← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

​အခန်း ၄၆၃ - ဦးလေး ကျွန်တော့်နာမည်ကလည်း ဖန့်ချန်ပဲ

​လင်းယွီက ခါးသီးစွာ ပြုံးလိုက်ပြီး

"ဟုတ်တယ် အဲဒါ ဖန့်ချန်ပဲ သူက အရင်တုန်းက သွေးဝိညာဉ်ဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများကြီးကို သတ်ခဲ့ပြီး ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူပဲ"

​ဘေးက စစ်သားတွေဟာ အံ့သြလွန်းလို့ မှင်တက်သွားကြပြီး အချို့ကတော့ အထက်လူကြီးတွေဆီ အကြောင်းကြားစာတွေ ချက်ချင်း ပို့နေကြပြီ ဖြစ်သည်။

​မိစ္ဆာသုံးကောင်ဟာလည်း သိပ်မဝေးသေးတာကြောင့် လင်းယွီရဲ့ စကားတွေကို ကြားပြီး အံ့သြသွားကြသည်။

ပုံပြောဆရာ ပြောနေတဲ့ သူရဲကောင်းက တခြားသူမဟုတ်ဘဲ သူတို့ရဲ့ ဆရာကြီး ဖြစ်နေတာကိုး။ နာမည်တူတာ မဟုတ်ဘဲ လူတူကြီး ဖြစ်နေတာပါ။

​လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သူတို့ဆရာ ဘယ်လောက်တောင် ပြင်းထန်တဲ့ တိုက်ပွဲမျိုးကို ဆင်နွှဲခဲ့ရသလဲဆိုတာ အခုမှ သူတို့ သဘောပေါက်သွားတော့သည်။

ဆရာကြီး ဘာလို့ မြေအောက်မှာ ၁၀ နှစ်ကျော်ကြာ အိပ်စက်ပြီး ဒဏ်ရာကုသနေခဲ့ရလဲဆိုတာ အခုတော့ ရှင်းသွားပါပြီ။

​ဖန့်အိမ်တော် ရှေ့မှာတော့ ဖန့်မိသားစုဝင်တွေဟာ အဝင်အထွက် လုပ်နေကြပြီး ထူးဆန်းတဲ့ မိစ္ဆာသုံးကောင်နဲ့အတူ ပါလာတဲ့ ဖန့်ချန်ကို စူးစမ်းကြည့်နေကြသည်။

ဖန့်ချန် အိမ်ထဲဝင်ဖို့ လုပ်တဲ့အခါ မိသားစုဝင်အချို့က လာတားကြသည်။

​"ဒါက ဖန့်အိမ်တော်ပါ ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

​"အကြီးအကဲ ဖန့်အောက် "

ဟု ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​"အကြီးအကဲ ဖန့်အောက်ကို ရှာတာလား ကြိုတင် အကြောင်းကြားထားတာ ရှိလား ဒီနေ့ ဧည့်သည်လာမယ်လို့ ငါတို့ သတင်းမရထားဘူး"

ဟု လူငယ်တစ်ဦးက သံသယဖြင့် ကြည့်ကာ ပြောသည်။ သို့သော် သူသည် ဤလူကို တစ်နေရာရာမှာ မြင်ဖူးသလိုလို ခံစားနေရသည်။

ဒါပေမဲ့ မိစ္ဆာသုံးကောင်ကို ခေါ်လာတဲ့ ကျင့်ကြံသူထဲမှာ သူသိတဲ့သူ တစ်ယောက်မှ မရှိတာတော့ သေချာသည်။

​ထိုစဉ် အမျိုးသမီးတစ်ဦး၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

"ငါ့အဖေနဲ့ ကိစ္စရှိလို့လား"

​ကလေးငယ်တစ်ယောက်ကို လက်ဆွဲပြီး လျှောက်လာသူမှာ ဖန့်ယွင်ဖြစ်သည်။

ဘေးက လူတွေက သူမကို

"မမ ဖန့်ယွင်"

