← Chapters

ဘေးဒုက္ခ

Vol. 6 Ch. 77

ဘေးဒုက္ခ

Vol. 6 Ch. 77

ရဲ့လင်းချန် ဖုန်းကိုင်လိုက်သည်။

“ယွင်ရှီ”

“လင်းချန် ငါ့ကို ကယ်ပါဦး၊ ငါ အကြံကုန်နေပြီ၊ နင် ငါ့ကို ကယ်နိုင်မလား …”

ကျန်းယွင်ရှီ အသနားခံလာသည်။ သူမအသံက ပြာအက်နေကာ ကြံရာမရသောကြောင့် တစ်ညလုံး ငိုနေခဲ့ပုံ ရသည်။

“စိတ်မပူပါနဲ့ ငါ မင်းကို ကူညီမှာပါ”

ရဲ့လင်းချန်၏ မျက်နှာ မည်းမှောင်လာသည်။

“စိတ်အေးအေးထားပြီး ငါ့ကို ဘာဖြစ်တာလဲ ပြောပြ၊ ငါ ရှိရင် အဆင်ပြေသွားမှာပါ”

ရဲ့လင်းချန်၏ အသံကို ကြားသောအခါ ကျန်းယွင်ရှီ ထပ်ငိုမိလေသည်။ သူမ ငိုယိုရင်း ဘာဖြစ်ခဲ့သလဲ သူ့ကို ပြောပြလာသည်။ ထိုအခါ ရဲ့လင်းချန်၏ မျက်နှာက ပိုပို၍ မည်းမှောင်လာ၏။

ကျန်းယွင်ရှီ၏ ဖခင်က လောင်းကစား စွဲနေသူ ဖြစ်နေသည်။ မကြာသေးခင်အချိန်က သူသည် ငွေအတိုးကြီးစားသူထံမှ လောင်းကစားလုပ်ရန် ပိုက်ဆံ ချေးခဲ့သည်။ ထပ်တိုးပေါင်းရင်းကိုပါ ပေါင်းလိုက်လျင် သူတို့ ပိုင်ဆိုင်သမျှကို ဆုံးရှုံးရုံသာမက အကြွေး ယွမ်ငါးသိန်း တင်သွားသည်။

ယွမ်ငါးသိန်းသည် ကျန်းယွင်ရှီတို့ မိသားစုအတွက် မတတ်နိုင်သော အကြွေးပင်။ ကျန်းယွင်ရှီ၏ ပညာသင်ဆုကြေး ကတောင်မှ ဒါကို မဆပ်နိုင်ပါ။

“မင်း ကျောင်းမတက်ဘူးလား”

ရဲ့လင်းချန် မေးလိုက်သည်။

“ဟ … ဟင့်အင်း”

ကျန်းယွင်ရှီက လည်ချောင်းသံဖြင့် ပြောလာသည်။ သူမ တစ်မိသားစုလုံး ဘာဆိုဘာမှ မကျန်တော့ပေ။ ကျောင်းလခနှင့် နေထိုင်စရိတ်တို့ကိုပါ ပေါင်းလိုက်လျင် ယွမ်တစ်သောင်းဝန်းကျင် ကျလေသည်။ ၎င်းက သူမတို့အတွက် မတတ်နိုင်ပေ။

ရဲ့လင်းချန် ငြိမ်ကျသွားသည်။ သူ ကလေးဘဝကတည်းက ကျန်းယွင်ရှီက စိတ်အား တက်ကြွသူ ဖြစ်မှန်း သိခဲ့သည်။ အခြေခံလူတန်းစား၏ ကလေးက လျင်မြန်စွာ ရင့်ကျက်သည်ဟု ပြောလေ့ရှိသည်။ ကျန်းယွင်ရှီသည် လှပရုံသာမက တက်ကြွလန်းဆန်းပြီး မာနကြီးသည်။ သူမ၌ ဤသို့သော အခြေအနေမျိုး ရှိလာလိမ့်မည်ဟု သူ ထင်မထားမိပေ။

