← Chapters

အခန်း (၂၁၃)

Vol. 22 Ch. 213

အခန်း (၂၁၃)

Vol. 22 Ch. 213

ထို့အပြင် အဆောင်လက်ဖွဲ့တစ်ခု၏ စွမ်းအင်အရင်းအမြစ်မှာ ယုံကြည်ခြင်းမျိုးစေ့၊ ဝိညာဉ်

စွမ်းအင်၊ အဆောင်လက်ဖွဲ့စနစ်တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

၎င်းတို့အနက် တစ်ခုချင်းစီမှာ အလွန်ထူးခြားလှသည်။

သူသည် အဆတိုးရတနာအဆောင်ငယ်ကို အေးအေးဆေးဆေး ရေးထွင်းနိုင်သော်လည်း စိုးရိမ်စိတ်အနည်းငယ်တော့ ရှိနေဆဲပင်။ သူဖန်တီးလိုက်သော အဆောင်၏ စွမ်းအားမှာ သူငယ်ချင်းများ၏ ခန္ဓာကိုယ်မှ တောင့်ခံနိုင်စွမ်းကို ကျော်လွန်သွားမည်ကို စိုးရိမ်နေခြင်းပင်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အတော်လေး အနေရခက်စရာ ဖြစ်ပေလိမ့်မည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လက်တွေ့စမ်းသပ်မှုများအရ မည်သည့်ပြဿနာမျှ မရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ ဤအဆောင်စနစ်မှာ အားလုံးနှင့် ကိုက်ညီမှုမှာ အတော်လေး ကောင်းမွန်လှသည်။

သို့သော်လည်း အဆတိုးရတနာအဆောင်ငယ်တစ်ခုတည်း၏ အစွမ်းမှာပင် အလွန်ပြင်းထန်လှရာ အဆောင်နှစ်ခုကို တစ်ပြိုင်နက် ကပ်နှိပ်ရန်မှာ လက်ရှိတွင် မဖြစ်နိုင်သေးပေ။

အကယ်၍ အဆောင်နှစ်ခုစလုံးက သွေးစွမ်းအင်ကို မြှင့်တင်ရန်အတွက် ခန္ဓာကိုယ်ရှိ သွေးသားနှင့် တစ်ရှူးစွမ်းအင်များကိုပါ စုပ်ယူလာခဲ့လျှင် ဆုံးရှုံးမှုမှာ အလွန်ကြီးမားသွားပေလိမ့်မည်။ ရွှီရန်ကိုယ်တိုင်ပင်လျှင် အဆောင်နှစ်ခုကို ချက်ချင်း အသုံးမပြုလိုသေးပေ။

သူ အသုံးမပြုနိုင်၍တော့ မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အဆောင်နှစ်ခု၏ စွမ်းအားကို အပြည့်အဝ တောင့်ခံနိုင်စွမ်း ရှိသည်။

အဓိကအချက်မှာ သူ ပျင်းနေခြင်းပင််။ အကယ်၍ အဆောင်နှစ်ခုသာ ကပ်လိုက်မည်ဆိုလျှင်... မိနစ် ၃၀ တိုင်း တစ်နပ်စားနေရပေလိမ့်မည်။ သူ၏ အစာအိမ်က မည်မျှပင် ကောင်းမွန်နေပါစေဦးတော့...

ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီကို တိုက်ရိုက်စုပ်ယူပေးနိုင်မည့် ဝိညာဉ်ချီ ရတနာအဆောင်ကို သူ ဖန်တီးနိုင်သည့် အချိန်ကျမှသာ အဆတိုးရတနာအဆောင်ငယ် နှစ်ခုကို သုံးစွဲခြင်းက အကောင်းဆုံးဖြစ်လာပေလိမ့်မည်။

ဤအကြောင်းကို စဉ်းစားရင်း ရွှီရန်၏ အကြည့်များသည် သားရဲတိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုတည့်တည့်သို့ ကျရောက်သွားသည်။

ထိုအချိန်တွင် ကျားမလေးသည် ကျူးယွီဟန်ကို တိုက်ကွက်များဖြင့် လေ့ကျင့်ပေးနေသည်။ ရက်ပေါင်း ၁၆၀ ကြာ ကျင့်ကြံပြီးနောက် ကျားမလေး၏ သွေးစွမ်းအင်မှာ ၂၀,၀၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။ သွေးစွမ်းအင် ၂၀,၀၀၀ ဆိုသည်မှာ ကျားမလေးအတွက် အလွန်ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခုပင်။