ဟု ခေါ်ကာ ခါးညွှတ် နှုတ်ဆက်ကြသည်။ ဖန့်မိသားစုထဲမှာ တတိယမျိုးနွယ်စုဟာ အင်အားအကြီးဆုံး ဖြစ်လာခဲ့ပါပြီ။

အရင်က တစ်မိသားစုလုံးကို ကယ်တင်ခဲ့တဲ့ ဓားကျင့်ကြံသူ ဖန့်ချန် ဟာ ဒီမျိုးနွယ်စုက ထွက်ပေါ်ခဲ့တာကြောင့် အားလုံးက လေးစားကြတာ ဖြစ်သည်။

​ဖန့်ချန်က အံ့သြသွားပြီး

"ဖန့်ယွင်မင်း အိမ်ထောင်ကျသွားပြီလား ဒါက မင်းကလေးလား"

ဟု မေးလိုက်သည်။ ဆယ်နှစ်အတွင်းမှာ သူမ ကလေးအမေ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​"ရှင်က..."

ဖန့်ယွင် ခဏမျှ ကြောင်သွားပြီး ဖန့်ချန်ကို သေချာ ကြည့်လိုက်သည်။

ကြည့်နေရင်းနဲ့မှ သူမရဲ့ မျက်လုံးတွေက အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်းတွေနဲ့ ပြူးကျယ်လာတော့သည်။

​ဖန့်ချန်က ပြုံးကာ

"၁၀ နှစ်ကျော်ပဲ ရှိသေးတာကို ငါ့ကို မှတ်မိဦးမှာပါနော်"

​ဖန့်ယွင်သည် ရုပ်သွင်ကိုရော၊ ရင်းနှီးနေတဲ့ အသံကိုပါ ကြားလိုက်ရတဲ့အခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။

"အစ်ကို ဖန့်ချန် တကယ်ပဲ အစ်ကိုလား အစ်ကို တကယ်ပဲ အသက်ရှင်နေတာလား"

​"ဖန့်ချန် သူက ဖန့်ချန်တဲ့လား"

ဖန့်မိသားစုဝင်တွေရော၊ လမ်းသွားလမ်းလာတွေပါ မှင်တက်ကုန်ကြသည်။

လွန်ခဲ့တဲ့ ၁၀ နှစ်က မြို့တော်မှာ ကြယ်တစ်ပွင့်လို တောက်ပခဲ့တဲ့ ဖန့်ချန်လား သူက သက်တမ်းကုန်ပြီး သေသွားပြီ မဟုတ်ဘူးလား

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ငါ မသေခဲ့ပါဘူး"

​ဖန့်ယွင်က ဝမ်းသာအားရဖြင့် သူမရဲ့ ကလေးကို ဖန့်ချန်ဆီ ခေါ်လာသည်။

ကလေးလေးက အသက် ၃ နှစ်၊ ၄ နှစ် အရွယ်လောက် ရှိပြီး ဖန့်ချန်ကို သိချင်စိတ်ဖြင့် မော့ကြည့်နေသည်။

​"မေမေ ယဒီဦးလေးက ဘာလို့ သားနဲ့ နာမည်တူနေတာလဲ"

ဟု ကလေးလေးက မေးလိုက်သည်။

ဖန့်ယွင်မှာ မျက်နှာလေး နီမြန်းသွားပြီး ဖန့်ချန်ကို အားနာသလို ကြည့်ကာ ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။

​"အို မင်းနာမည်ကလည်း ဖန့်ချန်ပဲလား"

​ဖန့်ချန်က ကလေးရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ရွှေရောင် အစင်းကြောင်းများ ပေါ်လာပြီး သူ့ရှေ့က ကလေးရဲ့ ပုံရိပ်ကို မြင်ကွင်းထဲမှာ ဖမ်းယူလိုက်သည်။

​ကလေးလေးက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် ဦးလေး သားနာမည်ကလည်း ဖန့်ချန်ပဲ နာမည်ရောယမျိုးရိုးရော တူနေတာ တိုက်ဆိုင်လိုက်တာနော်"

