← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -17

အပိုင်း ၁၇ ။ သတ်ဖြတ်ရန်အသင့်ဖြစ်သော သိုးငယ်လေး

မိဖုရားခေါင်ကြီးသည် အလုပ်လုပ်ရာတွင် လျင်မြန်သူဖြစ်ပြီး ကြာပန်းကြည့်ပွဲကျင်းပရန် ဆုံးဖြတ်ပြီးနောက် ချက်ချင်း ပြင်ဆင်မှုများ စတင်ခဲ့သည်။ ရက်ကို ဆယ်ရက်အကြာတွင် သတ်မှတ်လိုက်ပြီး ယန်ချိုက်နွီကို ပြင်ဆင်ရန် အချိန်ပေးရမည်ဖြစ်သည်။

"မိဖုရားခေါင်ကြီးကတော့ တကယ်ကို အလုပ်မရှုပ်ရမနေနိုင်ဘူးပဲ၊ ဒီလိုနေပူတဲ့နေ့မှာ ဘာကြာပန်းကို ကြည့်ရမှာလဲ"

ဝူထုံနန်းဆောင်မှ ဖိတ်စာရရှိသောအခါ စွန်းရှိုးရီက မကျေမနပ်ပြောဆိုလိုက်သည်။ ထို့နောက် အေးစက်စွာ ရယ်မောလိုက်၍

"မိဖုရားခေါင်ကြီးက သူ့ရဲ့ညီမဝမ်းကွဲကို မြှောက်စားချင်နေသေးတာပဲ၊ တကယ်လို့ သူ့အလိုအတိုင်းဖြစ်သွားရင် ငါတို့အားလုံးက အနိုင်ကျင့်လို့လွယ်တဲ့သူတွေလို့ ထင်သွားမှာပေါ့၊ လူလွှတ်ပြီး စုံစမ်းကြည့်စမ်း၊ အဲဒီယန်မျိုးနွယ်က ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ?”

သူမကို ခစားနေသော အစေခံက ချက်ချင်း ဟုတ်ကဲ့ဟု ဖြေကာ ထွက်သွားသည်။

စွန်းရှိုးရီသည် ပြတင်းပေါက်နံဘေးရှိ စားပွဲငယ်တွင်ထိုင်ကာ သစ်သီးစားနေသော်လည်း မျက်ဝန်းထဲတွင်မူ စိတ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

လူသစ်များ နန်းတော်ထဲဝင်လာပြီး တစ်ယောက်မှ လွယ်လွယ်ကူကူ ကိုင်တွယ်

လို့ရသူများ မဟုတ်ပေ။ ယခင်က သူမအထက်တွင် ဝမ်ဖေးတစ်ယောက်သာ ရှိခဲ့ပြီး ယခု ဝမ်ဖေးကိုယ်ဝန်ရှိသောအခါ သူမ အဆောင်တော်ဝင်ရသည်မှာ ပိုများလာသည်။

သို့သော် ယခုအခါ ဝူမျိုးနွယ်၊ ယဲ့မျိုးရိုး၊ ယောင်မျိုးနွယ်တို့ ထွန်းတောက်လာကြပြီး ချန်ပေါင်လင်မှာ မယ်တော်ကြီး၏ အထောက်အပံ့ရှိကာ ယန်မျိုးနွယ်မှာ မိဖုရားခေါင်ကြီးရှိသည်။ ထို့အပြင် ယခင်ကတည်းက အနည်းငယ် မျက်နှာသာပေးခံရသူများလည်း ရှိရာ ဤသို့ ခွဲဝေလိုက်သောအခါ သူမ ဧကရာဇ်

နှင့် တွေ့ဆုံရသည်မှာ နည်းပါးသွားခဲ့သည်။

ဤသို့ ဆက်သွားလျှင် မဖြစ်ပေ။ သူမသည် အောက်မှ ကိုယ်လုပ်တော်ငယ်များကဲ့သို့ ဆန်းသစ်မှုမရှိတော့ပေ။ သို့ဆိုလျှင် တစ်ယောက်ပြီးတစ်ယောက် နင်းခြေဖယ်ရှားရမည်သာဖြစ်သည်။

