← Chapters

ဓားနတ်ဆိုး၏ ကံကြမ္မာ

Vol. 4 Ch. 54

ဓားနတ်ဆိုး၏ ကံကြမ္မာ

Vol. 4 Ch. 54

အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ

ခန်းမကျယ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားကာ အပ်ကျသံပင် ကြားရလောက်၏။

လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။

 ‘ ဒါက ထူးခြားလှတယ်ဆိုတဲ့ စွမ်းအားလား  ’ သူ့ဘာသာ တွေးလိုက်မိသည်။

သူက အသေရိုက်ချက်ကတ်သည် ကြောက်ရွံ့ခြင်း ကင်းမဲ့သော တံဆိပ်တော်ပုံစံဖြင့် ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကြောင်းမှာ သူက ဇင် ပညာရပ်ကို တစ်ခါမှ မကျင့်ကြံဖူး၍ ဖြစ်၏။ သူ့မှတ်ဉာဏ်ထဲ၌ သူက အခြေခံလက်ဟန်တချို့နှင့် တိုက်ခိုက်ရေးပညာရပ်တချို့ကို သိထားသော်လည်း တစ်ခါမှ လေ့လာကြည့်ဖို့ မကြိုးစားဖူးပေ။ သူက ကတ်သည် ထိုသို့ထုတ်ပေးလိမ့်မည်ဟုလည်း နားမလည်ပေ။ သူက အသုံးပြုလိုက်ရင်း သိပ်မတွေးလိုက်မိပေ။

“ ဒုခေါင်းဆောင် ”

“ဒုခေါင်းဆောင် ”

ကျို့ရှင်းချန်၏ လူများက ဝန်းထဲ ကြောက်လန့်တကြား ပြေးထွက်လာကြသည်။ သူတို့၏ အလိုလိုသိစိတ်မှ သူတို့ခေါင်းဆောင်သည် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိကြောင်း သိနေသည်။ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာ၊ ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့လည်း နောက်မှ လိုက်ပါလာကြသည်။

လုကျိုးက ခန်းမကျယ်အတွင်း ကျန်ရှိနေခဲ့သည့် တစ်ဦးတည်းသောလူ ဖြစ်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူက သူတို့နောက်လိုက်သွားစရာ မလိုပေ။ သူ တိုက်လိုက်သည့် အခိုက်အတန့် ထိုစွမ်းအား၏ အင်အားကို ကောင်းကောင်းကြီး ခံစားမိလိုက်၏။ သူက ကျိထျန်းတောက်၏ အထွတ်အထိပ် သဏ္ဌာန်ကို အတွေ့အကြုံမှ ခံစားမိဖူးပြီးသား ဖြစ်ရာ ထိုကတ်သည် မည်မျှအားပြင်းကြောင်း သေချာသိလိုက်သည်။

ဘယ်လောက်တောင် အားကောင်းနေတာလဲ …

စောစောလေးက ခံစားချက်အရ  ထိုကတ်သည် ကျို့ရှင်းချန်အား အလွယ်တကူ အနိုင်ပိုင်းပစ်နိုင်လိုက်သောကြောင့် အထွတ်အထိပ်သဏ္ဌာန်ကတ်ထက်ပင် အားပြင်းနေပုံပေါ်သည်။ သို့သော်လည်း ထိုသူက မည်မျှခုံခံစေကာမူ သူ့ထက် အားအနည်းငယ် ပိုကောင်းကြောင်း သက်သေပြပြီးသား ဖြစ်သွားလေပြီ။

‘ ဒါက တစ်ဖက်လူရဲ့ အင်အားပေါ်မူတည်ပြီး လိုက်ညှိနိုင်တဲ့ ကတ်မျိုးလား’ လုကျိုးက စဉ်းစားမိလိုက်သည်။ တစ်ခါသာ အသုံးပြုခွင့်ရသည်မှာ နှမြောဖို့ ကောင်းလှပေသည်။ သူ့အနေနှင့် ကိုးကားစရာ အချက်အလက် လုံလုံလောက်လောက် မရှိလိုက်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ စကားနှင့်ဖော်ပြ၍ မရနိုင်သော စွမ်းအားမျိုး ဖြစ်၏။

