အခန်း (၂၁-၂၂)
Vol. 2 Ch. 21-22
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-21
အပိုင်း ၂၁ ။ ကျောက်စိမ်းလေးညှင်းပွင့်
ယန်မျိုးနွယ် စိတ်ထဲတွင် မည်သို့ပင် မသက်မသာဖြစ်နေစေကာမူ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ အမှန်တကယ်ဆိုရလျှင် မသက်မသာအဖြစ်ဆုံးမှာ ဧကရာဇ်၏ညီမတစ်ဝမ်းကွဲဖြစ်သူ ချန်ပေါင်လင်ဖြစ်သည်။ ဤလူသစ်လူဟောင်းများ တစ်ယောက်ပြီးတစ်ယောက် ရာထူးတိုးမြှင့်ခံရပြီး သူမအထက်သို့ ရောက်ရှိသွားခြင်း၊ သူမနှင့် တန်းတူဖြစ်သွားခြင်း၊ မည်သို့ပင်ဖြစ်စေ သူမမှာ ကျန်ရစ်ခဲ့သည်။
အမှန်တကယ် ဒေါသထွက်ပြီး ဝမ်းနည်းလှသည်။ သူမသည် တရားဝင်ညီမတစ်ဝမ်းကွဲ မဟုတ်ဘူးလား။ ဘာကြောင့်များ အခြားသူများထက်ပင် ကောင်းမွန်စွာ မနေနိုင်သည့်အပြင် မျက်နှာသာမပေးခံရတာလဲ။
သို့သော် ယခုအခါ သူမမှာ ဘာမှမပြောနိုင်သည့်အပြင် ဧကရာဇ်ကိုလည်းသူမ၏ဝမ်းနည်းမှုကို မမြင်စေနိုင်ပေ။ မဟုတ်လျှင် ဧကရာဇ်က သူမကို ပို၍ မနှစ်သက်တော့မည်ကို အလွန်ကြောက်ရွံ့နေသည်။ ထို့ကြောင့် စိတ်ဓာတ်ကို အားတင်းကာ ပြုံးရွှင်သော မျက်နှာဖြင့် လူအများနှင့်အတူ ယန်ရှိုးယီနှင့် ယန်
ပေါင်လင်ကို ဂုဏ်ပြုစကားဆိုခဲ့သည်။
လူအများ ပျော်ရွှင်နေစဉ်တွင် ယဲ့ယွင်၏နောက်တွင် ထိုင်နေသော ရှချိုက်ရန်၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာသည်။
ချန်ပေါင်လင်မှာ သူမ၏ညာဘက်တွင် ရှိနေပြီး သူမ၏ ပုံမှန်မဟုတ်သောအခြေအနေကို ပထမဆုံး သတိပြုမိသူဖြစ်သည်။
"ရှချိုက်ရန် ဘာများ မသက်မသာဖြစ်လို့လဲ၊ မျက်နှာမကောင်းဘူး"
"ကျွန်မ၊ ကျွန်မ ခုနက နည်းနည်းခေါင်းမူးပြီး ပျို့အန်ချင်တယ်။ အခုလည်း နည်းနည်းဗိုက်ကနာနေတယ်။"
ရှမျိုးရိုးက ဝမ်းဗိုက်ကို ဖိကိုင်ထားပြီး နဖူးတွင် ချွေးစေးများ ထွက်ပေါ်လာသည်။
ချန်ပေါင်လင်၏မျက်နှာမှာ တင်းမာသွားသည်။
"ချိုက်ရန် ကိုယ်ဝန်ရှိနေတာ၊ အကောင်းကြီးကနေ ဘာလို့ ဗိုက်နာရတာလဲ"
ဤစကားမေးထွက်လိုက်သောအခါ အသံမှာ အနည်းငယ်မြင့်တက်သွားပြီး ရှေ့မှ လှုပ်ရှားမှုကို ကြားသိသူများအားလုံး လှည့်ကြည့်လာကြသည်။
နင်ချန်က မျက်မှောင်ကြုတ်သည်။
"ဘာဖြစ်တာလဲ"
ရှမျိုးရိုး၏ နန်းတွင်းသူက အလျင်အမြန် ထရပ်၍ ပြန်ဖြေသည်။
"ကျွန်တော်မျိုးမတို့သခင်မချိုက်ရန် ခုနက ခေါင်းမူးပြီး ပျို့အန်ချင်တာ ပုံမှန်ထက်ပိုဆိုးလာလို့ပါ။ အခုလည်း ဗိုက်နာနေတယ်ပြောပါတယ်။"
"ဒါဆိုရင် ဘာကြောင်ကြည့်နေတာလဲ၊ မြန်မြန် သမားတော်မခေါ်သေးဘူးလား။"
မိဖုရားခေါင်ကြီး ရုတ်တရက်ထိလန်ကာစကားများတင်းမာသွားသည်။ ရှမျိုးရိုးကကိုယ်ဝန်ရှိနေသည်အပြင့် သူမကပွဲစီစဉ်သူဖြစ်သည်။ ဒီနေရာမှာ ဘာပြဿနာမှဖြစ်လို့မရဘူး။
ချက်ချင်း သမားတော်ခေါ်ရန် လူတစ်ယောက်သွားပြီး ကိုယ်လုပ်တော်များလည်း ခွဲခွာသွားကြသည်။ မိဖုရားခေါင်ကြီးက လူများကို ကုတင်ငယ်တစ်ခု ယူလာခိုင်းပြီး ရှချိုက်ရန်ကို ဦးစွာ လှဲလျောင်းစေသည်။
ဤအချိန်တွင် မဆင်မခြင် ရွှေ့ပြောင်းရန် မဝံ့ပေ။ အကယ်၍ ကိုယ်ဝန်ပျက်ကျသွားလျှင် ကိစ္စကြီးဖြစ်သွားမည်ဖြစ်သည်။