ယန်မျိုးနွယ်ကို စောင့်ကြည့်နေသူမှာ စွန်းရှိုးရီတစ်ယောက်တည်း မဟုတ်ပေ။

ယခုအခါ ကျောက်ကျယ်ယွီမှာလည်း စိတ်ထဲတွင် အလွန်မသက်မသာဖြစ်နေသည်။

ယခင်က လူသစ်များ မဝင်လာမီ မိဖုရားခေါင်ကြီးက သူမကို အားသွန်ခွန်စိုက် ထောက်ပံ့ခဲ့ပြီး သူမကိုယ်တိုင်လည်း သစ္စာရှိသည်ဟု ထင်ခဲ့သည်။ ယခုအခါ မိဖုရားခေါင်ကြီးမှာ ပြောင်းလဲသွားပြီး ဤသို့သော ကိုင်တွယ်ရလွယ်ကူသည့် ညီမဝမ်းကွဲတစ်ယောက် ရရှိလာသောအခါ သူမအပေါ် စိတ်မဝင်စားတော့ပေ။

မိဖုရားခေါင်ကြီး၏ ထောက်ပံ့မှုမရှိဘဲ လင်ရှီးဥယျာဉ်သို့ ရောက်သည်မှာ ဤမျှကြာသည့်တိုင် သူမ တစ်ကြိမ်မျှ အဆောင်တော်မဝင်ခဲ့ရပေ။

အရင်တစ်ခေါက်က ကျိုချန်နန်းဆောင်သို့ သွားခဲ့ရာတွင်လည်း ဧကရာဇ်၏ပစ်မှတ်ဖြစ်ခဲ့ပြီး အရှက်ရခဲ့သည်။ ဘယ်လိုလုပ်စိတ်မဆိုးဘဲနေပါ့မလဲ။

သူမသည် ကျယ်ယွီရာထူးသို့ အပင်ပန်းခံ၍ တက်လှမ်းခဲ့ရပြီး နောက်တစ်ကြိမ်ရာထူးတိုးလျှင် ရှိုးအဆင့်ဖြစ်လာမည်ဖြစ်သည်။

နန်ချီတွင် ကိုယ်လုပ်တော်များသည် ကလေးမွေးပြီးမှသာ ထိုရာထူးသို့ တက်လှမ်းနိုင်သည်ဟူသော စည်းကမ်းမရှိပေ။ မျက်နှာသာပေးခံရပြီး ဧကရာဇ်က မြှောက်စားလိုလျှင် ဖြစ်နိုင်သည်။

လက်ရှိအနောက်ဆောင်မှ စွန်းရှိုးရီကိုကြည့်ရမည်ဆိုလျှင် ကလေးမရှိသော်လည်း ရာထူးမှာ ထိုနေရာတွင် ရှိနေသဖြင့် စားဝတ်နေရေးမှာ သူတို့ထက် အဆပေါင်းများစွာ ပိုကောင်းသည်။

ကျောက်ကျယ်ယွီ နားလည်သည်။ မိဖုရားခေါင်ကြီးသည် ယန်မျိုးနွယ်၏ ဝမ်းဗိုက်ကို အသုံးချ၍ ကလေးတစ်ယောက်ရလိုခြင်းဖြစ်သည်။ သို့သော် ကလေးမွေးနိုင်သူမှာ ယန်မျိုးနွယ်တစ်ယောက်တည်း မဟုတ်ပေ။

သူမတွင် ထိုသို့သော မိခင်စိတ်ဓာတ်မရှိပေ။ မိဖုရားခေါင်ကြီးထံ တရားဝင်သားအဖြစ် ပေးအပ်လိုက်လျှင် နောင်တွင် ဧကရာဇ်

ဖြစ်လာသောအခါတွင်လည်း မွေးသမိခင်ကို မကောင်းပြုမည်မဟုတ်ပေ။

......

