← Chapters

အခန်း (၃၅-၃၆)

Vol. 3 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 3 Ch. 35-36

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-35

အခန်း ၃၅ ။ အရင် လက်ဦးတိုင်ကြားခြင်း

"ပေါင်လင်..." ကျန်းပေါင်လင်ကို ထူထားသော အစေခံမလေး ရွှမ်းထောင်သည် ညည်သာစွာ ခေါ်လိုက်လေသည်။

"ပြန်ကြစို့။" ကျန်းပေါင်လင်၏မျက်နှာသည် တင်းမာနေခဲ့၏။

ရွှမ်းထောင်သည် စကားများများ မပြောရဲဘဲ အလျင်အမြန်ပင် ကျန်းပေါင်လင်၏ ခြေလှမ်းများနောက်သို့ လိုက်ပါသွားလေသည်။

......

ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို နံရံထောင့်တွင် ပုန်းခိုနေသော မိန်းမစိုးငယ်တစ်ဦးက အစအဆုံး မြင်တွေ့သွားပြီး လှည့်ထွက်ကာ ဖန်းချိုက်ရန်၏နေရာသို့ သွားလေသည်။

ယောင်ရှန်းသည် သတင်းပြန်ကြားချက်ကို နားထောင်ပြီးနောက် မည်သည့် အမူအရာမျှ မပြဘဲ ဆုလာဘ်ပေးပြီးနောက် ဆုတ်ခွာသွားစေသည်။

သူမ၏လက်ထဲတွင် ကျောက်စိမ်းပုစဉ်းကောင်လေး တစ်ကောင်ကို ကစားလျက် ယောင်ရှန်း သည် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ကာ အတွေးနယ်ချဲ့နေခဲ့၏။

ယခင်ဘဝတွင် ဤ မိသားစုနောက်ခံ သာမန်မျှသာဖြစ်ပြီး မယားငယ်မှ မွေးဖွားလာသော ကျန်းပေါင်လင်သည် သာမန်လူတစ်ယောက် မဟုတ်ခဲ့ဘဲ မောင်းမဆောင်ထဲတွင် အနည်းဆုံး တော်ဝင်မျိုးဆက် နှစ်ဦး၏ အသက်မှာ သူမ၏လက်ထဲတွင် ပျောက်ဆုံးခဲ့ရလေသည်။

ကျန်းပေါင်လင်သည် အလွန်ဇွဲရှိပြီး ပုန်းကွယ်နေတတ်ကာ တတိယမင်းသားကို မွေးဖွားခဲ့သည်။ အကယ်၍ နောက်ပိုင်းတွင် ယောင်ရှန်းက အားစိုက် ကြံစည်ခဲ့ခြင်း မရှိခဲ့ပါလျှင် ဤတစ်ယောက်သည် နောက်ထပ်အမှုအခင်းများစွာကိုပင် ပြုလုပ်နိုင်ဦးမည် ဖြစ်၏။

ဤဘဝတွင် ယဲ့ယွင်သည် ခြွင်းချက်တစ်ရပ် ဖြစ်သော်လည်း ယနေ့ ကျန်းပေါင်လင်၏ မကျေနပ်မှုကို ခံလိုက်ရပြီးနောက် နောင်တွင် ကြံစည်ခံရခြင်းမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

ကျန်းပေါင်လင် ဝင်ရောက်လှုပ်ရှားပါက သူမ (ယောင်ရှန်း) သည် တိတ်တဆိတ် ကူညီပံ့ပိုးပေးရုံမျှသာ လိုအပ်ပြီး မိမိကိုယ်တိုင် ဝင်ရောက် လှုပ်ရှားရန် မလိုအပ်တော့ဘဲ အားအင်များစွာကိုလည်း ချွေတာနိုင်ပေသည်။

(T/N - ကြာပန်းဖြူဗီလိန်မနောက်တစ်ယောက်ပေါ့ )

.......

နာရီဝက်ခန့် ကြာပြီးနောက်၊ လူတိုင်းသည် ချီနင်နန်းဆောင်မှ ထွက်ခွာလာကြသော်လည်း ရှူးဖေးမှာမူ ကျန်ရစ်ခဲ့သည်။ သူမသည် ကလေးကို သွားကြည့်ခွင့်ပြုရန် မယ်တော်ကြီးထံ တောင်းပန်ခဲ့၏။

မယ်တော်ကြီးသည်လည်း သဘာဝအတိုင်း သူမကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။

မယ်တော်ကြီးသည် ယခုအခါ နင်ချန်၏ သဘောထားအတိုင်း အလုပ်လုပ်နေခြင်း ဖြစ်သည်။ နင်ချန်က သူမကို မင်းသမီးကြီးအား စောင့်ရှောက်ခိုင်းသည့်အတွက် သူမက စောင့်ရှောက်ထားလိုက်သည်။ ရှူးဖေးအား ကလေးကြည့်ခွင့် မပြုဟု မပြောခဲ့သဖြင့် သူမသည်လည်း မတားဆီးခဲ့ပေ။

အခြားတစ်ဖက်တွင်မူ၊ မိဖုရားခေါင်ကြီးသည် ဖုန်းရှီးနန်းဆောင်သို့ ပြန်ရောက်သောအခါ၊ စုအယ်ထံမှ ယဲ့ယွင်နှင့် ကျန်းပေါင်လင်တို့၏ ကိစ္စကို ကြားသိလိုက်ရသည်။

" ယဲ့ယွင်ရဲ့ အဲ့ဒီစိတ်ကြီးပုံကတော့ တကယ်ပဲ ဘယ်တော့မှ ထိန်းချုပ်မဲ့ပုံမပေါ်ဘူး။"

ဧကရာဇ်၏ အချစ်ဟောင်းရော အချစ်

သစ်ပါ ယဲ့ယွင်၏ဖြတ်ရိုက်ခြင်းကို ဦးဦးဖြားဖြား ခံခဲ့ရသောကြောင့်ဖြစ်သည်။

စုအယ်သည် သူမ၏ ပခုံးကို နှိပ်နယ်ပေးရင်း၊ "ယဲ့မိန်ရန်က ကြည့်ရတာ မောက်မာသလို ရှိပေမဲ့ တကယ်တမ်း စိတ်ထဲမှာ အစီအစဉ် ရှိတဲ့သူပါ။ ကျန်းပေါင်လင်က ခုမှ ခေါင်းထောင်ထလာတာနဲ့ သူ့ကို အသုံးချပြီး ဂုဏ်တက်ချင်တာကတော့ တွက်ကိန်း မှားသွားတာပဲ။"

