အခန်း (၁၁-၁၂)
Vol. 1 Ch. 11-12
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -11
အခန်း ၁၁ ။ လူလုခြင်း
လင်ရှီးဥယျာဉ်သို့ ရောက်ရှိခြင်း၏ အကျိုးကျေးဇူးကို ပြောရလျှင် အပျော်ရွှင်ဆုံးအချက်မှာ နှစ်ချက်ရှိသည်။
ပထမအချက်မှာ မိဖုရားခေါင်ကြီးထံ နေ့စဉ် ဂါရဝပြုရန် မလိုတော့ဘဲ သုံးရက်တစ်ကြိမ်သာ ဂါရဝပြုရခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ လင်ရှီးဥယျာဉ်တွင် လူတိုင်း သီးသန့်အဆောင်ဖြင့် နေနိုင်ကာ၊ အဆောင်များမှာ နန်းတော်ထဲကထက် ပိုကျယ်ပြီး ရှုခင်းလည်း ပိုကောင်းခြင်းဖြစ်သည်။
ယဲ့ယွင် နေထိုင်သောနေရာကို ကျိုင်းရှင်းဆောင်ဟု ခေါ်ပြီး ခြံဝင်းငယ်ပါသော နှစ်ထပ်အဆောက်အအုံလေးဖြစ်သည်။ နောက်ဘက်တွင် အစေခံများနေထိုင်ရန်အတွက် သီးသန့်မြေစိုက်အိမ်တန်းတစ်ခုလည်း ရှိသည်။
ခြံဝင်းထဲတွင် ခြောက်လပန်းများ စိုက်ပျိုးထားပြီး ကြာကန်ငယ်နှစ်ကန်တွင် ရွှေငါးများ မွေးမြူထားရာ အလွန်လှပသည်။
ရောက်သည့် ပထမညတွင် ဧကရာဇ်သည် မိဖုရားခေါင်ကြီး၏အဆောင်တွင် ညအိပ်သည်မှာ အငြင်းပွားစရာမရှိပေ။ ဒုတိယနေ့မှစ၍ အားလုံးမှာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
သို့သော် နောက်သုံးရက်ဆက်တိုက် စွန်းရှိုးရီက ဧကရာဇ်အားညစဉ်အဖော်ပြုပေးနေသဖြင့် အခြားကိုယ်လုပ်တော်များသည် နန်းဆောင်ထဲတွင် အေးအေးဆေးဆေးမနေနိုင်ကြတော့ပေ။
ယခင်က နန်းတော်ထဲတွင် ဧကရာဇ်ဆီမှအချစ်ခံရဆုံးမှာ ဝမ်ဖေးဖြစ်ပြီး စွန်းရှိုးရီက ဒုတိယဖြစ်သည်။ ယခုခရီးတွင် ဝမ်ဖေးမပါဘဲ စွန်းရှိုးရီတစ်ယောက်တည်းသာ ပါလာရာ လူတိုင်းသည် စွန်းရှိုးရီတစ်ယောက်တည်း အပိုင်သိမ်းထားခြင်းကို မကျေနပ်ပေ။
ထို့ကြောင့် ယဲ့ယွင်သည် ကျောက်ကျယ်ယွီက ကန်ဘေးတွင် စောင်းတီးနေကြောင်း၊ လီမိန်ရန်က အေးချမ်းသော ဝါးတောထဲတွင် လမ်းလျှောက်နေကြောင်း၊ ဝမ်မိန်ရန်က ပန်းခြံထဲတွင် လိပ်ပြာဖမ်းနေကြောင်း၊ လီချိုက်ရန်က ကြာကန်ဘေးတွင် ငါးစာကျွေးနေကြောင်း ကြားသိရသည်။
ဒါ့အပြင် ချန်ပေါင်လင်သည် ပူပြင်းသောနေ့လယ်တွင် မူတန်းဆောင်၌ ပန်းချီဆွဲနေစဉ် ဧကရာဇ်နှင့် တွေ့ဆုံပြီး လူကို ငိုသည်
အထိ မျက်နှာသာမပေးပဲ ကောင်းကောင်း
ဆူပူကြိမ်းမောင်းခံလိုက်ရသည်ဟူ၍လည်း အတင်းအဖျင်းများ ကြားသိခဲ့ရသည်။
"အရှင်မင်းကြီးနဲ့ ချန်ပေါင်လင်တို့က မောင်နှမတစ်ဝမ်းကွဲတော်ကြတာကို ဘာလို့ ဒီလောက်တောင် အရှင်မင်းကြီးကသဘောမကျဖြစ်နေရတာလဲ။"
ကျိုင်းရှင်းဆောင်ထဲတွင် ယဲ့ယွင်သည် နောက်ဆုံးတွင် ရေခဲမုန့်စားခွင့်ရသဖြင့် ဒိန်ချဉ်ရေခဲမုန့်တစ်ပန်းကန်ကို အရသာခံရင်း ပြတင်းပေါက်နံဘေးရှိ အအေးခံဝါးကုလားထိုင်ပေါ်တွင် လှဲလျောင်း၍ အလွန်
ဇိမ်ကြနေခဲ့သည်။
ဟွေယွဲ့က ယပ်ခတ်ပေးရင်း ဆိုသည်။
"ကျွန်တော်မျိုးမကြားတာတော့ ချန်ပေါင်လင်ဆွဲတဲ့ ပန်းချီက မကောင်းလို့ အရှင်မင်းကြီးကို စိတ်ဆိုးစေတာတဲ့"
"ဘာပန်းချီဆွဲတာလဲ"
ယဲ့ယွင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သိုးငယ်လေး ဒူးထောက်ပြီး နို့စို့နေတဲ့ ပုံကို ဆွဲတာတဲ့၊ ကျွန်တော်မျိုးမ မှတ်မိသလောက်တော့ ဒီပုံက မိဘကို ရိုသေပြီး ကျေးဇူးသိတတ်တဲ့ အဓိပ္ပာယ်ကို ဖော်
ဆောင်တာပဲ၊ အရှင်မင်းကြီး ဘာလို့အရမ်းစိတ်ဆိုးသွားမှန်း မသိဘူး"
ဟွေယွဲ့က အသံတိုးကာ အလွန်သတိထား၍ ပြောပြနေခဲ့သည်။
ယဲ့ယွင် ကြားပြီးနောက် ပြုံးကာ ခေါင်းခါလိုက်သည်။
"အခု အရှင်မင်းကြီးနဲ့ မယ်တော်ကြီးရဲ့ ဆက်ဆံရေးက တင်းမာနေတာ၊ မယ်တော်ကြီးက အရှင်မင်းကြီးက ကိုယ့်သားအရင်းဖြစ်တာကို အခွင့်ကောင်းယူပြီး အရာရာတိုင်းမှာ နာခံစေချင်နေတာ၊ ဒီအချိန်မှာ အရှင်မင်းကြီးကို မိဘကို ရိုသေခြင်းတရားအကြောင်း ပြောတာက အရှင်မင်းကြီးကို ဟားတိုက်နေသလိုဖြစ်မနေဘူးလား၊ အရှင်မင်းကြီး ပျော်နေတာမှ ထူးဆန်းတာပေါ့"
"ကျွန်တော်မျိုးမ တကယ်အဲ့လောက်ထိ မတွေးမိဘူး၊ တကယ်ကို..."