​ဖန့်ယွင်က အားနာစွာ ပြုံးပြီး

"အစ်ကို ထွက်သွားပြီးနောက် အစ်ကို့ကို သတိရဖို့အတွက် သားလေးကို အစ်ကို့နာမည် ပေးထားတာပါ အစ်ကို စိတ်အနှောင့်အယှက် ဖြစ်ရင် နာမည် ပြောင်းပေးပါ့မယ်"

ဟု ဆိုသည်။

​"မလိုပါဘူး ဒီနာမည်က ကောင်းသားပဲ"

ဟု ဖန့်ချန်က ရယ်မောကာ ပြောသည်။

"မင်းရဲ့ မိဘတွေကော ရှိလား ဒီနေ့ ဒီနားဖြတ်လာရင်းနဲ့ ဝင်ကြည့်တာ"

​"အစ်ကိုက ဒီနားဖြတ်လာတာလား အိမ်မှာ မနေတော့ဘူးလား"

​"ငါ ရှန်းယွမ်အင်ပါယာကို ကိစ္စရှိလို့ သွားမလို့ ဒီမှာ သိပ်မကြာဘူး ရက်နည်းနည်းပဲ နေမှာ"

ဟု ဖန့်ချန်က ဆိုသည်။

ထို့နောက် ဖန့်ကျွယ် နဲ့ ဖန့်ရှု တို့အကြောင်း မေးလိုက်သည်။

​သူတို့ အိမ်ထဲကို လျှောက်လှမ်းလာရင်း ဖန့်ယွင်က ဖန့်မိသားစုရဲ့ ပြောင်းလဲမှုတွေကို ပြောပြသည်။

အကြီးဆုံးပြောင်းလဲမှုကတော့ ဖန့်ထင်ကျန့် ဟာ ရွှေအမြုတေအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့အတွက် ဖန့်မိသားစုဟာ တာ့ချန်းရဲ့ တစ်ခုတည်းသော ကျောရိုးတိုင် ဖြစ်လာတာပါပဲ။

​ဖန့်ကျွယ်ကတော့ ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းကျောင်း မှာ တပည့်သွားလုပ်နေပြီး ဖန့်ရှုကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကို အောင်မြင်သွားကာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာဖို့ လေ့ကျင့်နေပါတယ်။

​"ငါ့သူငယ်ချင်း ရှကျီ ကော"

​"ရှကျီက အစ်ကို့ကို ပို့ဆောင်ပေးပြီးနောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တာ့ချန်းကို တစ်ခေါက် ပြန်လာသေးတယ်"

" ပြီးတော့ ဝူရုန့်ချို နဲ့အတူ ထွက်သွားပြီးကတည်းက သတင်းမရတော့ဘူး သူလည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပုံပဲ"

ဟု ဖန့်ယွမ်က ဖြေသည်။

​ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

ရှကျီမှာလည်း လျှို့ဝှက်ချက်တွေ ရှိမှန်း သူ သိထားပြီးသားပါ။

​ရှကျီတောင် အဆင့်တက်သွားပြီ ဒါပေမဲ့ ဖေယွဲ့ယွီ ရဲ့ သတင်းကိုတော့ ဘာမှ မကြားရသေးဘူး။

ငါ ခေါင်းတလားထဲ ဝင်သွားပြီးနောက် တစ်ခုခု ဖြစ်ခဲ့လို့လား ဟု ဖန့်ချန် တွေးနေမိသည်။

သူ အလယ်ပိုင်းတိုက်ကြီးကို ရောက်တဲ့အခါ နတ်ဆိုးဓားဂိုဏ်း ကို သွားစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

​လမ်းမှာတင် သတင်းကြားတဲ့ ဖန့်အောက် ဇနီးမောင်နှံ ရောက်လာကြသည်။

သူတို့လည်း ဖန့်ချန်ကို မြင်တဲ့အခါ အံ့သြမှင်တက်သွားကြသည်။

​"အကြီးအကဲ ဖန့်အောက် နေကောင်းကြရဲ့လား"

​ဖန့်အောက်က ပြုံးပြီး ခေါင်းကို တရစပ် ညိတ်ကာ

"ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်"

