အခန်း (၂၁၉)
Vol. 22 Ch. 219
"ကျွန်တော့် တစ်ခုမေးပါရစေ... မင်း ခုနကပဲ တစ်စုံတစ်ရာသော အံ့ဖွယ်စွမ်းအားတွေ ရလိုက်တာလား ဥပမာ ဟောဒီ ရွှေရောင်မဟာတံတိုင်းကြီးကို ရှာဖွေပြီး ပြန်ယူလာပေးနိုင်မယ့် ထူးခြားတဲ့ အဆောင်လက်ဖွဲ့မျိုးပေါ့..."
"ငါတို့ ဟွာရှမှာသာ အဲဒီလို ရွှေရောင်မဟာတံတိုင်းကြီး ရှိမယ်ဆိုရင် တိုက်ပွဲရလဒ်တွေကို အများကြီး ပြောင်းလဲပစ်နိုင်မှာ လုံခြုံရေးဇုန်တွေရဲ့ တည်ငြိမ်မှုကိုတောင် ပိုပြီး ခိုင်မာလာစေမှာ မဟုတ်လား"
လင်းရှိုး၏ မျက်ဝန်းများမှာ မျှော်လင့်ချက်အလင်းတန်းများဖြင့် တောက်ပနေသည်။
ယဲ့ဖျင်: "..."
ရင်းနှီးနေလိုက်တာ။ တကယ့်ကို ရင်းနှီးနေတဲ့ မြင်ကွင်းပဲ။ ဒါက ဆုတောင်း နေတာနဲ့ ဘာကွာလို့လဲ။
ငါ့ ရှေ့ရောက်လာတဲ့သူတိုင်းက မသိစိတ်ကနေ ဆုတောင်းနေကြတာလား။ ဒါကတော့ တကယ့်ကို ရယ်စရာကောင်းတာပဲ။
ရွှီရန်က ပုခုံးတွန့်ပြလိုက်ရင်း "ကျွန်တော့်အပေါ် လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မထားပါနဲ့ခင်ဗျာ။ ကျွန်တော် ဘာထူးဆန်းတဲ့ စွမ်းရည်မှ မရရှိခဲ့ပါဘူး အခုလို မြင်ကွင်းမျိုးကို မြင်လိုက်ရတာ သက်သက်ပါပဲ"
"ထူးဆန်းတဲ့ အဆောင်လက်ဖွဲ့လည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အတည်ပြုနိုင်တာကတော့ ဒီ ရှေးဟောင်း နက်နဲကျောက်အုတ်ဟာ ရွှေရောင်မဟာတံတိုင်းကြီးရဲ့ သန်းပေါင်းများစွာသော အစိတ်အပိုင်းလေးတစ်ခုပဲ ရှိပါသေးတယ်။ သူက အခုလို အပိုင်းအစလေး ဖြစ်သွားပြီဆိုကတည်းက အဲဒီစွမ်းရည်ကလည်း ပျက်သုဉ်းသွားလောက်ပါပြီ..."
