← Chapters

ဓားချစ်သူ

Vol. 4 Ch. 60

ဓားချစ်သူ

Vol. 4 Ch. 60

အခန်း (၆၀)  ဓားချစ်သူ

အပြာရောင်ဝတ်စုံနှင့် ဓားသမားက သူ့အခန်းပြတင်းပေါက် အပြင်ဘက်၌ ပုံရိပ်တစ်ခု ရုတ်ခြည်း ပေါ်လာသည်ကို မြင်လိုက်သည့်အခါ ဆက်မပြုံးတော့ပေ။

“ ဘာကိစ္စလဲ ” သူက ပြတင်းပေါက်ကို မကြည့်ဘဲ အသာမေးလိုက်သည်။

“ဂိုဏ်းချုပ်က စီနီယာကို ဓားရူး ချန်းဝမ်ကျဲက ယူနန်မြို့ထဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ရောက်နေတဲ့အကြောင်း ပြောခိုင်းလိုက်လို့ပါ။ ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းတွေက ပညာရှင်တွေကိုလည်း သတိထားဖို့ ပြောလိုက်ပါသေးတယ် ”

ဓားသမားက ထိုပုံရိပ်အား တစ်ချက်ကြည့်ပြီးနောက် ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

“ ကျေးဇူးပါ ”

“ နောက်တစ်ခုက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆရာကြီးလည်း ယူနန်မြို့ထဲ ရောက်လာလိမ့်မယ်တဲ့။ ဂိုဏ်းချုပ်က အကြီးအကဲရဲ့ အကြံအစည်ကို သိချင်နေပါတယ် ” ပုံရိပ်က ကြောက်ရွံ့နေသည့်အလား တုံ့တုံ့ဆိုင်းဆိုင်း ပြောလိုက်သည်။

“ အဲဒါ သူနဲ့ မဆိုင်ဘူး ” ဓားသမား၏ အသံက ပိုတိုးသွားလေသည်။

ပုံရိပ်က ချက်ချင်း နောက်ဆုတ်လိုက်မိ၏။

ဓားသမားက တစ်ခါပြုံးကာ စားပွဲပေါ်မှ ရေကရားကို ယူကာ ရေတစ်ခွက်လောင်းထည့်လိုက်ပြီး “ မိတ်ဆွေ ကြောက်နေဖို့ မလိုပါဘူး။ ဒီမှာ လေပြင်းတယ်။ တကယ်လို့ လုပ်စရာမရှိဘူးဆိုရင် အထဲဝင်ပြီး ရေသောက်ပါဦးလား ”

“ ဒီ … ဒီအငယ်က ဂိုဏ်းချုပ်ကို တင်ပြစရာလေးရှိလို့ ခွင့်ပြုပါဦး ”

ပုံရိပ်က မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ဓားသမားက အသာခေါင်းခါလိုက်ကာ သူလည်း အခန်းထဲ၌ ကြာကြာမနေခဲ့ပေ။ ခဏအနားယူပြီးနောက် သူက အမှောင်ထုထဲ ခုန်ဆင်းကာ ပျောက်ကွယ်သွားပြန်သည်။

နောက်တစ်နေ့ မနက်ခင်း၌ …

လုကျိုး မျက်လုံးဖွင့်လိုက်သည်နှင့် အခန်းအပြင်ဘက်မှ ဆူဆူညံညံ အသံကို ကြားလိုက်ရသည်။ ထို့နောက် သူက တံခါးခေါက်သံ ကြားလိုက်ရ၍ ထလိုက်ရတော့သည်။

“ ဆရာကြီး …” ထိုသူမှာ ဆိုင်ရှင် ဖြစ်၏။

လုကျိုးက ခုတင်ပေါ်မှ ထကာ တံခါးကို ဖွင့်ပေးလိုက်သည့်အခါ တည်းခိုဆောင် ပိုင်ရှင်နှင့် အရာရှိတချို့က ဆီးကြိုနေလေ၏။

ဆိုင်ရှင်၏ မျက်နှာကား ချွေးများ ထွက်နေပြီး သူ့စကားမဆိုနိုင်ခင် အရာရှိ တစ်ယောက်က နှုတ်ဆက်ကာ ပြောလိုက်သည်။

“ ဆရာကြီး … ကျို့ဖင်းကို သတ်သွားတဲ့သူကို မြင်မိလိုက်လား ”

လုကျိုးက နားမလည်နိုင်ဟန် ဖြစ်နေသည်။ ကျို့ဖင်းက သေဆုံးသွားပြီလား။ သူက ထိုအမျိုးသားနေခဲ့သည့် အခန်းဆီ လှည့်ကြည့်လိုက်မိသည်။ ရဲမက်နှစ်ယောက်က ဓားကျိုးတစ်ချောင်းဘေးရှိ သွေးအိုင်ကို ရှင်းနေကြသည်။ အခြားသော အရာရှိနှစ်ယောက်က အခန်းကို ရှာဖွေနေကြ၏။ အခန်းကား ဗလာကျင်းနေသော်လည်း သူတို့က ဘာအရိပ်အမြွက်မှ မတွေ့ခဲ့ပေ။