"သူတို့ကို ကြိုက်သလောက် ရန်ဖြစ်ခိုင်းလိုက်ကြ၊ ခွေးချင်းကိုက်ကြတာ ကိုက်လို့သေသွားမှပဲ ရှင်းရှင်းလင်းလင်း ရှိသွားမှာ။" မိဖုရားခေါင်ကြီးသည် အေးစက်စွာ ပြုံးလိုက်သည်၊ "ဝမ်ဖေးနဲ့ ယဲ့မိန်ရန် က ဘယ်လိုဖြစ်နေကြတာလဲ။"

ဤသည်ကသာ သူမ စိတ်ဝင်စားသော အရာ ဖြစ်သည်။ မောင်းမဆောင်မှ အမျိုးသမီးများ သီးသန့် အုပ်စုများ ဖွဲ့နေခြင်းသည် အကောင်းဆုံး ဖြစ်ပြီး အဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပါက ဆန့်ကျင်ဘက်အနေဖြင့် ရင်ဆိုင်ရန် မလွယ်ကူတော့ပေ။

ဝမ်ဖေးတွင် မျက်နှာသာပေးမှု ရှိသော်လည်း မိသားစုနောက်ခံ မရှိပေ။ ယဲ့မိန်ရန်၏ မွေးဖွားမှုမှာမူ အလွန်ကောင်းမွန်ပြီး မျက်နှာသာ အနည်းငယ်လည်း ရရှိထားသည်။ ဤနှစ်ယောက်သာ အပြန်အလှန် ထောက်ပံ့ကူညီသွားပါက ဖြေရှင်းရန် သိပ်မလွယ်ကူနိုင်ပေ။

စုအယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူမ၏လက်များမှာလည်း အနည်းငယ် နှေးကွေးသွားသည်၊ "ကျွန်တော်မျိုးမ လူလွှတ်ပြီး စုံစမ်းခိုင်းပြီးပါပြီ။ ခန့်မှန်းရသလောက်တော့ သူတို့ ပေါင်းစည်းသွားတာမျိုး မရှိပါဘူး။ ယဲ့မိန်ရန်က ဝမ်ဖေးကို ကပ်ဖားချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဝမ်ဖေးကတော့ ယဲ့မိန်ရန်ကို သူ့ဘာသာသူ သွားရှာတာမျိုး မရှိခဲ့ပါဘူး။"

"အင်း၊ အားလုံးကို စောင့်ကြည့်ထား။ ရှူးဖေး ဒီရက်ပိုင်း တော်တော်လေးတည်ငြိမ်နေတယ်။ အစကတည်းက ဒီလိုဆိုရင် ဘာလို့ပန်းကုန်းက သားအမိချင်း ခွဲပစ်ဖို့လိုမှာလဲ။"

မိဖုရားခေါင်ကြီး၏မျက်ဝန်းများထဲတွင် ကျေနပ်သော အရိပ်အယောင်တစ်ချက် ပေါ်လာသည်။

သူမသည် ထရပ်ကာ စာရေးစားပွဲအနီးသို့ လျှောက်သွားပြီး ကျုံးယန်ပွဲတော်ကြီး၏ ဧည့်သည်တော် စာရင်းစာအုပ်ကို ဖွင့်လိုက်သည်။

ဤတစ်ကြိမ် နန်းတွင်းစားသောက်ပွဲတွင် မြို့တော်မှ အဆင့်သုံးနှင့်အထက် အရာရှိများအားလုံး မိမိတို့၏ မိသားစုဝင်များကိုခေါ်ဆောင်ကာ နန်းတော်တွင်းသို့ စားသောက်ပွဲ တက်ရောက်ရန် လာကြမည် ဖြစ်သည်။ အားလုံး စီစဉ်ထားပြီး ဖြစ်သော်လည်း ပေါ့ဆ၍ မဖြစ်ဘဲ အားလုံးကို အသေးစိတ် ပြန်တိုက်စစ်ဆေးရန် လိုအပ်ပေသည်။

......

အခြားတစ်ဖက်တွင်မူ အချစ်သစ်ရော အချစ်ဟောင်းကိုပါ အနိုင်ကျင့်ခဲ့သော 'ယဲ့' မိစ္ဆာမလေးသည် 'လူဆိုးက အရင် လက်ဦးတိုင်ကြားသည်' ဟူသော သဘောတရားကို လက်ကိုင်စွဲလျက် သူမ၏ခါးလေးကို လှုပ်ယမ်းကာ ကျိုချန်နန်းဆောင်သို့ စောစီးစွာ သွားရောက်ခဲ့လေပြီ။

"အရှင်မင်းကြီး မသိပါဘူး၊ ဟင့်...ဟင့်... ကျန်းပေါင်လင်က လူအများကြီးရဲ့ ရှေ့မှာ

ချန်းချဲ့ကိုပြောတယ်။ ဝူးဝူး... ဒီချန်းချဲ့က ဓားလှံပဲ ကိုင်တတ်ပြီး စာပေမတတ်ဘူးတဲ့။ ပြီးတော့... ပြီးတော့ ရှိသေးတယ်။ သူပဲအရင်ပြောပြီး ချန်းချဲ့ကို သူပဲအရင်ခွင့်လွှတ်ပေးဖို့ အတင်းအကျပ်လုပ်ခိုင်းနေတယ်။ ဟင့်...ဟင့်...အဲ့ပေါင်လင်က ဒူးထောက်တော့မလိုပါလုပ်တာ။ ဒါက ဒီချန်းချဲ့ကို အများအမြင်မှာ လူဆိုးမကြီးဖြစ်အောင် လုပ်နေတာပဲမဟုတ်ဘူးလား။"

ယဲ့ယွင်သည် လက်ကိုင်ပုဝါကို ဆုပ်ကိုင်ထားရင်း၊ အလွန် ဝမ်းနည်းစွာ ငိုကြွေးနေလျက် ထိုပုံစံလေးမှာ အမှန်ပင် မြင်သူတိုင်း သနားစဖွယ် ဖြစ်လေသည်။

'သူတပါး၏ လမ်းကို လျှောက်လှမ်းခြင်းဖြင့်၊ သူတပါးအား လျှောက်လှမ်းစရာ လမ်းမရှိအောင် ပြုလုပ်ခြင်း' ဆိုသည့်စကားအတိုင်းကျန်းပေါင်လင်က ကြာပန်းဖြူလေးပုံစံနဲ့ နဂါးကိုဖမ်းယူချင်သည် မဟုတ်ပါလား။ သူမ (ယဲ့ယွင်) ကရော မလုပ်တတ်ဘဲနေမှာတဲ့လား။

