← Chapters

အရာအားလုံးက သူ့လက်ထဲမှာပဲ

Vol. 4 Ch. 56

အရာအားလုံးက သူ့လက်ထဲမှာပဲ

Vol. 4 Ch. 56

အခန်း (၅၆)  အရာအားလုံးက သူ့လက်ထဲမှာပဲ

လုကျိုးက မိစ္ဆာဘုရားကျောင်း မည်သို့ တွေးထင်မည်ကို ဂရုမစိုက်သလို ဂရုစိုက်စရာလည်း မလိုအပ်ပေ။

ယခုအခြေအနေအရ မိစ္ဆာဝေဟင်မျှော်နန်းရှိ မည်သူကမှ ကျို့ရှင်းချန်အား မခုခံနိုင်ကြပေ။ သူက လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများအား အကြောင်းပြချက်အဖြစ် သုံးကာ အင်အားပြလိုလျှင်ပင် အဆင်ပြေဦးမည် ဖြစ်သော်လည်း သူက မိစ္ဆာအိုကြီးကိုမှ သွား၍ စိန်ခေါ်ခဲ့လေသည်။

အကယ်၍ သူသာ သေတွင်းမတူးခဲ့လျှင် သေမည် မဟုတ်ပေ။

လုကျိုး မတိုက်ခိုက်ခင် ကျို့ရှင်းချန်ထံ နောက်ခံရှိနေတာလား ဒါမှမဟုတ် အကြံအစည် ရှိနေတာလားဆိုတာ စဉ်းစားဖို့ အချိန်မရလိုက်ပေ။

လုကျိုးက စနစ်မှ ကုသိုလ်ရမှတ် ၂၆၉၀ ကိုသာ တစ်ချက်ကြည့်လိုက်သည်။

သူက ကံဆိုးနေကြောင်း သိလိုက်သည်။ နောက်ဆုံး ကံစမ်းမဲမှ ရရှိထားသော အကြောင်းပြန်လှန်ကတ်ကို အသုံးပြုပြီးနောက် သူ့လက်ကျန်အချိန် ရက်သုံးရာ အပိုထပ်ဆောင်း ရလိုက်ပြီးနောက် နောက်ထပ်ကံစမ်းမဲ စမ်းဖို့ အတွေးအား ဖယ်ထုတ်ထားလိုက်သည်။

သူက ကျင့်ကြံဆင့်ပေါ် အာရုံစိုက်ဖို့ လိုအပ်ပေသည်။ ထိုအရာက အခြေခံ မဟုတ်ပါလော။

ထို့နောက် သူက အသေရိုက်ချက်ကတ် နောက်ထပ် တစ်ကတ်ကို ဝယ်ယူလိုက်ပြီး လက်ကျန်အမှတ်များကို အဆင့်မြင့် စိတ်ဝိညာဉ်သဏ္ဌာန်ဝယ်ယူဖို့ ချန်ထားလိုက်သည်။

“ တာဝန်ပြီးဆုံးတာက ကုသိုလ်ရမှတ်တွေ ရဖို့ အကောင်းဆုံး နည်းလမ်းပဲ။ ငါ့အတွက် ဒီလိုလုပ်ပေးဖို့ တပည့်တွေက အဓိကအင်အားစုဆိုတော့ … ”

လုကျိုးက  သူ့ကို မုန်းတီးနေသည့် ခြောက်ယောက်မြောက် တပည့် ယဲ့ထျန်းရှင်းအကြောင်း တွေးမိသွားသည်။ သူသာ ကျိထျန်းတောက်သာ ဖြစ်နေမည်ဆိုလျှင် သစ္စာဖောက်တပည့်များအား သတ်ပစ်ပြီးလောက်လေပြီ။ သို့သော်လည်း သူက တခြားလူ ဖြစ်နေသောကြောင့် ထိုသို့မလုပ်ခဲ့ပေ။

“ သူမမှာ ဘာပြဿနာရှိတာလဲ ” သူက အတွေးထဲ နစ်မြောနေလေသည်။

အဖြေက ပျောက်ဆုံးနေဆဲ မှတ်ဉာဏ်ထဲမှာ ကိန်းအောင်းနေသည်။ လုကျိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက နေရာပြောင်းရောက်လာမှုကြောင့် ဖြစ်လာသည့် ယာယီလက္ခဏာမျှ ဖြစ်ကာ သိပ်မကြာခင် ပြန်မှတ်မိလာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း‌   လတ်တလောအတွင်း သူက ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်ခွင့်ရသွားခဲ့သော်ငြား ပျောက်ဆုံးနေဆဲ မှတ်ဉာဏ်များက ပြန်မရောက်လာခဲ့ပေ။