ကျို့ဖင်းသည် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ပြန်မတိုက်လိုက်ရဘဲ တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်။ ဤသည်မှာ လူသတ်သမားက အနည်းဆုံးတော့ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်နေကြောင်း ပြသနေလေသည်။

လုကျိုးက ဘာမှမမြင်ခဲ့ကြောင်း ပြသသည့်အနေနှင့် ခေါင်းခါလိုက်သည်။

အရာရှိက သက်ပြင်းချကာ  “ ကျို့ဖင်းက ဓားဝိဇ္ဇာတစ်ယောက်ပါ။ သူ့ကို သတ်သွားတဲ့သူကလည်း ပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ ခင်ဗျား မသိလိုက်တာ ပုံမှန်ပါပဲ ”

“ ကျို့ဖင်းက တစ်ယောက်ယောက်နဲ့များ ရန်ငြိုးရှိခဲ့တာများလား ” လုကျိုးက မေးလိုက်သည်။

အရာရှိများက မျက်မှောင်ကြုတ်ကာ လုကျိုးအား တစ်ချက်လေ့လာလိုက်ပြီးနောက် မဖော်မရွေပြောလိုက်သည်။

“ မပြောသင့်တာတွေကို ထုတ်မပြောနဲ့ ”

ကျို့ဖင်း၏ သေဆုံးမှုက လုကျိုးနှင့် ဘာမှမဆိုင်သော်လည်း လူသတ်သမားက ပညာရှင်တစ်ယောက် ဖြစ်နေသည့်အချက်က သူ့အား ခံစားချက်ဆိုးရွားစေသည်။ အကယ်၍ ယူနန်သာ ထောင်ချောက်ကြီး ဖြစ်နေပြီး သူ နောက်ကျမှ သိခဲ့ရလျှင် ဝေးဝေးနေဖို့ ခက်ခဲလွန်းသွားပေလိမ့်မည်။

“ ငါ မေးခွန်းမေးရင် မင်းတို့က ဖြေရုံပဲ ” လုကျိုးက တော်ဝင်တံဆိပ်တော်ကို ထုတ်ပြလိုက်သည်။

အရာရှိများက သူ့အား စိုက်ကြည့်ကာ ဒေါသထွက်တော့မည့်ဆဲဆဲတွင် တံဆိပ်တော်ကို မြင်လိုက်ရသည့်အတွက် ချက်ချင်းထိန်းလိုက်သည်။

‘ သူက တော်ဝင်မျိုးနွယ်ကပဲ …’

သူက တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ကာ  “ သခင်ကြီး … ”

ဆိုင်ပိုင်ရှင်လည်း ကြောင်အမ်းသွားလေသည်။

ထိုစဉ် အခြားသော ရဲမက်များလည်း ဘာမှမပြောဘဲ ဒူးထောက်လိုက်ကြသည်။ သူတို့က တံဆိပ်ပြားကို မြင်လိုက်သည်နှင့် မျက်နှာများ အေးခဲသွားကာ နှလုံးခုန်နှုန်းလည်း မြန်ဆန်လာကာ တာဝန်ခံအရာရှိများနှင့်အတူ ဒူးထောက်လိုက်ကြသည်။

ရှောင်ယွမ်အာက  သမ်းဝေလျက် မျက်လုံးပွတ်ကာ အခန်းထဲမှ ထွက်လာလေသည်။ သူမက လုကျိုး၏ အခန်းရှေ့တွင် ထိုလူများ ဒူးထောက်နေသည်ကို မြင်လိုက်သည့်အခါ သူမက ပြောလိုက်သည်။

“ အဘိုး သူတို့ကို ရိုက်လွှတ်လိုက်ရမလား ”

ဆိုင်ပိုင်ရှင်က ထိုစကားကြားသည်နှင့် ငုတ်တုတ်လေး လဲကျသွားလေသည်။

လုကျိုးက လက်ယမ်းကာ မနှောင့်ယှက်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ဆက်မေးလိုက်သည်။

“ ကျို့ဖင်းက ဘယ်သူလဲ ”

“သူက ဓားဝိဇ္ဇာတစ်ဦးပါ။ သူက သူ့အစ်ကိုရင်းကိုတောင် သတ်ပြီးတော့ ဓားတွေကို စုဆောင်းခဲ့ပါတယ်။ သူ့ကျင့်ကြံဆင့်ကြောင့် အာဏာပိုင်တွေလည်း ဘာမှမလုပ်နိုင်ကြပါဘူး ”

