အခန်း (၄၇၇-၄၇၈)
Vol. 48 Ch. 477-478
အခန်း ၄၇၇ - မင်း ငါ့ကို ကိုင်လို့ဝပြီလား
မူကျောက်ဟဲ၏ စကားသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့ကို မည်သူက လာရောက်နောက်ပြောင်ရဲသနည်း။
ဆူညံနေသော ပတ်ဝန်းကျင်မှာလည်း ချက်ချင်း တိတ်ဆိတ်သွားပြီး အားလုံးက စောစောက စကားပြောလိုက်သူကို လိုက်လံရှာဖွေနေကြသည်။
တုန်းဖန်းဟောက်ကျဲမှာ မသိစိတ်ဖြင့် နတ်သမီးထျန်းယင်ကို လှည့်ကြည့်လိုက်သည်။
"ဒီအသံက... တစ်ခုခုတော့ မှားနေပြီ..."
သူမကိုယ်တိုင်လည်း တုန်လှုပ်နေပုံရသည်။ ထိုအသံမှာ အလွန်ရင်းနှီးလွန်းနေသည်။
သို့သော် ထိုသို့ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ ထိုအသံ၏ ပိုင်ရှင်မှာ ယခုအချိန်တွင် ထိုလောက၌ မရှိတော့ပေ။
သူသည် သေချာပေါက် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
ဖန့်ချန်နှင့် အနီးဆုံးတွင် ရှိနေသော လူငယ်မှာမူ အလန့်တကြား အော်ဟောက်လျက် နောက်သို့ ဆုတ်သွားသည်။
"ညီလေး ဒီလိုအချိန်မှာ လာနောက်မနေနဲ့လေ ငါတို့ကိုပါ ဒုက္ခပေးကုန်ဦးမယ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ချန်၏ ပတ်ဝန်းကျင်ရှိ လူများမှာ ဖယ်ရှားပေးလိုက်ကြသဖြင့် သူတစ်ယောက်တည်း ကွက်တိကွက်ကြား ရပ်နေသလို ဖြစ်သွားပြီး လူအုပ်ထဲတွင် ထင်ရှားသွားတော့သည်။
မူကျောက်ဟဲ၏ အကြည့်မှာ ဖန့်ချန်ပေါ်သို့ ကျရောက်သွားပြီး အေးစက်စွာ မေးလိုက်သည်။
"ငါ ခေါ်တာကို မင်းက ပြန်ထူးတာလား"
ဖန့်ချန်က ပြုံးလျက်
"မင်း ငါ့နာမည်ကို ခေါ်လို့ ငါက ပြန်ထူးတာလေ အဲဒါ ဘာမှားလို့လဲ"
မူကျောက်ဟဲ၏ မျက်လုံးများမှာ အေးစက်သွားသည်။
"ငါခေါ်တာက မဟာချန်းက ဖန့်ချန်ကို ခေါ်တာ မင်းက သူနဲ့ ဘာဆိုင်လို့လဲ"
နောက်တစ်စက္ကန့်တွင် လူတိုင်း အံ့သြတုန်လှုပ်သွားရသည်။
တုန်းဖန်းဟောက်ကျဲသည် မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ဖန့်ချန်ရှိရာသို့ ပြေးဝင်လာပြီး သရဲမြင်လိုက်ရသကဲ့သို့ ဖန့်ချန်ကို အပေါ်အောက် သေချာစိုက်ကြည့်နေတော့သည်။
တုန်းဖန်းဟောက်ကျဲ၏ မျက်လုံးများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး မသိစိတ်ဖြင့် ဖန့်ချန်၏ ခန္ဓာကိုယ်ကို လိုက်လံစမ်းသပ်ကြည့်နေမိသည်။
"ဖန့်ချန် မင်း တကယ် မသေဘူးလား ဒါမှမဟုတ် မင်းက အခု သရဲဖြစ်နေတာလား"
