← Chapters

ပြေး

Vol. 8 Ch. 703

ပြေး

Vol. 8 Ch. 703

ရွှီရှန်၏ စကားလုံးများမှာ ပိုင်ရှောင်ချန်း၏ နားထဲတွင် မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေပြီး သူ အသိစိတ်လွတ်လုမတတ်ဖြစ်သွားရတော့သည်။ သူမ၏ မျက်ဝန်းထဲရှိ နားလည်ရခက်သော အကြည့်များကို သူ သံသယဝင်နေပါသော်လည်း သူမ၏ရင်ထဲတွင် သူ့ကို ချစ်ကြိုက်နေသည့် ခံစားချက်များ ရှိနေလိမ့်မည်ဟု ထင်မထားသဖြင့် ထိုယူဆချက်ကို ခေါင်းထဲမှထုတ်ထားခဲ့သည်။

သူတို့နှစ်ယောက်ဆုံတွေ့သည်မှာ ရက်အနည်းမျှသာ ရှိသေးသည်ဖြစ်ပြီး တချိန်လုံး ရန်သူများဖြစ်နေခဲ့သည် မဟုတ်ပါလော။ ဤ မိန်းမဆိုးလေး ရွှီရှန်၏ စိတ်ဝင်စားမှုကို ခံရစေရန် သူ မည်သည့်အရာများလုပ်ခဲ့မိသည်ကို ပိုင်ရှောင်ချန်းမှာ မတွေးနိုင်လောက်အောင် ဖြစ်နေရသည်။

သူက တအံ့တသြဖြင့် ရွှီရှန်၏ မျက်နှာကို အနီးကပ်လေ့လာကြည့်ရှုမိလိုက်သည်။ ထို့နောက် သူ၏အကြည့်မှာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားသည်။ အမှန်တကယ်တော့ သူမသည် ကြမ်းတမ်းသော ကိုယ်အမူအရာရှိပါသော်လည်း စွဲမက်ဖွယ်ကောင်းလှသော အလှပိုင်ရှင်လေးဖြစ်သည်။ သို့သော် သူသည် ထိုသို့တွေးမနေသင့်ကြောင်း ချက်ချင်းပင် ပြန်လည်အားတင်းလိုက်သည်။

" မဖြစ်ဘူး။ ဒီရွှီရှန်က ခေါင်းတစ်ခန်းလွတ်နေတာ။ ပြီးတော့ ကြမ်းကကြမ်းတမ်းသေးတယ်။ ငါ့မှာ ငါ့ရဲ့တုတုလေးရယ်၊ မမစုန့်ကျင်းဝမ်ရယ်၊ ဟိုရှောင်မေ့ရယ် ရှိပြီးသား။ ပြီးတော့ အဏ္ဏဝါခေါ်သံဂိုဏ်းမှာဆိုရင် ငါ့ကိုပြန်ကြိုက်မဲ့ မိန်းကလေးတွေ ထောင်ဂဏန်းနဲ့ချီပြီးရှိတာ။ အီး ငါက တကယ့်ကိုတော်တဲ့ကောင်ပါလား၊ ငါဘယ်သွားသွား မိန်းကလေးတွေက ငါ့နောက်ကို ပြေးလိုက်နေရတာပဲ။ ခေါင်းခဲစရာကောင်းလိုက်တာကွာ "

သူက စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း တပြိုင်နက်ထဲတွင် ထိုအချိန်တစ်ခဏကို အရသာခံလိုက်ပြီး ယခင်ကထက် ပို၍ယုံကြည်မှုပြင်းထန်ကာ သူ့ကိုယ်သူ ဂုဏ်ယူသွားတော့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူရရှိခဲ့သည့် မရေမတွက်နိုင်သော ရည်းစားစာများကို ပြန်တွေးမိလိုက်သောအခါ သူသည် သူ့ကိုယ်သူ အလွန်ဖျတ်လတ်ကာ တစ်မိုးအောက်တွင် ပြိုင်ဘက်ကင်းတစ်ယောက်ဟု သတ်မှတ်လိုက်တော့သည်။

အနီးအနားတွင် ချုပ်နှောင်ထား၍ မလှုပ်ရှားနိုင်အောင် လုပ်ခံထားရသည့် လက်ရွေးစင်တစ်ဒါဇင်ခန့်မှာလည်း ဆွံ့အနေကြပြီး မယုံမကြည်နိုင်လောက်အောင် ဂယောင်ခြောက်ခြား ဖြစ်နေကြတော့သည်။