လူများအားလုံး တင်းမာနေကြပြီး အထူးသဖြင့် မိဖုရားခေါင်ကြီးနှင့် ချန်ပေါင်လင်တို့ဖြစ်သည်။ သူတို့မှာ တစ်ဦးက ပွဲတော်ကျင်းပသူဖြစ်ပြီး တစ်ဦးက ရှမျိုးရိုးဘေးတွင် ထိုင်နေသူဖြစ်ရာ ပြဿနာဖြစ်ပွားပြီး မိမိတို့အပေါ် အကျိုးသက်ရောက်မည်ကို စိုးရိမ်နေကြသည်။
နန်းတော်ထဲတွင် မည်သူကမျှ ငတုံးမဟုတ်ပေ။ ဤသည်မှာ တစ်စုံတစ်ယောက်က လက်လွန်လိုက်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ မဟုတ်လျှင် ရှချိုက်ရန်၏ ကိုယ်ဝန်မှာ တည်ငြိမ်နေပါလျက် ဘာကြောင့် ရုတ်တရက် ဗိုက်နာရမှာလဲ။
လူများ မည်သို့ပင် ခန့်မှန်းနေစေကာမူ သို့မဟုတ် မည်သူဖော်ထုတ်ခံရပြီး ကံဆိုးမည်ကို မျှော်လင့်နေစေကာမူ သမားတော် စစ်ဆေးပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။
မိဖုရားခေါင်ကြီးက စိတ်ထဲတွင် တစ်ခုသတိရကာ ဧကရာဇ် အမြဲသုံးလေ့ရှိသော သမားတော်လီကို အထူးခေါ်ယူလိုက်သည်။ ဤသည်မှာလည်း မိမိကိုယ်ကို အပြစ်ကင်းကြောင်း သက်သေပြသည့် လုပ်ရပ်ဖြစ်သည်။
သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် သမားတော်လီ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ချိုက်ရန်ရဲ့ ဒီသွေးခုန်နှုန်းက အဆိပ်ရှိတဲ့ပစ္စည်းနဲ့ ထိတွေ့မိပြီး ကိုယ်ဝန်ကို ထိခိုက်မိသွားတာပါ။
"ပန်ကုန်းဆီက မုန့်နဲ့ အခါးရည်တွေအားလုံးက ဂရုတစိုက်စစ်ဆေးထားတာ။ ရှချိုက်ရန် ကိုယ်ဝန်ရှိလို့ အခါးရည်မသောက်သင့်လို့ နွားနို့တောင် ပြောင်းပေးထားတယ်။ ဘယ်လိုလုပ် အဆိပ်ရှိတဲ့ပစ္စည်းပေါ်လာနိုင်မှာလဲ။ တစ်ယောက်ယောက်က ပန်ကုန်းကို ကြံစည်ချင်လို့ပဲ ဖြစ်မယ်။အရှင်မင်းကြီး စုံစမ်းစစ်ဆေးပေးပါ"
မိဖုရားခေါင်ကြီးက အလျင်အမြန် ထရပ်လိုက်သည်။ သူမမှာ အလွန်ဒေါသထွက်နေသည်။ တစ်စုံတစ်ယောက်က သူမ၏နယ်မြေတွင် လက်ဆော့ရဲတယ်တဲ့လား။
ရှမျိုးရိုး၏ ဤကိုယ်ဝန်မှာ ဧကရာဇ်က အတိအလင်းကာကွယ်ပေးရန် အမိန့်ပေးထားခြင်းဖြစ်သည်။ သူမ မည်မျှပင် အခြားသူများအား မမွေးဖွားစေလိုစေကာမူ ဧကရာဇ်၏ အောက်ခြေစည်းကို မထိပါးလိုပေ။
"မိဖုရားခေါင်ကြီး ဒီလောက် ဒေါသမကြီးပါနဲ့။ အပြစ်ကင်းသူက အပြစ်ကင်းမှာပဲ။ မိဖုရားခေါင်ကြီးမလုပ်ရင် ဘယ်သူမှ မိဖုရားခေါင်ကြီးကို မတရားစွပ်စွဲနိုင်မှာမဟုတ်ပါဘူး။"
ကျင်းကျောင်းရီက ညင်သာစွာ ဆိုသော်လည်း မျက်လုံးများမှာမူ မိဖုရားခေါင်ကြီးကို စေ့စေ့စပ်စပ် စိုက်ကြည့်နေပြီး အပြစ်အနာအဆာတစ်ခုခု ရှာဖွေလိုသည့်ပုံပင်။
ထိုစဉ်က သူမ၏ကလေးမှာ ထိုသို့ပင် ဆုံးရှုံးခဲ့ရသည်။ ယနေ့တွင်မူ မိဖုရားခေါင်ကြီး၏ လက်ချက်ဖြစ်ပါစေဟု သူမ ဆုတောင်းနေပြီး အခွင့်အရေးရလျှင် လက်စားချေမည်မှာ သေချာသည်။
"တော်ပြီ၊ အားလုံး ပါးစပ်ပိတ်ထား"
နင်ချန်၏ဒေါသမှာ ထပ်မံထွက်ပေါ်လာပြီး တစ်ကိုယ်လုံးမှာ ဒေါသထွက်လုဆဲဆဲ သားရဲတစ်ကောင်ကဲ့သို့ လူကို ကြောက်ရွံ့စေသည်။
လူများမှာ ဆက်မပြောဝံ့တော့ဘဲ သမားတော်က ရှချိုက်ရန် စားသုံးခဲ့သော အခါးရည်နှင့် မုန့်များကို စေ့စေ့စပ်စပ် စစ်ဆေးနေသည်ကိုသာ ကြည့်နေကြသည်။
"အရှင်မင်းကြီး၊ ဒီပစ္စည်းတွေအားလုံးမှာ ပြဿနာမရှိပါဘူး။"
သမားတော်လီက အမှန်အတိုင်းလျှောက်တင်သည်။
မိဖုရားခေါင်ကြီးမှာ ယခုမှ စိတ်အနည်းငယ်အေးသွားပြီး နင်ချန်၏ စကားသံကို ကြားရသည်။
