကို မြင်သွားပြီး မျက်လုံးများ ဝင်းလက်သွားသည်။
"ဒါ ဘယ်သူ့ရဲ့ ဝိညာဉ်သားရဲ လဲ ရောင်းမလို့လား"
ဝိညာဉ်သားရဲ ငါ့ကိုလား တောင်သခင်ကျားမှာ ဒေါသထွက်သွားပြီး ထိုလူငယ်ကို အပိုင်းပိုင်း ကိုက်ဖြတ်ပစ်ရန် အသင့်ပြင်လိုက်တော့သည်။
အခန်း ၄၆၂ - သူက ဒူးထောက်ခိုင်းရင် မတ်တပ်ရပ်မနေနဲ့
"သူက ဝိညာဉ်သားရဲ မဟုတ်ဘူး၊ ငါ့ရဲ့ တပည့်ပဲ"
ဟု ဖန့်ချန်က ခပ်ပြုံးပြုံး ဆိုလိုက်သည်။
လူတိုင်း၏ အကြည့်များက ဖန့်ချန်ထံသို့ ရောက်ရှိလာကြသည်။
ထိုလူငယ်က မျက်မှောင်ကြုတ်ကာ
"မင်းက မိစ္ဆာကျင့်ကြံသူကို တပည့်အဖြစ် လက်ခံထားတာလား"
တောင်သခင်ကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီနေရာက တာ့ချန်းပဲ၊ ချင်းဟူ မဟုတ်ဘူး မိစ္ဆာကျင့်ကြံသူတွေက ဒီမှာ ဩဇာမရှိဘူး မင်းက ငါ့ကို ခြိမ်းခြောက်ရဲတာလား"
ခဏအကြာတွင် ထိုလူငယ်က အစိမ်းလေးနှင့် အောင်မြင်ခြင်းဗုဒ္ဓတို့ကို ဝေ့ကြည့်ပြီးနောက် ဖန့်ချန်ကို စိုက်ကြည့်ကာ
"ကျားအမျိုးအစား မိစ္ဆာကျင့်ကြံသူတွေက ရှားတယ်ငါက သူတို့ကို စီးတော်ယာဉ်အဖြစ် သုံးရတာ ကြိုက်တယ် စျေးနှုန်းသာ ပြောလိုက် အဆင့်နိမ့ ဝိညာဉ်ကျောက်တုံး ၂၀၀ အောက်ဆိုရင် ငါ အကုန်ပေးပြီး ဝယ်မယ်"
လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။
ဝိညာဉ်ကျောက်တုံး ၂၀၀ ဆိုသည်မှာ အဆင့်နိမ့် အဝါရောင်အဆင့် ဝိညာဉ်ရတနာတစ်ခုနှင့် ညီမျှပြီး သာမန်အားဖြင့် ထိုမျှပင် စျေးမကြီးလှပေ။
"အောင်မြင်ခြင်းဗုဒ္ဓ သူ့ကို ပါးရိုက်လိုက်"
ဟု ဖန့်ချန်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ဟု အောင်မြင်ခြင်းဗုဒ္ဓက လူစကားဖြင့် ပြန်ထူးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လူငယ်၏ ရှေ့သို့ ရောက်ရှိသွားပြီး ပါးကို အချက်ပေါင်းများစွာ ရိုက်နှက်လိုက်တော့သည်။
ထိုလူငယ်မှာ ပြန်လည်ခုခံရန် ကြိုးစားသော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ချုပ်နှောင်ထားသကဲ့သို့ မလှုပ်နိုင်ဘဲ ဖြစ်နေသည်။
ဘေးတွင် ရပ်နေသော ကျွယ်မိသားစုဝင်များမှာ ဒေါသထွက်ကုန်ကြပြီး အချို့မှာ အကူအညီတောင်းရန် ပြေးထွက်သွားကြသည်။
"မင်း ဘယ်လိုတောင် ရဲတင်းတာလဲ ကျွယ်မိသားစုဝင်ကို ရိုက်ရဲတယ်ပေါ့"
"သူ့ကို အခုချက်ချင်းလွှတ် သူ့အဖေက ငါတို့မျိုးနွယ်စုရဲ့ လက်ရှိခေါင်းဆောင် ကျွယ်ထျန်းကန်း ပဲ"
ဘေးက ကျင့်ကြံသူများမှာလည်း အံ့သြသွားကြသည်။
ဒီပုံစံမပျက်လှတဲ့ လူငယ်ဟာ ကျွယ်ထျန်းကန်းရဲ့ သား ဖြစ်နေလိမ့်မည်ဟု မထင်ထားမိကြပေ။
"ကျွယ်ထျန်းကန်းလား သူက တကယ့် ပညာရှင်ပဲ"