“ငါ အစက အချိန်ပိုင်းအလုပ် လုပ်ပြီး အကြွေးဆပ်ဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ … အဲ့ဒါက အရမ်း ခက်ခဲလွန်းတယ်”

ကျန်းယွင်ရှီ၏ အသံတွင် ကြံရာမရစိတ်တို့ ပြည့်နှက်နေ၏။

“အဲ့လူတွေ မနေ့က လာသွားတယ်၊ သူတို့က ငါ့ကို အကြွေးအဖြစ် သိမ်းမယ်တဲ့၊ ငါ့မှာ ဘာရွေးချယ်စရာမှ မရှိလို့ နင့်ကို ခေါ်လိုက်တာ၊ငါ တကယ် ကြောက်တယ် …”

“မကြောက်နဲ့၊ ငါ အခုချက်ချင်း မင်းဆီလာခဲ့မယ်၊ ငါ့ကို စောင့်နေ”

ဖုန်းချပြီးနောက် ရဲ့လင်းချန်သည် အချိန်ဖြုန်းမနေရဲတော့ချေ။ သူ့အခန်းဖော်များအား သူ့အတွက် ခွင့်တိုင်ပေးရန် ပြော၍ ချက်ချင်း ပြေးထွက်လာသည်။ သူသည် တစ်စက္ကန့်လေးမျှ စဉ်းစားမနေဘဲ အစောဆုံး လေယာဉ်လက်မှတ်ကို ဝယ်ကာ လေဆိပ်ကို အပြေးသွားလိုက်သည်။

မြို့တော်မှ ကျင့်ဟိုင်မြို့သို့ လေယာဉ် နှစ်နာရီမျှ စီးရသည်။ သူသည် မနက် ခုနစ်နာရီခွဲ လေယာဉ်လက်မှတ်ကို ဝယ်ထားသဖြင့် ကျင့်ဟိုင်မြို့သို့ မနက် ကိုးနာရီခွဲလောက် ရောက်ပေမည်။ ကျင့်ဟိုင်မြို့မှ ရူကောင်းမြို့သို့ အနည်းဆုံး မိနစ်လေးဆယ် ကြာမြင့်ပေမည်။ အချိန်က လုံလောက်လောက်သည်။

လေဆိပ်သို့ သွားရာလမ်း၌ ရဲ့လင်းချန်သည် ကျန်းယွင်ရှီအား အဆက်မပြတ် နှစ်သိမ့်နေသည်။ အန္တရာယ် ကင်းစေရန် သူမထံ ယွမ်ငါးသိန်းကို အရင် လွှဲပေးထားလေသည်။

သူ့တွင် ပိုက်ဆံများစွာ ရှိသဖြင့် ယွမ်ငါးသိန်းက မပြောပလောက်ပါ။ သို့သော် ကျန်းယွင်ရှီ နာကျင်ရလျင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ပါ.

“ယွင်ရှီ အဲ့လူတွေ အကြွေးထပ်လာတောင်းရင် ငါ မင်းကို ပေးတဲ့ ယွမ်ငါးသိန်းနဲ့ ဆပ်လိုက်၊ မင်းဘေးကင်းဖို့ အမြဲ ဦးစားပေးရမယ်၊ မှတ်ထားနော်”

“လင်းချန် နင် ဘယ်လိုလုပ် ဒီလောက် ပိုက်ဆံ အများကြီး ရှိတာလဲ၊ နင်လည်း ငွေတိုးချေးစားတဲ့သူဆီက ငွေချေးလာတာလို့ မပြောနဲ့နော်၊ အဲ့ဒါ နင် လုံးဝ မလုပ်သင့်တဲ့ အရာလေ”

ကျန်းယွင်ရှီသည် သူမ၏ အတွေ့အကြုံအရ ဆိုးဆိုးရွားရွား အထိတ်တလန့် ဖြစ်နေသည်။

“စိတ်ချပါ၊ ငါ့ဘာသာ ရှာထားတဲ့ ပိုက်ဆံပါ”