ထိုအချိန်တွင် သူ့လက်မောင်းကို ဖက်တွယ်၍ ငိုကြွေးခြင်းကို ခံနေရသော နင်ချန်မှာမူ စိတ်အခြေအနေပင် မကောင်းတော့ဘဲ ဒေါသထွက်သလိုလို ရယ်ချင်သလိုလို ဖြစ်နေခဲ့သည်။

"တော်ပြီ၊ ဟန်မဆောင်နဲ့တော့။ ကျန်း သူ့ကို အပြစ်ပေးလိုက်ရင် ရပြီ မဟုတ်လား။ ကျန်းအဝတ်တွေတောင် မင်း ငိုလို့ စိုကုန်ပြီ။"

"အရှင်မင်းကြီးက ချန်းချဲ့ကို ဟန်ဆောင်

တယ်လို့ ဘယ်လို ပြောရက်တာလဲ။ ချန်းချဲ့ ဒီလောက် ဝမ်းနည်းနေတာကို..." ယဲ့ယွင်သည် မျက်ရည်ဝိုင်းလျက် သူ့ကို ကြည့်လိုက်သည်။

ဖြူဖွေးသော သွားလေးများဖြင့် နှုတ်ခမ်းကို ညင်သာစွာ ကိုက်ထားပြီး မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးထားရာ အလွန်ပင် နူးညံ့ပျော့ပျောင်းသော အမူအရာ ဖြစ်၏။

"ယဲ့ယွင်၊ မင်း တော်သင့်ပြီ။" နင်ချန်သည် အံကြိတ်လိုက်ပြီး ခပ်တိုးတိုး ဟောက်လိုက်ကာ လက်မြှောက်၍ ထိုမိန်းမပျိုလေး၏ပါးပြင်ကို ဆွဲညှစ်လိုက်သည်။

အခြေအနေကောင်းတုန်း ရပ်လိုက်သည်က အသင့်တော်ဆုံးဖြစ်သည်။ ယဲ့ယွင်သည်လည်း ဟန်မဆောင်တော့ဘဲ မျက်ရည်များကို ရပ်တန့်ရင်း နင်ချန်ကိုယ်ပေါ်သို့ တစ်ချက် ပွတ်သပ်လိုက်ရန်လည်း မမေ့ခဲ့ပေ။

"အရှင်မင်းကြီးက ချန်းချဲ့ကို မကြိုက်တာလား။ ဒါမှမဟုတ် ဒီလို စိတ်ဓာတ်မျိုးကို မကြိုက်တာလား။ ဒါပေမဲ့ ကျန်းပေါင်လင်လည်း အခုလိုနူးနူးညံ့ညံ့ပဲလေ။ ဒါဆို အရှင်မင်းကြီးက ချန်းချဲ့ကို မကြိုက်တော့ဘူးပေါ့ ဟုတ်လား။" ယဲ့ယွင်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ခုနက ငိုကြွေးထားသဖြင့် မျက်ဝန်းအိမ်နှင့် နှာခေါင်းထိပ်လေးမှာ ပန်းနုရောင် သန်းနေပြီး ငိုသံနှင့် နှာသံလေး အနည်းငယ် ပါနေသဖြင့် အမှန်ပင် အပြစ်ကင်းစင်ပြီး ချစ်စဖွယ် ကောင်းနေ၏။

နင်ချန်သည် သူ့နဖူးကို လက်ဖြင့် ဖိထား၍ မန်ိုင်ဘူးဟူသည့်လေသံဖြင့် ကိုယ်တိုင်

တောင်သတိမထားမိပဲ အလိုလိုက်သောအသံဖြင့်ပြောလိုက်သည်။

"ကျန်း သူ့ကို အပြစ်ပေးမယ်လို့ ပြောပြီးပြီ မဟုတ်လား။ ကျန်းပေါင်လင်က စကားပြော မဆင်ခြင်ဘဲ ကိုယ့်အထက်ကလူကို မလေးစားဘူး။ အကျယ်ချုပ် လဝက်ချလိုက်တာပေါ့။"

နင်ချန်သည် ယခုအချိန်တွင်မည်သူ့ကို နှစ်သက်သည်ဆိုသော စကားမျိုးကို ပြောထွက်နိုင်မည် မဟုတ်ဘဲ မည်သူနှင့် အတူရှိနေလျှင်ပို၍သက်သောင့်သက်သာ ရှိသည်ဟုသာ ပြောနိုင်ပေမည်။

လက်ရှိတွင် ယဲ့ယွင်နဲ့အတူရှိနေလျှင် သူ့အတွက် သက်သောင့်သက်သာဖြစ်စေသည်။

ကျန်းပေါင်လင်မှာမူ မနေ့က ဆက်ဆံကြည့်ရသလောက် လွန်လွန်ကြူးကြူးမခံစားမိသော်လည်းယနေ့ ယဲ့ယွင်၏အတုခိုး ပြုမူပုံကိုမြင်သောအခါ ရုတ်တရက် နင်

ချန်အား စိတ်မသက်မသာ ဖြစ်၍မိမိကိုယ်မိမိပင် သံသယ ဝင်သွားမိသည်။ မနေ့က သူ့မျက်လုံးက တစ်ခုခုများဖြစ်သွားတာလားပင် မသိတော့။

ယဲ့ယွင်မှာမူ ဤသည်တို့ကို ဂရုမစိုက်ပေ။ သူမ လာသည်မှာ မကောင်းတာလုပ်ရန်သာ ဖြစ်၍ ရည်ရွယ်ချက် အောင်မြင်သောအခါထွက်ခွါရန် ပြင်ဆင်တော့သည်။

"ချန်းချဲ့ ကြည့်ရတာ အရှင်မင်းကြီးမှာလုပ်စရာ တိုင်းပြည်ရေးရာတွေရှိနေသေးတယ်ထင်တယ်။ အရှင်မင်းကြီးကို မနှောင့်ယှက်တော့ပါဘူးနော်။ ချန်းချဲ့ ကိုသွားခွင့် ပြုပါဦး။"

နင်ချန်သည် ဒေါသထွက်လွန်း၍ သွားများပင် ယားယံလာသည်။ အခုလေးတင် သူကအသုံးချခံလိုက်ရပြီးနောက် စွန့်ပစ်ခံလိုက်ရတာလား???