"ဒါဆိုရင် ရှချိုက်ရန်က ဘယ်ကနေ အဆိပ်ရှိတဲ့ပစ္စည်းနဲ့ ထိတွေ့မိတာလဲ"
"အရှင်မင်းကြီး စိတ်မပူပါနဲ့။ ရှချိုက်ရန် ထိတွေ့မိတဲ့ အရာက မများပါဘူး။ ကိုယ်ဝန်ကို အနည်းငယ်သာ ထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျသည်အထိ မဖြစ်ပါဘူး။ ကျွန်တော်မျိုး စေ့စေ့စပ်စပ် မေးမြန်းပါရစေ။"
သမားတော်လီက မထိတ်မလန့်ဘဲ လက်အုပ်ချီကာ ရှမျိုးရိုးဘက်သို့ လှည့်သည်။
"ချိုက်ရန်ကို မေးပါရစေ၊ ဘယ်အချိန်ကစပြီး မသက်မသာဖြစ်တာလဲ။ ဘယ်လိုလက္ခဏာတွေ ရှိခဲ့လဲ။"
ရှချိုက်ရန်က ခဏတာစဉ်းစားပြီးမှ ဆိုသည်။
"ကျွန်မ ဒီခန်းမထဲကို ဝင်ထိုင်ပြီး ခဏနေတော့ မသက်မသာဖြစ်လာတယ်။ အရင်ဆုံး အရမ်းညင်သာတဲ့ မွှေးရနံ့တစ်ခုရတယ်။ တော်တော်လေးကောင်းတယ်လို့တောင် ထင်မိခဲ့တာ၊ နောက်ပိုင်း ဘယ်လိုဖြစ်မှန်းမသိဘူး။ တဖြည်းဖြည်း ခေါင်းမူးလာပြီး ဗိုက်နာလာတယ်"
အမွှေးနံ့သာဖြင့် ဒုက္ခပေးခြင်းမှာ နန်းတော်ထဲတွင် မရှားပါးရာ လူများအားလုံး နားလည်သွားကြသည်။
မိဖုရားခေါင်ကြီးက ချက်ချင်း သမားတော်အား ကိုယ်လုပ်တော်တစ်ဦးချင်းစီ၏ ကိုယ်ပေါ်မှ အနံ့နှင့် ယူဆောင်လာသော အမွှေးအိတ်၊ ပိုက်ဆံအိတ်စသည်တို့ကို စစ်ဆေးရန် အမိန့်ပေးသည်။
ယဲ့ယွင်ထံသို့ စစ်ဆေးသောအခါ သမားတော်လီက ဦးစွာ သူမ၏ အမွှေးအိတ်ကို အနံ့ခံကြည့်ပြီးနောက် အတွင်းမှ ပစ္စည်းများကို လက်ဖဝါးပေါ်သို့ လောင်းချကာ အနံ့ခံကြည့်ရာ မျက်နှာမှာ အနည်းငယ်တည်သွားသည်။
ယဲ့ယွင်က မျက်မှောင်ကြုတ်ပြီး ချက်ချင်း မမှန်မကန်ဖြစ်နေသည်ကို သတိပြုမိသည်။
"သမားတော်လီကို မေးပါရစေ၊ ကျွန်မရဲ့ဒီအမွှေးအိတ်မှာ ပြဿနာရှိလို့လား"
သမားတော်လီက ထပ်မံအနံ့ခံကြည့်ပြီးမှ ဆိုသည်။
"ယဲ့ဝမ်ရုန်ရဲ့ ဒီအမွှေးအိတ်ထဲမှာ ဘာပန်းတွေ ပါဝင်လဲ"
"စံပယ်၊ နှင်းဆီ၊ ကြာ၊ ပင်စိမ်း၊ ဒေါန၊ လေးညှင်းပွင့်၊ ဒါတွေမှာ ဘာကပြဿနာရှိလို့လဲ။"
ယဲ့ယွင်၏ စိတ်ထဲတွင် မလုံမလဲဖြစ်နေသည်။ ဤပန်းခြောက်များမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အန္တရာယ်မရှိပေ။ သို့သော် ဤသို့ဆိုလျှင် သမားတော်လီက မေးမည်မဟုတ်ပေ။
သို့သော် သူမမှာ ရှမျိုးရိုးကို ဒုက္ခပေးမည်မဟုတ်ရာ အကယ်၍ ပြဿနာဖြစ်ပွားခဲ့လျှင် တစ်စုံတစ်ယောက်က သူမအား မတရားစွပ်စွဲလိုခြင်းဖြစ်မည်မှာ သေချာသည်။
"အရှင်မင်းကြီး"
သမားတော်လီက လှည့်၍ ပန်းခြောက်များထဲမှ အချို့ကို ရွေးထုတ်လိုက်သည်။
"ကြည့်ပါ၊ ဒါက လေးညှင်းပွင့်မဟုတ်ဘူး၊ ကျောက်စိမ်းလေးညှင်းပွင့်ပါ၊ နှစ်မျိုးစလုံးက အလွန်တူညီပြီး ခြောက်သွေ့သွားရင် ပိုပြီး ခွဲခြားရခက်ပါတယ်။ ဒါပေမဲ့ အာနိသင်ကတော့ လုံးဝကွဲပြားပါတယ်။ လေးညှင်းပွင့်က အနွေးဓာတ်ရှိပြီး အစာအိမ်ကို နွေးစေကာ အအေးဓာတ်ကို ဖြေဖျောက်နိုင်ပါတယ်။ ကျောက်စိမ်းလေးညှင်းပွင့်ကတော့ အဆိပ်ရှိပြီး သူ့ရဲ့အနံ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ အားနည်းခြင်းတို့ကို ဖြစ်ပွားစေပြီး ကိုယ်ဝန်ပျက်ကျသည်အထိ ဖြစ်စေနိုင်ပါတယ်"
ဤစကားထွက်ပေါ်လာသည်နှင့် လူများအားလုံး အံ့ဩသွားကြသည်။
"ကောင်းလိုက်တဲ့ ယဲ့မျိုးရိုး၊ နဂါးမျိုးဆက်ကိုတောင် ကြံစည်ရဲတယ်။ ဖမ်းချုပ်ထားလိုက်စမ်း!"
