အခန်း (၅၀၁-၅၀၂)
Vol. 51 Ch. 501-502
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၅၀၁ - တိုက်ပွဲဖြင့် တိုက်ပွဲကို ထောက်ပံ့ခြင်
ဓားအသွင်ပြောင်းခြင်း အတတ်ပညာ ဟာ သင်္ဘောနဲ့ သွားတာထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်။
ဒါဟာ ကျန်ရှိနေတဲ့ သုံးနှစ်တာ ခရီးစဉ်ကို သုံးပုံနှစ်ပုံလောက်အထိ လျှော့ချပေးနိုင်မှာပါ။
သာမန်ကျင့်ကြံသူတွေဆိုရင်တော့ ပင်လယ်ပြင်မှာ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားမှာကို ကြောက်လို့ ဒီလိုစွန့်စားမှာ မဟုတ်ပေမယ့် ဖန့်ချန်အတွက်တော့ ဒါက အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
ဖန့်ချန်ရဲ့ ဝိညာဉ်စွမ်းအားဟာ အလွန်ကြွယ်ဝလှပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ရဲ့ အထွတ်အထိပ်မှာ ရှိနေသလို၊ သူ့ရဲ့ ပြန်လည်ပြည့်ဖြိုးစွမ်းအား ကလည်း အံ့မခန်းပါပဲ။
တိုက်ပွဲအရှည်ကြီးထဲ ဆွဲသွင်းမခံရသရွေ့ သူ့ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်တော့မှ မကုန်ခမ်းနိုင်သလောက်ပါပဲ။
"သခင်လေး သုံးလတောင် ရှိသွားပြီ ကျမ ခုထိ ရိပ်ခြေဗုဒ္ဓကျင့်စဉ် ကို မတတ်မြောက်နိုင်သေးဘူး"
နတ်မိမယ်ယွီက အပြစ်မကင်းသလို ခံစားချက်နဲ့ ပြောလိုက်ပါတယ်။
ဒီကျင့်စဉ်ရဲ့ အစွမ်းထက်ပုံကို ကိုယ်တိုင်မြင်တွေ့ထားရတာကြောင့် သူမသာ ဒါကို တတ်မြောက်သွားရင် ဖန့်ချန်အပေါ် ကျရောက်နေတဲ့ ရန်သူတွေရဲ့ ဖိအားကို အများကြီး လျှော့ချပေးနိုင်မယ်ဆိုတာ သူမ သိပါတယ်။
ဒါပေမဲ့ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ မမြင်ရတဲ့ စည်းတစ်ခုက သူမကို တားဆီးထားသလို တိုးမပေါက် ဖြစ်နေရပါတယ်။
"မတတ်နိုင်ရင်လည်း ထားလိုက်ပါ"
ဖန့်ချန်က ပြုံးပြီး နှစ်သိမ့်လိုက်ပါတယ်။
"မင်းက ရွှေအမြုတေအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်နေပြီပဲ ငါတို့ခရီးက ဘယ်လောက် ချောမွေ့နေလဲ မင်း သတိမထားမိဘူးလား"
ဒီသုံးလအတွင်းမှာ သူတို့ ရွှေအမြုတေအဆင့် လိုက်ဖမ်းသူပေါင်း ၁၀၀ ကျော်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအထဲက အနည်းဆုံး ၈၀ လောက်က နတ်မိမယ်ယွီရဲ့ ဓားအောက်မှာ လဲကျခဲ့တာပါ။
ပြောင်းပြန်ထာဝရရှင် မိစ္ဆာသန္ဓေသား ရဲ့ ထူးခြားချက်က အလွန်ကြောက်စရာကောင်းပါတယ်။
နတ်မိမယ်ယွီဟာ သူမသတ်လိုက်တဲ့သူတွေရဲ့ သက်တမ်းအချို့ကို ဝါးမြိုရရှိပါတယ်။
ပြီးရင် သူမရဲ့ ကျင့်စဉ်တွေကို အဲဒီသက်တမ်းတွေနဲ့ လဲလှယ်ပြီး ထုတ်ဖော်တဲ့အခါ ဓားချက်တိုင်းက အလွန်အစွမ်းထက်သွားတာပါ။
