← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-3

အခန်း ၃ ။ သတ္တိကောင်းလွန်းခြင်း

အံ့ဩသွားသော်လည်း ယဲ့ယွင်သည် မိမိကိုယ်ကို အမြန်ဆုံးပြန်လည်ထိန်းချုပ်

လိုက်သည်။ သူမသည် ပြုံးလိုက်ပြီး သူမ၏အစေခံမလေးနန်ကျစ်ကို မိန်းမစိုးအား အနည်းငယ်လေးသော ငွေတုံးအိတ်လေးပေးရန် အချက်ပြလိုက်သည်။

ယနေ့ည ဤကဲ့သို့အိပ်ဆောင်ဝင်ရန်အခေါ်ခံရခြင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။ ခွေးသူတောင်းစား ဧကရာဇ်က သူမအား ဒိုင်းကာအဖြစ် အသုံးချချင်နေခြင်း ဖြစ်သည်။

ယဲ့ယွင်သည် စိတ်တိုလွန်း၍ အံကြိတ်လိုက်သည်။ သို့သော်လည်း ဤသည်မှာ

ပထမဆုံးအကြိမ် အိပ်ဆောင်ဝင်ရန်

အခေါ်ခံရခြင်းဖြစ်ပြီး ဧကရာဇ်၏သူမအပေါ်ထားရှိသောအမြင်ကို ပြောင်းလဲစေနိုင်မည့် အကောင်းဆုံးသော အခွင့်အရေးလည်း ဖြစ်သောကြောင့် အမိအရဆုပ်ကိုင်ထားရပေမည်။

သူမ၏ ဘဝတစ်လျှောက်လုံး ဒီမွန်းကျပ်လှတဲ့အနောက်နန်းဆောင်ထဲတွင်သာ ကုန်ဆုံးရမည်ဖြစ်သဖြင့် ကောင်းစွာရှင်သန်နိုင်ရန်

ဧကရာဇ်၏ရွှေပေါင်လုံးကြီးကို အမိအရထက်တွယ်ထားရန်လိုအပ်သည်။

ဟွေယွဲ့သည် နောက်ဆုံးတွင် သူ့သခင်မလေးရွေးချယ်ခံရသည့်အတွက် အပြုံးမရပ်နိုင်တော့ပေ။

"ဝမ်ရုန် အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေ သွားရွေးတော့မလား။ ကျွန်တော်မျိုးမ ရေနွေးသွားပြင်ဆင်လိုက်ပါ့မယ်။"

ဧကရာဇ်နှင့်အိပ်ဆောင်မဝင်မီ ရေချိုးရမည်မှာ သဘာဝဖြစ်သည်။

ယခုရာသီဥတုမှာ ပူပြင်းသောကြောင့် ရေအရမ်းပူနေရန် မလိုအပ်ဘဲ ရေစည်ကြီးတစ်လုံးစာ ကျိုခြင်းသည် အချိန်များစွာ မကုန်ပေ။

ယဲ့ယွင်သည် ခေါင်းညိတ်လိုက်သည်။ နာရီဝက်အတွင်း ရေချိုး၊ ပြင်ဆင်ပြီး ကျိုချန်နန်းဆောင်သို့ သွားရမည်ဖြစ်သောကြောင့် အချိန်ဆွဲ၍မဖြစ်ပေ။

လက်ဝတ်ရတနာရွေးချယ်ရာတွင် သူမသည် တုံ့ဆိုင်းမနေဘဲ စိတ်ထဲတွင် ကြိုတင်စိတ်ကူးထားသည့်အတိုင်း ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာတစ်စုံကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။

ဤသို့သော အရည်အသွေးမြင့်မားသည့် ကျောက်စိမ်းဖြူမှာ ရှားပါးသော်လည်း ယဲ့ယွင်အတွက်မူ မရှားပါးပေ။ သူမ၏မိခင် ချူမျိုးနွယ်သည် တောင်ပိုင်းနန်ချီတိုင်းပြည်၏ နာမည်ကျော် ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး လိုချင်သမျှကို ရရှိနိုင်သူ ဖြစ်သည်။

အလှအပအတွက်မူ ယဲ့ကျွင်း၏ အသားအရေသည် အလွန် ဖြူဖွေးနူးညံ့သောကြောင့် မိတ်ကပ်လိမ်းရန်မလိုအပ်ပေ။ မျက်ခုံးမွှေးကို သေးသွယ်ရှည်လျားပြီး အနည်းငယ်ကွေးသည့်ပုံစံ ဆွဲလိုက်ရာ ကျီစယ်သလို ဆွဲဆောင်မှုရှိသော အလှလေးအသွင်ကို ဆောင်နေသည်။

ကြွေပန်းရောင် ခြယ်ဆေးအနည်းငယ်ကိုယူကာ လက်ချောင်းထိပ်ဖြင့် မျက်လုံးအစွန်းတွင် အနည်းငယ် ဖြန့်လိမ်းလိုက်သည်။ ထို့နောက် မျက်ခုံးမွှေးဆွဲတံကို ချွန်အောင်ပြုလုပ်ပြီး အပေါ်သို့ အနည်းငယ်ကော့တက်နေသော မျက်ဝန်းအနားသတ်ကို ဆွဲလိုက်ရာ သူမ၏မူလကဝိုင်းစက်ပြီး လှုပ်ရှားသက်ဝင်နေသော မျက်ဝန်းတစ်စုံမှာ မြေခွေးမလေးကဲ့သို့ညှို့ဓာတ်ပြင်းလာသည်။

ပါးပြင်နှင့် နှာခေါင်းထိပ်တွင်လည်း ပါးနီအနည်းငယ် လိမ်းလိုက်ရာ မူးရစ်နေသော နတ်သမီးလေးတစ်ပါးကဲ့သို့ ချစ်စရာကောင်းပြီး တက်ကြွနေသော်လည်း နတ်မိစ္ဆာတစ်ပါးကဲ့သို့ ဆွဲဆောင်မှုရှိစွာလှပနေသည်။

အဝတ်အစားအတွက်မူ မြူခိုးရောင် ပိုးသားဖြင့်ပြုလုပ်ထားပြီး မြေပြင်ပေါ်သို့ လွှားကျနေသည့် ဂါဝန်ရှည်ကို ရွေးချယ်လိုက်သည်။ ပိုးထည်ပေါ်တွင် ပန်းပွင့်များမပါရှိဘဲ အနားတစ်လျှောက်တွင် ငွေချည်ဖြင့်ထိုးထားသော နွေဦးပန်းနွယ်များသာ ရှိသည်။ လမ်းလျှောက်လိုက်သည့်အခါ ဂါဝန်အနားမှ အလင်းရောင်များ စီးဆင်းနေသကဲ့သို့ ထင်မှတ်ရသည်။