ဟွေယွဲ့ စိတ်ထဲတွင် ကြောက်လန့်သွားခဲ့သည်။ ယခုမှသာ နန်းတော်ထဲဝင်ပြီးနောက် အရာရာကို ခွဲခြမ်းစိတ်ဖြာပြီး တွေးတောရမည်ကို အမှန်တကယ် နားလည်သွားသည်။ အနည်းငယ် သတိလက်လွတ်ဖြစ်ရုံဖြင့် မှားယွင်းသွားနိုင်သည်။ ချန်ပေါင်လင်သည် ဧကရာဇ်၏ မောင်နှမတစ်ဝမ်းကွဲဖြစ်သောကြောင့်သာ တော်သေးသည်။ အခြားသူသာဆိုလျှင် မျက်နှာသာပေးမှု ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည်။
ချန်ပေါင်လင် အဘယ့်ကြောင့် ရုတ်တရက် ထိုသို့သော ပန်းချီကို ဆွဲရသလဲဆိုသည်ကိုမူ မည်သူမျှ မသိပေ။
ဧကရာဇ် ဒေါသထွက်သောကြောင့်၊ ကိုယ်လုပ်တော်များအားလုံး ရုတ်တရက် ငြိမ်သက်သွားပြီး အပြင်တွင် မည်သူမျှ လျှောက်မသွားတော့သလို အခွင့်ကောင်းယူကာ မမြူစွယ်ကြတော့ပေ။ မိဖုရားခေါင်ကြီးကမူ ဧကရာဇ်၏ ဒေါသကို အခွင့်ကောင်းယူကာ ချန်ပေါင်လင်ကို လဝက် အကျယ်ချုပ်ကျရန် အမိန့်ထုတ်လိုက်သည်။
......
ရက်များစွာကုန်လွန်ပြီးနောက် လင်ရှီးဥယျာဉ်သို့ ရောက်သည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။ ထိုနေ့တွင် လုယန်သည် မိဖုရားခေါင်ကြီးက အဆောင်အသီးသီးသို့ ပေးသနားသော သစ်သီးများကို သွားယူရာမှ ပြန်လာပြီး ဧကရာဇ်နှင့် လီမိန်ရန်တို့ ကြာကန်ဘက်သို့ သွားနေသည်ကို မြင်တွေ့ခဲ့ကြောင်း ယဲ့ယွင်အားလျှောက်တင်ခဲ့သည်။
"ဟုတ်လား၊ ဒါ အခွင့်အရေးပဲ မဟုတ်ဘူးလား၊ မြန်မြန် ငါ့ကိုပြင်ဆင်ပေး၊ ငါတို့လည်း မျက်နှာသွားပြသင့်တာပေါ့!”
ယဲ့ယွင်၏ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်နေသော်လည်း စေ့စေ့ကြည့်လျှင် မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသောအေးစက်စက် အရိပ်အယောင်များ ပါဝင်နေသည်။ သူမသည် ကြေးမုံရှေ့တွင် ပျင်းရိစွာ ထိုင်လိုက်သည်။
လုယန်မှာ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သော်လည်း ဟွေယွဲ့ကမူ မိမိသခင်မ၏ စိတ်ကို နားလည်သူပီပီ ချက်ချင်း လှုပ်ရှားပြင်ဆင်တော့သည်။
မျက်နှာသာရအောင်လုပ်သည့်ကိစ္စတွင် ပေါ့ဆ၍မဖြစ်ပေ၊ ထိုလီမိန်ရန်ကို မြေကြီးထဲ နစ်ဝင်သွားသည်အထိ ယှဉ်ပြိုင်ရမည်။
( လီမိန်ရန်က ဘယ်သူဆိုတာမေ့သွားမှာဆိုးလို့ ငုစေ့နဲ့ ယဲ့ယွင်ကို ကိုယ်ဝန်မရနိုင်အောင် လုပ်တဲ့တစ်ယောက်ပါနော် )
ထို့ကြောင့် နာရီဝက်ခန့်အကြာတွင် ယဲ့ယွင်သည် ကြာကန်ဘေးရှိ ယွဲ့ဖုန်းဆောင်ထဲတွင် ကြိုရောက်ရှိနေသည်။ ကန်ဘေးတွင် ဤတစ်နေရာသာ နားခိုရန်ရှိရာ ဤနေရာတွင် စောင့်ဆိုင်းခြင်းမှာ အသင့်တော်ဆုံးဖြစ်သည်။
ထင်သည့်အတိုင်းပင်၊ အမွှေးတိုင်တစ်တိုင်လောင်စာချိန်အတွင်း ဧကရာဇ်၏ အခြွေအရံများ မိမိဘက်သို့ လာနေသည်ကို မြင်လိုက်ရသည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ လီမိန်ရန်ကို ဂါရဝပြုပါတယ်"
ယဲ့ယွင်သည် ဟွေယွဲ့၏ လက်ကိုတွဲကာ အဆောင်ထဲမှ ထွက်လာပြီး သူမ၏အမူအရာကို တမင်ဖမ်းစားနိုင်လောက်အောင် ပြုမူလိုက်ရာ အလွန်ညှို့ဓာတ်ပြင်းလှသည်။