“ဒါဆို ဒါကို ငါ နင့်ဆီက ချေးထားလို့ သဘောထားလိုက်နော်၊ ငါ တစ်သက်လုံး နင့်ကျွန် လုပ်ရမယ် ဆိုရင်တောင်မှ ငါ နင့်ကို ပြန်ဆပ်မယ်”

ကျန်းယွင်ရှီက ဆုံးဖြတ်ချက် ခိုင်မာသော လေသံဖြင့် ပြောလာသည်။ ရဲ့လင်းချန်က သူမကို ဘာမေးခွန်းမှ ထပ်မမေးဘဲ ယွမ်ငါးသိန်း လွှဲပေးခဲ့သည်။ ဤအပြုအမူက သူမကို မယုံနိုင်လောက်အောင် ကြည်နူးသွားစေသည်။

“ငါ အခု လေယာဉ်ပေါ် တက်တော့မယ်၊ ငါ မြန်နိုင်သမျှ မြန်မြန် လာခဲ့မယ်”

*ပြန်ဆပ်မယ်တဲ့လား*

*ဒါက လွယ်တာမှ မဟုတ်တာ*

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ထိုလူများသည် ငွေချေးပြီး လောင်းကစားဝိုင်းများ ထောင်ကြသည်။ သူတို့ ရလာသော ပိုက်ဆံက သန့်စင်သော ငွေများ မဟုတ်ပေ။ ရဲ့လင်းချန်သည် သူ့ပိုက်ဆံက ထိုလူများထံ ထိုသို့ မပေးလိုက်နိုင်ပါ။

ထို့အပြင် ထိုလူများကြောင့် ကျန်းယွင်ရှီ တက္ကသိုလ် မတက်နိုင်ခဲ့ပေ။ ဤကိစ္စက အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ပေ။

လေယာဉ်ပေါ် တက်ပြီးသော်လည်း ရဲ့လင်းချန် စိုးရိမ်နေသေးသည်။ ထိုလူများသည် သေချာပေါက် လူရမ်းကားများပင်။ သူတို့ ပိုက်ဆံကိုသာ လိုချင်လျင် ဘာမှမဖြစ်ပေ။ သို့သော် ကျန်းယွင်ရှီ၏ အလှက သူတို့ကို မကောင်းသော အတွေးများ ပေးနိုင်သည်။ ထိုသို့သာ ဖြစ်လာပါက ရလဒ်က မတွေးဝံ့စရာပေ။

ကျန်းယွင်ရှီ၏ လုံခြုံရေးနှင့် ပတ်သက်၍ သူ စိုးရိမ်နေကာ သူမအနားသို့ မြန်မြန် ရောက်ရန် မျှော်လင့်နေ၏။ ၏

လေယာဉ်သည် အဆင်ပြေ ချောမွေ့စွာ ပျံတက်လာပြီး လေထုလွှာထဲ၌ ပျံသန်းနေကာ ကျင့်ဟိုင်မြို့သို့ ဦးတည် ထွက်ခွာနေသည်။

ရဲ့လင်းချန်၏ ဘေး၌ အမျိုးသမီးတစ်ယောက်က သုံးနှစ်ဝန်းကျင် ရှိမည့် လမ်းလျှောက်တတ်ခါစ ကလေးနှင့်အတူ ထိုင်နေသည်။

ထိုကလေးသည် အလွန် ဖော်ရွေပြီး ရဲ့လင်းချန်နှင့် အကြည့်ဆုံလျင် ဖောင်းကားနေသော ပါးလေးများဖြင့် ပြုံးပြတတ်ကာ အလွန် ချစ်ရာ ကောင်းလှသည်။

ရဲ့လင်းချန်က သူ့ကို ပြန်ကြည့်နေရန် စိတ်ကူးပေါက်သွားသည်။ ၎င်းက ပြဿနာအချို့ထံ ဦးတည်သွားသည်။

ရဲ့လင်းချန်က ရှေ့ဖြစ်ဟော စာအုပ်များစွာကို ဖတ်ခဲ့ဖူးသည်။ ဤကလေး၏ နဖူးကြားမှ အမှောင်ထုကို သူ မြင်လိုက်ရသည်။ ၎င်းက မကောင်းသော နိမိတ်ပင်။