ပိုင်ရှောင်ချန်းကမူ သက်ပြင်းချကာ သူ၏ထာဝရထီးကို သိမ်းဆည်းလိုက်သည်။ သူသည် မည်သူ့ကိုမှ ထိုထီးနှင့် ဆက်ထိုးချင်စိတ် မရှိတော့ပေ။ သူက သက်ပြင်းချကာ ရွှီရှန်ကို ဆုပ်ကိုင်၍ သူ၏အိတ်ထဲသို့ ထည့်လိုက်လေသည်။ အနှီမိန်းမဆိုးလေးမှာ သူ့ကို သဘောကျနေသူဖြစ်၍ သူ၏အိတ်ထဲရှိ ပို၍ သီးသန့်ဆန်ကာ ထူးခြားသည့်နေရာတစ်ခုတွင် ထားလိုက်တော့သည်။

ထိုထူးခြားသည့် နေရာတွင်ရှိနေသည့် တစ်ယောက်ထဲသော အခြားလူမှာ ချင်းမေ့ယွမ်ပင်ဖြစ်သည်။ အခြားမြေရိုင်းသားလက်ရွေးစင်များကိုလည်း သူ့အိတ်ထဲသို့ စုပြုံထည့်လိုက်သည်။ ထိုအရာအားလုံးပြီးနောက် သူသည် အသက်ကိုမှန်မှန်ရှူကာ ထွက်ပေါက်လေပွေကြီးကို ရင်တဒိန်းဒိန်းခုန်လျက် မော့ကြည့်လိုက်တော့သည်။ သူက တခဏကြာ တွေးတောလိုက်ပြီး သူ့ဝတ်ရုံ၏ အောက်ပိုင်းကိုဆုတ်ဖြဲလိုက်သည်။ သို့သော် ထိုမျှနှင့် လုံလောက်သေးဟန်မရှိသဖြင့် သူက သူ၏ပါးကို သူပြန်ရိုက်ကာ ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျစေသည်။ ထို့နောက် သူက ထွက်ပေါက်မှ ထွက်ခွာသွားတော့သည်။

ဝိညာဥ်ရေနွေးအိုးအပြင်ဘက်တွင် လူတစ်ရာကျော် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ကျိုးဟုန်ကို လမ်းပြလာသည့် တိမ်ကျနေသောမျက်ဝန်းပိုင်ရှင် အဘိုးကြီးဖြစ်စေ၊ ရွှီရှန်၏ လမ်းပြသူ အဘွားကြီးဖြစ်စေ လူတိုင်းမှာ တည်ကြည်စွာ ကြည့်နေကြသည်။ ဤ ဝိညာဥ်ရေနွေးအိုးထဲတွင် သူတို့၏တပည့်များ၊ အမွေဆက်ခံမည့်လူများ၊ မင်းသားများ၊ မင်းသမီးများအား ထိခိုက်အောင်လုပ်နိုင်မည့် အန္တရာယ်ကြီးမားသည့် အရာတစ်ခုမှမရှိကြောင်းကို သူတို့က ယုံကြည်နေကြသည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းအကြောင်းတွေးနေသူ များစွာ မရှိပေ။ သူသည် ဝိညာဥ်ရေနွေးအိုးထဲတွင် မည်သည့်အရာမှ အောင်မြင်နိုင်မည်မဟုတ်ဟုလည်း သူတို့ ယုံကြည်ထားကြသည်။

ဒုတိယမင်းသားကို လမ်းပြလာသည့် သက်လတ်ပိုင်းအရွယ် လူကြီးပင် ထိုအမူအရာရှိနေသည်။ သူသည် တည်ကြည်နေသည့်အမူအရာဖြင့် ဝိညာဥ်ရေနွေးအိုးကိုကြည့်ကာ ထိုထဲမှလူတိုင်း ပြန်၍ပေါ်ထွက်လာရန် စောင့်နေသည်။