နတ်သမီးထျန်းယင်သည်လည်း အနားသို့ တိုးလာပြီး ဖြစ်နိုင်ခြေများကို တွေးတောရင်း ဖန့်ချန်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
သူနှင့် တကယ်တူလှပါလား၊ အရင်ကအတိုင်း တစ်ပုံစံတည်းပဲ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
နတ်သမီးထျန်းယင်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ရိပ်ယောင်သွားသည်။
ဖန့်ချန်သည် သေချာပေါက် ကွယ်လွန်သွားခဲ့ပြီဟု သိထားရာ အဘယ်ကြောင့် ယခုအခါ အသက်ရှင်လျက် သူတို့ရှေ့တွင် ရပ်နေသနည်း။
အရိုးများ ကြေမွသွားသည့် ဒဏ်ရာကြောင့် သတိလစ်လုနီးပါး ဖြစ်နေသော ဖန့်ကျွယ်သည်လည်း အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
တစ်ကိုယ်လုံးကို ရေအေးဖြင့် လောင်းချလိုက်သလိုမျိုး သူ ချက်ချင်းပင် နိုးကြားသွားတော့သည်။
တုန်းဖန်းဟောက်ကျဲ၏ လက်မှာ သူ့ခန္ဓာကိုယ်အောက်ပိုင်းသို့ ထပ်မံ ရောက်ရှိလာတော့မည်ကို မြင်သောအခါ ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး
"မင်း ငါ့ကို ကိုင်လို့ဝပြီလား"
ဟု မေးလိုက်သည်။
တုန်းဖန်းဟောက်ကျဲက ရှက်ပြုံးပြုံးကာ လက်ကို အမြန်ပြန်ရုပ်လိုက်သည်။
"အဲ သူ တကယ်ပဲ အသက်ရှင်နေတာပဲ"
တုန်းဖန်းဟောက်ကျဲက နောက်ပြောင်နေသော်လည်း သူ၏အတွင်းစိတ်မှာမူ နတ်သမီးထျန်းယင်ကဲ့သို့ပင် အလွန်တုန်လှုပ်နေခြင်း ဖြစ်သည်။
တုန်းဖန်းဟောက်ကျဲနှင့် နတ်သမီးထျန်းယင်တို့၏ အမူအရာကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
"သူက တကယ်ပဲ ဖန့်ချန်လား"
ထိုနှစ်ဦးမှာ မဟာချန်းတွင် ရှိခဲ့ဖူးပြီး ထိုစဉ်က ဖြစ်ရပ်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့သူများ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
"တကယ်လို့ သူကသာ ဖန့်ချန် အစစ်ဆိုရင်တော့ ရွှမ်ဂိတ်က ဒီနှစ်ယောက်တော့ ဒုက္ခတွေ့ပြီပဲ"
ဟု တစ်ယောက်က တီးတိုးဆိုသည်။
ကောလာဟလများအရ ဖန့်ချန်သည် ရွှေအမြုတေအဆင့် ပညာရှင်များကို အလွယ်တကူ သတ်နိုင်သူ ဖြစ်သည်။
ယွင်ထျန်းချန်းက ဘယ်လောက်ပဲ သန်မာပါစေ ရွှေအမြုတေအဆင့်ထက်တော့ ပိုမစွမ်းနိုင်တန်ရာ။
ထို့ပြင် ဖန့်ချန်သည် ဝိညာဉ်သွေးဂိုဏ်းမှ ဝိညာဉ်သန္ဓေသားအဆင့်ရှိသော တပ်မှူးတစ်ဦးကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ဟု ဆိုကြသည် မဟုတ်ပါလား။