ကတုံးပြောင် ကျင့်ကြံသူလေးဦးက ကျို့ရှင်းချန်နား ချည်းကပ်သွားပြီးနောက် ဆယ်မီတာလောက်အကွာတွင် ရပ်သွားကာ ဆက်မသွားရဲကြတော့ပေ။ သူ့အနား ကျိုးကြေနေသော ကျောက်တုံးများနှင့် မြေကြီးအရ သူ လဲကျသွားစဉ်အခါက အားမည်မျှ ပြင်းကြောင်း ကောင်းကောင်း သိလိုက်သည်။

“ ဒုခေါင်းဆောင် ”

သူတို့က ကျို့ရှင်းချန်သည် ကျောက်တုံးအလား မလှုပ်မယှက် ဖြစ်နေပြီး မိစ္ဆာဝေဟင်မျှော်နန်းကို လှမ်းကြည့်နေကြောင်း မြင်လိုက်ရသည်။

သူ ဖြတ်ကျော်ခဲ့ရသည့် အဖြစ်အပျက်ကို မတွေ့ကြုံဘဲဖြင့် သူတို့က သူ့လက်ရှိအနေအထားနှင့် ခံစားချက်တို့ကို နားလည်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့က တစ်ခုတော့ သေချာသိလိုက်သည်။ သူက တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်၏။

အမျိုးသားလေးယောက်က ကျို့ရှင်းချန်အား ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူတို့က သူ့ကို ဤသို့ တစ်ခါမှ မမြင်ဖူးပေ။ သူတို့ထဲက တစ်ယောက်က အားတင်းပြီး သူ့ရှေ့ လက်ဝေ့ပြလိုက်သည်။ သို့သော်လည်း  ကျို့ရှင်းချန်က မိစ္ဆာဝေဟင်မျှော်နန်းဆီ မျက်တောင်မခတ်ဘဲ  စိုက်ကြည့်နေဆဲ ဖြစ်၏။

ထိုအခါ ဝန်းထဲ လေပြည်လေး ဖြတ်တိုက်သွားလေသည်။ ကျို့ရှင်းချန်၏ မင်နက်ရောင် စွမ်းအားတို့က လွင့်ပြယ်သွားပြီး နောက်အခိုက်အတန့်လေး၌ သူ့တစ်ကိုယ်လုံးမှာ အမှုန့်ဖြစ်သွားကာ လေနှင့်ပါသွားသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူက ကမ္ဘာမှ ပျောက်ကွယ်သွားကာ သူ့ခြေထောက်ကြောင့် ဖြစ်ခဲ့သည့် မြေတွင်းပေါက်နှစ်ခုနှင့် ပျက်စီးနေသော မြေသာ ကျန်နေခဲ့သည်။

ပေနက်လွှာ အဆင့်သုံးနေရာပိုင်ရှင် ပညာရှင်ကား ကျဆုံးသွားလေပြီ။

တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် အခြားလူများက မြင်ကွင်းကို ယုံရခက်စွာ ကြည့်လိုက်ရင်း တံတွေးမျိုချမိလိုက်ကြသည်။ သူတို့က အံ့အားသင့်သွားသလို သူတို့ဒေါသများလည်း ပြေပျောက်သွားကြောင်း ခံစားမိလိုက်ကြ၏။

ကျို့ရှင်းချန်က မိစ္ဆာဝေဟင်မျှော်နန်းအပေါ် မထီမဲ့မြင် လုပ်သောကြောင့် သူ့ဘာသာ ယူဆောင်လာသော ကပ်ဘေးသာ ဖြစ်ပေသည်။ သို့သော်လည်း သူ့ကို တစ်ချက်တည်းဖြင့် ရှင်းထုတ်ခံရသည်မှာ အနည်းငယ် ရက်စက်လွန်းရာကျသည်။ သူတို့က ရှစ်စွင်း၏ ကျင့်ကြံဆင့်ကို မစပ်စုဘဲ မနေနိုင်ကြတော့ပေ။ သူ့လက်ထဲ ဝှက်ဖဲတွေ မည်မျှ သိမ်းထားသနည်း။

သူ့နောက် နှစ်များစွာလိုက်လာသော တပည့်အနေနှင့် သူတို့က ဇင်ပညာရပ် လက်ကွက် ထုတ်သုံးတာကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူက ကျို့ရှင်းချန်ကို တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်လေရာ သူတို့အနေနှင့် မည်သို့ မအံ့ဩဘဲ နေမည်နည်း။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မင်ရှစ်ရင်က ပြောလိုက်သည်။

“ ရှစ်စွင်းရဲ့ ဒေါသ … ”