အခြားလက်ရွေးစင်များနှင့် တာအိုအစောင့်အရှောက်များ မည်သို့ပြုမူနေသည်ကို ဖော်ပြန်ရန်ပင်မလိုပေ။ သူတို့အားလုံးမှာ အေးအေးဆေးဆေး ဖြစ်နေကြပြီး အများစုမှာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောကာ ရယ်မောနေကြသည်။ မည်သို့မည်ဖုံ ဖြစ်လာမည်ကို တစ်ယောက်မှ စိတ်ပူမနေပေ။ အခြားကောင်းကင်ဘုရင် သုံးပါးက ပူးပေါင်းထားသည်ဖြစ်၍ သရဲကြီးဘုရင်မှာ အရှုံးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူတို့အားလုံးက မလွဲမသွေ တွက်ထားကြသည်။

သူ အနိုင်ရရှိနိုင်ခြေမှာ လုံးဝမရှိပေ။ အများစုမှာ ပိုင်ဟောက်၏ဇာတ်လမ်းများကိုကြားဖူးကြပါသော်လည်း သူ့အား ချက်ချင်းပင် အတွေးထဲမှ ဖယ်ထုတ်လိုက်ကြသည်။ လူအများစုဆိုလျှင် သူသေသွားမည်ဟုပင် တွက်ထားကြသည်။

သူတို့သိလိုသည့် တစ်ခုထဲသောအရာမှာ အခြား မည်သည့်ကောင်းကင်ဘုရင်က သရဲဘုရင်သစ်သီးကို ရရှိသွားမလဲဆိုသည့်မေးခွန်း၏ အဖြေပင်ဖြစ်သည်။ ထိုနေရာတွင်ရှိနေသည့် လူအချို့မှာ လောင်းကြေးများပင်ထပ်နေကြပြီဖြစ်သည်။

" အမှားအယွင်းသာ မရှိရင် စစ်အောင်ဘုရင်လေးက အဲဒီပန်းပွင့်ကို အရယူနိုင်မှာ သေချာတယ် "

" အဲဒီလိုလည်း ကျိန်းသေတွက်လို့မရဘူးကွ။ မင်းသမီးလေး ရွှီရှန်က လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ သူသာ ခေါင်းမာပြီဟေ့ဆိုရင် စစ်အောင်ဘုရင်လေး ခေါင်းခဲရလောက်တယ် "

" မင်းသား ကျိုးဟုန်ကလည်း ရည်မှန်းချက်ကြီးပြီး စာနာသနားစိတ် လုံးဝမရှိတဲ့ လူတစ်ယောက်နော်။ လက်ရှိမျိုးဆက်မှာရှိတဲ့ အခြားလက်ရွေးစင်တွေအားလုံးကို သူကအနိုင်ယူထားတာ။ ကျိုးဟုန်က အခြားလူတွေထက် ပိုပြီး အနိုင်ရနိုင်ခြေများတယ်လို့ ငါထင်တယ်။ ဒါက တိုက်ပွဲစွမ်းရည်တစ်ခုထဲ စမ်းသပ်တဲ့ ပြိုင်ပွဲမှ မဟုတ်ပဲ "

နယ်စားကြီးေသမင်းအော်သံက ထိုစကားအမျိုးမျိုးကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းချလိုက်တော့သည်။ ယခုတွင် သူသည် မျှော်လင့်ချက်ကြီးကြီးမားမား ရှိမနေပဲ သရဲကြီးဘုရင် မည်သို့တွေးတောနေသည်ကိုလည်း မသိနိုင်အောင် ဖြစ်နေရသည်။ ဤကိစ္စမှာ အလွန်အရေးကြီးသည့်အတွက် အကယ်၍ နယ်စားကြီးသေမင်းေအာ်သံသာ ကြီးကြပ်ရပါက ပိုင်ဟောက်ကို တစ်ယောက်ထဲ အထဲသို့စေလွှတ်ခဲ့မည် မဟုတ်ပေ။ သူသည် တတ်နိုင်သမျှ လူအရေအတွက်များများ စေလွှတ်မည်သာ ဖြစ်ပြီး သရဲကြီးဘုရင်နှင့် အဆက်အသွယ်ရှိသော မျိုးနွယ်စုအားလုံးကို ဆင့်ခေါ်ကာ အောင်မြင်နိုင်ခြေအများဆုံးရရှိရန် ဆောင်ရွက်မည်သာဖြစ်သည်။

