← Chapters

မြေပြင်သို့ လွှတ်ချလိုက်မိပါသော...

Vol. 8 Ch. 702

မြေပြင်သို့ လွှတ်ချလိုက်မိပါသော...

Vol. 8 Ch. 702

ဝိညာဥ်ရေနွေးအိုးထဲတွင် တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းများ မရေမတွက်နိုင်အောင် ရှိပြီး ထိုအရာအားလုံးက နောက်ဆုံးတွင် သရဲဘုရင်သစ်ခွပန်းတည်ရှိရာ ချိုင့်ဝှမ်းသို့ သက်ဆင်းသွားကြ၏။ ဤအခိုက်အတန့်တွင် ၄င်းသည် အပြည့်အဝဖူးပွင့်နေပြီဖြစ်ပြီး ၄င်း၏ပွင့်ဖတ်များသည် ကျက်သရေရှိစွာ ငွားငွားစွင့်စွင့် ကွေးညွှတ်နေကာ ၄င်းထံမှ သင်းပျံ့မွှေးကြိုင်နေသော ရနံကလေးများသည် လေ၏သယ်ဆောင်ရာနောက်သို့ လိုက်ပါလာတော့သည်။ အမှန်တကယ်တော့ ထိုမွှေးရနံ့များသည် မှိုင်းညို့နေသော ညနေခင်းလင်းရောင်ခြည်ကို ပို၍ဆွတ်ပျံ့လွမ်းဆွေးသွားစေသည်။

မျက်စိတစ်မှိတ်အတွင်း အာကာပြင်တစ်ခွင်လုံး မည်းမှောင်လာတော့သည်။

တချိန်တည်းမှာပင် ပန်းပွင့်ဆီမှ အားကောင်းသော သေခြင်းအရှိန်အဝါများ ထွက်ပေါ်လာကာ ဝိညာဥ်ရေနွေးအိုးကမ္ဘာတစ်ခုလုံး ပြည့်နှက်သွားတော့သည်။ မြူတိမ်များအတွင်းရှိ အမုန်းဝိညာဥ်များ၊ မကောင်းဆိုးဝါးသရဲများသည် တဆတ်ဆတ်တုန်ယင်လာကြပြီးနောက် သရဲဘုရင်သစ်ခွပန်းရှိရာဘက်သို့ ဒူးထောက် ဦးညွှတ်လိုက်ကြ၏။

ဘုရင်တစ်ပါးကို ဝပ်တွားခစားနေသည့်အလား လေးစားမှုအပြည့်နှင့် ချစ်ကြောက်ရိုသေသော အမူအရာများကို သူတို့၏ မျက်နှာများထက်တွင် တွေ့မြင်နိုင်သည်။

ပန်းပွင့်က အပြည့်အဝဖူးပွင့်လာစဥ် ပန်း၏အလယ်ရှိ ယခင်က အစိမ်းရောင်သမ်းနေသော အသီးသည် အနက်ရောင်ပြောင်းစပြုလာ၏။ ၄င်းအပေါ်တွင် မျက်နှာတစ်ခုကိုပင် မြင်ရလေသည်။

ထိုမျက်နှာကို ပိုင်ရှောင်ချန်း မှတ်မိလိုက်သည်။ ၄င်းသည် သရဲကြီးဘုရင်မြို့လယ်ခေါင်မှ သရဲကြီးရုပ်တုအပေါ်ရှိ မျက်နှာနှင့် တစ်ထပ်တည်းကျသည်။

ဤအသီးသည် သရဲကြီးဘုရင်အတွက် မည်သည့်အတွက် အလွန်အရေးကြီးရသည်ကို ပိုင်ရှောင်ချန်းက အသေးစိတ် မသိနိုင်သော်လည်း သရဲကြီးဘုရင် ကျင့်ကြံနေသည့်ပညာရပ်နှင့် ဆက်နွှယ်နေခြင်းသာ ဖြစ်ရမည်။

သူ စောင့်ကြည့်နေစဥ် သရဲဘုရင်သစ်ခွပန်း၏ ပွင့်ဖတ်များသည် တစ်ဖတ်ပြီးတစ်ဖတ် ကြွေကျလာပြီး မြူများအသွင် ပြောင်းလဲသွားသည်။ ထိုသို့ဖြစ်နေစဥ် သရဲဘုရင်သစ်ခွပန်းအပေါ်ရှိ အသီးက နက်သထက် နက်မှောင်လာတော့သည်။