အပေါ်ကနေပြီး ခရမ်းနုရောင် ပိုးသားအင်္ကျီတိုလေးကို ထပ်ဝတ်လိုက်ရာ တက်ကြွပြီး ရိုးရှင်းသောအသွင်ကို ဆောင်နေသည်။

ယဲ့ယွင် အခန်းထဲမှ ထွက်လာသောအခါ ကျိုချန်နန်းဆောင်မှ လာသော မိန်းမစိုးမှာ အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတော့သည်။

သူသည် နန်းတော်ထဲတွင် တစ်ဘဝတာလုံး နေထိုင်ခဲ့သူဖြစ်ရာ သူသည် အလှအပမျိုးစုံကို မြင်ဖူးခဲ့သည်။ သို့သော် ယနေ့ သေချာပြင်ဆင်ထားသော ယဲ့ဝမ်ရုန်ကို မြင်လိုက်ရသည့်အခါ ဧကရာဇ်၏ အချစ်တော် ဝမ်ဖေးပင်လျှင် သူမနှင့်ယှဉ်လျှင် မှေးမှိန်သွားလိမ့်မည်ဟု တွေးမိသည်။

“ကျွန်မကို လမ်းပြပေးပါဦး ကုန်းကုန်း။” ယဲ့ယွင်က အနည်းငယ် ဦးညွှတ်ကာ ပြုံးပြလိုက်သည်။

“ဝမ်ရုန် အားနာစရာမလိုပါဘူး။ ဝေါယာဉ်ပေါ် တက်တော်မူပါ။”

ထိုမိန်းမစိုးသည် ခါးကို အလျင်အမြန် ကိုင်းလိုက်သည်။ ဧကရာဇ်က ယဲ့ဝမ်ရုန်ကို အခုလောလောဆယ်မနှစ်သက်သော်လည်း လူချင်းမတွေ့ဖူးကြသေးဘူးမဟုတ်လား။ ယဲ့ဝမ်ရုန်က ဒီလောက်လောက် ချောလှတဲ့အလှပဂေးလေးဖြစ်နေတာ ဒီနေ့ည အိပ်ဆောင်ဝင်ပြီးရင် နန်းတော်ထဲမှာ မျက်နှာသာပေးခံရသူနောက်တစ်ဦး ထပ်တိုးမလာနိုင်ပါဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။

ကျွန်များဖြစ်သော သူတို့သည် နေရာတိုင်းတွင် သတိကြီးစွာဖြင့် မြှောက်ပင့်ပြောဆိုရသည်ဖြစ်ရာ စိတ်ထဲတွင် ထိုသို့တွေးတောမိလိုက်သည်နှင့် ပို၍ပင် ယဲ့ဝမ်ရုန်ကိုယဉ်ကျေးလာခဲ့သည်။

ကျိုချန်နန်းဆောင်သို့ ရောက်သောအခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေသူမှာ ကျိုချန်နန်းဆောင်၏ဒုတိယအကြီးဆုံးမိန်းမစိုး ဟွေ့အန်း ဖြစ်သည်။

“ဒီချန်းချဲ့ ယဲ့ဝမ်ရုန်က ဧကရာဇ်

အမိန့်တော်အရ ရောက်လာခဲ့တာပါ၊

ကုန်းကုန်း၊ ဧကရာဇ်ကို ဒီကိုယ်လုပ်တော်ရောက်ရှိနေကြောင်း လျှောက်တင်ပေးပါဦး။”

“ဝမ်ရုန် အားနာနေစရာမလိုပါဘူး။ ဧကရာဇ်က အတွင်းထဲမှာ စာတမ်းလွှာတွေ စစ်ဆေးနေပါတယ်။ ဝမ်ရုန်ရောက်လာရင် အဆောင်အတွင်းထဲဝင်ပြီး ဘေးနားမှာ အရှင်မင်ကြီးအတွက်မှင်သွေးဖို့ အစောကတည်းက မှာကြားထားပါတယ်။”

ဤစကားကို ကြားသောအခါ ယဲ့ယွင် စိတ်ထဲတွင် သဘောပေါက်သွားသည်။

ဒီဧကရာဇ်စုတ်က ငါ့ကို သူ့ဘေးနားထိုင်ပြီး မှင်သွေးပေးဖို့ခေါ်လိုက်တာပဲ!

တကယ်လို့ ငါကို မှင်သွေးပေးရုံ၊ စာလိပ်စီပေးရုံလောက် ခိုင်းချင်တယ်ဆိုရင် ဒီလောက်ညဉ့်နက်မှခေါ်ဖို့လိုလို့လား။ အခုဆိုကြည့်ပါအုံး မှောင်မဲနေပြီကိုညဘက်ကြီး ငါ့ကိုအလုပ်ခိုင်းဖို့ကြံနေတယ်!

ဟွေ့အန်းသည် သူမနှင့်အတူ အတွင်းသို့ လိုက်ဝင်ရန် ရည်ရွယ်ပုံမပေါ်ဘဲ တံခါးကိုသာ ဖွင့်ပေးပြီးနောက် ဘေးသို့ ဆုတ်သွားသည်။

သူမနှင့်အတူ လိုက်ပါလာသော အစေခံမလေးနန်ကျစ်မှာလည်း အတွင်းသို့ လိုက်

ဝင်ခွင့်မရှိသောကြောင့် မိမိ၏သခင်မ နန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်ကို စိုးရိမ်သောကဖြစ်စွာဖြင့် ကြည့်နေမိသည်။

ဤသည်မှာ ယဲ့ယွင်အတွက် ပထမဆုံးအကြိမ် နင်ချန်ကို မြင်ဖူးခြင်းမဟုတ်ပေ။ သူမဖခင်မှာ ရာထူးကြီးမားသောကြောင့် နှစ်သစ်ကူးပွဲတော်များတွင် နန်းတော်ထဲသို့ ဝင်ခွင့်ရခဲ့ပြီး တော်ဝင်ပွဲတော်များတွင်လည်း အဝေးမှ လှမ်းမြင်ဖူးခဲ့သည်။