“အမျိုးသမီး ခင်ဗျားကလေးက မကြာခင် ကံဆိုးမိုးမှောင်ကျလိမ့်မယ်၊ ခင်ဗျား ပိုသတိထားသင့်တယ်”

ရဲ့လင်းချန်က သူမကို မိတ်ဆွေသဖွယ် သဘောထား၍ သတိပေးလိုက်သည်။

“ကံဆိုးမိုးမှောင်ကျမယ် ဟုတ်လား”

ထိုအမျိုးသမီး အံ့ဩသွားပြီးနောက် ထိုစကားကြောင့် စိတ်ပျက်သွားပုံရသည်။ ဤသို့သော စကားကို မည်သူမှ မကြိုက်ပါ။

သူမက ရဲ့လင်းချန်ကို လူလိမ်ဟု ထင်ကာ မသင်္ကာသလို ကြည့်လာသည်။ ထို့နောက် တစ်ဖက်လှည့်၍ သူ့ကို မသိချင်ယောင်ဆောင် ထားသည်။

*ဟမ်*

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး ထိုအမျိုးသမီး၏ မျက်နှာကို ပြန်ကြည့်လိုက်သည်။

“ခင်ဗျားလည်း အန္တရာယ် ကြုံလိမ့်မယ်”

*ဒီလူက လူလိမ်ဆိုတာ သံသယဝင်စရာတောင် မလိုတော့ဘူး၊ လူတစ်ဖက်သားရဲ့ ဉာဏ်ရည်ကို စော်ကားနေတာ*

“အမျိုးသမီး ကျေးဇူးပြုပြီး ကျွန်တော် ပြောတာကို ယုံပါ”

ရဲ့လင်းချန် စိုးရိမ်လာသည်။ ဤအမျိုးသမီးက ကြီးမားသော ပြဿနာနှင့် ကြုံရမည့်ပုံ ပေါ်နေ၏။

“လူလိမ်ကောင် မင်း လိမ်တာလည်း အကန့်အသတ် ရှိသင့်တယ် မဟုတ်လား”

အနီးအနားက ဦးလေးကြီးတစ်ယောက်က ထပ်သည်းမခံနိုင်တော့ပေ။

“မိန်းကလေး ငါ မင်းနဲ့ ခုံလဲပေးမယ်၊ ဒါက မင်းကို ဒီလူလိမ်ကောင်ဆီက စော်ကားခံရတာကနေ ကာကွယ်ပေးလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်”

အမျိုးသမီးက ထိုဦးလေးကြီးကို ကျေးဇူးတင်စကားဆို၍ ခုံလဲထိုင်လိုက်သည်။

*ဟင်*

ထိုဦးလေးကြီးကို ကြည့်လိုက်သောအခါ ရဲ့လင်းချန် ထိတ်လန့်သွားသည်။

“မပြောနဲ့ မင်း ဘာပြောမလဲ ငါ သိတယ်”

ထိုဦးလေးကြီးက ရဲ့လင်းချန်အား အထင်သေးစွာ ကြည့်လာသည်။

“ငါလည်း အန္တရာယ်နဲ့ ကြုံလိမ့်မယ်လို့ မင်း ပြောမှာမဟုတ်လား”

“အတိအကျပဲ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ မင်း အခု ပါးစပ်ပိတ်ထားလိုက်တော့၊ မဟုတ်ရင် ငါ မင်းကို လေယာဉ်ပေါ်မှာ ရိုက်စားလုပ်နေတယ်လို့ တိုင်လိုက်မယ်”

ဦးလေးကြီးက ရယ်၍ သတိပေးလာသည်။ ရဲ့လင်းချန်၏ မျက်နှာက လေးနက် တည်ကြည်လာ၏။

“ဒီလိုကိစ္စတွေကို ကျွန်တော် မနောက်တတ်ဘူး”