"မင်း ခုနကကျ ဘာလို့ ကျန်းကို နှောင့်ယှက်တယ်လို့ မထင်ဘဲ အခုကျမှ ပြန်ချင်သွားရတာလဲ။"

"ခုနက ချန်းချဲ့က ဝမ်းနည်းပက်လက် ဖြစ်နေတာ။ ဘယ်မှာ ဒါတွေ တွေးမိနိုင်မှာလဲလို့ ဟဲဟဲ။”

ဝါးစိမ်းသရဲလေး (ယဲ့ယွင်) သည် မျက်တောင် ပုတ်ခတ်ပြလိုက်ရာ ဖြူစင်ပြီး အပြစ်ကင်းစင်လှသည်။

နဂါးတစ်ကောင် (နင်ချန်) မှာမူ ဤအကွက်ကို မစားတော့ဘဲ သူမကို တစ်ချက် ဆွဲလိုက်သည်။

"မသွားပဲ…ကျန်းကို စာရေးမင်တံ ခစားဖို့ပြင်!”

ရှေ့မှ မင်တုံးကို ကြည့်ရင်း ယဲ့ယွင်သည် မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သော်လည်း အခွင့်အရေး ရရှိထားပြီးဖြစ်သဖြင့် ငြင်းဆန်၍ မရဘဲ လက်မောင်းကို ခေါက်တင်ကာ အလုပ်လုပ်ရုံသာ ရှိလေသည်။

ကံကောင်းသည်မှာ လျှောက်တင်လွှာများမှာ မများပြားလှဘဲ နာရီဝက်ခန့်နှင့်ပင် စစ်ဆေးပြီးစီးသွားသည်။

"'ယွမ်ကျို၊ ဘဏ္ဍာတိုက်ထဲက အဲ့ဒီ မဟူရာနီလက်ကောက်တစ်စုံကို ယူလာခဲ့။"

နင်ချန်သည် အခါးရည်ခွက်ကို ကိုင်ထားရင်း ရုတ်တရက် ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ။" ယွမ်ကျိုသည် ခဏမျှ ကြောင်ငေးသွားပြီး ချက်ချင်းပင် အဖြေပေးကာ အောက်ဆင်းသွားသည်။

ဤအချိန်တွင် ယဲ့ယွင်သည် ဘေးနန်းဆောင်တွင် လက်ဆေးရန် အစေခံများပြင်ဆင်ပေးသည်ကို ခံယူနေခဲ့ပြီး ပြန်လာသောအခါ စားပွဲပေါ်တွင် ပန်းပွင့်များ ထွင်းထုထားသော ဟွမ်လီသစ်သားသေတ္တာလေးတစ်လုံး တိုးလာသည်ကို တွေ့မြင်လိုက်ရသည်။

ယွမ်ကျိုသည်ဧကရာဇ်၏မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လျက် ပြုံးစိစိဖြင့် ပြောလိုက်သည်။ "မိန်ရန် လာကြည့်ပါဦး။ ဒီလက်ကောက်က မိန်ရန်နဲ့ အရမ်းလိုက်ဖက်မှာပဲ။"

သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်းထဲတွင် ကြည်လင်သန့်စင်သော မဟူရာနီပန်းပုလက်ကောက် တစ်စုံ ရှိနေပြီး တိမ်လွှာပုံစံများ ထွင်းထုထားရာ သေးငယ်ပြီး လက်ရာမြောက်လှသည်။

ယဲ့ယွင်သည် မျက်ခုံးပင့်လိုက်ပြီး ကောက်ယူလိုက်သည်နှင့် နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည်။ အရည်အသွေးကို ကြည့်ရသည်မှာ အကောင်းဆုံး အမျိုးအစား ဖြစ်လောက်ပေသည်။

"ဒီလက်ကောက်က ချို့ယွင်းချက်ကိုရှာမတွေ့အောင် ဇင်းလုံးချောနေတဲ့အပြင် အရည်ကလည်း အပြည့်ပဲ။ တကယ်ကို အကောင်းဆုံး အမျိုးအစားပဲ. ထွင်းထုထားတဲ့ တိမ်လွှာပုံစံကလည်း ကြွတက်နေသလိုပဲ။ ဒါက လျောင်ကျန်းက ဆက်သတဲ့မဟူရာဖြစ်မယ် ထင်တယ်။"

"မင်းက ဒါတွေလည်း နားလည်သေးတာလား။" နင်ချန် အနည်းငယ်အံ့အားသင့်သွားသည်။

"ဒီချန်းချဲ့ရဲ့ မိခင်ဘက် အဘိုးအိမ်တော်က ကုန်သည်လုပ်ငန်း လုပ်တာလေ။ ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်ရေးလည်း လုပ်တယ်။ ချန်းချဲ့ရဲ့မိခင်က ဒါတွေ တတ်တယ်။ ဒီချန်းချဲ့လည်း နည်းနည်းပါးပါး နားလည်တာပေါ့။" ယဲ့ယွင်သည် ပြုံးလိုက်သည်။

နင်ချန်သည် သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ အမူအရာသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ဤအမျိုးသမီးသည် အမှန်ပင် ကုန်သည်များကို လူတန်းစား နိမ့်ကျသည်ဟု မထင်သည့်အပြင် အနည်းငယ်... ဂုဏ်ယူနေသေးသည်။

"ချန်းချဲ့ အရှင်မင်းကြီးရဲ့ ချီးမြှင့်မှုကို ကျေးဇူးတင်ပါတယ်။" ယဲ့ယွင်သည် ဒူးကို ညွှတ်ကာ အရိုအသေပေးလိုက်ပြီး ချက်ချင်းပင် သူမ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကိုချွတ်ကာ မဟူရာဖြင့်လဲလှယ် ဝတ်ဆင်လိုက်သည်။

အမှန်ပင် ဤမဟူရာရောင်နီသည် သူမ၏ အသားအရေကို ပို၍ ပေါ်လွင်စေပြီး ဖြူဖွေးနူးညံ့ကာ သေးသွယ်သော လက်တစ်စုံမှာ နင်ချန်အား ဆွဲယူဆုပ်ကိုင်ထားချင်စိတ် ပေါက်သွားစေသည်။

.......

