← Chapters

အခန်း (၂၁၈)

Vol. 22 Ch. 218

အခန်း (၂၁၈)

Vol. 22 Ch. 218

ထိုစစ်သည်တော်များ၏ အောက်ဘက်တွင်မူ အိုင်အတွင်းရှိ ရေများ ဆူပွက်လာပြီး တောင်တန်းများမှာ လှိမ့်တက်လာကာ မြေပြင်ကြီး တစ်ခုလုံး အက်ကွဲသွားတော့သည်။

ဧရာမ ခံစစ်ခံတပ်ကြီးတစ်ခုသည် မြေပြင်ကို ထိုးဖောက်ကာ ထွက်ပေါ်လာသည်။ အမြင့်မီတာ တစ်ထောင်ကျော်ပြီး အလျားမှာ မိုင်ပေါင်းသောင်းချီ၍ ရှည်လျားလှသည်။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးမှာ ရှေးဟောင်း နက်နဲကျောက်အုတ်နှင့် တစ်ထပ်တည်းတူသော ရွှေရောင်မီးလျှံများ တောက်လောင်နေသည့် အသွင်ရှိသည်။ ၎င်းသည် မပျက်စီးနိုင်သောအရှိန်အဝါများကို ထုတ်လွှတ်ရင်း နီရဲနေသော ကောင်းကင်ယံကို ခွဲထွက်လိုက်သည်။

ကီလိုမီတာတိုင်းတွင် မီးပြတိုက်များ ရုတ်တရက် ပွင့်အာလာပြီး အပြာရောင် မီးလျှံများကို ကောင်းကင်ယံသို့ မှုတ်ထုတ်လိုက်ကြသည်။ ထိုအပြာရောင် မီးလျှံများသည် နေရာအနှံ့ လောင်ကျွမ်းသွားပြီးနောက် စီးဆင်းနေသော ချပ်ဝတ်တန်ဆာများအဖြစ် ပြောင်းလဲကာ လူသားစစ်သည်တော် သိန်းပေါင်းများစွာ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။

နောက်တစ်ခဏတွင် မိုင်ပေါင်းသောင်းချီ ရှည်လျားသော မဟာတံတိုင်းကြီးမှာ တိုက်ပွဲဝင်

ဟန်ဖြင့် တွန့်လိမ်ကာ လှုပ်ရှားလာသည်။ မြို့ရိုးများမှာ ပုံစံပြောင်းလဲသွားပြီး ရေတွက်၍မရနိုင်သော ရွှေရောင်နဂါးအကြေးခွံများ ဖြစ်လာကာ ဧရာမ လက်သည်းများ နဂါးဦးခေါင်းတို့အဖြစ် ကူးပြောင်းသွားတော့သည်။

၎င်းသည် ကောင်းကင်ယံတွင် ရစ်ခွေပျံသန်းရင်း အထက်မှ စီးဆင်းလာသော ပုံဆောင်ခဲသားရဲအုပ်ကြီးကို ရင်ဆိုင်လိုက်တော့သည်။

နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲ တစ်ရာကျော်မှာ အောက်သို့ ထိုးဆင်းလာကြသည်။ ၎င်းတို့၏ နောက်ကွယ်ရှိ နီပုပ်ရောင် တိမ်တိုက်များကြားမှ မီတာတစ်သောင်းကျော် ရှည်လျားပြီး အတောင်ပံ ရှစ်ခုပါသည့် အနက်ရောင် ရေဘဝဲသတ္တဝါကြီးက ခေါင်းပြူထွက်လာကာ ၎င်း၏ ပါးစပ်အတွင်းရှိ အာရုံခံနှာမောင်းများကို ရူးသွပ်စွာ ခါယမ်းနေသည်။

အင်အားကြီးမားလှသော သတ္တဝါကြီးနှစ်ကောင် ထိပ်တိုက်တွေ့ဆုံကြပြီး မီတာတစ်သောင်းရှည်သော ရွှေရောင်နဂါးကြီးက အရင်စတင် တိုက်ခိုက်လိုက်သည်။ နဂါးမင်း၏ ထွက်သက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အတိုင်းအဆမရှိသော တိုက်ပွဲမြေပြင်ကို ချက်ချင်းပင် အရည်ပျော်ကျသွားစေသည်။

နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲ အကောင်ပေါင်းများစွာမှာ တစ်စက္ကန့်အတွင်းမှာပင် ဘာမှမရှိတော့အောင် ပျောက်ကွယ်သွားပြီး ထူးဆန်းသော မျက်လုံးအိမ်များသာ ကျန်ရစ်ခဲ့တော့သည်။

သို့သော်လည်း မကြာမီမှာပင် ၎င်းတို့သည် လှိုင်းထန်နေသော ထူးဆန်းသည့် ရေလွှမ်းမိုးမှုကြီးအတွင်းမှ ပြန်လည်ရှင်သန်လာကြပြီး ပြည့်စုံသော ခန္ဓာကိုယ်များကို ရရှိသွားကြသည်...