ဒါဟာ ဖန့်ချန်ရဲ့ ရှစ်မျက်နှာအရပ် ဓားကျမ်း ရဲ့ ဒုတိယဓားချက်နဲ့တောင် ယှဉ်နိုင်စွမ်း ရှိပါတယ်။
ဒီတိုက်ပွဲပုံစံက ဖန့်ချန်အတွက် အများကြီး သက်သာစေပါတယ်။
သူက သူမကို ကာကွယ်ပေးဖို့ ပထမဓားချက်ကို သုံးရုံပဲ လိုပြီး တကယ့် အထွတ်အထိပ် ရွှေအမြုတေအဆင့်နဲ့ တွေ့မှသာ ဒုတိယဓားချက်ကို သုံးရတာပါ။
အခုဆိုရင် ဒုတိယဓားချက်က သူ့အတွက် အသုံးစရိတ် သက်သာနေပြီး တတိယဓားချက်မှသာ သက်တမ်းကို သုံးရမှာ ဖြစ်ပါတယ်။
ရန်သူတွေဆီက ရတဲ့ အဝါရောင်အဆင့် ရတနာတွေကြောင့် ဓားငယ်လေး ကလည်း ပိုမိုသန်မာလာသလို ဖန့်ချန်ရဲ့ ဓားခန္ဓာကိုယ် ကလည်း ပိုပြီး တောင့်တင်းလာပါတယ်။
ထိုက်ချူ ကို ရောက်ရင် ဓားလေးက အဆင့် ၄ ကို ရောက်လိမ့်မယ်လို့ သူ ယုံကြည်နေပါတယ်။
သို့သော်လည်း နောက်ပိုင်းမှာ လိုက်ဖမ်းသူတွေ နည်းသွားတာကို ဖန့်ချန် သတိထားမိပါတယ်။
အရင်က လေးငါးရက်တစ်ခါ တွေ့ရပေမယ့် အခုဆိုရင် မတွေ့ရတာ ဆယ့်ငါးရက်ကျော်ပါပြီ။
ဒါက နတ်မိမယ်ယွီမှာ အစွမ်းထက်တဲ့ အဖော်ရှိနေပြီဆိုတဲ့ သတင်း ပြန့်သွားလို့ ကျင့်ကြံသူတွေ တွန့်ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။
ခရီးဆက်ရင်း နတ်မိမယ်ယွီက အရှေ့တောင်ဘက်ကို ညွှန်ပြပါတယ်။
"သခင်လေး ထိပ်တန်းအဆင့် အဝါရောင်ရတနာတွေ လိုချင်တယ်ဆို ရှေ့မှာ ကွေ့ရှူး လို့ ခေါ်တဲ့ အဆင့် ၃ အင်ပါယာတစ်ခု ရှိတယ် အဲဒီမှာ ဝယ်လို့ရနိုင်တယ်"
ဖန့်ချန်က သဘောတူလိုက်ပါတယ်။
သူ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံး ၄ သိန်း ၇ သောင်းလောက် ရှိနေတာမို့ ဒါတွေကို ရတနာအဖြစ် ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ကျောက်တုံးတွေက သူ့အတွက် ကျင့်ကြံဖို့ မလိုဘဲ ငွေကြေးသက်သက်ပဲလေ။
ကျွန်းပေါ်ကို ရောက်တဲ့အခါ ရိပ်ခြေဗုဒ္ဓကျင့်စဉ် ရဲ့ အစွမ်းက ပေါ်လွင်လာပါတယ်။
သူတို့နှစ်ယောက်ဟာ အရိပ်တွေကြားကနေ လျှပ်စီးလို မြန်မြန်ဆန်ဆန်နဲ့ မြို့တော်ဆီ ဦးတည်လာကြပါတယ်။
လမ်းတစ်လျှောက်မှာ ဖန့်ချန်က မေးလိုက်ပါတယ်။
"ယွီလေး ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှာ ဖြစ်ခဲ့တာတွေက နောက်ကွယ်က ကြံစည်မှုရှိနိုင်တယ်လို့ မင်း မတွေးမိဘူးလား"
နတ်မိမယ်ယွီ မျက်နှာ ပျက်သွားပါတယ်။
"ကျမ သံသယရှိခဲ့ပါတယ် ကိုင်ဝူ က ကျမရဲ့ လျှို့ဝှက်ကျင့်ကြံတဲ့အခန်းထဲကို ဘယ်သူမှ မသိဘဲ ဘယ်လိုဝင်လာနိုင်တာလဲ ဒါပေမဲ့ ဘယ်သူက ကျမကို ဒုက္ခပေးချင်တာလဲဆိုတာ ကျမ မသိဘူး စီနီယာအစ်မ ကျင့် ကတော့ ကျမကို အမြဲ ဂရုစိုက်ခဲ့တာ"
"ဒါ ဝိညာဉ်သွေးဂိုဏ်း ရဲ့ လက်ချက်ဆိုရင်ကော"