"ထတော့၊ မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"
နင်ချန်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုအမျိုးသမီး၏ သွယ်လျသော ခါးဆီသို့ ရောက်သွားကာ အကြည့်မလွှဲနိုင်ဖြစ်သွားသည်။ သူလည်း မကြည့်ချင်ပါ၊ သို့သော် ယဲ့ယွင်၏ ယနေ့ဝတ်စုံမှာ ခန္ဓာကိုယ်အချိုးအစားကို အလွန်ပေါ်လွင်စေပြီး ကောက်ကြောင်းထင်ရှားကာ လှပလှသည်။ အထူးသဖြင့် လျော့တိလျော့ရဲ ချည်နှောင်ထားသော ပိုးကြိုးမှာ ခါးသေးသေးလေးကို ပို၍ ထင်ရှားစေသည်။
"ဘာကြောင့်မှ မဟုတ်ပါဘူး အရှင်မင်းကြီး ဒီမှာရှိတာကို သတင်းကြားမိလို့ ချန်းချဲ့က တကူးတက လာခဲ့တာပါ”
လီမိန်ရန်က မိမိ မျက်စိရှေ့တွင် ယဲ့ယွင်က အရှင်မင်းကြီးအား ကလူမြူနေသဖြင့်ဒေါသတကြီး ပြောလိုက်သည်။
“ကြည့်ရတာ အရင်က ချန်ပေါင်လင်ရဲ့ ကိစ္စကို ယဲ့ဝမ်ရုန် သင်ခန်းစာမယူနိုင်ဘူးထင်တယ်"
ကွမ်ကျိုးဒေသတွင် ဧကရာဇ်က ယိဝမ်ရုန်၏ ဆွေမျိုးများကို ရေဘေးကိစ္စစီမံခန့်ခွဲရန် စေလွှတ်ခဲ့ပြီး သူမ၏ ဖခင်ဖြစ်သူကအစွမ်းကုန်ပူးပေါင်းဆောင်ရွက်ခဲ့ရာမှာ ယခုကဲ့သို့ အောင်မြင်မှုရရှိသဖြင့် ဧကရာဇ်က လက်ရှိသူမအပေါ် ပြန်လည်
မျက်နှာသာပေးလာခြင်းဖြစ်သည်။
ထို့ကြောင့် ဤမြေခွေးမက သူမ၏မျက်စိအောက်တွင် မကြောက်မလန့် အရှင်မင်းကြီးကို လာဖျားယောင်းနေတာကို ဘယ်လိုလုပ် ခွင့်ပြုပေးရမှာလဲ။
ယဲ့ယွင်က မျက်နှာတွင် ထိတ်လန့်
ဟန်ဆောင်ကာ မျက်လုံးလေးများကို ကလဲကဲလုပ်ကာ အလွန်အပြစ်ကင်းစင်သော အမူအရာဖြင့် လက်ကိုင်ပဝါကို ဆုပ်ကိုင်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။
"ချန်းချဲ့က ခြံထဲမှာ ဒီရက်ပိုင်း ပျင်းနေလို့ လေညှင်းခံထွက်လာတာပါ၊ အရှင်မင်းကြီးနဲ့ တွေ့တာက မတော်တဆပါ၊ ဘာလို့ လီမိန်ရန်က အခုလို စွပ်စွဲရတာပါလဲ။"
စကားဆုံးသည်နှင့် ခဏရပ်ကာ နှုတ်ခမ်းကိုက်လျက် သနားစဖွယ် အမူအရာဖြင့် ကြည့်ကာ လှပသော မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီနေပြီး နောက်တစ်ခဏတွင် ပုလဲမျက်ရည်စက်များ ကျလာတော့မည့်အလား~~~ မြင်သူအဖို့ အလွန်ရှုမငြီးအောင်လှနေခဲ့သည်။
"ချန်းချဲ့က လီမိန်ရန်လို အရှင်မင်းကြီးအနားမှာ ကြာရှည်ခစားပြီး အရှင်မင်းကြီးရဲ့ အမူအရာတိုင်းကို သိတဲ့သူ မဟုတ်ပါဘူး၊ ပြီးတောဘ ချန်းချဲ့မှာ အရှင်မင်းကြီးရဲ့ သွားလာရာကို စုံစမ်းနိုင်တဲ့ အရည်အချင်းလည်း မရှိပါဘူး၊ အရင်တစ်ခေါက်ကလည်း လီမိန်ရန်က ချန်းချဲ့ အဆောင်တော်ဝင်တာကို အထင်လွဲပြီး အရှင်မင်းကြီးကို စိတ်ဆိုးစေတယ်လို့ ပြောခဲ့တယ်၊ ဒီတစ်ခေါက်
လည်း ချန်းချဲ့ကို ထပ်ပြီး မတရားစွပ်စွဲဦးမို့လား"
"နင်၊ နင် ပေါက်တတ်ကရတွေ မပြောစမ်းနဲ့"
လီမိန်ရန်က ယဲ့ယွင်၏ ဖြူစင်ဟန်ဆောင်သော အမူအရာကြောင့် ဒေါသထွက်လွန်းကာ လှည့်၍ စည်းတွေဘောင်တွေ မထိန်းတော့ပဲ နင်ချန်၏ လက်ကို ဆွဲကာ အလျင်စလို ပြောလိုက်သည်။
"အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ သွားလာရာကို စုံစမ်းတာက ပြစ်မှုကြီးမှန်း ချန်းချဲ့သိတာပေါ့၊ ချန်းချဲ့က အရှင်မင်းကြီးကို ခစားလာတာ နှစ်တွေလည်းမနည်းပါဘူး၊ ဒီအခြေခံစည်းကမ်းကို ဘယ်လိုလုပ် မသိဘဲနေမလဲ၊ ယဲ့ဝမ်ရုန်စကားကို မယုံပါနဲ့"
နင်ချန်သည် လီမိန်ရန်၏ ဆူညံစွာအော်
ပြောနေသောအသံကြောင့် နားစည်များပင် ကွဲထွက်လုမတတ်ဖြစ်ကာ စိတ်ထဲတွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး လက်ကို မသိမသာ ဆွဲထုတ်ကာ မျက်နှာကိုတည်လိုက်သည်။
အရှင်မင်းကြီး၏ ငြင်းပယ်သော အပြုအမူကြောင့် လီမိန်ရန်၏လက်များ ရပ်တန့်သွားပြီး ချက်ချင်း စကားဆက်မပြောရဲတော့ဘဲ ယဲ့ယွင်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
"ကျင်းမျိုးရိုး၊ ကျန်း မင်းကို လျစ်လျူရှုထားတဲ့ အချိန်အတွင်းမှာ မင်း စည်းကမ်းတွေနားမလည်သေးဘူးထင်တယ်၊ တစ်နေ့လုံး ဆတ်ဆတ်ထိမခံ ဖြစ်နေတာက ဘယ်လိုပုံစံလဲ၊ မင်း မလုပ်ရင် တခြားသူက မင်းကို မတရားစွပ်စွဲနိုင်မှာလား၊ ကျန်း ကြည့်ရတာတော့ မင်းကို မိဖုရားခေါင်ကြီးက နန်းတွင်းစည်းကမ်းကူးခိုင်းတာတောင် စိတ်မငြိမ်သေးဘူးထင်တယ်၊ ပြန်သွားပြီး ဆယ်ခေါက် ထပ်ကူး၊ မပြီးမချင်း ထွက်မလာနဲ့တော့"
နင်ချန်သည် တုံးအသော အမျိုးသမီးများကို မနှစ်သက်ပေ။ လီမိန်ရန်၏ ဖခင်မှာ အသုံးဝင်နေသေးသောကြောင့်သာမဟုတ်လျှင် သူမကို တစ်ချက်ပင် ကြည့်
မည်မဟုတ်ပေ။ ထို့အပြင် လီမိန်ရန်သည် တုံးအရုံသာမက ဝမ်းတွင်းပုတ်သူလည်း ဖြစ်သည်။ သမင်ချိုငုစေ့ကိစ္စကို ယဲ့ယွင်ပင် ရှာဖွေနိုင်လျှင် သူ နန်းဆောင်၏ အရှင်သခင်ကို ဖုံးကွယ်နိုင်မယ်ထင်နေတာလား?
ရုတ်တရက် အပြစ်ပေးခံရသောကြောင့် လီမိန်ရန်မှာ ပြန်လည်ချေပလိုသေးသော်လည်း သူမ၏ အစေခံ ယင်ဟွမ်က ဆွဲထားသောကြောင့် စိတ်လိုက်မာန်ပါမလုပ်မိဘဲ မကျေမနပ်ဖြင့် နောက်ဆုတ်သွားခဲ့သည်။
လူများထွက်သွားပြီးနောက် ယဲ့ယွင်သည် ထိုအပြစ်ကင်းစင်သော အမူအရာကို ချက်ချင်း ဖယ်ရှားလိုက်ပြီး တဖျပ်ဖျပ်
လက်နေသော မျက်လုံးများမှာ မြေခွေးမလေးတစ်ကောင်ကဲ့သို့ နင်ချန်ကို ပြုံးပြုံးကြီး ကြည့်နေသည်။
"ဟမ့် ဟန်မဆောင်တော့ဘူးလား"
နင်ချန်က အေးစက်စွာ နှာမှုတ်လိုက်သော်လည်း ထွက်သွားလိုသည့် အရိပ်အယောင်မပြပေ။
ယဲ့ယွင်က မျက်ခုံးပင့်ကာ လူမိုက်လေးတစ်ယောက်ကဲ့သို့ ဆိုသည်။
"အိုက်ယား….အရှင်မင်းကြီးရဲ့ ရုပ်ရည်က ခန့်ညားလွန်းလို့ ချန်းချဲ့ မချစ်ဘဲမနေနိုင်အောင် ဖြစ်နေရတာ၊ တစ်ရက်မတွေ့ရတာက သုံးနှစ်လောက် ကြာသွားသလိုပဲ၊ စိတ်ညစ်လွန်းလို့ အရှင်မင်းကြီးကြောင့်ထမင်းလည်း မစားနိုင်၊ ရေလည်း မသောက်နိုင် ဖြစ်နေပြီ၊ အရှင်မင်းကြီး ဒီချန်းချဲ့ကို သနားတော်မူပါ၊ ချန်းချဲ့နဲ့ အဖော်ပြုပေးပါဦး၊ ချန်းချဲ့ရဲ့ ကျိုင်းရှင်းဆောင်မှာ မုန့်အသစ်လေးတွေ အများကြီးလုပ်ထားတယ်၊ အရှင်မင်းကြီး မြည်းကြည့်သွားပါအုံးလား!”