ယခင်က နန်ကျင်းတော်ဝင်မင်းသားများမှာ ရုပ်ရည်ချောမောခန့်ညားကြသည်ဟုသာ သိခဲ့သော်လည်း ယခု နင်ချန်ကို အနီးကပ်မြင်တွေ့ရသည့်အခါ သူမ အံ့အားသင့်သွားသည်။

နင်ချန်၏ အသားအရေမှာ ဖြူဖွေးပြီး မျက်လုံးများမှာ ဖီးနစ်ငှက်မျက်လုံးကဲ့သို့ ရှည်လျားကာ နှာတံမှာ ဖြောင့်စင်းနေသည်။ ပါးလွှာသော နှုတ်ခမ်းများမှာ သဘာဝအတိုင်း ပန်းရောင်သန်းနေပြီး လက်ဖက်ရည်သောက်ထားပုံရ၍ နှုတ်ခမ်းမှာ စိုစွတ်တောက်ပနေသည်။ အမှန်ပင် ချောမောလှပသော အမျိုးသားတစ်ယောက် ဖြစ်ပေသည်။

စိတ်ကို တည်ငြိမ်အောင်ထားပြီးနောက် သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ဂါဝန်စကိုမလျက် နူးညံ့စွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။

“အရှင်မင်းကြီး ညနက်နေပါပြီ၊ အခုအချိန်ထိ စာချွန်လွှာတွေ ကြည့်နေတုန်းပဲလား။ အရှင်မင်းကြီးရဲ့နဂါးခန္တာကိုယ်ကိုအနားပေးသင့်ပါပြီ။ ချန်းချဲ့ နေ့လယ်က ဘာမှမလုပ်ဘဲနေတာတောင် အခု ဗိုက်ဆာနေပါပြီ။ အရှင်မင်းကြီး၊ ညစာသုံးဆောင်ပြီးပါပြီလား။”

မိန်းမပျိုလေး၏ အသံမှာ နူးညံ့ချိုသာပြီး နားထောင်၍ အလွန်ကောင်းသည်။

ဘေးတွင် အမှုထမ်းနေသော ကျိုချန်နန်းဆောင်မှ မိန်းမစိုးချုပ် ယွမ်ကျိုမှာ ယဲ့ယွင်ကို မော့ကြည့်လိုက်ပြီး စိတ်ထဲမှမတွေးဘဲ မနေနိုင်တော့ပေ။

'ဒီဝမ်ရုန်က စားဖို့သောက်ဖို့လာတာလား?အိပ်ဆောင်ဝင်ဧကရာဇ်ကိုခစားဖို့လာတာလား? တော်တော်ရဲတင်းတာပဲ!”

နင်ချန်သည် မူလက ယဲ့ယွင်ကို လျစ်လျူရှုကာ ဤအတိုင်းပင် မသိသလို ပစ်ထားရန် ရည်ရွယ်ထားသည်။

ဧကရာဇ်က သင့်ကို မှင်အမှုတော်ထမ်းရန် ဆင့်ခေါ်ခဲ့ပါက သင့်ကို မည်သို့ခိုင်းစေသည်ဖြစ်စေ၊ လုံးဝမခိုင်းစေသည်

ဖြစ်စေ ၎င်းမှာ ဧကရာဇ်၏ စိတ်အလိုကျသာ ဖြစ်သည်။

သို့သော် ယဲ့ယွင်က ထိုသို့သော စကားမျိုးဖြင့် စတင်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ၊ထို့ကြောင့်စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

မော့ကြည့်လိုက်သောအခါ ချောမောလှပသော မိန်းမပျိုလေးက ပြုံးရွှင်စွာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လှုပ်ရှားသက်ဝင်နေသော မျက်ဝန်းများနှင့် ဆုံမိသည့်အခါ ကြည်လင်သော ရေကန်ထဲသို့ ရုတ်တရက် ခဲတစ်လုံးကျသွားသလိုမျိုး စိတ်ကို ယိမ်းယိုင်သွားစေသည်။

ရုပ်ရည်ကို အလေးထားသော ယောက်ျားတစ်ယောက်အနေဖြင့် နင်ချန်သည် ဤအမျိုးသမီးမှာအလွန်လှပကြောင်း ဝန်ခံရပေမည်။

ထို့အပြင် ယခင်က ကိုယ်လုပ်တော်များသည် သူ့ကိုကြည့်သည့်အခါ ရှက်ရွံ့ခြင်း သို့မဟုတ် စည်းကမ်းတကျ တည့်တည့်မကြည့်ရဲခြင်းတို့သာ ရှိခဲ့သည်။

ယနေ့ ယဲ့ယွင်၏ ပွင့်လင်းစွာ ကြည့်ရှုခြင်းကို ခံရသည့်အခါ အလွန်ထူးဆန်းသလို ခံစားလိုက်ရသည်။

သို့သော်လည်း နင်ချန်သည် ရှေ့မှ အမျိုးသမီးကို သိပ်သဘောမကျသေးပေ။ အကယ်၍ သူ့အစ်ကိုတော်ကြီး စိတ်ရူးဖောက်ပြီး ပုန်ကန်မှုသာမကြံစည်ခဲ့ပါက ယခု ဤအမျိုးသမီးသည် မင်းသား(၁) နင်ကျယ်၏ အိပ်ဆောင်တွင် ရှိနေပေလိမ့်မည်။ ထိုသို့တွေးမိသည့်အခါ သူ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ဤခေတ်တွင် စေ့စပ်ကြောင်းလမ်းဖူးသော အမျိုးသမီးများသည် ကဲ့ရဲ့ပြစ်တင်ခြင်း ခံရလေ့ရှိသည်။ ထို့အပြင် နင်ချန်မှာ ယခု ဧကရာဇ်ဖြစ်နေသောကြောင့် ပို၍ပင် မနှစ်သက်ပေ။

ယဲ့ယွင်သည် နင်ကျယ်၏ သဘောကျခြင်းကိုသာ ခံခဲ့ရပြီး ဘာမှမဖြစ်ခဲ့သော်လည်း သူ စိတ်မသက်မသာ ဖြစ်နေမိတုန်းပင်။

နင်ချန်က အေးစက်စွာ ဟောက်လိုက်ပြီး လက်ထဲမှ စုတ်တံကို ပစ်ထုတ်လိုက်သည်။

“ကျန်းကိုဆရာကြီးမလုပ်နဲ့၊ ဘာလုပ်လုပ် မင်းက ဝင်ပြောစရာမလိုဘူး။”