မူကျောက်ဟဲက မျက်မှောင်ကြုတ်လျက်
"မင်းတို့ ငါတို့ကို လိမ်ဖို့ ကြိုးစားနေတာလား ငါနဲ့ စီနီယာအစ်ကိုယွင်ကို လှည့်စားဖို့အတွက် လူလိမ်တစ်ယောက်ကို ခေါ်လာတာလား"
ဟု ဟိန်းဟောက်လိုက်သည်။
ယွင်ထျန်းချန်းကမူ ဘာမှမပြောဘဲ ဖန့်ချန်ကို စဉ်းစားတွေးတောဟန်ဖြင့် စိုက်ကြည့်နေသည်။
ဖန့်ချန်က နွားချေးတုံးလေးကို တုန်းဖန်းဟောက်ကျဲထံ အပ်လိုက်ပြီး ယွင်ထျန်းချန်းကို ကြည့်ကာ ပြောလိုက်သည်။
"ဖန့်ကျွယ်က မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး မင်းရဲ့ လက်ကို အခု ရုပ်သိမ်းလိုက်ပါ"
ယွင်ထျန်းချန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဖန့်ကျွယ်ကို တစ်ချက်ကြည့်ကာ
"သူက ငါ့မေးခွန်းကို မဖြေရသေးဘူးလေ"
ဟု ပြောလိုက်သည်။
"ဟဲဟဲ ဟားဟားဟား"
ဖန့်ကျွယ်မှာ ဦးစွာ ခပ်တိုးတိုးရယ်လိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်အထိ ရူးသွပ်စွာ အော်ဟစ်ရယ်မောတော့သည်။
မိမိအသက်မှာ သူတစ်ပါးလက်ထဲတွင် ရှိနေပါလျက် ထိုမျှ အားရပါးရ ရယ်မောနိုင်ခြင်းအပေါ် အားလုံးက အံ့သြသွားကြသည်။
"မင်း ဘာကို ရယ်တာလဲ"
ယွင်ထျန်းချန်းက တည်ငြိမ်စွာ မေးသည်။
ဖန့်ကျွယ်၏ ရယ်သံမှာ တဖြည်းဖြည်း တိတ်သွားပြီး ယွင်ထျန်းချန်းကို ကြည့်ကာ
"ငါ မင်းကို ရယ်တာလေ မင်းက သေမင်းနဲ့ မျက်နှာချင်းဆိုင်နေရတာကိုတောင် မသိသေးဘူး မဟုတ်လား"
"စီနီယာအစ်ကိုယွင် သူ့ကို သတ်လိုက်ပါ ဒီလူတွေက ငါတို့ကို လိမ်ချင်နေမှတော့ သူတို့နဲ့အတူ ဆော့ပေးလိုက်ကြတာပေါ့"
ဟု မူကျောက်ဟဲက ဒေါသတကြီး အော်ပြောလိုက်သည်။
ထို့နောက် သူသည် ဖန့်ချန်ရှိရာသို့ ပြေးဝင်သွားပြီး မီးလုံးများ၊ ရေခဲမြှားများနှင့် ပျံသန်းဓားများကို ရူးသွပ်သူတစ်ဦးကဲ့သို့ တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်တော့သည်။
လူအုပ်ကြီးမှာ မူကျောက်ဟဲ၏ ရူးသွပ်မှုကို မြင်သောအခါ အံ့သြသွားကြသည်။
"ပုံရိပ်ယောင်အတတ် "
ထိုမြင်ကွင်းမှာ စောစောက ဖန့်ကျွယ်နှင့် ဖြစ်ခဲ့စဉ်ကအတိုင်းပင်။
ဖန့်ကျွယ် ပြောခဲ့ဖူးသော သူ့ရဲ့ ပုံရိပ်ယောင်အတတ်တွေကို ဖန့်ချန်ဆီက သင်ခဲ့တာ ဆိုသည့် စကားကို လူအုပ်ကြီး ပြန်လည်သတိရသွားပြီး ဤလူမှာ တကယ်ပဲ ဖန့်ချန် ဖြစ်လိမ့်မည်ဟု စတင်ယုံကြည်လာကြတော့သည်။