ဟု ဝမ်းသာအားရ ပြောရှာသည်။

​ဖန့်မိသားစုဝင်တွေလည်း ဝိုင်းလာကြပြီး

"ဖန့်ချန် တကယ် အသက်ရှင်နေတာပဲ"

"သူ့ကို ကြည့်ရတာ အရင်ကထက်တောင် နုပျိုနေသေးတယ် နတ်ဆေးတွေ စားထားတာလားမသိဘူး"

ဟု တီးတိုး ပြောဆိုနေကြသည်။

လွန်ခဲ့တဲ့ ၁၀ နှစ်က လူအိုကြီး ဖြစ်သွားခဲ့တဲ့ ဖန့်ချန်ဟာ အခုတော့ အသက် ၁၈၊ ၁၉ အရွယ် လူပျိုချောလေး ပြန်ဖြစ်နေတာကြောင့် အားလုံးက အံ့သြနေကြရတာ ဖြစ်ပါတယ်။

​​အခန်း ၄၆၄ - ဘိုးဘေးတွေ မင်းအတွက် သိမ်းထားပေးတယ်

​ဖန့်မိသားစုက တပည့်တွေ ပိုပြီး စုရုံးရောက်ရှိလာကြပါတယ်။

အဲဒီထဲမှာ ဖန့်မိုရှန်း ဦးဆောင်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေပြီဖြစ်တဲ့ လူကြီးပိုင်းတွေလည်း ပါဝင်ပြီး ဖန့်ချန်ကို မြင်တဲ့အခါ အံ့သြတုန်လှုပ်သွားကြပါတယ်။

​"ဘာတွေ ဆူညံနေကြတာလဲ"

စိတ်မရှည်တဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ဖန့်ဝမ်လီ တစ်ယောက် အရက်ဘူးကို ကိုင်ကာ ပျံဝဲရောက်ရှိလာပါတယ်။

သူက လူအုပ်ကို ကြည့်ပြီး

"ဘာလို့ အလုပ်မလုပ်ဘဲ ဘိုးဘေးတွေ ကျင့်ကြံတဲ့နေရာမှာ လာစုနေကြတာလဲ"

လို့ ငေါက်လိုက်ပါတယ်။

​"ဘိုးဘေး ဖန့်ချန် ပြန်ရောက်လာပါပြီ"

လို့ တစ်ယောက်က သတိထားပြီး ပြောလိုက်ပါတယ်။

​ဖန့်ဝမ်လီက ဒေါသတကြီး ပြန်ပြောပါတယ်။

"ဖန့်ချန် အဲဒီကလေးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသက်ပေးသွားခဲ့တာ ငါတို့ သွားကြည့်တုန်းက သူ့ကိုယ်တောင် အေးစက်နေပြီပဲကို မင်းတို့ ငါ့ကို လာလိမ်နေတာလား"

​လူအုပ်ကြီး ငြိမ်ကျသွားပါတယ်။

တစ်ခုခု ထူးခြားနေတာကို သတိထားမိသွားတဲ့ ဖန့်ဝမ်လီဟာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာကနေ ဖန့်ချန်ကို မြင်သွားပါတယ်။

​ဖန့်ဝမ်လီ မျက်လုံးတွေ ပြူးကျယ်သွားပြီး

"ဟေ့ကောင် မင်း တကယ်ပဲ သေရာက ပြန်ရှင်လာတာလား လူဆိုတာ သေပြီး ၇ ရက်အတွင်းပဲ ပြန်ရှင်နိုင်တာလေ မင်းက ဘာလို့ ဆယ်နှစ်ကျော်မှ ပြန်လာရတာလဲ"

လို့ အော်ဟစ်လိုက်ပါတယ်။

​"ဘိုးဘေး ဖန့်ချန်က တကယ် အသက်ရှင်နေတာပါ ကြည့်ပါဦး မြေပြင်မှာ သူ့အရိပ်ရှိတယ်"

