← Chapters

မဖော်ပြနိုင်လောက်သော စွမ်းအား

Vol. 4 Ch. 53

မဖော်ပြနိုင်လောက်သော စွမ်းအား

Vol. 4 Ch. 53

အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား

“ငါ့-င်ကြီးကိုဘဲ အရည်အချင်းမီနေလိုက် “

တွမ့်မူရှန်း ဒေါသထွက်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် အားလုံးက အံ့ဩသွားတော့သည်။ အမြဲတမ်းတည်ငြိမ်နေပြီး သူရှေ့၌ကြင်နာတတ်သော ဆရာတူ အစ်ကိုတစ်ယောက်သဖွယ် ပြုမူတတ်သည့် တတိယတပည့်က ရိုင်းစိုင်းသည့်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု လုကျိုးတောင် မထင်ထားပေ။

တစ်ချက်အော်ဟစ်လိုက်ပြီးနောက် တွမ့်မူရှန်းသည် ချိန်းကြိုးဆီသို့ သူ၏စွမ်းအားများ ထည့်လိုက်ကာ ချိန်းကြိုးကို လျင်မြန်စွာ ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်တော့၏။ ကံကောင်းသည်မှာ မဟာခန်းမက လုံလောက်အောင် ကျယ်ဝန်းနေပေ၏. မဟုတ်လျှင် သူ့ကြောင့် ဖျက်ဆီးခံရနိုင်သည်။

“ဘန်း ဘန်း ဘန်း “

ရှေ့သို့ ခုန်တက်လာပြီးနောက် ကျို့ရှင်းချန်သည် နောက်ထပ်ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲထဲ ဆွဲသွင်းခံလိုက်ရပြီး စွမ်းအင်လှိုင်းများဖြင့် ထပ်မံပြည့်သွားတော့သည်။ ကြမ်းတမ်းသော တိုက်ပွဲများအပြင် တိုက်ကွက်များရှိနေသော်ငြား သူတို့၏ ကျင့်ကြံဆင့်ကြားတွင် ကွာဟချက်တစ်ခုရှိကြောင်း ပြောနိုင်ပေ၏။ ထိုကျို့ရှင်းချန်က တွမ့်မူရှန်းကို သူ၏စွမ်းအားပြကာ တမင်တကာ လုပ်နေတာပဲ ဖြစ်သည်။

လုကျိုးက သူတို့တိုက်ခိုက်တာကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေ၏။ သူကတစ်ခွန်းမှမပြော သူတို့ကို ဟန့်တားလိုစိတ်လည်းမရှိပေ။ သူတို့ တိုက်ခိုက်နေတာကိုကြည့်ခြင်းဖြင့် သူက သူ့တပည့်၏ ခွန်အားနှင့်ကျင့်ကြံဆင့်ကို ပိုမိုလေ့လာနိုင်ပြီဖြစ်ကာ မိစ္ဆာဘုရားကျောင်း၏ ဒုခေါင်းဆောင် ကျို့ရှင်းချန်၏ ခွန်အားကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်နိုင်မှာပဲဖြစ်သည်။

ကျိထျန်းတောက်က သမာသမတ်ဂိုဏ်း၏ ပညာရှင်များစွာကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်ခဲ့ပြီး လောကကြီးကို သူ၏အရည်အချင်းများ ပြသခဲ့သော်ငြား သမာသမတ်ဂိုဏ်းသားများက သူတစ်နေ့လျှင် အသက်ကြီးပြီး အားနည်းလာမည်မှန်းသိနေပေ၏။ ကျင့်ကြံခြင်းလောကထဲတွင် ထိုအကန့်အသတ်ကို မည်သူမှ မချိုးဖြတ်နိုင်ပေ။