"ဒါကြောင့် ပြည့်စုံတဲ့ ရွှေရောင်မဟာတံတိုင်းကြီးကို ရှာဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ"
"ရှာတွေ့ခဲ့ရင်တောင် ကျွန်တော်တို့ လူသားမျိုးနွယ်က ဒါကို သုံးနိုင်ချင်မှ သုံးနိုင်မှာပါ"
"အဲဒါထက် တခြား နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့တွေက ဒီလို ကျောက်အုတ်အပိုင်းအစတွေကို ရှာတွေ့ပြီး ညစ်ညမ်းမှုတွေကို ဖိနှိပ်ဖို့အတွက် ပြန်ယူလာနိုင်ကြပါစေလို့ပဲ မျှော်လင့်ရမှာပါ"
ရွှီရန်က အသာအယာ ပြုံးလိုက်သည်။
ရှေးဟောင်း နက်နဲကျောက်အုတ်နှင့် ပတ်သက်၍ ရွှီရန်အနေဖြင့် လက်တွေ့ကျကျ ရရှိခဲ့သော အကျိုးကျေးဇူးမှာ မရှိသလောက်ပင်။ ၎င်းပေါ်ရှိ ဆန်းကြယ်လှသော စွမ်းအားများကိုလည်း ရွှီရန် ယခုထက်တိုင် နားမလည်နိုင်သေးပေ။ အကယ်၍သာ ဤအရာကို သေသေချာချာ သုတေသနပြုနိုင်ပါက သူ၏ ခွန်အားမှာ မပျက်စီးနိုင်သော အဆင့်အထိ မြင့်တက်သွားနိုင်သည်ဟု ခံစားမိသော်လည်း ဤသည်မှာ ယွဲ့နယ်ပယ်ကို ကျော်ဖြတ်ပြီးမှသာ စဉ်းစားရမည့် ကိစ္စရပ်ပင်။
ယခုအချိန်တွင် သူ့အတွက် အကျိုးအရှိဆုံး ဖြစ်စေမည့်အရာမှာ အစောကတည်းက စိတ်ဝင်စားခဲ့သော အလင်းလိပ်ခွံပင်။
မီတာသောင်းချီ၍ ရှည်လျားကာ ဖမ်းဆုပ်၍မရသော ရွှေရောင်မဟာတံတိုင်းကြီးများ၊ ကိုင်တွယ်၍မရနိုင်သော မပျက်စီးနိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်များနှင့် နှိုင်းယှဉ်ပါက... သူနှင့် ရင်းနှီးပြီးသားဖြစ်သော နတ်ဘုရားစွမ်းရည်များကို အသက်သွင်းပေးနိုင်မည့် အဆောင်လက်ဖွဲ့ကသာ ရွှီရန်အတွက် အကောင်းဆုံး ဖြစ်နေခြင်းပင်။
ထို့ကြောင့် ရွှီရန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး “ကောင်းပါပြီ။ လောလောဆယ်တော့ ကျွန်တော်နဲ့ ဒါနဲ့က ကံမပါသေးဘူး ထင်ပါတယ်။ အလင်းလိပ်ခွံနဲ့ ကျောက်စိမ်းစင် မိုးမခသားကိုပဲ သွားကြည့်ရအောင်” ဟု ဆိုလိုက်သည်။
ရွှီရန်က ရှေးဟောင်း နက်နဲကျောက်အုတ်ကိုသာ ရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော လင်းရှိုးမှာမူ ဤရွေးချယ်မှုကြောင့် အံ့ဩသွားရသည်။
"ဒါကို မယူဘူးလား..."
လင်းရှိုးသည် ရွှီရန်ကို တစ်ချက်ကြည့်လိုက် ရှေးဟောင်း နက်နဲကျောက်အုတ်ကို တစ်ချက်ကြည့်လိုက်ဖြင့် အနည်းငယ် ရှုပ်ထွေးနေသော မျက်နှာအမူအရာ ဖြစ်နေသည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ ဒီဘက်ကတော့ ကျောက်စိမ်းစင် မိုးမခသားပါ"
ရွှီရန်သည် ရင်းနှီးကျွမ်းဝင်စွာပင် လျှောက်သွားပြီး မိုးမခသားကို ပုတ်ကြည့်လိုက်သော်လည်း ထူးခြားသော ခံစားမှုမျိုး မရရှိခဲ့ပေ။ စိတ်ထဲက ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရုံသာ ပြုံးပြီး အလေးအနက် မထားတော့ပေ။ သူသည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းသာ စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။ ကြင်ယာတော် ရွေးချယ်ရာတွင်လည်း အကုန်လုံးကို တစ်လှည့်စီ ထိတွေ့ကြည့်ရသည်။
ရွှီရန်၏ စိတ်နေစိတ်ထားမှာလည်း ထိုအတိုင်းပင်။
ထို့ကြောင့် မိုးမခသားကို ပုတ်ကြည့်ပြီးနောက် ခေါင်းညိတ်ပြကာ အလင်းလိပ်ခွံပြခန်းသို့ ရောက်ရှိလာခဲ့သည်။
"ငါ့ရဲ့ နောက်ဆုံးပန်းတိုင်ကတော့ မင်းပါပဲ။ ငါ မင်းပေါ်က အဆောင်စာသားတွေကို အခုချက်ချင်း နားမလည်နိုင်သေးရင်တောင် မင်းကို အိမ်ခေါ်သွားပြီး နေ့ရောညပါ သေသေချာချာ လေ့လာရမှာပေါ့..."
