အခန်း (၂၁၇)
Vol. 22 Ch. 217
လင်းရှိုးက ရွှီရန်ကို ခေါ်ဆောင်ပြီး ကွေ့ကောက်နေသော လမ်းကြောင်းများအတိုင်း ရှေ့ဆောင်သွားသည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ရွှီရန်နှင့် ယဲ့ဖျင်တို့သည် တိတ်ဆိတ်စွာပင် နောက်မှ လိုက်ပါလာခဲ့ကြသည်။ ပြတိုက်စင်္ကြံလမ်းတစ်လျှောက်တွင် သူတို့၏ ခြေသံများသာ တစ်ချက်တစ်ချက် ဟိန်းထွက်နေ၏။ စင်္ကြံလမ်းအသွယ်သွယ်ကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် သူတို့သုံးဦးသည် အသစ်စက်စက် ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ခန်းမ၏ အလယ်ဗဟိုတွင် ရှေးဟောင်း နက်နဲကျောက်အုတ်တစ်ခု ရှိနေသည်။ ၎င်းသည် အလျား ၁ မီတာ အနံ ၅၀ စင်တီမီတာနှင့် အမြင့် ၈၀ စင်တီမီတာခန့် ရှိသည်။ တစ်ခုလုံးမှာ ရွှေအိုရောင် တောက်ပနေပြီး မီးလျှံထဲမှ ရွှေကဲ့သို့ သိပ်သည်းဆမျိုး ရှိနေသည်။ ၎င်းမှာ လောင်မြဲလောင်နေဆဲ ဖြစ်သလို တစ်ဖက်တွင်လည်း ခဲတော့မည့် ပုံသဏ္ဌာန်မျိုး ရှိနေသောကြောင့် အလွန်ထူးဆန်းလှသည်။ ကောင်းကင်မှ ကျဆင်းလာသော ရွှေရောင်ကျီးကန်းတစ်ကောင်၏ မီးလျှံစီးကြောင်းများ စုစည်းပြီး ဖြစ်ပေါ်လာသော ကျောက်အုတ်နှင့်ပင် တူနေတော့သည်။
ရွှီရန်မှာ မှင်တက်သွားရ၏။ ဤမျှ ထူးခြားဆန်းပြားသော အရာမျိုးကို သူ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုကျောက်အုတ်မှ စိတ်ဝိညာဉ်စွမ်းအာများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို တွေ့ရလိမ့်မည်။ သို့သော် ထိုစွမ်းအားမှာ သာမန်စိတ်စွမ်းအားများနှင့် မတူဘဲ ပိုမိုမြင့်မားသော အတိုင်းအတာတစ်ခုမှ လာနေသကဲ့သို့ပင်။ ၎င်းသည် လူသားတို့၏ စိတ်ဝိညာဉ် ယုံကြည်မှုများနှင့် ဆက်နွှယ်နေပုံရသည်။
ခဏတာမျှ ရွှီရန်သည် အဆုံးအစမဲ့ပြီး နက်ရှိုင်းလှသော စိတ်ဝိညာဉ်စွမ်းအားများမှာ အိပ်မက်ဆန်သော ယုံကြည်မှုပင်လယ်ပြင်ကြီးအဖြစ် စုစည်းနေသည်ဟု ခံစားလိုက်ရသည်။ ၎င်းမှာ အတိုင်းအဆမရှိသော သဒ္ဓါတရားများနှင့် တူလှသည်။
၎င်းက ယုံကြည်မှုမျိုးစေ့နှင့် သိသိသာသာ ကွာခြားလှသည်။ ယုံကြည်မှုမျိုးစေ့မှာ နှစ်နာရီမျှသာ ခံသည်ကို သိနိုင်သော်လည်း ဤကျောက်အုတ်ထဲမှ ယုံကြည်မှုစွမ်းအားမှာမူ အချိန်မြစ်ကြီးကို ဖြတ်ကျော်ကာ ထာဝရ မပျက်စီးနိုင်ဘဲ တည်ရှိနေမည့်အလား ထင်မှတ်ရသည်။ မည်သည့် ညစ်ညမ်းမှုမျိုးကမျှလည်း ၎င်းကို ထိခိုက်စေနိုင်ပုံမရပေ။
ရွှီရန်၏ မျက်နှာတွင် အံ့ဩမှုများ ပိုမို ကြီးထွားလာသည်။
"ဒါက တကယ်ပဲ နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုလား အပြာရောင်ကြယ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ အထူးစွမ်းရည် တစ်ခုခုကနေ လာတာများလား"
သူ အလွန်ပင် သိချင်စိတ် ပြင်းပြနေမိသည်။