ပိုင်ဟောက်တစ်ယောက်ထဲနှင့် အနိုင်မရနိုင်ကြောင်း သူကိုယ်တိုင်ပင် ဝန်ခံရမည်ဖြစ်သည်။ နယ်စားကြီး သေမင်းအော်သံမှာ ဤနေရာတွင် ရှိသောလူများထက် ပိုင်ဟောက်အကြောင်းကို ပို၍ကောင်းကောင်းသိပြီး သူမည်မျှ ရက်စက်ကြမ်းကြုတ်ကာ သတ္တိရှိကြောင်း သတိထားမိပါသော်လည်း နတ်အဆင့်ကျင့်ကြံသူ သုံးယောက်ထံမှ ထွက်ပြေးခဲ့သည့်ကိစ္စက ဝိညာဥ်ရေနွေးအိုးထဲတွင် ဖြစ်ပျက်နေသည်နှင့် လုံးဝမတူနိုင်ပေ။

" ရှင်ဘုရင်မင်းမြတ်ကို ယုံစားရုံရှိတာပဲ "

နယ်စားကြီးသေမင်းအော်သံ က အသက်ပြင်းပြင်းရှူကာ တွေးလိုက်သည်။ ထို့နောက် သူက နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ ပုန်ကန်မှုများနှင့် သရဲကြီးဘုရင်၏ ကိုင်တွယ်ဖြေရှင်းမှုများကို ပြန်တွေးမိလိုက်သောအခါ ယခုထွက်ပေါ်လာမည့် ရလဒ်အတွက် အနည်းငယ်မျှော်လင့်ချက် ရှိလာသည်။

ထိုကိစ္စကို လူတိုင်း ဆွေးနွေးနေကြစဥ် ဝိညာဥ်ရေနွေးအိုးမှာ ရုတ်တရက်တုန်ရီလာပြီး အတွင်းထဲမှ ထစ်ချုန်းသံများ ပဲ့တင်ထွက်လာသည်။ ရေနွေးအိုး၏ အဝမှ မြူခိုးများစီးထွက်လာသဖြင့် ထိုတစ်ဝိုက်ရှိ လူတိုင်းမှာ အာရုံစိုက်လိုက်ကြသည်။

သောကကင်းဝေးကိုးသွယ်မြို့မှ အဘိုးကြီး၊ ဝိညာဥ်ခရီးမြို့မှ အဘွားကြီးနှင့် ဗဟိုဧကရာဇ်မြို့မှ သက်လတ်ပိုင်း လူကြီးတို့မှာ ထွက်ပေါက်အား အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

" ဘယ်သူ အရင်ဆုံးထွက်လာမှာလဲ "

လူတိုင်းမှာ ထိုမေးခွန်းကို အဖြေရှာနေသည်။

နယ်စားကြီးသေမင်းအော်သံ ကမူ ခေါင်းယမ်းကာ ပိုင်ဟောက်မှာ ထွက်မလာနိုင်လောက်ဟု တွေးနေတော့သည်။ သို့သော် သူသည် ထွက်ပေါက်ကို ကြည့်နေဆဲပင်။

လူတိုင်းမှာ အာရုံစူးစိုက်ကာ ကြည့်နေကြစဥ် ညစ်ပတ်ပေရေနေသည့် လူတစ်ယောက်က ဝိညာဥ်ရေနွေးအိုးအပြင်ဘက်သို့ လျင်မြန်စွာ ပျံထွက်လာနေသည်ကို မြင်လိုက်ရသည်။

" သူပဲ "

" ဘာလို့ သူကပထမဆုံး ထွက်လာတဲ့လူ ဖြစ်နေရတာလဲ "

" ပိုင်ဟောက်က အထဲမှာ သေမသွားဘူးလား "

လူတိုင်းမှာ ဆွံ့အနေကြပြီး နယ်စားကြီး သေမင်းအော်သံ၏မျက်ဝန်းများမှာမူ မယုံကြည်နိုင်မှုများဖြင့် တောက်ပနေသည်။

ပိုင်ရှောင်ချန်း၏ ဆံပင်ရှည်များမှာ ရှုတ်ထွေးနေပြီး သူ၏အဝတ်အစားများမှာ စုတ်ပြဲနေသည်။ သူ၏ အငွေ့အသက်မှာ အားနည်းနေပြီး သူ၏မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခုကိုမြင်နိုင်သည်။ သူသည် မျက်မှောင်ကြုတ်နေသည်ဖြစ်ပြီး စိတ်တိုနေသည်မှာ အထင်အရှားပင်။ လူတိုင်းမှာ သူသည် ရူးသွပ်လုဆဲဆဲ ဖြစ်နေပြီဟု ထင်သွားကြသည်။