ဖန့်ချန်သည် မူကျောက်ဟဲ၏ နောက်သို့ အေးဆေးစွာ လျှောက်သွားလိုက်ပြီး ဓားငယ်လေးကို မူကျောက်ဟဲ၏ လည်ပင်းတွင် ကပ်လျက် ယွင်ထျန်းချန်းကို ကြည့်လိုက်သည်။
"မင်း ဖန့်ကျွယ်ကို သတ်ရင် ငါ သူ့ကို သတ်မယ်"
ယွင်ထျန်းချန်းက မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေပြီးမှ ရုတ်တရက် နောက်သို့ ဆုတ်လိုက်သည်။
ရွှေရောင်ဘီလူးကြီးမှာ ပျောက်ကွယ်သွားပြီး ဖန့်ကျွယ်မှာလည်း လွတ်မြောက်သွားတော့သည်။
နတ်သမီးထျန်းယင်က ချက်ချင်းပင် လေထဲသို့ ပျံတက်ကာ ပြုတ်ကျလာသော ဖန့်ကျွယ်ကို ဖမ်းယူလိုက်သည်။
"ငါ မမှားဘူးဆိုရင် မင်း အခုလေးတင် အမြင်မှားအဆောင် ကို သုံးလိုက်တာ မဟုတ်လား"
ယွင်ထျန်းချန်းက တည်ငြိမ်စွာ ပြောသည်။
"ငါ ဖန့်ကျွယ်ကို လွှတ်ပေးလိုက်ပြီ၊ မင်းလည်း မင်းရဲ့ ဓားကို သိမ်းလိုက်ပါတော့"
ဖန့်ချန်က ပြုံးလျက် ဓားကို အိမ်ထဲ ပြန်ထည့်လိုက်ပြီး ပုံရိပ်ယောင်ကို ဖျက်လိုက်သည်။
မူကျောက်ဟဲမှာ မျက်လုံးများ ပြာဝေသွားပြီးမှ သတိပြန်ဝင်လာကာ သူ၏မျက်နှာမှာ ဖြူလျော့သွားတော့သည်။
ပုံရိပ်ယောင်ထဲ ထပ်ကျသွားပြန်ပြီ
"တောက်"
မူကျောက်ဟဲသည် ဖန့်ချန်ကို ဒေါသတကြီး လိုက်ရှာနေသော်လည်း ဖန့်ချန်မှာ သူ့နောက်တည့်တည့်တွင် ရပ်နေသည်ကို သူ မသိရှာပေ။
ယွင်ထျန်းချန်း၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားသည်။
"ညီလေးမူ ရွှမ်ဂိတ်ရဲ့ အမွေခံတပည့်ဆိုတဲ့ ဂုဏ်ကို အရှက်မခွဲစမ်းနဲ့ ဘေးဖယ်နေတော့"
မူကျောက်ဟဲ ခေါင်းငုံ့ကာ ဘေးကို ဖယ်ပေးလိုက်ရသည်။
သူသည် ဖန့်ချန်ကို မြင်လိုက်ရသည့်အခါမှသာ ပုံရိပ်ယောင်ထဲ ကျနေစဉ်အတွင်း ဖန့်ချန်က သူ့အသက်ကို အချိန်မရွေး ယူနိုင်ခဲ့ကြောင်း သိသွားပြီး လွန်စွာ ထိတ်လန့်သွားတော့သည်။
ယွင်ထျန်းချန်းက ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းက တကယ်ပဲ မဟာချန်းက နာမည်ကြီး ဓားကျင့်ကြံသူ ဖန့်ချန်လား"
ဖန့်ချန်က ခပ်သာသာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပုံရပါတယ်"
ဖန့်ချန်၏ ဝန်ခံချက်ကြောင့် တစ်ပတ်ဝန်းကျင်လုံး ဟိုးလေးတကျော် ဖြစ်သွားပြီး ကျင့်ကြံသူများအားလုံး တုန်လှုပ်ကုန်ကြသည်။
ထိုဓားကျင့်ကြံသူမှာ အသက်ပြန်ရှင်လာတာလား
ဒါမှမဟုတ် မသေခဲ့တာလား အားလုံးက ကောလာဟလတွေပဲလား
ယွင်ထျန်းချန်းက ရုတ်တရက် ရယ်မောလိုက်ပြီး
"အရာအားလုံးက လိမ်ညာမှုတွေပဲ ဖြစ်မှာပါ ညီလေးမူ ပြောတာ မမှားဘူး အားလုံးက ကောလာဟလတွေပဲ ဖြန့်နေကြတာ"