သူ့စိတ်ထဲတွင် သံသယများစွာဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း... အပြာရောင်ကြယ်သည် စကြဝဠာကြီးအကြောင်းကို သိရှိနားလည်မှု အလွန်နည်းပါးလွန်းလှသည်။ သူပိုင်ဆိုင်ထားသော ဗဟုသုတများသည်လည်း ဤအရာကို နားလည်သဘောပေါက်ရန် အလွန်ပင် ကန့်သတ်ချက်ရှိနေသည်။
သူသည် ထိုရှေးဟောင်း နက်နဲကျောက်အုတ်ကိုသာ စူးစိုက်ကြည့်နေမိပြီး ၎င်း၏ အတွင်းပိုင်းလျှို့ဝှက်ချက်ကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေမိသည်။
"ဟင်"
ရုတ်တရက် ရွှီရန်၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။ သူသည် ထိုကျောက်အုတ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့မျက်စိရှေ့မှ ရှေးဟောင်း နက်နဲကျောက်အုတ်မှာ တကယ်ပင် စီးဆင်းလှုပ်ရှားလာသည်။
ရွှေရောင် မီးလျှံများသည် ဖြည်းညှင်းစွာ မြင့်တက်လာပြီး ကျောက်အုတ်၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားသည်။ ၎င်းသည် လေထဲတွင်ပင် ကြိတ်ဆုံဘီးကြီးတစ်ခုခန့် ပမာဏရှိသော ဧရာမ ရွှေရောင်အကြေးခွံတစ်ခုအဖြစ်သို့ ကူးပြောင်းသွားပြီး တစ်စုံတစ်ရာသော စူပါသတ္တဝါကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအလား ထင်မှတ်ရသည်။
ရွှီရန်၏ အကြည့်များမှာ အံ့ဩမှင်တက်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်မှာပင် ရွှေရောင်အကြေးခွံသည် ဆက်လက်ပြောင်းလဲနေဆဲပင်။ ၎င်းသည် အကြေးခွံပုံသဏ္ဌာန်မှသည် မီးပြတိုက်နှင့် ဆင်တူသော တည်ဆောက်ပုံတစ်ခုအဖြစ်သို့ ထပ်မံကူးပြောင်းသွားပြန်သည်။
ရွှီရန်သည် သူကဲ့သို့ပင် အံ့ဩနေသော ဦးလေးယဲ့ဖျင်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် လင်းရှိုးကို စူးစမ်းလိုသော အကြည့်များဖြင့် အလေးအနက် ကြည့်လိုက်သည်။
"ဒါက တကယ်ပဲ စီးဆင်းလှုပ်ရှားနိုင်တာလား ပုံသဏ္ဌာန်တွေတောင် ပြောင်းလဲနေတယ်ပေါ့"
လင်းရှိုးက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"အံ့ဩဖို့ကောင်းတယ် မဟုတ်လား ကျွန်တော်တို့ ဒါကို စယူလာတုန်းကလည်း အတော်လေး လန့်သွားခဲ့တာ။ ဘာကြောင့် ဒီလိုမျိုး ပုံစံပြောင်းနေရလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး"
"ဒါပေမဲ့ သူက များသောအားဖြင့်တော့ အုတ်ခဲပုံစံနဲ့ပဲ ရှိနေတတ်တာပါ။ ရံဖန်ရံခါမှသာ ပုံစံပြောင်းတာမျိုး ဖြစ်ပြီး အခုလို မြင်တွေ့ရတာက မင်း တကယ့်ကို ကံကောင်းလို့ပဲ"
လင်းရှိုးက ရှင်းပြသည်။
ရွှီရန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာသည်။
"ဒါဆိုရင် သူက ဓားပုံစံကော ပြောင်းလဲနိုင်မလား ကျွန်တော် ယူသွားလို့ရအောင် ဓားသွားတစ်ခုအဖြစ် ပြောင်းလို့ရမလား ဒါမှမဟုတ် ချပ်ဝတ်တန်ဆာကော"
လင်းရှိုးက ခေါင်းခါယမ်းလိုက်ပြီး "ငါတို့ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ဝင် အများကြီးကို ခေါ်ပြီး စမ်းခိုင်းဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ဘူး။ သူက အုတ်ခဲပုံစံကနေ အကြေးခွံကြီး ဒါမှမဟုတ် မီးပြတိုက်ပုံစံပဲ ပြောင်းတာပါ။ ပုံစံ ၃ မျိုးပဲ ရှိတယ်"
