← Chapters

အခန်း (၃၁-၃၂)

Vol. 2 Ch. 30-32

အခန်း (၃၁-၃၂)

Vol. 2 Ch. 30-32

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-31

အခန်း ၃၁ ။ လျှော့တွက်၍ မရသူ

"ယဲ့မိန်ရန်... နင်..."

မိန်ချိုက်ရန်သည် ဂုဏ်သရေရှိမိသားစုမှ သမီးပျိုတစ်ဦးဖြစ်ရာ ငယ်စဉ်ကတည်းက လက်ခံရရှိခဲ့သော ပညာရေးအရ ဤစကားကို မည်သို့ ပြန်လည်ချေပရမည်ကို အမှန်တကယ် မသိသဖြင့် ခဏတာ ဆွံ့အနေလေသည်။

ဝမ်ဖေးမှာမူ ထိန်းချုပ်မနေဘဲ ရယ်သံလေးထွက်ကာ လက်ကလေးအုပ်၍ရယ်မောလိုက်လေသည်။

"အရင်ကတည်းက ယဲ့မိန်ရန်က စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူလို့ ကြားဖူးတယ်။ ဒီနေ့ တွေ့လိုက်မှ တကယ်ကို ထူးခြားတဲ့သူလေးပဲ။"

"မယ်မယ်က ချန်းချဲ့ကို မြှောက်ပင့်လွန်းနေပါပြီ။ လက်မခံဝံ့ပါဘူး။ ချန်းချဲ့က စိတ်ထဲမှာ သံသယဖြစ်မိလို့ မိန်ချိုက်ရန်ဆီက အဖြေတောင်းခံကြည့်ချင်ရုံလေးပါပဲ။"

ယဲ့ယွင်သည် ဝမ်ဖေးကို ရင်ဆိုင်ရာတွင် ပြုံးနေဆဲဖြစ်သော်လည်း သူမ၏မျက်ဝန်းထဲမှ အေးစက်သော အငွေ့အသက် အနည်းငယ်ကမူ သူမကို ခပ်လွယ်လွယ်ဆက်ဆံလို့မရသူဖြစ်ကြောင်း ထင်ရှားစေလျက် ရှိ၏။

မိန်ချိုက်ရန်၏မျက်နှာသည် နီရဲတက်လာပြီး စကားတစ်လုံးမျှ မဆိုနိုင်ဘဲ လက်ထဲမှ ပဝါစကို လိမ်ကျစ်နေလျက် စိတ်ထဲတွင် ဒေါသထွက်၍ သေမတတ်ပင် ဖြစ်နေခဲ့သည်။

နင်ချန်သည်လည်း ရယ်ချင်စိတ်ကို ထိန်းထားသော်လည်း ဧကရာဇ်တစ်ဦးအနေဖြင့်အခြေအနေကို ဝင်ထိန်းရလေသည်။

"တော်ပြီ၊ မင်းက တကယ်ကို ဘယ်နေရာရောက်ရောက် လူတိုင်းကို အနိုင်မခံဘူးပဲ။ ဘယ်သူမှ မင်းကို နိုင်အောင်မပြောနိုင်ဘူး။ မိန်ချိုက်ရန်၊ မင်း မယ်တော်ကြီးဆီ သွားမှာဆိုရင် မြန်မြန် သွားတော့လေ။ အဲ့ဒီပန်းတွေလည်း ခူးပြီးလောက်ရောပေါ့။"

စိတ်ထဲတွင် မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ ဤအချိန်တွင် မျက်နှာပျက်ရမည့် အခြေအနေ ဖြစ်နေပြီဖြစ်ရာ ဆက်နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ မိန်ချိုက်ရန်သည် ထွက်ပြေးသွားသကဲ့သို့ပင် လျင်မြန်စွာထွက်ခွာသွားလေသည်။

သူမ ထွက်သွားပြီးနောက် ဝမ်ဖေးသည်လည်း ထရပ်လိုက်သည်။

"အရှင်မင်းကြီး၊ ဒီချန်းချဲ့ ထွက်လာတာ အချိန်နည်းနည်းကြာသွားပြီဆိုတော့ နည်းနည်း ပင်ပန်းလာသလို ခံစားရလို့ အရင် နှုတ်ဆက်ခွင့်ပြုပါဦး။"

နင်ချန်က ခေါင်းညိတ်လိုက်သည်။ "အင်း၊ မင်း ပြန်ပြီး အနားယူတော့လေ။ ကျန်း အားရင် မင်းကို လာကြည့်မယ်။"

ဝမ်ဖေး ထွက်သွားသောအခါ၊ ယဲ့ယွင်၏စိတ်ထဲတွင်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အကယ်၍ ဝမ်ဖေးသာ မပြန်လျှင် ထွက်သွားရမည့်သူမှာ သူမပင် ဖြစ်ပေမည်။

မျက်နှာသာပေးခံရသော မိဖုရာတစ်ပါးဦး၏ တွန်းထုတ်ခြင်းကို ခံရသည်မှာ မျက်နှာပျက်စရာ မဟုတ်သော်လည်း၊ သူမသည်လည်း မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်၏နေရာကို ဦးတည်နေသူ ဖြစ်ရာ မျက်နှာမပျက်ရလျှင် အကောင်းဆုံး ဖြစ်၏။

သို့မဟုတ်လျှင် အခြားသူများက မိန်ချိုက်ရန်ကို နှင်ထုတ်နိုင်ခဲ့သော်လည်း သူမကိုယ်တိုင်က ဝမ်ဖေး၏ နှိုင်းယှဉ်ခြင်းကို ခံလိုက်ရသည် မဟုတ်လားဟု ပြောဆိုကြမည်ကို စိုးရိမ်ရသည်။

နင်ချန်သည် မထိန်းနိုင်ဘဲကိုယ်လုပ်တော်လေး၏လက်ကလေးကို ညှစ်လိုက်သည်။

"ဒီလောက်တောင် သူများကို အနိုင်ကျင့်နိုင်ရသလား။"

ယဲ့ယွင်သည် နှာမှုတ်လိုက်ပြီး မျက်စောင်းလေး ထိုးလိုက်ပုံမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။

"အရှင်မင်းကြီးရဲ့ ဝမ်းကွဲညီမတော်လေးကို သနားသွားတာလား။"

နင်ချန်သည် အခါးရည် တစ်ငုံကို သောက်လိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။"

