← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

​​အခန်း ၄၇၉ -ဝိညာဉ်သုတ်သင်ရေးဌာန၏ အဖွဲ့ဝင်တစ်ဦး

​ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းသို့ ချဉ်းကပ်လာစဉ် တုန်းဖန်းဟောက်ကျဲက နွားချေးတုံးလေး ရှိနေသည်ကို ရုတ်တရက် သတိရသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဖန့်ချန် ဒီကလေးက ဘယ်သူလဲ မင်းရဲ့ သားလား"

​နတ်သမီးထျန်းယင်ကလည်း စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေသည်။

ဖန့်ကျွယ်ကမူ နွားချေးတုံးလေး၏ ရုပ်ရည်ကို အသေအချာ အကဲခတ်သော်လည်း ဖန့်ချန်နှင့် ဆင်တူသည်ကို မတွေ့ရပေ။

​ဖန့်ချန်က ပြုံးလျက်

"သူက ငါ လက်ခံထားတဲ့ တပည့်လေးပါ"

ဟု ဖြေလိုက်သည်။

​သုံးယောက်စလုံး အံ့အားသင့်သွားကြပြီး တုန်းဖန်းဟောက်ကျဲက သက်ပြင်းချလိုက်သည်။

"မင်းလိုလူက တန်ဖိုးထားတယ်ဆိုတော့ သူ့ရဲ့ အရည်အချင်းက ထူးချွန်မှာ သေချာတယ်"

​"သူ့မှာ ခေါင်းလောင်းလေးချက်တီး အရည်အချင်းပဲ ရှိတယ်"

ဟု ဖန့်ချန်က ပြန်ပြောသည်။

​"ငါ သိသားပဲ...ဟမ်"

တုန်းဖန်းဟောက်ကျဲမှာ ဆွံ့အသွားပြီး နွားချေးတုံးလေးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

'ငါ ကြားတာ မှားနေတာလား လေးချက်တီး အရည်အချင်း ဟုတ်လား'

​ဖန့်ကျွယ်လည်း ထူးဆန်းနေသည်။

ထိုကဲ့သို့သော အရည်အချင်းမျိုးမှာ မဟာချန်းအင်ပါယာမှာပင် ပျမ်းမျှအဆင့်အောက်၌ ရှိသည်။

ဖန့်မိသားစုမှာပင် အနိမ့်ဆုံး ငါးချက်တီး ရှိမှသာ မိသားစုအမွေအနှစ်ကို ကျင့်ကြံခွင့်ရခြင်း ဖြစ်သည်။

ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းတွင်မူ အနိမ့်ဆုံး ခုနစ်ဆင့်တီးရှိမှ ဝင်ခွင့်ရခြင်း ဖြစ်သည်။

​နွားချေးတုံးလေး၏ မျက်လုံးများထဲတွင် မိမိကိုယ်ကို အားငယ်သည့်အရိပ်အယောင်များ ပေါ်လာပြီး ဖန့်ချန်၏ လက်ကို တင်းတင်းဆုပ်ထားမိသည်။

​ဖန့်ချန်က ထိုအမူအရာကို သတိပြုမိကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာလို့ ဒီလိုမျက်နှာပေးတွေ ဖြစ်ကုန်တာလဲ လေးချက်တီးအောက်ရှိတဲ့လူတွေက ထာဝရရှင်သန်ခြင်းကို မကျင့်ကြံနိုင်ဘူးလို့ ဘယ်သူပြောလဲ"

" ကျင့်ကြံခြင်းဆိုတာ အခွင့်အရေးပေါ်မှာ မူတည်တယ် နွားချေးတုံးလေး ငါနဲ့ ဆုံတာက သူ့ရဲ့ အခွင့်အရေးပဲ"

​ထို့နောက် ဖန့်ချန်က နွားချေးတုံးလေးကို ကြည့်ကာ

"နောင်မှာ ကြိုးစားပါ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်အောင် အားထုတ်စမ်း"