ထိုကလူမြူသောစကားများမှာ လူတစ်ယောက်ကို ရှက်ရွံ့သွားစေသော်လည်း သူမကမူ အေးဆေးတည်ငြိမ်နေသဖြင့် နင်ချန်သာ ရှက်သွေးဖြာနေရသည်။
"ဒီလိုဆိုရင်တော့ ကျန်းလည်း မင်းရဲ့စေတနာကို မငြင်းတော့ဘူး၊ သွားကြစို့"
ဧကရာဇ်၏ အနေရခက်၍ မာနကြီးပြီး ရှက်တတ်သော အမူအရာကို ကြည့်ရင်း ယဲ့ယွင်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။
ဤသည်မှာ ယဉ်ကျေးသိမ်မွေ့သော အမျိုးသားကောင်းတစ်ဦးကို ကျီစယ်ရသည့် ခံစားချက်များလား။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -12
အပိုင်း ၁၂ ။ ချူမိသားစု
ယဲ့ယွင်တစ်ယောက် လီမိန်ရန်၏လက်ထဲမှ ဧကရာဇ်ကို လုယူသွားသည့် သတင်းမှာ လင်ရှီးဥယျာဉ်တစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ယခင်က ယဲ့မျိုးရိုးကို အရည်အချင်းမရှိဟု အထင်သေးခဲ့ကြသူများသည် ယခုအခါ
ယဲ့ယွင်ကို စောင့်ကြည့်လာကြသည်။ မိဘနောက်ခံ အထောက်အပံ့မရှိသော်လည်း ယဲ့မျိုးရိုးကိုယ်တိုင်က ထက်မြက်ပါက မျက်နှာသာပေးခံရနိုင်သည်မှာ ဧကန်မုချဖြစ်ပေသည်။
စံနမူရာအဖြစ် လက်ရှိမျက်နှာသာပေးခံရဆုံးဖြစ်သည့် ဝမ်ဖေးကိုကြည့်၍ သိနိုင်သည်။ သူမသည် မိသားစုနောက်ခံကို အားမကိုးဘဲ မိမိကိုယ်ကို အားကိုး၍ အနောက်ဆောင်ထဲတွင် အခိုင်အမာနေရာတစ်ခုကို ခြေကုပ်ယူထားနိုင်ခဲ့သည်။ ထို့အပြင် ယဲ့ယွင်သည်လည်း ဖခင်မရှိသော်လည်း စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ဘိုးဘေးတို့၏ ကောင်းချီးမင်္ဂလာကို ရရှိထားသူဖြစ်သည်။ ပြောရလျှင် အနောက်ဆောင်တွင် ဤမျှမြင့်မားသော မျိုးရိုးရှိသူ အနည်းငယ်သာ ရှိသည်။
ထိုသတင်းကို ယောင်ရှန်းထံသို့ ကြားသောအခါ သူမသည် ယခုယဲ့ယွင်သည် အရင်ဘဝက ယဲ့ယွင်နှင့်မတူတော့ကြောင်း သေချာသွားသည်။
( T/N-ယောင်ရှန်းက အစေခံသာသာပေမဲ့ Author က သူ့ကို Reborn လုပ်ထားတာဆိုတော့ နောက်ပိုင်းကြ ဘယ်လို Plot Twist တွေလာမလဲမသိဘူး။)
အရင်ဘဝက ယဲ့ယွင်သည် ဖခင်မရှိဘဲ အစ်ကိုဖြစ်သူကသာ မိသားစုကို ဦးဆောင်နေသောကြောင့် နန်းတော်ထဲတွင် အလွန်သတိထားကာ နေထိုင်ခဲ့ပြီး တစ်
ကြိမ်သာ ဧကရာဇ်အားခစားပြီးနောက် ကျယ်ပြန့်လှသော အနောက်ဆောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
အစပိုင်းတွင် သူမဖခင်၏ စွမ်းဆောင်မှုများကြောင့် ဧကရာဇ်က မနှစ်သက်သော်လည်း အနည်းငယ် ဂရုစိုက်ခဲ့သည်။ နောက်ပိုင်း ရက်ကြာလာသောအခါ ဧကရာဇ်က သူမကို မေ့လျော့သွားပြီး လက်အောက်ငယ်သားများက နှိပ်စက်လာကြသည်။ ရိက္ခာများ အမြဲလိုဖြတ်တောက်ခံနေရပြီး နှစ်နှစ်ကျော်ကြာ အသက်ရှင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့သည်။
သို့သော် ယခုကြည့်ရသည်မှာ ယဲ့မျိုးရိုး၏ စရိုက်မှာ အရင်ဘဝနှင့် လုံးဝမတူတော့ပေ။ သူမ စုံစမ်းသိရှိရသည်မှာ ယဲ့မျိုးရိုးသည် အိမ်တွင်နေစဉ်ကတည်းကပင် ဤသို့သော စရိုက်ရှိခဲ့ရာ အရင်ဘဝနှင့် ပို၍ပင် ကွာခြားနေသည်။
ယောင်ရှန်းသည် လက်ထဲမှ လက်ကိုင်ပဝါကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိလာသည်ဖြစ်စေ၊ ပြန်လည်မွေးဖွားလာသည်ဖြစ်စေ၊ မည်သည့်အပြောင်းအလဲကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။ အကယ်၍ ရှိခဲ့လျှင် ဖယ်ရှားပစ်မည်။