တစ်ဖက်တွင် အငွေ့အသက် အလွန် ကောင်းမွန်နေသော်လည်း အခြားတစ်ဖက်တွင် နှုတ်မိန့်တော် ရရှိလိုက်သော ကျန်းပေါင်လင်၏မျက်နှာမှာမူ ဖြူဖျော့သွားလေသည်။

သူမသည် အတူတကွ ညအိပ်ခွင့် တစ်ကြိမ်သာ ရရှိသေးသည်။ ယခုအကျယ်ချုပ် လဝက် ချခံရခြင်းမှာ သူမကို တိုက်ရိုက် နင်းခြေသတ်ပစ်တာပဲမဟုတ်ဘူးလား။

သန်ဘက်ခါ ကျုံးယန် ပွဲတော်ကြီးကို တက်ရောက်နိုင်တော့မည် မဟုတ်သဖြင့် သူမ ပြင်ဆင်ထားသော အရည်အချင်းများမှာလည်း အချည်းနှီး ဖြစ်သွားလေပြီ။ လဝက်ကြာပြီးနောက် ဧကရာဇ်သည် သူမကို ဘယ်လိုများ မှတ်မိနိုင်ပါဦးတော့မလဲ။

ကျန်းပေါင်လင်သည် အလွန် မုန်းတီးသွားပြီး၊ ကတ်ကြေးကို ကောက်ယူကာ ခုလေးတင် ပြင်ဆင်ပြီးစီးသော ယပ်တောင်မျက်နှာပြင်ကို အစုတ်အပြတ်များ ဖြစ်သွားအောင် ညှပ်ပစ်သော်လည်း ဒေါသမပြေနိုင်သေးပေ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-36

အခန်း ၃၆ ။ အလှဆင်မွမ်းမံခြင်း

နောက်တစ်နေ့ ဂါရဝပြုချိန်တွင်၊ လူတိုင်းသည် စကားစစ်ထိုးရသည့် တိုက်ပွဲတစ်ပွဲကို

ထုံးစံအတိုင်း ဆင်နွှဲခဲ့ကြသည်။

ယိဝမ်ရုန်သည် စကားအနည်းငယ်ဖြင့် ယဲ့ယွင်ကို စတင်ထိုးနှက်လိုက်၏။ အဓိပ္ပာယ်မှာ ယဲ့ယွင်က သဝန်တို မနာလိုဖြစ်ပြီး လူသစ်ကို မနာလိုကာ ဧကရာဇ်အား ကျန်းပေါင်လင်ကို အကျယ်ချုပ်ချရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"ကျစ်... ဒီလောက်တောင် အတူနေလာတာ ကြာပြီ၊ ယိဝမ်ရုန်က တို့ရဲ့စိတ်ဓာတ်ကို မသိသေးဘူးလား။ ဒါမှမဟုတ် တို့ကျွေးတဲ့ငါး ထပ်စားချင်နေသေးတာလား။"

ယဲ့ယွင်သည် အေးစက်သော အကြည့်တစ်ချက်ကို လှမ်းပစ်လိုက်ရာ ယိဝမ်ရုန်၏ ကျောတွင် အအေးဓာတ်တစ်ချက် ဖြတ်ပြေးသွားစေပြီး မထိန်းနိုင်ဘဲ တစ်ချက် တုန်သွားလေသည်။

အမှန်ပင် သူမကို ဆုံးမပြီးမှသာ တည်ငြိမ်သွားခဲ့၏။

"ဒီနေ့ အစ်မတော် ရှူးဖေး ဘာလို့ မလာတာလဲ။" ယခု ဝမ်ဖေး၏ကိုယ်ဝန်မှာ တည်ငြိမ်နေပြီ ဖြစ်သဖြင့် သူမသည်လည်း လူအများ၏ပါးစပ်ဖျားတွင် ပြောစရာ မဖြစ်စေရန် နေ့စဉ် လာရောက် ဂါရဝပြုလျက်ရှိသည်။

ကျင်းဖေးသည် မျက်မှောင်ကြုတ်လျက် စကားဆက်လိုက်သည်၊ "နေမကောင်းလို့ ထင်တယ်။ မနေ့ညက သမားတော်တောင် ပင့်သေးတယ်။"

မိဖုရားခေါင်ကြီးက ခေါင်းညိတ်လိုက်သည်။ "ရှူးဖေးက အအေးစာကြိုက်လွန်းတယ်။ ရေခဲစိမ်ထားတဲ့ သစ်သီးတွေ များများစားမိလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်ပြီး ဖျားသွားတာ။ ဒီနေ့ ခွင့်တိုင်ထားတယ်။ မင်းတို့တွေလည်း သတိထားကြဦး။ ကိုးလပိုင်းတောင် ရောက်နေပြီ။ အအေးစာတွေ ထပ်ပြီး မကြိုက်ကြနဲ့တော့။ သန်ဘက်ခါဆို ကျုံးယန် ပွဲတော်ကြီးပဲ။ နေမကောင်းလို့ မတက်ရောက်နိုင်တာမျိုး မဖြစ်စေနဲ့။"

"မယ်မယ့်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်" လူတိုင်း တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

......

ဖုန်းရှီးနန်းဆောင်ထဲမှ ထွက်လာသောအခါ၊ ယောင်ရှန်းသည် ယဲ့ယွင်ကို အကြိမ်အနည်းငယ် ပို၍ ကြည့်လိုက်၏။ ထိုအချိန်မှာပင် မိန်ချိုက်ရန်သည် ရုတ်တရက် ယဲ့ယွင်ရှိရာဘက်သို့ သွားလေသည်။

"အစ်မတော်ယဲ့။" မိန်ချိုက်ရန်သည် အရိုအသေတစ်ချက် ပေးလိုက်သည်။

"အရိုအသေပေးစရာ မလိုပါဘူး။ မိန်ချိုက်ရန်မှာ ကိစ္စတစ်ခုခုရှိလို့လား။" ယဲ့ယွင်က မေးလိုက်သည်။

သူမသည် ဧကရာဇ်၏ ဝမ်းကွဲညီမတော်အပေါ်၌ မည်သို့မျှ အကောင်းမြင်စိတ် မရှိပေ။

မိန်ချိုက်ရန်သည် ညင်သာစွာ ပြုံးလိုက်ပြီး အနည်းငယ် အားနာဟန်ဖြင့် "လင်ရှီးဥယျာဉ်က ကိစ္စအတွက် ညီမတော်က အစ်မတော်ယဲ့ကို တောင်းပန်ချင်ပါသေးတယ်။ ဒီဆံထိုးက ဟယ်ထျန်ကျောက်စိမ်းနဲ့ လုပ်ထားတာပါ။ အစ်မတော် လက်ခံပေးပါဦး။"

စကားဆုံးသည်နှင့် သူမ၏နောက်က အစေခံမလေး၏လက်ထဲမှ သေတ္တာတစ်လုံးကို ယူလိုက်လေသည်။

ယဲ့ယွင်သည် တစ်ချက် ကြည့်လိုက်ပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ "တောင်းပန်စရာ မလိုပါဘူး။ အားလုံးက ဖြစ်ပြီးသွားတဲ့ ကိစ္စတွေပဲ။ ထပ်ပြီး ပြောစရာ မလိုတော့ပါဘူး။"