အကယ်၍ သူသာ အမှန်တကယ် ဝမ်းကွဲညီမတော်ဘက်မှနေပါက ထွက်သွားရမည့်သူမှာ ဝမ်းကွဲညီမတော် ဖြစ်မည် မဟုတ်ပေ။

ယဲ့ယွင်သည် နှုတ်ခမ်းထောင့်လေးများကွေးအောင်ပြုံးလိုက်ပြီး ရုတ်တရက် ထရပ်လျက် စားပွဲဝိုင်းငယ်လေးကို ကျော်ကာ ထိုချောမောသော မျက်နှာပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။

"ချန်းချဲ့ သိပါတယ်။ အရှင်မင်းကြီးက ဒီချန်းချဲ့အပေါ် အကောင်းဆုံးပါပဲ။"

ပတ်ဝန်းကျင်မှ အစေခံများအားလုံး အလျင်အမြန် လှည့်ထွက်သွားကြပြီး ခုနကမြင်ကွင်းကိုပြန်မကြည့်ရဲကြပေ။

နင်ချန်သည် သူ့မျက်နှာမှာ မီးစဖြင့်ထိလိုက်သကဲ့သို့ ရုတ်တရက် အလွန် ပူလောင်သွားသည်ဟု ခံစားလိုက်ရပြီး အခါးရည်ကို နောက်ထပ် နှစ်ငုံမျှ ဆက်တိုက် သောက်သုံးလိုက်သည်။

ဤသို့ ခဏမျှ ကစားပြီးနောက် နေ့လယ်စာ စားချိန်သို့လည်း နီးကပ်လာပြီ ဖြစ်သည်။ ဤဥယျာဉ်သည် ကျိုက်ရှင်းဆောင်နှင့် ပို၍ နီးကပ်သဖြင့်၊ ကျန်းချန်နန်းဆောင်သို့ ပြန်မသွားတော့ပေ။

......

အခြားတစ်ဖက်တွင်မူ ဝမ်ဖေးသည် ယွီလန်ဥယျာဉ်သို့ ပြန်ရောက်နေပြီ ဖြစ်ပြီး၊ အစေခံမလေးက ခြေထောက် နှိပ်နယ်ပေးသည်ကို ခံယူလျက် ရှိသည်။

လရင့်လာသောအခါ ခြေထောက်များ နာကျင်ကိုက်ခဲပြီး ရောင်ရမ်းလာခြင်းကို ရှောင်လွှဲ၍ မရပေ။

ပိုင်လု ၏ မျက်နှာတွင် အနည်းငယ် မကျေမနပ် ဖြစ်နေသည်၊ "မယ်မယ်၊ ဒီနေ့ ဘာလို့ ထွက်လာခဲ့တာလဲ။ အရှင်မင်းကြီး မယ်မယ့်ကို အဖော်မပြုပေးတာ နှစ်ရက်တောင် ရှိပြီလေ။"

ဝမ်ဖေးသည် ခေါင်းကို လက်ထောက်ထားလျက် မျက်လုံးမှိတ်ကာ အနားယူနေသည်။ "ပန်းကုန်းက မပြန်ဘဲ ဟိုမိန်ချိုက်ရန်လိုမျိုး လူမုန်းခံရအောင် နေရမှာလား။"

ပိုင်ရွှမ်သည် ပိုင်လုနေရာသို့ ဝင်ရောက်ကာ ခြေထောက်များကို ဆက်လက် နှိပ်နယ်ပေးသည်။ "မိန်ချိုက်ရန်က အစကတည်းက အရှင်မင်းကြီးရဲ့မျက်နှာသာပေးမှုကို မရတဲ့သူလေ။ မယ်

မယ့်လို ဖေးတစ်ပါးနဲ့ဘယ်လို ယှဉ်လို့ ရမှာလဲ။"

ဝမ်ဖေးကမူ ခေါင်းခါလိုက်သည်။

"ဒီနေ့ယဲ့မိန်ရန်က အရှင်မင်းကြီးကို အဖော်ပြုနေတာ။ ပန်းကုန်းက ဘာလို့ သူ့နဲ့ သွားပြီး ပြိုင်ဆိုင်ရမှာလဲ။ အလကားသက်သက် လူကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ရန်သူတိုးစေရုံပဲ ရှိတယ်။ အခုဆိုအနောက်ဆောင်

ကလူတွေဘယ်လောက်တောင်ပန်းကုန်းရဲ့ ဗိုက်ကိုကြည့်ပြီး အခဲမကျေဖြစ်နေကြလဲမသိဘူး။ အခုလိုအချိန်မှာ ပြဿနာမရှာတာပိုကောင်းတယ်။ ပြီးတော့..."

ဤနေရာသို့ ရောက်သောအခါ၊ ဝမ်ဖေးသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ပြုံးရိပ်လေး တစ်

ချက် ပေါ်လာသည်။

"ပြီးတော့ ယဲ့ယွင်ကိုလည်း လျှော့တွက်လို့ မရဘူး။ ကိုယ့်အကြောင်း ကိုယ်သိ၊ သူ့အကြောင်း သူသိမှ တိုက်ပွဲတစ်ရာကို အနိုင်တိုက်နိုင်မှာ။ ပန်းကုန်း သူ့အကြောင်းကို များများစားစား မသိသေးဘူး။ ဘာလို့ အလျင်စလို လုပ်ဖို့ လိုမှာလဲ။"

"မယ်မယ်က ယဲ့မိန်ရန်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။ သူက မျိုးရိုးမြင့်အဆင့်အတန်း ကောင်းတယ် ဆိုပေမဲ့ အခု အိမ်မှာ ဘယ်သူမှ မရှိတော့ဘူး။ အရင်ကဆို ပထမမင်းသား (နင်ကျယ်) ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့တောင် နည်းနည်းလေးပဲ လိုတော့တာ..."