“ သူက သေသင့်တယ် ” တွမ့်မူရှန်းက မင်ရှစ်ရင်ကို ဝင်ထောက်လိုက်သည်။

မင်ရှစ်ရင်က ခေါင်းညိတ်ကာ  “ဟုတ်တယ် …. သူတို့အားလုံး သေသင့်တယ် ”

ကတုံးပြောင် ကျင့်ကြံသူလေးယောက်က နေရခက်သည့် အခြေအနေကြား ကျရောက်နေသည်။ ကျို့ရှင်းချန် သေသွားပြီ ဖြစ်ရာ သူတို့ခေါင်းဆောင် ဆုံးရှုံးလိုက်ရလေပြီ။ ထို့ကြောင့် ယခင်လို မောက်မောက်မာမာ မပြုမူရဲတော့ဘဲ ကြောက်နေကြသည်။ သူတို့က ထိပ်တန်း နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းရှိ လူတိုင်းကလည်း အနည်းဆုံး နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်များ ဖြစ်ကြသည်။

မင်ရှစ်ရင်က ကြွက်သားများကို ဖြေလျော့လိုက်ရင်း အန္တရာယ်ရှိရှိ ပြုံးလိုက်ကာ  “ ငါ့ရဲ့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့ချင်ကြလား ”

“  ခင်ဗျား ….” လေးယောက်သား ကြောက်ရွံ့နေကာ စကားပင် ကောင်းကောင်း မပြောနိုင်ကြတော့ဘဲ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့ ရှေ့တိုးလာလေလေ သူတို့က နောက်ဆုတ်လေလေ ဖြစ်နေသည်။

ထိုအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လုကျိုး၏ အသံထွက်ပေါ်လာသည်  “ မင်းတို့ဂိုဏ်းချုပ်ဆီ သူ့လူတွေကို ထိန်းထားဖို့ ပြန်ပြောလိုက် ”

ယခု သူတို့ရှစ်စွင်းက ဝင်ပြောလာပြီ ဖြစ်ရာ မင်ရှစ်ရင်က ထိုလူများအား ထပ်မတိုက်ရဲတော့ပေ။

“ အခုချက်ချင်း ထွက်သွားကြစမ်း ”

သူက ကတုံးပြောင် ကျင့်ကြံသူလေးယောက်ကို စိုက်ကြည့်လိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းအတွင်း …

လုကျိုးက စနစ်မှ  ကုသိုလ်ရမှတ် အမှတ်တစ်ထောင် ရကြောင်း အချက်ပေးသံကို ကြားလိုက်ရသည်။ သူက ကတ်တစ်ကတ် ဝယ်ဖို့ အမှတ်ငါးရာ သုံးထားရပြီး နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်သည့်အတွက် အမှတ်တစ်ထောင် ဆုလာဘ်အနေနှင့် ပြန်ရပေသည်။ အခြားနည်းဖြင့်ဆိုရလျှင် သူ့ဝင်ငွေက ကုန်ဆုံးသွားသည်ထက် နှစ်ဆပြန်ရလိုက်သည်။

ကတ်က အံ့ဩဖို့ ကောင်းသော်လည်း နောင်အနာဂတ်၌ သေချာဂရုတစိုက် အသုံးပြုရပေမည်။ စွမ်းအားက အံ့မခန်း ဖြစ်၍ သူ မသတ်ချင်သည့်လူအပေါ် သုံး၍ မဖြစ်ပေ။

ယခင်က လုကျိုးသည် ကျို့ရှင်းချန်ကို အဘယ်ကြောင့် တောင်ပေါ်ခေါ်ခဲ့မှန်း သိလားဟု မေးခဲ့ဖူးသည်။  သူ့တွင် ရည်ရွယ်ချက်နှစ်ခု ရှိ၏။ တစ်ခုမှာ မိစ္ဆာဘုရားကျောင်း၏ ရည်ရွယ်ချက်ကို သိရှိရန် ဖြစ်ပြီး ဒုတိယအချက်မှာ ကတ်ကို စမ်းကြည့်ရန် ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူက ကျို့ရှင်းချန်ကို သတ်ဖို့ရာ မရည်ရွယ်ထားပေ။ မည်သို့ပင်ဆိုစေကာမူ ထိုလူက သေသွားပြီးပြီ ဖြစ်၍ မိစ္ဆာဘုရားကျောင်းအား သတိပေးချက်အဖြစ် မှတ်ယူခိုင်းလိုက်မည်။

တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် အခြားလူများလည်း ခန်းမကျယ်ထဲ ပြန်လည် ရောက်ရှိလာကြသည်။

“ရှစ်စွင်းက လောကကမှာ အားအကောင်းဆုံးလူပဲ။ တစ်ကွက်တည်းနဲ့ အဲဒီကောင်ကို အမှုန့်ဖြစ်သွားစေတယ် ” မင်ရှစ်ရင်က မြှောက်ပင့်ပြောလိုက်သည်။

“ ရှစ်စွင်း  … တပည့် အဲဒီတိုက်ကွက် သင်ယူချင်တယ် ” ရှောင်ယွမ်အာက လုကျိုးဘေးကနေ နာခံတတ်သည့် မြေးမတစ်ယောက်သဖွယ် ပခုံးနှိပ်ပေးရင်း ပြောလိုက်သည်။

လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။

“မရူးစမ်းပါနဲ့။ မင်းက လှုပ်ရှားမှုတွေ၊ လက်သီးချက်တွေကို အဓိကထားတဲ့ သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံတာလေ။ သူတို့က ဇင်ကျင့်စဉ်နဲ့ လိုက်လျောညီထွေ မဖြစ်ဘူး။ မင်း လမ်းသွေဖည်သွားမှာကို မကြောက်ဘူးလား”

“ လူတွေက တပည့်တို့ကို မိစ္ဆာလို့ ခေါ်ကြတာပဲကို ….” ရှောင်ယွမ်အာက တီးတိုးရေရွတ်လိုက်သည်။

“ တော်တော့ ” လုကျိုးက  အသံမြင့်ပြောလိုက်သည်။

ရှောင်ယွမ်အာက နှုတ်ခမ်းစူကာ ဘာမှဆက်မပြောတော့ပေ။

တွမ့်မူရှန်းက အနည်းငယ် နားမလည်ဖြစ်လာကာ မေးလိုက်သည်။

“ ရှစ်စွင်း သူတို့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ ”

လုကျိုး မဖြေခင် မင်ရှစ်ရင်က ဝင်ပြောလိုက်သည်

“ရှစ်စွင်းက မိစ္ဆာဘုရားကျောင်းကို တကယ် ကျဆုံးသွားစေချင်တာမျိုးထက် ကျန်တဲ့လူတွေကို ခြောက်ဖို့ ကျို့ရှင်းချန်ကို နမူနာအနေနဲ့ ပြလိုက်ရုံပဲ။ မိစ္ဆာဘုရားကျောင်းက ရည်မှန်းချက်ကြီးပြီးတော့ အင်အားချဲ့ထွင်ချင်နေတာ၊ ဒါပေမဲ့ တာ့ရှစ်ရှိုး အဲလေ … ငရဲဂိုဏ်းက အတားအဆီး ဖြစ်နေတယ်။ တကယ်လို့ မိစ္ဆာဘုရားကျောင်းသာ ပျောက်ကွယ်သွားရင် ငရဲဂိုဏ်းကို ဘယ်သူထိန်းမှာလဲ ”

တွမ့်မူရှန်းက သိပ်နားလည်ဟန် မပေါ်သေးပေ

“ကျို့ရှင်းချန်က မိစ္ဆာဘုရားကျောင်းရဲ့ ဒုခေါင်းဆောင်လေ။ အခု သူ သေပြီဆိုတော့ မိစ္ဆာဘုရားကျောင်းက သူ့အတွက် သေချာပေါက် လက်စားချေပေးမှာ မဟုတ်ဘူးလား ”

“မင်း အရမ်းတွေးလွန်းနေပြီ။ သူတို့ ဒေါသထွက်ရင်တောင် ဘာလုပ်နိုင်မှာမလို့လဲ။ သူတို့တပည့်တွေအကုန်လုံးကို ခေါ်ပြီး ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်မှာလား ” သူက စကားတချို့ မပြောဘဲ ချန်ထားခဲ့သော်လည်း သူ ပြောချင်သည်မှာ သိသာလှသည်။

မိစ္ဆာဘုရားကျောင်းက ယွီကျန့်ဟိုင်တောင် မတိုက်ရဲတဲ့ ရွှေနန်းဥယျာဉ်တောင်ကို လာတိုက်ရဲမည်လား …