" တကယ်လို့ အခြေခံမတည်ဆောက်နိုင်ရင်လည်း ဘာမှမဖြစ်ဘူး ချီသန့်စင်ခြင်းအဆင့်နဲ့တင် လုပ်နိုင်တာတွေ အများကြီး ရှိတယ်"

​တုန်းဖန်းဟောက်ကျဲ၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။

"ဖန့်ချန် မင်းက မင်းတပည့်ကို အခြေခံတည်ဆောက်ခြင်းအဆင့်လောက်ပဲ မျှော်လင့်တာလား"

​ဖန့်ချန်က အေးဆေးစွာ ပြုံးလျက်

"ကျင့်ကြံသူတိုင်း ဂိုဏ်းချုပ်ကြီးတွေ ဖြစ်ရမယ်လို့ ဘယ်သူမှ မပြောထားဘူး မဟုတ်လား မိမိရဲ့ မူလရည်မှန်းချက်ကို မမေ့ရင် လုံလောက်ပါပြီ"

"နွားချေးတုံးလေးရဲ့ ရည်မှန်းချက်က သူ့အမေကို ရှာဖို့ပဲ၊ အဲဒီအတွက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံခြင်း ရှိရင်တင် လုံလောက်တယ်"

​သူတို့သုံးယောက်မှာ ဖန့်ချန်၏ စိတ်ထားကျယ်ပြန့်မှုကို အံ့သြသွားကြပြီး သူတို့၏ ယခင်အတွေးအခေါ်များ ပျက်စီးသွားသလို ခံစားလိုက်ရသည်။

"ကျင့်ကြံခြင်းမှာ မူလရည်မှန်းချက်ကို မမေ့ဖို့"

နတ်သမီးထျန်းယင်က တွေးတောစွာဖြင့် ရေရွတ်နေသည်။

​ထိုစဉ် အဘွားအိုတစ်ဦး သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

တုန်းဖန်းဟောက်ကျဲတို့က ချက်ချင်း အရိုအသေပေးလိုက်ကြသည်။

"အကြီးအကဲယန်ကို ဂါရဝပြုပါတယ်"

​"ဖန့်ချန် ဒါက ငါတို့ စာပေသင်တန်းက အကြီးအကဲယန်ပဲ သူမက အရှင်ဝေဟင်ပြေး ရဲ့ တိုက်ရိုက်တပည့်ပဲ"

ဟု တုန်းဖန်းဟောက်ကျဲက ဝိညာဉ်အာရုံဖြင့် လှမ်းပြောသည်။

​အသက် ၇၀-၈၀ ခန့်ရှိသော အကြီးအကဲယန်က ဖန့်ချန်ကို စိုက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

"မင်းရဲ့ အရှိန်အဝါက ဖန့်ထင်ယွမ်နဲ့ တကယ်တူတာပဲ"

​"စီနီယာက ကျုပ်ရဲ့ ဘိုးဘေးကို သိတာလား"

ဖန့်ချန်က မေးသည်။

​"သူနဲ့ အကြိမ်အနည်းငယ် ဆုံဖူးတယ် သူ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာ နှမြောဖို့ကောင်းတယ်၊ မဟုတ်ရင် သူ အခုဆို ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ဖြစ်နေလောက်ပြီ"

အကြီးအကဲယန်က ဆိုသည်။

"ဆရာက မင်းကို ခေါ်လာဖို့ အမိန့်ရှိထားတယ် ငါ့နောက်ကို လိုက်ခဲ့ပါ"

​ဖန့်ချန်က ခေါင်းညိတ်ကာ နွားချေးတုံးလေးကို သူငယ်ချင်း သုံးယောက်ထံ အပ်နှံခဲ့ပြီး အကြီးအကဲယန် နောက်သို့ လိုက်ပါသွားသည်။

စာပေသင်တန်း၏ အတွင်းဘက်ရှိ အရှင်ဝေဟင်ပြေး၏ ဂူနန်းသို့ ရောက်သောအခါ

"သူ့ကို တစ်ယောက်တည်း ဝင်ခိုင်းလိုက်ပါ"