ဝမ်ဖေးသည် ပိုင်ရွှမ်၏စကားကို အေးစက်သောအသံဖြင့် ဖြတ်ပြောလိုက်ပြီး ခပ်သာသာထထိုင်လိုက်သည်။

"တော်ပြီ၊ ဒီလိုစကားမျိုး နောင်ကျရင် ထပ်မပြောနဲ့တော့။ ယဲ့မိန်ရန်က နှောင်းဧကရာဇ်က အရှင်မင်းကြီးကို ချီးမြှင့်ပေးခဲ့တဲ့ လက်ဆက်ပွဲပဲ။ မင်းတို့တွေ အတင်းအဖျင်း ပြောခွင့် မရှိဘူး။ တကယ်လို့ သူက တကယ်ပဲ မိုက်မဲတဲ့သူ ဆိုရင် အရှင်မင်းကြီးက အရင်က သူ့ကို အဲ့ဒီလောက်တောင် မနှစ်သက်ခဲ့တာ၊ အခု အဖော်ပြုခွင့် ရနိုင်ပါ့မလား။ အဲ့ကတည်းက ယဲ့မိန်ရန်ကို လျော့တွက်လို့မရဘူး။ သူမမှာ နည်းလမ်းတွေရှိလောက်တယ်။ သူ့အကျင့်စရိုက်က အပေါ်ယံမြင်ရသလို မောက်မာတာမျိုးလည်း မဟုတ်ဘူး။"

အစေခံမလေး နှစ်ယောက်လုံး အလျင်အမြန် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ "ကျွန်တော်မျိုးမ စကားပြောမှားသွားပါတယ်။ နောင်ကျရင် သေချာပေါက် သတိထားပါ့မယ်။"

"တော်ပြီ၊ ပန်ကုန်း စားချင်စိတ်မရှိဘူး။ နေ့လယ်စာကို နောက်မှပဲ စားတော့မယ်။ အရင်ဆုံး ခဏ အိပ်လိုက်ဦးမယ်။"

ဝမ်ဖေးသည် ပင်ပန်းနွမ်းနယ်စွာ လက်ကာပြလိုက်ရာ အစေခံမလေးများကလည်း သဘောတူလိုက်ပြီး သူမကို အတွင်းခန်းဆောင်သို့ သတိကြီးစွာဖြင့် ထူမကာ လဲလျောင်းစေသည်။

.......

ထိုအချိန်တွင် ကျိုက်ရှင်းဆောင်ထဲ၌မူ ယဲ့ယွင်သည် အရသာရှိလှသော ပုစွန်စပ်ဟင်းကို မြိန်ရှက်စွာ စားသုံးလျက် ရှိ၏။

နင်ချန်သည်လည်း အစပ်စားနိုင်ရာ နှစ်ဦးသား ပန်းကန်ကြီး နှစ်ပန်းကန်စာကို ပူးပေါင်း၍ စားသောက်ပစ်လိုက်ကြလေသည်။

ပုစွန်များမှာ အစေခံများက အခွံခွာထားပြီးသား ဖြစ်သဖြင့် ကိုယ်တိုင် ပြုလုပ်ရသော ပျော်ရွှင်မှု အနည်းငယ် လျော့နည်းသွားသော်လည်း စားသုံးရသည်မှာမူ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

အစာကြေအခါးရည် နှစ်ခွက် သောက်ပြီးနောက် ယဲ့ယွင်သည် အိပ်ငိုက်လာသည်။ သူမ၏နားထင်ကို နှိပ်နယ်ရန် လက်မြှောက်လိုက်စဉ် သူမ၏ကိုယ်ပေါ်မှ အဆီနံ့တစ်ခုကို ရရှိလိုက်သည်။

၎င်းကို သူမ မခံမရပ်နိုင် ဖြစ်သွားပြီး နေ့လယ်ခင်းကြီးတွင် ခေါင်းလျှော် ရေချိုးရန် တောင်းဆိုလေတော့သည်။

ဤသို့ ပြုလုပ်လိုက်ရာ နင်ချန်သည်လည်း မဆေးကြောဘဲ မနေရဲတော့ပေ။ မလုပ်

လျှင်ဧကရာဇ်ဖြစ်တဲ့သူက တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသကဲ့သို့ ဖြစ်သွားမယ်

မဟုတ်လား။

ထို့ကြောင့် အစေခံများက ရေများ ခပ်လာပေးကြပြီး နှစ်ဦးသား သီးသန့်စီ ဆေးကြောသန့်စင်ကြသည်။

နင်ချန် ထွက်လာသည့်အခါ ယဲ့ယွင်သည် စင်္ကြံလမ်းအောက်မှ အလှခုတင်ပေါ်တွင် လဲလျောင်းလျက် အစေခံမလေး၏ ဆံပင်သုတ်ပေးခြင်းကို ခံယူနေသည်ကို တွေ့လိုက်ရသည်။

ယဲ့ယွင်သည် ပြုံးစိစိဖြင့် လက်ယပ်ခေါ်လိုက်သည်။ "အရှင်မင်းကြီးလည်း လာပြီး လှဲလျောင်းပါလား။ ဒီနေရာက လေတိုက်တယ်၊ မပူဘူး။"

သူမ၏ အလွန်ပင် သက်သောင့်သက်သာရှိသော အမူအရာကို မြင်သောအခါ နင်ချန်သည်လည်း ဘာလို့မှန်းမသိဘဲ သဘောတူလိုက်မိသည်။

အစေခံများက ခုတင်တစ်လုံးကို ထပ်မံ ယူဆောင်လာပြီး သူတို့နှစ်ဦးကို ဘေးချင်းကပ် လဲလျောင်းစေကာ အတူတူ ဆံပင်သုတ်ပေးကြသည်။

ဤသို့ လေဖြင့် အခြောက်ခံရင်း အမွှေးတိုင် နှစ်တိုင်ခန့် ကြာအောင် လဲလျောင်းပြီးနောက် ယဲ့ယွင်သည် မှိန်းကနဲ အိပ်ပျော်သွားခဲ့သည်။ နင်ချန်သည်လည်း အလွန် အိပ်ငိုက်နေသော်လည်း အပြင်ဘက်တွင် အိပ်စက်ရန်မှာ မကောင်းသဖြင့် ထရပ်ကာ ယဲ့ယွင်ကို အတွင်းခန်းဆောင်သို့ ပွေ့ချီသွားရလေသည်။

နှစ်ဦးသား၏ဆံပင်များမှာ ခြောက်သွေ့သွားပြီ ဖြစ်သော်လည်း မစည်းနှောင်ရသေးဘဲ ဤအတိုင်းပင် အတူတကွ လဲလျောင်းနေကြသည်။

အစေခံများက အနှောင့်အယှက် မပေးရဲဘဲ အခန်းထဲတွင် ရေခဲခွက်များကို နေရာချထားပြီးနောက် အားလုံး ထွက်ခွာသွားကြသည်။

