← Chapters

အခန်း (၄၇၁-၄၇၂)

Vol. 48 Ch. 471-472

အခန်း (၄၇၁-၄၇၂)

Vol. 48 Ch. 471-472

​အခန်း ၄၇၁ - ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှ ဖန့်ချန်

​ကျန်းရှူးကျိုးသည် ဦးစွာ ကြောင်အမ်းသွားပြီးနောက် ရင်ထဲတွင် တဟားဟား အော်ရယ်မိတော့သည်။

"ဟားဟားဟား"

​ဒီကောင်လေးမှာ ဘယ်လိုနောက်ခံပဲရှိရှိ၊ ကိုးဓားဂိုဏ်းနယ်မြေထဲမှာ လူသတ်လိုက်ပြီဆိုမှတော့ သူ သွားပြီ လျူပုယွင်လည်း ဒီအတွက် အဖိုးအခ ပေးရလိမ့်မည်။

သူတို့အားလုံး ကိုးဓားဂိုဏ်း နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။

​လျူပုယွင်မှာတော့ ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ကိုးဓားဂိုဏ်းမှ အုပ်ချုပ်ရေးမှူးရွှီ ရှေ့သို့ အပြေးအလွှား သွားကာ ရှင်းပြတော့သည်။

"နားလည်မှုလွဲတာပါ ဒါက တကယ်ကို နားလည်မှုလွဲတာပါဗျာ"

​"မိတ်ဆွေလျူ ဒါက နားလည်မှုလွဲတာ မဟုတ်ဘူး တစ်စုံတစ်ယောက်က ကျုပ်တို့ကို ထောင်ချောက်ဆင်ပြီး ပြဿနာရှာနေတာ သူ့ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ယုတ်မာလွန်းတယ်"

ဖန့်ချန်က အေးအေးဆေးဆေးပင် ပြောလိုက်ပြီး ကျန်းရှူးကျိုးကို လက်ညှိုးထိုးကာ

"မင်းမှာ ဘာမှာစရာရှိသေးလဲ"

ဟု မေးလိုက်သည်။

​လျူပုယွင်မှာ မှင်တက်သွားပြီး နှုတ်ခမ်းများ တုန်ရီနေကာ စကားတစ်လုံးမှ မထွက်တော့ပေ။

​ရဲ့ချင်ဟဲကတော့ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ရှိနေတဲ့ ကိုးဓားဂိုဏ်းနယ်မြေထဲမှာ ဖန့်ချန်က ဘယ်လိုလုပ် ဒီလောက်အထိ ရဲတင်းနေရတာလဲ။

​ကျန်းရှူးကျိုးကတော့ မထီမဲ့မြင် ပြုံးလိုက်ပြီး အုပ်ချုပ်ရေးမှူးရွှီ နားသို့ ကပ်သွားကာ

"အုပ်ချုပ်ရေးမှူးရွှီ ကြည့်စမ်းပါဦး ဒီအရူးက ဘယ်လောက်အထိ ရဲတင်းနေသလဲဆိုတာ သူ့ကို ခေါ်လာတဲ့ လျူပုယွင်ကိုလည်း အပြစ်ပေးရမယ်"

"ကျုပ်တို့ ကိုးဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ဒါကို သေချာကိုင်တွယ်ရမယ်"

​အုပ်ချုပ်ရေးမှူးရွှီက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ကျန်းရှူးကျိုး၏ စရိုက်ကို သိသဖြင့် တစ်ခုခု မှားနေပြီဟု ခံစားမိသော်လည်း လူတစ်ယောက် သေဆုံးသွားပြီဖြစ်ရာ စည်းမျဉ်းအရတော့ အရေးယူရမည် ဖြစ်သည်။

"စောစောက ဆိုင်ရှင်ရဲ့ စွပ်စွဲချက်က မှားတာ မှန်တာ ခဏထား မင်း လူမြင်ကွင်းမှာ လူသတ်လိုက်တာကတော့ အမှန်ပဲ ငါနဲ့အတူ ကိုးဓားဂိုဏ်းကို လိုက်ခဲ့ပြီး ရှင်းပြစမ်း"

​လျူပုယွင်က အံကြိတ်ကာ ကျန်းရှူးကျိုးကို လက်ညှိုးထိုးပြီး ပြန်လည်စွပ်စွဲတော့သည်။

"ဒီကိစ္စအားလုံးက ကျန်းရှူးကျိုး စီစဉ်တာဗျ ခင်ဗျားတို့က သူ့ရဲ့ ယုတ်မာမှုကို ဖုံးကွယ်ပေးမလို့လား"