ဤထူးဆန်းသော ရှင်ပြန်ထမြောက်ခြင်း မြင်ကွင်းသည် ကြည့်ရှုသူ၏ ဦးရေပြားကိုပင် စိမ့်တက်သွားစေသည်။

သို့သော်လည်း လူသားစစ်သည်တော်များသည် တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ထိုးစစ်ဆင်နွှဲကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင်မီးလျှံများသည် ပြင်းထန်စွာ တောက်လောင်လာပြီး သေးငယ်သော လူသားပုံသဏ္ဌာန် မီးလျှံပေါင်း သိန်းနှင့်ချီအဖြစ် ပြောင်းလဲကာ ကျိုင်းကောင်အုပ်ကြီးနှင့်တူသော ပုံဆောင်ခဲသားရဲအုပ်ကြီးအတွင်းသို့ ပြင်းထန်စွာ တိုးဝင်၍ တိုက်ခိုက်ကြတော့သည်။

စစ်သူကြီးများသည် နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲများနှင့် အားချင်းယှဉ်ကာ လုံးထွေးသတ်ပုတ်နေကြပြီး စစ်သည်တော်များမှာမူ သားရဲအုပ်ကြီးများကြားတွင် သွေးချောင်းစီးကာ တိုက်ပွဲဝင်နေကြသည်။

နီရဲနေသော ကောင်းကင်ယံအောက်တွင် ရွှေရောင်နဂါးကြီးသည် ၎င်း၏လက်သည်းများကို ဝှေ့ယမ်းကာ အမြီးဖြင့် ရိုက်ခတ်ပြီး နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲများကို တစ်ကောင်ပြီးတစ်ကောင် ရိုက်ချေဖျက်ဆီးနေသဖြင့် ကောင်းကင်တစ်ခုလုံးတွင် သွေးများ ပန်းထွက်နေ၏။

၎င်းသည် စစ်မြေပြင်ကို ဖြတ်ကျော်ကာ နတ်ဘုရားအဆင့် သားရဲများ၏ နောက်ကွယ်ရှိ အမြင့်မြတ်ဆုံး နတ်ဘုရားဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေသည်။

ရွှီရန်သည် အစွမ်းကုန် အာရုံစိုက်ကာ စိုက်ကြည့်နေမိသည်။ မြင်ကွင်းတိုင်းကို သေသေချာချာ အကဲခတ်ရင်း ထိုအထဲတွင် ပါဝင်နေသော အချက်အလက်များကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေ၏။

သို့သော်လည်း အစအဆုံးမရှိ နောက်ခံအကြောင်းအရာ မသိရသည့်အပြင် မြင်ကွင်းများတွင် အသံပင် မပါဝင်သောကြောင့် ဤစစ်ပွဲသည် မည်သည့်အချိန် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ကို ပြောရန် မဖြစ်နိုင်ပေ။ တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်း အာမခံချက်မပေးနိုင်ပေ

ဖြစ်နိုင်သည်မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဂြိုဟ်သားတိုက်ပွဲမြေပြင်တစ်ခု ဖြစ်နေနိုင်သည်။

မြင်ကွင်းများတွင် အသံမပါသော်လည်း တိုက်ပွဲဝင်ကြွေးကြော်သံများနှင့် လက်နက်ချင်း ထိခိုက်သံများကိုမူ စိတ်အာရုံထဲတွင် တိတ်ဆိတ်စွာ ခံစားနေရသည်။ ၎င်းသည် လူတစ်ယောက်၏ သွေးများကို ဆူပွက်လာစေရန် လှုံ့ဆော်နေသကဲ့သို့ပင်။