တစ်ရေးတည်း ရှန်အချိန် (ညနေ ၃ နာရီ) အစပိုင်းအထိ အိပ်ပျော်သွားခဲ့သည်။ နင်ချန်က အရင် နိုးထလာခဲ့သည်။ အခန်းထဲမှ ရေခဲခွက်များ အရည်ပျော်သွားသဖြင့် အနည်းငယ် ပူအိုက်လာသည်ကို ရှောင်လွှဲ၍ မရပေ။

မျက်လုံး ဖွင့်လိုက်သည်နှင့် ထိုသေးသွယ်သောကိုယ်လုံးလေးသည် သူ့ဘက်သို့ မျက်နှာမူလျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ထိုမိန်းမပျိုလေးသည် အလှမပြင်ထားဘဲ ကွေးညွတ်နေသောမျက်ခုံးလေးနှစ်ဖက်မှာ မင်ဖြင့် ရေးဆွဲထားသကဲ့သို့ လှပပြီး လိပ်ပြာတောင်ပံကဲ့သို့ ထူထဲကော့ပျံနေသော မျက်တောင်များမှာ ငြိမ်သက်စွာ ခင်းကျနေလျက် လှပသော အလင်းအရိပ်တစ်ခုကို ဖန်တီးနေသည်။ ကျောက်စိမ်းကဲ့သို့ သေးသွယ်သော နှာတံလေး၏ထိပ်တွင် ချွေးစက်သေးသေးလေးများ ရှိနေပြီး နံနက်ခင်း ပန်းဝတ်ဆံပေါ်မှ နှင်းစက်လေးများနှင့် တူလှသည်။ ပတ္တမြားရောင် နှုတ်ခမ်းများမှာ ကြည်လင်တောက်ပပြီး နူးညံ့အိစက်နေကာ လူကို တစ်ချက်ကိုက်

လိုက်ချင်စိတ် ပေါက်သွားစေသည်။

(T/N - နှာခေါင်းထိပ်ကချွေးစက်တွေကိုတောင် နှင်းစက်လေးနဲ့တူတယ်တဲ့။ ဒီဧကရာဇ်ကတော့ ဖောရှောလုပ်ပြန်ပြီ။)

တစ်ချက် ကိုက်လိုက်... ဤသို့ တွေးမိသောအခါ နင်ချန်သည် မိမိကိုယ်မိမိ လန့်သွားပြီး ထို မယုံနိုင်ဖွယ်ရာ အတွေးကို ဖိနှိပ်ထားရန် အလျင်အမြန် ကြိုးစားလိုက်သည်။ သို့သော် ပို၍ ဖိနှိပ်လေ၊ ပို၍ တွေးမိလေ ဖြစ်ကာ၊ ပထမဆုံးအကြိမ် အတူနေစဉ်က ဤအမျိုးသမီးက သူ့ကို တစ်ချက် ကိုက်ခဲ့သည်ကိုပင် သတိရသွားသည်။

ဤသို့ တွေးမိသောအခါ နစ်နာသွားသည်ဟု ခံစားလိုက်ရပြီး နောက်ဆုံးတွင် ဘာလို့မှန်းမသိဘဲ ထိုနီရဲသော နှုတ်ခမ်းများပေါ်သို့ ကိုက်ချလိုက်မိသည်။

"အင့်—"

ယဲ့ယွင်သည် နာကျင်မှုကြောင့် နိုးလာပြီး မျက်လုံး ဖွင့်လိုက်သည်နှင့် သူမ၏ရှေ့မှ ကြီးမားနေသော၊ ထွက်ခွာသွားရန် အချိန်မမီလိုက်သေးသော ချောမောသည့် မျက်နှာကို တွေ့မြင်လိုက်ရသည်။

နာကျင်မှုသည် နှုတ်ခမ်းပေါ်မှ စတင်လာပြီး ချက်ချင်းပင် အိပ်ရာမှနိုးစ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

စိတ်ထဲတွင်တော့ 'ဒီခွေးလို ယောက်ျားက ရူးနေတာလား' ဟု ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူမ၏ ကိုယ်သည် ပို၍ပင် လျင်မြန်စွာ၊ အားနာခြင်းမရှိဘဲ လှည့်ကာ နင်ချန်၏အပေါ်သို့ ခွတက်လိုက်သည်။

၎င်းသာမကသေး နင်ချန်၏လက်နှစ်ဖက်ကိုပါ ဖိချုပ်ထားလိုက်ပြီး ရန်ဖြစ်တော့မည့် အမူအရာမျိုး ပေါ်ပေါက်နေသည်။

"အရှင်မင်းကြီးက ခွေးမျိုးခွေးနွယ်လည်း မဟုတ်ဘဲနဲ့ ဘာလို့ အိပ်နေတဲ့လူကို လိုက်

ကိုက်နေရတာလဲ။"

(T/N - သမီးရယ် ခွယုံတင်မကဘူးခွေးမျိုးခွေးနွယ်ပါ သွားပြောရသလား 🤌🏻)

သူ့နည်းသူ့ဟန်ဖြင့် ပြန်လည်ကုသသည်ဟု ဆိုကြသည့်အတိုင်း မူလကပင် အိပ်ရာမှ နိုးစဖြစ်၍ ဝေဝါးနေသေးသည့်အပြင် ဒေါသထွက်ကာ စိတ်လိုက်မာန်ပါ ဖြစ်နေသဖြင့် ယဲ့ယွင်သည် များများစားစား မတွေးဘဲ တစ်ချက် ပြန်ကိုက်ချလိုက်သည်။

ဤအချိန်အဆမသိသော ကိုက်ချက်ကြောင့် နင်ချန်၏အောက်နှုတ်ခမ်းမှာ ပေါက်သွားလေသည်။

ဤသည်က နင်ချန်ကို အလွန် ဒေါသထွက်သွားစေသည်။ ဂုဏ်သိက္ခာကြီးမားလှသော ဧကရာဇ်တစ်ပါးက ဒီလို အရှက်ခွဲခံရမှာလား။

ယဲ့ယွင်သည် မိန်းကလေးတစ်ဦး ဖြစ်သဖြင့် အားအင် နည်းပါးရာ မကြာမီပင် ပြန်လည်ချုပ်နှောင်ခြင်း ခံလိုက်ရသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ချုပ်နှောင်ခံရရုံမျှသာ မဟုတ်တော့ပေ။

နင်ချန်သည် သူမ၏နှိုးဆော်မှုကြောင့် စိတ်ထဲတွင် မီးတစ်စ တောက်လောင်လာပြီး နေ့ည မခွဲခြားတော့ဘဲ ထို စိတ်ဆန္ဒအတိုင်းပင် လူကို စားသုံးပစ်လိုက်လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-32