"တကယ်လို့ ကောလာဟလတွေသာ အမှန်ဆိုရင် မင်း ဒီမှာ အသက်ရှင်လျက် ရပ်နေနိုင်မှာ မဟုတ်ဘူး"
မူကျောက်ဟဲက ချက်ချင်းပင် ဝင်ပြောလိုက်သည်။
"အားလုံး မြင်ကြတဲ့အတိုင်းပဲ ဒါ သူတို့ပြောနေတဲ့ အနစ်နာခံသွားတယ်ဆိုတဲ့ ဖန့်ချန်ပဲ သူ့ကိုကြည့်ဦးသေသွားတဲ့လူနဲ့ တူသလား"
လူအုပ်ကြီးမှာ စတင်တွေဝေလာကြသည်။
"ဟုတ်တယ် ချီသန့်စင်ခြင်းအဆင့်က ဝိညာဉ်သန္ဓေသားအဆင့်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတာကတော့ တကယ်ပဲ မဖြစ်နိုင်ဘူး"
ယွင်ထျန်းချန်းက သာသာယာယာ ပြုံးလိုက်သည်။
"ဒါပေမဲ့လည်း ဒဏ္ဍာရီလာ မဟာချန်းရဲ့ ဓားကျင့်ကြံသူနဲ့ ဆုံရတာ ကံကောင်းတာပဲ ငါတို့ အပျော်တမ်း လက်ရည်စမ်းကြရင်ရော ဘယ်လိုလဲ"
သူ ပြောနေစဉ်မှာပင် သူ၏ အပြာရင့်ရောင် မျက်လုံးများမှ ထူးဆန်းသော အလင်းတန်းများ ဖြာထွက်လာသည်။
သူ၏ တောက်ပသော နတ်ဘုရားမျက်လုံး ရှေ့တွင် ဓားကျင့်ကြံသူများကို သူ လုံးဝ မကြောက်ပေ။
သူ၏ အမွေအနှစ်မှာ ဓားကျင့်ကြံသူများထက်ပင် ပိုမိုရှားပါးပြီး အဖိုးတန်လှသည် မဟုတ်ပါလား။
အခန်း ၄၇၈ - ပါးစပ်သရမ်းရင် အထုခံရမယ်
တုန်းဖန်းဟောက်ကျဲက နတ်သမီးထျန်းယင်ကို ကြည့်ကာ ထူးဆန်းတဲ့ မျက်နှာပေးနဲ့ မေးလိုက်ပါတယ်။
"ဒီကောင်က ဖန့်ချန်ကို လက်ရည်စမ်းဖို့ စိန်ခေါ်နေတာလား"
"ငါတို့ ဖန့်ချန်ကို လှမ်းပြောသင့်လား သူ့ကို နည်းနည်းလောက် လျှော့ပေးဖို့လေ ရွှမ်ဂိတ် က အဲဒီလူကြီးတွေက စိတ်ကြီးကြတယ်"
လို့ နတ်သမီးထျန်းယင်က ဝိညာဉ်အာရုံနဲ့ လှမ်းပြောပါတယ်။
"လျှော့ပေးရမယ် ထားလိုက်စမ်းပါ စောစောက သူတို့လည်း ဖန့်ကျွယ်ကို ညှာဖို့ စိတ်ကူးမရှိပါဘူး ဖန့်ကျွယ်ကိုပဲ ကြည့်ဦး"
လို့ တုန်းဖန်းဟောက်ကျဲက ပြန်ဖြေလိုက်ပါတယ်။
နတ်သမီးထျန်းယင်က သူ့ကို ဆူပူဖို့ လုပ်လိုက်ပေမဲ့ ဖန့်ကျွယ်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူမရဲ့ စိတ်က ပျော့ပြောင်းသွားပါတယ်။
ဖန့်ကျွယ်ဟာ ဒဏ်ရာတွေကြောင့် အားနည်းနေပေမဲ့ ဖန့်ချန်ကို ကြည့်ပြီး ပြုံးနေတာကို မြင်လိုက်ရလို့ပါ။
"ဖန့်ကျွယ် မင်းရဲ့ ဒဏ်ရာတွေက"
"ဘာမှမဖြစ်ပါဘူး အပေါ်ယံ ဒဏ်ရာတွေပါပဲအားလုံး မြင်ကြတယ်မလား သူက တကယ်ပဲ ဖန့်ချန်ပဲ မဟုတ်လား ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးနော်... အား..."