သူမ၏ မူလအရိုးစွမ်းအားမှာ ပိုမိုကြောက်စရာကောင်းအောင် ထွက်ပေါ်လာပြီး ဆန်းကြယ်သော ခြေလှမ်းများနှင့် ဟင်းလင်းပြင်ကူးပြောင်းခြင်းတို့ ပေါင်းစပ်ထားသည့် သူမ၏ တိုက်ပွဲဗျူဟာများမှာ နည်းပညာပိုင်းအရ ပြိုင်ဘက်ကို လုံးဝလွှမ်းမိုးထားနိုင်သည့် အဆင့်တွင်ရှိသည်။

ကျူးယွီဟန်မှာမူ နောက်ထပ်တိုက်ကွက်က ဘယ်အရပ်က ထွက်လာမလဲဆိုသည်ကို မခန့်မှန်းနိုင်ဘဲ မကြာခဏဆိုသလို တွေဝေသွားတတ်သည်။ သူမသည် အလွန်ကြီးမားသော ဖိအားအောက်တွင် ရှိနေသော်လည်း ရွှီရန်၏ လမ်းညွှန်မှုကြောင့် သူမ၏ တိုက်ပွဲဗျူဟာများမှာ ပိုမိုကျွမ်းကျင်လာခဲ့သည်။ ရှောင်လွှဲ၍မရသော အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း သူမသည် အရေးကြီးသော အခိုက်အတန့်တွင် ၀.၁ စက္ကန့်ကြာ ခပ်သိမ်းသောအရာတို့ ရပ်တန့်ခြင်းစွမ်းရည်ကို အသုံးပြုကာ ကျားမလေး၏ အလစ်အငိုက် တိုက်ခိုက်မှုကို ဟန့်တားလေ့ရှိသည်။

၀.၁ စက္ကန့်မျှသာ အသုံးပြုခြင်းက စွမ်းအင်ကုန်ခမ်းမှုကို သိသိသာသာ လျှော့ချပေးရုံသာမက သူမ၏ ကိုယ်ပိုင်အမှတ်အသား တိုက်ကွက်တစ်ခု ဖြစ်လာစေခဲ့သည်။ ၎င်းက သူမကို ရှုံးနိမ့်လုနီးပါး အခြေအနေများမှ အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ပြီး သူမ၏ မဖောက်ထွင်းနိုင်သော ခံစစ်စွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်။

အစပိုင်းတွင် သူမသည် ကျားမလေးအား အလျင်အမြန် ရှုံးနိမ့်ခဲ့သော်လည်း တစ်လအကြာတွင် ကျားမလေး၏ ပြင်းထန်သော တိုက်ခိုက်မှု ၅ ကြိမ်ကို ခုခံနိုင်လာသည်။

နှစ်လအကြာတွင် တိုက်ခိုက်မှု ၁၀ ကြိမ်အထိ တောင့်ခံနိုင်လာပြီး သုံးလအကြာတွင် သူမသည် အလွန်ခိုင်မာသော ခံစစ်ဖြင့် ကျားမလေး၏ အလစ်အငိုက်တိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ကို ကြံ့ကြံ့ခံနိုင်နေပြီဖြစ်သည်။

ထိုမျှမက အဆုံးအဖြတ် အခိုက်အတန့်တွင် သူမ၏ သေးငယ်သော ခန္ဓာကိုယ်ဖြင့် ညာဘက်သို့ အယောင်ပြလိုက်ပြီးနောက် အရှိန်ဖြင့် ရှေ့သို့တိုးကာ ကျားမလေး၏ ရင်ဘတ်ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ တိုက်ခိုက်လိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် တောက်ပနေသည်။

"ကောင်းတယ် မင်း တကယ်ပဲ တန်ပြန်တိုက်စစ် ဆင်နိုင်လာပြီပဲ"

သူမ ရေရွတ်လိုက်နိုင်ရုံသာ ရှိသေးသည်။

ကျူးယွီဟန်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

"ခပ်သိမ်းသောအရာတို့ ရပ်တန့်ခြင်း"

ယခင်အသုံးပြုခဲ့သော ရပ်တန့်ခြင်း စွမ်းရည် ကုန်ဆုံးသွားသည်နှင့် ကျားမလေးအနားသို့ ချဉ်းကပ်မိနေပြီဖြစ်သော ကျူးယွီဟန်က ခပ်တိုးတိုး ထပ်မံရွတ်ဆိုလိုက်ခြင်းပင်။

ကျားမလေး နောက်တစ်ကြိမ် တောင့်ခဲသွားပြန်သည်။

သွေးစွမ်းအင် ၃၀,၀၀၀ ပါဝင်သော လက်သီးတစ်ချက်သည် သူမ၏ ပုခုံးဆီသို့ ဦးတည်လာသည်ကို ကြည့်ရင်း ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှ အလင်းတန်းများ ဖြာထွက်လာသည်။

"မျှော်စင်ငယ်"

သူမ ပြောလိုက်သည်နှင့်….