လို့ ဖန့်ယွင်က တိုးတိုးလေး ပြောပြပါတယ်။

​"မဖြစ်နိုင်တာ အဲဒီတုန်းက ငါကိုယ်တိုင် စစ်ဆေးခဲ့တာပဲ သူ့ကိုယ်ထဲမှာ အသက်ဓာတ် လုံးဝ မရှိတော့သလို သက်တမ်းကလည်း ကုန်သွားပြီလေ သူ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ"

ဖန့်ဝမ်လီက ခေါင်းကို တရစပ် ခါယမ်းနေပါတယ်။

"အဲဒီတုန်းက သူထုတ်လိုက်တဲ့ ဓားချက် ၁၀ ချက်က သူ့သက်တမ်းကို လောင်မြိုက်ပစ်လိုက်တာ ငါသာဆိုရင်တောင် အဲဒီမှာတင် သေနေပြီပဲ"

​ပြီးတော့ သူက ဖန့်ချန်ကို ကြည့်ပြီး

"ဟေ့ကောင် ဟိုဘက် (တမလွန်) မှာ နေရတာ အဆင်ပြေရဲ့လား အဆင်မပြေရင်လည်း စိတ်မပူနဲ့"

"မင်းကြောင့် ငါတို့ ဖန့်မိသားစု ဆယ်နှစ်အတွင်း အကျိုးကျေးဇူးတွေ အများကြီး ရထားတယ် ဘိုးဘေးတွေ မင်းအတွက် အဲဒါတွေကို သိမ်းထားပေးတယ် တစ်နေ့ကျရင် မင်းသုံးဖို့ အကုန်လုံးကို မီးရှို့ပြီး ပို့ပေးမယ်"

​"ဘိုးဘေး အရက်မူးနေတာလား"

ဖန့်ချန်က မတတ်သာတဲ့လေသံနဲ့ မေးလိုက်ပါတယ်။

​လူအုပ်ကြီးက အဲဒီတော့မှ ဖန့်ဝမ်လီရဲ့ မျက်နှာဟာ အရက်ရှိန်ကြောင့် နီမြန်းနေပြီး သတိက သိပ်မကြည်လင်တာကို သတိထားမိသွားပါတယ်။

​"ဝမ်လီ မင်းကို ငါ ဘယ်နှစ်ခါ ပြောရမလဲ မင်းက အရက်တာအို ကို လိုက်စားတာ ငါမတားပေမဲ့ အရက်ကြောင့် မင်းရဲ့ အသိတရားတွေ လွင့်ပါးမသွားစေနဲ့"

လို့ ပြောရင်း ဖန့်ထင်ကျန့် လျှောက်လာပါတယ်။

သူက ဖန့်ဝမ်လီကို အရင်ဆုံး ဆူပူလိုက်ပြီးမှ ဖန့်ချန်ကို ကြည့်ကာ

"ငါ့နောက် လိုက်ခဲ့"

လို့ ပြောပါတယ်။

​ဖန့်ချန်က မိစ္ဆာသုံးကောင်ကို

"ဒီမှာ စောင့်နေ"

လို့ မှာခဲ့ပြီး ဖန့်ထင်ကျန့်နောက် လိုက်သွားပါတယ်။ ဖန့်ဝမ်လီကတော့ ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးမှ

"အဲဒီကလေးက တကယ် အသက်ရှင်နေတာလား"

လို့ လူအုပ်ကို ပြန်မေးပါတယ်။ အားလုံးက ခေါင်းညိတ်ပြတဲ့အခါမှ

"ရှစ် အရက် အသောက်များတာ တကယ် ပြဿနာပဲ"

လို့ မြည်တမ်းပြီး ဟိုနှစ်ယောက်နောက်ကို အပြေးလိုက်သွားပါတော့တယ်။

​ဖန့်အောက်က ဖန့်ချန်ရဲ့ တပည့် မိစ္ဆာသုံးကောင်ကို မြင်တဲ့အခါ အံ့သြသွားပေမဲ့ ဧည့်ဝတ်ပြုဖို့အတွက် သူတို့ကို ဧည့်ခန်းဆီ ဖိတ်ခေါ်လိုက်ပါတယ်။