“လေယာဉ်မယ်လေး၊ ဒီမှာ ရိုက်စားကောင် ရှိနေတယ်”

ဦးလေးကြီး အော်မခေါ်ခင်မှာပင် ဘေးနားမှ လူများက အဖြစ်အပျက်ကို တိုင်တန်းလာသည်။ တစ်ခဏအတွင်း လက်ညှိုးပေါင်းများစွာက ရဲ့လင်းချန်ကို ညွှန်လာလေသည်။

အရပ်ရှည်၍ ဆွဲဆောင်မှုရှိကာ ခြေတံသွယ်သွယ်များ ရှိသော ယူနီဖောင်း ဝတ်ထားသည့် လေယာဉ်မယ်က  အနားသို့ ရောက်လာသည်။

သူမက ရှင်းလင်းပြတ်သားသော်လည်း လေးစားမှုရှိသော လေသံဖြင့် သတိပေးလာသည်။

“လူကြီးမင်း လေယာဉ်ပေါ်မှာ အခြားသူတွေကို မနှောင့်ယှက်ပါနဲ့၊ ပြီးတော့ အယူသီးတဲ့ ယုံကြည်မှုတွေကို မဖြန့်သင့်ပါဘူး၊ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သို့သော် ရဲ့လင်းချန်၏ မျက်နှာထားက မည်းနက်လာသည်။ သူ၏ မျက်လုံးများက လေယာဉ်မယ်ကို စူးစိုက်ကြည့်နေ၏။

“မင်း အန္တရာယ်နဲ့ ကြုံရလိမ့်မယ်၊ အရမ်း ပြင်းထန်တဲ့တစ်ခု”

လေယာဉ်မယ်သည် အန္တရာယ်ဆိုးနှင့် တွေ့ရုံသာမက နှိပ်စက်ခံရနိုင်ချေပင် များနေသည်။

လေယာဉ်မယ်၏ မျက်နှာထားက အေးစက်လာသည်။

“လူကြီးမင်း မဟုတ်တမ်းတရားတွေ ဆက်ပြောနေရင် ရှင့်ကို ဖမ်းချုပ်ရပါလိမ့်မယ်”

ရဲ့လင်းချန် နှုတ်ဆိတ်သွားပြီး ဘေးဘီကို ဝေ့ကြည့်ကာ အခြေအနေ၏ ပြင်းထန်မှုကို သတိပြုမိသွားသည်။ လေယာဉ် တစ်စီးလုံးမှ ခရီးသည်များ အန္တရာယ် ကြုံရပေလိမ့်မည်။

မယုံနိုင်စရာ ကောင်းလှသည်။

“အားလုံး အန္တရာယ် ကြုံရလိမ့်မယ်”

အခြားသူများမှာမူ ရဲ့လင်းချန်အပေါ် သဘောထား ပြောင်းလဲနေ၏။

*ဒီလူက ရိုက်စား မဟုတ်ဘဲ အရူး ဖြစ်နေတာကိုး*

“ဒါ ဘယ်လိုလေယာဉ်လဲ၊ ဒီလိုအရူးကို လေယာဉ်ပေါ် တက်ခိုင်းရလား”

“မင်း သူ့ကို ပါးစပ်ပိတ်အောင် လုပ်နိုင်လား”

“ငါ ရယ်ရလွန်းလို့ သေမှာပဲ၊ လူတိုင်း အန္တရာယ်ကြုံမယ် ဟုတ်လား၊ လေယာဉ်ကို တစ်ယောက်ယောက်က ပြန်ပေးဆွဲမယ် ထင်နေလား”

“ဟုတ်တယ် အချက်အလက်တွေအရဆို လေယာဉ် ပြန်ပေးဆွဲခံရနိုင်ချေက တစ်သန်းမှာ တစ်ကြိမ်ပဲ ရှိတယ်”

သို့သော် ထိုအခိုက်မှာပင်”

“အားလုံး ရပ်စမ်း၊ ဒါ လေယာဉ် ပြန်ပေးဆွဲတာပဲ”

….

All Chapters