ဖန့်ချန်က ခန့်မှန်းလိုက်ပါတယ်။
"မင်းနဲ့ အစ်မကျင့်က ဂန့်ချီအင်ပါယာမှာ ပေါ်လာခဲ့သလို မင်းတို့ဂိုဏ်းက ဝိညာဉ်သွေးဂိုဏ်းသား အများကြီးကို သတ်ခဲ့ဖူးတယ် ဒါက မင်းတို့ဂိုဏ်းနဲ့ ကောင်းကင်ဘုရင်ကျန့် ကို ရန်တိုက်ပေးချင်တာလည်း ဖြစ်နိုင်တယ်"
"တကယ်လို့ မင်းသာ မိစ္ဆာသန္ဓေသားကြောင့် အသက်မရှင်ခဲ့ရင် ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ဖူးလား"
" မင်း အရှက်ခွဲခံရပြီး သေသွားမယ် အဲဒီအခါ မင်းတို့ဂိုဏ်းက ဘိုးဘေးတွေက ကောင်းကင်ဘုရင်ကျန့်နဲ့ အသေအလဲ တိုက်ကြလိမ့်မယ် အဲဒီမှာ နှစ်ဖက်စလုံး အကြီးအကျယ် ပျက်စီးကုန်မှာပဲ"
နတ်မိမယ်ယွီရဲ့ မျက်လုံးထဲမှာ ဒေါသတွေ ထွက်ပေါ်လာပါတယ်။
"ဒါဆို ဒါက ဝိညာဉ်သွေးဂိုဏ်းရဲ့ ကြိုးကိုင်မှုဆိုရင် သူတို့က လက်မတင်လေးနဲ့ ကလဲ့စားချေလိုက်တာပေါ့"
သူတို့ ကွေ့ရှူးမြို့တော်ကို ရောက်တဲ့အခါ ဖန့်ချန်က သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။
မြို့ထဲမှာ ဝိညာဉ်သန္ဓေသားအဆင့် ၁၀ ယောက်ကျော်နဲ့ အလွန်ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။
ဒါဟာ သိမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါပါပဲ။
ဖန့်ချန်ဟာ သတိထားပြီး သူ့ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
အရင်ကလို မဆင်မခြင် မလုပ်ရဲတော့ပါဘူး။
မြို့ထဲကို ရောက်တဲ့အခါ ဆိုင်ကြီးတစ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ရပါတယ်။
"ဒီမှာလည်း နဂါးပျံဆောင် ရှိတာပဲ ချီယွီရွှမ် ပြောတာ မလိမ်ဘူးပဲ"
သူ ဆိုင်ထဲကို ဝင်သွားပါတော့တယ်။
တိမ်မြုပါဒေသက ကောင်းကင်ရတနာခန်းမ ကိုတော့ ဒီဘက်မှာ လုံးဝ မတွေ့ရတော့ပါဘူး။
အခန်း ၅၀၂ - ဒီနေ့တော့ ကမ္ဘာပျက်မယ့် အမှုကြီး ဖြစ်တော့မယ်
နဂါးပျံဆောင် ဟာ အလွန်ကြီးမားကျယ်ဝန်းလှပြီး အထဲကို ဝင်ထွက်သွားလာနေကြတဲ့ ကျင့်ကြံသူတွေဟာလည်း ကျင့်ကြံမှုအဆင့်အတန်း မြင့်မားကြသူတွေချည်းပါပဲ။
ဖန့်ချန် ခြေလှမ်းလှမ်းဝင်လိုက်တာနဲ့ လူအတော်များများက သူ့ကိုရော၊ ဘေးက နတ်မိမယ်ယွီကိုပါ တိတ်တဆိတ် အကဲခတ်နေကြတာကို သတိထားမိလိုက်ပါတယ်။
ဒါပေမဲ့ အကြည့်အများစုကတော့ ဖန့်ချန်ထက် နတ်မိမယ်ယွီဆီမှာပဲ စုပြုံနေကြတာပါ။
ဖန့်ချန်က ပြုံးလိုက်ပြီး နတ်မိမယ်ယွီဆီကို အသံလွှင့်ကာ ပြောလိုက်ပါတယ်။
"ယွီလေး ခဏနေရင် ပြဿနာတချို့ တက်လာနိုင်တယ် မင်း အဆင်သင့်ပဲလား"
နတ်မိမယ်ယွီကလည်း ခပ်ယဲ့ယဲ့လေး ပြုံးရင်း ခေါင်းကို အသာအယာ ငြိမ့်ပြပါတယ်။
