အခန်း (၅၁၁-၅၁၂)
Vol. 52 Ch. 511-512
ဖန့်ချန်
ဘာသာပြန် အရှင်ငယ်
အခန်း ၅၁၁ - သူတို့ကို မောင်းထုတ်လိုက်
"မှန်လေး သစ်စိမ်းဂိုဏ်းနဲ့ တာအိုသုံးထောင်ဂိုဏ်းကို သွားမယ့်ခရီးအကြောင်း ငါ့ကို အတိအကျ ကိန်းဂဏန်းပဲ ပြောစမ်း စကားတွေ လှည့်ပတ်မနေနဲ့တော့"
အလယ်ပိုင်းတိုက်ကြီးကို ရောက်လာပြီးတဲ့နောက် ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ဟာ ရက်အတော်ကြာအောင် ပျံသန်းခဲ့ကြပေမယ့် ဘယ်ကျင့်ကြံသူနဲ့မှ မတွေ့ခဲ့ရပါဘူး။
သူတို့ဟာ ဝိညာဉ်ကျောက်တုံးတချို့ သုံးပြီး စကြာဝဠာမှန်လေးဆီကနေ လမ်းကြောင်းကို သိချင်ခဲ့ကြတာပါ။
ဒါပေမဲ့ စကြာဝဠာမှန်လေးက ဖန့်ချန်မှာရှိတဲ့ ကျောက်တုံးတွေနဲ့ မလောက်နိုင်ဘူးလို့ အရိပ်အမြွက် ပြောခဲ့တာကြောင့် ဖန့်ချန် အဲဒီတုန်းက သိပ်ဂရုမစိုက်မိခဲ့ပါဘူး။
ဒါပေမဲ့ အခု ဒီကကျင့်ကြံသူတွေက သစ်စိမ်းဂိုဏ်းကို မသိသလို၊ နတ်မိမယ်ယွီကလည်း တာအိုသုံးထောင်ဂိုဏ်းကို မကြားဖူးတာကြောင့် ဖန့်ချန် ရုတ်တရက် သံသယဝင်လာပါတယ်။
"အစ်ကို ငါက စကားလှည့်ပတ်နေတာ မဟုတ်ပါဘူး ပမာဏက အရမ်းများလွန်းလို့ ငါကိုယ်တိုင်တောင် အတိအကျ ခန့်မှန်းဖို့ ခက်နေတာပါ"
"တကယ်လို့ ငါက ကိန်းဂဏန်းတစ်ခု ပေးလိုက်ပြီးမှ နောက်ပိုင်းမှာ ရလဒ်မထုတ်ပေးနိုင်ရင် ငါ့ရဲ့ နာမည်ပျက်သွားမှာ စိုးလို့ပါ"
စကြာဝဠာမှန်လေးက အလေးအနက် ဆက်ပြောပါတယ်။
"ငါက ကျောက်တုံးရရင် ဘာလို့ မယူဘဲ နေမှာလဲ မင်းရဲ့ ယုံကြည်မှုကို မပျက်စီးစေချင်လို့ပါ"
"ဘာလို့ ပမာဏက ဒီလောက် များနေရတာလဲ"
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပါတယ်။
"ဒါက လမ်းကြောင်းတစ်ခုတည်း မဟုတ်ဘူးလား"
"အမှန်အတိုင်း ပြောရရင် ကံကြမ္မာ အရှုပ်အထွေး ကြီးမားလေလေ ဝိညာဉ်ကျောက်တုံး ပိုလိုလေလေပဲ တာအိုသုံးထောင်ဂိုဏ်းကော သစ်စိမ်းဂိုဏ်းကောက ကံကြမ္မာတွေနဲ့ အကြီးအကျယ် ပတ်သက်နေတယ်"
" သစ်စိမ်းဂိုဏ်းကတော့ နည်းနည်း သက်သာသေးတယ် ဘာလို့လဲဆိုတော့ ကံကြမ္မာက ဂိုဏ်းကိုယ်တိုင်ကြောင့် မဟုတ်ဘဲ သူတို့ မကြာသေးခင်က စိုက်ပျိုးလိုက်တဲ့ နတ်ဘုရားသစ်ပင် ကြောင့် ဖြစ်နေတာ"
"နတ်ဘုရားသစ်ပင်"
"ဟုတ်တယ် အဲဒါက ရှေးဟောင်းနတ်လမ်းစဉ် ကနေ လာတာ အဲဒီသစ်ပင် ရှိနေတာကြောင့် သစ်စိမ်းဂိုဏ်းက ကံကြမ္မာတွေနဲ့ ငြိနေတာပဲ"