မိဖုရားခေါင်ကြီးက ဒေါသတကြီးဖြင့် ဟစ်ကြွေးကာ စားပွဲကို ရိုက်ထလိုက်သည်။
ယဲ့ယွင်၏ မျက်ဝန်းများမှာ ချက်ချင်းတည်သွားသည်။ အနည်းငယ်ထိတ်လန့်သော်လည်း တည်ငြိမ်နေဆဲဖြစ်ပြီး ချက်ချင်း ဧကရာဇ်ရှေ့သို့ သွား၍ အရိုအသေပြုလိုက်သည်။
"အရှင်မင်းကြီး၊ ချန်းချဲ့နဲ့ ရှချိုက်ရန်မှာ အရင်ကတည်းက ရန်ငြိုးမရှိပါဘူး။ ဘာလို့ သူ့ကို ဒုက္ခပေးရမှာလဲ။ ပြီးတော့ ချန်းချဲ့က အရင်ရောက်ပြီး ရှချိုက်ရန်က နောက်မှရောက်တာ။ သူက ချန်းချဲ့အနီးအနားမှာ ထိုင်မယ်ဆိုတာ ဘယ်လိုလုပ် သေချာနိုင်မှာလဲ။ ဒါတင်မကဘူး၊ ချန်းချဲ့က တကယ်ပဲ ရှချိုက်ရန်ကို တစ်ခါတည်း ကိုယ်ဝန်ပျက်ကျစေချင်ရင် ကျောက်စိမ်းလေးညှင်းပွင့်ကို အများကြီးထည့်သင့်တယ်။ ဘာလို့ ဒီမှာ တစ်နာရီနီးပါးထိုင်နေတာတောင် ရှချိုက်ရန်ကို ကိုယ်ဝန်အနည်းငယ်သာ ထိခိုက်စေရတာလဲ။ အရှင်မင်းကြီး၊ ဒီကိစ္စက ချန်းချဲ့လုပ်တာ လုံးဝမဟုတ်ပါဘူး။ အရှင်မင်းကြီး သေချာစုံစမ်းစစ်ဆေးပေးပါ။"
"မင်းက ရှချိုက်ရန် ကိုယ်ဝန်ရှိတာကို မနာလိုလို့ ဒီလိုဆိုးယုတ်တဲ့ အကြံကိုအကွက်ချတာပဲ။ မင်းက ရှမျိုးရိုးဘေးက လူကို လာဘ်ထိုးထားလား ဘယ်သူသိနိုင်မှာလဲ။ အရှင်မင်းကြီး၊ ယဲ့မျိုးရိုးက နန်းတော်ထဲဝင်လာကတည်းက မာနကြီးပြီး ရိုင်းစိုင်းတယ်။ ချန်းချဲ့ကိုလည်းအကြိမ်ကြိမ်မလေးမစားပြုခဲ့တယ်။ အခုလည်း ဒီလိုမျိုး ကောင်းကင်ဘုံကို စော်ကားတဲ့ ကိစ္စလုပ်ပြန်ပြီ။ အရှင်မင်းကြီး သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
လီမိန်ရန်က အခွင့်အရေးရသည်နှင့် အလျင်စလို ထွက်ပေါ်လာပြီး မျက်လုံးများမှာ အလွန်စိုးရိမ်တကြီးဖြစ်နေကာ ယဲ့ယွင်ကို ထိုနေရာတွင်ပင် သေဒဏ်ပေးလိုသည့်အလား။
ယဲ့ယွင်က လှည့်၍ သူမကို ကြည့်ကာ အေးစက်စွာ ရယ်မောသည်။
"တကယ်လို့ လီမိန်ရန်ပြောသလိုဆိုရင် ချန်းချဲ့က အဲဒီကျောက်စိမ်းလေးညှင်းပွင့်ကို လာဘ်ထိုးထားတဲ့လူကို တိုက်ရိုက်ပေးလိုက်တာ ပိုကောင်းတယ်။ တစ်ခါတည်း ဖော်ထုတ်ခံရအောင်ကိုယ်တိုင် ဒီအမွှေးအိတ်ကို ဆောင်ထားစရာမလိုတော့ဘူး။"
လူအုပ်ထဲတွင် ယောင်ရှန်း၏ မျက်လုံးအောက်ခြေတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
လီမိန်ရန်ကဲ့သို့သော ငတုံးမသည် အမှန်တကယ် အနှောင့်အယှက်ဖြစ်သည်။ အစကတည်းက အသက်မရှည်မည့်သူ၊ ယခုအချိန်တွင် ဘာကြောင့် ရှေ့ထွက်လာရပြန်တာလဲ။ ယဲ့မျိုးရိုးအား ချေပရန် သူမ
မနည်းခေါင်းစားကာအခွင့်အရေးတစ်ခု ဖန်တီးထားတာဖြစ်သည်။
သို့သော် ထိုကျောက်စိမ်းလေးညှင်းပွင့်မှာ ဘာကြောင့် လုံလောက်သော ပမာဏမထည့်ထားရတာလဲ၊ ထိုလူက သူမကို လိမ်ညာရဲတယ်ပေါ့လေ!
