← Chapters

အခန်း (၂၁၂)

Vol. 22 Ch. 212

အခန်း (၂၁၂)

Vol. 22 Ch. 212

"ဒါကြောင့် ကျနော်တို့ ကောက်ချက်ချနိုင်တာက အလင်းလိပ်ခွံပေါ်က အဆောင်လက်ဖွဲ့က ညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်တဲ့ အစွမ်းနဲ့ ဆက်စပ်နေတယ်ဆိုတာပဲ"

"အချုပ်အားဖြင့် ပြောရရင်... ရွှီရန်ဟာ ညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်မယ့် အဆောင်လက်ဖွဲ့ကို ဖန်တီးနိုင်ခြေရှိတယ်လို့ ကျနော်တို့ အကြမ်းဖျင်း သတ်မှတ်လို့ရတယ်"

"အကယ်၍ ဒီသန့်စင်ခြင်းအဆောင်သာ ပေါ်ပေါက်လာခဲ့ရင် လုံခြုံရေးဇုန်ထဲက ညစ်ညမ်းပစ္စည်းတွေဟာ ဆူပူသောင်းကျန်းဖို့ အန္တရာယ် မရှိတော့ဘူး"

"အားလုံး ဘယ်လိုထင်ကြလဲ"

ဘဏ်လုပ်ငန်းရှင်၏ ခွဲခြမ်းစိတ်ဖြာချက်မှာ အကျိုးအကြောင်း ခိုင်လုံလွန်းလှသဖြင့် ငြင်းပယ်ရန် ခက်ခဲနေသည်။

ရေကျမ်းလက်ရာမှာ အံ့ဩသွားသော်လည်း ကန့်ကွက်ရန် မေးခွန်းထုတ်လိုက်သည်။ "ညစ်ညမ်းမှုကို နှိမ်နင်းနိုင်တဲ့ အဆောင်ကို တကယ်ပဲ ဖန်တီးနိုင်မှာလား ဒါက အရမ်းခက်ခဲမှာ သေချာတယ်။ အကယ်၍ မအောင်မြင်ခဲ့ရင်ကော အဆတိုးရတနာအဆောင်ငယ် ဆိုတာကလည်း ကံကောင်းလို့ ဖြစ်သွားတာဆိုရင်ကော ဒါဆိုရင် ငါတို့ရဲ့ အားထုတ်မှုတွေ အလဟဿ ဖြစ်ကုန်မှာ မဟုတ်ဘူးလား"

ကောင်းကင်ဘုံလက်ရာ က စဉ်းစားရင်း "သီအိုရီအရတော့ ဖြစ်နိုင်တယ်။ အံ့ဖွယ်မူလအရိုးက အလင်းလိပ်ခွံကို လေ့လာခဲ့ပြီး ယူသွားချင်ခဲ့တာကို ကျမ မှတ်မိနေတယ်။ ဆိုလိုတာက သူက အဲဒီလိပ်ခွံဆီကနေ အသိဉာဏ်အချို့ ရရှိခဲ့တာ ဖြစ်နိုင်တယ်"

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ဒီလောက်အထိ အကြီးအကျယ် လောင်းကြေးထပ်သင့်သလား။

ဘဏ်လုပ်ငန်းရှင်၏ ဆန်းစစ်ချက်က ခိုင်လုံသော်လည်း စိုးရိမ်စိတ်ကို မဖျောက်နိုင်ကြပေ။ အကယ်၍သာ ဆူပူမှုဖြစ်ပွားလာခဲ့ရင်... သူတို့အားလုံးက သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြစ်သားတွေ ဖြစ်သွားကြလိမ့်မည်ပင်။

သုံးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ကောင်းကင်လျှို့ဝှက်ချက်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါတို့ ငါးယောက် အခု မဲခွဲကြတာပေါ့။ ကန့်ကွက်မဲ တစ်မဲတည်း ရှိရင်တောင် ဒါက အတည်မဖြစ်ဘူး..."

...