ဖန့်ချန်က သူမကိုခေါ်ပြီး ပထမထပ်မှာ ခဏလောက် လှည့်ပတ်ကြည့်ရှုနေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စတုတ္ထထပ်ကို တိုက်ရိုက် ဦးတည်လိုက်ပါတယ်။
စတုတ္ထထပ်မှာ ရောင်းချနေတဲ့ အရာတွေကတော့ ထိပ်တန်းအဆင့် အဝါရောင် ဝိညာဉ်ပစ္စည်းတွေ၊ ရတနာတွေနဲ့ ဝိညာဉ်ဆေးပင်တွေ ဖြစ်ပါတယ်။
ဒီအထပ်မှာတော့ ဈေးဝယ်သူ သိပ်မရှိဘဲ ရှိတဲ့သူတွေကလည်း အနည်းဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေချည်းပါပဲ။
သူတို့ ရောက်ရောက်ချင်းမှာပဲ ဝန်ထမ်းတစ်ယောက်က ပျာပျာသလဲ လာရောက်ကြိုဆိုပါတယ်။
"စီနီယာတို့အတွက် ဘာများ ကူညီပေးရမလဲခင်ဗျာ"
ဖန့်ချန်က ပွင့်လင်းစွာပဲ မေးလိုက်ပါတယ်။
"ငါတို့က ထိပ်တန်းအဆင့် အဝါရောင်ရတနာ တွေကို ရှာနေတာ ဒီမှာ ရှိသလား"
"ထိပ်တန်းအဆင့် အဝါရောင်ရတနာ ဟုတ်လားခင်ဗျာ"
ဝန်ထမ်းက အနည်းငယ် အံ့သြသွားပေမယ့် သူက လောကအတွေ့အကြုံရှိသူမို့ ချက်ချင်းပဲ အပြုံးကို ပိုမိုနွေးထွေးအောင် ပြောင်းလိုက်ပြီး
"ရှိပါတယ်ခင်ဗျာ အခုလေးတင် အဲဒီလို ရတနာ ၃ ခု ရောက်ထားတာ ရှိတယ် ကြည့်ချင်ပါသလား"
လို့ ပြန်မေးပါတယ်။
ဖန့်ချန်တို့ ကောင်တာဘက်ကို လျှောက်သွားရင်း ဈေးနှုန်းကို မေးပါတယ်။
ဒါပေမဲ့ ကောင်တာကို မရောက်ခင်မှာပဲ ဖန့်ချန်က ပြတ်သားစွာ ပြောလိုက်ပါတယ်။
"ကြည့်နေဖို့ မလိုတော့ဘူး အကုန်လုံးကို ငါ ယူမယ်"
ပြောပြောဆိုဆိုနဲ့ ဖန့်ချန်က ဝိညာဉ်ကျောက်တုံး ၃၂,၀၀၀ ကျော်ကို ထုတ်ပေးလိုက်တဲ့အခါ ဝန်ထမ်းရဲ့ မျက်နှာက အံ့အားသင့်မှုတွေနဲ့ ပြည့်သွားပါတော့တယ်။
အချိန်အတော်ကြာ မှင်သက်နေပြီးမှ သတိပြန်ဝင်လာပြီး ဖန့်ချန်အတွက် ရတနာ ၃ ခုကို သွားယူပေးပါတယ်။
အဲဒီအချိန်မှာပဲ ဖန့်ချန်တို့ အနောက်ကနေ အေးစက်ပြီး ခနဲ့တဲ့တဲ့ အသံတစ်ခု ထွက်ပေါ်လာပါတယ်။
"သေလူတစ်ယောက်က ထိပ်တန်းအဆင့် ရတနာတွေ ဝယ်နေတာလား မင်းက အဲဒါတွေကို မြေမြှုပ်တဲ့အခါ အသုံးအဆောင်ပစ္စည်းအဖြစ် ထည့်ဖို့ ဝယ်တာလား"
ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ လှည့်ကြည့်လိုက်တဲ့အခါ မထီမဲ့မြင် အကြည့်တွေနဲ့ ကြည့်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ နဂါးပျံဆောင်ရဲ့ အပြင်ဘက်က လက်ဖက်ရည်ဆိုင်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၂၀ ခန့် စုဝေးနေကြပါတယ်။
အဲဒီအထဲမှာ အထွတ်အထိပ်အဆင့် ၂ ယောက်တောင် ပါဝင်ပါတယ်။
"အစ်ကိုကျောက် အပေါ်ထပ်ကို စုံစမ်းဖို့ တက်သွားပြီ အဲဒီလူက သတင်းတွေထဲကလို ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကဆိုရင် ကျုပ်တို့ သတိထားရမယ်"