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-22
အပိုင်း ၂၂ ။ အစားထိုးခံရသူ
နင်ချန်၏မျက်နှာမှာ ကြောက်မက်
ဖွယ်ကောင်းလောက်အောင် မဲမှောင်
နေခဲ့သည်။
ယခုနေရာတွင်ရှိသော မည်သူ့ကိုမျှ သူ မယုံကြည်ပေ။ သို့သော် ယဲ့ယွင်သည် စစ်ပွဲများ၌ ထူးချွန်စွာစွမ်းဆောင်ခဲ့သော ဖခင်တစ်ဦးရှိရာ အလွယ်တကူ အပြစ်ပေးလိုက်လျှင် အမတ်ဟောင်းများ၏ စိတ်ကို နာကျင်စေမည်ဖြစ်သောကြောင့် စုံစမ်းစစ်ဆေးရန် လိုအပ်သည်။
(T/N ဟယ် ဒီခွေးသား အကုန်အပေါ်ယံတွေ)
"ယွမ်ကျို၊ မင်းလူလွှတ်ပြီး ကျိုင်းရှင်းဆောင်ကို သွားရှာဖွေစမ်း၊ ရှချိုက်ရန်ကို အရင်ဆုံး ဝူထုံနန်းဆောင်ရဲ့ ဘေးဆောင်မှာ အနားယူစေ၊ တခြားသူတွေဒီက တစ်
ယောက်မှ ထွက်မသွားစေနဲ့!"
ဤတစ်ကြိမ်တွင် မိဖုရားကြီးမှာ လုံးဝစိတ်အေးသွားသည်။ အကယ်၍ ဧကရာဇ်က သူမကို မယုံကြည်လျှင် လူကို ဝူထုံနန်းဆောင်သို့ ပို့မည်မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပင် သူမအနားမှ တင်းမားမားနှင့် စုချင်ကို လိုက်ပါသွားစေခဲ့သည်။
စင်မြင့်ပေါ်တွင် အစောကတည်းက တိတ်ဆိတ်ငြိမ်သက်သွားသည်။ နင်ချန်စကားမပြောသရွေ့ မည်သူမျှ အသံမထွက်ဝံ့ပေ။ ယဲ့ယွင်မှာ နင်ချန်၏ရှေ့တွင် ကျောကိုမတ်မတ်ထားကာ အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ ရပ်နေသည်။
နင်ချန်သည် ယဲ့ယွင်ကို အကြိမ်များစွာ ကြည့်ရှုခဲ့ပြီး မျက်ဝန်းထဲမှ စူးစမ်းလိုမှုနှင့် ဖိအားပေးမှုကို အနည်းငယ်မျှပင် မလျှော့ချခဲ့ပေ။ ယဲ့ယွင်စိတ်ထဲတွင် အေးစက်စွာရယ်မောမိလိုက်သည်။ ဧကရာဇ်ဆိုသည်မှာ နေ့စဉ်နေ့တိုင်း မည်မျှပင်ကောင်းမွန်နေစေကာမူ နောက်ဆုံးတွင် သံသယများသူ မယုံကြည်သူများသာဖြစ်သည်။ ယနေ့ အကယ်၍ သူမတွင် ဖခင်နှင့်မိခင်မျိုးရိုးနောက်ခံသာမရှိခဲ့လျှင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တိုက်ရိုက်အပြစ်ပေးခံရမည်မှာ သေချာသည်။
မကြာမီ ယွမ်ကျိုပြန်ရောက်လာပြီး လက်ထဲတွင် အထုပ်ငယ်တစ်ခုကိုင်ကာ လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်လာသည်။ ထိုသူမှာ လုယန်ပင်ဖြစ်သည်။
ဖမ်းဆီးခေါ်ဆောင်လာသော မိန်းမစိုးက လုယန်ကို ကြမ်းတမ်းစွာ မြေပေါ်သို့ ဖိချလိုက်ပြီး ယွမ်ကျိုက ရှေ့သို့တိုးကာ ယူဆောင်လာသော ပစ္စည်းကို သမားတော်လီအား ပြသလိုက်သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒါတွေက ကျောက်စိမ်းလေးညှင်းပွင့်တွေပါ"
သမားတော်လီက အမှန်အတိုင်းလျှောက်တင်ပြီးနောက် ဆက်မေးသည်။
"ယွမ်ကုန်းကုန်း၊ ဒီအထုပ်ငယ်ကလွဲပြီး တခြားရှိသေးလား။"
"မရှိတော့ပါဘူး၊ ကျွန်တော်မျိုး လူလွှတ်ပြီး ကျိုင်းရှင်းဆောင်တစ်ခုလုံးကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။ အဲဒီအစေခံမလေးရဲ့အခန်းထဲမှာ ဒါပဲတွေ့ပါတယ်"
ယွမ်ကျိုမှာ အလွန်စေ့စပ်စွာ စစ်ဆေးခဲ့ရာ လွတ်သွားစရာအကြောင်းမရှိပေ။
နင်ချန်က မျက်မှောင်ကြုတ်သည်။
"ဘာပြဿနာရှိလို့လဲ"
သမားတော်လီက အလျင်အမြန် ဆိုသည်။
"အရှင်မင်းကြီး၊ ဒီကျောက်စိမ်းလေးညှင်းပွင့်က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကိုယ်ဝန်ပျက်ကျစေနိုင်ပေမဲ့ လတ်ဆတ်နေမှသာ အာနိသင်ပြင်းထန်ပါတယ်။ ပန်းခြောက်ဖြစ်သွားရင် ဆေးအာနိသင်က တစ်ဝက်ကျော်ဆုံးရှုံးသွားပါတယ်။ ဒီလောက်နည်းနည်းလေးပဲရှိရင် အကုန်သုံးရင်တောင် လေးငါးရက်လောက် ဆက်တိုက်အနံ့ခံနေမှ ကိုယ်ဝန်ပျက်ကျမှာပါ"