တစ်ယောက်ပြီးတစ်ယောက် ကြံစည်နေကြရာ ယန်ချိုက်နွီမှာ အရှင်လတ်လတ် သတ်ဖြတ်ရန်အသင့်ဖြစ်သော သိုးငယ်တစ်ကောင်နှင့် တူနေသည်။

သို့သော် ဤအရာအားလုံးမှာ ယဲ့ယွင်နှင့် မသက်ဆိုင်ပေ။ သူမသည် တံခါးပိတ်၍ မိမိဘာသာ နေထိုင်နေသူဖြစ်သည်။

သို့သော် ဤသို့ဖြစ်နေသော်လည်း စိတ်ရှိသူများကမူ အမြဲတစေ ရှာဖွေရောက်ရှိလာတတ်သည်။

လတ်လတ်ဆတ်ဆတ် ဖန်းချိုက်ရန်(ယောင်ပေါင်လင်)သည် မုန့်တစ်ပန်းကန်ဖြင့် ရောက်ရှိလာသည်။

"ညီမတော်ရယ် ဒီချန်းချဲ့ကိုတော့ စိတ်မရှုပ်ပါနဲ့၊ ညီမတော်က ဟင်းချက်ပညာကောင်းတယ်လို့ ကြားလို့ ချန်းချဲ့လုပ်ထားတဲ့မုန့်ကို ညီမတော်ကို မြည်းစမ်းကြည့်စေချင်လို့ ယူလာတာပါ"

ဖန်းချိုက်ရန်က လိုက်ပါလာသော ချီဝမ်ကို မုန့်များခင်းကျင်းရန် ညွှန်ကြားသည်။

ယဲ့ယွင် စိတ်အနှောင့်အယှက်ဖြစ်သော်လည်း ယခုအခါ လူကို တိုက်ရိုက်နှင်ထုတ်နိုင်သည့် အင်အားမရှိသေးရာ ဟန်ဆောင်ပြုံးကာ တစ်ဖဲ့ယူ၍ မြည်းစမ်းကြည့်လိုက်သည်။

"အရသာက မဆိုးဘူး၊ ဒါပေမဲ့ ပူပူလေးစားရင် ပိုကောင်းမယ်ထင်တယ်"

တစ်ခုခုလိုနေသည်ဟု ခံစားရသည်။

ဖန်းချိုက်ရန်၏မျက်နှာတွင် နားမလည်ဟန်ပြကာ မိမိကိုယ်တိုင်လည်း တစ်ဖဲ့မြည်းစမ်းကြည့်ပြီးနောက် ရှက်ရွံ့စွာ ဆိုသည်။

"ချန်းချဲ့ နောက်ကျသွားလို့ပါ၊ အရင်ဆုံး မိဖုရားခေါင်ကြီးဆီကို တစ်ပွဲပို့လိုက်တော့ အချိန်နည်းနည်းကြာသွားတယ်၊ အောက်ကို ယူသွားပြီး နွှေးခိုင်းလိုက်ပါလား၊ အချိန်မကုန်ပါဘူး"

ဤသို့သော ဖော်ရွေမှုကြောင့် လူကို ငြင်းဆန်ရန်ခက်ခဲစေပြီး ယဲ့ယွင်က ချီဝမ်နှင့်အတူ လိုက်သွားရန် လူများကို စေခိုင်းလိုက်သည်။

နှစ်ဦးသား အခန်းထဲတွင် စကားစမြည်ပြောကြရာ အများစုမှာ ဖန်းချိုက်ရန်ကသာ ပြောဆိုနေသည်။

ယဲ့ယွင်မှာ အလွန်စိတ်အနှောင့်အယှက်

ဖြစ်နေသည်။ ထိုယောင်ပေါင်လင်မှာဟန်ဆောင်၍ မိမိဆီသို့ ရက်

အနည်းငယ်ကြာသည်အထိ လာရောက်နေခြင်းမှာ မိမိကိုယ်ပေါ်တွင် ရွှေများရှိနေ၍လား။

ယောင်မျိုးနွယ်မှာလည်း တုံးအသူမဟုတ်ရာ ယဲ့ယွင်က သူမကို မနှစ်သက်ကြောင်း သိသဖြင့် အချိန်အကြာကြီးမထိုင်ဘဲ ပြန်သွားခဲံသည်။