လို့ ကျင့်ကြံသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ အထွတ်အထိပ်အဆင့် တစ်ယောက်က နှာခေါင်းရှုံ့ရင်း
"ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက ဒီကိစ္စမှာ ဝင်မပါဘူးလို့ ကတိပေးထားပြီးသား သူတို့ ကတိဖျက်ရင် သူတို့ပဲ ခံရမှာပေါ့ ကျုပ်တို့နောက်မှာ ကောင်းကင်ဘုရင်ကျန့် ရှိနေတာပဲ ဘာကြောက်စရာလိုလဲ"
လို့ ပြန်ပြောပါတယ်။
အဲဒီအုပ်စုထဲမှာ ပါတဲ့ ပိုင်ရှို့ကျဲဆိုသူကတော့ ထူးခြားပါတယ်။
သူက ရွှမ်ဝမ်ဂိုဏ်း က ဖြစ်ပြီး သူ့ဂိုဏ်းက အကြီးအကဲတစ်ယောက်ဟာ အခုလေးတင် သိမြင်ခြင်းအဆင့် ကို ရောက်သွားတာကြောင့် သူတို့ဂိုဏ်းက အရှိန်အဝါ တက်နေတာပါ။
"အစ်ကိုကျောက် ဘာလို့ ပြန်မဆင်းလာသေးတာလဲ"
လို့ တစ်ယောက်က မေးနေတုန်းမှာပဲ ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ ဆိုင်ထဲက ထွက်လာတာ မြင်လိုက်ရပါတယ်။
ဖန့်ချန်က သွေးတွေ စိုရွှဲနေတဲ့ လူခေါင်း တစ်လုံးကို မြေပြင်ပေါ် လွှဲပစ်လိုက်ပြီး အဲဒီခေါင်းကို ခြေထောက်နဲ့ နင်းထားရင်း ပြုံးပြီး ပြောလိုက်ပါတယ်။
"မင်းတို့က ဒီမသာကို လွှတ်ပြီး ငါ့ကို လာစမ်းတာလား သူ သေမှာကို သိသိကြီးနဲ့လေ"
ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အားလုံး ဒေါသတကြီးနဲ့ ထရပ်လိုက်ကြပါတယ်။
ပိုင်ရှို့ကျဲက
"သွားတွေ့ကြတာပေါ့"
လို့ ပြောပြီး အောက်ထပ်ကို ဆင်းလာပါတယ်။
နဂါးပျံဆောင်ရှေ့မှာ လူသတ်မှု ဖြစ်နေပေမယ့် ဆိုင်ကလူတွေက ဘာမှဝင်မပါဘဲ ငြိမ်ကြည့်နေတာကို မြင်တော့ လူတွေက အံ့သြနေကြပါတယ်။
ပိုင်ရှို့ကျဲတို့နဲ့အတူပါလာတဲ့ အထွတ်အထိပ် ရွှေအမြုတေအဆင့် တစ်ယောက်က
"မင်းတို့ နဂါးပျံဆောင်က ဘာလို့ ဒီလူသတ်သမားတွေကို အရေးမယူတာလဲ ရှင်းပြချက်ပေးဖို့ ထွက်လာခဲ့စမ်း"
လို့ အော်ဟစ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး ရောက်လာပြီး အေးစက်စွာ ပြောလိုက်ပါတယ်။
"ကျုပ်တို့ နဂါးပျံဆောင်က စီးပွားရေးသမားတွေပဲ အလယ်ပိုင်းတိုက်ကြီးရဲ့ ပဋိပက္ခတွေမှာ ဝင်မပါဘူး"
"မင်းတို့ သတ်ချင်သတ် ဖြတ်ချင်ဖြတ် ကျုပ်တို့ကိုတော့ ဆွဲမသွင်းနဲ့ ကျုပ်တို့က ကောင်းကင်ဘုရင်ကျန့်ကိုရော ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကိုပါ မပြစ်မှားချင်ဘူး"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ပိုင်ရှို့ကျဲတို့ မျက်နှာ ပျက်သွားသလို ဘေးကလူတွေလည်း အသက်ရှူမှားကုန်ကြပါတယ်။
"ကောင်းကင်ဘုရင်ကျန့်နဲ့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း"
ဒီနေ့တော့ ကွေ့ရှူးမြို့တော်မှာ အမှုကြီးတစ်ခု ဖြစ်တော့မှာ သေချာသွားပါပြီ။