ကျွယ်ထျန်းကန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထဲတွင် ကိုယ်ကာယ ကြံ့ခိုင်မှုကြောင့် နာမည်ကျော်ကြားသူ ဖြစ်သည်။
သူသည် ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်သူ ရှားရှားပါးပါး ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
ကျွယ်မိသားစု ကျဆုံးသွားပြီးနောက် ကျန်ရှိသမျှ အရင်းအမြစ်အားလုံးကို ကျွယ်ထျန်းကန်းက ထိန်းချုပ်ထားခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သူ၏ ကျင့်ကြံမှုမှာ အဆင့်တစ်ခု တက်လှမ်းနိုင်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အလယ်အလတ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လင်းယွီက မြေပြင်ပေါ်မှ ထရပ်ကာ ထိုလူငယ်ကို လှောင်ပြောင်လိုက်သည်။
"ဟားဟားဘဝဋ်ဆိုတာ တကယ် မြန်တာပဲ ကောင်လေး မင်းလည်း ငါ့လို ဘဝမျိုး ရောက်လာလိမ့်မယ်လို့ ထင်ထားမိလား"
ထို့နောက် လင်းယွီက ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်သည်။
"ကျွန်တော့်ဘက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်"
သို့သော် လင်းယွီ၏ မျက်လုံးများက ဖန့်ချန်ပေါ်သို့ ကျရောက်သွားသည့်အခါ သူသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်လုံးကို ပွတ်ကာ ထပ်ခါထပ်ခါ သေချာကြည့်နေမိသည်။
သူ၏ ပါးစပ်မှာ အံ့သြလွန်း၍ ဟောင်းလောင်းပွင့်နေပြီး ဖန့်ချန်ကို စိုက်ကြည့်နေမိတော့သည်။
ဘယ်လိုဖြစ်ပြီး သူ ဖြစ်နေရတာလဲ သူ သေသွားပြီ မဟုတ်ဘူးလား ငါ ကိုယ်တိုင် မြင်လိုက်တာလေ
ရုပ်ချင်းတူတဲ့သူများလား ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ဘာလို့ သူ့မျက်လုံးတွေက မှိတ်နေရတာလဲ လင်းယွီ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။
ထိုစဉ် ဝေးရာမှ တောင်ကြီးတစ်လုံးကဲ့သို့ ထွားကြိုင်းလှသော လူကြီးတစ်ဦး ရောက်ရှိလာသည်။ ထိုသူမှာ ကျွယ်ထျန်းကန်း ဖြစ်သည်။
သူသည် တောင်သခင်ကျားတို့ထက်ပင် ပို၍ မိစ္ဆာနှင့် တူနေပြီး သာမန်လူများမှာ သူ့ခါးလောက်သာ ရှိသဖြင့် ဘီလူးငယ်တစ်ကောင်နှင့် တူလှသည်။
"ဘယ်သူက ငါ့မိသားစုဝင်ကို မတရား ရိုက်နှက်နေတာလဲ"
ကျွယ်ထျန်းကန်းက ရောက်ရောက်ချင်း အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
ဘေးက လူများမှာ သူ့အကြည့်ကို မရင်ဆိုင်ရဲဘဲ ခေါင်းငုံ့ထားကြသည်။
ထိုစဉ် လူငယ်ကို ချုပ်နှောင်ထားသော စွမ်းအားမှာ ကွယ်ပျောက်သွားသဖြင့် သူသည် ကျွယ်ထျန်းကန်းဆီသို့ ပြေးသွားတော့သည်။
"အဖေ သူပဲ သူက လူလွှတ်ပြီး ကျွန်တော့်ကို ရိုက်ခိုင်းတာ"
ဟု ဖန့်ချန်ကို လက်ညိုးထိုးပြလိုက်သည်။
"မင်း..."