တချိန်တည်းမှာပင် အံသြတုန်လှုပ်ဖွယ် ဆွဲအားတစ်ခု အဖြူရောင် အချုပ်အနှောင်မန္တန်ထဲမှ ထွက်ပေါ်လာ၏။ ထိုသို့ ဖြစ်လာစဥ် အသီးသည် မန္တန်က ဖန်တီးထားသည့် လေပွေကြီးထံ မြောက်တက်လာတော့သည်။

ထိုအခိုက်အတန့်တွင် အဖြူရောင်မန္တန်အစီအရင်သည် ၄င်းတာဝန်ပြီးမြောက်သွားသည်ကို သိလိုက်သည့်အလား အလင်းမှုန်များအသွင်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းထံ ပြန်လာမည့်အစား ပတ်ဝန်းကျင်တွင် ပျောက်ကွယ်သွားတော့သည်။

ထိုသို့ ရုတ်တရက် ဖြစ်ပျက်သွားသည်ကို မြင်လိုက်သည်တွင် ပိုင်ရှောင်ချန်းက သက်ပြင်းရှည်ကြီးချလိုက်သည်။ သရဲကြီးဘုရင်၏ အစီအစဥ်သည် ဤကိစ္စတွင် သူ့ကို စတေးခဲ့သည့် ပြစ်ချက်တစ်ခုမှအပ ရည်ရွယ်ထားသည့်အတိုင်း တသွေမတိမ်းဖြစ်ပျက်သွားပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သဖြင့် စိတ်ပျက်လက်မှိုင်ကျသွားတော့သည်။

" ဒီလောက်နဲ့ မပြီးသေးဘူး "

သူက လက်ရွေးစင်များနှင့် တိုက်ပွဲတွင် လုံးဝရက်စက်ကြမ်းကြုတ်ခဲ့သော်လည်း အခြေအနေတစ်ရပ်လုံးနှင့် ပတ်သက်၍ ကြောက်ရွံထိတ်လန့်နေဆဲဖြစ်သည်။ အမှန်တကယ်တော့ သရဲကြီးဘုရင်က သူ့အား အဖြစ်အပျက်များကို ပွင့်ပွင့်လင်းလင်း ပြောကြားမထားခဲ့ခြင်းကလည်း စိတ်တိုစရာကောင်းလှသည်။

" သူငါ့ကို မယုံတာ သိသာနေတာပဲ။ သူအမှန်ပြောလိုက်ရင် ငါလာဖို့ ငြင်းမှာကို စိုးရိမ်နေတာ။ ဟွန်း။ ငါက တကယ်ပဲ အဲဒီလိုလူမျိုးလား။ ဒီလို အန္တရာယ်မရှိတဲ့ နေရာကို တကယ်ကြောက်တယ်များ သူထင်နေတာလားမသိဘူး။ ငါဘယ်လိုလူမျိုးလို့ အောက်မေ့နေတာတုံး "

သူ၏အတွေးရထားသည် ထိုဘူတာသို့ဆိုက်ရောက်သော် ချက်ချင်းပင် လိပ်မပြာမလုံသည့်အလား သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူသာ အမှန်ကို သိခဲ့လျှင် လာဖြစ်မည်လား၊ မလာဖြစ်မည်လား ဆိုသော သူ့ကိုယ်သူ မေးမြန်းနေသည်များကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူက လှည့်ပြီး ဝိညာဥ်ရေနွေးအိုး၏ ပါးစပ်ပေါက်ထံ ဦးတည်လိုက်သည်။

ထိုအချိန်တစ်ဝိုက်တွင် ဝိညာဥ်ရေနွေးအိုး၏ ကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး ပါးစပ်ပေါက်နားရှိ နေရာသည် ဖြေးညင်းစွာ ပွင့်လာ၏။