ယောင်ရှန်း မည်သို့ပင် ကြံစည်နေစေကာမူ ထိုအချိန် ကျိုင်းရှင်းဆောင်ထဲတွင်မူ အေးချမ်းသာယာလျက်ရှိသည်။
ယဲ့ယွင်သည် လိမ်ညာပြောဆိုခဲ့ခြင်းမဟုတ်ပေ။ မုန့်များကို အမှန်တကယ် ပြင်ဆင်ထားပြီး သူမ တီထွင်မွမ်းမံထားသော ကြာပန်းကိတ်မုန့်ဖြစ်သည်။
မူလက ဤမုန့်မှာ ကြွပ်ရွသော မုန့်တစ်မျိုးဖြစ်သော်လည်း ယခုအခါ သူမပြုလုပ်ထားသည်မှာ အပြင်ကြွပ်ပြီး အတွင်းနူးညံ့ကာ သာမန်အရသာထက် ပိုကောင်းမွန်နေသည်။ အနည်းဆုံးတော့ နင်ချန်သည် သုံးခုစားပြီးမှ ရပ်တန့်ခဲ့သည်။
"အရှင်မင်းကြီး ကြိုက်နှစ်သက်တယ်ဆိုရင် ဒီချန်းချဲ့ ခဏနေရင် စာရွက်ပေါ်မှာ နည်းလမ်းရေးပြီး ယွမ်ကျိုကုန်းကုန်းကို ယူသွားခိုင်းလိုက်ပါ့မယ်၊ ဒီမုန့်က လုပ်ရတာလည်း လွယ်ပါတယ်"
ယဲ့ယွင်သည် ပလုတ်ကျင်းရန် အခါးရည်ကို ယူလာပေးပြီးနောက် စားပွဲပေါ်မှ ပစ္စည်းများကို သိမ်းဆည်းရန် အမိန့်ပေးလိုက်သည်။
နင်ချန်သည် ထိုအရသာကို အမှန်တကယ် နှစ်သက်သောကြောင့် ခေါင်းညိတ်လိုက်သည်။
အဆောင်ထဲတွင်မျက်လုံးများ ဝေ့ကြည့်လိုက်ရာ စားပွဲပေါ်တွင် ဖြန့်ခင်းထားသော စာလိပ်တစ်ခုကို တွေ့သဖြင့် စူးစမ်းလိုစိတ်ဖြင့် ထိုနေရာသို့ သွားလိုက်သည်။
စာလိပ်ပေါ်တွင် မပြီးသေးသော ပန်းချီကားတစ်ချပ်ရှိသည်။ သစ်ပင်တွင် ရစ်ပတ်ပေါက်ရောက်နေသော နှင်းဆီပန်းများမှာ လှပစွာ ဖူးပွင့်နေပြီး ဘေးတွင် တစ်ဝက်တစ်ပျက်ဆွဲထားသော ကျားတစ်ကောင်ရှိသည်။
"ကျန်း ဒီလိုနှင်းဆီးနဲ့ကျားနဲ့စပ်ပြီးဆွဲထားတဲ့ပန်းချီမျိုးကို တစ်ခါမှ မမြင်ဖူးဘူး၊ မင်း ဒါ ဘာအဓိပ္ပာယ်နဲ့ ဆွဲနေတာလဲ"
နင်ချန်က မျက်မှောင်ကြုတ်ကာ နားမလည်နိုင်ဖြစ်နေသည်။
ယဲ့ယွင်က ပြုံးကာ လျှောက်လာသည်။
"ဒီချန်းချဲ့က 'အားကြီးသောကျား နှင်းဆီနမ်းရှိုက်ခြင်း' ကို ဆွဲနေတာပါ"
"'အားကြီးသောကျား နှင်းဆီနမ်းရှိုက်ခြင်း' လား" နင်ချန်က တိုးတိုးရေရွတ်လိုက်ပြီးနောက် ဆိုသည်။
"ပန်းချီပညာက ကောင်းမွန်တယ်၊ အဓိပ္ပာယ်ကလည်း ဆန်းသစ်တယ်၊ မဆိုးဘူး"
သူမဆွဲထားတာသည် မဆိုးဘူးဆိုသည်
ထက်ပင် ပိုသည်ဟု ယဲ့ယွင် စိတ်ထဲတွင် တွေးလိုက်သည်။ 'ကျားက ခွန်အားကြီးပေမယ့် နှင်းဆီကို ညင်သာစွာ နမ်းရှိုက်တယ်' ဆိုတာ နာမည်ကြီးစာသားမဟုတ်ဘူးလား။
သို့သော် သူမတွင် နင်ချန်နှင့် လေပြေလေညှင်း၊ ကဗျာစာပေများအကြောင်း ပြောဆိုရန် အချိန်မရှိပေ။ ပင်ပန်းလှသည်။ ထို့ကြောင့် နင်ချန် ပန်းချီကြည့်နေစဉ်
ခေါင်းပေါ်မှ လက်ဝတ်ရတနာများကို အကုန်ဖြုတ်ချလိုက်သည်။
နင်ချန် ပန်းချီမှအကြည့်ပြန်ရုပ်သိမ်းလိုက်သောအခါ ကြေးမုံရှေ့မှ အမျိုးသမီး၏ ရေတံခွန်ကဲ့သို့သော ဆံနွယ်နက်များမှာ ပခုံးပေါ်တွင် ဖြာကျနေပြီး သူမ၏အေးဆေးတည်ငြိမ်သော အမူအရာမှာ ပျင်းရိသော ကြောင်လေးတစ်ကောင်နှင့် တူနေသည်။
"အရှင်မင်းကြီး စိတ်မရှိပါနဲ့၊ ဒီဆံထိုးတွေက လေးလွန်းလို့ မသက်မသာဖြစ်နေလို့ ချန်းချဲ့ ဖြုတ်လိုက်တာပါ"
ယဲ့ယွင်သည် ဆံပင်ကို လျင်မြန်စွာ ဆံထုံးတစ်ခုထုံးလိုက်ပြီး ကျောက်စိမ်းဆံထိုးတစ်ချောင်းဖြင့်သာ ရိုးရှင်းစွာ ထုံးဖွဲ့လိုက်သည်။
ထိုပုလဲနှင့် ကျောက်မျက်ရတနာများမှာ အစစ်များဖြစ်ရာ အမြဲတပ်ထားလျှင် လည်ပင်းကျိုးသွားနိုင်သည်။
နင်ချန်က လက်ကာပြလိုက်သည်။