အခန်း ၃၂ ။ အိုးအောက်မှ ထင်းကို ဆွဲထုတ်ခြင်း

ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ပြီးဆုံးသွားပြီးနောက် နေ့ဘက်က ရေချိုးခဲ့ရသည်မှာ အချည်းနှီး ဖြစ်သွားလေသည်။

နင်ချန်သည် သူ့ခေါင်းကို ယဲ့ယွင်၏ ပခုံးပေါ်တွင် မြှုပ်နှံထားပြီး ပူလောင်သော ချွေးစက်များ ကျဆင်းလာကာ ယဲ့ယွင်၏ကိုယ်ပေါ်မှ ချွေးစက်များနှင့် ရောနှောသွားသည်။ နှစ်ဦးသား အသက်ရှူမဝ ဖြစ်လျက်၊ ခန္ဓာကိုယ်များမှာ ပျော့ခွေနေကြသည်။

အဆိုးဆုံးမှာ ခုတင်ပေါ် မတက်မီ ဆံပင်များကို မစည်းနှောင်ခဲ့သဖြင့် ဤအချိန်တွင် သူတို့နှစ်ဦး၏ ဆံပင်ရှည်များမှာ ရစ်ပတ်နေပြီး အလွန်ပင် မသက်မသာ ဖြစ်နေကြသည်။

ယဲ့ယွင်သည် လက်မြှောက်ကာ ထိုယောက်ျားကို တစ်ချက် တွန်းလိုက်သည်။

"အရှင်မင်းကြီး၊ မြန်မြန် ထပါတော့။ ချန်းချဲ့ ပခုံးတွေတောင် နာနေပြီ။"

နင်ချန်သည် မလိုလားစွာဖြင့် ကိုယ်ကို ထောက်ကာ ထလိုက်ရာ သူ၏ ဖီးနစ်မျက်ဝန်းများထဲတွင် မပြယ်သေးသော စိတ်လှုပ်ရှားမှု အငွေ့အသက်များ ကျန်ရှိနေသေးသည်။

နှစ်ဦးသား၏ ရစ်ပတ်နေသော ဆံပင်များကို မြင်သောအခါ သူ့စိတ်ထဲတွင် မဖော်ပြနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သူက ကြောင်ငေးနေဆဲ ဖြစ်သည်ကို မြင်သောအခါ ယဲ့ယွင်သည် ထို

တောင့်တင်းသော ခါးကို တစ်ချက် ဆွဲညှစ်လိုက်သည်။

နင်ချန်သည် နာကျင်သွားသဖြင့် ချက်ချင်း ဒေါသထွက်လာသည်၊

"အင့်— ယဲ့ယွင်၊ မင်း။"

သူသည် လက်မြှောက်ကာ ထိုအမျိုးသမီး၏ ရင်သားပေါ်မှ နူးညံ့သောနေရာကို ပြင်းပြင်းတစ်ချက် ညှစ်လိုက်ပြီး၊ လျင်မြန်စွာ ဝတ်ရုံတစ်ထည်ကို ဆွဲယူဝတ်ဆင်လျက် ခုတင်ပေါ်မှ လှည့်ဆင်းသွားသည်။

( T/N -ခုတော့ ညစ်ထားကြပေါ့ နောက််မှရှင်တို့ ရန်ဖြစ်တဲ့အချိန်ကိုစောင့်ပြီးရယ်ပြအုံးမယ်)

ယဲ့ယွင်သည် လျှပ်တပြတ်တိုက်ခိုက်မှုကြောင့် နာကျင်သွားခဲ့သည်။ သို့သော် နင်ချန်၏ လက်အောက်တွင် အားထိန်းထားသေးရာ အများစုမှာ အိပ်ရာပေါ်မှ စနောက်ကျီစယ်ခြင်းသာ ဖြစ်ပြီး လူကို အမှန်တကယ် နာကျင်အောင် ညှစ်လိုက်ခြင်း မဟုတ်ပေ။

ထို့ကြောင့် ခုတင်ပေါ်တွင် ခဏမျှ လူးလွန့်နေပြီးနောက် ဟွေယွဲ့ကို ဝင်လာရန် ခေါ်လိုက်ပြီး ထရန် ပြင်ဆင်လေသည်။

ဆေးကြောသန့်စင်ပြီးနောက် ယဲ့ယွင်သည် ဆံထုံး မထုံးချင်တော့သဖြင့် ရိုးရှင်းသော အဖြူရောင် ကြိုးတစ်ချောင်းကို ယူကာ လျော့တိလျော့ရဲ စည်းနှောင်ထားလိုက်သည်။

သူမသည် ဤအချိန်တွင် ရိုးရှင်းသောအရောင်ရှိသည့် သာမန်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားရာ အလွန်ပင် သန့်စင်ပြီး ထူးခြားစွာ လှပနေစေသည်။

'တကယ်လှချင်ရင်၊ အဖြူရောင် ဝတ်' ဟု ဆိုကြသည် မဟုတ်ပါလား။ အစကတည်းက ရုပ်ရည်ချောမောသူဖြစ်ရာ ဤသို့ ရိုးရှင်းသော အဖြူရောင်ကို ဝတ်ဆင်လိုက်သောအခါ ပို၍ပင် လှပသွားသည်။

နင်ချန်သည် စားတော်ပွဲအတွက် မှာကြားနေစဉ် သူမ ထွက်လာသည်ကို မြင်သောအခါ လက်ယပ်ခေါ်လိုက်သည်။ "ဘာစားချင်လဲ၊ ယွမ်ကျိုကို ပြောလိုက်။"

ယဲ့ယွင်သည် ပြုံးလျက် တိုးကပ်လာပြီး မငြိမ်မသက်စွာပင် သူ့ဘေးတွင် ကပ်ထိုင်လိုက်သည်။ "ဒါဆို ဒီချန်းချဲ့ အားမနာတော့ဘူးနော်။ ဒီနေ့က အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့် ကောင်းကောင်းလေးတွေ စားရမှာပဲ။"