သို့သော် ဤသို့ တစ်ခေါက်လာရုံဖြင့် ယဲ့ယွင်၏အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့သည်။

ဤသည်မှာ နောက်ပိုင်းကိစ္စများဖြစ်ပြီး ယခုအခါ ယဲ့ယွင်မှာ အိပ်ငိုက်နေသဖြင့် နေ့လယ်အိပ်စက်ရန် လိုအပ်သည်။

ညတွင် ယိဝမ်ရုန် အဆောင်တော်ဝင်ရပြီး ဝူမျိုးနွယ်မှာ ယခုအခါ အတော်အတန် မျက်နှာသာပေးခံနေရသည်။ သူမ၏ မျိုးနွယ်မှ ကွမ်ကျိုးသို့ စေလွှတ်လိုက်သော မောင်နှမတစ်ဝမ်းကွဲမှာ အရည်အချင်းရှိသူဖြစ်ပြီး ယခုအခါ ထိုနေရာမှ ကိစ္စရပ်များကို ကောင်းမွန်စွာ စီစဉ်ပြီးစီးပြီဟု ကြားရသည်။

ဤတစ်ကြိမ် နေပြည်တော်သို့ ပြန်ရောက်လျှင် ရာထူးတိုးမြှင့်ခံရမည်မှာ သေချာသည်။

ဝူမိသားစုအပေါ် လေးစားမှုပြသရန်အတွက် နင်ချန်သည် ယိဝမ်ရုန်ကို ရက်အနည်းငယ်ပို၍ မျက်နှာသာပေးရမည်ဖြစ်သည်။

ယဲ့ယွင်မှာ အလျင်မလိုပေ။ ဤနန်းတွင်းဆောင်တွင် ရှေ့ဆုံးမှ ထွက်ပေါ်လာသူမှာ အမြဲတစေ အန္တရာယ်အများဆုံးဖြစ်သည်။ သူမမှာ အခြေမခိုင်သေးရာ အခွင့်ကောင်းကို ဖြည်းညင်းစွာ စောင့်ဆိုင်းနေမည်ဖြစ်သည်။

နောက်တစ်ကြိမ် လူသစ်များ နန်းတော်ထဲဝင်လာရန်မှာ သုံးနှစ်ကြာဦးမည်ဖြစ်ပြီး ဤမျှအချိန်အတွင်း သူမအတွက် နန်းတွင်းဆောင်၏ အခြေအနေကို ကောင်းစွာသိရှိ၍ တစ်နေရာခြေကုပ်ယူနိုင်ရန် လုံလောက်ပေသည်။

........

နောက်တစ်နေ့ ဂါရဝပြုချိန်တွင်အချိန်အတော်ကြာ ပျောက်ကွယ်နေသော လီမိန်ရန်နှင့် ချန်ပေါင်လင်တို့လည်း ရောက်ရှိလာကြပြီး နှစ်ဦးစလုံးမှာ ငုံးငှက်ကဲ့သို့ ငြိမ်

သက်နေပြီး မလှုပ်ရှားကြပေ။

မျက်လုံးများတွင် မကောင်းသော အရိပ်အယောင်များ ရှိနေသေးသော လီမိန်ရန်နှင့် နှိုင်းယှဉ်လျှင် ချန်ပေါင်လင်မှာ အတော်အတန် ရင့်ကျက်လာပုံရသည်။ အနည်းဆုံးတော့ မယ်တော်ကြီးက သူမအား ပေးသနားခဲ့သော ပုတီးစေ့ကို မဝတ်ဆင်တော့ပေ။

အမှန်မှာ ချန်ပေါင်လင်မှာ တုံးအသူမဟုတ်ပေ။ မဟုတ်လျှင် မျိုးနွယ်က သူမကို ရွေးချယ်မည်မဟုတ်ပေ။ သူမသည် နန်းတော်ထဲဝင်စက အလျင်လိုပြီး မာနကြီးလွန်းခဲ့ခြင်းသာဖြစ်သည်။