"ဒါပေမဲ့ မင်းလည်း စမ်းကြည့်လို့ရတာပဲလေ။ ဘယ်သူသိမလဲ မင်းကျမှ အောင်မြင်သွားမလားလို့"
ရွှီရန်က နက်နဲသော ယုံကြည်ချက်များ ပြည့်နှက်နေသည့် အပြုံးဖြင့် ပြုံးလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် စမ်းကြည့်ပါ့မယ်။ ဖြစ်နိုင်တာက ကျွန်တော်ကပဲ သူ့ရဲ့ စစ်မှန်တဲ့ သခင် ဖြစ်နေမလားလို့လေ"
ထိုအခိုက်အတန့်တွင် သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး မီးပြတိုက်ပေါ်သို့ လက်ဖဝါးတင်ကာ ထိုနက်နဲသော ရှေးဟောင်းကျောက်အုတ်နှင့် စိတ်ချင်းဆက်သွယ်ရန် ကြိုးစားလိုက်သည်။
ဖတ်..
သူ၏ လက်ဖဝါးသည် ထိုကျောက်အုတ်နှင့် တစ်သားတည်း ပေါင်းစပ်သွားသယောင် ရှိနေသည်။
လင်းရှိုးနှင့် ယဲ့ဖျင်တို့မှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်းကျောက်အုတ်ထဲမှ ထူးခြားဆန်းပြားသော ရွှေရောင်စွမ်းအင်တန်းများသည် ရွှီရန်၏ လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ့ကို ရွှေရောင်
လူသားလေး တစ်ဦးအဖြစ် ပြောင်းလဲပစ်လိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။
လင်းရှိုးနှင့် ယဲ့ဖျင်တို့သည် ကြောင်တောင်တောင်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"သူ တကယ်ပဲ အောင်မြင်တော့မှာလား"
ယဲ့ဖျင်က မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီးဖြင့် "ဒါက ရှေးဟောင်းကျောက်အုတ်က သခင်အဖြစ် အသိအမှတ်ပြုတာလား ဒါမှမဟုတ် ရွှီရန်ကို ဝါးမြိုပစ်နေတာလား အန္တရာယ်ကော ရှိနိုင်မလား"
သူသည် ရွှီရန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ဆွဲထုတ်ရန် ကြိုးစားသော်လည်း ရွှေရောင်အလင်းတန်းများက သူ့ကို တစ်မီတာခန့်အကွာသို့ တွန်းထုတ်ပစ်လိုက်သည်။
"ဒါ... ဒါက..."
တွန်းထုတ်ခံလိုက်ရသဖြင့် ယဲ့ဖျင်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားတော့သည်။
လင်းရှိုးက ယဲ့ဖျင်ကို လှမ်းဖေးမလိုက်ရင်း "မစိုးရိမ်ပါနဲ့ ဒီရှေးဟောင်းနက်နဲကျောက်အုတ်က ညစ်ညမ်းမှုတွေကို ဖိနှိပ်ပေးနိုင်တယ်ဆိုကတည်းက သူဟာ မိစ္ဆာစွမ်းအင်တွေ ကူးစက်ခံထားရတာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါဟာ တစ်စုံတစ်ရာသော ကံကောင်းခြင်းဖြစ်နိုင်ပါတယ်"
"ဒါက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးနော်။ တိုက်စောင့်ရတနာ လေးခုစလုံးက ငါတို့ကျင့်ကြံသူတွေကို ဒီလိုမျိုး တုံ့ပြန်ခဲ့ဖူးလို့လား"
"ဒါပေမဲ့ ရွှီရန်ကတော့ လုပ်နိုင်ခဲ့ပြီ။ သူ ကြီးမားတဲ့ ဆုလာဘ်တွေ ရရှိဖို့ပဲ ဆုတောင်းရအောင်"
"ဖြစ်နိုင်တာက သူဟာ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ပထမဆုံးသောလူ ဖြစ်လာလိမ့်မယ်"
ယဲ့ဖျင်က သက်ပြင်းအရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး "အဲဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့..."