ဟူသော အသံ ထွက်ပေါ်လာသည်။

​အတွင်းသို့ ဝင်သွားသောအခါ ဖန့်ချန်သည် ဆေးဘက်ဝင် အပင်များကို ရေလောင်းနေသော အရှင်ဝေဟင်ပြေး ကို တွေ့လိုက်ရသည်။

သူသည် အနှောင့်အယှက်မပေးဘဲ သူမ ပြီးဆုံးသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

​ခဏအကြာတွင် အရှင်ဝေဟင်ပြေး က ရေကရားကို ချလိုက်ပြီး ဖန့်ချန်ဘက် လှည့်ကာ ပြုံးလိုက်သည်။

"မိတ်ဆွေဖန့် မင်း အသက်ရှင်နေတုန်းဆိုတာ တကယ်ပဲ အံ့သြစရာပါပဲ"

​"ကျုပ်လည်း အံ့သြမိပါတယ်"

ဖန့်ချန်က ပြုံးလျက် ပြန်ဖြေသည်။

​"မင်းရဲ့ ကံကြမ္မာက မင်းဘိုးဘေးထက် ပိုပြီး နက်ရှိုင်းပုံရတယ် ဒါနဲ့ မင်း ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းကို ရောက်လာတာ ဖန့်ကျွယ်တို့နဲ့ တွေ့ဖို့ သက်သက်တော့ မဟုတ်ဘူး မဟုတ်လား"

​ဖန့်ချန်က လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

"ကျုပ် ဝိညာဉ်သုတ်သင်ရေးဌာန အကြောင်း သိချင်လို့ပါ"

​အရှင်ဝေဟင်ပြေး က ဖန့်ချန်ကို ခဏမျှ ကြည့်ပြီးနောက် ခေါင်းညိတ်ကာ ဧည့်ခန်းသို့ ခေါ်သွားသည်။

သူမက လက်ဖက်ရည်ကို ကိုယ်တိုင်နှပ်ရင်း

"လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မဟာချန်းမှာ ဝိညာဉ်သွေးဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုကို မင်းက တုန်းဖန်းဟောက်ကျဲကို သတိပေးခဲ့တာလေ ငါ သိချင်တာက မင်း အဲဒီအချက်အလက်ကို ဘယ်က ရခဲ့တာလဲ"

​"ခွင့်လွှတ်ပါ စီနီယာ အဲဒီအကြောင်းကိုတော့ ကျုပ် မပြောနိုင်ပါဘူး"

ဟု ဖန့်ချန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

​"ငါက ဝိညာဉ်သွေးဂိုဏ်းကလူ ဖြစ်နေမှာကို စိုးရိမ်လို့လား"

ဟု သူမက ပြုံးစစဖြင့် မေးရာ ဖန့်ချန်က ဘာမှမပြောဘဲ ပြုံး၍သာ တုံ့ပြန်သည်။

​ခဏအကြာတွင် အရှင်ဝေဟင်ပြေးက

"ကောင်းပြီလေ အဲဒါကို ငါ မမေးတော့ဘူး မင်းဝိညာဉ်သုတ်သင်ရေးဌာန ထဲကို ဝင်ချင်တာလား"

ဟု မေးသည်။

​"ဖြစ်နိုင်ရင်ပေါ့"

ဖန့်ချန်က ခေါင်းညိတ်သည်။

"ကျုပ်ရဲ့ ရည်မှန်းချက်က သူတို့နဲ့ တူတယ် ကျုပ်တစ်ယောက်တည်း စွမ်းအားနဲ့တော့ ဝိညာဉ်သွေးဂိုဏ်းက ကောင်တွေကို အများကြီး မသတ်နိုင်ဘူး စိတ်တူကိုယ်တူတွေနဲ့ ပူးပေါင်းရင် ရလဒ်ကောင်းမယ်လို့ ယုံကြည်တယ်"

​အရှင်ဝေဟင်ပြေး က ဖန့်ချန်ထံသို့ အနက်ရောင် လက်စွပ် တစ်ကွင်းကို လှမ်းပေးလိုက်သည်။

​"ဒီလက်စွပ်ကို မင်းရဲ့ သွေးအဆီနှစ်နဲ့ သန့်စင်လိုက်ရင် မင်းဟာ ဝိညာဉ်သုတ်သင်ရေးဌာန ရဲ့ အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်"