ယခုအခါ အကျယ်ချုပ်ကျပြီးနောက် အေးဆေးတည်ငြိမ်လာပြီး ပို၍ တည်ငြိမ်လေးနက်လာပုံရသည်။

မိဖုရားခေါင်ကြီးက ကြာပန်းကြည့်ပွဲအကြောင်းကို ထပ်မံပြောဆိုပြီး မျက်နှာတွင် ကြင်နာသည့်အမူအရာအပြည့်ဖြင့်၊

"မင်းတို့နှစ်ယောက်က အရင်က အရှင်မင်းကြီးကို မကျေမနပ်ဖြစ်စေခဲ့ပေမဲ့ ဒီအချိန်အတွင်းမှာလည်း ပြန်လည်သုံးသပ်ပြီးပြီဆိုတော့ စိတ်ထဲမှာ မခံစားနဲ့တော့၊ သန်ဘက်ခါ ကောင်းကောင်းပြင်ဆင်ပြီး အရက်သောက် ကြာပန်းကြည့်ကြ"

ဤသည်မှာ လူအများရှေ့တွင် အနာဟောင်းကို ပြန်ဆွခြင်းပင်ဖြစ်သည်။

လီမိန်ရန်၏မျက်နှာမှာ ရှက်ရွံ့ပြီး အနေရခက်သွားသော်လည်း ချန်ပေါင်လင်မှာမူ တည်ငြိမ်နေသည်။

မိဖုရားခေါင်ကြီးက ချန်မျိုးနွယ်ကို နှစ်ချက်ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။ နောက်တစ်ကြိမ် ဒီညီမဝမ်းကွဲ(ဧကရာဇ်၏ညီမဝမ်းကွဲ)ကို ဤမျှလွယ်ကူစွာ ကြံစည်ရန်မှာ မဖြစ်နိုင်တော့ပေ။

ဤကိစ္စများကို ပြောဆိုပြီးနောက် မျက်နှာသာပေးခံရသူအချို့ အချင်းချင်း ရန်တွေ့ကြပြန်သည်။

ယိဝမ်ရုန်မှာ ဦးစွာပစ်မှတ်ဖြစ်ပြီး စွန်းရှိုးရီမှာလည်း ပါးစပ်သရဲဖြစ်ကာ ရာထူးကလည်း သူမအထက်တွင် ရှိပြီး မျက်နှာသာပေးမှုလည်း မနည်းရာ ယိဝမ်ရုန်ကို ပြန်မပြောနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်။

ယဲ့ယွင်သည် အခါးရည်သောက်ရင်း မုန့်စားရင်း ပျော်ရွှင်စွာ ကြည့်ရှုနေခဲ့သည်။

.......

ဝူထုံနန်းဆောင်မှ ပြန်လာသောအခါ ကျိုင်းရှင်းဆောင်အပြင်ဘက်တွင် ရပ်ထားသော နဂါးရထားလုံးကို တွေ့လိုက်ရသည်။

တံခါးဝတွင် စောင့်နေသော မိန်းမစိုးငယ်က အလျင်အမြန် လာရောက်သည်။

"ဝမ်ရုန်၊ အရှင်မင်းကြီး ရောက်နေတာ အမွှေးတိုင်နှစ်တိုင်စာချိန်လောက် ရှိပါပြီ၊ အခု အတွင်းမှာ စာဖတ်နေပါတယ်၊ အခါးရည်နဲ့ မုန့်တွေလည်း တည်ခင်းပြီးပါပြီ"

"အင်း၊ သိပြီ"

ယဲ့ယွင်က ပြုံးလိုက်ပြီး ဟွေယွဲ့ကို တွဲကာ ဝင်ရန်ပြင်လိုက်စဉ် ရုတ်တရက် လှည့်၍ ထိုမိန်းမစိုးငယ်ကို မေးသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"ဝမ်ရုန်ကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုးနာမည် ရှောင်ရွှင်းဇီပါ"