စစ်ပွဲသည် အရှိန်အဟုန်ဖြင့် ပြင်းထန်လာပြီး ရုပ်ရှင်ကို အမြန်နှုန်းဖြင့် ပြသနေသကဲ့သို့ပင် အသေးစိတ် အချက်အလက်များစွာမှာ လျင်မြန်စွာ ကျော်လွန်သွားခဲ့သည်။ နောက်ဆုံးတွင်မူ... နီရဲနေသော ကောင်းကင်ယံသည် ပြန်လည်ပြာလွင်လာပြီး လူသားစစ်သည်တော်များသည် ဂြိုဟ်သားတိုက်ပွဲမြေပြင်၏ အထက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နေကြတော့သည်။

အတောင်ပံရှစ်ခုပါသော ရေဘဝဲသတ္တဝါကြီးမှာ နောက်ကွယ်၌ ထူးဆန်းသော မျက်လုံးအိမ် ရာပေါင်းများစွာကို ချန်ရစ်ကာ ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် မြင်ကွင်းများမှာ ပျောက်ကွယ်သွား၏။

သို့သော် ထိုမြင်ကွင်းများ ပျောက်ကွယ်သွားသည့် တစ်ခဏမှာပင် ဟိန်းထွက်နေသော တိုက်ပွဲဝင်ကြွေးကြော်သံတစ်ခု ရွှီရန်၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

"လေပြင်း"

"လေပြင်း"

ရွှီရန်၏ အသိစိတ်မှာ ထိုမြင်ကွင်းများထဲမှ ပြန်လည်နိုးထလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည်လည်း ဒီရေအလား ပြန်လည်ဆုတ်ခွာသွားတော့သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်ခမ်းနားလှသော ရုပ်ရှင်တစ်ကားကို ကြည့်ပြီးခါစ လူတစ်ယောက်ကဲ့သို့ ကြောင်တောင်တောင်နှင့် ဝေဝေဝါးဝါး ဖြစ်နေ၏။

သူသည် ထိုရှေးဟောင်း နက်နဲကျောက်အုတ်ကို စူးစိုက်ကြည့်နေရင်း မျက်ဝန်းများ တောက်ပလာသည်။

"ဟင် ငါ တကယ်ပဲ အဲဒီမြင်ကွင်းတွေကို မြင်လိုက်ရတာလား"

"မီတာသောင်းချီရှည်တဲ့ မဟာတံတိုင်းကြီးလိုမျိုး ခံစစ်ခံတပ်ကြီးက နတ်ဘုရားလက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပုံဆောင်ခဲသားရဲတွေကို တိုက်ခိုက်နေတာပဲ"

ရွှီရန်က စဉ်းစားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒါ ဘယ်လိုစွမ်းရည်မျိုး ဖြစ်မလဲ။ လူသားစစ်သည်တွေရဲ့ ချပ်ဝတ်တန်ဆာတွေက ရှေးကျနေတာပဲ။ ဖြစ်နိုင်တာက နည်းပညာ မထွန်းကားသေးခင်က အခြားကြယ်စုတစ်ခုခုက စွမ်းရည်တစ်ခု ဖြစ်နိုင်တယ်။ သူတို့ ကြွေးကြော်လိုက်တဲ့ စကားကလည်း ဆောင်ပုဒ်တစ်ခုနဲ့ တူနေတယ်"

"တရုတ်စကားက တာဖုန်းဆိုတဲ့ အသံနဲ့တော့ နည်းနည်းဆင်တယ် ဒါပေမဲ့ အဲဒါက တကယ်ပဲ တရုတ်စကားလား ဆိုတာကတော့ အသေအချာ မပြောနိုင်သေးဘူး"

သူသည် သတိကြီးစွာဖြင့် ကောက်ချက်ကို အလောတကြီး မချသေးပေ။

ထိုသို့ စဉ်းစားနေစဉ်မှာပင် သူ့ဘေးနား၌ လင်းရှိုးနှင့် ဦးလေးယဲ့ဖျင်တို့မှာ သူတို့၏ ပြင်းပြသော သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ "ဘာဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ"

"မင်း ဒဏ်ရာရသွားတာလား"

ရွှီရန်က မျက်တောင်ပင့်ကြည့်လိုက်ပြီး "ကျွန်တော် ရှေးဟောင်းတိုက်ပွဲမြေပြင်တစ်ခုရဲ့ ဗီဒီယိုကို မြင်လိုက်ရတယ်..."