ကျွယ်ထျန်းကန်းက ဖန့်ချန်ကို ကြည့်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း သူ၏ မျက်စိသူငယ်အိမ်များမှာ ရုတ်တရက် ပြူးကျယ်သွားတော့သည်။
"မင်းရဲ့ ကလေးကို ဆုံးမဖို့ လိုအပ်နေပြီထင်တယ်"
ဟု ဖန့်ချန်က ခပ်ပြုံးပြုံး ဆိုလိုက်သည်။
ကျွယ်ထျန်းကန်းမှာ အံ့သြတုန်လှုပ်သွားသည်။
ဘယ်လိုဖြစ်ပြီး သူ ဖြစ်နေရတာလဲ... ဒါ မဖြစ်နိုင်တာ...
ရုတ်တရက် ကျွယ်ထျန်းကန်းသည် သူ့သား၏ ပါးကို အားရပါးရ ရိုက်ချလိုက်ရာ လူငယ်မှာ မြေပြင်ပေါ်သို့ လွင့်စဉ်သွားတော့သည်။
"အဖေ"
လူငယ်မှာ ပါးကို ကိုင်ကာ မှင်တက်သွားသည်။
ဘေးက လူများလည်း ဘာဖြစ်နေမှန်း မသိဘဲ အံ့သြနေကြသည်။
လင်းယွီ တစ်ယောက်သာလျှင် အားရပါးရ ရယ်မောလိုက်တော့သည်။
ဟုတ်တယ် ငါ မမှားဘူး သူပဲ ကျွယ်ထျန်းကန်းတောင် သူ့ကို မှတ်မိတယ်
ကျွယ်ထျန်းကန်းက သူ့သားကို ဆွဲထူကာ ထပ်မံ ရိုက်နှက်တော့သည်။
"ငါ မင်းကို မှာထားတယ် မဟုတ်လား အပြင်ထွက်ရင် နှိမ့်ချနေပါ ပြဿနာ မရှာပါနဲ့ဆိုတာ ဘာလို့ နားမထောင်တာလဲ"
ကျွယ်ထျန်းကန်း၏ ယပ်တောင်လောက်ရှိသော လက်ဝါးကြီးများကြောင့် လူငယ်၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်သွားတော့သည်။
အောင်မြင်ခြင်းဗုဒ္ဓတို့ မိစ္ဆာသုံးကောင်မှာ တိုက်ပွဲဖြစ်တော့မည်ဟု ထင်ထားသော်လည်း ထိုမြင်ကွင်းကြောင့် အံ့သြနေကြသည်။
"သွားရအောင်"
ဟု ဖန့်ချန်က ဆိုကာ မြို့ထဲသို့ ဆက်လျှောက်သွားသည်။ မိစ္ဆာသုံးကောင်လည်း သူ့နောက်က အပြေးလိုက်သွားကြသည်။
သူတို့ ဝေးဝေးသို့ ရောက်သွားမှ ကျွယ်ထျန်းကန်းသည် ရိုက်နှက်ခြင်းကို ရပ်လိုက်ပြီး ဖန့်ချန်၏ ကျောပြင်ကို ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်းများဖြင့် ငေးကြည့်နေမိသည်။
"အဖေ ဘာလို့ ကျွန်တော့်ကို အဲဒီလောက်တောင် ရိုက်ရတာလဲ"
ဟု သားဖြစ်သူက မကျေမနပ် ညည်းတွားသည်။
ကျွယ်ထျန်းကန်းက သူ့သားကို အတည်ပေါက် ကြည့်ကာ
"ငါသာ ခုနက မင်းကို အဲဒီလို မရိုက်ခဲ့ရင် မင်းရဲ့ အလောင်းကို အိမ်ပြန်သယ်ပြီး နာရေးလုပ်ပေးဖို့ပဲ ရှိတော့တယ်"
ဘေးကလူများမှာ အသက်ရှူပင် မှားသွားကြသည်။
ဖန့်ချန်မှာ ဘယ်လောက်တောင် ကြီးမားတဲ့ နောက်ခံရှိနေလို့လဲ ကျွယ်မိသားစုဟာ ကျဆုံးသွားပြီဆိုပေမဲ့ မြို့တော်မှာ ဩဇာရှိနေဆဲပါ။
အခုတော့ ကျွယ်ထျန်းကန်းက ဒီလောက်တောင် ကြောက်နေရတယ်ဆိုတော့...။
"အဖေ အဲဒီလူက ဘယ်သူလဲ"
"ငါလည်း သေချာမသိဘူး..."