"နောင်ကို ပိုင်ကျူးလို့ခေါ်မယ်၊ ငါ့ဘေးက မိန်းမစိုးအားလုံးကို မင်းအုပ်ချုပ်၊ ခဏနေရင် ဟွေယွဲ့ဆီမှာ အဝတ်အစားသစ်တစ်စုံ သွားယူလိုက်"

ယဲ့ယွင် စကားဆုံးသည်နှင့် ခြံထဲသို့ ဝင်သွားသည်။

ပိုင်ကျူးကို နောက်တွင် ကျေးဇူးတင်စွာဖြင့် ဦးခိုက်ကျန်ခဲ့စေပြီး နဖူးပင် နီရဲသွားသည်အထိ ဦးခိုက်ခဲ့သည်။

....

အတွင်းသို့ရောက်သောအခါ နင်ချန်သည် စာအုပ်စင်ရှေ့တွင် ရပ်နေသည်ကို တွေ့ရသည်။ လက်တစ်ဖက်တွင် စာအုပ်ကိုင်ထားပြီး လက်တစ်ဖက်ကို နောက်ပစ်ထားကာ ငွေဖြူရောင် ဝါးပုံပါသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ရွှေဖြင့်စီခြယ်ထားသော ကျောက်စိမ်းခါးပတ်ကို ပတ်ထားရာ အလွန်ခန့်ညားလှသည်။

"အရှင်မင်းကြီး ရောက်နေတာကိုး၊ ဒါကြောင့် ချန်းချဲ့က ဝူထုံနန်းဆောင်မှာ ထိုင်နေတုန်းက စောစောပြန်ချင်နေတာ အဆန်းမဟုတ်တော့ဘူးပဲ။”

ယဲ့ယွင်က ပြုံးကာ ရှေ့သို့တိုးပြီး နင်ချန်၏ လက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်သည်။

"ချန်းချဲ့ ရောက်ပြီလေ၊ အရှင်မင်းကြီး ချန်းချဲ့ကိုပဲ ကြည့်ရမယ်၊ အဲ့စာကိုမဖတ်ပါနဲ့တော့"

ထိုမိန်းကလေးက ခေါင်းအနည်းငယ်စောင်းကာ မျက်ခုံးပင့်လျက် အလှတရားများဖြင့် ပြည့်နှက်နေပြီး လှပသော မျက်ဝန်းတစ်စုံမှာ ကွေးညွတ်ပြုံးရယ်နေကာ လှပပြီး ဆွဲဆောင်မှုရှိလှသည်။

နင်ချန်က သူမကို အချိန်အတော်ကြာ ကြည့်နေပြီးနောက်မှ အနေရခက်သွားကာ ယဲ့ယွင်၏ခေါင်းကို လက်ဖြင့် ထိုးလိုက်သည်။

"စည်းကမ်းကိုမရှိဘူး၊ ကျန်းမနက်စာ မစားရသေးဘူး၊ မြန်မြန်ပြင်ဆင်တော့"

"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ချန်းချဲ့က အရှင်မင်းကြီးရဲ့ နဂါးဝမ်းဗိုက်ကို ဘယ်လိုလုပ် ဆာလောင်အောင်မျက်ကွယ်ပြုထားနိုင်မှာလဲ?”

ယဲ့ယွင်က ကျီစယ်စကားတစ်ခွန်းဆိုကာ ပြင်ဆင်ရန် ထွက်သွားသည်။

နင်ချန်ကို ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့စေပြီး ယွမ်ကျိုမှာမူ ရယ်ချင်စိတ်ကို ချုပ်တည်းထားရသည်။

နဂါးဝမ်းဗိုက်???