သူသည် စောစောက မြင်ကွင်းများကို အသေးစိတ် ရှင်းပြလိုက်ရာ လင်းရှိုးနှင့် ယဲ့ဖျင်တို့မှာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့ပြီး မျက်နှာများမှာလည်း အလေးအနက်ဖြစ်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။

"မီတာသောင်းချီရှည်တဲ့ နတ်ဘုရားနဂါးကြီးအဖြစ် ပြောင်းလဲနိုင်တဲ့ ခံစစ်ခံတပ်ကြီး ဟုတ်လား"

"နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲ ရာနဲ့ချီကို သတ်ပစ်နိုင်တဲ့ ရွှေရောင်မဟာတံတိုင်းကြီးလား"

"အဲဒီ နတ်ဘုရားအဆင့် သားရဲတွေက ချက်ချင်းပြန်ရှင်လာတာလား"

"ရှေးဟောင်း... လေပြင်း... တဲ့လား"

လင်းရှိုးသည် ပို၍ပင် မျှော်လင့်ချက်မဲ့စေသော အချက်တစ်ခုကို တွေ့ရှိသွားသည်။

"ဒါ ဘယ်လိုစွမ်းရည်မျိုးလဲ ငါတို့ထက် အဆပေါင်းသန်းချီ သန်မာနေပုံရပေမဲ့ အဲဒီလိုမျိုးတောင်မှ... အဲဒီ ထူးဆန်းတဲ့ မျက်လုံးအိမ်တွေကို သူတို့ မဖျက်ဆီးနိုင်ခဲ့ဘူးလား ဒါဆိုရင် ဟွာရှအတွက် အောင်ပွဲခံဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ဆိုလိုတာလား"

လင်းရှိုးက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

ယဲ့ဖျင်က ရွှီရန်ကို တစ်ချက်ကြည့်လိုက်သည်။ သူကတော့ စိတ်မပျက်သွားပေ။ ဘာကြောင့်လဲဆိုတော့ ရွှီရန်တွင် ထိုထူးဆန်းသော မျက်လုံးအိမ်များကို ဖျက်ဆီးပစ်နိုင်သည့် နည်းလမ်း အမှန်တကယ် ရှိနေသောကြောင့်ပင်။

ထို့ကြောင့် ရွှီရန်ကိုသာ သေသေချာချာ ကာကွယ်ပေးထားပြီး သူ့ကို ယွဲ့နယ်ပယ်ရဲ့ အထွတ်အထိပ်အထိ ကြီးထွားလာအောင် ခွင့်ပြုပေးနိုင်မယ်ဆိုရင် ဖြစ်နိုင်တာက သူက လူသားမျိုးနွယ်ကို ဦးဆောင်ပြီး အခြားကြယ်စုကို ပြန်လည်ကျူးကျော်နိုင်လိမ့်မယ် အဲဒီက သတ္တဝါတွေကိုလည်း အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်လိမ့်မယ်

ယဲ့ဖျင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း "သိပ်ပြီး အဆိုးမမြင်ပါနဲ့ ငါတို့ ထွက်ပေါက်တစ်ခုခု ရှာတွေ့မှာပါ"

လင်းရှိုး၏ ရင်ထဲတွင် တစ်ခုခု တစ်ဆို့သွားသလို ခံစားလိုက်ရပြီး စကားပြောချင်သော်လည်း စကားလုံးများမှာ ထွက်မလာတော့ပေ။ သူသည် သက်ပြင်းနှစ်ချက်မျှသာ ချနိုင်တော့ပြီး မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ ရွှီရန်ပြောသမျှကို တစ်လုံးမကျန် လိုက်လံမှတ်တမ်းတင်နေတော့သည်။

ထွက်ပေါက်က ဘယ်မှာလဲဆိုတာ သူ မသိပါပေ။

ဒါပေမဲ့ အခုအချိန်မှာတော့ အချက်အလက်အားလုံးကို ဂရုတစိုက် မှတ်တမ်းတင်ထားပြီး အနာဂတ်မျိုးဆက်တွေအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ချန်ထားရစ်ဖို့ပဲ။

သူလုပ်နေတာတွေက အသေးအမွှားလေးဆိုတာ သူသိသည်။

မီးပွားလေးတစ်ခုကနေ တောမီးကြီး ဖြစ်လာနိုင်ရင်ကော…

ဒီသေးငယ်တဲ့ မှတ်တမ်းလေးတွေက နောက်ထပ် ဆယ်စုနှစ်တွေ ရာစုနှစ်တွေအကြာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တာပဲ မဟုတ်လား။

မှတ်တမ်းတင်ပြီးသွားသည့် အခါ လင်းရှိုး၏ အကြည့်များမှာ အနည်းငယ် ပို၍ ပြတ်သားတည်ကြည်သွားတော့သည်။

All Chapters