"ဒီဌာနစုမှာ အဆင့်အတန်း ခွဲခြားတာ မရှိဘူးပူးပေါင်းဆောင်ရွက်ဖို့ပဲ ရှိတယ် ငါက မင်းကို အမိန့်ပေးလို့ မရသလို မင်းလည်း ငါ့ကို အမိန့်ပေးလို့ မရဘူး"

" ဒီလက်စွပ်က အဖွဲ့ဝင်အမှတ်အသား ဖြစ်သလို မိုင်ထောင်ချီအတွင်းမှာ ရှိတဲ့ တခြားအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်နိုင်တဲ့ ကိရိယာလည်း ဖြစ်တယ်"

​"တကယ်လို့ တစ်ယောက်ယောက် အကူအညီလိုရင် အနားက အဖွဲ့ဝင်တွေဆီ သတင်းပို့လိမ့်မယ် ဒါပေမဲ့ ကူညီမလား မကူညီဘူးလားဆိုတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပဲ"

"ဘာလို့လဲဆိုတော့ အကူအညီတောင်းနေတဲ့လူက အဖွဲ့ဝင် အစစ်လား ဝိညာဉ်သွေးဂိုဏ်းက လူလားဆိုတာ ဘယ်သူမှ အာမမခံနိုင်လို့ပဲ"

​ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။

"အဆင့်အတန်း ခွဲခြားမှု မရှိဘဲနဲ့ ဒီလောက်ကြီးမားတဲ့ အဖွဲ့အစည်းက ဘယ်လို အလုပ်လုပ်သလဲဝိညာဉ်သွေးဂိုဏ်းနဲ့ ရင်ဆိုင်ရရင် အဆုံးအရှုံးတွေ ရှိနိုင်တယ်လေ"

​စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးသူပီပီ အမိန့်ပေးစနစ်၏ အရေးကြီးပုံကို သူ နားလည်သည်။

​"အားနည်းချက်တွေ ရှိပေမဲ့လည်း ပြဿနာအများကြီးကို တားဆီးပေးနိုင်တယ် အချိန်ကြာရင် မင်း နားလည်လာမှာပါ"

"ဒါနဲ့ ငါကလွဲလို့ မင်း အဖွဲ့ဝင်ဖြစ်တာကို ဘယ်သူ့ကိုမှ မသိစေနဲ့ တစ်ယောက်ယောက်ကို ကူညီရင်တောင် ရုပ်ဖျက်ထားတာ အကောင်းဆုံးပဲ"

​ဖန့်ချန်က ခေါင်းညိတ်ကာ လက်စွပ်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။

သွေးချင်းအပ်ပြီးသောအခါ လက်စွပ်သည် သူ၏ လက်ချောင်းထဲသို့ အရည်ပျော်ဝင်သွားသလို ပျောက်ကွယ်သွားတော့သည်။

​ထိုခဏမှာပင် သူ၏ စိတ်ထဲ၌ သတင်းစကားအချို့ ပဲ့တင်ထပ်လာသည်။

​"အဖွဲ့ဝင်အသစ်တစ်ယောက် ရောက်လာပြီ"

"မင်းကို ဘယ်လို ခေါ်ရမလဲ"

"ငါ ဝိညာဉ်သွေးဂိုဏ်းက ဗိုလ်ချုပ်တစ်ယောက်နဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခု ရထားတယ် ငါနဲ့အတူ လိုက်စုံစမ်းမယ့်သူ ရှိလား"

​အခန်း ၄၈၀ - ငါ့အမည်က ထာဝရကောင်းကင်ဘုံအရှင်

​အရှင်ဝေဟင်ပြေးက ခပ်ဖွဖွ ပြုံးလိုက်သည်။

"မင်းလည်း မြင်တဲ့အတိုင်းပဲ ဝိညာဉ်သွေးဂိုဏ်းရဲ့ ဗိုလ်ချုပ်ကို စုံစမ်းဖို့ အကူအညီတောင်းနေကြပြီလောလောဆယ်တော့ မင်း အဲဒီထဲ ဝင်မပါနဲ့ဦး"