သူ ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ရွှီရန်သည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် တောက်ပစွာ လင်းလက်နေသော လိပ်ခွံဆီသို့ လျှောက်သွားသည်။ လိပ်ခွံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကြောင့် ရွှီရန်၏ မျက်ဝန်းများမှာလည်း ရွှေရောင်များ တဖျတ်ဖျတ် တောက်ပနေ၏။
ရွှီရန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အလင်းလိပ်ခွံဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။ လွန်ခဲ့သော ရက်ပေါင်းနှစ်ရာက ပထမဆုံးအကြိမ် တွေ့ဆုံမှုနှင့် ယခုတစ်ခေါက်မှာ အနည်းငယ် ကွဲပြားနေသည်။ သူသည် တစ်စုံတစ်ရာသော လျှို့ဝှက်ဆန်းကြယ်သည့် ခေါ်ယူမှုကို ကြားနေရသကဲ့သို့ပင်...
သူ၏ နှလုံးခုန်သံမှာ မြန်လာပြီး လိပ်ခွံပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများသည် ပိုမိုဆွဲဆောင်မှုရှိလာကာ ရွှီရန်၏ အာရုံစိုက်မှု အားလုံးကို ဖမ်းစားထားတော့သည်။
"တုံ့ပြန်မှု တစ်ခုခု ရှိလာတော့မှာလား"
ရွှီရန်သည် အာရုံစူးစိုက်လိုက်ပြီး သူ၏လက်ကို ဆန့်ထုတ်ကာ အလင်းလိပ်ခွံပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများကို အသာအယာ ထိတွေ့လိုက်သည်။ လိပ်ခွံကို ထိလိုက်
သည်နှင့် ထူးခြားသော အံ့ဩစရာတစ်ခုခု ဖြစ်လာတော့မည်ဟု သူ ကြိုတင်ခံစားလိုက်ရသည်။
သူ၏ လက်ဖဝါးသည် အလင်းလိပ်ခွံနှင့် ထိတွေ့လိုက်သည်နှင့် ထူးခြားသော ဖြစ်ရပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
လိပ်ခွံပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများသည် ရုတ်တရက် စူးရှထက်မြက်လာပြီး ရွှီရန်၏ လက်ဖဝါးကို ရှမိသွားတော့သည်။ အန္တရာယ်ရှိနိုင်မည်ဟု သူ လုံးဝ မထင်မှတ်ထားသောကြောင့် ရွှီရန်၏ လက်ဖဝါးမှာ ထိုလိပ်ခွံပေါ်ရှိနေပြီး သွေးများ စီးကျလာကာ လိပ်ခွံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုသွေးစက်များသည် ဆန်းကြယ်သော စာလုံးများကို စွန်းထင်သွားစေ၏။
ထိုအခါဆန်းကြယ်သော စာလုံးများသည် လှည့်ပတ်လာပြီး မျဉ်းကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ပေါင်းစပ်ကာ ပုံစံပြောင်းလဲကာ တစ်စုံတစ်ရာကို ရေးသားနေသကဲ့သို့ပင် ပြန်လည် စီစဉ်နေကြတော့သည်။
ရွှီရန်၏ အကြည့်များသည် အချိန်ကုန်ဆုံးသွားသည်ကိုပင် သတိမပြုမိဘဲ အလင်းလိပ်ခွံပေါ်သို့သာ အစွမ်းကုန် အာရုံစိုက်ထားမိသည်။
သူ့နှုတ်ခမ်းများမှာလည်း မထိန်းနိုင်အောင်ပင် တွန့်ကွေးသွားပြီး ဝမ်းသာအားရ အော်ဟစ်