ယဲ့ယွင်က သူ့ကို မကြောက်ဘဲ မတ်မတ်ရပ်နေပြီး ပြုံးရွှင်စွာဖြင့် ဆက်ပြောသည်။

“အရှင်မင်းကြီး ဘာလုပ်လုပ် ချန်းချဲ့ ဝင်မပြောဝံ့ပါဘူး။ ဒါပေမဲ့ ချန်းချဲ့ ဗိုက်ဆာနေလို့ လက်တွေခြေတွေလှုပ်ဖို့တောင် အားမရှိဘူး။ ဒါကြောင့် အရှင်မင်းကြီးကို ကောင်းကောင်း အမှုမထမ်းနိုင်မှာစိုးလို့ပါ။ အရှင်မင်းကြီး ထောက်ထားသောအားဖြင့် ချန်းချဲ့ကို ညစာတစ်နပ်လောက် ချီးမြှင့်တော်မူရင် ချန်းချဲ့ အားအင်ပြည့်လာပြီး အရှင်မင်းကြီးကို ကောင်းကောင်းအမှုထမ်းနိုင်မှာပါ။”

ဧကရာဇ် “…..”

နန်းတော်တစ်ခုလုံးတွင် သူမမှလွဲ၍ ဤသို့သော စကားမျိုးကို မျက်နှာမပျက်ဘဲ ပြောနိုင်သူ မည်သူမျှ ရှိမည်မဟုတ်ပေ။

သူမသည် အားနည်းသလို ဟန်ဆောင်နေရာ ဧကရာဇ်ဖြစ်သောသူက သူမကို ထမင်းမကျွေးပါက ကပ်စေးနဲသူကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ရှင်မြင်းကို ပြေးစေချင်ရင် မြက်ကတော့ကျွေးရမှာပေါ့ ဟမ့်!

မည်သို့ပင်ဆိုစေကာမူ သူမသည် တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့သူ၏ သမီးဖြစ်သောကြောင့် ဆိုးဆိုးရွားရွား ဆက်ဆံ၍ မဖြစ်ပေ။

မကျေနပ်မှုများဖြင့် နှုတ်ခမ်းကိုတင်းတင်းဖိလိုက်ပြီးနောက် နင်ချန်က ယွမ်ကျိုကို “ညစာ ပြင်ခိုင်းလိုက်တော့။” ဟုမိန့်လိုက်သည်။

“အမိန့်တော်အတိုင်းပါ အရှင်။”

ယွမ်ကျိုက ခေါင်းညိတ်ပြီး ထွက်သွားရန် ပြင်နေစဉ် ယဲ့ယွင်က သူ့ကို တားလိုက်သည်။

“ကုန်းကုန်း ခဏလေးနေပါအုံး၊ ချန်ချဲ့

စားချင်တဲ့ ဟင်းတချို့ရှိလို့ စားဖိုဆောင်ကို ပြောပေးပါဦး။” ယဲ့ယွင်က သူ့ကို စကားပြောခွင့်မပေးဘဲ ဆက်ပြောသည်။ “မုန်ညင်းဖြူအချဉ်ကြော်တစ်ပွဲ၊ မုန်ညင်းဖြူအလယ်သားနဲ့ပဲ ကြော်ရမယ်။ အရမ်းနူးမသွားစေနဲ့။ ကြွက်နားရွက်မှိုနဲ့ သခွားသီးသုပ်တစ်ပွဲ၊ အားလုံးကို အမျှင်လေးတွေဖြစ်အောင် လှီးပြီး သုပ်ရမယ်။ နှမ်းဆီ၊ ရှာလကာရည်၊ နှမ်းဖြူ၊ ကြက်သွန်ဖြူထောင်းထည့်ရမယ်။ ပြီးတော့ ပုစွန်နဲ့ ပြောင်းဖူး၊ ချယ်ရီဝက်သား(ချယ်ရီဆော့စ်နဲ့ဝက်သား)။ နောက်ဆုံးဟင်းနှစ်မျိုးက ဆီနည်းနည်းနဲ့ အရသာပေါ့ပေါ့ပါးပါးလေး ချက်ရမယ်။”

မူလက နင်ချန်သည် သူမနှင့်အတူ ညစာစားရန် ရည်ရွယ်မထားသော်လည်း ယခု သူမ၏ ဟင်းလျာစာရင်းကို ကြားလိုက်ရသည့်အခါ ဗိုက်ပိုဆာလာသလို ခံစားလိုက်ရသည်။

အသက်နှစ်ဆယ်အရွယ် ယောက်ျားပျိုတစ်ယောက်သည် အစားအသောက် အလွန်စားနိုင်သည့် အရွယ်ဖြစ်ရာ အမှန်ပင် ဗိုက်ဆာနေသည်။

မူလက သူသည် တစ်ယောက်တည်းစားပြီး ယဲ့ယွင်ကို ဘေးတွင် ဟင်းခပ်ပေးရန် စေခိုင်းမည်ဟု ရည်ရွယ်ထားသော်လည်း ယခုမူ နှစ်ယောက်အတူတူ စားဖြစ်သွားလေသည်။

ထို့အပြင် နင်ချန်သည် ပုံမှန်ထက် ထမင်းတစ်ပန်းကန် ပိုစားခဲ့သည်။

“အနံ့လေးကမွှေးနေတာပဲ” ဟူသော သီအိုရီသည် အမြဲတမ်း အသုံးဝင်သည်။ ယဲ့ယွင်သည် အစားအသောက်၏ ဆွဲဆောင်မှုကို ကောင်းစွာ သိရှိသည်။

ဒီဧကရာဇ်ဘာကြံနေလဲဆိုတာ ငါမသိရိုးနေမလား ဟမ့်!