ယဲ့ယွင်အနေဖြင့် ရှချိုက်ရန်၏ဘေးတွင် အမြဲတစေရှိနေပြီး ရှမျိုးရိုးအား ဤအနံ့ကို အတင်းအကျပ်အနံ့ခံခိုင်းရန်မှာ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ယဲ့ယွင်မှာ မတရားစွပ်စွဲခံရခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ယောင်ရှန်းသည် ဤစကားကို ကြားသောအခါ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမ တွက်ချက်တာမှားသွားခဲ့သည်။ ထိုလူက သူမစကားနားမထောင်ခဲ့ပေ။ ကံကောင်းသည်မှာ နောက်တစ်ဆင့်
ပြင်ဆင်ထားခဲ့သောကြောင့်ဖြစ်သည်။မဟုတ်လျှင် ဧကရာဇ်က စုံစမ်းစစ်ဆေးလာလျှင် အဆုံးသတ်ရန် ခက်ခဲသွားပေမည်။
"မင်းငါ့ကို ခစားတာ မကြာသေးပေမဲ့ ငါမင်းအပေါ် ဆိုးရွားတာတစ်ခါမှမလုပ်ဖူးဘူးလို့ ကိုယ့်ကိုယ်ကို ထင်တယ်။ ဘာလို့ဒီလိုလုပ်ရတာလဲ၊ ဘယ်သူက မင်းကို ခိုင်းတာလဲ။"
ယဲ့ယွင်မှာ စိတ်ကောင်းရှိသူမဟုတ်ရာ အနည်းငယ်ဒေါသထွက်လာသည်။ ဤသို့ မတရားစွပ်စွဲသည့် နည်းလမ်းမှာ အလွန်ဉာဏ်တိမ်လှသည်။ အကယ်၍ သူမကို ပစ်မှတ်ထားခြင်းမဟုတ်လျှင် ဘာကြောင့် သူမကိုဆွဲထည့်ရတာလဲ။ သူမကို ဆွဲထည့်ပြီးလျှင် ဘာကြောင့် သူမကို အန္တရာယ်ကင်းစေရန်လွတ်လမ်းထားပေးရတာလဲ။ ဒီကိစ္စတစ်ခုလုံးမှာ သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။
လုယန်မှာ တစ်ကိုယ်လုံးတုန်ယင်နေပြီး မျက်နှာမှာ ဖြူဖျော့နေပြီဖြစ်သည်။
"ကျွန်တော်မျိုးမ မသိပါဘူး။ ဒီပစ္စည်းက ဘာလို့ ကျွန်တော်မျိုးမရဲ့ အခန်းထဲမှာ ပေါ်လာတာလဲ။ ကျွန်တော်မျိုးမ တစ်စက်ကလေးမှ မသိပါဘူး... အား"
အော်သံတစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာနင်ချန်က လုယန်၏ပခုံးကို တိုက်ရိုက်ကန်ချလိုက်ခြင်းဖြစ်သည်။ ဤတစ်ချက်မှာ အားအပြည့်သုံးထားသဖြင့် လူကို လွင့်စင်သွားစေပြီး နာကျင်လွန်း၍ ကွေးကွေးလေးဖြစ်သွားသည်။
"ကျန်း မင်းကို အခွင့်အရေးတစ်ခါ ထပ်ပေးမယ်။ အမှန်အတိုင်းမပြောရင် စီရင်ရေးဝန်ကြီးဌာနရဲ့ အပြစ်ဒဏ်သုံးဆယ့်နှစ်မျိုးထဲက တစ်မျိုးမျိုးကတော့ မင်းပါးစပ်ကို ဖွင့်စေနိုင်မှာပဲ"
"လီမိန်ရန်ပါ၊ လီမိန်ရန်ပါ"
လုယန်မှာ နာကျင်လွန်း၍ သွားများပင် တုန်ခါနေပြီး မျက်ရည်နှင့် နှာရည်များ ရောထွေးသွားသည်။
"ယင်ဟွမ်နဲ့ ကျွန်တော်မျိုးမက ရွာတစ်ရွာတည်းသားတွေပါ။ သူက ကျွန်တော်မျိုးမကို ငွေပေးပြီး ကျွန်တော်မျိုးမ စေ့စပ်ထားတဲ့ သတို့သားလောင်းရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကျွန်တော်မျိုးမ တစ်ခဏတာ အတွေးမှားသွားခဲ့ပါတယ်။ ဒါပေမဲ့၊ ဒါပေမဲ့ ယဲ့ဝမ်ရုန်က ကျွန်တော်မျိုးမအပေါ် အရမ်းကောင်းပါတယ်။ သူက ကျွန်တော်မျိုးမအတွက် တင်တောင်းပစ္စည်းပြင်ဆင်ပေးခဲ့တယ်။ ကျွန်တော်မျိုးမ မရက်စက်ရက်လို့ ကျောက်စိမ်းလေးညှင်းပွင့်ကို အလုံအလောက်မထည့်ခဲ့တာပါ။ အရှင်မင်းကြီး ကျွန်တော်မျိုးမကို အသက်ချမ်းသာပေးပါ။"
ဟွေယွဲ့မှာ ယခုအခါ ကြောက်လန့်လွန်း၍ ချွေးများထွက်နေပြီး ယဲ့ယွင်၏ လက်ကို ကိုင်ထားသည်မှာ အေးစက်နေသည်။ အကယ်၍ မိမိသခင်မက အစပိုင်းတွင် ထိုအမှတ်မထင်စကားတစ်ခွန်းကို မပြောခဲ့လျှင်၊ လက်အောက်ငယ်သားများအပေါ် ဤမျှ ကြင်နာမှုမရှိခဲ့လျှင် ယနေ့တွင်.….