"ဒီချန်းချဲ့ရဲ့ စေတနာလေးပါပဲ။ ယဲ့မိန်ရန် လက်ခံပေးပါဦး။ အမှန်အတိုင်း ဝန်ခံရရင် ဒီချန်းချဲ့မှာ တောင်းဆိုစရာ ကိစ္စလေးတစ်ခုလည်း ရှိပါတယ်။ ဒီရက်ပိုင်း ချန်းချဲ့ လက်ပုဝါတစ်ထည် ထိုးချင်လို့ ပန်းပုံစံဆွဲကြည့်ပေမဲ့ ဘယ်လိုမှ စိတ်တိုင်းမကျဘူး ဖြစ်နေတယ်။ အရှင်မင်းကြီးက အစ်မတော်ရဲ့ ပန်းချီပညာက ထူးချွန်တယ်လို့ ပြောတာ ကြားလိုက်တယ်။ အစ်မတော်ကို အကြံဉာဏ်လေး နည်းနည်းပါးပါး တောင်းခံလို့ရမလား မသိဘူး။"

ယဲ့ယွင်၏မျက်ဝန်းများမှာ တစ်ချက် လက်သွားပြီး သူမ၏စိတ်ထဲတွင် မိန်ချိုက်ရန်၏ဆိုလိုရင်းကို ခန့်မှန်းမရ ဖြစ်သွားသည်။

ယခင်က ယောင်ပေါင်လင်(ယခင်) သူမထံသို့ ချဉ်းကပ်သည့်အခါ မိန်ချိုက်ရန်သည် လှောင်ပြောင်သော စကားများကို မနည်းမနော ဆိုခဲ့သည်။ ဒီနေ့တော့ ဘာကြောင့် သူမကိုယ်တိုင်ပါ ရောက်လာရတာလဲ။။

"မိန်ချိုက်ရန်က ကျွန်မကို ဒီလောက် အထင်ကြီးမှတော့ အတူတူ သွားကြတာပေါ့။" ယဲ့ယွင်သည် ပြုံးလိုက်သည်။

သူမသည်လည်း မိန်ချိုက်ရန်၏ဘူးထဲတွင် မည်သည့်ဆေးကို ရောင်းနေသည် (ဘာအကြံအစည် ရှိနေသည်) ကို ကြည့်ရှုလို၏။

နောက်ဘက်မှ ယောင်ရှန်း သည် သူတို့နှစ်ဦးကို ကြည့်ရင်း မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်ရာ သူမ၏စိတ်ထဲတွင် ပို၍ လေးလံသွားသည်။

ယခင်ဘဝတွင်၊ ချန်စူးယွီ (မိန်ချိုက်ရန်) သည် ဝမ်ဖေးကိုကပ်ဖားရင်း တက်လာခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်က ဝမ်ဖေးကို ချစ်သဖြင့် သူမကိုပါ သွယ်ဝိုက်၍ မျက်နှာသာပေးသည့်အပြင် မယ်တော်ကြီး၏ ကူညီပံ့ပိုးမှုလည်း ရှိသဖြင့် သူမ ခေါင်းထောင်ထလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘယ်လိုကြောင့် ဤတစ်ကြိမ်တွင် ယဲ့ယွင်ကို ကပ်ဖားခြင်းဆီ ပြောင်းလဲသွားရတာလဲ။

သေချာစွာ စဉ်းစားကြည့်လျှင် ယဲ့မိန်ရန်နှင့်ပတ်သက်သမျှ အရာအားလုံး ပြောင်းလဲသွားသကဲ့သို့ ရှိ၏။ ဝမ်ဖေး၏ဝမ်းထဲမှ ကလေးသည်လည်း ပြောင်းလဲမှုများ ရှိလာနိုင်လောက်လား။

ဤသို့ လက်ဦးမှုယူကာ ထိန်းချုပ်နိုင်ခွင့် ဆုံးရှုံးသွားသော ခံစားချက်သည် ယောင်ရှန်းကို အလွန် မသက်မသာ ဖြစ်စေသည်။ သူမသည် ဤနေရာမှ လူအားလုံးနီးပါးကို ထွင်းဖောက် မြင်နိုင်သော်လည်း၊ ယဲ့ယွင်တစ်ယောက်တည်းကိုသာ ထွင်းဖောက် မမြင်နိုင်ပေ။ ၎င်းက သူမအား မမျှော်လင့်ထားသော အရာကို ဖယ်ရှားပစ်ရန် ပို၍ပင် စိတ်မရှည် ဖြစ်လာစေသည်။

စိတ်ထဲတွင် ခေတ္တမျှ တွက်ချက်ပြီးနောက်၊ ယောင်ရှန်းသည် သူမနေထိုင်သည့်အဆောင်သို့ မပြန်ဘဲ ထိုက်ကွေ့ဖေးထံသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

........

အခြားတစ်ဖက် ယွီရှို့အဆောင်ထဲတွင်၊

ယဲ့ယွင်သည် မိန်ချိုက်ရန်ကို ထိုင်ရန် ဧည့်ခံနေခဲ့ပြီး ဖြစ်သည်။

မိန်ချိုက်ရန်သည် အကောင်းစားပိုးထည်တစ်စကို ထုတ်ယူလိုက်ရာ အပေါ်တွင် နုနုစိမ်းစိမ်းအရွက်အနည်းငယ်ကို ထိုးထားပြီး လက်ရာမှာလည်း ကျွမ်းကျင်လှသော်လည်း အနည်းငယ် ရိုးရှင်းလွန်းနေခဲ့သည်။

"ဒီအစိမ်းရောင် အရွက်တွေက ထိုးရတာ လွယ်ပါတယ်။ အကြီးဖြစ်ဖြစ် အသေးဖြစ်ဖြစ်၊ ဘယ်လို ပုံစံမျိုးပဲ ဖြစ်ဖြစ်၊ အခြေခံကတော့ အတူတူပါပဲ။ ဒါပေမဲ့ ပန်းတွေကတော့ မတူဘူးလေ။ တစ်ပွင့်စီတိုင်းမှာ သူ့ပုံစံနဲ့သူ ရှိတယ်။ ချန်းချဲ့ ခဏတာ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေလို့ အစ်မတော်ယဲ့ကို စုတ်ချက်လေး နည်းနည်းပါးပါး ဖြည့်စွက်ပေးဖို့ တောင်းဆိုပါတယ်။"