ညစာစားပြီးသည့်အခါ နင်ချန်သည် ယဲ့ယွင်ကို သိပ်မမုန်းတော့သလို ဖြစ်သွားသည်။

အဓိကအားဖြင့် ညစာစားနေစဉ် ယဲ့ယွင်သည် အနေအထိုင် တည်ငြိမ်ပြီး စည်းကမ်းရှိသဖြင့် နင်ချန်လည်း အလွန် သက်သောင့်သက်သာရှိသော ညစာတစ်နပ်ကို သုံးဆောင်ခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ဤအမျိုးသမီးသည် စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်၍ အခြားသော အမျိုးသမီးများကဲ့သို့ ရှက်ရွံ့ခြင်းမရှိဟုသာ ထင်မြင်နေသေးသည်။ နဂါးကုတင်ပေါ်သို့ ရောက်သည့်အခါမှသာ ဤအမျိုးသမီးသည် ရှက်ရွံ့ခြင်းမရှိရုံသာမက သတ္တိကောင်းလွန်းကြောင်း သိရှိခဲ့ရသည်။

အနည်းဆုံးတော့ နန်းဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ယွမ်ကျိုနှင့် ဟွေ့အန်းတို့သည် ဧကရာဇ်၏ “ယဲ့ဝမ်ရုန်၊ ကျန်းရဲ့ နဂါးကိုယ်ပေါ်ကနေ ဆင်းစမ်း။” ဟူသော အော်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့

IC-4

အခန်း ၄ ။ နံနက်ခင်း စုဝေးပွဲ

နောက်တစ်နေ့နံနက်တွင် နင်ချန်သည် ထုံးစံအတိုင်း နန်းတွင်းညီလာခံတက်ရန် စောစောထခဲ့သည်။ ပုံမှန်အားဖြင့် ညတာအတူကုန်ဆုံးခဲ့သော အမျိုးသမီးသည်လည်း သူ့ကိုကူညီရန် ထရမည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ယဲ့ယွင်သည် အိပ်မောကျနေဆဲဖြစ်သည်။

သူမ၏ နူးညံ့ပြီး ငြိမ်းချမ်းစွာအိပ်နေသော မျက်နှာလေးကိုကြည့်ရင်း ဤပုံစံနှင့် မနေ့ညက ရဲတင်းလှသောသူမ၏ အပြုအမူများနှင့် ဆက်စပ်ကြည့်ရန် ခက်ခဲနေသည်။ သူမ၏ ရဲတင်းသော အပြုအမူများကို ပြန်အမှတ်ရမိသောအခါ နင်ချန်သည် ရှက်ရွံ့ခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်း နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။ သူသည် စိတ်တိုတိုနဲ့လက်လှမ်းကာ သူမ၏ပါးကို ဆွဲလိမ်လိုက်သည်။

သူသည် အားမလျှော့ဘဲ ဆွဲလိမ်လိုက်ရာ ယဲ့ယွင်သည် နာကျင်မှုကြောင့် နိုးလာပြီး စိတ်ရှုပ်ထွေးကာ တုန်လှုပ်သွားသည်။ သူမ၏ကြီးမားကာအပြစ်ကင်းစင်သော မျက်လုံးများက သူ့ကို မော့ကြည့်နေပြီး ရုတ်တရက်တွင် သူမသည် အလွန်သနားစရာကောင်းနေသဖြင့် နင်ချန်ကိုပင် အပြစ်ရှိသလို ခံစားသွားရစေသည်။

ခဏအကြာတွင် အပြင်ဘက်မှ အစေခံများသည် ကလေးတစ်ယောက် ဂျီကျသကဲ့သို့ ကျယ်လောင်စွာငိုယိုနေသော အမျိုးသမီးငယ်တစ်ဦး၏ အသံကို ကြားလိုက်ရပြီး ထိုငိုသံမှာ အနည်းငယ်မျှပင် ထိန်းချုပ်ထားခြင်းမရှိပေ။

ဤသို့သောအခြေအနေမျိုးနှင့် တစ်ခါမျှမကြုံဖူးသော နင်ချန်သည် လုံးဝ ကြက်သေသေသွားသည်။ ထို့နောက် ရှက်ရွံ့ပြီး စိတ်ရှုပ်ထွေးစွာဖြင့် သူက ထစ်ငေါ့စွာပြောလိုက်သည်၊

"ဘာ-ဘာလို့ ငိုနေတာလဲ။ ကျန်း နည်းနည်းလေးပဲ ဆွဲလိမ်လိုက်တာကို..."

"ဒါဆို ဒီချန်းချဲ့ကို ပြန်ဆွဲလိမ်ခိုင်းကြည့်ပါလား... ဟင့်... နာသလားလို့ သိရအောင်... ဟင့်..ဝူးဝူး…." ယဲ့ယွင်သည် ရှိုက်ကြီးတငင်ငိုရင်း နှာခေါင်းလေးနီရဲကာ သနားစရာကောင်းသောအသံဖြင့် ပြောလိုက်သည်။

နင်ချန်သည် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူသည် မိမိကိုယ်တိုင် သတိမမူမိဘဲ ပြဿနာရှာမိခြင်းဖြစ်ပြီး ယခုအခါတွင် သူသည် စိတ်ရှုပ်ထွေးကာ မည်သို့လုပ်ရမည်ကို မသိဖြစ်နေသည်။ အံကြိတ်ရင်း သူသည် သူ့မျက်နှာကို သူမနားကို ပိုမိုနီးကပ်စေလိုက်ပြီး မည်သူမျှ သူ့ကို ဆွဲလိမ်ရဲလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ယဲ့ယွင်သည် မရှက်ပေ။ အခွင့်အရေးကို အရယူကာ သူမသည် ဧကရာဇ်၏မျက်နှာကို ဆွဲလိမ်လိုက်ပြီး ရုတ်တရက်အခွင့်အရေးယူကာ သူ၏နှုတ်ခမ်းကို အနေတော်အားဖြင့် ကိုက်လိုက်သည်။

"ရာရာစစ…ကျန်းနှုတ်ခမ်းကို… မင်း…မင်း အတင့်ရဲလှချည်လား။" နင်ချန်၏မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။ သူသည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး သူ၏ခန့်ညားသော မျက်နှာသည် နီရဲသွားသည်။

သူ၏အင်္ကျီလက်စကို လွှဲခါလိုက်ပြီး ဒေါသတကြီးထွက်သွားရင်း အော်သွားလိုက်သေးသည်၊ "ဒီကိစ္စကို ကျန်း မင်းနဲ့ အငြိုးမထားတော့ဘူး။ ဟမ့်။"

အပြင်ဘက်မှ အစေခံများသည် အစောပိုင်းက ယဲ့ယွင်ငိုသံကို ကြားခဲ့ရပြီး ယခုအခါတွင်မူ ဧကရာဇ် ဒေါသတကြီးထွက်သွားသည်ကို တွေ့လိုက်ရပြီး ဧကရာဇ်၏မျက်နှာမှာ နီရဲနေခဲ့သည်။

အရှင်မင်းကြီး ဒေါသထွက်နေတာပဲ!!!