"ကံကောင်းလို့ ဒါက အခုမှ ဖြစ်တာ မဟုတ်ရင်သစ်စိမ်းဂိုဏ်းမှာရှိတဲ့ တန်ဖိုးကြီးလွန်းတဲ့ မူလသီး အကြောင်းကိုတောင် မင်း သိနိုင်ဖို့ ကျောက်တုံး မလောက်လောက်ဘူး"
"ဒါဆို သစ်စိမ်းဂိုဏ်းက ရွှေအမြုတေအဆင့် တပည့်တစ်ယောက်က ရှေးဟောင်းနတ်လမ်းစဉ်ကို အောင်မြင်ပြီး နတ်မျိုးစေ့ ဖြစ်လာခဲ့တာပေါ့"
ဖန့်ချန် စဉ်းစားလိုက်ပါတယ်။
အဲဒီအချိန်မှာ စားပွဲက ကျင့်ကြံသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြပါတယ်။
သူတို့ဟာ ဝိုင်ခွက်တွေကို မြှောက်လိုက်ကြပြီး တစ်ယောက်က
"ကျင့်ကြံသူ ဝု ဂုဏ်ယူပါတယ်ဗျာ ခင်ဗျားရဲ့ သတို့သမီးအသစ်က မြေခွေးမျိုးနွယ်စုကလို့ ကြားတယ် အဲဒါ ရှေးဟောင်း တော်ဝင်မျိုးနွယ်ပဲ သူတို့နဲ့ တာအိုအဖော် ဖြစ်ခွင့်ရတာ တကယ့်ကို လက်မထောင်ရမယ့် ကိစ္စပဲ"
ဝတ်စုံနီဝတ် အဖိုးကြီးက ပြုံးပျော်နေပါတယ်။
"ကံကောင်းလို့ပါ ကံကောင်းလို့ပါ ရှေးဟောင်းတော်ဝင်မျိုးနွယ် ဆိုပေမယ့် သူတို့မျိုးနွယ်က ဆုတ်ယုတ်နေတာ ကြာပါပြီ မဟုတ်ရင်လည်း ကျုပ်က ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ"
သူက အားလုံးနဲ့ ရယ်မောသောက်စားနေပေမယ့် သူ့ရဲ့ မျက်လုံးတွေကတော့ နတ်မိမယ်ယွီဆီကို ရမ္မက်ဇောတွေနဲ့ ခိုးကြည့်နေပါတယ်။
ဝုမျိုးရိုးနဲ့ အဖိုးကြီးဟာ ဖန့်ချန်နဲ့ နတ်မိမယ်ယွီဘက်ကို နွေးထွေးစွာ လှည့်ကြည့်လာပါတယ်။
"ခွင့်လွှတ်ပါဦး မင်းတို့နှစ်ယောက်က ကျုပ်ဇနီးနဲ့ ရင်းနှီးတယ်လို့ ကြားမိလို့"
ဖန့်ချန်က ပြုံးပြီး ပြန်ဖြေပါတယ်။
"ကျုပ်တို့ ခင်ဗျားဇနီးနဲ့ သိခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ"
"ကောင်းပြီ ကောင်းပြီ ဒီနေ့ ကျုပ်ဇနီးဘက်က ဆွေမျိုးတွေ အများကြီး မဖိတ်နိုင်ခဲ့တာ နောင်တရနေတာပါ မင်းတို့က ကျုပ်ဇနီးနဲ့ သိတယ်ဆိုရင် သူမရဲ့ မိသားစုဝင်တွေပါပဲ စားကြသောက်ကြပါ"
"အချိန်တန်ရင် သူမကို ထွက်လာခိုင်းပြီး အားလုံးနဲ့ မိတ်ဆက်ပေးမယ် အဲဒီကျရင် မင်းတို့ သုံးယောက် စကားတွေ အဝပြောကြပေါ့"
အဖိုးကြီး ဝုက ပြုံးရင်း ပြောပါတယ်။
ခဏအကြာမှာ သူက နတ်မိမယ်ယွီကို ကြည့်လိုက်၊ ဖန့်ချန်ကို ကြည့်လိုက်နဲ့ စပ်စုတဲ့ မျက်လုံးတွေနဲ့ မေးပါတယ်။