ဖန့်ကျွယ်က စကားပြောရင်း လှုပ်ရှားလိုက်လို့ ဒဏ်ရာက နာကျင်သွားပြီး ညည်းတွားလိုက်ရပါတယ်။
"ဘာလဲ အခုမှ ကြောက်သွားတာလား မင်းက တကယ်ပဲ ဝိညာဉ်သန္ဓေသားအဆင့်ကို သတ်နိုင်တဲ့ ဖန့်ချန်ဆိုရင် ကျုပ်ရဲ့ စီနီယာအစ်ကိုကို ကြောက်မနေသင့်ဘူးလေ"
လို့ မူကျောက်ဟဲက လှောင်ပြောင်လိုက်ပါတယ်။
ဖန့်ချန်က မူကျောက်ဟဲကို လျစ်လျူရှုထားပြီး ယွင်ထျန်းချန်းကို ပြုံးပြီး ကြည့်လိုက်ပါတယ်။
"ဒါက အသေအကျေ တိုက်ပွဲလား"
"အသေအကျေလား မဟုတ်လားဆိုတာကတော့"
ယွင်ထျန်းချန်းက အကျင့်ပါနေတဲ့အတိုင်း ပြောဖို့ လုပ်လိုက်ပေမဲ့ တစ်ခုခုကို သတိရသွားပြီး ချက်ချင်း ပြောင်းပြောလိုက်ပါတယ်။
"ငါတို့ကြားမှာ ရန်ငြိုးမှ မရှိတာ ဘာလို့ အသေအကျေ တိုက်မှာလဲ လက်ရည်စမ်းရုံပါပဲ"
ကောလာဟလတွေက အမှားဖြစ်နိုင်ပေမဲ့ သူ့ရှေ့ကလူက ဓားကျင့်ကြံသူ ဖြစ်နေနိုင်သေးတာမို့ ဓားကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့က ပေးဆပ်ရမယ့် တန်ဖိုး အရမ်းကြီးလွန်းပါတယ်။
"ကောင်းပြီလေ ဒါဆို လက်ရည်စမ်းကြတာပေါ့"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။
နှစ်ယောက်သား အကြည့်ချင်း ဆုံလိုက်ပြီးတဲ့နောက် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပါတယ်။
ယွင်ထျန်းချန်းက သူ့ရဲ့ အရင်နည်းလမ်းအတိုင်းပဲ ဖန့်ချန်ရဲ့ နောက်မှာ ဧရာမ ရွှေရောင်ဘီလူးကြီးကို ဆင့်ခေါ်ပြီး လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ်။
ဖန့်ချန်က သူ့ရဲ့ဓားကို အေးဆေးစွာ ဝှေ့ယမ်းလိုက်ရုံနဲ့ အဲဒီဘီလူးကြီးဟာ ပြာအဖြစ် ပြောင်းလဲသွားပါတယ်။
အဲဒီနောက် ဖန့်ချန်ရဲ့ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ယွင်ထျန်းချန်းရဲ့ ရှေ့တည့်တည့်မှာ ပေါ်လာပါတယ်။
ဖန့်ချန်က လက်ကောက်ဝတ်ကို ခပ်ဖွဖွလေး လှုပ်လိုက်ပြီး သူ့ရဲ့ဓားပြားနဲ့ ယွင်ထျန်းချန်းရဲ့ ပါးစပ်ကို ရိုက်ထည့်လိုက်ပါတယ်။
ယွင်ထျန်းချန်းဟာ ခေါင်းတစ်ခုလုံး မူးနောက်သွားပြီး သတိပြန်ဝင်လာတဲ့အခါမှာတော့ ပါးစပ်ထဲကနေ ကျိုးသွားတဲ့ သွားတွေကို ထွေးထုတ်လိုက်ရပါတယ်။
ဘေးက ကြည့်နေသူတွေဟာ ကြောင်အမ်းသွားကြပြီး သူတို့ကိုယ်သူတို့ ပုံရိပ်ယောင်ထဲ ရောက်နေတာလားလို့တောင် ထင်မှတ်သွားကြပါတယ်။
ယွင်ထျန်းချန်းလို လူမျိုးက မျက်စိတစ်မှိတ်အတွင်းမှာ ဒီလို အခြေအနေဖြစ်သွားရတာကို သူတို့ မယုံနိုင်ကြပါဘူး။
ယွင်ထျန်းချန်းရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ပေါ်လာပြီး
"မင်း..."