တဖက်တွင်မူ မိစ္ဆာဘုရားကျောင်းက ယနေ့ ကျင့်ကြံခြင်းလောကထဲတွင် ရည်မှန်းချက်အကြီးဆုံးဂိုဏ်း ဖြစ်နေပေသည်။ ကျန်သည့်ဂိုဏ်းများကို လောဘတကြီးမျိုချပြီး ၎င်း၏ခွန်အားကို တည်ဆောက်ခဲ့တာပဲဖြစ်သည်။ အတိတ်တုန်းက ငရဲဂိုဏ်းနဲ့တောင် ရင်ဆိုင်တွေ့ခဲ့သော်လည်း သူတို့အချင်းချင်း၏ ခွန်အားကိုကြောက်ရွံ့သာကြောင့် ဘယ်တော့မှအကြီးအကျယ် ရန်မများခဲ့ပေ။

လရောင်ဆွတ်နန်းတော်၏ အမျိုးသမီးကျင့်ကြံသူများကို တိုက်ခိုက်ခြင်းက ဆင်ခြေမျှသာဖြစ်ပြီး အစစ်အမှန်ရည်ရွယ်ချက်ကမူ ရွှေနန်းဥယျာဉ်တောင်ကို လာရောက်လည်ပတ်ကာ မဟာမိတ်ဖွဲ့ပြီး သူတို့၏ ခွန်အားကိုပြသလိုခြင်း ဖြစ်သည်။

သို့သော် လုကျိုးသည် မဟာမိတ်တစ်ဦး အမှန်တကယ်လိုအပ်သည်လော၊ ထို့အပြင် မိစ္ဆာဘုရားကျောင်းအား သူတို့သည် သူ၏ မဟာမိတ်ဖြစ်ရန် အရည်အချင်းသင့်တော်သည်ဟု မည်သည့်အရာကများ တွေးမိစေသနည်း။

ဤကြီးမားသည့် လောကထဲတွင် စွမ်းအားများစွာရှိပေ၏။ မိစ္ဆာဘုရားကျောင်းတစ်ခုသာလျှင် ရွှေနန်းဥယျာဉ်တောင်နှင့် လက်တွဲလိုတာမဟုတ်ပေ၊ မိစ္ဆာဘုရားကျောင်းသည် အဆင့်အတန်း၊ အရည်အချင်း၊ ခွန်အားအရာတွင် ကျန်သည့်သူများလောက် မတော်ပေ။ ပေနက်လွှာ တတိယအဆင့်တွင် ရှိသည့် ဒုခေါင်းဆောင်တစ်ဦးက မဟာမိတ်ဖွဲ့ချင်နေသည့်အချိန်တွင် အနည်းငယ် ရယ်ဖွယ်ရာကောင်းနေပေ၏။

ထို့ကြောင့် လုကျိုးသည် သူ၏တပည့်များ ဒေါသထွက်နေတာကို မတားခဲ့ပေ။

တိုက်ပွဲစတင်သည်နှင့် သူတို့၏ ကျင့်ကြံဆင့်ကြားကွာဟချက်က ပိုမိုသိသာလာတော့သည်။ ပြီးနောက် ကျို့ရှင်းချန်က တွမ့်မူရှန်းကို အစွမ်းထက်သည့်ထိုးနှက်ချက်ဖြင့် နောက်သို့ လွင့်ထွက်သွားစေပြီးနောက် သူ့ကို ဖန်ကျုံး၏ လက်အတွင်းသို့ ပစ်ထုတ်လိုက်တော့သည်။

“ဘန်း”

ထိုသက်ရောက်အားက ဖန်ကျုံးကို နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေကာ သူ့လက်များ ထုံကျဉ်သွားစေ၏။

“တတိယ သခင်လေး သူ့ကို ထပ်မတိုက်ခိုက်သင့်တော့ဘူး” သူက ဆော်ဩလိုက်၏။

ယခုအချိန်တွင် တွမ့်မူရှန်းက သူတို့ကြားရှိ ကျင့်ကြံဆင့်ကြား ကွာဟချက်က သူ၏ မယုံနိုင်စရာကောင်းသည့် ခုခံမှုဖြင့် ဖာထေးခြင်း မပြုနိုင်မှန်း နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်သည်။