"မင်းတို့က မောင်နှမတွေလား"
ဖန့်ချန်ဘေးကလူက ရယ်ပြီး
"ကျင့်ကြံသူ ဝု ကလည်း လွဲနေပြီ ဒါက တကယ့် နတ်ဖက်တဲ့ စုံတွဲပဲလေ"
လို့ ပြောလိုက်တော့ အဖိုးကြီးက မျက်လုံးမှေးပြီး ခေါင်းညိတ်ကာ တခြားစားပွဲဆီ ထွက်သွားပါတယ်။
နတ်မိမယ်ယွီက ဖန့်ချန်ကို အသံလွှင့်ပါတယ်။
"သခင်လေး အဲဒီအဖိုးကြီး ကျမကို ကြည့်တာ တစ်မျိုးပဲ လူကောင်း မဟုတ်လောက်ဘူး"
"သူ ငါတို့ကို သိသွားတာလည်း ဖြစ်နိုင်တယ်"
လို့ ဖန့်ချန်က ပြုံးရင်း ပြန်ပြောပါတယ်။
အဖိုးကြီးက ပြဿနာရှာချင်ရင်တော့ သူ့မျက်လုံးတွေကို ထုတ်ပစ်ဖို့ ဖန့်ချန် ဝန်လေးမှာ မဟုတ်ပါဘူး။
အဲဒီနောက် ဖန့်ချန်ဟာ သူ့ရဲ့ ဝိညာဉ်သုတ်သင်ရေးဌာန ကနေ သစ်စိမ်းဂိုဏ်းအကြောင်း မေးလိုက်တဲ့အခါ နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ မှာ ရှိကြောင်းနဲ့ အဲဒီက နတ်သစ်ပင်ကို လူတိုင်း မျက်စိကျနေကြောင်း သိလိုက်ရပါတယ်။
ခဏအကြာမှာ အဖိုးကြီးဝုက အရှိန်အဝါတစ်ခုနဲ့ ကြေညာလိုက်ပါတယ်။
"အားလုံးပဲ"
သူက ခေါင်းမြှီးခြုံပုဝါအနီနဲ့ သတို့သမီးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကို ခန်းမအလယ်ကို ခေါ်လာပါတယ်။
"ကျုပ်ဇနီးနဲ့ မိတ်ဆက်ပေးပါရစေ နောက်ပိုင်း တွေ့ရင်လည်း သူမအပေါ် ကူညီကြပါဦး"
အဖိုးကြီးက သတို့သမီးရဲ့ ပုဝါကို ဖယ်လိုက်တဲ့အခါ တကယ့်ကို လှပတဲ့ မျက်နှာတစ်ခု ပေါ်လာပါတယ်။
အဲဒီအလှကြောင့် အဖိုးကြီးကိုယ်တိုင်တောင် မိန်းမောသွားရပါတယ်။
ဒါပေမဲ့ ချင်ဟုဘုရင်မရဲ့ မျက်လုံးတွေကတော့ အသက်မဲ့နေသလိုပါပဲ။
"မင်း ကတိပေးထားတယ်လေ ငါ မင်းကို လက်ထပ်ရင် ငါ့သမီးနဲ့ ငါ့ညီမကို လွှတ်ပေးမယ်ဆိုတာ ဘယ်မှာလဲ"
လို့ သူမက အေးစက်စက် မေးပါတယ်။
အဖိုးကြီးဝုက အပြုံးမပျက်ဘဲ
"အချစ်ရယ် အိပ်ခန်းထဲရောက်ရင် ငါတို့က မိသားစုဝင်တွေ ဖြစ်သွားပြီပဲ ငါက ငါ့ဆွေမျိုးတွေကို ဘာလို့ ဒုက္ခပေးမှာလဲ"
လို့ ပြောရင်း ဖန့်ချန်တို့ စားပွဲဆီ လျှောက်လာပါတယ်။
"အချစ် ဒီနှစ်ယောက်က မင်းနဲ့ ရင်းနှီးတယ် ပြောနေကြတယ် မင်း သိလား"
ချင်းဟူဘုရင်မက ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။ သူမရဲ့ မျက်လုံးတွေထဲမှာ အံ့သြမှုတွေ ပြည့်သွားပြီး
"မင်း... မသေသေးဘူးလား..."