"အတည်ဖြစ်သွားလောက်ရဲ့လား"

ကျောင်းအုပ်ကြီး၏ အကြည့်များမှာ မတုန်မလှုပ်ဘဲ မြို့တော်ရှိရာ အရပ်ဆီသို့ ဦးတည်နေသည်။

"အပြောရဆုံးကတော့ ဘဏ်လုပ်ငန်းရှင် နဲ့ ရေကျမ်းလက်ရာတို့ပဲ... ဒီနှစ်ယောက်က တကယ်ကို အေးစက်ပြီး နှလုံးသားမရှိသလောက်ပဲ။ ပိုပြီး စိုးရိမ်စရာကောင်းတာက ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးကို ဗီတိုအာဏာစနစ်နဲ့ သုံးနေတာပဲ။ တကယ်ပါပဲဗျာ"

ကျောင်းအုပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူ မစိုးရိမ်ဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။

"ဟင် ဒီနေ့ ရွှီရန်တစ်ယောက် အိမ်ပြင်မထွက်သေးပါလား"

"တခြားကလေးတွေကတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေကြပြီ။ အဲဒီ ပြိုင်ဆိုင်မှုဘုရင်လေးကတော့ ပေါ်မလာသေးဘူးလား"

ကျောင်းအုပ်ကြီးသည် ရွှီရန်၏ နေအိမ်ရှိရာဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။

ထိုအချိန်တွင် ရွှီရန်သည် နံနက်ခင်း လေ့ကျင့်ခန်းများကို အမှန်တကယ်ပင် အဆုံးသတ်လိုက်ပြီး သူ၏ဓားကို ပြန်သိမ်းနေပြီဖြစ်သည်။

စူပါပေါက်ကွဲအားပါသော ဓားချက် တိုးတက်မှု +၁၀၀...

ယုံကြည်ခြင်းအဆောင် တိုးတက်မှု +၁၀၀...

အဆင့်မြင့် သိမြင်နားလည်မှု တိုးတက်မှု +၁၀၀...

တစ်နာရီကျော်ကြာပြီးနောက် ရွှီရန်သည် များစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ သူသည် ကလေးကဗျာလေးတစ်ပုဒ်ကို တညည်းညည်းနှင့် အခန်းထဲသို့ပြန်ဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်။

ရွှီရန်၏ စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်လန်းဆန်းနေ၏။ ကိုယ်လက်သန့်စင်ပြီးနောက်တွင်မူ သူသည် အခန်းထဲရှိ သလင်းကျောက်သား သားရဲဥကို တမင်သက်သက် သွားရောက်ကာ ခပ်ဖွဖွ ပုတ်လိုက်သည်။

"ကောင်လေး... မင်း သေတော့ မသေလောက်ပါဘူးနော် ငါ့ရဲ့ နတ်ဘုရားမူလစွမ်းအင်တစ်

စက်ကို စုပ်ယူပြီးကတည်းက ရက်ပေါင်း ၂၀၁ ရက်ရှိပြီ။ ဘာလှုပ်ရှားမှုမှ မရှိဘူး။ ပြီးတော့ သုံးရက်တစ်ခါ ငါ့ရဲ့ စစ်မှန်သောသွေးကိုလည်း တစ်စက်စီ သောက်နေတာ အခုဆို အစက်ပေါင်း ၇၀ ကျော်နေပြီ... မင်းသာ ထွက်လာလို့ အစွမ်းမထက်ရင်တော့ ကောင်းကောင်း ပြုစုပေးမယ်နော်"

ရွှီရန်က သလင်းကျောက်သား သားရဲဥ၏ ကြမ်းတမ်းသော ခွံကို ပွတ်သပ်ရင်း ခြိမ်းခြောက်လိုက်သည်။

အစပိုင်းတွင် သူသည် နတ်ဘုရားသားရဲတစ်ကောင်ကို ခေါ်လာနိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း... တစ်နှစ်ခွဲ ကြာသွားသည့်တိုင် နတ်ဘုရားသားရဲမှာ ပေါ်မလာသေးဘဲ ၎င်း၏ စားနိုင်စွမ်းမှာမူ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည်။

ကျောင်းအုပ်ကြီး၏ ရက်ရောမှုကြောင့်သာ ယွမ်သန်းပေါင်း ၃၀၀ ကျော်အထိ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ခြင်းပင်။

"မင်း ငါ့ကို စိတ်မပျက်စေနဲ့နော်"

ရွှီရန်၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ သလင်းကျောက်သား သားရဲဥမှာ "ငါ အသက်ရှင်နေပါသေးတယ်" ဟု ပြောလိုသည့်အလား အနည်းငယ် တုန်ခါသွားသည်။

"အသက်ရှင်နေတယ်လို့ပဲ ထပ်ခါတလဲလဲ ပြောမနေနဲ့။ တကယ်စွမ်းရင် မြန်မြန်ပေါက်အောင်

လုပ်။ ငါ့ရဲ့ နတ်ဘုရားမူလစွမ်းအင်တွေကို ထပ်မလိုချင်တော့ဘူးလား"

ထိုအခါ သလင်းကျောက်သား သားရဲဥထံမှ အားနည်းသော စိတ်အာရုံဆက်သွယ်မှုတစ်ခု ထွက်ပေါ်လာသည်။

"နတ်ဘုရားမူလစွမ်းအင်တွေကို... အစာခြေနေတုန်း..."