​"လျူပုယွင် သက်သေနဲ့ပြောစမ်း ငါက ကိုးဓားဂိုဏ်းရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ ဒီလို အဓိပ္ပာယ်မရှိတာတွေကို လုပ်ပါ့မလား"

ကျန်းရှူးကျိုးက လှောင်ပြောင်လိုက်ပြီး

"ငါ ဂိုဏ်းက ရွှေအမြုတေအဆင့် အကြီးအကဲကို အကြောင်းကြားပြီးပြီ"

ဟု ဆိုလိုက်သည်။

​လူတိုင်း၏ မျက်နှာများ ပျက်သွားကြသည်။

ထိုစဉ် ကောင်းကင်ယံမှ အရိပ်တစ်ခု ဆင်းသက်လာရာ ၎င်းမှာ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။

​ကျန်းရှူးကျိုးက ချက်ချင်းပင် ဦးညွှတ်ကာ

"အကြီးအကဲကျန်း ဟောဒီလူပါပဲ သူက ကျုပ်တို့နယ်မြေထဲမှာ ရဲရဲတင်းတင်း လူသတ်နေတာ"

​အဘိုးအိုက ဖန့်ချန်ကို အေးစက်စွာ ကြည့်ပြီး

"သူ့ကိုရော သူနဲ့ ပတ်သက်တဲ့သူတွေကိုရော ဖမ်းသွားကြ"

ဟု အမိန့်ပေးလိုက်သည်။

​ဖန့်ချန်က ပြုံးလိုက်သည်။

"ငါ့ မှာ မင်းတို့နဲ့ ဒီလို ကလေးကလား ကစားပွဲတွေကို အချိန်ပေးဖို့ မအားဘူး မင်းတို့ ကိုယ်တိုင် ဒါကို မရှင်းဘူးဆိုရင်တော့ ငါကပဲ မင်းတို့ကိုယ်စား ရှင်းပေးရတော့မှာပဲ"

​ရဲ့ချင်ဟဲကတော့ စိုးရိမ်တကြီးဖြင့် ဖန့်ချန်ကို ဝိညာဉ်အာရုံဖြင့် သတိပေးနေသည်။

"ဖန့်ချန် အဲဒါ ရွှေအမြုတေအဆင့် အကြီးအကဲ"

​နွားချေးတုံးလေးကတော့ ဘာမှနားမလည်သော်လည်း သူ့ဆရာက တကယ့်ကို အထာကျသည်ဟု ခံစားနေရသည်။

မျောက်ဖြူတို့ သုံးကောင်ကတော့ အေးအေးဆေးဆေးပင်။

ခွန်လုံစစ်သူကြီးတောင် ဘာဖြစ်သွားသလဲဆိုတာ သူတို့ မျက်မြင်ကိုယ်တွေ့ မဟုတ်လား။

​အကြီးအကဲကျန်းက ဒေါသတကြီး ရယ်မောလိုက်သည်။

"ကလေးကလား ကစားပွဲ ဟုတ်လား ကောင်းပြီ အစစ်အမှန် ခွန်အားဆိုတာ ဘာလဲဆိုတာ ငါ ဒီနေ့ ပြပေးမယ်"

​သူ့ကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာစဉ်မှာပင် ဓားအလင်းတစ်ခု လျှပ်ခနဲ ဖြတ်သန်းသွားသည်။

အကြီးအကဲကျန်း၏ ညာဘက်လက်မောင်းမှာ ခန္ဓာကိုယ်မှ ပြတ်ထွက်သွားပြီး နောက်ထပ် ဓားအလင်းတစ်ခုမှာ ဘယ်ဘက်လက်မောင်းကိုပါ ဖြတ်တောက်ပစ်လိုက်သည်။

လက်မောင်းနှစ်ဖက်စလုံး မြေကြီးပေါ်သို့ တဒုန်းဒုန်း ကျသွားကာ သွေးများ ပန်းထွက်လာတော့သည်။

​လူတိုင်း မှင်တက်သွားကြသည်။

သူတို့ မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်ဘဲ မျက်လုံးကိုပင် ပွတ်ကြည့်နေကြရသည်။

ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက်ရဲ့ လက်မောင်းနှစ်ဖက်ကို ချက်ချင်း ဖြတ်ပစ်လိုက်တာလား