"ဖူရုံကြက်သားပြား၊ ခိုင်းရွှေမုန်ညင်းဖြူ၊ ကျင်းမေ့တို့ဟူး၊ နောက်ပြီး မှိုနက်သုပ် တစ်ပွဲ ယူခဲ့။ မှိုနက်ကို အမျှင်လေးတွေ လှီးပေး၊ တို့ဟူးပြား၊ ငရုတ်ပွစိမ်း၊ သခွားသီး၊ အားလုံးကို အမျှင်လေးတွေ လှီး၊ ရေနွေးဖျောပြီးတာနဲ့ ဆီပူလောင်း၊ ရှာလကာရည် နည်းနည်းထည့်ပြီး သုပ်လိုက်ရုံပဲ။ စားဖိုဆောင်လူတွေ သိလောက်မှာပါ။"

ယွမ်ကျိုသည် သဘောတူလိုက်ပြီး ချက်ချင်းပင် အောက်ဆင်း၍ မှာကြားလေသည်။

ယခင် စားဖိုဆောင်ထဲတွင် ယဲ့ယွင်ကို အခက်တွေ့အောင် လုပ်ခဲ့သော ထိုတစ်ယောက်မှာ ဖြုတ်ချခံလိုက်ရပြီး၊ ယခု နေရာတက်လာသော စားဖိုမှူးမှာ 'လျိုသုန်' ဟု ခေါ်သည်။

လင်ရှီးဥယျာဉ်မှ အစေခံများမှာ မူလကတည်းက ရာထူးတက်ရန် ခက်ခဲလှသည်။ ယခု သူ အမြင့်သို့တက်လာရသောအခါ ယဲ့မိန်ရန်သည်မိမိ၏ကျေးဇူးရှင်ဟု စိတ်ထဲတွင် မှတ်ယူထားပြီး ပြုစုစောင့်ရှောက်ရာတွင် ပို၍ပင် အာရုံစိုက်လာသည်။

ညစာတစ်နပ်လုံးကို အပြစ်ဆိုဖွယ်မရှိအောင် ပြုလုပ်ခဲ့သဖြင့် နှစ်ဦးသား စားသုံးရသည်မှာ သက်သောင့်သက်သာ ရှိလှပြီး ဆုလာဘ်များစွာလည်း ထပ်မံ ရရှိခဲ့သည်။

ညနေခင်းက တစ်ကြိမ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ဖြစ်သဖြင့် ညဘက် လဲလျောင်းလိုက်သည့်အခါ ယဲ့ယွင်သည် အလွန်ပင် အိပ်ငိုက်လာသည်။

သို့သော် နင်ချန်မှာ မပင်ပန်းသေးပေ။ သွေးဆူလွယ်သော အသက် (၂၀) ကျော် အရွယ်၊ အင်အား အရှိဆုံး အချိန်ပင် ဖြစ်သည်။

သဘာဝအတိုင်းပင် လူတိုင်းအပေါ် အင်အားရှိနေခြင်း မဟုတ်ဘဲ အနည်းဆုံးတော့ ယခုအချိန်တွင် သူသည် ယဲ့ယွင်နှင့် ဤကိစ္စကို ပြုလုပ်ရသည်မှာ အပျော်ဆုံးဖြစ်ပြီး တာဝန်အရ လုပ်ဆောင်ရသကဲ့သို့ မဟုတ်ကြောင်း တွေ့ထားသည်။

စိတ်များ လှုပ်ရှားလာသောအခါ လက်များက မငြိမ်တော့ပေ။ ယဲ့ယွင်သည် တစ်ဖက်သို့ လှည့်ကာ သူ့ကို ကျောပေးလိုက်ပြီး လုံးဝ ဂရုမစိုက်ချင်တော့ပေ။

ဤသို့ 'စည်းကမ်းကြီး' လှသော ဧကရာဇ်လေးသည် ဒေါသမထွက်သည့်အပြင် နယ်မြေသစ်တစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ နောက်ကျောမှ လူကို ပွေ့ဖက်

လိုက်ကာ နည်းလမ်းအသစ်ကိုထွင်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

အနှောင့်အယှက်ပေးခံရ၍ စိတ်ရှုပ်သွားသော ဝါးစိမ်းသရဲလေး (ယဲ့ယွင်) သည် လူကို ကိုက်လေတော့သည်။ သို့သော် ကိစ္စများမှာ ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ အကိုက်ခံရ၍ သေလျှင်ပင်၊ နဂါးတစ်ကောင် (နင်ချန်) ကမူ လက်လျှော့မည် မဟုတ်ပေ။

အခန်းထဲတွင် ညည်းညူသံများ ထွက်ပေါ်နေစဉ် အပြင်ဘက်သို့ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။

"ငါက ရှူးဖေးမယ်မယ်ရဲ့ အနီးကပ်အစေခံ ရှန်းလော့ ပဲ။ ငါတို့ မယ်မယ်မှာ အရေးကြီးကိစ္စ ရှိလို့ အရှင်မင်းကြီးကို ပင့်ခေါ်ခိုင်းလိုက်တယ်။"

"အစ်မကို မေးပါရစေ။ ဘာအရေးကြီးကိစ္စ ရှိလို့လဲ။ အရှင်မင်းကြီးနဲ့ ကျွန်မတို့ မိန်ရန် လဲလျောင်းတာ ခဏတောင် ရှိနေပြီ..."

ဟွေယွဲ့ စကားမဆုံးမီမှာပင် ရှန်းလော့သည် သူမကို ရှောင်ကွင်းကာ အတွင်းဘက်သို့ တည့်တည့်မတ်မတ် ဝင်သွားသည်။

"နင်က ဘာကောင်မမို့လို့လဲ။ မယ်မယ့်ရဲ့ ကိစ္စကို ကြန့်ကြာအောင် လုပ်ရင် နင့်ရဲ့အရေခွံကို ဆွဲခွါပစ်မယ်ဆိုတာ မှတ်ထား!”

ဟွေယွဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း၊ တည်ငြိမ်အောင် ထိန်းထားလိုက်ကာ တားဆီးချင်နေသော ပိုင်ရှု နှင့် လုမေ့ ကိုပါ ဆွဲထားလိုက်သည်။

ရှန်းလော့သည် အခန်းအပြင်ဘက်သို့ လျှောက်သွားရာ ယွမ်ကျိုက ထိုနေရာတွင် စောင့်ဆိုင်းနေသည်ကို တွေ့မှ အနည်းငယ် ထိန်းသိမ်းလိုက်ပြီး၊ သတိကြီးစွာဖြင့် ရှေ့တိုးကာ အကျိုးအကြောင်းကို ပြောကြားလိုက်သည်။

ယွမ်ကျိုသည် မျက်မှောင်ကြုတ်လိုက်သည်။ ဤအချိန်တွင် ဧကရာဇ်ကို အနှောင့်အယှက်ပေးခြင်းမှာ သေချာပေါက် မကောင်းမွန်ပေ။ သို့သော် မင်းသမီးကြီးနှင့် သက်ဆိုင်သော ကိစ္စဖြစ်နေသဖြင့် မပြောဘဲ မနေနိုင်ဘဲ ရဲတင်းစွာ သွားရောက်လျှောက်တင်ရတော့သည်။

"အရှင်မင်းကြီး၊ မင်းသမီးကြီး နေထိုင်မကောင်းလို့ အရမ်း ငိုယိုနေပါတယ်။ ရှူးဖေး မယ်မယ်က အရှင်မင်းကြီးကို သွားကြည့်ပေးဖို့ ပင့်ခေါ်ခိုင်းလိုက်ပါတယ်။"

အတွင်းထဲမှ နင်ချန်သည် ရုတ်တရက် အနှောင့်အယှက်ပေးခံလိုက်ရသဖြင့် အံကြိတ်လိုက်ပြီး လူသတ်ချင်စိတ်ပင် ပေါက်သွားသည်။

ယဲ့ယွင်သည် စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်သည်။ ဤ ရှူးဖေး မယ်မယ်သည် အမှန်ပင် ပျော့သည့်သခွားသီးကို ရွေး၍ ညှစ်တတ်သူ (အနိုင်ကျင့်ရန် လွယ်ကူသူကို ရွေး၍ အနိုင်ကျင့်သူ) ပင်။

ဤရက်ပိုင်း ဧကရာဇ် အခြားနေရာများသို့ သွားရောက်စဉ် သူမ လှုပ်ရှားသည်ကို မတွေ့ရဘဲ ယနေ့ သူမထံသို့ ရောက်မှ တံခါးဝအထိ လာရောက် ရှာရဲလေသည်။

"မင်းသမီး နေထိုင်မကောင်းဘူးဆိုရင် ရှူးဖေးမယ်မယ်က မိခင်တစ်ယောက်အနေနဲ့ သနားကြင်နာတတ်တဲ့ နှလုံးသား ရှိတာကြောင့် တကယ်ပဲ ကိစ္စတစ်ခုခု ရှိလို့ နေမှာပေါ့။ အရှင်မင်းကြီး မြန်မြန် သွားပါတော့။"

သွားခွင့်မပြုဘဲ တားဆီးထား၍ မရသော်လည်း ၎င်းက သူမ ဂုန်းတိုက်ခြင်းကို အနည်းငယ်မျှ မထိခိုက်စေပေ။

ဤသို့ သတိပေးလိုက်သောအခါ နင်ချန်သည် ရှူးဖေးက မင်းသမီးကြီးကို အကြိမ်များစွာ အကြောင်းပြချက်အဖြစ် အသုံးပြု၍ မျက်နှာသာရအောင်လိုက်တောင်းသည်ကို သတိရသွားပြီး သူ့စိတ်ထဲတွင် မူလကတည်းက မကျေမနပ် ဖြစ်နေရာမှ ယခု ပို၍ပင် မကျေမနပ် ဖြစ်သွားသည်။

သို့သော် သွေးသားမှာ မိမိ၏သွေးသား ဖြစ်နေသဖြင့် သွားကြည့်ရဦးမည် ဖြစ်ရာ မျက်နှာထား တင်းတင်းဖြင့် ထရပ်လိုက်သည်။

.......

ရှောင်ရှန်းဥယျာဉ် ထဲတွင် နို့ထိန်းသည် မင်းသမီးကြီးကို ချော့သိပ်လိုက်သဖြင့် အိပ်ပျော်သွားပြီ ဖြစ်ပြီး မျက်နှာလေးပေါ်တွင် မျက်ရည်စလေးများ ချိတ်ဆွဲနေဆဲ ဖြစ်ရာ အလွန်ပင် သနားစရာ ကောင်းလှသည်။

ဧကရာဇ် ကြွလာသည်ကို မြင်သောအခါ ရှူးဖေးသည် အလျင်အမြန် သူမ၏စကတ်ကို မကာ အပြင်သို့ ထွက်ကြိုသည်။

"ချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီးရဲ့ အနားယူချိန်ကို မနှောင့်ယှက်သင့်မှန်း ချန်းချဲ့သိပါတယ်။ ဒါပေမဲ့ ချန်းချဲ့က ကလေးအတွက် စိုးရိမ်စိတ် တစ်ခုတည်းနဲ့ အတိုင်းအတာကို မသိလိုက်ဘဲ ဖြစ်သွားရတာပါ။ အရှင်မင်းကြီးအပြစ်မယူဖို့ တောင်းပန်ပါတယ်။"

နင်ချန်သည် သူမ၏ သေသပ်လှပသော အပြင်အဆင်ကို တစ်ချက် ကြည့်လိုက်ပြီးမှ လက်ကာပြလိုက်သည်၊ "အရိုအသေပေးစရာ မလိုဘူး။ ကျားယွီ (မင်းသမီးကြီး) ဘယ်လိုနေသေးလဲ။ သမားတော် ကြည့်ပြီးပြီလား။"

"အရှင်မင်းကြီးကို ပြန်လျှောက်ပါတယ်။ မင်းသမီး အိပ်ပျော်သွားပါပြီ။ သမားတော် ကြည့်ပြီးတာကတော့ အိပ်မက်ဆိုးမက်တဲ့ အကြောင်းကြောင့်လို့ ပြောပါတယ်။ ကလေးလေးတွေ နေရာသစ်ကို ပြောင်းလာတော့ မလွဲမရှောင်သာ အသားမကျတာတွေ ဖြစ်တတ်ပါတယ်။ ပထမ ရောက်တဲ့ နှစ်ရက်တုန်းကလည်း ငိုတယ်။ ဒီနေ့ကျတော့ ပူတာနဲ့ ပေါင်းသွားလို့ ထင်တယ်။ ပိုပြီး ဆိုးဆိုးရွားရွား ငိုနေတာပါ။"

ကလေးအကြောင်း ပြောသည်နှင့် ရှူးဖေး၏အမူအရာသည် အနည်းငယ် နူးညံ့သွားသည်။

ကလေးကိုအကြောင်းပြု၍ မျက်နှာသာတောင်းခံခြင်းမှာ မှန်ကန်သော်လည်း သူမသည် ကိုယ့်ရင်သွေး သမီးလေးအပေါ် ဘယ်လိုလုပ် မချစ်ဘဲနေပါ့မလဲ။