အစေံမလေးနန်ကျစ်သည် ကြောက်လန့်မှုကြောင့် မျက်နှာဖြူဖျော့သွားပြီး သူမ၏သခင်မ ဧကရာဇ်ကို ဒေါသထွက်အောင်လုပ်မိပြီဟု စိုးရိမ်ကာ မည်သို့လုပ်ရမည်ကို တွေးပူနေမိသည်။

သို့သော် အတွင်းခန်းဆောင်သို့ ဝင်ရောက်သောအခါ သူမသည် မျက်ရည်စများကြားမှ ပြုံးနေသော ယဲ့ယွင်ကို တွေ့လိုက်ရပြီး အတော်လေး စိတ်အေးလက်အေးဖြစ်နေပုံရသည်။

"ယဲ့ဝမ်ရုန်.….သခင်မလေး…!”

"စိတ်မပူပါနဲ့။ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်။ ငါ့ကို အဝတ်အစားလဲဖို့ ကူညီပေး။ ဒီနေ့ ငါ မိဖုရားခေါင်ကြီးကို အရိုအသေသွားပေးရမယ်။"

ပြောစရာစကားများစွာရှိသော်လည်း နန်ကျစ်သည် သူမ၏စိုးရိမ်မှုများကို မိမိဘာသာသိမ်းဆည်းထားလိုက်ပြီး ယဲ့ယွင်ကို အလျင်အမြန် ပြင်ဆင်ကူညီပေးလိုက်သည်။

ယနေ့မှစ၍ ယဲ့ယွင်သည် ဧကရာဇ်မင်းကြီး၏ မျက်နှာသာပေးခံရသော ကြင်ယာတော်များစာရင်းသို့ တရားဝင်ဝင်ရောက်သွားပြီဖြစ်သော်လည်း ရှေ့ဆက်ရမည့်လမ်းမှာ ရှည်လျားနေဆဲဖြစ်သည်။

......

ကျိုချန်နန်းဆောင်မှ ဖုန်းရှီးနန်းဆောင်သို့ သွားရာခရီးသည် မဝေးသောကြောင့် ယဲ့ယွင်သည် အတော်လေးစောစော ရောက်ရှိသွားသည်။

နန်းဆောင်ထဲတွင် ကျင်းကျောင်းရီ၊ ကျောက်ကျယ်ယွီ၊ လင်ကျယ်ယွီ၊ လီချိုက်ရန်၊ လျိုချိုက်ရန်နှင့် ရှပေါင်လင်တို့ ရှိနေကြသည်။

(T/N- ဒီမင်မင်ရဲ့နာမည်မှတ်စကေးနဲဒီကိုယ်လုပ်တော်တွေနဲ့မအိုကေတော့ဘူး🫩

မင်မင်နောက်နေ့ကြပါတဲ့ဇာတ်ကောင်တွေနဲ့ရာထူးအလိုက် Note လေးထုတ်ပေးမယ်နော်)

ယဲ့ယွင်သည် ဦးစွာ ရာထူးပိုမြင့်သော အမျိုးသမီးသုံးဦးကို နှုတ်ဆက်လိုက်ပြီးနောက် လီချိုက်ရန်၊ လျိုချိုက်ရန်နှင့် ရှပေါင်လင်တို့ကလည်း သူမကို နှုတ်ဆက်ကြသည်။ ယဉ်ကျေးစွာ စကားဖလှယ်ပြီးနောက် သူမနေရာတွင် ဝင်ထိုင်လိုက်သည်။

"အတွင်းနန်းဆောင်မှာ နေတုန်းက ယဲ့ဝမ်ရုန်က အလှလေးတစ်ပါးလို့ ကြားဖူးတယ်။ ဒီနေ့တွေ့မှပဲ တကယ်မှန်တာပဲ။ လူတွေက မင်းအကြောင်းပြောနေကြတာ အံ့ဩစရာမရှိပါဘူး။" ဟု ကျောက်ကျယ်ယွီက ပြုံးရင်း ပြောလိုက်သည်။

"ကျောက်ကျယ်ယွီ ချီးကျူးလွန်းနေပါပြီ။ နန်းတော်ထဲက အမျိုးသမီးအားလုံးက အလှလေးတွေချည်းပါပဲ။ ဒီချန်းချဲ့က ဒီလိုချီးကျူးစကားကို ဘယ်လိုများ လက်ခံဝံ့မှာလဲ။ အတွင်းနန်းဆောင်မှာနေတုန်းက ချန်းချဲ့က အပြင်သိပ်မထွက်ဖြစ်ပါဘူး၊ ဒါကြောင့် ချန်းချဲ့အကြောင်း သတင်းစကားအနည်းငယ်က မင်းသားရဲ့ မောင်းမဆောင်ထဲက တစ်ယောက်ယောက်ရဲ့ နားထဲကို ရောက်သွားတာ အံ့ဩစရာပါပဲ။" ဟု ယဲ့ယွင်က ကျိုးနွံစွာ ပြန်ဖြေသည်။

ဘုရင့်ကြင်ယာတော်တစ်ဦးဖြစ်လာသောအခါ အတင်းအဖျင်းပြောခံရခြင်းမှာ သဘာဝကျသော်လည်း အတွင်းနန်းဆောင်တွင်နေစဉ်ကတည်းက အမှတ်ရခံရခြင်းမှာ မကောင်းလှပေ။ ၎င်းသည် အထင်အမြင်လွဲမှားမှုကို အလွယ်တကူ ဖြစ်စေနိုင်သည်။

"ဒါက အစေခံတွေကြားထဲက အကြောင်းမဲ့စကားတွေပါပဲ။ အတွင်းနန်းဆောင်က အမျိုးသမီးတစ်ယောက်အနေနဲ့ အပြင်ကကိစ္စတွေကို သိပ်မသိပါဘူး။ ဒါက အတင်းအဖျင်းစကားတွေပဲဖြစ်တော့ အလေးအနက်ထားစရာမလိုပါဘူး။"

ကျောက်ကျယ်ယွီသည် ယဲ့ယွင်ကို အခက်တွေ့စေရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ ၎င်းသည် စမ်းသပ်မှုတစ်ခုသာဖြစ်သည်။ အနာဂတ်ပြိုင်ဘက်များအနေဖြင့် သူမသည် ယဲ့ယွင်၏ စိတ်နေသဘောထားကို အကဲဖြတ်ရန် လိုအပ်သည်။