​ကျန်းရှူးကျိုးကတော့ လူအုပ်ထဲသို့ တိုးဝင်ကာ ထွက်ပြေးဖို့ ပြင်တော့သည်။

"ဒုက္ခပဲ"

​လျူပုယွင်က ဖန့်ချန်ကို ကြောင်ကြည့်ရင်း

"မိတ်ဆွေဖန့် ခင်ဗျားက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာဆို"

​"အခြေခံတည်ဆောက်ခြင်း ဟုတ်လား သူက ရွှေအမြုတေအဆင့် ဖြစ်မှာ သေချာတယ်"

ဟု ဘေးကလူများကလည်း တိုးတိုးလေး ကျိန်ဆဲနေကြသည်။

​အဘိုးအိုမှာ ဒေါသထွက်သော်လည်း ရှေ့ဆက်မတိုးဝံ့တော့ဘဲ အရေးပေါ် အချက်ပေးစာချွန်လွှာကို အလျင်အမြန် မီးရှို့လိုက်သည်။

ထို့နောက် ဖန့်ချန်ကို ကြည့်ကာ

"မင်းရဲ့ စွမ်းရည်က ထူးခြားပေမဲ့ ဒါက ကိုးဓားဂိုဏ်း နယ်မြေဆိုတာ မမေ့နဲ့"

ဟု ဆိုလိုက်သည်။

​ခဏအကြာတွင် ကိုးဓားဂိုဏ်းဘက်မှ ရွှေအမြုတေအဆင့် အရှိန်အဝါ ဆယ်ခုကျော်နှင့်အတူ အလွန်နက်ရှိုင်းလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ ကိုးဓားဂိုဏ်း၏ အကြီးအကဲချုပ် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ပင် ဖြစ်သည်

​"ဘယ်သူက ငါ့ရဲ့ ကိုးဓားဂိုဏ်းနယ်မြေမှာ လာပြီး ပြဿနာရှာနေတာလဲ"

ဟု ရှေးဟောင်းအသံကြီးက လူတိုင်း၏ နားထဲတွင် ဟိန်းထွက်လာသည်။

​လက်မောင်းပြတ်သွားသော အဘိုးအိုက ဖန့်ချန်ကို ကြည့်ကာ

"ဒါ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲချုပ်ပဲ"

ဟု လှောင်ပြုံးဖြင့် ဆိုသည်။

လူအုပ်ကြီးကလည်း ဖန့်ချန်ကို သနားသလို ကြည့်နေကြသည်။

​ဖန့်ချန်ကတော့ တည်ငြိမ်စွာဖြင့်

"ကျုပ်က ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က ဖန့်ချန်ပါ"

ဟု ပြောလိုက်သည်။

​ထိုစကားအဆုံးတွင် ပျံသန်းလာသော ပုံရိပ် ၁၀ ခုကျော်မှာ ချက်ချင်း ရပ်တန့်သွားကြသည်။

ဆံပင်ဖြူအဘိုးအိုဖြစ်သော အကြီးအကဲချုပ်သည် မျက်နှာပျက်သွားကာ စကားတစ်လုံးမှ မပြောတော့ဘဲ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ကျန်သည့် အကြီးအကဲများလည်း သူ့နောက်ကနေ အပြေးအလွှား လိုက်သွားကြပြန်သည်။

​လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းရှူးကျိုးမှာ ကြောက်လန့်တုန်ရီနေသည်။

သူ အခုတော့ နွားနားခိုရာ ဝက်မလာနဲ့တိုးပြီ ဆိုတာကို သိလိုက်ရသည်။

​ဖန့်ချန်က လက်မောင်းပြတ်နေသော အဘိုးအိုကို ကြည့်ကာ

"မင်းတို့ အကြီးအကဲချုပ်က ပြန်သွားပြီနဲ့ တူတယ်နော်"

​အဘိုးအိုမှာ ကြောက်လန့်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။

ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ဟုတ်လား

​"ကိုးဓားဂိုဏ်းရဲ့ နာမည်ပျက်နေတာကို ကျုပ်ကပဲ ရှင်းလင်းပေးလိုက်ပါ့မယ် ကျေးဇူးတင်စရာ မလိုပါဘူး"

ဟု ဖန့်ချန်က ဆိုကာ လူအုပ်ထဲရှိ ကျန်းရှူးကျိုးဆီသို့ ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။