နှစ်သိမ့်ပေးသူအဖြစ် လင်းရှိုး၏ လေသံမှာ ပြတ်သားနေသည်။
"သေချာပေါက် ဖြစ်လာမှာပါ"
လူကြီးနှစ်ယောက်၏ အကြည့်များမှာ ကွဲပြားနေသည်။ တစ်ဦးက တည်ငြိမ်ပြီး တစ်ဦးက စိုးရိမ်နေသော်လည်း နှစ်ဦးစလုံးမှာမူ ရွှေရောင်လူသားလေးအဖြစ် ပြောင်းလဲသွားသော ရွှီရန်ထံသို့သာ အကြည့်ချင်း ဆုံနေကြသည်။
ထိုအခိုက်အတန့်တွင် ရွှီရန်၏ အာရုံခံစားမှု အားလုံးမှာ ပြင်ပကမ္ဘာနှင့် လုံးဝဥဿုံ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ။
သူ့စိတ်ထဲတွင် ပြင်ပရှိ မည်သည့်အရာ၏ တည်ရှိမှုကိုမျှ မခံစားရတော့ပေ။ သူ၏ အသိစိတ်မှာ ရွှေရောင်အလင်းတန်းများအတွင်း လွင့်မျောနေရင်း နောက်ဆုံးတွင် ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဆီသို့ ရောက်ရှိသွားသည်။
၎င်းမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသော ဂြိုဟ်သားတိုက်ပွဲမြေပြင်ကြီးပင်။
နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲရာပေါင်းများစွာသည် ကျိုင်းကောင်အုပ်ကြီးများကဲ့သို့ များပြားလှသော မိစ္ဆာသတ္တဝါများကို ဦးဆောင်ကာ ကောင်းကင်တစ်ဝက်ကျော်ကို ဖုံးလွှမ်းထားကြသည်။ ထိုနတ်ဘုရားအဆင့် သားရဲကြီးများထံမှ ထွက်ပေါ်လာသော မိစ္ဆာအငွေ့အသက်များကြောင့် ကောင်းကင်ကြီးတစ်ခုလုံးမှာ သွေးရောင်ကဲ့သို့ နီရဲနေ၏။
၎င်းတို့သည် မိစ္ဆာအငွေ့အသက်များကို သယ်ဆောင်လာပြီး လေဆင်နှာမောင်းများအဖြစ် လှည့်ပတ်ကာ အောက်ဘက်ရှိ ဂြိုဟ်ကြီးကို တိုက်ခိုက်နေကြသည်။ ထိုဂြိုဟ်မှာ အပြာရောင်ကြယ်နှင့် အတော်လေး ဆင်တူလှပြီး အပြာရောင်တောက်လျက် သက်ရှိများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ထိုဂြိုဟ်မှာ မျှော်လင့်ချက်မဲ့စေသော သွေးတိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး ထိုတိမ်တိုက်များမှာ မည်သည့်လေဆင်နှာမောင်းကမျှ မဖယ်ရှားနိုင်လောက်အောင် ထူထပ်လွန်းလှသည်။ ပုံဆောင်ခဲသားရဲမျိုးနွယ်စု သယ်ဆောင်လာသော သွေးတိမ်တိုက်များကို လေဖြင့် တိုက်ထုတ်၍မရနိုင်ပေ။
ဖိနှိပ်မှု မျှော်လင့်ချက်မဲ့မှု အသက်ရှူကျပ်မှု...
ထိုတိုက်ပွဲမြေပြင်၏ အောက်ဘက်တွင်မူ သောင်းနှင့်ချီသော လူသားစစ်သည်တော်များသည် အနက်ရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ စစ်လှံရှည်များကို ကိုင်စွဲလျက် လေထဲတွင် ပျံဝဲနေကြပြီး သူတို့၏ လက်နက်များကို ကောင်းကင်ယံသို့ မြှောက်ကာ ကြွေးကြော်နေကြသည်။