" လွတ်သွားတဲ့သူတွေ ဒါဇင်ကျော်ရှိသေးတယ်။ သူတို့တစ်နေရာရာမှာ ပုန်းနေလောက်တယ်။ ပြီးတော့ နှစ်နာရီလဲ ကျန်သေးတာပဲ။ အာ ထားလိုက်တော့။ သူတို့ ထွက်ပြေးသွားတော့လဲ ငါ ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်ပါ့မယ် "

ဤအချိန်တွင် ပိုင်ရှောင်ချန်းသည် စိုးရိမ်စပြုလာတော့သည်။ သူ၏အိတ်ကို ငုံကြည့်ရင်း ဤနေရာတွင် ကိစ္စကြီးတစ်ခုကို ပြုလုပ်ခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။

ယခုအခါ သူ၏အိတ်သည် မီးကင်ခါစ အာလူးပူပူတစ်လုံးအလား ဆတ်ဆတ်အထိမခံဖြစ်နေသည့်အတွက် မည်သို့ပင်ဖြစ်စေကာမူ လိုအပ်သည်ထက်ပို၍ ကိုင်ထားလိုစိတ်မရှိတော့ပေ။ သရဲကြီးဘုရင်လက်ထဲ ဖြစ်နိုင်သမျှ မြန်မြန် ထည့်ပေးရန် လိုအပ်သည်........

ထို့ကြောင့် သူက အရှိန်တင်လိုက်ပြီး ဝိညာဥ်ရေနွေးအိုး၏ ထွက်ပေါက်ဆီသို့ ဦးတည်လိုက်သည်။ သို့သော် သူက ဝင်ပေါက်နှင့် နီးကပ်လာချိန်တွင် မတူညီသောဘက်မှ နောက်ထပ်အလင်းတန်းတစ်ခု တဟုန်ထိုးလာနေပြီး သူမရောက်ခင် အလျင်ရောက်သွားသည်ကို မြင်လိုက်ရသည်။

ယင်းသည်ကား ဝိညာဥ်ခရီးမြို့တော်မှ ရွှီရှန်မှလွဲ၍ တခြားသူ မဟုတ်ပေ။ တခဏအတွင်း သူမသည် ဝိညာဥ်ရေနွေးအိုး၏ ထွက်ပေါက်ဖြစ်သည့် ဧရာမလေပွေကြီးရှေ့တွင် ရပ်နေသည်။ ထိုလေပွေထဲ ခြေတစ်လှမ်းချလိုက်သည်နှင့် ဝိညာဥ်ရေနွေးအိုးထဲမှ ထွက်နိုင်မည်ဖြစ်သည်။

သို့သော် ရွှီရှန်က ထွက်ပေါက်ထဲ ခြေမချပေ။ ထိုအစား သူမက လမ်းကို တားနေသည့်အလား ရပ်နေသည်။ သူမက ပိုင်ရှောင်ချန်းကို ကြည့်ရန် လှည့်လိုက်သည့် အချိန်တွင် သူမ၏ ကျောက်စိမ်းပြားက တလက်လက်တောက်သွားပြီး ပျံတက်လာကာ သူမအား ဝန်းရံလိုက်သည်ကို မြင်လိုက်သောအခါ သူ ရင်လေးသွားတော့သည်။

" ဒီတစ်ကြိမ်ဘယ်ပြေးဦးမလဲ ပိုင်ဟောက် "

ရွှီရှန်က သူမကိုယ်သူမ အလွန်ဂုဏ်ယူနေသည့် လေသံဖြင့် ပြောလိုက်သည်။

ပိုင်ရှောင်ချန်းမှာ မျက်ရည်ထွက်တော့မတတ် ဆူပုပ်ပုပ်ဖြစ်သွားတော့သည်။ ရွှီရှန်ကို မြင်လိုက်သည်က သူ့ကို ချက်ချင်းပင် ခေါင်းကိုက်သွားစေသည်။ စောစောက ချင်းမေ့ယွမ်မှာ သူ့အတွက် အကြီးမားဆုံး ဆူးငြောင့်ခလုတ်ဖြစ်လိမ့်မည်ဟု တွေးမိခဲ့ပြီး စိတ်ရှုပ်စရာကောင်းသော ရွှီရှန်အကြောင်း လုံးလုံးမေ့နေခဲ့သည်။