"အခု အမည်ဝှက်တစ်ခု ရွေးလိုက်တော့ နောင်ဆိုရင် ဝိညာဉ်သုတ်သင်ရေးဌာနမှာ အဲဒီအမည်က မင်းရဲ့ နာမည်ရင်း ဖြစ်လာလိမ့်မယ်"

​ဖန့်ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အမည်တစ်ခုက သူ၏ စိတ်ထဲသို့ ဝင်လာသည်။

​"အားလုံးပဲ ငါ့အမည်က ထာဝရကောင်းကင်ဘုံအရှင် ပါ"

​အရှင်ဝေဟင်ပြေးမှာ ခဏမျှ ဆွံ့အသွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ ပြောစရာ စကားမဲ့သွားသည်။

"ဒီအမည်က နည်းနည်းတော့ မကြီးလွန်းဘူးလား ထာဝရ နဲ့ ကောင်းကင်ဘုံအရှင် ဆိုတဲ့ စကားလုံးတွေက သာမန်ကာလျှံကာ သုံးရမယ့် အရာတွေ မဟုတ်ဘူးလေ"

​"ဒါပေါ့ ဘယ်သူကမှ ထာဝရကောင်းကင်ဘုံအရှင် ဆိုတဲ့လူက အခြေခံတည်ဆောက်ခြင်းအဆင့်လေးပဲ ရှိမယ်လို့ မထင်နိုင်ဘူးလေ"

ဖန့်ချန်က ပြုံးလိုက်သည်။

"ဒါက ကျုပ်ရဲ့ ဝိသေသကို ဖုံးကွယ်ဖို့ ဘေးကင်းဖို့နဲ့ ဝိညာဉ်သွေးဂိုဏ်းကလူတွေကို ခြောက်လှန့်ဖို့ အကောင်းဆုံးပဲ"

"တကယ်လို့ ဝိညာဉ်သုတ်သင်ရေးဌာနထဲမှာ ဝိညာဉ်သွေးဂိုဏ်းက သူလျှိုတွေ ရှိနေရင်တောင် ဒီအမည်ကို ကြားတာနဲ့ ကျုပ်ကို လုပ်ကြံဖို့ နှစ်ခါပြန် စဉ်းစားရလိမ့်မယ်"

​အရှင်ဝေဟင်ပြေးက သူ၏ စကားကို တိတ်ဆိတ်စွာ ဆင်ခြင်နေစဉ် လက်စွပ်ထဲမှ သတင်းစကားများ တက်လာသည်။

​"ထာဝရကောင်းကင်ဘုံအရှင် မင်းက ဘယ်အဆင့်မှာ ရှိတာလဲ အလယ်ပိုင်း သုံးဆင့် ထဲကလား"

တစ်ယောက်က လှမ်းမေးသော်လည်း ကျန်သူများကတော့ အခြေအနေကို စောင့်ကြည့်နေကြသည်။

​"ထာဝရကောင်းကင်ဘုံအရှင်က စီနီယာတစ်ယောက်ပါ အားလုံးပဲ သူ့အပေါ်မှာ လုံလောက်တဲ့ လေးစားမှု ထားကြပါ ငါ လင်ရှောင် က အာမခံတယ်"

​"စီနီယာတစ်ယောက်လား ဒါဆိုရင်တော့ ငါတို့ ဝိညာဉ်သုတ်သင်ရေးဌာန ပိုသန်မာလာပြန်ပြီပေါ့ဂုဏ်ယူပါတယ်"

​ဖန့်ချန်က အရှင်ဝေဟင်ပြေးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"စီနီယာဝေဟင်ပြေးလ စီနီယာရဲ့ အမည်ဝှက်က လင်ရှောင် လား"