မင်ရှစ်ရင်က မဟာခန်းမအလယ်သို့ ထပ်မံခုန်ဝင်လာပြန်သည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူနှစ်ဦးကြားတိုက်ပွဲက သူတို့၏ဖျတ်လတ်တက်ကြွမှုကို သက်သေပြုနိုင်ပေ၏။ အကြောင်းမှာ သူတို့၏ တိုက်ခိုက်မှုကို ထိန်းချုပ်ထားစဉ် ပြိုင်ဘက်ကိုအနိုင်ယူရန် နည်းလမ်း ရှာဖွေသောကြောင့်ဖြစ်သည်။ သို့မှသာ သူတို့က အဆောက်အအုံကို မထိခိုက်စေမှာပဲဖြစ်၏။

ကျိထျန်းတောက်ဆီမှာ နှစ်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရသည့်အတွက် တွမ့်မူရှန်းကဲ့သို့ပင် ကျိထျန်းတောက်ဆီမှာ နှစ်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရသည့် မင်ရှစ်ရင်သည် အဆင့်တူကျင့်ကြံဆင့်တူ ပြိုင်ဘက်ထက် ပိုသန်မာပေသည်။ သို့သော်ယခုအခေါက်တွင် သူ၏ပြိုင်ဘက်က  နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သစ်ရွက်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ရှိသည့်သူဖြစ်နေသည်။

တိုက်ပွဲက ကျို့ရှင်းချန်ကို သူ့ကိုသူမေ့သွားစေသည်အထိ ဘဝင်မြင့်မှုများတိုးလာစေသည်။ သစ်ရွက်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်၏ အားဖြည့်မှုအောက်တွင် သူက အသံနက်နက်ဖြင့်ပြောလိုက်၏

“စိတ်ကိုနားလည်ပြီး နေရာရွှေ့ပြောင်းမှုကိုမြင်ခြင်း” ပြီးနောက်သူသည် သူ၏ဒန်တျန်ပေါ်သို့ ကျန်သည့်လက်တစ်ဖက်ကိုတင်ပြီးနောက် စိတ်ကိုဗလာကျင်းသွားစေ၏ ထိုလှုပ်ရှားမှုက ဈာန မုဒြာ ဖြစ်ပြီး ဇင်ပညာရပ်၏ အသန်မာဆုံးတိုက်ကွက်များထဲမှ တစ်ခုဖြစ်ပေသည်။

ချိပ်ပိတ်မှူပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများ အားလုံးကို ဖိနှိပ်လိုက်ပြီး မင်ရှစ်ရင်ကို နောက်သို့လွင့်ထွက်သွားစေသည်။

“ ရှစ်ရှိုး” ရှောင်ယွမ်အာက စိုးရိမ်ပူပန်သွားသည်။

ရလဒ်က ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးကိုလည်း ထိတ်လန့်သွားစေ၏။ သူတို့က မိစ္ဆာဘုရားကျောင်း၏ ဒုခေါင်းဆောင် ကျို့ရှင်းချန် ထိုမျှသန်မာလိမ့်မည်ဆိုတာ မယုံနိုင်ဖြစ်နေကြသည်။ တစ်ချိန်တည်းတွင် မိစ္ဆာဘုရားကျောင်းက သုံးနှစ်တာကာလအတွင်း မိစ္ဆာဂိုဏ်းများထဲ၌ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားစု တစ်စု ဖြစ်လာရသည့်အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သဘောပေါက်သွားပြီဖြစ်သည်။

တိုက်ပွဲက ပြီးဆုံသွားခဲ့ချေပြီ။ သို့သော် ကျို့ရှင်းချန်က သူ၏မင်ပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို မရုပ်ခဲ့ပေ၊ ဈာန မုဒြာကိုလည်းမသိမ်းခဲ့ သူက ရလဒ်ကို အလွန်စိတ်ကျေနပ်နေပြီး မော့ကြည့်နေ၏။

“သခင်လေးတို့ သုံးယောက်က တိုက်ပွဲရလဒ်ကို စိတ်ကျေနပ်ပါရဲ့လား”

“….”