" တရားလွန်လိုက်တာ။ အဓိပ္ပါယ်မရှိတာကွာ "

သူကဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက အပြင်သို့ရောက်လာသည်နှင့် နယ်စားကြီး သေမင်းအော်သံဆီသို့ အမြန်ဆုံး ပျံသန်းလာတော့သည်။

" သွားစို့ဗျာ "

သူက မတရားခံလိုက်ရသည့်လေသံဖြင့် ဆိုလိုက်သည်။ သူသည် သူ၏မျှော်လင့်ချက်များနှင့် အိပ်မက်များမှာ ပြာကျသွားသည့်အလား စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ပုံပေါက်နေသည်။ သူသည် နယ်စားကြီး သေမင်းအော်သံဆီမှ အဖြေကိုပင်မစောင့်တော့ဘဲ အဝေးသို့ ဒေါသတကြီး ပျံထွက်သွားသည်။ အတွင်းစိတ်ထဲတွင်မူ သူ အလွန်စိုးထိတ်နေပြီဖြစ်သည်။ တချိန်ထဲမှာပင် ဝါရင့်မျိုးဆက်ဝင်များကို တစ်ကွက်ကျော်ရိုက်ရသည့် ခံစားချက်ကြီးမှာ သူ့အတွက် အလွန် စိတ်လှုပ်ရှားစရာကောင်းနေသည်။ သို့သော် တစ်ယောက်ယောက်ကသာ သူ၏ဟန်ဆောင်မှုကို ရိပ်မိသွားပြီး သေသေချာချာ စစ်ဆေးလိုက်ပါက သူတို့အားလုံး ပွက်ပွက်ညံသွားကြမည်မှာ ဧကန်ပင်။

နယ်စားကြီးသေမင်းအော်သံ ကမူ အံ့အားသင့်နေဆဲဖြစ်ပြီး သက်ပြင်းချလိုက်ကာ ဝိညာဥ်ရေနွေးအိုးထဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို တွေးတောချိန်ဆနေတော့သည်။ သူ၏အမြင်တွင် ပိုင်ဟောက်မှာ အဆုံးမဲ့လောက်အောင် နှိပ်စက်ခံခဲ့ရမည်မှာ သေချာနေသဖြင့် သူသည် ခေါင်းယမ်းကာ ပိုင်ရှောင်ချန်းနှင့်အတူ ထွက်ခွာသွားတော့သည်။

သူတို့ထွက်ခွာသွားသောအခါ လူအုပ်ထဲရှိ လူများစွာက အထင်မြင်သေးသည့် လေသံများဖြင့် စတင်ရယ်မောလိုက်ကြတော့သည်။

" ပိုင်ဟောက်၊ ဘာလို့ ပထမဆုံးထွက်လာလဲဆိုတာ ငါသိပြီ။ သူအထဲမှာ အနိုင်ကျင့်ခံခဲ့ရပြီး ဘယ်သူ့ကိုမှ ပြန်မချရဲခဲ့ဘူးနေမှာ။ သူ့အနေနဲ့ ထွက်ပြေးနိုင်ဖို့ ဝိညာဥ်ရေနွေးအိုး ပြန်ပွင့်လာတာကို စောင့်နေရုံပဲ ရှိမှာ "

" ပိုင်ဟောက်မှာ တမူထူးခြားတဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာတော့ အသိအမှတ်ပြုရမယ်။ သူအသတ်မခံလိုက်ရတဲ့ အချက်နဲ့တင် အံ့သြဖို့ကောင်းနေပါပြီ။ ဒါပေမဲ့ သူဒီနေ့ရလိုက်တဲ့ သင်ခန်းစာကြောင့် သူ့တစ်ဘဝလုံး ခေါင်းငုံ့နေရလောက်ပြီ။ တော်တော် နာကျည်းစရာကောင်းမဲ့ သင်ခန်းစာတစ်ခု ဖြစ်မှာပဲ "

" သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ တစ်ခုထဲသော အကြောင်းပြချက်က အမွေဆက်ခံမဲ့လူတွေက သရဲကြီးဘုရင်ကို မစော်ကားမိချင်လို့ ထင်တယ်။ ဒါပေမဲ့ သေချာပါတယ်။ သူတို့က ဒီပိုင်ဟောက်ကို ကြမ်းတမ်းပြီး ရှက်ဖို့ကောင်းတဲ့ သင်ခန်းစာတွေပေးလိုက်လိမ့်မယ်။ ထားပါ၊ သူတို့တွေ ခဏနေရင် အကုန်ထွက်လာတော့မှာဆိုတော့ အဲဒီအခါမှ ဖြစ်ကြောင်းကုန်စင်ကို နားထောင်ကြတာပေါ့ " တာအိုအစောင့်အရှောက်များမှာ စောင့်ဆိုင်းရင်း ဟားတိုက်ကာ စကားပြောနေကြတော့သည်။

ဤသို့ ဖြစ်သွားရသည်မှာ ပိုင်ရှောင်ချန်း၏ ပီပြင်လှသော ဟန်ဆောင်မှုကြောင့်မဟုတ်ပေ။ သူတို့၏ တွေးခေါ်ပုံမှားယွင်းနေခြင်းကြောင့်သာ ဖြစ်သည်။ လူတစ်ယောက်မှာ လူအယောက်တစ်ရာကျော်ကို ယှဥ်နိုင်လိမ့်မည်ဟု မည်သူမှမတွေးမိထားပေ။ ဖြစ်နိုင်ခြေမှာ အလွန်နည်းလွန်းလှသည် မဟုတ်ပါလော။

သောကကင်းဝေး ကိုးသွယ်မြို့၊ ဝိညာဥ်ခရီးမြို့နှင့် ဗဟိုဧကရာဇ်မြို့မှ တာအိုအစောင့်အရှောက်များပင်လျှင် ပိုင်ဟောက်ကို အတွေးထဲ မထည့်ကြပေ။

ထို့ကြောင့် သူတို့မှာ ဆက်၍စောင့်ဆိုင်းကာ ထွက်ပေါက်ကို တည်တည်ငြိမ်ငြိမ်စောင့်ကြည့်ပြီး လူအများထွက်လာရန် စောင့်ဆိုင်းနေကြသည်။ ခဏအကြာတွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ခန့် ကုန်သွားသော်လည်း သူတို့မှာ စိတ်မပူသေးပေ။ အထဲရှိ ပြင်းထန်သောတိုက်ပွဲကြီးမှာ ပြီးဆုံးရန် အချိန် အတိုင်းအတာတစ်ခုထိလိုမည် မဟုတ်ပါလော။

ထိုစဥ် ပိုင်ရှောင်ချန်းမှာ ထိုနေရာမှ တတ်နိုင်သမျှအမြန်ဆုံး ထွက်ခွာနေသည်။ နယ်စားကြီး သေမင်းအော်သံမှာ သူ၏ဘေးတွင်ရှိပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်ချိန်တွင် ပိုင်ရှောင်ချန်းက အလောတကြီး ဆိုလိုက်လေသည်။

“ မိတ်ဆွေကြီး သေမင်းအော်သံ ရေ။ သရဲဘုရင် တိုက်ပွဲသုံး စစ်သင်္ဘောကို ထုတ်လိုက်တော့ "

သူ၏ လေသံမှာ စိုးထိတ်မှုများဖြင့် တုန်ရီနေသောကြောင့် နယ်စားကြီးသေမင်းအော်သံ မှာ အလွန်အံ့အားသင့်သွားရတော့သည်။

" ဘာတွေဖြစ်နေတာတုံး "

သူက စစ်သင်္ဘောကို အလျင်အမြန် ထုတ်ကာ ပြန်မေးလိုက်သည်။

ထိုအခါ ပိုင်ရှောင်ချန်းမှာ သင်္ဘောကုန်းပတ်ပေါ် ခုန်တက်ကာ အလောတကြီး ပြန်ဖြေလိုက်သည်။

" ပြေးတော့ဗျို့ "

နယ်စားကြီးသေမင်းအော်သံမှာ မျက်လုံးပြူးသွားပြီး ရုတ်တရက် နှလုံးခုန်နှုန်းမြန်လာတော့သည်။ သရဲကြီးမြို့တော်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ဘေးဒုက္ခများကို သူကပြန်အမှတ်ရသွားသောအခါ ကျောချမ်းသွားရတော့သည်။ သို့သော် ခဏအကြာတွင် သူ၏အမူအရာမှာ ဝင်းပသွားပြီး တွေဝေမနေတော့ပဲ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကိုထုတ်ကာ စစ်သင်္ဘောကြီးကို အဝေးသို့ ခေါ်ဆောင်သွားတော့သည်။

All Chapters