အချိန်အတော်ကြာ ပြန်စဉ်းစားပြီးနောက် မူးနောက်လာရုံမှအပ ဘာမှဖြစ်မလာသောကြောင့် မှတ်ဉာဏ်ရှာဖို့ လက်လျော့ထားလိုက်ရသည်။

“ ကောင်းပြီလေ .. ဘာမှမမှတ်မိတော့လည်း သူမကံပဲပေါ့ …” လုကျိုးက ယောက်ယတ်ခတ်နေသည့် အတွေးများကို ရပ်တန့်လိုက်ပြီး ကောင်းကင်ကျမ်းကိုသာ ပြန်လည် လေ့လာလိုက်သည်။

………..…

မင်ရှစ်ရင်က ပြန်လည်သုံးသပ်ရေးဂူအတွင်း ခေါင်းတခါခါဖြင့် ရှေ့ပြန်နောက်ပြန် လျှောက်နေကာ ပို၍ အိုမင်းလာကာ ဖြူဖျော့လာသည့် ယဲ့ထျန်းရှင်း၏ မျက်နှာကို မြင်လိုက်တိုင်း သက်ပြင်းချလိုက်မိသည်။

“ လရောင်ဆွတ်နန်းဆောင်က ဒီကပ်ဘေး ထိပါ့မယ်လို့ ပြောသားပဲ။ ရှစ်စွင်းကြောင့်သာ မဟုတ်ရင် မင်းရဲ့လူတွေ အခုနေ သေနေလောက်ပြီ” မင်ရှစ်ရင်က ပြောလိုက်သည်။

ယဲ့ထျန်းရှင်းက အေးစက်စက် ကျောက်နံရံကို မှီကာ မလိုလားဟန်ဖြင့် “ သူတို့က ကူကယ်ရာမဲ့နေတဲ့ အခြေအနေကို အခွင့်ကောင်းယူတဲ့ဟာတွေလောက်ပါပဲ။ ကျွန်မကသာ သူတို့နဲ့ ရှိနေရင် ကျို့ရှင်းချန် သူတို့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ”

“ ထားလိုက်ပါတော့ အဲဆို ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းတို့ကိုရော ဘယ်လိုလုပ်မလဲ။ မင်းက ကျို့ရှင်းချန်ထက် အားကောင်းရင်တောင် သူတို့ရဲ့ ရန်ငြိုးကို ခံနိုင်မှာလား ” မင်ရှစ်ရင်က မေးလိုက်ပြန်သည်။

ယဲ့ထျန်းရှင်းက ဘာပြောရမှန်း မသိတော့ပေ။

တာ့ယန်တောင်ပိုင်း ဂိုဏ်သုံးဂိုဏ်း၌ ကျွမ်းကျင်သူ ပညာရှင်များစွာ ရှိသောကြောင့် သူမဂိုဏ်းအပါအဝင် တခြားသောဂိုဏ်းများထက် ပိုအားကောင်းပေသည်။

“ ထျန်းရှင်း … ငါ မင်းကို အများကြီး မကူညီနိုင်ဘူး ”

မင်ရှစ်ရင်က သက်ပြင်းချကာ   “ ရှစ်စွင်းက မိစ္ဆာဘုရားကျောင်းကို ကြောက်ပြီးတော့ လရောင်ဆွတ်နန်းဆောင်ကို ပေးအပ်လိုက်မယ် ထင်နေတာ ဒါပေမဲ့ … ” သူက ခဏရပ်လိုက်ပြီးနောက် ဟားတိုက်ရယ်လိုက်ကာ   “ ရှစ်စွင်းက ကျို့ရှင်းချန်ကို တစ်ကွက်တည်းနဲ့ အမှုန့်လုပ်ပစ်လိုက်တယ် ”

“တစ် … တစ်ကွက်တည်းနဲ့လား ”

“ဟုတ်ပါ့ .. ကြားတာ မှန်တယ်။ ပြီးတော့ အဲဒါကလည်း ဇင်ကျမ်းစာရဲ့ ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော် ဖြစ်နေတာ ”

“သူက မိစ္ဆာဘုရားကျောင်းကို ရန်စမိမှာကို မကြောက်ဘူးလား။ နောက်ကွယ်ကလူတွေက မိစ္ဆာကျင့်ကြံသူတွေတင် မကဘူး … ”

“ငါလည်း တွေးမိတာပေါ့။ ရှစ်မေ့ … မင်း အရမ်းငယ်သေးတယ် ” မင်ရှစ်ရင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဘာပြောချင်တာလဲ ”

“အရာအားလုံးက ရှစ်စွင်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ” မင်ရှစ်ရင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