​"ဒီသိုလှောင်လက်စွပ်ထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်း ပါတယ်"

​ဖန့်ထင်ကျန့်က လက်စွပ်တစ်ကွင်းကို ဖန့်ချန်ကို ပေးလိုက်ပါတယ်။

"အဲဒီတုန်းက မင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများကြီးကို သတ်ပြီး လူတွေကို ကယ်တင်ခဲ့တယ်"

" ဒီကျောက်တုံးတွေရဲ့ တစ်စိတ်တစ်ပိုင်းက မင်းကြောင့် မိသားစုက ရခဲ့တဲ့ အကျိုးအမြတ်တွေ ဖြစ်သလို ကျန်တဲ့အပိုင်းကတော့ မင်းကို ကျေးဇူးတင်တဲ့သူတွေ လာပေးခဲ့တာပါ"

" မင်း မရှိခင်မှာ ငါနဲ့ ဝမ်လီက သိမ်းထားပေးတာမင်း တကယ်လို့ မရှိတော့ဘူးဆိုရင် နောက်ပိုင်း မင်းနဲ့ နီးစပ်တဲ့သူတွေကို လွှဲပေးဖို့ ရည်ရွယ်ထားတာ"

​"ဝိညာဉ်ကျောက်တုံး ငါးသောင်း"

ဖန့်ချန် မျက်လုံးတွေ ဝင်းလက်သွားပြီး ချက်ချင်း လက်ခံလိုက်ပါတယ်။

သူက အခုမှ အသက်ပြန်ရှင်လာတာဆိုတော့ ကျောက်တုံးတွေ လိုအပ်နေတာပါ။

သူ့ဆီက ဓားငယ်လေးနဲ့ စကြာဝဠာမှန်ချပ်တို့လည်း ဝမ်းသာသွားကြပါတယ်။

​"ဟေ့ကောင် မင်း ဘယ်လို ပြန်ရှင်လာလဲဆိုတာ ငါတို့ကို ပြောပြပါဦး ငါတို့ စစ်ဆေးတုန်းကတော့ မင်းက ဘယ်လိုမှ မကယ်နိုင်တော့တဲ့ အခြေအနေပဲ"

ဖန့်ဝမ်လီက သိချင်ဇောနဲ့ မေးပါတယ်။

​ဖန့်ထင်ကျန့်က သူ့ကို ကြည့်ပြီး

"ကျင့်ကြံသူတွေအနေနဲ့ ဒီလို အံ့သြဖွယ်ရာတွေကို မြင်ဖူးနေကျပဲ မဟုတ်လား ဒါကို စိတ်ပူမနေဘဲ မင်းရဲ့ အဆင့်တက်ဖို့ ပိတ်ဆို့နေတာကိုပဲ အာရုံစိုက်စမ်းပါ"

လို့ ဆိုပါတယ်။ ဖန့်ဝမ်လီကတော့ ရွှေအမြုတေအဆင့် အစောပိုင်းမှာ တင်နေတာ ကြာပါပြီ။

​ဖန့်ထင်ကျန့်က ဆက်ပြောပါတယ်။

"တကယ်တော့ မင်းအတွက် ဝိညာဉ်ကျောက်တုံး ငါးသောင်းထက် ပိုသိမ်းထားတာပါ ဒါပေမဲ့ ဝမ်လီ အဆင့်တက်ဖို့အတွက် ကျောက်တုံးအချို့ကို အလယ်ဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲပြီး သုံးလိုက်ရတယ်.

"အဲဒါကို သူ မင်းကို အကြွေးတင်တယ်လို့ပဲ မှတ်ထားလိုက် နောက်ပိုင်း မင်း တစ်ခုခု လိုအပ်ရင် သူ့ကို ပြန်တောင်းလိုက်ပေါ့"

​ဖန့်ဝမ်လီကတော့ အားနာသလို ပြုံးနေပါတယ်။ ဖန့်ချန်က

"ရပါတယ် ဘိုးဘေး ကျောက်တုံး ငါးသောင်း ရတာတင် ကျွန်တော့်အတွက် အများကြီးပါပဲ"