ယဲ့ယွင်၏ မျက်ဝန်းထဲတွင်သဘောပေါက်သွားသောအရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်၊ ဤသည်မှာ အလှဆင်မွမ်းမံစေလိုခြင်း ဖြစ်ပေသည်။

"ကျွန်မက စုတ်ချက်အနည်းငယ် ပြင်ပေးရုံပဲလို့ ထင်ထားတာ။ ညီမတော်က ပန်းပွင့်တွေကို မထိုးရသေးတာကိုး။ ကျွန်မက ပန်းချီဆွဲတာလောက်ပဲ တော်သေးတာ။ ပန်းထိုးတာကတော့ သိပ်မကျွမ်းကျင်ဘူး။ ကောင်းကောင်း မလုပ်နိုင်မှာ စိုးတယ်။ ဒီပိုးထည်ကောင်းလေး ပျက်စီးသွားမှာစိုးလို့လေ။"

မိန်ချိုက်ရန်၏မျက်ဝန်းများမှာ တစ်ချက် လက်သွားပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။ "အစ်မတော်ယဲ့က နောက်နေတာပဲ။ ဒီလို အလှဆင်မွမ်းမံတဲ့ ကိစ္စက အစ်မတော် လုပ်တာကပဲ၊ အသင့်တော်ဆုံးပါပဲ။"

ခေတ္တမျှ ရပ်တန့်ပြီးမှ ဆက်ပြောသည်၊ "ဒီလက်ပုဝါက မယ်တော်ကြီးကို လက်ဆောင်ပေးဖို့ပါ။ အစ်မတော်ရဲ့ ပန်းချီပညာက ထူးချွန်တော့၊ အစ်မတော် ဆွဲပေးတဲ့ ပုံစံကို မယ်တော်ကြီး သေချာပေါက် သဘောကျမှာပါ။ အခု အစ်မတော်က အလှဆင်မွမ်းမံပေးတာကို ညီမတော်က စိတ်ထဲမှာ မှတ်ထားပါ့မယ်။ နောင်ကျရင် သေချာပေါက် ဒုက္ခရောက်ချိန်မှာ ကူညီပါ့မယ်။" မိန်ချိုက်ရန် သည် ယဲ့ယွင်ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ကြည့်လိုက်ပြီး ထိုလက်ကိုင်ပုဝါကို ရှေ့သို့ အနည်းငယ် တိုးပေးလိုက်သည်။

ယဲ့ယွင်မှာမူ မလှုပ်မယှက်ပင် အခါးရည်ခွက်ကို ကောက်ယူ၍ တစ်ငုံမျှ သောက်လိုက်ပြီးမှ ခပ်ဖျော့ဖျော့ ဆိုလိုက်သည်။

"ကံဆိုးတာကတော့၊ ကျွန်မက အအေးဒဏ်ကို မကြောက်တတ်ဘူး။ မိန်ချိုက်ရန်ရဲ့ မီးသွေးပို့တာကို မလိုအပ်တော့ဘူး ထင်

တယ်။ ဒါပေမဲ့ ဒီလက်ပုဝါက မယ်တော်ကြီးကို ပေးဖို့ ဖြစ်နေမှတော့ ကျွန်မလည်း သားသမီးဝတ္တရား ကျေပွန်တဲ့အနေနဲ့ ကူညီသင့်တာပေါ့။"

မိန်ချိုက်ရန်သည် သူမက အဆုံးတိုင်အောင် ပါးစပ် မဟသည်ကို မြင်သောအခါ လက်လျှော့လိုက်ရုံသာ ရှိတော့သည်။

နောက်ဆုံးတွင် ယဲ့ယွင်သည် အာရုံစိုက်မှု အနည်းငယ် စိုက်ထုတ်၍ ပုံစံတစ်ခုကို သေချာစွာ ဆွဲပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ မယ်တော်ကြီးထံ သားသမီးဝတ္တရားပြသရန် ဖြစ်ရာ လွန်စွာ ပေါ့ပေါ့ဆဆ ပြုလုပ်၍ မဖြစ်ပေ။

.......

ယွီရှို့အဆောင်မှ ထွက်လာသောအခါ မိန်ချိုက်ရန်သည် မျက်မှောင်ကို အဆက်မပြတ် ကြုတ်ထားခဲ့သည်။

သူမကို အမှုထမ်းနေသူသည် မထိန်းနိုင်ဘဲ ညည်းညူလိုက်သည်။ "သူက မိန်ရန် ဆိုပေမဲ့ မယ်မယ့်မှာ မယ်တော်ကြီးရဲ့ အကာအကွယ် ရှိနေတာပဲ။ ဘာလို့ သူ့ကို အဲ့ဒီလောက် ယဉ်ကျေးနေရမှာလဲ။ ကျွန်တော်မျိုးမ ကြည့်ရတာ သူက စိတ်ဓာတ် အရမ်း မောက်မာလွန်းတယ်။ မယ်တော်ကြီးကိုတောင် မျက်စိထဲ ထည့်မထားဘူး။"

"ယဲ့ယွင်က သာမန်လူတစ်ယောက် မဟုတ်ဘူး။ သူက အခု အရှင်မင်းကြီးရဲ့မျက်စိထဲ ရောက်နေပြီ။ မျိုးရိုးကလည်း မဆိုးဘူး။ အိမ်တော်ကို ထောက်ပံ့ပေးမယ့် အဖေ မရှိဘူး ဆိုရင်တောင် အဲ့ဒီလောက် ဆွဲဆောင်လို့ လွယ်တာ မဟုတ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ သူက ငါနဲ့ ရန်သူ မဖြစ်ဘူးဆိုတာကို ပြသခဲ့ပြီးပြီ။" မိန်ချိုက်ရန်သည် ခပ်တိုးတိုး ခွဲခြမ်းစိတ်ဖြာလိုက်သည်။

အကယ်၍ မယ်တော်ကြီးက ညွှန်ကြားခဲ့ခြင်း မဟုတ်ပါက သူမသည် ယဲ့မိန်ရန်ထံသို့ အလုံးဝ လာရောက်မည် မဟုတ်ပေ။ အကယ်၍ အမှန်တကယ် အထင်ကြီးခဲ့ပါလျှင်လည်း လင်ရှီးဥယျာဉ်တွင်ကတည်းက စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့မည် မဟုတ်ပေ။

သူမ၏ သဘောထားအတိုင်း ဆိုလျှင် ယဲ့မိန်ရန်ကို ဆွဲဆောင်ခြင်းထက် ဝမ်ဖေးကို ဆွဲဆောင်ခြင်းက ပို၍ ကောင်းသေးသည်။