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -18

အပိုင်း ၁၈ ။ မင်းနေမကောင်းဘူးထင်တယ်

ယဲ့ယွင်လည်း မနက်စာမစားရသေးသဖြင့် အနည်းငယ်ပို၍ ပြင်ဆင်လိုက်သည်။

မှိုနှင့် ပုစွန်ဖက်ထုပ်ပေါင်းတစ်ပွဲ၊ နဂါးမျက်လုံးပေါက်စီတစ်ပွဲ၊သက်သတ်လွတ်ကော်ပြန့်လိပ်၊ ကြက်ဥပေါင်း၊ နှမ်းမုန့်ကြွပ်နှင့် အဓိကအစားအစာမှာ နှင်းပန်းကြာစေ့ဆန်ပြုတ်တို့ဖြစ်သည်။

သူမသည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦး၏ အစားပမာဏကို လျှော့တွက်ခဲ့မိသည်မှာ ထင်ရှားသည်။ နန်းတော်တွင်းမှ အစားအစာများမှာ သေးငယ်လှပစွာ ပြုလုပ်ထားသောကြောင့်လည်း ပါဝင်သည်။ နောက်ထပ် ဖက်ထုပ်ပေါင်းတစ်ပွဲ ထပ်ထည့်မှသာ နဂါးဝမ်းဗိုက်ကို ဖြည့်တင်းနိုင်ခဲ့သည်။

သို့သော် နင်ချန်မှာ အနည်းငယ်များသွားသဖြင့် အစာကြေအခါးရည်ကို ကိုင်ကာ အနည်းငယ် အနေရခက်နေသည်။

"ဒီနေ့လို နေမပူတာကရှားတယ်ရယ်အရှင်မင်းကြီး ချန်းချဲ့နဲ့အတူ အပြင်ထွက်လမ်းလျှောက်မလား၊ ကျိုင်းရှင်းဆောင်ဘေးမှာ ရွှေငါးကန်ရှိတယ်လို့ ကြားတယ်၊ ချန်းချဲ့ ငါးစာကျွေးချင်တယ်"

ယဲ့ယွင်က အလွန်လိမ္မာယဉ်ကျေးစွာ ပြုမူသည်။ သူမလည်း လုယန်ပြော၍ သိရခြင်းဖြစ်သည်။ ကျိုင်းရှင်းဆောင်ခြံဝင်းထဲမှ ရွှေငါးကန်နှစ်ကန်မှာ ထိုကန်ထဲမှ ဖမ်းယူလာခြင်းဖြစ်သည်။

"ဒါဆိုရင် သွားကြတာပေါ့"

နင်ချန်က နားလည်မှုရှိဟန်ဆောင်လိုက်သည်။

နှစ်ဦးသား ထရပ်၍ ထွက်ခွာသွားကြသည်။ အဝေးကြီးမဟုတ်၊ အမွှေးတိုင်တစ်တိုင်လောင်စာချိန်အတွင်း ရောက်ရှိသွားသည်။

ဤနေရာမှာ မှူးမတ်များ အပန်းဖြေရန်အတွက် တည်ဆောက်ထားခြင်းဖြစ်မည်။ ထိုကန်မှာ မကြီးလှဘဲ အပေါ်တွင် ကိုးခွေကွေးတံတားတစ်ခု တည်ဆောက်ထားပြီး အလယ်တွင် အဆောင်လေးတစ်ခုရှိသည်။

ကန်အလယ်တွင် ငါးအများဆုံးဖြစ်ရာ အစေခံများက စောစောကတည်းက လာရောက်ပြင်ဆင်ထားကြသည်။ အဆောင်ထဲတွင် ဖျာခင်းထားပြီး အခါးရည်နှင့် မုန့်များ တည်ခင်းထားကာ ပန်းကန်ငယ်ဖြင့် ငါးစာထည့်၍ စားပွဲပေါ်တွင် တင်ထားသည်။

"ဒီနေရာက ငါးတွေက ပိုလန်းဆန်းတယ်၊ ဒီချန်းချဲ့ရဲ့ ခြံထဲက ကန်က သေးလွန်းလို့ ငါးတွေ စိတ်ကျဉ်းကျပ်နေပုံရတယ်၊ နောက်ကျရင် အဲဒီငါးတွေကိုလည်း ဒီကန်ထဲကို လွှတ်ခိုင်းလိုက်မယ်"