"ကိစ္စမရှိပါဘူး၊ မင်းရဲ့ခြံဝန်းထဲမှာမင်းစိတ်တိုင်းကျနေလို့ရပါတယ်၊ စည်းကမ်းတွေ အရမ်းလိုက်နာနေစရာ မလိုပါဘူး"
အမှန်မှာ သူသည် ဤအမျိုးသမီး၏ ယခုကဲ့သို့ပေါ့ပါးသော အမူအရာက ပို၍ ဆွဲဆောင်မှုရှိသည်ဟု ထင်မိသည်။
ညစာစားချိန်မတိုင်မီ အချိန်အနည်းငယ်ကျန်သေးရာ နှစ်ဦးသား ငုတ်တုတ်ထိုင်မနေနိုင်ဘဲ အခါးရည်ကြမ်းအိုးခင်းကျင်းကာ အချိန်ဖြုန်းကြသည်။
အခါးရည်ကြမ်းဖျော်ခြင်းကဲ့သို့သော လှုပ်ရှားမှုသည် နည်းဟန်များသာမက လက်လှုပ်ရှားမှုကအစ အရေးကြီးသော အနုပညာတစ်မျိုးဖြစ်သည်။
ယဲ့ယွင်သည် အခြားသူများထက် စိတ်ဓာတ်ပို၍ ရင့်ကျက်သူဖြစ်ရာ အိမ်တွင်နေစဉ်ကတည်းက ကောင်းစွာသင်ယူခဲ့သည်။ ယခုအခါ သူမ၏ လက်ဟန်အမူအရာများမှာ ရေစီးကြောင်းကဲ့သို့ ချောမွေ့နေသဖြင့် နင်ချန်ပင်လျှင် ကြည့်၍ နှစ်သက်ဖွယ်ကောင်းသည်ဟု ထင်မိသည်။
"အခါးရည်က ကြည်လင်ပြီး အနံ့က သင်းပျံ့တယ်၊ မင်းရဲ့လက်ရာက မဆိုးဘူးပဲ”
နင်ချန်က ချီးကျူးသောအခါ မုသားမဆိုပေ။ တစ်ငုံသောက်လိုက်ရာ မျက်ဝန်းထဲတွင် ကျေနပ်မှုများပြည့်သွားခဲ့သည်။
"ဒါ ပျန့်ကျိုးက ထိုက်ပိုင်ငွေမှင် လက်ဖက်ခြောက်လား"
"ဟုတ်ပါတယ်"
ယဲ့ယွင်က နှုတ်ခမ်းသပ်ကာ ပြုံးလိုက်ပြီး သူမအတွက်လည်း တစ်ခွက်ငှဲ့လိုက်သည်။
"အဘိုးက ပျန့်ကျိုးက ချူမျိုးနွယ်လေ၊ ဒီထိုက်ပိုင်ငွေမှင် လက်ဖက်ခြောက်ကချန်းချဲ့ နန်းတော်ထဲမဝင်ခင် အဘိုးက ပို့ပေးထားတာ၊ ထိုက်ပိုင်ငွေမှင် လက်ဖက်ခြောက်တွေချန်းချဲ့မှာ အများကြီး ကျန်သေးတယ်၊ အရှင်မင်းကြီး ကြိုက်နှစ်သက်တယ်ဆိုရင် နည်းနည်းယူသွားပြီး အပြောင်းအလဲလေးလုပ်ကြည့်လို့ရတာပဲ။”
နန်ချီတိုင်းပြည်ကို တည်ထောင်ခဲ့သော ဧကရာဇ်သည် မုန်တိန့်လက်ဖက်ခြောက်ကို နှစ်သက်ခဲ့ရာ နောက်ပိုင်း နန်ချီဧကရာဇ်များလည်း မုန်တိန့်ကိုသာ သုံးစွဲကြသည်။ ထိုက်ပိုင်ငွေမှင်မှာ အလွန်တန်ဖိုးကြီးသော်လည်း မည်သည့်ဧကရာဇ်ကမျှ နှစ်သက်သည်ဟု မကြားဖူးပေ။
နင်ချန်က နောက်တစ်ငုံသောက်ပြီးမှ အခါးရည်ခွက်ကို ချလိုက်သည်။
"ဒီလက်ဖက်ခြောက်က အရသာကောင်းမွန်ပြီး၊ တစ်ခါတစ်လေ သောက်ရင် လူကိုလန်းဆန်စေတယ်၊ မထင်ရဘူး မင်းဆီမှာ ရှားပါးပစ္စည်းတွေ မပြတ်မလပ်ဘူးပဲ"
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အလှပြင်စားပွဲနှင့် စာရေးစားပွဲပေါ်တွင် လှပသော ပစ္စည်းငယ်လေးများစွာ တင်ထားသည်ကို တွေ့ရသည်။ ဤကျိုင်းရှင်းဆောင်၏ မူလပစ္စည်းများမဟုတ်ဘဲ ဤအမျိုးသမီး ယူဆောင်လာခြင်းဖြစ်မည်မှာ သေချာသည်။
"အရှင်မင်းကြီးက တကယ်ကို အမြင်စူးရှတာပဲ၊ ချန်းချဲ့ရဲ့ အဘိုးက ကုန်သည်မျိုးရိုးအဖြစ် လုပ်ကိုင်လာတာသုံးဆက်ရှိပါပြီ၊ ဦးလေးလက်ထက်မှာဆိုရင် စတုတ္ထမျိုးဆက်တောင် ဖြစ်နေပြီမို့ ချန်းချဲ့ကလည်း ကုန်သည်မျိုးရိုးလို့ ဆိုနိုင်ပါတယ်၊ အပြင်သွားတဲ့အခါ ဆန်းသစ်တဲ့ ပစ္စည်းလေးတွေ အမြဲတွေ့ရတတ်လို့ အဘိုးက ဒီချန်းချဲ့နဲ့ မယ်တော်ကို ကစားဖို့ အမြဲပို့ပေးနေတာမို့ပါ။”
ယဲ့ယွင်သည် စကားစမြည်ပြောရင်း ယခင်က ချွတ်ထားသော လက်ကောက်ကို ပြန်ဝတ်လိုက်သည်။ ဤသည်မှာ အခါးရည်ဆက်မဖျော်တော့သည့် အဓိပ္ပာယ်ဖြစ်သည်။
ထိုဖြူဖွေးသော လက်ကောက်ဝတ်မှာ နင်ချန်၏ စိတ်ကို ဂနာမငြိမ်ဖြစ်စေပြီး တစ်ခဏမျှ စိတ်လွင့်သွားကာ ရှေ့မှလူပြောနေသည်ကို မကြားလိုက်ပေ။
"အရှင်မင်းကြီး"