ဟွေယွဲ့မှာ ဆက်မတွေးဝံ့တော့ပေ။ သုံးကြိမ်နှစ်ကြိမ် ဤသို့သော ပြဿနာများဖြစ်ပွားခဲ့ရာ သူမနှင့် နန်ကျစ်တို့မှာ လုံလောက်စွာ သတိကြီးပြီး စေ့စပ်မှုမရှိသေးကြောင်း ထင်ရှားသည်။
"အရှင်မင်းကြီး၊ ချန်းချဲ့ လုံးဝမဟုတ်ပါဘူး။ ချန်းချဲ့ ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ မလုပ်ပါဘူး"
လီမိန်ရန်မှာ အလွန်ထိတ်လန့်သွားပြီး အလျင်အမြန် မြေပေါ်တွင် ဒူးထောက်လိုက်ကာ နင်ချန်၏ ဝတ်ရုံစကို ဆွဲကိုင်လိုသော်လည်း ရှောင်တိမ်းခြင်းခံလိုက်ရသည်။
ယခုအခါ ယွမ်ကျိုမှာ လီမိန်ရန်၏ဘေးမှ အစေခံမလေးနှစ်ယောက်ဖြစ်သော ယင်ဟူနှင့် ယင်ဟွမ်ကိုပါ တစ်ပါတည်း ဖမ်းဆီးချုပ်နှောင်ထားပြီးဖြစ်သည်။
လုယန်က ကြိုးစားရုန်းကန်၍ လှဲလျောင်းဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမဆီမှာ သက်သေရှိပါတယ်။ စားဖိုဆောင်ကို သွားတဲ့လမ်းမှာ ကျောက်စားပွဲတစ်ခုရှိပါတယ်။ အဲဒီကျောက်စားပွဲအောက်ခြေမှာ ထောင့်တစ်ထောင့်ကျိုးနေပြီး ပစ္စည်းနည်းနည်းထည့်ပြီး ဝှက်ထားလို့ရပါတယ်။ ယင်ဟွမ်က အဲဒီထဲကနေပြီး ကျောက်စိမ်းလေးညှင်းပွင့်ကို ကျွန်တော်မျိုးမကို ပေးခဲ့တာပါ"
နင်ချန်က လူလွှတ်၍ စစ်ဆေးခိုင်းရာ အမှန်တကယ်ပင် ထိုသို့ဖြစ်နေသဖြင့် တစ်ခဏအတွင်း လီမိန်ရန်မှာ ချေပနိုင်ခြင်းမရှိတော့ပေ။
"ယုတ်မာတဲ့အစေခံမ၊ ငါ့ကိုတောင် ကြံစည်ရဲတယ်။ ဘယ်သူက နင့်ကို ဒီလိုလုပ်ခိုင်းတာလဲ"
လီမိန်ရန်မှာ ဒေါသထွက်လွန်း၍ ပြေးသွားကာ ယင်ဟွမ်၏လည်ပင်းကို ညှစ်လိုက်ပြီး မျက်လုံးများမှာ နီရဲနေသည်။
အလျင်အမြန် မိန်းမစိုးတစ်ဦးက သူမကို ဆွဲခွာလိုက်သည်။ ယင်ဟွမ်မှာ ညှစ်ခံရသဖြင့် အသက်ရှူမဝဖြစ်နေပြီး ယခုအခါ သေမလောက်ကြောက်နေကာ နောက်ဆုံးတွင် ပါးစပ်ဖွင့်လိုက်သည်။
သို့သော် သူမပြောသည်မှာ ပစ္စည်းကို သူမက လုယန်အား ပေးခဲ့သည်မှာ မှန်သော်လည်း ထိုအရာမှာ ကျောက်စိမ်းလေးညှင်းပွင့်ဖြစ်ကြောင်း မသိခဲ့ဘဲ မိန်းမစိုးငယ်တစ်ဦးက သူမအား ငွေတစ်ရာပေးပြီး လုယန်နှင့် ဆက်သွယ်ကာ ပစ္စည်းအိတ်တစ်အိတ်ကို လုယန်အား ပေးခိုင်းခဲ့ပြီး အခြားဘာမှမသိကြောင်း ပြောဆိုသည်။
"ပေါက်တတ်ကရတွေ ပြောနေတယ်"
မိဖုရားကြီးက ခပ်မာမာအော်လိုက်သည်။
"လီမိန်ရန်က မင်းကို မခိုင်းရင် ဒီနန်းတော်ထဲမှာ ဘယ်သူက ဒီလောက် လျှို့ဝှက်ဆန်းကြယ်နေမှာလဲ။ ပန်ကုန်းနဲ့ အရှင်မင်းကြီးရဲ့ မျက်စိအောက်မှာတောင် ဒီလောက် စွမ်းဆောင်နိုင်နေတာလား။ မင်းပြောတဲ့ မိန်းမစိုးငယ် တကယ်ရှိရင် သူဘယ်လိုပုံစံလဲ"
"သူက ခေါင်းအမြဲငုံ့ထားပြီး လက်စနဲ့ မျက်နှာကို ဖုံးကွယ်ထားလို့ ကျွန်တော်မျိုးမ ရုပ်ရည်ကို မမြင်လိုက်ရပါဘူး"
ယင်ဟွမ်က ငိုယိုကာ ဆိုသည်။
"ရုပ်ရည်လည်း မမြင်လိုက်ရဘူး။ ဘယ်သူမှန်းလည်း မသိဘူး။ ဘယ်သူ့အမိန့်မှလည်း မရှိဘူး။ ဒီနောက်ကွယ်ကလူက နတ်ဘုရား၊ တစ္ဆေ၊ သရဲများလား"
ယန်ရှိုးယီက မျက်လုံးလှန်ကာ မနေနိုင်ဘဲ ဝင်ပြောသည်။
ထိုနေရာတွင်ရှိသော လူများအားလုံးမှာ လင်ရှီးဥယျာဉ်သို့ ပထမဆုံးအကြိမ်ရောက်ဖူးသူများဖြစ်ပြီး ဤနေရာကို မသိကျွမ်းကြရာ ဤမျှစေ့စပ်သေချာစွာဖြင့် တစ်ပြိုင်နက် လူနှစ်ဦးကို ကြံစည်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူအများစုမှာ လီမိန်ရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာယုံကြည်ကြသည်။