ယဲ့ယွင်က ငါးစာကျွေးရင်းစကားစမြည်ပြောနေခဲ့သည်။

"ဒါမျိုးက အသေးအဖွဲကိစ္စပါပဲ၊ အစေခံတွေကိုပဲ စေခိုင်းလိုက်"

နင်ချန်က သူမဘေးတွင် ရပ်ကာ ကိုယ်လုပ်တော်လေး၏လက်ကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။

ခဏတာကြည့်ပြီးနောက် သူကိုယ်တိုင်လည်း တစ်ဆုပ်ယူ၍ ကြဲချလိုက်သည်။

"အို၊ ချန်းချဲ့တော့ ဒီငါးတွေကို မနာလိုဖြစ်နေပြီ၊ အရှင်မင်းကြီးကိုယ်တိုင် အစာကျွေးတာခံနေရတယ်။"

ယဲ့ယွင်က ရုတ်တရက် မကျေမနပ်ချွဲ့နွဲ့ဟန်ဖြင့်ပြောလာလေသည်။

နင်ချန်၏ လက်များ ရပ်တန့်သွားပြီး ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။ မင်းကိုလည်း ငါကိုယ်တိုင် ကျွေးတာပဲလို့ ပြန်ပြောရမှာလား။

ယခုနန်းတော်ထဲတွင် ဤအမျိုးသမီး၏ စားဝတ်နေရေးအားလုံးမှာ သူပေးထားခြင်းဖြစ်သော်လည်း ဤသို့ပြောလိုက်လျှင် အလွန်... ထူးဆန်းနေမည်ဖြစ်သည်။

ထို့ကြောင့် အကြောင်းအရာကို ပြောင်းလိုက်သည်။

"မင်းကတော့ မနက်စာစားပြီးတာနဲ့ ဗိုက်ဆာနေပြန်ပြီလား၊ ကျန်းကြည့်ရတာ မင်းက အစားကြီးတဲ့ပုံလည်းမပေါ်ပါဘူး။”

ပြောရင်းဖြင့် အကြည့်များမှာ ထိုအမျိုးသမီး၏ ခါးဆီသို့ ရောက်သွားခဲ့သည်။ ထိုနေရာလေးမှာ သွယ်လျပြီး မိုးမခပင်ကဲ့သို့ နူးညံ့လှပေသည်။

ယဲ့ယွင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

"အရှင်မင်းကြီးကတော့ တကယ်ကို စိတ်ဝင်စားစရာမကောင်းဘူး၊ ချန်းချဲ့က အများကြီးမစားရဘူးလား ဟွန့်။”

စကားဆုံးသည်နှင့် လှည့်၍ အခြားတစ်ဖက်တွင် ငါးစာသွားကျွေးကာ ဧကရာဇ်ကို ကျောခိုင်းထားလိုက်သည်။

အစေခံများအားလုံး အသက်အောင့်လိုက်ကြပြီး ခေါင်းငုံ့ကာ အသံမထွက်ဝံ့ကြပေ။ ယဲ့ဝမ်ရုန်၏ ဤမျှရဲတင်းပြီး မလေးမစားပြုမူပုံက မိမိတို့အပေါ် အကျိုးသက်ရောက်မည်ကို စိုးရိမ်နေကြသည်။

နင်ချန်မှာမူ ရယ်စရာကောင်းသည်ဟု ထင်မိပြီး ရုတ်တရက် ဆိုးယုတ်သော အတွေးတစ်ခု ပေါ်လာကာ နောက်မှ သွား၍ ထိုသွယ်လျသော ခါးကို ဖက်လိုက်ပြီး ကာမယစ်မူးနေသူ၏ လေသံဖြင့် ဆိုသည်။

(T/N- မော်ဒန်ခေတ်စကားနဲ့ဆို တို့အရှင်မင်းကြီးက ပလေးဘွိုင်းလေးအထာနဲ့ပြောတာပေါ့နော် >

All Chapters