ဂလောင်…

ခေါင်းလောင်းသံတစ်ခု မြည်ဟည်းသွားပြီး ကျားမလေး၏ ပတ်လည်တွင် ရွှေရောင်မျှော်စင်ငယ်တစ်ခု ပေါ်ထွက်လာကာ ရွှေရောင်စွမ်းအင်များက ကျူးယွီဟန်ကိုပါ ပြန်လည်တောင့်ခဲသွားစေရန် တုံ့ပြန်လိုက်သည်။

စွမ်းရည်နှစ်ခု၏ အာနိသင်များမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချေဖျက်သွားကြသည်။

ကျားမလေးသည် သူမ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ယှက်ကာ ကျူးယွီဟန်၏ လက်သီးချက်ကို တိုက်ရိုက်ခုခံလိုက်သည်။ သို့သော်လည်း ခန္ဓာကိုယ်ခွန်အား ၃၀,၀၀၀ ပါဝင်သော လက်သီးချက်မှာ အလွန်ပင် ပြင်းထန်လှသည်။

ကျားမလေး၏ ခြေဖဝါးများသည် မြေပြင်ပေါ်တွင် အနည်းငယ် ပွတ်တိုက်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်ကာ မီတာအတော်ကြာ ဆုတ်ခွာသွားရသည်။ သူမသည် ထိခိုက်မှုကို လျှော့ချသည့် စွမ်းအားထုတ်လွှတ်ခြင်းနည်းစနစ်ကို အသုံးမပြုခဲ့ပေ။

သူမသည် နောက်သို့ ၅ မီတာ၊ ၆ မီတာခန့်အထိ အကွာအဝေးကို ချဲ့လိုက်ပြီးမှ ရပ်တန့်သွားသည်။ အနည်းငယ် နာကျင်နေသော သူမ၏ ရွှေရောင်လက်မောင်းများကို ခါယမ်းလိုက်ရင်း ကျားမလေးက တအံ့တဩ ရေရွတ်လိုက်သည်။

"မဆိုးဘူး မဆိုးဘူး... မင်းရဲ့ တိုက်ပွဲဗျူဟာတွေက တကယ့်ကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ။ ငါ့ရဲ့ ရွှေရောင်မျှော်စင်ငယ်ကိုတောင် ထုတ်သုံးလိုက်ရတယ်"

ကျူးယွီဟန်က ခေါင်းကို အသာအယာခါယမ်းလိုက်ပြီး "မင်းက ရွှေရောင်မျှော်စင်ငယ် ရဲ့ အစစ်အမှန်စွမ်းအားနဲ့ ဟင်းလင်းပြင်ကူးပြောင်းခြင်းကိုတောင် အသုံးမပြုသေးဘူးလေ။ ငါက မင်းရဲ့နောက်မှာ အဝေးကြီး ကျန်နေပါသေးတယ် လျိုလီရယ်"

ကျားမလေးက တခိခိ ရယ်မောလိုက်သည်။

"မလောပါနဲ့ အေးအေးဆေးဆေးပဲ လေ့ကျင့်သွားပါ။ မင်းရဲ့ တိုက်ပွဲဗျူဟာတွေ တိုးတက်လာမှာပါ။ ကဲ... ခဏနားကြရအောင်"

"အစ်ကိုရှောင်ရန် လာနေတာ ငါတွေ့တယ်…"

သူမသည် စင်မြင့်ဘက်သို့ လှည့်ကြည့်ကာ ရွှီရန်ကို အားတက်သရော လက်ဝှေ့ယမ်းပြလိုက်သည်။ ပြင်းထန်သော လေ့ကျင့်မှုကြောင့် သူမ၏ တစ်ကိုယ်လုံးမှ ချွေးငွေ့များ ထွက်နေပြီး တက်ကြွလန်းဆန်းသော အသွင်ကို ဆောင်နေသည်။

ကျူးယွီဟန်၏ အကြည့်မှာလည်း စင်မြင့်ဘက်သို့ ရောက်သွားကာ "အင်း... သွားကြတာပေါ့"

သူတို့နှစ်ဦးသည် ရွှီရန်ရှိရာသို့ လှေကားထစ်များအတိုင်း လျှောက်လာကြသည်။ သူတို့၏ နီမြန်းနေသော မျက်နှာလေးများနှင့် ဦးခေါင်းများမှ ချွေးငွေ့များမှာ ရေနွေးငွေ့စက်များသဖွယ် ထွက်ပေါ်နေသည်။

"အစ်ကိုရှောင်ရန်"

"ရှောင်ရန်..."