​အရှင်ဝေဟင်ပြေးက ခေါင်းညိတ်ပြသည်။

"ငါ့ရဲ့ အာမခံချက်ရှိရင် သူတို့ မင်းကို သံသယဝင်မှာ မဟုတ်တော့ဘူး"

​"ထာဝရကောင်းကင်ဘုံအရှင် ကျောက်စိမ်းအင်ပါယာထဲမှာ ပုန်းနေတဲ့ ဝိညာဉ်သွေးဂိုဏ်း ဗိုလ်ချုပ်အကြောင်း ကျုပ်နဲ့အတူ လိုက်စုံစမ်းမလား သူ့ကို ဖော်ထုတ်နိုင်ရင် အကောင်အများကြီးကို သုတ်သင်နိုင်လိမ့်မယ်"

ဟု စောစောကလူက ထပ်မံ ဖိတ်ခေါ်သည်။

​ဖန့်ချန်က စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

"ငါ အလယ်ပိုင်းတိုက်ကြီး ကို သွားရမှာမို့ အခုလောလောဆယ် အချိန်မရှိသေးဘူး"

​"အိုး... နှမြောဖို့ကောင်းလိုက်တာ"

​ဖန့်ချန်က အရှင်ဝေဟင်ပြေးကို တစ်ခု မေးလိုက်သည်။

"စီနီယာ ဝိညာဉ်သွေးဂိုဏ်းက လူတွေက ဒီအမည်ဝှက်တွေကို သုံးပြီး အဖွဲ့ဝင်ဟန်ဆောင်ပြီး ဒုက္ခပေးနိုင်တာမျိုး မရှိဘူးလား"

​"ဘယ်သူကမှ တခြားလူရဲ့ အမည်ကို ဟန်ဆောင်လို့ မရဘူး"

အရှင်ဝေဟင်ပြေးက ပြုံးလိုက်သည်။

"ဒီလက်စွပ်တွေကို ငါတို့ဌာနစုကို တည်ထောင်သူကိုယ်တိုင် ဖန်တီးခဲ့တာ မင်း အမည်တစ်ခု ရွေးလိုက်တာနဲ့ တည်ထောင်သူက သိသွားပြီ"

"တကယ်လို့ တစ်ယောက်ယောက်က မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ သူများအမည်ကို သုံးရင် တည်ထောင်သူက ချက်ချင်း သိလိမ့်မယ်"

"အဲဒီအချိန်ကျရင် ဘယ်နေရာမှာပဲရှိရှိ တည်ထောင်သူက အဲဒီလူရဲ့ လက်စွပ်ရော အသက်ကိုပါ အလွယ်တကူ သိမ်းယူသွားလိမ့်မယ်"

​ဖန့်ချန်မှာ အနည်းငယ် တုန်လှုပ်သွားပြီး တစ်စုံတစ်ယောက်က သူ့ကို အမြဲ စောင့်ကြည့်နေသလို ခံစားလိုက်ရသည်။

အရှင်ဝေဟင်ပြေးက ဆက်ပြောသည်။

"တည်ထောင်သူက ငါတို့အားလုံးကို အမြဲစောင့်ကြည့်နေဖို့ အားမအားပါဘူး စိတ်မပူပါနဲ့ ဒါနဲ့ ဝိညာဉ်သုတ်သင်ရေးဌာနမှာ ကုသိုလ်လုပ်ရင် ဆုလာဘ် ရတတ်တယ်"

"တည်ထောင်သူက မင်းအကြောင်း သိသွားပြီဆိုတော့ ဆုလာဘ်က မကြာခင် ရောက်လာလိမ့်မယ်"

​"အခုပဲလား"

ဖန့်ချန်က အံ့သြသွားသည်။

​ထိုစဉ် ဂူနန်းတံခါးကို တစ်စုံတစ်ခုက လာခေါက်သည်။

အပြင်သို့ ထွက်ကြည့်သောအခါ သိမ်းငှက်တစ်ကောင်က ဓားတစ်စင်းကို ကိုက်ချီထားသည်ကို တွေ့ရသည်။