ဖန့်ချန်က ထပ်ပြီး ပျောက်ကွယ်သွားပြန်ပါတယ်။
ယွင်ထျန်းချန်း သတိမပြုမိခင်မှာပဲ သူ့ပါးစပ်က ထပ်ပြီး ပြင်းပြင်းထန်ထန် နာကျင်သွားပြန်ပါတယ်။
ဖန့်ချန်က သူ့ဘေးမှာ ပေါ်လာပြီး သူ့ပါးစပ်ကို ဓားနဲ့ ထပ်ထုလိုက်တာပါ။
မူကျောက်ဟဲလည်း ပါးစပ်အဟောင်းသားနဲ့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။
ဒါက ရွှမ်ဟွမ်နန်းတော်၊ ရွှမ်ဂိတ်ရဲ့ အမွေခံတပည့် ယွင်ထျန်းချန်း တကယ်ပဲလား
ဖန့်ချန်က အဝေးကို ပြန်ဆုတ်သွားပြီး ပြုံးလိုက်ပါတယ်။
"ကျုပ်ကို အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"သူကတော့ အရင်အတိုင်း ဖမ်းရခက်တုန်းပဲ"
လို့ တုန်းဖန်းဟောက်ကျဲက အံ့သြစွာ ရေရွတ်ပါတယ်။
ဟိုတုန်းက ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တွေတောင် ဖန့်ချန်ရဲ့ လှုပ်ရှားမှုကို မမြင်နိုင်ခဲ့တာ မဟုတ်လား။
ယွင်ထျန်းချန်း သတိပြန်ဝင်လာတဲ့အခါမှာတော့ သူ့ရဲ့ ရုပ်ရည်က တကယ့်ကို ကြည့်မကောင်းတော့ပါဘူး။
ပါးစပ်တစ်ဝိုက်က ရောင်ကိုင်းနေပြီး ဘဲတစ်ကောင်နဲ့တောင် တူနေပါတယ်။
ယွင်ထျန်းချန်းက သူ့ပါးစပ်ကို အုပ်ထားပြီး ဝိညာဉ်စွမ်းအင် အကာအကွယ်အထူကြီးကို ဖန်တီးလိုက်ပါတယ်။
"မင်းကို အလျှော့ပေးတယ် ဟုတ်လား"
ဖန့်ချန် စကားမပြောရသေးခင်မှာပဲ ရေကန်ထဲကနေ ပေရာချီမြင့်တဲ့ ရွှေရောင်ဘီလူးကြီး လေးကောင် တပြိုင်နက်တည်း ထရပ်လာပါတယ်။
ဒါဟာ ယွင်ထျန်းချန်းရဲ့ တကယ့် စွမ်းအားအစစ်ပါပဲ။
"ယွင်ထျန်းချန်းက စောစောက အကာအကွယ် မလုပ်ထားလို့ အလစ်အငိုက် မိသွားတာ အခု သူက အတည်အပေါက် လုပ်နေပြီဆိုတော့ ဖန့်ချန် သူ့နားကို ကပ်နိုင်ပါဦးမလား"
လို့ လူအုပ်ထဲက တီးတိုးပြောကြပါတယ်။
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး
"ဆက်လုပ်ချင်သေးတာလား ကောင်းပြီလေ"
ဖန့်ချန်က သူ့ဓားကို ခပ်သာသာလေး ဝှေ့ယမ်းလိုက်တာနဲ့ အဲဒီရွှေရောင်ဘီလူး လေးကောင်စလုံးဟာ တို့ဟူးကို လှီးလိုက်သလို အလွယ်တကူ ပြတ်တောက်သွားပြီး ယွင်ထျန်းချန်းရဲ့ အကာအကွယ်ပါ ပွင့်ထွက်သွားပါတယ်။
"ဒုန်း"
ဓားက ယွင်ထျန်းချန်းရဲ့ ပါးစပ်ကို တတိယအကြိမ် ထပ်မှန်သွားပြီး သူဟာ လေထဲမှာ ဝဲကပ်သွားကာ ရေကန်ထဲကို တန်းတန်းမတ်မတ် ပြုတ်ကျသွားပါတော့တယ်။