ရွှီရန် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

"ဟင် မင်းက အခု စိတ်အာရုံနဲ့တောင် ဆက်သွယ်နိုင်ပြီလား ပေါက်ဖို့ ဘယ်နှရက်လောက် လိုသေးလဲ"

သူ တကယ်ကို သိချင်နေပြီဖြစ်သည်။ သုံးနှစ်လောက်ကြာမှ ပေါက်လာမှာမျိုးတော့ မဖြစ်စေချင်။ သို့သော် ရွှီရန်၏ အတင်းအကျပ် မေးမြန်းမှုအောက်တွင် ဥကြီးမှာ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ဥပေါက်ရန် ကြိုးစားခြင်းကပင် ၎င်း၏ သွေးစွမ်းအင်နှင့် စွမ်းအင်အားလုံးကို ကုန်ခမ်းစေပုံပင်။

"အေးပါ အေးပါ... မင်းကို ထပ်မခြိမ်းခြောက်တော့ဘူး။ အေးအေးဆေးဆေးပဲ ပေါက်အောင်လုပ်တော့"

ရွှီရန်က ဥကြီးကို ခပ်ဖွဖွပုတ်ကာ အခန်းထဲမှ ကျော့ကျော့မော့မော့ ထွက်လာခဲ့သည်။ နတ်ဘုရားမူလစွမ်းအင် ၁ စက်နှင့် စစ်မှန်သောသွေး ၇၀ ကျော်ကို သောက်သုံးနိုင်ခဲ့သည်ဆိုမှတော့ ဤကောင်လေးမှာ ကျားမလေးနှင့် ပုံစံတူနိုင်သည်။

သလင်းကျောက်သား သားရဲလောကရဲ့ ကျားမလေးဗားရှင်းများ ဖြစ်နေမလား။

ထိုသို့တွေးတောရင်း ရွှီရန်သည် မိုးကြိုးသုံးထောင်လှုပ်ရှားမှုနှင့် တိမ်တိုက်ကူးပြောင်းခြင်းတို့ကို အသုံးပြုကာ သားရဲတိုက်ခိုက်ရေးကွင်းအထက်သို့ ခုန်တက်လိုက်သည်။

သူ၏ခြေဖဝါးအောက်တွင် လေထုတံတိုင်းများ ဖြစ်ပေါ်လာပြီး တိမ်တိုက်များပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏ နတ်ဘုရားဆန်သော ရုပ်ရည်နှင့် အနှိုင်းမဲ့သော အငွေ့အသက်များမှာ အားလုံးကို မှင်တက်သွားစေတော့သည်။

ဆရာမကြီး လီချင်းဟုန်ပင်လျှင် "ဒီကောင်လေး ရွှီရန်ကတော့ တကယ့်ကို ခန့်ညားလွန်းနေပြီ" ဟု တွေးလိုက်မိသည်။

တိမ်ပေါ်ကနေ ဒီအတိုင်းကြီး စတိုင်အပြည့်နဲ့ ဆင်းလာတာလားကွာ။

ဒီလောက်တောင် ကြွကြွရွရွ ရှိဖို့ လိုလို့လား။

ရွှီရန်သည် လီချင်းဟုန်၏ ဘေးနားသို့ ပေါ့ပါးစွာ ခုန်ဆင်းလိုက်ပြီး “ဆရာမကြီး ချင်းဟုန်... အဆတိုးရတနာအဆောင်ငယ်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘာမှမရှိဘူး မဟုတ်လား” ဟု မေးမြန်းလိုက်သည်။