“ အဲဆို သူက ယူနန်ဆီ ဘာလို့ ရောက်လာတာလဲ ”

“ အဲဒါတော့ … ကျွန်တော်တို့လည်း မသိထားပါဘူး ”

ထိုလူများက အဆင့်နိမ့် အရာရှိနှင့် ရဲမက်များ ဖြစ်ကြလေရာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ပတ်သက်သည့် ကိစ္စ၌ သိပ်မသိနိုင်ပေ။ သူတို့အနေနှင့် များများစားစား မသိသည်မှာ ပုံမှန်သာ ဖြစ်၏။

ရှောင်ယွမ်အာက ပြစ်မှုကျူးလွန်ရာနေရာဆီ ချက်ချင်းပြေးကြည့်လိုက်ပြီးနောက် ပြန်ပြေးလာသည်။ သူမက အဓိကရှာဖွေမှုကြီး လုပ်ခဲ့ရသည့်အလား စိတ်တက်ကြွစွာ ပြောလိုက်သည်

“ သူက ဒီကနေ ဒီအထိ ဓားတစ်ချက်တည်းနဲ့ အသတ်ခံထားရတာပဲ” သူမက သူမခန္ဓာကိုယ်မှာ နေရာထိုးပြပြီး ပြောလိုက်သည်။

“ လူသတ်သမားက ရှေ့ကနေ သတ်ထားတာ ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ လူသတ်သမားက ကောင်းကင်အဆင့် လက်နက်ပိုင်ဆိုင်ထားသည့် ဓားဝိဇ္ဇာတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့မှတ်ဉာဏ်အရ လူအရေအတွက်တချို့က ထိုလိုအပ်ချက်နှင့် ကိုက်ညီနေသည်။

ကျို့ဖင်းကို သတ်လိုက်သူမှာ ဓားရူး ချန်းဝမ်ကျဲ၊ ဓားပါရမီရှင် ကျန်းအိုက်ကျန့်၊ လော့ဂိုဏ်းမှ လော့ချန်းချင် သို့မဟုတ် သူ့တပည့်မိုက် ယွီရှန်းရုန်တို့ ဖြစ်နိုင်သည်။

လုကျိုးက စဉ်းစားနေစဉ် အပြင်ဘက်မှ အသံကျယ်ကြီး ထွက်ပေါ်လာလေ၏။ သူအပြင် ဒူးထောက်လျက်ရှိနေသော အရာရှိနှင့် ရဲမက်များက နားမလည်နိုင်ဟန်ဖြင့် တစ်ပြိုင်နက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

“ ယွမ်အာ သွားကြည့်လိုက် ”

“ ဟုတ် ”

ရှောင်ယွမ်အာက ထိပ်ဆုံးအထပ်မှ အောက်ဆုံးအထပ်သို့ တန်းခုန်ချလိုက်ပြီးနောက် ခဏအကြာတွင် ပြန်ရောက်လာသည်။

“ အပြင်ဘက်မှာ မဟာနတ္ထိ ဘုရားကျောင်းရဲ့ ရထားလုံးပျံ ရောက်လာတာ ” မိန်းကလေးက ပြောလိုက်သည်။

“ မဟာနတ္ထိ ဘုရားကျောင်းလား ”

လုကျိုးက လှေကားမှ ဆင်းသွားလိုက်သည်။ ရှောင်ယွမ်အာလည်း နောက်မှ လိုက်ပါသွားလေရာ ဒူးထောက်နေကြသာ အုပ်စုက ထရမည်လော၊ ဆက်ဒူးထောက်ရမည်လော အချင်းချင်း ကြည့်လိုက်ကြသည်။

လုကျိုး အပြင်ဘက်သို့ ရောက်လာသည့်အခါ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဧရာမ ရထားလုံးပျံကြီးက မြို့အစွန်းအဖျားဆီ ပျံသန်းသွားပြီဖြစ်သော်လည်း ကတုံးပြောင် ကိုယ်တော်ကျင့်ကြံသူအုပ်စုကို မှိန်ဖျဖျ မြင်နေရသေး၏။ ရထားလုံးပေါ်မှ အမှတ်အသားအရ မဟာနတ္ထိ ဘုရားကျောင်း အပိုင် ဖြစ်နေ၏။

“ သွားကြစို့ ” လုကျိုးက အကြည့်ကို ရုတ်သိမ်းလိုက်သည်။

“ အိုး ”

သိပ်မကြာခင် သူတို့က ယူနန်မြောက်ပိုင်းသို့ ဦးတည်လိုက်ကြသည်။ သူတို့မြို့ထဲက ထွက်သည်နှင့် ရှောင်ယွမ်အာက တီးတိုးပြောလိုက်သည်။

“ ရှစ်စွင်း … တပည့်တို့နောက်က လိုက်လာတဲ့သူ ပါလာတယ်”