ရယ်မောပစ်ချင်စိတ်များ ပေါက်လာသည်။ သို့သော်လည်း ယခုအချိန်မှာ ရယ်မောနေရမည့်
အချိန် မဟုတ်ပေ။ လိပ်ခွံပေါ်တွင် ပြောင်းလဲနေသော ပုံစံများကို အမြန်ဆုံး မှတ်သားထားရမည် ဖြစ်သည်။
မကြာမီမှာပင် အလင်းလိပ်ခွံပေါ်ရှိ ဆန်းကြယ်သော ပြောင်းလဲမှုများမှာ ပျောက်ကွယ်သွားတော့သည်။ ရွှီရန်မှာ မူးဝေနောက်ကျိသွားသဖြင့် သူ၏ နားထင်ကို ခပ်ဖွဖွ ပွတ်လိုက်ရ၏။
"ငါ သဘောပေါက်သွားပြီ ငါ နားလည်သွားပြီ"
ရွှီရန်၏ ရင်ထဲတွင် တရားထူးရလိုက်သည့်အလား ပျော်ရွှင်မှုများ အတိုင်းအဆမရှိ ပေါက်ကွဲထွက်လာသည်။ အဆောင်လက်ဖွဲ့ အခြေခံအသစ်ပေါင်း ၁၀ ခုကျော်မှာ သူ့စိတ်ထဲတွင် ကွင်းကွင်းကွက်ကွက် ပေါ်လာခဲ့သည်။ ထိုအထဲတွင် ညစ်ညမ်းမှု သန့်စင်ခြင်း အဆောင်နှင့် ဝိညာဉ်ဆင့်ခေါ် အဆောင်တို့ပင် ပါဝင်နေသည်။
ရွှီရန်သည် အလွန်အမင်း ဝမ်းသာသွားပြီး လိပ်ခွံကို ခပ်ဖွဖွ ပုတ်လိုက်သည်။ ထိုအခါ လိပ်ခွံသည် ရုတ်တရက် ရွှေရောင်အလင်းတန်းများအဖြစ် အရည်ပျော်သွားပြီး ရွှီရန်၏ လက်ဖဝါးအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
"ကောင်းလိုက်တာ ဒါဆို သယ်ရတာ ပိုလွယ်သွားပြီ... တစ်မီတာလောက်ရှိတဲ့ လိပ်ခွံကြီးကို နေရာတကာ ထမ်းပိုးသယ်မနေရတော့ဘူးပေါ့"
လိပ်ခွံကြီး တစ်ကားကားနဲ့ လျှောက်သွားနေရမယ့် မြင်ကွင်းကို စဉ်းစားကြည့်ရုံနဲ့တင် တစ်သက်လုံး တည်ဆောက်ခဲ့သမျှ သိက္ခာတွေ အဖတ်ဆယ်မရအောင် ပြုတ်ကျသွားနိုင်တယ်။ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားနိုင်ခြင်းမှာ တကယ့်ကို အဆင်ပြေလွန်းလှသည်။
"ဒါပေမဲ့ တခြား လျှို့ဝှက်တဲ့ လုပ်ဆောင်ချက်တွေလည်း ရှိနေသေးပုံပဲ"
ရွှီရန်မှာ အံ့အားသင့်သွားပြီး သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
ဤသည်မှာ အလင်းနတ်ဘုရားလိပ်၏ အခွံပေါ်တွင် ကျန်ရစ်ခဲ့သည့် ကောင်းကင်ဘုံပေး နတ်
ဘုရားအတတ်များပင်။ တစ်ချိန်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော နတ်ဘုရားလိပ်ကြီးသည် သေဆုံးသွားခဲ့သော်လည်း ၎င်း၏ အခွံပေါ်ရှိ အစွမ်းထက်သော နတ်ဘုရားအတတ်များမှာမူ ယနေ့တိုင် တောက်ပနေဆဲပင်။
ရွှီရန်မှာ ထိုအစွမ်းများကို မြင်တွေ့ရသဖြင့် မှင်တက်သွားရသည်။ ဤသည်မှာ အစွမ်းထက်ရုံသာမက ကြောက်စရာပင် ကောင်းလှသည်။ စုဆောင်းထားသော ဖျက်ဆီးအား၏ အကန့်အသတ်မှာ အမြင့်မြတ်ဆုံး နတ်ဘုရား ကိုပင် သတ်ဖြတ်နိုင်သည်ဟူသော အဓိပ္ပာယ်မှာ ရွှီရန်အနေဖြင့် အဆောင်များကို အဆက်မပြတ် ဖြည့်တင်းပေးနိုင်ပါက သူ့ထက် အဆပေါင်းများစွာ သာလွန်သည့် ရန်သူကိုပင် တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်မည့် စူပါလူသတ်