​"အဘိုး ကျွန်တော့်ကို ကယ်ပါဦး"

ကျန်းရှူးကျိုးက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ပါတော့သည်။

​အခန်း ၄၇၂ - ယွိရွှီတောင်

​ကျန်းရှူးကျိုး၏ ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည့် ခဏမှာပင် ထိုဝဖိုင့်ဖိုင့် လူကြီးသည် အနက်ရောင်ဝတ် အကြီးအကဲ၏ မြေးအရင်း ဖြစ်နေမှန်း လူတိုင်း သဘောပေါက်လိုက်ကြသည်။

သူသည် ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦးကို အဘိုးအဖြစ် ကျောထောက်နောက်ခံ ထားရှိခြင်းကြောင့်သာ ယခုတိုင် ဂုဏ်မောက်ပြီး ရမ်းကားရဲခြင်း ဖြစ်သည်။

​"ဗြစ်"

​ကျန်းရှူးကျိုး၏ အော်ဟစ်သံမှာ ရုတ်တရက် ပြတ်တောက်သွားသည်။

သူ၏ မျက်လုံးထဲမှ အလင်းရောင်များမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး နဖူးထက်တွင် သွေးစင်းကြောင်းလေးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

ထိုစင်းကြောင်းမှာ အောက်ဘက်သို့ တရွတ်တိုက် ဆင်းသွားကာ ခဏချင်းမှာပင် သူ၏ ဝဖြိုးလှသော ခန္ဓာကိုယ်ကြီးမှာ နှစ်ခြမ်းကွဲထွက်သွားပြီး အူလမ်းကြောင်းများနှင့် အတွင်းကလီစာများမှာ မြေကြီးပေါ်သို့ ဖရိုဖရဲ ပြန့်ကျဲလာတော့သည်။

​ဘေးနားတွင် ဝိုင်းကြည့်နေသော ကျင့်ကြံသူများမှာ ထိုသွေးပျက်ဖွယ် မြင်ကွင်းကြောင့် လန့်ဖျန့်ကာ နောက်သို့ အလုအယက် ဆုတ်ခွာလိုက်ကြရသည်။

​"သွားကြစို့"

ဖန့်ချန်က အေးဆေးစွာပင် ခေါ်လိုက်ပြီးနောက် သူ၏အဖွဲ့ကို ဦးဆောင်ကာ လေထဲသို့ ပျံတက်ပြီး ထွက်ခွာသွားကြသည်။

အနက်ရောင်ဝတ် အဘိုးအိုမှာ ဝင်ရောက်စွက်ဖက်ရန် တစ်စက်မျှ မဝံ့ရဲခဲ့ပေ

​"ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က ဖန့်ချန် တဲ့လား"

"ဒီဂိုဏ်းနာမည်က ရင်းနှီးနေသလိုပဲ ဖန့်ချန် ဆိုတဲ့ နာမည်ကလည်း တစ်နေရာရာမှာ ကြားဖူးသလိုပဲဗျဘယ်မှာများ ကြားဖူးတာလဲ မသိဘူး"

"ခင်ဗျားလည်း အဲဒီလို ခံစားရတာလား ကျုပ်လည်း အဲဒီနာမည် ဘာလို့ ဒီလောက် ရင်းနှီးနေတာလဲလို့ စဉ်းစားနေတာ"

​"အားလုံးပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က မဟာချန်း အင်ပါယာ မြို့တော်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို မှတ်မိကြသေးလား"

"အဲဒီကိစ္စ ဝိညာဉ်သွေးဂိုဏ်းရဲ့ အကြံအစည်ကို ဖျက်ဆီးပြီး လူပေါင်းများစွာကို သတ်ပစ်ခဲ့တဲ့ ဓားကျင့်ကြံသူအကြောင်း ပြောတာလား"

"ဟုတ်တယ် အဲဒီဓားကျင့်ကြံသူ နာမည်က ဖန့်ချန် လေ ခင်ဗျားတို့ အကုန်မေ့ကုန်ကြပြီလား"

​"ဟူး..."