မဟာခန်းမက တိတ်ဆိတ်သွားပြီး သူ၏မေးခွန်းကို မည်သူမျှ မဖြေကြပေ။

“ရှင်ဘယ်လိုလုပ် အတင့်ရဲနေတာလဲ၊ ရှင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်က ကျင့်ကြံသူတစ်ယောက်ပဲ၊ ရှင့်မှာ သစ်ရွက်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ရှိနေတာ” ရှောင်ယွမ်အာက လက်မခံဘဲ ပြောလိုက်သည်။

“တတိယ သခင်လေးနှင့် စတုတ္ထ သခင်လေးတို့က သာမာန်ကျင့်ကြံသူတွေ မဟုတ်ကြဘူး၊ ကျုပ်က ဈာန မုဒြာကိုသုံးဖို့ ဖိအားပေးခံခဲ့ရတယ်၊ ဟုတ်တယ် ဒီသိုင်းကို အသုံးပြုပြီး အနိုင်ကျင့်ခဲ့တယ်ဆိုတာ ကျုပ် ဝန်ခံတယ်၊ တောင်းပန်ပါတယ်”

ရှောင်ယွမ်အာသည် ထိုကဲ့သို့ အရှက်မဲ့သည့်သူကို ယခင်က တစ်ခါမှမတွေ့ခဲ့ဖူးပေ။

“တာ့ရှစ်ရှုန်းနဲ့အာ့ရှစ်ရှုန်းတို့သာ ဒီမှာရှိနေခဲ့မယ်ဆိုရင် သူတို့က ရှင့်မှာ သစ်ရွက်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ရှိနေရင်တောင် သူတို့ ရှင့်ကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ” ရှောင်ယွမ်အာက ဒေါသတကြီး ပြောလိုက်၏။

ကျို့ရှင်းချန်က ယင်းသည် အဖက်ဆယ်သည့် မှတ်ချက်ဖြစ်နေမှန်း သူသိနေ၏။ ထို့ကြောင့် သူစိတ်ထဲမထားပေ။

ဒီတော့မှ လုကျိုးက စကားထပ်ပြောလာသည်။ အသံက ရင့်ရော်နေသော်ငြား အစွမ်းထက်ပေ၏။ “ ကျို့ရှင်းချန်” ယင်းက အားလုံး၏အာရုံစိုက်မှုကို ချက်ချင်းရသွားပေ၏။

“မင်းက ဈာန မုဒြာကို ပါးပါးနပ်နပ်သုံးခဲ့တာပဲ”

“ချီးကျူးပေးတဲ့အတွက် ဆရာကြီးကို ကျေးဇူးတင်ပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ဆရာကြီးကျိနဲ့ တိုက်ခိုက်ချင်ပါတယ်”

ယင်းက တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာ၊ ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးတို့ကို ထိတ်လန့်သွားစေ၏။

ကျို့ရှင်းချန်နောက်ရှိ လူလေးဦးကလည်း အနည်းငယ်မင်သက်သွားသည်။ ယင်းက အစီအစဉ်ထဲ၌မပါဝင်ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ သစ်ရွက် ၇ရွက်၊ ၈ရွက် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် နတ်ဝိညာဉ်ဝဋ်ကြွေးချေ အမြင့်ဆုံးအဆင့် ပညာရှင်များတောင် ထိုကဲ့သို့ မတောင်းဆိုပေ။ ဒုခေါင်းဆောင်၏ ရည်ရွယ်ချက်ကို သူတို့ အံ့ဩနေမိသည်။ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်ကို အနိုင်ယူနိုင်ပြီးနောက် ပန်းတိုင်ကို ရရှိနေခဲ့ပြီဖြစ်သည်။ ထိုသို့သော် မလိုအပ်သည့်အကွက်ကို အဘယ်ကြောင့် လှုပ်ရှားခဲ့ရသနည်း။