ထို့အပြင် လီမိန်ရန်မှာ ရှမျိုးရိုးကို အမြဲအနိုင်ကျင့်လေ့ရှိပြီး အကြိမ်ကြိမ် အေးစက်စွာ လှောင်ပြောင်ခဲ့ကာ ယဲ့ယွင်နှင့်လည်း အလွန်မသင့်မြတ်ရာ ဤအရာအားလုံးမှာ အလွန်ကျိုးကြောင်းဆီလျော်နေသည်။
ထို့အပြင် အခြားသူများမသိသော်လည်း နင်ချန်နှင့် ယဲ့ယွင်မှာမူ နန်းတော်ထဲတွင် ရှိစဉ်က လီမိန်ရန်သည် ယဲ့ယွင်၏ မုယောလက်ဖက်ရည်ထဲသို့ သမင်ချိုစေ့ရောထည့်ခဲ့ပြီး သူမအား ရေရှည်သုံးစွဲစေကာ ခန္ဓာကိုယ်အေးစက်ပြီး ကိုယ်ဝန်မဆောင်နိုင်စေရန် ကြံစည်ခဲ့ဖူးကြောင်း သိရှိကြသည်။
ပြန်လည်မွေးဖွားလာသော ဖန်းချိုက်ရန်
တစ်ဦးရှိနေသည်ကိုတော့ မည်သူမျှ မစဉ်းစားမိခဲ့ပေ။ ယောင်ရှန်းမှာ လင်ရှီးဥယျာဉ်၏ အရာအားလုံးနှင့် ပို၍ရင်းနှီးနေပြီး အရင်ဘဝတွင် သူမသည် မိဖုရားခေါင်ကြီးဖြစ်လာခဲ့ရာ အရာအားလုံးမှာ သူမ၏လက်ထဲတွင် ရှိခဲ့ပြီး အရေးကြီးသော သတင်းအချက်အလက်များကို ကြိုတင်သိရှိထားသဖြင့် ဤအရာအားလုံးကို အစီအစဉ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် မည်သူမျှ မစဉ်းစားမိခဲ့ရာ လီမိန်ရန်မှာ မနာလိုစိတ်ဖြင့် ရူးသွပ်သွားပြီး ယဲ့ဝမ်ရုန်၏လက်ကို အသုံးချ၍ ရှချိုက်ရန်၏ နဂါးမျိုးဆက်ကို ကြံစည်ခဲ့ခြင်းဖြစ်သည်ဟုသာ ယူဆကြသည်။
လီမိန်ရန် မည်သို့ပင် အော်ဟစ်ငြင်းဆိုစေကာမူ အကျိုးမရှိဘဲ နောက်ဆုံးတွင် ဘွဲ့အမည်ကို ရုပ်သိမ်းပြီး သာမန်အရပ်သူအဖြစ်သို့ လျှော့ချကာ အအေးနန်းတော်သို့ ပို့လိုက်သည်။ လုယန်၊ ယင်ဟူ၊ ယင်ဟွမ်တို့မှာမူ စီရင်ရေးဝန်ကြီးဌာနသို့ ပို့ဆောင်ခံရပြီး သေဒဏ်မှ မလွတ်မြောက်နိုင်ပေ။
"ဒီတစ်ကြိမ် ယဲ့ဝမ်ရုန်က မတရားစွပ်စွဲခံရပြီး ထိတ်လန့်ခဲ့ရတယ်ဆိုတော့ မိန်ရန်အဖြစ် ရာထူးတိုးပေးလိုက်"
နင်ချန်က ညင်သာစွာ ဆိုသည်။
(T/N ဒီဧကရာဇ်က အနာပေးလိုက်ဆေးပေးလိုက်လုပ်နေတာ ပါးချခံချင်နေပြီ)
ယဲ့ယွင်မှာ ဂုဏ်ပြုခံရသည်ဖြစ်စေ၊ အရှက်ရသည်ဖြစ်စေ အမူအရာမပြောင်းပေ။
"အရှင်မင်းကြီးရဲ့ ချီးမြှောက်မှုကို လက်ခံပါ့မယ်။”
မတရားစွပ်စွဲခံရပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရာမှ ရာထူးတိုးတစ်ကြိမ်ရရှိခဲ့ရာ ယဲ့ယွင်အတွက် မရှုံးခဲ့ပေ။
ကြာပန်းကြည့်ပွဲတွင် ဤသို့သော ကိစ္စဖြစ်ပွားခဲ့ရာ သဘာဝအတိုင်းဆက်လက်ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လူများအားလုံးမှာ စိတ်အသီးသီးဖြင့် ပြန်သွားကြသည်။
ယဲ့ယွင်သည် ကျိုင်းရှင်းဆောင်သို့ လမ်းတစ်လျှောက်ပြန်လျှောက်လာရင်း ဤကိစ္စမှာ ထိုမျှမရိုးရှင်းကြောင်း၊ လီမိန်ရန်မှာ အစားထိုးခံရသူသာဖြစ်ကြောင်း အမြဲခံစားနေရသည်။
ထို့နောက် လုယန် နောက်ကွယ်မှလူက သူမသတို့သားလောင်း၏ အသက်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု ပြောဆိုခဲ့သည်ကို ပြန်လည်သတိရသွားပြီး မျက်ဝန်းထဲတွင် အမှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားကာ ချက်ချင်း ဟွေယွဲ့အား အပြင်မှ မိခင်ထံသို့ သတင်းပို့စေပြီး လုယန်၏သတို့သားလောင်းကို လူလွှတ်၍ ရှာဖွေစေကာ ထိုအမျိုးသား မကြာသေးမီက ဆက်သွယ်ခဲ့သော လူများအားလုံးကို တစ်ယောက်ချင်းစီ စစ်ဆေးရန် အမိန့်ပေးလိုက်သည်။
***