​လူတိုင်း ရုတ်တရက် မှတ်မိသွားကြပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် အသက်ရှူပင် မှားသွားကြရသည်။

ကောလာဟလများအရ ထိုဓားကျင့်ကြံသူမှာ တစ်ချိန်က ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦးကိုပင် ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

​အုပ်ချုပ်ရေးမှူးရွှီမှာ ရင်ထဲတွင် ထိတ်လန့်သွားပြီး နောင်တရိပ်များ ဖြတ်ပြေးသွားသည်။

တော်သေးသည် သူ စောစောက စိတ်လိုက်မာန်ပါ မလုပ်ခဲ့၍ မဟုတ်ရင် အခု မြေကြီးပေါ်မှာ အူတွေထွက်ပြီး သေနေတာ သူ ဖြစ်နေနိုင်သည်။

သူက အနက်ရောင်ဝတ် အဘိုးအိုကို ကြည့်ပြီး

"အကြီးအကဲကျန်း ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဗျာ"

ဟု မေးရာ၊ အဘိုးအိုက

"မင်းပဲ ဒါကို ရှင်းလိုက်တော့ ငါ့ရဲ့ လက်မောင်းတွေကိုတော့ ပြန်ယူလာခဲ့ပေးပါ"

ဟု ခပ်တိုးတိုး ဆိုကာ ဂိုဏ်းအတွင်းသို့ အလင်းတန်းတစ်ခုအလား ပျံဝင်သွားတော့သည်။

​ကိုးဓားဂိုဏ်းအတွင်း၌မူ ဆံပင်ဖြူအဘိုးအို မှာ စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

၎င်းမှာ ထိုဒေသ၏ တစ်ဦးတည်းသော ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ဖြစ်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၀ ဦးကျော်မှာ စိုးရိမ်တကြီး ကြည့်နေကြစဉ် တစ်ယောက်က အားပေးစကား ဆိုလာသည်။

"အကြီးအကဲချုပ် ဒါက ပြဿနာ သိပ်မရှိနိုင်ပါဘူးကျုပ်တို့က ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကလူကို တကယ်တမ်း မစော်ကားမိဘူးလေ သူတို့က ပြဿနာ လာရှာမှာ မဟုတ်ပါဘူး"

​"မင်းတို့ ဘာမှမသိဘူး"

ဆံပင်ဖြူအဘိုးအိုက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေဆိုတာ အရူးတွေကွ မင်းတို့က ရွှေအမြုတေအဆင့်ဆိုတော့ ပုရွက်ဆိတ်လိုပဲ ရှိတာ ငါကမှ ဝိညာဉ်သန္ဓေသားအဆင့်မို့ သူတို့က အရင်ဆုံး ငါ့ကို လာသတ်မှာ"

ဟု သူက ဘေးက အကြီးအကဲတွေကို ပြောရင်း အေးစက်နေသော ချွေးစေးများ ထွက်နေရှာသည်။

​ထိုစဉ် အနက်ရောင်ဝတ် အဘိုးအို ပြန်ရောက်လာသည်။

အကြီးအကဲချုပ်က မြင်မြင်ချင်းပင် သူ့ကို ပါးရိုက်လိုက်ရာ အဘိုးအိုမှာ ပေအစိတ်ခန့် လွင့်ထွက်သွားသည်။

သို့သော် သူသည် တစ်ခွန်းမှ မဟရဲဘဲ ခေါင်းငုံ့ကာ ပြန်လာရပ်ရသည်။

"ဘယ်နှစ်ယောက် သေလဲ"

ဟု မေးရာ

"ကျန်းရှူးကျိုးနဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက် သေပါတယ်"

ဟု ဖြေသည်။

​"ကျန်းရှူးကျိုးက မင်းရဲ့မြေးပဲ ဒီလိုလူမျိုးကို သွားစော်ကားမိမှတော့ သူ သတ်မပစ်ရင်တောင် ငါကိုယ်တိုင် သတ်ပစ်မှာ"

"တော်သေးတယ် သူတို့ ဆက်ပြီး ပြဿနာမရှာလို့ နောက်တစ်ခါ ဒီလိုလူမျိုးကို စော်ကားမိရင်တော့ မင်းတို့ဘာသာ လည်လှီးပြီးသာ အပြစ်ပေးလိုက်ကြတော့"

ဟု အကြီးအကဲချုပ်က ဆိုကာ တီးတိုးရေရွတ်ရင်း ထွက်သွားတော့သည်။

​"မိတ်ဆွေလျူ ကျုပ်တို့ ဒီမှာပဲ လမ်းခွဲကြစို့နောက်မှ ပြန်ဆုံကြတာပေါ့"