ဤစကားအနည်းငယ်သည် ယဲ့ယွင်သည် တုံးအသူမဟုတ်ကြောင်း ပြသရန်လုံလောက်ပြီး ကျောက်ကျယ်ယွီသည် အနာဂတ်တွင် သူမ သတိထားရမည်ကို သဘောပေါက်သွားသည်။

ကျောက်ကျယ်ယွီ တိတ်ဆိတ်သွားပြီး ကျင်းကျောင်းရီနှင့် လင်ကျယ်ယွီတို့သည် သဘာဝအတိုင်း တည်ငြိမ်သူများဖြစ်သောကြောင့် စကားမပြောကြပေ။ ရာထူးနိမ့်သော ကြင်ယာတော်များနှင့် ရှပေါင်လင်တို့သည် မည်သူ့ကိုမျှ ရန်စရန်မဝံ့သောကြောင့် တိတ်ဆိတ်စွာနေကြသည်။

တဖြည်းဖြည်းနှင့် လူများပိုမိုရောက်ရှိလာပြီး မည်သူမျက်နှာသာပေးခံရသည်မှာ ရှင်းလင်းနေသည်။

စွန်းရှိုးရီနှင့် လီမိန်ရန်တို့သည် အထူးတောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားရာ သူတို့၏မျက်နှာသာပေးခံရမှုကို ညွှန်ပြနေသည်။ ရှူးဖေးသည် သူမ၏သမီးတော်မှာ အိမ်ရှေ့စံမင်းသမီးဖြစ်သောကြောင့် မျက်နှာသာပေးခံရသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ထပ်မံလေ့လာကြည့်သောအခါ ကျောက်ကျယ်ယွီနှင့် ရှပေါင်လင်တို့သည် သူတို့၏နိမ့်သောရာထူးအတွက် သင့်တင့်သောဝတ်စုံများ ဝတ်ဆင်ထားရာ သူတို့သည် အနည်းငယ်မျက်နှာသာပေးခံရကြောင်း ညွှန်ပြနေသည်။

သို့သော် အမျက်နှာသာပေးအခံရဆုံးဖြစ်သော ဝမ်ဖေးမှာမူ မရောက်ရှိသေးပေ။ သူမသည် မကြာသေးမီကမှ သူမ၏နေရာတွင် အခြေကျသောကြောင့် သတိထားနေဆဲဖြစ်သည်။

ဤအမျိုးသမီးများရောက်ရှိလာခြင်းသည် အနည်းငယ် တင်းမာမှုများဖြစ်ပေါ်စေပြီး လီမိန်ရန်သည် ယဲ့ယွင်ကို ပထမဆုံး ရင်ဆိုင်သူဖြစ်သည်။

"ချန်းချဲ့တို့အားလုံးက ဒီကို ဧကရာဇ်မင်းကြီးကို အမှုတော်ထမ်းဖို့ လာကြတာပဲ၊ ဒါပေမဲ့ ယဲ့ဝမ်ရုန်ကတော့ မတူဘူး။ တခါတည်း အဆင့်ခြောက်ရာထူးနဲ့ နန်းတော်ထဲဝင်လာတာ၊ တစ်နှစ်ကျော် အမှုတော်ထမ်းပြီးတဲ့ ရှပေါင်လင်ကတော့ အခုထိ အဆင့်၈ပဲ ရှိသေးတယ်။ တကယ်ကို ကွာခြားချက်ကြီးမားတာပဲ။"

နာမည်တပ်ခေါ်ခံရသောကြောင့် ရှပေါင်လင်သည် အနည်းငယ်တုန်လှုပ်စွာဖြင့် မတ်တပ်ရပ်လိုက်သည်၊ "ကျွန်တော်မျိုးမက မျိုးရိုးနိမ့်ပါးတဲ့ နောက်ခံကလာတာပါ၊ ယဲ့ဝမ်ရုန်နဲ့ နှိုင်းယှဉ်ဖို့ မဝံ့ပါဘူး။ ဧကရာဇ်က ကျွန်တော်မျိုးမကို မျက်နှာသာပေးတာက သနားလို့သက်သက်ပါပဲ။ ယဲ့ဝမ်ရုန်လို အလှလေးကမှ ဧကရာဇ်ရဲ့ တကယ်တန်ဖိုးထားခံရတဲ့သူပါ။"

"ဟမ့်။" လီမိန်ရန်သည် ရှပေါင်လင်ကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူမ၏ယပ်တောင်ကို လျစ်လျူရှုသလို ဝှေ့ယမ်းလိုက်သည်။ "နင့်ရဲ့နိမ့်ကျတဲ့အဆင့်အတန်းကို နင်သိသားပဲ။ တို့ ယဲ့ဝမ်ရုန်နဲ့ စကားပြောနေတုန်း နင့်မှာဝင်ပြောဖို့ အခွင့်အရေးရှိလို့လား။"

ရှပေါင်လင်သည် အရှက်ရစွာဖြင့် ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းကိုကိုက်လိုက်သည်။ သူမသည် တိတ်ဆိတ်စွာ နောက်ဆုတ်သွားပြီး သူမ၏လက်ကိုင်ပုဝါကို ဆုပ်ကိုင်

ထားသည်မှာ လက်ဆစ်များဖြူဖြော့သွားသည်အထိဖြစ်သည်။

ယဲ့ယွင်သည် မျက်ခုံးပင့်လိုက်သည်။ စိန်ခေါ်မှုက အတော်လေးပြင်းထန်ပုံရသည်။

နန်းတော်မဝင်မီက သူမသည် နည်းနည်းပါးပါးအိမ်စာလုပ်ခဲ့သည်။ လီမိန်ရန်၏ မျိုးရိုးအမည်မှာ ကျင်းဖြစ်ပြီး သူမ၏မိသားစုနောက်ခံမှာ မမြင့်မားပေ — သူမ၏ဖခင်မှာ အဆင့် ၅ စစ်ဘက်အရာရှိတစ်ဦးသာဖြစ်သည်။ သို့သော် သူသည် မနှစ်က ရေဘေးကာကွယ်ရေးတွင် ထူးချွန်ခဲ့သောကြောင့် ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး လီမိန်ရန်၏ အဆင့်အတန်းမြင့်တက်လာစေခဲ့သည်။