သူက သူမကို တိုက်ခိုက်ရန် ကြိုးစားလျှင်တောင်မှ မည်သို့မျှ ထူးလိမ့်မည်မဟုတ်ပေ။ သူမက ထွက်ပေါက်တည့်တည့်တွင် မလှုပ်မယှက်ရပ်နေသည်။ သူမကို ဖြတ်ကျော်ရန်အတွက် သူတန်ရာတန်ကြေးတစ်ခုတော့ ပေးရမည်မှာ သေချာသည်။

" ဒါက မင်း လိုချင်တာပေါ့လေ ဟမ် “

ပိုင်ရှောင်ချန်းက ပြောသည်။

" ငါဘာလိုချင်တာလဲ "

သူမက သူ့ကို ဒေါသတကြီးစူးစိုက်ကြည့်ကာ ပြောသည်။

“ ငါက ငါ့ကို တွေ့တိုင်း နင်ဘာလို့ ထွက်ပြေးတာလဲ သိချင်တာ "

ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်၏။ သူ၏အသက်ချမ်းသာေစရန်အလို့ငှာ အမှန်အတိုင်းသာပြောရန် ဆုံးဖြတ်လိုက်ရင်း သူက ဆို၏။

" မင်းအဖေပေးထားတဲ့ အဲဒီကျောက်စိမ်းဆွဲပြားနဲ့ဆိုတော့ ငါဘယ်လိုမှ မင်းကို မတိုက်ခိုက်နိုင်ဘူးကွာ။ တိုက်ရင်အချိန်ကုန်နေမှာစိုးလို့ ငါပြေးပဲပြေးလိုက်တော့တာ "

" အချိန်ကုန်တယ် "

သူမက ပြန်အော်၏။ ထို့နောက် ရွှန်းလဲ့နေသော မျက်ဝန်းကလေးများဖြင့် သူမက မေးသည်။

“ ဟွန်း ဒါဆိုရင် ဘာလို့ လူတိုင်းကို လိုက်ဖမ်းနေသေးတာလဲ "

မှားသွားပြီဟုခံစားလိုက်ရရင်း သူက ရှင်းပြလိုက်သည်။

" ဒါက သရဲကြီးဘုရင်ရဲ့ အမိန့်လေ။ ငါ့လို ဘာမှမဟုတ်တဲ့ လူက သရဲကြီးဘုရင်ရဲ့ ဓမ္မအမိန့်ကို ဘယ်လိုလုပ်အာခံနိုင်မှာလဲ "

" တကယ်လား "

သူမက မယုံကြည်သေးသည့်အသွင်ဖြင့် မေးလိုက်သည်။

" ဟုတ်ပါတယ်ဆို။ တကယ်ပြောတာ၊ ဘယ်ဖက် ကြည့်ကြည့် အမှန်ပဲ "

အမျိုးမျိုး ကျိန်ဆိုပြီးနောက် သူက တခဏကြာ ချီတုံချတုံဖြစ်နေပြီးနောက် ထပ်ပြောသည်။

" အမ်၊ ဟေး…ဒီတစ်ကြိမ်တော့ မတိုက်ခိုက်ပဲနေကြရအောင်ကွာ။ ငါ့ကို ဒီနေရာကနေ ထွက်ခွင့်ပေးနော်၊ ဟုတ်ပြီလား "

ရွှီရှန်က မည်သို့မျှမပြောသေးဘဲ သူ့ပြောစကား မှန်၊ မမှန် ဆုံးဖြတ်ရင်း သူ့ကို ကြည့်၍သာနေသည်။ ပုံမှန်ဆိုလျှင် သူမသည် လွယ်လွယ်ယုံတတ်သူမဟုတ်ပေ။ သို့သော် မည်သည့်အကြောင်းကြောင့် မသိပါဘဲ သူက ယုံကြည်ရသည်ဟု သူမ ခံစားနေရသည်။ ရုတ်တရက် သူမက သူမ၏အိတ်ကို ပုတ်လိုက်ရာ ဝိညာဥ်ကျင့်ကြံသူဒါဇင်ကျော် အပြင်ထွက်လာ၏။