ဖန့်ချန်က လျူပုယွင်ကို နှုတ်ဆက်ကာ သူ၏တပည့်များကို ခေါ်ပြီး ယွိရွှီတောင် ဆီသို့ ဦးတည်လိုက်သည်။

​လျူပုယွင်မှာ ဖန့်ချန်တို့ ထွက်ခွာသွားသည်ကို ကြောင်ကြည့်နေမိပြီးမှ

"စောစောက သူက သူ့နာမည် ဖန့်ချန် လို့ ပြောသွားတာလား ဖန့်ဝမ်လီ ဆိုတာက နာမည်ဝှက်ပဲပေါ့"

ဟု ရေရွတ်မိသည်။

"ဆရာ အဲဒီ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ဆိုတာ ဘယ်လိုဂိုဏ်းမျိုးလဲ"

တပည့်တစ်ယောက်က စပ်စုလိုက်ရာ လျူပုယွင်က

"ဒါက အလယ်ပိုင်းတိုက်ကြီးက အင်အားကြီး ထိပ်သီးဂိုဏ်းတစ်ခုပဲ ငါတောင် အဲဒီကို ရောက်ဖို့ လမ်းကြောင်းကို သေသေချာချာ မသိဘူး"

ဟု ဖြေသည်။

​ရုတ်တရက် လျူပုယွင်၏ မျက်နှာက အံ့သြမှုကြောင့် ပြောင်းလဲသွားသည်။

"မှတ်မိပြီ ဖန့်ချန် ဆိုတဲ့ နာမည်ကို ဘယ်မှာ ကြားဖူးလဲဆိုတာ ငါ မှတ်မိပြီ"

"ဆရာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက မဟာချန်းမှာ နာမည်ကြီးခဲ့တဲ့ ဓားကျင့်ကြံသူ မဟုတ်လား"

တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်။

"တကယ်ပဲ တကယ်ပဲ သူလား"

​လူတိုင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီမြန်းကုန်ကြသည်။

ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးက သူတို့၏

"ဦးလေး"

ဖြစ်နေသည်မှာ အိမ်မက်ကဲ့သို့ပင်။ ရဲ့ချင်ဟဲကတော့

"သူပဲ ဖြစ်နေတာပဲ ငါက တိုက်ဆိုင်မှုလို့ ထင်နေခဲ့တာ"

ဟု တစ်ကိုယ်တည်း ရေရွတ်ကာ ရင်ထဲတွင် လှိုက်မောနေမိသည်။ လျူပုယွင်က ရဲ့ချင်ဟဲ၏ ပခုံးကို ပုတ်ကာ

"ချင်ဟဲ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်ပဲ"

ဟု ကြေညာလိုက်ရာ ရဲ့ချင်ဟဲမှာ ဖန့်ချန်၏ လွှမ်းမိုးမှုကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါပြီ။

သူက မဟာရှမြို့တော်က ထောက်ယွီ အကြောင်းကို တွေးမိရင်း

"သူတော့ ငါ့လောက် ကံမကောင်းလောက်ဘူး"

ဟု ပြုံးလိုက်မိသည်။

​"ဆရာ ရှေ့မှာ လိပ်ကျောကုန်းနဲ့ တူတဲ့ ထူးဆန်းတဲ့ တောင်တန်းကြီးတစ်ခု ရှိတယ်"

ဟု မျောက်က လှမ်းအစီရင်ခံသည်။

ဖန့်ချန်က ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်သောအခါ တကယ်ပင် လိပ်ကျောကုန်းပေါ်က အစင်းကြောင်းများကဲ့သို့ ဖြာထွက်နေသည့် ကြီးမားလှသော တောင်တန်းကြီးကို တွေ့လိုက်ရသည်။

တောင်အလယ်တွင်မူ တိမ်တိုက်များ ဖုံးလွှမ်းနေသော မြင့်မားလှသည့် တောင်ထိပ်တစ်ခု ရှိနေသည်။

​ထိုစဉ်မှာပင် တောင်ပံတစ်ဖက်ကို ၁၀ ကိုက်ခန့်ရှိသည့် ငှက်ကြီးတစ်ကောင် ပျံသန်းလာပြီး လူစကားဖြင့် လှမ်းမေးလိုက်သည်။

"ဒါက ယွီရွှီတောင် ရဲ့ နယ်မြေပဲ မင်းတို့က ဒီအတိုင်း ဖြတ်သွားမှာလား ဒါမှမဟုတ် ဂါရဝပြုဖို့ လာတာလား"

All Chapters