ထို့အပြင် ရွှေနန်းဥယျာဉ်တောင်သည် ထိပ်တန်းပညာရှင် ဆယ်ယောက်ကို မောင်းထုတ်ထားသည်မှာ သိပ်မကြာသေးပေ။ ပွင့်ချပ်ခုနှစ်လွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း ကောင်းကင်ဓားဂိုဏ်းချုပ် လော့ချန်းဖုန်းပင် သူတို့ရှစ်စွင်းထံ ရှုံးနိမ့်ခဲ့ရသည်။ သူတို့ကို ဘယ်သူကများ တိုက်ရဲဦးမည်နည်း။

သူ့စကားအဆုံးတွင် မင်ရှစ်ရင်က သူ့ဘာသာ ဂုဏ်ယူဟန်ကြည့်လိုက်သည်။

“ စတုတ္ထသခင်လေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်ကို အသိဉာဏ်ပွင့်သွားစေတာပဲ” ဖန်ကျုံးက ဦးညွှတ်ရင်း ပြောလိုက်သည်။ သူက နားမလည်ဖြစ်ခဲ့သော်လည်း ရှင်းပြချက်က သူ့သံသယများအား ရှင်းလင်းသွားစေသည်။

“ စတုတ္ထသခင်လေးက တကယ်ကို ဉာဏ်ကြီးရှင်ပဲ။ ဒီဟာက ကျွန်တော် သံသယတွေအကုန် ရှင်းလင်းသွားစေတယ်ဗျာ ”ကျိုးကျစ်ဖုန်းကလည်း လေးလေးနက်နက် ဝင်ပြောလိုက်သည်။

မင်ရှစ်ရင်က စိတ်ရှုပ်သွားလေသည်။ ‘ အဲအရူးနှစ်ကောင် လူမှားပြီး မြှောက်ပင့်နေကြတာ မဟုတ်ဘူးလား ’ သူက တွေးလိုက်မိပြီးနောက် မျက်လုံးထောင့်မှ လုကျိုးအား ခိုးကြည့်လိုက်သည်။

လုကျိုးက ဒေါသထွက်မနေဘဲ စဉ်းစားနေလေသည်။

‘ ဒီကောင်လေးရဲ့ သုံးသပ်ချက်တွေက ကောင်းသား … သူ့အချက်အလက်တွေက ရှင်းလင်းပြီးတော့ သဘာဝကျတယ်။ သူ ပြောတဲ့အထဲမှာ အမှန်တရားတချို့လည်း ရှိနေတဲ့ပုံပဲ ’

ထိုစဉ် ကတုံးပြောင် အမျိုးသားလေးယောက်က နဂါးနက်ရထားလုံးဆီ ပြန်ရောက်သွားလေပြီ။ အခြားသော ကျင့်ကြံသူအားလုံးက သူတို့ခေါင်းဆောင် သေဆုံးသွားကြောင်း သိလိုက်ရသည့်အခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရပြီး တောင်ပေါ် ခြေထပ်မချရဲကြတော့ပေ။ သို့သော်လည်း သူတို့အနေနှင့် ကျို့ရှင်းချန် မပါရှိဘဲ ရထားလုံးကို ထိန်းချုပ်နိုင်ဖို့ အလွန်ခက်ခဲလာသည်။ အဆုံးသတ်၌ လေထဲ ပျံသန်းနိုင်လိုက်သော်လည်း အလွန်နှေးနှေးကွေးကွေး ဖြစ်နေရှာသည်။

နဂါးရထားလုံးက လာရာလမ်းအတိုင်း ပြန်လှည့်သွားလေသည်။ ဖြည်းဖြည်းချင်း ပျံသန်းနေသောကြောင့် တစ်နာရီကျော်ကြာ ပျံသန်းသည့်တိုင် မိုင်တစ်ရာခရီးမျှ မတွင်ခဲ့ပေ။ အနက်ဝတ် ကျင့်ကြံသူများကလည်း ရထားလုံးထဲ စွမ်းအားထည့်သွင်းပေးနေရသည်။ ထို့နောက် သူတို့အရှေ့ဘက်၌ လူရိပ်တစ်ခု မြင်လိုက်ကြရသည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အနက်ရောင် ဖရိုဖရဲ ဖြစ်နေရှာသည်။ သူ့လက်မောင်းကို ရှေ့တွင်ပိုက်ထားပြီး နောက်ကျောဘက်၌ ဓားတစ်လက် သယ်ဆောင်ထားလေသည်။

All Chapters