သူတို့သည် အမျိုးမျိုးသော မျိုးနွယ်စုများမှ လက်ရွေးစင်များဖြစ်ပြီး သူတို့အားလုံး ဆိုးဆိုးရွားရွာ ရိုက်နှက်ခံထားရသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများ ချုပ်နှောင်ခံထားရပြီး သူမ၏အိတ်ထဲမှ ထွက်လာသည်နှင့် သူတို့က စိတ်ထဲ ကျိန်ဆဲလိုက်ကြသော်လည်း အသံတစ်သံမျှ မထွက်ရဲကြပေ။ ထိုအစား သူတို့က ရွှီရှန်ကို ကြောက်လန့်မှုများအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။ ထိုလူအားလုံးသည် ထွက်ပြေးပြီး ပုန်းနေသည်ဟု သူထင်ထားခဲ့သူများဖြစ်သည်။ သူတို့အားလုံးကို မိန်းမကြမ်း ရွှီရှန်က ဖမ်းထားလိမ့်မည်ဟု သူတစ်ခါမှ မစဥ်းစားမိခဲ့ပေ။

" အမ် "

သူက အံ့အားသင့်စွာဖြင့် ရွှီရှန်ကို ငေးစိုက်ကြည့်ကာ အနှီရန်လိုတတ်သောမိန်းကလေးက မည်သို့ပြုမူချင်နေသည်ကို သိချင်နေတော့သည်။

" နင်က သရဲကြီးဘုရင်ရဲ့ အမိန့်ကြောင့်လုပ်နေတာဆိုတော့ ဒါတွေလဲ နင်ပဲ ယူသွားလိုက် "

သူမ စကားပြောလိုက်သည်တွင် သူမ၏အကြည့်က စောစောကကဲ့သို့ စူးရှပြတ်သားနေဟန်မပေါ်တော့သည့်အပြင် အလွန် ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်းလည်း မဟုတ်ပေ။ အမှန်တကယ်ဆိုရလျှင် သူမ၏မျက်လုံးများထဲရှိ အကြည့်နှင့်ပတ်သက်၍ နားလည်ရခက်သော အရိပ်အငွေ့များ ရောယှက်ပါဝင်နေသည်။

ပိုင်ရှောင်ချန်းမှာ ပို၍ တုန်လှုပ်သွားလေတော့သည်။ သို့သော် သူမ၏မျက်လုံးများထဲရှိ ထူးဆန်းသောအကြည့်ကို အခြေခံ၍ ယခင်က အမှန်ဖြစ်မည်ဟု မယုံနိုင်ခဲ့သော အရာတစ်ခုကို မအပ်မစပ် သူ စဥ်းစားလိုက်မိသည်။

" အာ၊ ငါသိပြီ " သူတွေးလိုက်၏။

" သူက သရဲကြီးဘုရင်ပြောတဲ့ ငါ့ကို ကူညီမယ့်လူတစ်ယောက်ပဲ ဖြစ်မယ် "

သူ့မျက်လုံးများ တလက်လက်တောက်ပလာပြီး ထိုအတွေးကို သူ့ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။

" မင်းကလဲ သရဲကြီးဘုရင်အတွက် အလုပ်လုပ်ေနတာလား "

သို့သော် မည်သို့သော အကြောင်းအရင်းေကြာင့်မသိ ရွှီရှန်က ရုတ်တရက် စိတ်ဆိုးသွားဟန်တူသည်။ သူမက ခြေဆောင့်နင်းလိုက်ပြီး လေပေါ်ပျံတက်ကာ လက်နှစ်ဖက်ကို ဆုပ်လိုက်ရင်း ပိုင်ရှောင်ချန်းထံ ပြေးဝင်လာသည်။

" စကားနည်းနည်းမှားတာနဲ့ တိုက်ခိုက်တာလား။ ဒီရွှီရှန်ကတော့ ရူးနေပြီ "

စိတ်ထဲတွင် ခါးသက်သက်ပြုံးလိုက်ရင်း သူက အသက်တစ်ချက်ရှူကာ ရှေ့တက်၍ အော်လိုက်သည်။

“ မင်း သတ္တိရှိရင် အဲဒီ ကျောက်စိမ်းဆွဲပြားမပါပဲ တိုက်လေ "