ဖန့်ချန်ကို မြင်သည်နှင့် ထိုဓားကို ချပေးကာ ပျောက်ကွယ်သွားတော့သည်။

​အရှင်ဝေဟင်ပြေးက ထိုဓားကို ကောက်ယူကာ ချီးကျူးလိုက်သည်။

"ဒါက ဝိညာဉ်တံဆိပ် ၁၀၈ ခု ပါတဲ့ အဝါရောင်အဆင့်မြင့် ဓားပဲ နောက်ထပ် တံဆိပ်တစ်ခု ထပ်တိုးရင် နက်နဲသောအဆင့် ဖြစ်သွားမှာ ဒါက တည်ထောင်သူ ပေးလိုက်တဲ့ ဆုလာဘ်ပဲ"

​ဖန့်ချန်က ဓားကို ကိုင်လိုက်ရင်း စိတ်လေးသွားသည်။

လက်စွပ်ကို သွေးချင်းအပ်ပြီး လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာတင် ဆုလာဘ်က ရောက်လာခြင်း ဖြစ်သည်။

တည်ထောင်သူ၏ စွမ်းအားက အမှန်တကယ်ပင် ခန့်မှန်းရခက်လှသည်။

​" မင်း အလယ်ပိုင်းတိုက်ကြီးကို သွားမှာလား အဲဒီနေရာက မင်းထင်သလို မရိုးရှင်းဘူး အောက်ပိုင်းလေးဆင့် ကျင့်ကြံသူတွေအတွက် အဲဒီနေရာက သိပ်မသင့်တော်ဘူး"

ဟု အရှင်ဝေဟင်ပြေးက အကြံပေးသည်။

​ဖန့်ချန်က ပြုံးလိုက်သည်။

"ကျုပ် သွားရမယ့် အကြောင်းပြချက်တွေ ရှိလို့ပါ"

​သူ၏ ကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့်မှာတင် ရပ်တန့်နေသည်။

တာအိုသုံးထောင် ကျင့်စဉ် က ချီသန့်စင်ခြင်းအတွက်သာ ဖြစ်သဖြင့် အခြေခံတည်ဆောက်ခြင်းအတွက် ကျင့်စဉ်သစ်များကို တာအိုသုံးထောင်ဂိုဏ်း တွင်သာ ရှာဖွေနိုင်မည် ဖြစ်သည်။

​"ကောင်းပြီလေ လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ကိုယ် ရှိတာပဲ ငါ ဘာမှ ထပ်မပြောတော့ဘူး"

အရှင်ဝေဟင်ပြေးက ဂူနန်းထဲသို့ ပြန်ဝင်သွားသည်။

​ဖန့်ချန် အပြင်သို့ ထွက်လာသောအခါ အကြီးအကဲယန်က စောင့်နေသည်။ ဖန့်ချန်က

"အကြီးအကဲယန် စောစောက သိမ်းငှက်တစ်ကောင် ပျံသွားတာ မြင်လိုက်လား"

ဟု မေးရာ အကြီးအကဲယန်က မျက်မှောင်ကြုတ်ကာ

"သိမ်းငှက် ဒီနေရာကို ငါတို့ ခွင့်ပြုချက်မပါဘဲ ဘယ်သတ္တဝါမှ မဝင်နိုင်ဘူး"

ဟု ဖြေသည်။

​ဖန့်ချန်၏ စိတ်ထဲတွင်တော့ တုန်လှုပ်သွားသည်။

ရွှေအမြုတေအဆင့်ရှိသော အကြီးအကဲယန်ပင် ထိုသိမ်းငှက်ကို မမြင်နိုင်ခဲ့ပေ။

​မိနစ်သုံးဆယ်အကြာတွင် ဖန့်ချန်သည် တုန်းဖန်းဟောက်ကျဲတို့ ရှိရာ ဝါးအိမ်သို့ ပြန်ရောက်လာသည်။

​"ဖန့်ချန် အရှင်ဝေဟင်ပြေးက မင်းကို ဘာတွေ ပြောလိုက်လဲ"

တုန်းဖန်းဟောက်ကျဲက စူးစမ်းစွာ မေးမြန်းလိုက်တော့သည်။

All Chapters