လုကျိုး၏မျက်ဝန်းက ထူးမခြားနားဖြစ်နေသည်။ အမူအရာက တည်ငြိမ်နေပေ၏။ တောင်းဆိုချက်ကြောင့်သူ မအံ့ဩသွားပေ။

မဟာခန်းမ၏အလယ်တွင် ဈာန မုဒြာက မင်အရောင်ကဲ့သို့တောက်ပနေပြီး စိတ်ဝိညာဉ်သဏ္ဌာန်က ဝေဝါးဝါးဖွဲ့တည်နေကာ လူတိုင်းအား ၎င်း၏ စွမ်းဆောင်နိုင်သော စွမ်းအားကို ပြသနေပေ၏။ ယင်းက လုကျိုးတိုက်ခိုက်လာမှာကိုစောင့်နေပုံပေါ်သည်။

ကျို့ရှင်းချန်က အသံမြှင့်ပြီးပြောလိုက်၏။ “ဆရာကြီး ကျိ၊ စိုးရိမ်စရာမလိုပါဘူး၊ ကျွန်တော်ရဲ့ ဈာန မုဒြာက အမြင့်ဆုံးတိုက်ကွက်တွေကိုပိတ်ဆို့နိုင်တယ်၊ ဆရာကြီးက ၁၀ ကွက်မပြည့်မီမှာ ကျွန်တော့ကို အနိုင်ယူနိုင်ခဲ့ရင် ဆရာကြီးငြင်းပါယ်တာကို လက်ခံမှာပါ” သူ၏လေသံကဝင့်ကြွားနေပြီး အတော်လေး မောက်မားထောင်လွှားနေသည်။

လုကျိုးက ဖြည်းဖြည်းချင်း ခြေကြွပြီးနောက် ကျိုရှင်းချန်ကို ကြည့်လိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းက အရင်တုန်းကလို အစွမ်းမထက်တော့ဘူး” သူ၏သန်မာသည့်အသံက ပိုမိုကျယ်လောင်လာကာ ပြောလိုက်၏။

“ဒါပေမဲ့ မင်းလိုဆိုးယုတ်တဲ့ သတ္တဝါက အကြောင်း တစ်စုံတစ်ရာမရှိဘဲ သက်သက်မဲ့ ပြုမူဆောင်ရွက်လို့ရတဲ့ နေရာတော့မဟုတ်သေးဘူး”

သူပြောပြီးချိန်၌ လက်ဆန့်ထုတ်ကာ လက်ချောင်းများကို ဖြန့်လိုက်ပြီး လက်ဝါးကို ရင်ဆိုင်လိုက်တော့သည်။ သေစေနိုင်သည့်ထိုးနှက်ချက်က သူလက်ချောင်းအတွင်း၌ သေးငယ်သည့် လေပွေလေးတစ်ခုအဖြစ် ဖွဲ့တည်သွားပြီး အကြိမ်ပေါင်းများစွာလည်ပတ်သွားပြီးနောက် လေပွေသည် ရုတ်တရက် ပြန့်ကားလာကာ မျက်စိကန်းလောက်ဖွယ် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အလင်းရောင်က အတောက်ပဆုံးအဆင့်ထိရောက်သည့်အချိန်တွင် လုကျိုးက အကျီလက်ကို ညင်သာစွာ တစ်ချက်ခါလိုက်တော့၏။ ဧရာမအရွယ်အစားခန့်ရှိသော လက်ဝါးချိပ်ပိတ်မှုက ကျို့ရှင်းချန်ဆီသို့ လွင့်ပျံလာသည်မှာ ဗုဒ္ဓ၏လက်ဝါးတော်နှင့် ဆင်တူနေပေသည်။ကျို့ရှင်းချန်က တအံ့တဩပြောလိုက်သည်။ သူ၏ဈာန မုဒြာက ယင်းနဲ့ယှဉ်လျှင် သိမ်ငယ်နေပေ၏။