ခဏအကြာတွင် ယဲ့ထျန်းရှင်းက တိတ်ဆိတ်သွားပြီး ပြောလိုက်၏။

“ ဘယ်လိုဖြစ်ဖြစ် ရှစ်ရှိုးရဲ့ ကြင်နာမှုကို မှတ်ထားပါ့မယ် ”

သူမစကားအဆုံးတွင် ချောင်းအပြင်းအထန် ဆိုးလာလေသည်။ မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ သူမဆီ သွားလိုက်ပြီး စွမ်းအားတချို့ လွဲပြောင်းပေးလိုက်သည်။ ထိုအရာက ချောင်းဆိုးတာ သက်သာသွားစေသော်လည်း သူမ မျက်နှာမှာ ပိုမိုဖြူဖျော့သွားလေသည်။

“ မင်း ဆံပင်တွေ …” မင်ရှစ်ရင်က သူမ ဆံပင်အနက်မှ ငွေရောင်အမျှင်တို့ကို သတိထားမိလိုက်သည်။

“ကျွန်မကို တစ်ယောက်တည်း ထားခဲ့လိုက်ပါ။  ကျွန်မ ကျင့်ကြံဆင့် ပျက်စီးသွားတော့ စွမ်းအင်ဗဟိုချက်ထဲ စွမ်းအားမစုစည်းနိုင်တော့ဘူး။ စတင်ပျက်စီးလာဖို့ အချိန်တစ်ခုပဲ လိုတော့တယ် ”

ယဲ့ထျန်းရှင်းက မထူးမခြားနား ပြောလိုက်သည်။

“ငါ့စကားနားထောင် … ရှစ်စွင်းဆီကနေ ခွင့်လွတ်မှု တောင်းခံလိုက်။ ရှစ်စွင်းက ဆရာတပည့်ဆက်ဆံရေးကို ထောက်ထားပြီးတော့ မင်းကို ကယ်ပေးချင် ကယ်ပေးနေမှာ ” မင်ရှစ်ရင်က ဖျောင်းဖျလိုက်သည်။

ယဲ့ထျန်းရှင်းက ခေါင်းခါလိုက်သည်။ သူမခန္ဓာကိုယ်ထဲမှ နာကျင်မှုကို အံ့တုရင်း မင်ရှစ်ရင်အား မော့ကြည့်ကာ  “ ရှစ်ရှိုး … တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ ဘာလို့ ထွက်သွားတာလဲ သိလား ”

“ မသိဘူး သိလည်း မသိချင်ဘူး” မင်ရှစ်ရင်က ခေါင်းယမ်းရင်း ပြောလိုက်သည်။ သူက ယဲ့ထျန်းရှင်း ထပ်ပြောတော့မည်ကို မြင်လိုက်သည့်အခါ လက်ယမ်းကာ  “ ငါ မင်းကို ပြန်လည်သုံးသပ်ဖို့ ဒီမှာထားခဲ့မယ်။ မင်း တွေးပြီးသွားရင် ပြော … မင်းကို လွှတ်ပေးဖို့ ရှစ်စွင်းဆီ တောင်းဆိုပေးမယ် ”

သူ့စကားအဆုံးတွင် ဂူထဲမှ ပျောက်ကွယ်သွားကာ ယဲ့ထျန်းရှင်းအား ထပ်ပြောခွင့် မပေးတော့ပေ။

ဂူအပြင်ဘက်ရောက်မှ သူက အသက်ပြင်းပြင်းရှုကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“ ငါက မင်းလို မဟုတ်ဘူး။ ရှစ်စွင်းအပေါ် အရမ်းလေးစားတုန်းပဲ … ” သူက လက်နောက်ပစ်လျက် တောင်အနောက်ဘက်ဆီ ဦးတည်လိုက်သည်။

ဂူမှ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ဖို့အတွက် တောင်အနောက်ဘက်ကို ဖြတ်သွားရသည်။ ထိုနေရာမှာ သန့်ရှင်းတိတ်ဆိတ်ကာ လေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်၏။

မင်ရှစ်ရင် ဖြတ်သွားသည့်အခါ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ လေ့ကျင့်နေသည်ကို မြင်လိုက်ရသည်။ သူက သူတို့အား အကြံတချို့ပေးဖို့ တွေးမိလိုက်သော်လည်း သူတို့ကြားမှ အတိတ်အဖြစ်အပျက်ကို သတိရသွားကာ ထိုအကြံအား လက်လျော့လိုက်သည်။