ရွှီရန်က တအံ့တဩ ရေရွတ်လိုက်သည်။

"မဆိုးဘူးပဲ။ ခပ်သိမ်းသောအရာတို့ ရပ်တန့်ခြင်းကို ဒီလိုနည်းနဲ့ သုံးတာက တကယ်ကို အဆပေါင်း ရာနဲ့ချီပြီး ပိုထိရောက်တာပဲ"

ကျူးယွီဟန်က လေထဲတွင် ပွင့်အာနေသော ကြာပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံ့စွာ ပြုံးလိုက်ပြီး "ဟုတ်ကဲ့... ဒါက ရှောင်ရန်ရဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်ကြောင့်ပါ..."

ရွှီရန်က လက်ကာပြလိုက်ကာ "ဒါက ဘာမှမဟုတ်ပါဘူး။ ငါသာ မပြောပြခဲ့ရင်တောင် မင်းက နောင်တစ်ချိန်မှာ ဒီလိုအသုံးချနည်းမျိုးကို စဉ်းစားမိမှာပါပဲ"

ကျားမလေးက ခြေဖျားထောက်ကာ ရွှီရန်၏ ပုခုံးကို ပုတ်လိုက်ပြီး "ဒါပေမဲ့ အခုတော့ အစ်ကိုကြောင့် အစ်မယွီဟန်က အသက် ၉ နှစ်နဲ့တင် ဒီလို ထက်မြက်တဲ့ တိုက်ပွဲဗျူဟာတွေကို သုံးနိုင်နေပြီလေ"

ရွှီရန် မရယ်ဘဲ မနေနိုင်တော့ပေ။

"ဒါနဲ့ အစ်ကိုရှောင်ရန်... ညီမကိုကော တခြား တိုက်ပွဲဗျူဟာတွေ ထပ်သင်ပေးဦးမှာလား"

ရွှီရန်က ထိုလူလည်မလေးကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး "မင်းက ငါ့ဆီက တိုက်ပွဲဗျူဟာတွေ သင်ဖို့ လိုသေးလို့လား"

ကျားမလေးက ရုတ်တရက် ရင်ဘတ်ကို မာန်ပါပါ မော့လိုက်ကာ "ဒါက ညီမကို ချီးကျူးလိုက်တာလား"

ရွှီရန်က ကလေးချော့သလို ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ဟုတ်တယ်"

"ဒါဆိုရင်... အစ်ကိုရှောင်ရန် ညီကော ဘယ်တော့လောက်ကပ်ဘေးသောင်းခြောက်ထောင် မီးလျှံကို သုံးလို့ရမလဲ ညီမလည်း အစ်မယွီဟန်လိုမျိုး ခန္ဓာကိုယ် ခွန်အားတွေ ရချင်တယ်။ အကယ်၍ ညီမသာ အဲဒီမီးလျှံကို ရမယ်ဆိုရင် ညီမရဲ့ ရွှေရောင်မျှော်စင်ငယ်နဲ့ ပေါင်းစပ်ပြီး ညီမက အတော်လေး သန်မာလာမှာ"

ရွှီရန်၏ အကြည့်များမှာ စူးရှသွားသည်။

"မင်း အလျင်စလို ဖြစ်နေတာကို ငါသိပါတယ်။ ဒါပေမဲ့ မလောပါနဲ့ဦး။ ခဏလောက် ထပ်စောင့်ပါ၊ ငါ့မှာ အန္တရာယ်ကို ထက်ဝက်လောက် လျှော့ချပေးနိုင်မယ့် အမှားအယွင်းမရှိတဲ့ အစီအစဉ်တစ်ခု ရှိတယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ သွေးစွမ်းအင်သာ လုံလောက်မယ်ဆိုရင် အစက် ၁၀၀ သုံးချင်ရင်တောင် ငါပေးသုံးမယ်"

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ ထူးခြားသော အလင်းတန်းများဖြင့် ဝင်းလက်သွားသည်။

"တကယ်လား"

ရွှီရန် "အင်း... တကယ်ပါ။ ဒါကြောင့်... လောလောဆယ်တော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားဦး"

All Chapters