ယဲ့ယွင်က သူ ငေးငိုင်နေသည်ကို တွေ့သဖြင့် စကားရပ်ကာ ညင်သာစွာ ခေါ်လိုက်သည်။
"အမ်"
နင်ချန် သတိပြန်ဝင်လာပြီး မျက်နှာတွင် အနည်းငယ် အနေရခက်သွားသည်။
"အဟမ်း... ကျန်း နန်းတွင်းရေးရာတချို့ကို စဉ်းစားမိသွားလို့ ခဏ စိတ်လွင့်သွားတာ၊ မင်း ခုနက ဘယ်အထိ ပြောနေတာလဲ"
တကယ်ပဲ နန်းတွင်းရေးရာကို စဉ်းစားနေတာလား။ ယဲ့ယွင် သံသယဝင်မိသည်။ ခုနက သူမ ခိုးကြည့်လိုက်ရာ ဧကရာဇ်သည် သူမ၏ လက်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အလှအပစံနှုန်းက လက်ကို ကြည့်ပြီးသတ်မှတ်တာများလား။
ယဲ့ယွင်၏ စူးစမ်းသော အကြည့်ကို ခံစားမိသောအခါ နင်ချန် စိတ်ထဲတွင် မြေတွင် ကျင်းတူးကာ ဝင်ပုန်းချင်စိတ် ပေါက်သွားခဲ့သည်။ သို့သော် ဧကရာဇ်တစ်ပါးအနေဖြင့် ဤမျှလောက် စိတ်ချုပ်တည်းနိုင်စွမ်းမရှိလျှင် မဖြစ်ပေ။ ထို့ကြောင့် သူကပင် အကြောင်းအရာကို ပြောင်းလိုက်သည်။
"မင်းရဲ့မိခင်က ယဲ့မိသားစုနဲ့ လက်ထပ်ပြီး အရာရှိကတော်ဖြစ်သွားတာ၊ အဲ့ဒါကို မင်းရဲ့ အဘိုးက ကုန်သည်လုပ်ငန်းကို ဆက်လုပ်နေတုန်းပဲလား"
ယခုခေတ်တွင် ကုန်သည်များကို အထင်သေးကြဆဲဖြစ်သည်။ အိမ်တွင် ငွေကြေးချမ်းသာလာလျှင် အများစုမှာ စာမေးပွဲဖြေဆိုပြီး အရာရှိလုပ်လိုကြသည်။ ချူမိသားစုကဲ့သို့သော မိသားစုကြီးမှာ ငွေကြေးလုံလောက်ရာ မည်သည့်အတွက်ကြောင့် အရာရှိတစ်ယောက်မှ မထွက်ပေါ်လာရတာလဲ။
"အမှန်တိုင်းပြောရရင် အရှင်မင်းကြီးအတွက် ရယ်စရာဖြစ်နေတော့မှာပဲ၊ ကျွန်မရဲ့အဘိုးရော၊ ဦးလေးတွေရော အားလုံးက စာတော်တဲ့သူတွေ မဟုတ်ကြဘူးလေ၊ စဋပေလိုက်စားဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်
ယောက်မှ မအောင်ခဲ့ဘူး၊ ဒါပေမဲ့ စီးပွားရေးကြောင့် စာတတ်ပေတတ် အရာရှိတွေနဲ့တော့ အများကြီး ခင်မင်ရင်းနှီးခဲ့ကြတယ်၊ ဒါပေမဲ့ အခု ကျွန်မရဲ့ မောင်နှမဝမ်းကွဲနှစ်ယောက်ကတော့ တော်ကြတယ်ထင်တယ်၊ လာမယ့်နှစ် နွေဦးစာမေးပွဲမှာ ဖြေဆိုကြမှာပါ"
ယဲ့ယွင်က အမှန်အတိုင်း ပေါ့ပါးသော လေသံဖြင့် အိမ်တွင်းရေးစကားပြောသကဲ့သို့ ပြောရာ နားထောင်၍ ကောင်းလှသည်။
သို့သော် နင်ချန်က ထိုစကားများကို ကြားပြီးနောက် အတွေးနက်သွားသည်။ ဤချူမိသားစုကို အသုံးချနိုင်လျှင် ကောင်းမွန်သော စစ်တုရင်ကစားကွက်တစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ဤအတွေးမှာ မခိုင်မာသေးရာ တစ်ခဏအတွင်း ကျော်လွှားသွားသည်။
နှစ်ဦးသား အချိန်အနည်းငယ် ဖြုန်းပြီးနောက် ညစာစားချိန်သို့ ရောက်လာသည်။ နင်ချန်က ထွက်သွားလိုသည့် အရိပ်အယောင်မပြသလို ယဲ့ယွင်ကလည်း ပြန်မလွှတ်ပဲ ချက်ချင်း ရေပြင်ဆင်ရန် လူများကို စေခိုင်းလိုက်သည်။
ရေချိုးခန်းထဲတွင် အစေခံများကို ဖယ်ရှားပြီးနောက် မူလက ယဲ့ယွင်က နင်ချန်ကို ကိုယ်တိုင် ရေချိုးပေးရန်ဖြစ်သော်လည်း နောက်ဆုံးတွင်မူ လမ်းလျှောက်ဝင်သွားပြီး ပွေ့ချီခံကာ ထွက်လာခဲ့ရသည်။
ကုတင်ပေါ်ရောက်သောအခါ တစ်ကြိမ်ထပ်မံ စားသုံးခြင်းခံရပြီး နှစ်ဦးစလုံး ကျေနပ်သွားသော်လည်း ချွေးများထွက်နေသဖြင့် ထပ်မံဆေးကြောရပြန်သည်။
ဟွေယွဲ့က လူများကို ခေါ်ကာ အိပ်ရာခင်းများ လာရောက်ရှင်းလင်းသောအခါ မြေပေါ်တွင် ပစ်ချထားသော ရင်ဖုံးအင်္ကျီကို တွေ့မြင်ပြီး မျက်နှာနီရဲသွားတော့သည်။
***