ရေကန်ထဲကနေ ရေပူဖောင်းလေးတွေ တက်လာပြီး ခဏအကြာမှာတော့ ရေပြင်က ပြန်လည် တိတ်ဆိတ်သွားပါတယ်။
ဖန့်ချန်က မူကျောက်ဟဲကို လှည့်ကြည့်ပြီး ပြုံးလိုက်ပါတယ်။
"မင်းရဲ့ စီနီယာအစ်ကိုနဲ့ကတော့ ပြီးပြီ အခု မင်းအလှည့်ပဲ"
မူကျောက်ဟဲရဲ့ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး
"ငါ ငါ ဘယ်တုန်းက မင်းနဲ့ တိုက်မယ်လို့ သဘောတူလို့လဲ"
"မင်း သဘောတူညီချက်ကို ငါက ဘာလို့ လိုရမှာလဲ"
ဖန့်ချန်က ရယ်မောရင်း ပျောက်ကွယ်သွားပါတယ်။
"ဒုန်း ဒုန်း ဒုန်း"
မူကျောက်ဟဲရဲ့ ပါးစပ်ကို ဓားနဲ့ သုံးကြိမ်ဆင့် ထုလိုက်ရာ သွားတွေ အကုန်ကျိုးကုန်ပြီး သူလည်း ယွင်ထျန်းချန်းနောက်ကို လိုက်ကာ ရေကန်ထဲ ပြုတ်ကျသွားပါတော့တယ်။
ရွှမ်ဂိတ်ရဲ့ အမွေခံတပည့် နှစ်ယောက်စလုံး ရှုံးနိမ့်သွားပါပြီ။
လူအုပ်ကြီးကတော့ ဘာအသံမှ မထွက်ရဲဘဲ ဖန့်ချန်တို့ ထွက်ခွာသွားတာကို ကြည့်နေကြပါတယ်။
"ဒီဓားကျင့်ကြံသူက ဒီလူနှစ်ယောက်ကို ကလေးကစားသလို ကစားသွားတာပဲ"
လို့ လူတစ်ယောက်က အံ့သြစွာ ပြောပါတယ်။
ခဏအကြာမှာတော့ မူကျောက်ဟဲက ယွင်ထျန်းချန်းကို ပွေ့ချီပြီး ရေထဲက တက်လာကာ အရှက်တကွဲနဲ့ ထွက်ပြေးသွားကြပါတယ်။
သူတို့နှစ်ယောက်စလုံး ပါးစပ်တွေ ရောင်နေတာက ဘဲတွေနဲ့တောင် တူနေပါသေးတယ်။
"ဘာလို့ အဲဒီဓားကျင့်ကြံသူက သူတို့ပါးစပ်ကိုပဲ ရွေးထုတာလဲ"
လို့ တစ်ယောက်က မေးပါတယ်။
"သူက သူတို့ကို သတိပေးနေတာနေမှာပေါ့ ပါးစပ်သရမ်းရင် ဒုက္ခရောက်တတ်တယ်လို့လေ"
လို့ နောက်တစ်ယောက်က ခပ်တိုးတိုး ဖြေလိုက်ပါတယ်။
ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းကို သွားရာလမ်းမှာ တုန်းဖန်းဟောက်ကျဲက ဖန့်ချန် ဘယ်လို အသက်ပြန်ရှင်လာလဲဆိုတာကို တစပ်စပ် မေးနေပါတယ်။
ဖန့်ချန်က စိတ်ရှုပ်တာနဲ့
"ငါ့ရဲ့ ကုသိုလ်ကံ တွေကြောင့်"
လို့ပဲ လွှဲပြောလိုက်ပါတယ်။
"ကုသိုလ်ကံ ဒါကြောင့်လည်း ငါ့ကျင့်ကြံခြင်းက ဒီနှစ်ပိုင်းတွေမှာ မြန်နေတာနေမှာ ငါလည်း မသိမသာ ကုသိုလ်တွေ ရနေပုံပဲ"
လို့ တုန်းဖန်းဟောက်ကျဲက သူ့ဘာသာ ရေရွတ်နေပါတယ်။
နတ်သမီးထျန်းယင်ကတော့ တိတ်ဆိတ်စွာ စဉ်းစားနေပါတယ်။
ကုသိုလ်ကံဆိုတဲ့ စွမ်းအားက လူတစ်ယောက်ကို အသက်ပြန်ရှင်စေနိုင်လောက်အောင် တကယ်ပဲ အံ့သြဖို့ ကောင်းတာလား