လို့ ရယ်မောကာ ပြောလိုက်ပါတယ်။

​အဲဒီနောက် ဖန့်ချန်က တည်ငြိမ်သွားပြီး

"ဘိုးဘေး ဒီဆယ်နှစ်အတွင်း သွေးဝိညာဉ်ဂိုဏ်း ဘက်က ဘာသတင်း ထူးသေးလဲ"

လို့ မေးပါတယ်။

​ဖန့်ထင်ကျန့်က ခေါင်းခါပြပါတယ်။

"သူတို့တွေ တိမ်မြုပ်ဒေသ ထဲမှာ ဘာမှ မလုပ်ရဲတော့ပါဘူး အဲဒီနေ့က ဖြစ်ရပ်ပြီးနောက် အရှင်ဝေဟင်ပြေးက သတင်းကို နေရာအနှံ့ ပျံ့အောင် လုပ်လိုက်တယ်"

"အခုဆိုရင် ဘယ်သူပဲ စစ်ပွဲစစ သွေးဝိညာဉ်ဂိုဏ်း ဖြစ်ဖြစ် မဖြစ်ဖြစ် ချက်ချင်း နှိမ်နင်းခံရမှာမို့ ဘယ်သူမှ မလှုပ်ရဲတော့ဘူး သွေးဝိညာဉ်ဂိုဏ်းက လူတွေလည်း လူလုံးမပြရဲတော့ပါဘူး"

​ဖန့်ချန် ခေါင်းညိတ်လိုက်ပါတယ်။

သွေးဝိညာဉ်ဂိုဏ်းဟာ တကယ်ပဲ အထိနာသွားပုံရပြီး ဒီဒေသဟာလည်း သင်ခန်းစာ ရသွားပုံပါပဲ။

​"ဒါနဲ့ အရှင်ဝေဟင်ပြေးက မင်းကို တော်တော်လေး အမွှမ်းတင်ထားတာ ဖန့်မိသားစု ဒီလောက် တိုးတက်လာတာကလည်း သူမရဲ့ စောင့်ရှောက်မှုကြောင့် အများကြီး ပါပါတယ်"

"အားရင် သူမဆီ ဝင်လည်လိုက်ဦး ဖန့်ကျွယ် လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားပြီလို့ ကြားတယ်"

လို့ ဖန့်ထင်ကျန့်က ပြောပါတယ်။

​"ကျွန်တော် အရင်ဆုံး ယွိရွှီတောင် ကို သွားချင်တယ်"

လို့ ဖန့်ချန်က ဆိုပါတယ်။

​"ယွိရွှီတောင် ဘာသွားလုပ်မှာလဲ ဟိုကျားနာက စိတ်သိပ်ကောင်းတာ မဟုတ်ဘူးနော်"

လို့ ဖန့်ဝမ်လီက ဝင်ပြောပါတယ်။

​ဖန့်ထင်ကျန့်က မျက်မှောင်ကြုတ်ပြီး

"ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ကို ရိုသေမှု ရှိစမ်းပါ"

လို့ ဆူလိုက်တဲ့အခါ ဖန့်ဝမ်လီက

"ဟုတ်ကဲ့ ကျားနာမဟုတ်ပါဘူး အရှင်ကျားဖြူပါ"

လို့ ပြင်ပြောပါတယ်။

​ဖန့်ချန်က ပြုံးပြီး

"ကျွန်တော့်မှာ မိစ္ဆာကျင့်ကြံသူ တပည့် သုံးယောက် ရှိတယ် သူတို့ကို ကျွန်တော် သင်ပေးနိုင်တာ သိပ်မရှိဘူး"

" ဒါကြောင့် သူတို့ကို အရှင်ကျားဖြူ ဆီမှာ တပည့်သွင်းပေးမလို့ပါ သူက ကျွန်တော့်ကို ကျေးဇူးကြွေး တင်ထားတာဆိုတော့ အဲဒီကျေးဇူးကို အခု ပြန်တောင်းရမှာပေါ့"

လို့ ဆိုလိုက်ပါတော့တယ်။

All Chapters