“ စတုတ္တသခင်လေး … ခဏနေပါဦး ”  ဖန်ကျုံးက ရုတ်ခြည်း ခေါ်လိုက်သည်။

“ ဘာလိုချင်လို့လဲ ” မင်ရှစ်ရင်က သံသယဖြင့် မေးလိုက်သည်။

ဖန်ကျုံးက ဦးညွှတ်ကာ  “ သခင်လေး တစ်ခုလောက်များ ကူညီပေးနိုင်မလား ”

“ မရဘူး ” မင်ရှစ်ရင်က လှည့်ထွက်သွားလေသည်။

ဖန်ကျုံး “ … ”

အခြားသောအချိန်၌ ဖန်ကျုံးက မင်ရှစ်ရင်ကို မတားဆီးရဲသော်လည်း ယခု အရေးတကြီး အကူအညီလိုအပ်နေလေရာ သတ္တိမွေး၍ ပြောလိုက်သည်။

“ စတုတ္ထသခင်လေး … ကျေးဇူးပြုပြီး ခဏနားထောင်ပေးပါဦး။ ကျွန်တော် ခန္ဓာကိုယ်ထဲက အေးစက်မှုက အထွတ်အထိပ် ရောက်နေပြီးတော့ ကျွန်တော့်ကို သတ်နေပြီ။ တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်တော် သုံးလတောင် ခံမှာ မဟုတ်တော့ဘူး။ မျှော်နန်းဆောင်သခင်က ကျွန်တော်ကို ယန်ခြောက်သွယ် ကျင့်စဉ်ကို ပေးမယ်လို့ ကတိပေးထားတယ်။ အဲဒါ စတုတ္ထသခင်လေးများ ကူညီပေးနိုင်မလား … ”

“ဒါပဲလား ” မင်ရှစ်ရင်က သူ့အား စိုက်ကြည့်လိုက်သည်။

“ ဟုတ် ”

“ ရှစ်စွင်းက မင်းကို ကတိပေးထားမှတော့ စကားကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး။ သုံးလဆိုတော့ လိုပါသေးတယ်။ နောက်တစ်ရက်ရဲ့ နေအလင်းရောင်ကို မမြင်ဘဲ ထာဝရ အိပ်စက်သွားကြတဲ့သူတွေတောင် အများကြီးပဲ” မင်ရှစ်ရင်က မှတ်ချက်ပေးလိုက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

“…”

ဖန်ကျုံးက နားမလည်ဘဲ ကျန်နေခဲ့၏။ ထိုစဉ် ကျိုးကျစ်ဖုန်းက သူ့ဓားကို သိမ်းကာ ခေါင်းတခါခါဖြင့်  “ ငါ ပြောသားပဲ … စတုတ္ထသခင်လေးက ကြင်နာတတ်တယ်လို့ ထင်ရပေမဲ့ သူ့စကားတွေထဲမှာ မြှုပ်ထားတဲ့ ဆူးတွေ ရှိပါတယ်ဆိုနေ …  နဝမ သခင်မလေးကို သွားပြောတာ ပိုကောင်းမယ်။ သူမက ရိုးသားဖြူစင်ပြီးတော့ ကြင်နာတတ်တယ်။ ပြီးတော့ မျှော်နန်းဆောင်သခင်ကလည်း သူမကို အလိုလိုက်တယ်လေ။ မင်းသာ သူမကို ကောင်းကောင်းပြောရင် ကူညီပေးမှာ သေချာတယ် ”

“ အဲဒါ ဖြစ်နိုင်တယ် ” ဖန်ကျုံးက ခေါင်းညိတ်လိုက်သည်။

…………..…

ကောင်းကင်ကျမ်းကို သုံးကြိမ်ထပ်ဖတ်ပြီးနောက် လုကျိုးက စာကြောင်းနှစ်ကြောင်း တိုးလာသည်မှလွဲ၍ ထူးထူးခြားခြား ပြောင်းလဲမှု မရှိကြောင်း သိလိုက်ရသည်။ သူတို့ကို နားလည်နိုင်ဖို့ရာ အလွန်ပျင်းရိဖို့ ကောင်းသောကြောင့် ခဏအကြာတွင် ပိတ်လိုက်ရစမြဲ ဖြစ်၏။

“ ရှစ်စွင်း ” ရှောင်ယွမ်အာ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“ ဝင်ခဲ့ ”

မိန်းမငယ်လေးက အပြင်ဘက်မှ ခုန်ဝင်လာပြီး ပျော်ပျော်ရွှင်ရွင်ဖြင့်  “ ရှစ်စွင်း … တပည့် ရှစ်ကျဲကျောင်းယွဲ့ရဲ့ သတင်းကို သိလိုက်ရပြီ”

“ ဆိုစမ်းပါဦး ”

All Chapters