ဝမ်ဖေးသည် မျက်နှာသာ ရရှိထားပြီး ကိုယ်ဝန် ရှိနေသော်လည်း မိသားစုနောက်ခံမှာမူ မကောင်းမွန်ပေ။ သူမနှင့်အတူရှိနေပါက အပြန်အလှန် ဖြည့်ဆည်းပေးခြင်း ဖြစ်သွားမည် မဟုတ်ပါလား။

သို့သော် မယ်တော်ကြီးက ယဲ့မိန်ရန်ကို အလားအလာ ကောင်းသည်ဟု မြင်သဖြင့် သူမသည်လည်း ထိုအတိုင်း လိုက်လုပ်ရုံသာ ရှိသည်။ သို့သော် ယဲ့မိန်ရန်က အသိအမှတ် မပြုသဖြင့် နည်းနည်းတော့ သူမ၏စိတ်ထဲတွင် ဒေါသထွက်မိသည်။

.........

ကျိုချန်နန်းဆောင်ထဲတွင် နင်ချန်သည် ဟွေ့အန်း၏ ပြန်လည် လျှောက်တင်ချက်ကို နားထောင်ရင်း၊ သူ၏ မျက်နှာထားသည် အနည်းငယ် တင်းမာသွားသည်။

"မိန်ချိုက်ရန်က ယွီရှို့အဆောင်ကို သွားတယ်ဟုတ်လား။ ယဲ့မိန်ရန် ဘယ်လိုပြုမူနေသလဲ။"

ဟွေ့အန်းက အမှန်အတိုင်း လျှောက်တင်လိုက်သည်၊ "သတင်းပို့တဲ့လူ ပြောတာကတော့ မိန်ချိုက်ရန် ထွက်လာတဲ့အချိန်မှာ မျက်နှာ သိပ်မကောင်းဘူးတဲ့။ သိပ်ပြီး ပျော်ရွှင်ပုံ မရဘူး ထင်ပါတယ်။"

ဤစကားကို ကြားမှသာ နင်ချန်၏အမူအရာသည် အနည်းငယ် ပေါ့ပါးသွားသည်။

သူ့လက်ထဲမှ စုတ်တံကို ချလိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ချက်ဖြင့်၊ "မယ်တော်ကြီး ဒီရက်ပိုင်း အားနေပြန်ပြီ ထင်တယ်။ မောင်းမဆောင်မှာ မိဖုရားခေါင်ကြီး ရှိနေပြီပဲ။ ဘာကိစ္စ သားဖြစ်တဲ့ကျန်းက သူ့ကို စိတ်ပူပန်ပြီး ဝင်စွက်ဖက်ခိုင်းရမှာလဲ။ နန်းတော်အပြင်ဘက်ကို သတင်းတစ်ခု ပို့လိုက်။ ချန်မိသားစုကို အလုပ်များသွားအောင် လုပ်သင့်ပြီ။"

"ဟုတ်ကဲ့ပါ။" ဟွေ့အန်းသည် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်ပြီး ချက်ချင်း ဆုတ်ခွာ ထွက်သွားသည်။

စိတ်ထဲတွင်လည်း သက်ပြင်းချမိသည်။ မယ်တော်ကြီးသည် ကောင်းမွန်စွာ သက်သောင့်သက်သာ မနေဘဲ ဘာလို့များ ထပ်ပြီးလှုပ်ရှားလာပြန်ရတာလဲ။ တည်ငြိမ်သွားသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသည် မဟုတ်ပါလား။

ချန်မိသားစုသည် ဧကရာဇ်၏မိခင်ဘက်မှ အဘိုးအိမ်တော် ဖြစ်သည်။ တည်ငြိမ်စွာ နေထိုင်သမျှ မည်သည့် အကျိုးကျေးဇူးမျှ မရှိဘဲ နေမည်လော။ သို့သော် လောဘကြီးလွန်း၍ မတန်မရာကို လိုချင်နေကြသည်။ မယ်တော်ကြီးက မိမိ၏ မိသားစုဘက်သို့ အကျိုးကျေးဇူးများ ဆွဲယူလေလေ၊ ဧကရာဇ်က ပို၍ ဆန့်ကျင်ရွံရှာလေလေ ဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ၊ တိုင်းပြည်သည် ဧကရာဇ်၏ တိုင်းပြည်ဖြစ်ရာ၊ မည်သည့် ဧကရာဇ်မျှ မိမိ၏ အကျိုးစီးပွားများကို အမတ်များထံသို့ ပေးအပ်လိုမည် မဟုတ်ပေ။

........

ထိုညတွင် လူသစ်တစ်ဦး အတူတကွ ညအိပ်ခွင့် ရရှိပြန်သည်။ ဤတစ်ကြိမ်တွင်မူ ကျန့်ချိုက်နွီ ဖြစ်ပြီး သူမသည်လည်း စစ်သူကြီးမျိုးနွယ်မှ မွေးဖွားလာသူ၊ စစ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၏ မယားငယ်မှ မွေးဖွားသော သမီးငယ် ဖြစ်သည်။

မောင်းမဆောင်ထဲတွင် အားလုံး မကျေမနပ်ဖြစ်နေကြသော်လည်း လူသစ်များ ခေါင်းထောင်ထလာခြင်းကိုမူ ရှောင်လွှဲ၍ မရပေ။

သို့သော် ဤလူသစ်အသုတ်ထဲတွင် ထက်ဝက်မှာ မိသားစုနောက်ခံ ကောင်းသူများ ဖြစ်ကြရာနောက်ပိုင်းမှထွက်ပေါ်လာသော အနည်းငယ်ကိုမူ လူအများက သိပ်ပြီး မျက်စိထဲ ထည့်မထားကြပေ။

ယခု လူသစ်များထဲတွင် ယိဝမ်ရုန်သည် မျက်နှာသာ အပေးခံရဆုံး ဖြစ်ပြီး စွန်းရှိုးယီနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ယဲ့ယွင်သည် ဒုတိယ ဖြစ်ပြီး၊ ထို့နောက်တွင်မူ ဖန်းချိုက်ရန် (ယောင်ရှန်း) နှင့် မိန်ချိုက်ရန်(ချန်စူးယွီ)တို့မှာမူ အဆင့်တူညီကြသည်။

တစ်ယောက်ချင်းစီတိုင်းမှာ သာမန်လူများ မဟုတ်ကြဘဲ တိုက်ခိုက်နည်းများစွာလည်း ရှိနေသေးသည်။

***

All Chapters