ကျွယ်ထျန်းကန်းက တီးတိုး ရေရွတ်သည်။
သေချာမသိဘဲနဲ့ သူ့ကို အဲဒီလောက်တောင် လူပုံအလယ်မှာ ရိုက်ရသလား ဟု သားဖြစ်သူက တွေးနေမိသည်။
"ဘာပဲဖြစ်ဖြစ်ဘနောက်ခါ အဲဒီလူကို မြင်ရင် ဝေးဝေးက ရှောင် သူက မင်းကို ဒူးထောက်ခိုင်းရင် မတ်တပ်ရပ်မနေနဲ့ ငါ ထင်တာ မမှားဘူးဆိုရင် ကျွယ်မိသားစု အရှိန်အဝါ အထွတ်အထိပ် ရောက်နေတဲ့ အချိန်မှာတောင် သူ့ကို ငါတို့ ရန်မစရဲဘူး"
လူအုပ်ကြီးမှာ ထပ်မံ အံ့သြသွားကြပြန်သည်။
ကျွယ်မိသားစု အထွတ်အထိပ်တုန်းကဆိုလျှင် ရွှေအမြုတေအဆင့် ပညာရှင်ပင် ရှိခဲ့တာပါ။
ဒါဆိုရင် ဒီလျှို့ဝှက်ဆန်းပြားတဲ့ လူဟာ ဘယ်လောက်တောင် အဆင့်မြင့်နေလို့လဲ
မြို့ထဲသို့ ဝင်ရန် ခက်ခဲသော်လည်း ဖန့်ချန်က သူသည် ဖန့်မိသားစုဝင် ဖြစ်ကြောင်း ပြောလိုက်သည့်အခါ အလွယ်တကူ ဝင်ခွင့်ရခဲ့သည်။
သို့သော် သူ့နောက်ကနေ လှမ်းအော်သံတစ်ခု ကြားလိုက်ရသည်။
"ဖန့်ချန် ဖန့်ချန်"
လင်းယွီ ဖြစ်သည်။ သူ့ကို စစ်သားများက တားဆီးထားသည်။
"မင်း ငါ့ဆီက ဘာလိုချင်တာလဲ"
ဟု ဖန့်ချန်က အေးစက်စွာ မေးလိုက်သည်။
လင်းယွီက အပြေးအလွှား ပြောလိုက်သည်။
"ကျွန်တော့်အဖေ ဘယ်မှာလဲဆိုတာ သိချင်လို့ပါ"
"ကျွယ်ဝူတီက မင်းအဖေကို ရှကျီကို သတ်ဖို့ ခိုင်းခဲ့တယ် အဲဒါကြောင့် မင်းအဖေနဲ့ မင်းမိသားစုက လူကြီးအချို့ကို ငါကိုယ်တိုင် သတ်ခဲ့တယ် အခွင့်အရေး ရရင် မင်း ကလဲ့စား လာချေနိုင်ပါတယ်"
ဟုဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက်တွင်တော့ ဖန့်ချန်သည် လင်းယွီကို ဂရုမစိုက်တော့ဘဲ မိစ္ဆာသုံးကောင်နှင့်အတူ ထွက်ခွာသွားတော့သည်။
လင်းယွီမှာ မှင်တက်ကျန်ရစ်ခဲ့သည်။ သူတို့တွေ သေကုန်ကြပြီလား
သူ၏ မျက်နှာမှာ နာကျင်မှုများဖြင့် ရှုံ့တွသွားသည်။
"ငါ သိသင့်တာပေါ့ယ ငါ့အဖေသာ အသက်ရှင်နေရင် ဒီလောက် နှစ်တွေအကြာကြီး အိမ်ပြန်မလာဘဲ မနေပါဘူး ခွေးသား ကျွယ်ဝူတီ ခွေးသား ကျွယ်ဝူတီ"
ထိုစဉ် စစ်သားတစ်ဦးက သတိဝင်လာပြီး လင်းယွီကို ဆွဲကိုင်လိုက်သည်။
"ကျွယ်ဝူတီ ဖန့်ချန် မင်း ခုနက အဲဒီလူကို ဖန့်ချန်လို့ ခေါ်လိုက်တာလား"