ကွက်ကို ပိုင်ဆိုင်သွားခြင်းပင်။
သူ၏ လက်ရှိ သွေးစွမ်းအင်မှာ ခြောက်သောင်းငါးထောင်သာ ရှိသော်လည်း အမြင့်မြတ်ဆုံး နတ်ဘုရားကိုပင် ချေမှုန်းနိုင်မည့် အခွင့်အရေးရှိနေခြင်းမှာ တကယ့်ကို ကောင်းကင်ဘုံကို စိန်ခေါ်နေသည့် အစွမ်းပင်။ သို့သော် ဤအတတ်၏ အားနည်းချက်မှာ ရွှီရန်အနေဖြင့် အလွန်
ပင် ပင်ပန်းကြီးစွာ ကြိုးစားရမည်ပင်။ လက်ရှိအဆင့်ဖြင့် သွေးစွမ်းအင် သန်းချီရှိသော ရန်သူကို သတ်ရန် အဆောင်ပေါင်း တစ်သိန်းခန့် ကျွေးရမည်ဖြစ်ရာ အမြင့်မြတ်ဆုံး နတ်ဘုရားအတွက်ဆိုလျှင် မည်မျှအထိ ကြိုးစားရမည်ကို ခန့်မှန်းကြည့်နိုင်သည်။
သို့သော် ရွှီရန်အတွက်မူ ကြိုးစားမှုဖြင့် အစားထိုး၍ရသော အားနည်းချက်မှာ အားနည်းချက် မဟုတ်ပေ။ သူက “ကောင်းတယ် တကယ့်ကို ကောင်းတယ်” ဟု ကျေနပ်စွာ ရေရွတ်လိုက်သည်။
နေအိမ်သို့ ပြန်ရောက်လျှင် အားသွန်ခွန်စိုက် အလုပ်လုပ်ရတော့မည်ပင်။ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်မည့် အသက်ကယ်စွမ်းရည်အတွက် သူ့မှာ မစောင့်နိုင်တော့ပေ။ ရွှီရန်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်မိသည်။ သူသည် မွေးဖွားလာသည့် နေ့မှစ၍ ကိုယ်ကိုကိုယ် တင်းကျပ်သော စည်းကမ်းများဖြင့် လေ့ကျင့်လာခဲ့သူပင်။
ရွှီရန်က “ဪ... ကျွန်တော် ခုနကတင် ညစ်ညမ်းမှု သန့်စင်ခြင်း အဆောင်ကို နားလည်သွားပြီ။ ဒါကို ရတနာတိုက် တစ်ခုလုံးမှာ အသုံးပြုလိုက်မယ်ဆိုရင် ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ်” ဟု ပြောလိုက်ရာ လင်းရှိုးမှာ ဆွံ့အသွားရသည်။
လင်းရှိုးက “မင်း... အခုတင် နားလည်သွားတာလား။ ဒါက မြန်လွန်းမနေဘူးလား။ မဟုတ်
ဘူး... ခင်ဗျားက ဒါကို တန်းယုံလိုက်တာလား နည်းနည်းလေးတောင် မသံသယဖြစ်ဘူးလား” ဟု ဦးလေးရဲဖျင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
ဆက်လက်၍ လင်းရှိုးက ရွှီရန်ဘက်သို့ လှည့်ကာ သ “ရွှီရန် ဖြစ်နေလို့သာပေါ့... ဒါပေမဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ မယုံနိုင်ဘူး... ညစ်ညမ်းမှုကို တကယ် သန့်စင်ပေးနိုင်မှာလား မင်း သေချာရဲ့လား။ လုံခြုံရေးဇုန်ထဲက ညစ်ညမ်းမှုဆိုတာ အဲဒီလို လွယ်လွယ်နဲ့ သန့်စင်လို့ရတာ မဟုတ်ဘူး။ အကယ်၍ မင်းက ညစ်ညမ်းမှု ဖိနှိပ်ခြင်း အဆောင်လို့ ပြောရင်တော့ ငါ ယုံချင်ယုံမယ်။ ဒါပေမဲ့ သန့်စင်ခြင်းတဲ့လား။ တစ်ခုခု မှားနေတာ မဟုတ်ဘူးလား” လင်းရှိုးက သူ၏ သံသယများကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလိုက်သည်။