“ဒုခေါင်းဆောင်” လူ ၄ယောက်က တပြိုင်နက်နီးပါး အော်လိုက်ကြသည်။

မဖော်ပြနိုင်သည့်စွမ်းအားသည် လူတိုင်းကို ကြောက်လန့်သွားစေ၏။

ဗုဒ္ဓ၏ လက်ဝါးတော်သည် မျောက်ကို မည်ကဲ့သို့ ထိန်းထားနိုင်သနည်း။ ယင်းက အကြောက်တရားကင်းမဲ့မှု၏ မဟာချိပ်ပိတ်မှုနှင့် တစ်ထပ်တူနေသည်။

“ဘန်း”

မျက်တောင်တစ်ခတ်အတွင်း အကြောက်တရားကင်းမဲ့မှု၏ မဟာချိပ်ပိတ်မှုသည် ဈာနာ မုဒြာကို ဝါးမျိုသွားသည်။ ကျို့ရှင်းချန်က မျက်လုံးအပြူးသားဖြစ်နေသည်။ လက်နှစ်ဖက်ကိုမြှောက်ကာ ဈာနမုဒြာ ထောင်ချီကို ထုတ်လွှတ်ပြီး သူ၏သစ်ရွက် ၄ရွက် စိတ်ဝိညာဉ်သဏ္ဌာန် စွမ်းအားက ပေါက်ကွဲသွားတော့၏။

အားသွန်ခွန်စိုက် ကြိုးစားခဲ့သော်လည်း အကြောက်တရားကင်းမဲ့မှု၏ မဟာချိပ်ပိတ်ဖြင့် ရောက်လာသည့်အချိန်တွင် သူက တုန့်နှေးမနေပဲ မုဒြာအားလုံးတို့ကို ဝါးမျိုသွားတော့သည်။ ထို့နောက် ဗုံးကနဲ ကျယ်လောင်သော အသံဖြင့် ဧရာမအရွယ်အစားရှိသော ချိပ်ပိတ်က ကျို့ရှင်းချန်၏ ရင်ဘက်ကိုတိုက်မိသွားပြီး သူ့ကိုနောက်သို့ လွင့်ထွက်သွားစေကာ မိစ္ဆာဝေဟင်နန်းတော် အပြင်ဘက်သို့ လွင့်ထွက်သွားစေ၏။

“ဘန်း”

လူအုပ်ကြီးက သူ သန်မာပုံကို အံ့ဩနေ၏။ မိစ္ဆာဂိုဏ်းချုပ်ထံမှ တိုက်ကွက်ကို ရှင်သန်နိုင်သည့်အတွက်ကြောင့် သူမည်မျှသန်မာကြောင်း အံ့ဩနေကြသည်။

ကျို့ရှင်းချန်က ခြံဝန်းအပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရပြီး နောက်သို့လန်ကျသွားကာ ခြေနှစ်ဖက်လည်း ယိုင်လဲကျပြီးနောက်၊ သူ့ခြေနှစ်ဖက်ဖြင့် ပြန်ထိန်းလိုက်ကာ သူကျရောက်သောမြေပြင်၌ ကျောက်တုံးများ အပ်ကွဲသွားတော့သည်။ သူသည် မြဲမြဲမြံမြံ ရပ်နိုင်သော်လည်း သူ၏မျက်လုံးအတွင်း၌ အကြောက်တရားများ ပြည့်နှက်နေသည်။

မှတ်ချက်

အနောက်ဘက်သို့ ခရီးသွားခြင်း၏ ကိုးကားချက်။ ။ မင် မင်းဆက်၏ ၁၆ရာစုနှစ်အတောတွင်း တရုတ်ဝတ္ထုတစ်အုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဝူချန်အန် အကြောင်း ရေးခဲ့သည်။ ယင်းက တရုတ်စာပေ၏ မဟာဂန္တဝင် ဝတ္ထု ၄အုပ်ထဲမှ ၁အုပ်လည်း ဖြစ်ပေသည်။

All Chapters