သာမန်စစ်ဘက်အရာရှိတစ်ဦးသည် ယဲ့ယွင်၏မိသားစုနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ပေ၊ အကြောင်းမှာ သူမ၏ဖခင်တွင် စစ်ဘက်ဆိုင်ရာအောင်မြင်မှုများစွာ ရှိခဲ့သောကြောင့်ဖြစ်သည်။

ယခုအခါ သူမ၏အစ်ကိုသည် ဘွဲ့ထူးဂုဏ်ထူးများနှင့် ရာထူးများ ရရှိထားသည်။ နောက်ခံအရ နန်းတော်ထဲတွင် သူမနှင့် ကျောထောက်နောက်ခံယှဉ်နိုင်သူ အနည်းငယ်သာရှိသည်။

"ဒီချန်းချဲ့ရဲ့ လက်ရှိရာထူးက ဧကရာဇ်မင်းကြီးရဲ့ မျက်နှာသာပေးမှုကြောင့်ပါ။ ချန်းချဲ့ရဲ့ဖခင်က နိုင်ငံအတွက် အသက်စွန့်ခဲ့ပြီး ဧကရာဇ်က ကျေးဇူးတင်တဲ့အနေနဲ့ ချန်းချဲ့ကို သဘာဝအတိုင်း ကာကွယ်ပေးခဲ့တာပါ။ ဒါပေမဲ့ နန်းတော်ထဲရောက်တာနဲ့တစ်ပြိုင်နက် ချန်းချဲ့တို့အားလုံးက ဧကရာဇ်ကို အမှုတော်ထမ်းဖို့ ဒီကိုရောက်နေကြတာပါ။ ကြင်ယာတော်အားလုံးက တန်းတူညီမျှပါပဲ။"

သူမသည်တည်ငြိမ်အေးချမ်းစွာဖြင့်တိုက်ခိုက်မှုကို လွယ်ကူစွာ ခါချလိုက်သည်ကိုမြင်ရသောအခါ လီမိန်ရန်သည် ပို၍ပင် မသက်မသာဖြစ်သွားသည်။

အေးစက်စွာ နှာမှုတ်လိုက်ရင်း လီမိန်ရန်က ပြောသည်၊ "ဒီမနက် ဧကရာဇ်က ကျိုချန်နန်းဆောင်ကနေ ဒေါသတကြီးထွက်သွားတယ်လို့ ကြားတယ်၊ ပြီးတော့ အမျိုးသမီးတစ်ယောက်ငိုသံကို ကြားတဲ့အစေခံတစ်ယောက်တောင် ရှိသေးတယ်တဲ့။ ယဲ့ဝမ်ရုန်၊ မင်းအဖေရဲ့ အသက်စွန့်မှုကနေ ရတဲ့မျက်နှာသာကို အလဟဿမဖြုန်းတီးလိုက်နဲ့။"

သူမဖခင်သေဆုံးသည့်အကြောင်းကို ထုတ်ပြလိုက်သောအခါ ယဲ့ယွင်၏ မျက်နှာအမူအရာသည် အေးစက်သွားသည်။ သူမသည် မျက်လုံးများကို အနည်းငယ်နှိမ့်ချလိုက်ပြီး လေးနက်သောအသံဖြင့် ပြန်

ဖြေလိုက်သည်၊ "ဒီမနက် ချန်းချဲ့ အိပ်မက်ဆိုးမက်လို့ လန့်နိုးပြီး မထိန်းနိုင်ပဲခဏငိုမိသွားခဲ့တာ၊ ဒါပေမဲ့ ဧကရာဇ်က ချန်းချဲ့ကို နှိမ့်သိမ့်ပေးပြီး ဘေးနားမှာခဏလေးအတူနေပေးပြီးမှ ညီလာခံတက်ဖို့ သွားခဲ့တာပါ။ အဲ့တာကြောင့်မို့ သေချာပေါက် ဧကရာဇ်က အလျင်လိုနေတာဖြစ်ရမယ်၊ ဒီတော့ သခင်မလီ ပြောတဲ့ ဒေါသကလွဲနေပုံရမယ်ထင်ပါတယ်။"

ခဏရပ်ပြီးနောက် သူမသည် လီမိန်ရန်ကို စူးရှသောအကြည့်ဖြင့် တည့်တည့်ကြည့်လိုက်သည်။

"နန်းတော်မဝင်ခင်က ချန်းချဲ့ကို စည်းကမ်းတွေ သင်ပေးခဲ့တယ်။ ဧကရာဇ်ရဲ့ သွားလာရာနေရာကို မစုံစမ်းရဘူး၊ သူ့ရဲ့ရည်ရွယ်ချက်တွေကို မခန့်မှန်းရဘူးတဲ့။ လီမိန်ရန်က ကျိုချန်နန်းဆောင်အကြောင်းကို ကောင်းကောင်းသိနေပုံရတော့ မားမားသင်ပေးခဲ့တာတွေက မှန်ရဲ့လားလို့ ဒီချန်းချဲ့ တွေးနေမိပြီ။ ဖြစ်နိုင်ရင် ဒီချန်းချဲ့ကို ရှင်းပြပေးနိုင်မလား။"

ယဲ့ယွင်၏ ပြန်လည်ချေပချက်သည် အလွန်ထက်မြက်လွန်း၍လား သို့မဟုတ် လီမိန်ရန်သည် သူမ၏အကြည့်ကြောင့် ကြောက်ရွံ့သွား၍လားမသိ၊ လီမိန်ရန်သည် ထစ်ငေါ့သွားပြီး ပြန်မဖြေနိုင်တော့ပေ။

ဘေးမှကြည့်နေသော စွန်းရှိုးရီသည် မရယ်ဘဲမနေနိုင်တော့ပေ။

"အိုး၊ ယဲ့ဝမ်ရုန်က တကယ်ကို ထူးချွန်တာပဲ။ ပုံမှန်ဆို စကားအရမ်းထက်တဲ့ လီမိန်ရန်တောင် စကားမပြောနိုင်တော့ဘူး။"

လီမိန်ရန်သည် ဒေါသထွက်ပြီး ပြန်ပြောမည်အပြုတွင် မိဖုရားခေါင်ကြီးသည် အတွင်းမှထွက်လာပြီး သူမနောက်တွင် ယန်ချိုက်နွီပါလာသည်။ သူမသည် မိဖုရားခေါင်ကြီးကို အမှုတော်ထမ်းရန် စောင့်နေခဲ့ပုံရပြီး တိတ်ဆိတ်စွာပင် မိမိနေရာသို့ ပြန်သွားသည်။

***

All Chapters