နင်ချန်သည် ခေါင်းညိတ်လိုက်ပြီး ကလေးကို ထပ်မံ ကြည့်ရှုလိုက်မှသာ စိတ်ချသွားသည်။

ရှူးဖေးသည် စမ်းသပ်သည့်အနေဖြင့် မေးလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာ ပေါ်နေသည်။ "အချိန်က မိုးလည်း ချုပ်နေပြီ။ အရှင်မင်းကြီး ဒီချန်းချဲ့ဆီမှာပဲ အနားယူလိုက်ပါလား။"

သူမ ဤစကားကို ပြောထွက်လာသောအခါ နင်ချန်၏ မျက်ဝန်းများမှာ အနည်းငယ် နက်မှောင်သွားသည်။ သူသည် ကိုယ်လုပ်တော်များ၏ နည်းနည်းပါးပါး ဉာဏ်များခြင်းကို လက်ခံနိုင်သော်လည်း ကလေးကို အသုံးချ၍ မျက်နှာသာ တောင်းခံခြင်းကိုမူ လက်မခံနိုင်ပေ။

တော်ဝင်မျိုးဆက်သည် မွေးဖွားလာကတည်းက မြင့်မြတ်ပြီး ဤအမျိုးသမီးများ မျက်နှာသာလုရန် အသုံးပြုရမည့် ကိရိယာ မဟုတ်ပေ။

"မနေတော့ဘူး။ ကျန်း ပြန်ပြီး အနားယူတော့မယ်။ မင်း ကလေးကို ကောင်းကောင်း ဂရုစိုက်။ နောက်ထပ် ဘာအမှားအယွင်းမှ မဖြစ်စေနဲ့။"

နင်ချန်၏အသံသည် အေးစက်နေပြီး ရှူးဖေး၏တားဆီးစကားကို မစောင့်ဘဲ ရှောင်ရှန်းဥယျာဉ်မှ လှည့်ထွက်သွားလေသည်။

ရှောင်ရှန်းဥယျာဉ်ထဲတွင် ရှူးဖေး၏မျှော်လင့်ချက်များအားလုံး ပျက်ပြားသွားရသဖြင့် မုန်းတီးခြင်းရော ဒေါသထွက်ခြင်းပါ ဖြစ်နေခဲ့သည်။

သို့သော် သူမ မသိသည်မှာ သူမကို ပို၍ နာကျင်စေမည့် အရာများမှာ နောက်တွင် ကျန်ရှိနေသေးသည် ဆိုခြင်းပင်။

..........

နောက်တစ်နေ့သည် ဂါရဝပြုရမည့် နေ့ မဟုတ်သော်လည်း မိဖုရားခေါင်ကြီးသည် ရှောင်ရှန်းဥယျာဉ်သို့ လူ လွှတ်လိုက်သည်။

"ရှူးဖေးမယ်မယ်၊ မင်းသမီးကြီး ဒီရက်ပိုင်း နန်းတော်ကနေ ဥယျာဉ်တော်ကို ရောက်တဲ့အထိ အမြဲတမ်း သမားတော် ပင့်ခေါ်နေရတယ်။ ကြည့်ရတာမယ်မယ်က ပထမဆုံးအကြိမ် မွေးဖွားတာဆိုတော့ အတွေ့အကြုံ မလုံလောက်ဘူးနဲ့တူပါတယ်။ မင်းသမီးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူး။ အခု မယ်တော်ကြီးရဲ့ အနားမှာလည်း အဖော်မရှိ ဖြစ်နေတော့ မင်းသမီးကြီးကို မယ်တော်ကြီးဆီမှာ ပို့ထားပြီး ပြုစုစောင့်ရှောက်ခိုင်းလိုက်ပါ။ တစ်အချက်က မယ်တော်ကြီးက အတွေ့အကြုံ ပြည့်ဝတယ်။ မင်းသမီးကို ကောင်းကောင်း စောင့်ရှောက်နိုင်တယ်။ နှစ်အချက်ကတော့ မိသားစု သာယာမှုကို ခံစားရတာပေါ့။"

တင်းမားမားသည် မပြုံးချင်ဘဲ ပြုံးနေပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အစေခံများက ရှေ့သို့တိုးကာ ဘေးနန်းဆောင်ထဲမှ မင်းသမီးကို ပွေ့ချီ ထုတ်လာကြသည်။

.......

ရှူးဖေးသည် သေချာပေါက် လက်မခံဘဲ ငိုယိုကာ ဧကရာဇ်ထံသို့ သွားရောက် ရှာဖွေသည်။

နင်ချန်သည် မိဖုရားခေါင်ကြီး၏လုပ်ရပ်အပေါ် အလွန် ကျေနပ်ခြင်း မရှိသော်လည်း ရှူးဖေး က သမီးတော်ကို အကြိမ်များစွာ အကြောင်းပြု၍ မျက်နှာသာ တောင်းခံခဲ့သည်ကို တွေးမိသောအခါ သူမကို ကောင်းကောင်း သင်ခန်းစာပေးသင့်သည်ဟု ယူဆပြီး နောင်တွင် နန်းတော်ထဲမှကိုယ်လုပ်တော်တိုင်း လိုက်လံအတုယူမည်ကို စိုးရိမ်သဖြင့် ရှူးဖေးကို တွေ့ဆုံခွင့် မပေးခဲ့ပေ။

သူက မင်းသမီးကြီးကို မိမိကိုယ်စား မယ်တော်ကြီး၏အနားတွင် သားသမီးဝတ္တရား ကျေပွန်စေခြင်းသည်လည်း ကောင်းမွန်သည်ဟုသာ ပြောကြားလိုက်သည်။

မိဖုရားခေါင်ကြီး၏ ဤ 'အိုးအောက်မှ ထင်းကို ဆွဲထုတ်ခြင်း' (အဓိက အားကိုးရာကို ဖယ်ရှားခြင်း) ဟူသော ခြေလှမ်းသည် မင်းသမီးကြီးကို ခေါ်ထုတ်သွားစေပြီး ရှူးဖေး၏ အားကိုးရာကို တိုက်ရိုက် ချေမှုန်းလိုက်ရာ အလွန်ပင် ထက်မြတ်လှသည်ဟု ဆိုနိုင်ပေသည်။

***

All Chapters