သူက လက်သီးဆုပ်လိုက်ပြီး ထိုးလိုက်သည်။

" ကောင်းပြီ။ ငါမသုံးဘူး"

ရွှီရှန်က ကတ်ကတ်လန် ပြန်ပြော၏။ ကျောက်စိမ်းပြား၏ အလင်းသည် မှေးမှိန်သွားပြီး သူမက ပိုင်ရှောင်ချန်းထံ တဟုန်းထိုးလာနေသည်။

ဝုန်းခနဲ ပေါက်ကွဲသံတစ်ခု မြည်ဟည်းသွားပြီး အရပ်မျက်နှာတစ်ခွင်သို့ လှိုင်းဂယက်များ ပျံ့နှံ့သွား၏။ ရွှီရှန်၌ လက်ဖျားခါလောက်အောင် မာကြောသော အပြင်အားခန္ဓာကိုယ်ရှိပါသော်လည်း ပိုင်ရှောင်ချန်း၏ ထိုးနှက်ခြင်းခံလိုက်ရသည့်နောက်တွင် သူမ၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး သူမ၏ခန္ဓာကိုယ်မှ အက်ကွဲသံများထွက်ပေါ်လာကာ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရသွားတော့သည်။ သို့တိုင်အောင် သူမ၏မျက်လုံးများထဲရှိ ထိုထူးဆန်းသော အကြည့်က ပို၍ အားကောင်းလာပြီး သူမက သူ့ကို ထပ်မံတိုက်ခိုက်ရန် လှည့်လိုက်သည်။

" ဒီ ရွှီရှန်ကတော့ ကျပ်မပြည့်ပေမယ့် ချစ်ဖို့ကောင်းတယ်။ သူက အကြည့်တွေနဲ့ ငါ့ခံစားချက်တွေကို ထွေပြားအောင်လုပ်ဖို့ ကြိုးစားနေတာပဲ "

သူက တုံ့ဆိုင်းနေပြီး သတိတကြီးဖြင့် နောက်ထပ်တိုက်ကွက်ထုတ်လိုက်ရာ ရွှီရှန်၏ပါးစပ်မှ သွေးများပန်းထွက်လာြပီး နောက်သို့ လွင့်ထွက်သွားသည်။ သူမ၏ ကျောက်စိမ်းဆွဲပြားကို တကယ် မသုံးကြောင်း စဥ်းစားလိုက်ရင်း ပိုင်ရှောင်ချန်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပို၍ ယုံကြည်လာတော့သည်။ ထို့နောက် သူက ရှေ့သို့ တဟုန်ထိုးပြေးတက်လာပြီး သူမကို လက်သီးဖြင့် ထိုးမည့်အစား သူမကျောကို ရိုက်ကာ ချက်ချင်း ချုပ်နှောင်လိုက်သည်။

ထိုကိစ္စအားလုံး အဆင်ပြေချောမွေ့နေခြင်းက ပိုင်ရှောင်ချန်းကို ထူးဆန်းသွားစေသည်။ သူက သူမကို ဆွဲယူလိုက်ရင်း ရင်တဒိန်းဒိန်းခုန်နေလျက် ငါးအကြီးကြီးတစ်ကောင်ကို မည်သို့ဖမ်းမိလိုက်ကြောင်း စဥ်းစားနေမိသည်။

" သူ့ သက်စောင့်အားနဲ့ဆို ရောစပ်အရိုးရဲ့အဋ္ဌမအဆင့်ကို ငါ ရောက်နိုင်တယ် "

ထိုအချက်ကို တွေးမိသောအခါ သူက ထာဝရထီးနက်ကို ထုတ်လိုက်ပြီး သူမကို ထိုးရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရွှီရှန်က ထီးနက်ကို လုံးဝလျစ်လျူရှုကာ နားလည်ရခက်သော အရိပ်အယောင်များ ေတာက်ပနေသည့် မျက်ဝန်းကလေးများဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။

“ ငါ နင့်ကို ချစ်တယ်၊ပိုင်ဟောက် "

" အမ် "

ပိုင်ရှောင်ချန်းမှာ မှင်သက်သွားပြီး ရွှီရှန်ကို မြေပြင်သို့ ဗုန်းခနဲ ပစ်ချလိုက်တော့သည်။

All Chapters