လုကျိုးက ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် သူက ရှောင်ယွမ်အာကို သူနှင့်အတူတူ ခေါ်လာခြင်း ဖြစ်၏။ သူမက အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် အဆင့်တူအတွင်း သူမ၏ ထိုးထွင်းဉာဏ်က သာလွန်ပေသည်။ ထို့အပြင် သူမက သတိကြီးသောကြောင့် အားကောင်းသူ ရန်သူနှင့် တွေ့လျှင်ပင် သူမဘာသာ ကာကွယ်နိုင်သည့်အတွက် လုကျိုး၏ စွမ်းအားကို ချွေတာပြီးသား ဖြစ်စေသည်။

လုကျိုးက အထွတ်အမြတ်စင်မြင့်ဆီ သူ့စီးတော်သားရဲ စီးသွားဖို့ ကြံထားသော်လည်း ယခုနောက်မှ အလိုက်ခံနေရလေရာ အရင်ဆုံး ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းရပေမည်။

“ ဆရာကြီး ခဏလောက်စောင့်ပါဦး ” နောက်မှလိုက်လာသူက စိတ်မရှည်တော့ပေ။

လုကျိုးနှင့် ရှောင်ယွမ်အာတို့က လှည့်ကြည့်လိုက်သည့်အခါ အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။

“ ဘာလိုချင်လို့လဲ ”

“ ဆရာကြီးဆီက‌နေ ပစ္စည်းလေး ဝယ်ချင်လို့ပါ ”

ရှောင်ယွမ်အာက ဒေါသတကြီးဖြင့်  “ ကျွန်မတို့ ဘာမှမရောင်းဘူး၊ ထွက်သွားတော့ ”

လူငယ်လေးက ရှောင်ယွမ်အာကို အာရုံမရှိဘဲ လုကျိုးကိုသာ စိုက်ကြည့်နေသည်။

“ ခင်ဗျားရဲ့ ဓားတိုလေးက တွဲဖက်ဓားနှစ်လက်ကိုတောင် ဖျက်ဆီးပစ်နိုင်တယ်ဆိုတော့ တကယ့်ကို ဓားကောင်းလေးပဲ။ ကျုပ် ဈေးကောင်းကောင်း ပေးဝယ်ပါ့မယ် ”

လုကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။

“ မင်းက မနေ့တုန်းက အဲမှာရှိခဲ့တာလား ”

လူငယ်လေးက ခေါင်းညိတ်ကာ  “ဟုတ်ပါတယ် … ကျုပ် မနေ့ကတည်းက ဒီအကြောင်းကို လာဆွေးနွေးဖို့ပါပဲ။ ဒါပေမဲ့ ပညာရှင် ရှိနေတော့ သူ့ကို ရှောင်လိုက်တာပါ ”

လုကျိုးက ခေါင်းညိတ်ကာ   “ မင်းက ဓားတွေကို ကြိုက်တာလား ”

“ ကျုပ်က ဓားတွေကို အသက်အဖြစ် မှတ်ယူထားပြီးတော့ အရိုးထဲအထိ ချစ်မြတ်နိုးပါတယ်” အမျိုးသားက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ကျုပ်က ကျို့ဖင်းကို သတ်ပြီး တွဲဖက်ဓားနှစ်လက်ကို ယူမလို့ လုပ်ပေမဲ့ ကျုပ် ဘာမှမလုပ်ရသေးခင် တစ်ယောက်ယောက် လက်ဦးသွားမယ်လို့ မထင်မိဘူး။ အဲဒီပညာရှင်က ဓားကိုပါ ဖျက်ဆီးသွားတာ နှမြောစရာပဲ … နှမြောစရာပဲ … ” သူ့စကားသံ၌ ဓားအတွက် နှမြောတသဖြစ်နေဟန်ပေါ်သည်။

“ အဲဒီပညာရှင်က ဘယ်သူလဲ ”

“ ကျုပ် မမြင်လိုက်ဘူး။ ဒါပေမဲ့ သူ့ဇာစ်မြစ်ကို ခန့်မှန်းဖို့ သိပ်မခက်ပါဘူး။ ဒီလောကမှာ ဓားကို အဲလောက်အဆင့်အထိ အသုံးပြုနိုင်တာ သုံးဦးပဲ ရှိတယ်” ထိုအခိုက်အတန့်၌ သူက ရောက်လာသည့် အကြောင်းအရင်းကို မေ့သွားသည့်အလား ဆက်ပြောပြလိုက်သည်။

“ တစ်ယောက်က ကျုပ် အကြောက်ရဆုံး မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက် …  ”

ရှောင်ယွမ်အာက လက်အုပ်ရယ်လိုက်ကာ  “ အဲဆိုရင်တော့ ရှင် အခုထွက်ပြေးသင့်ပြီ ”

All Chapters