လီချင်းဟုန်က ရွှီရန်၏ မျက်နှာသွင်ပြင်ကို တစ်ချက်ဝေ့ကြည့်လိုက်ကာ “ကလေးတွေက အားဆေးအပြင်းစား ထိုးထားသလိုမျိုး တက်ကြွနေကြတာ။ တစ်ယောက်ကိုတစ်ယောက်လည်း အားပေးစကားတွေ တတွတ်တွတ် ပြောနေကြတာပဲ။ အဲဒါကို ဘေးထွက်ဆိုးကျိုးလို့ သတ်မှတ်လို့ရမလား” ဟု ပြန်လည်ပြောကြားသည်။

ရွှီရန်က ပြုံးလျက် လက်ကာပြလိုက်ပြီး “ဒါက ဘေးထွက်ဆိုးကျိုး မဟုတ်ပါဘူး။ ကျင့်ကြံချင်စိတ်တွေ အဆပေါင်းများစွာ တိုးလာတာက အရမ်းကောင်းတဲ့အချက်ပဲ မဟုတ်လား။ ဒါကို ဘယ်လိုလုပ် ဆိုးကျိုးလို့ ပြောလို့ရမှာလဲ” ဟု ပြောလိုက်ရာ လီချင်းဟုန်ကလည်း “မင်းက ဆိုးကျိုးမဟုတ်ဘူးလို့ ယူဆရင်လည်း မဟုတ်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့အမြင်တော့ အတော်လေး ကောင်းပါတယ်” ဟု ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ရွှီရန်သည် ခေါင်းညိတ်လိုက်မိသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ဆရာမကြီး လီချင်းဟုန်ဆိုသည်မှာ အမြဲတမ်း လူသတ်နတ်မင်းကဲ့သို့ ပြတ်သားရက်စက်သူပင်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကလေးငယ်များကို မီတာ ရာနှင့်ချီသော တောင်ထိပ်ပေါ်မှ ခုန်ချခိုင်းသဖြင့် ကလေးများ ငိုယိုခဲ့ရသည်ကို သူ မှတ်မိနေသေးသလို လေ့ကျင့်ခန်း လုပ်စဉ်ကလည်း ထိတ်လန့်ဖွယ် စကားသံကို ပိုမိုကြောက်စရာကောင်းအောင် ပြုလုပ်ရန် သူ့ကို တိုက်တွန်းခဲ့သူပင်။

ထို့ကြောင့် ဤကဲ့သို့သော ပုဂ္ဂိုလ်၏စကားကို တစ်ဝက်သာ ယုံကြည်သင့်သည်ဟု တွေးကာ “ငါ့ဘာသာပဲ သေချာစောင့်ကြည့်တာ ပိုကောင်းမယ်...” ဟု စိတ်ထဲမှ ခနဲ့လိုက်သည်။ ၎င်းနောက် ရွှီရန်သည် စင်ပေါ်မှနေ၍ ကျောင်းသားတစ်ဦးချင်းစီ၏ အမူအရာနှင့် လုပ်ဆောင်ချက်များကို နာရီဝက်နီးပါး အသေးစိတ် စောင့်ကြည့်နေလိုက်သည်။

“အင်း... စိတ်ပိုင်းဆိုင်ရာမှာ နည်းနည်း တက်ကြွလွန်းနေတာကလွဲရင် တခြားဆိုးကျိုးတော့ မရှိပါဘူး။ ဒါဟာ တကယ်တော့ ကောင်းတဲ့ကိစ္စပဲ။ ငါတို့ ကျင့်ကြံသူတွေဆိုတာ ကျင့်ကြံခြင်းထဲမှာပဲ ရှင်သန်ရသလို ကျင့်ကြံခြင်းထဲမှာပဲ သေဆုံးကြရမှာပဲ။ နောက်ရက်အနည်းငယ်ကြာလို့ သူတို့ ကျင့်သားရသွားရင်တော့ အဆင်ပြေသွားမှာပါ” ဟု သူက တအံ့တဩ ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။

သူသည် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ တခြားကျောင်းသားများနှင့် မတူဘဲ ကြောက်စရာကောင်းလောက်အောင် သန်မာလွန်းနေသဖြင့် ဘေးထွက်ဆိုးကျိုးများကို အထူးစိုးရိမ်နေခြင်းပင်။ ပင်ကိုယ်ဗီဇ ဗတ္တိဇံ သုံးကြိမ်နှင့် ကပ်ဘေးသောင်းခြောက်ထောင် မီးလျှံ ဆယ်စက် စသည်တို့က သူ့ကို တခြားသူများထက် အဆပေါင်းများစွာ ရှေ့သို့ ရောက်ရှိနေစေခြင်းပင်။

All Chapters