လို့ ရေရွတ်မိမလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ စိတ်ကို ထိန်းလိုက်ပြီး
"ငါ သူတို့ကို မသိဘူး သူတို့ကို မောင်းထုတ်လိုက်"
အခန်း ၅၁၂ - သမင်သွေးသစ်မြစ်
ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ စားပွဲမှာ ထိုင်နေတဲ့သူတွေဟာ အံ့အားသင့်သွားကြပါတယ်။
'သူမက သူတို့ကို မသိဘူးလား'
သူတို့တွေက လူအတွေမဟုတ်ကြပါဘူး။
ချင်ဟုဘုရင်မရဲ့ ပထမဆုံး တုံ့ပြန်မှုက သူတို့ကို သိနေမှန်း သိသာလှပါတယ်။
အခုမှ ရုတ်တရက် သဘောထားပြောင်းလဲသွားတာက လူတိုင်းကို အတွေးပွားစေပါတယ်။
"ဟမ်"
အဖိုးကြီးဝုရဲ့ မျက်နှာက ပျက်သွားပြီး ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။
"မင်းက ငါ့ဇနီးနဲ့ သိတယ်လို့ ပြောပြီး ငါ့ကို လိမ်နေတာပေါ့ ဒီနေ့က မင်္ဂလာရက်မြတ်ဆိုတော့ ငါ မင်းကို အခက်အခဲ မလုပ်တော့ဘူး ထွက်သွားလို့ရပြီ"
"ဒီကျင့်ကြံသူနှစ်ယောက်က ဘယ်ကလဲ ဘယ်လိုတောင် လာလိမ်ရဲတာလဲ"
"စီနီယာဝုနဲ့ ရင်းနှီးအောင် လုပ်ပြီး ကပ်ဖားချင်လို့ နေမှာပေါ့"
ကျင့်ကြံသူတွေက တီးတိုး ဝေဖန်နေကြပါတယ်။
ဖန့်ချန်က ချင်ဟုဘုရင်မကို ကြည့်လိုက်ပါတယ်။
သူမက သူတို့ကို လှည့်တောင်မကြည့်ဘဲ အေးစက်စက်နဲ့ တခြားဆီကို ကြည့်နေတာ မြင်တော့ ဖန့်ချန်က ပြုံးလိုက်ပြီး နတ်မိမယ်ယွီကို ခေါ်ကာ ထွက်သွားဖို့ ပြင်ပါတယ်။
"ခဏနေဦး"
အဖိုးကြီးဝုက လက်ကို အသာမြှောက်ပြီး တားလိုက်ပါတယ်။
"မင်း ထွက်သွားလို့ ရတယ် ဒါပေမဲ့ ဒီမိန်းကလေးကတော့ ကျန်ခဲ့ပြီး မင်္ဂလာပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲရမယ်"
နတ်မိမယ်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး
"ရှင်က ကျွန်မ ယောက်ျားကို နှင်ထုတ်နေတာပဲ ကျွန်မက ဘာလို့ ကျန်ခဲ့ရမှာလဲ"
အဖိုးကြီးက နွေးထွေးစွာ ပြုံးပြပါတယ်။
"မိန်းကလေး ငါက အလှအပနဲ့ ပါရမီကို တန်ဖိုးထားတဲ့သူပါ မင်းယောက်ျားနောက် လိုက်သွားတာထက် ဒီမှာနေတာက ပိုပြီး အလားအလာရှိပါတယ် စဉ်းစားကြည့်ပါဦးမလား"
ဘေးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက တဟားဟား ရယ်မောကြပါတယ်။
"ဟုတ်တယ် မိန်းကလေး စီနီယာဝုက အလှအပကို တန်ဖိုးထားဆုံးပဲ စီနီယာဝုနဲ့ နေတာက မင်းအတွက် အကောင်းဆုံးပဲ"
"စီနီယာဝု ဒီနေ့က မင်္ဂလာရက်မြတ်ဆိုတော့ ဒီမိန်းကလေးကိုပါ တစ်ခါတည်း ယူလိုက်ရင် နှစ်ထပ်ကွမ်း မင်္ဂလာပေါ့ဗျာ"
လို့ မိစ္ဆာကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့ရင်း နောက်ပြောင်လိုက်ပါတယ်။
ချင်ဟုဘုရင်မရဲ့ မျက်နှာ ပျက်သွားပြီး ဖန့်ချန်ဆီ အသံလွှင့်လိုက်ပါတယ်။
"သူ့ကို အမြန်ခေါ်ပြီး ထွက်သွားတော့ ဒီမိစ္ဆာက ကိုင်တွယ်ရ မလွယ်ဘူး သူ့နောက်ခံက မသေးဘူး"
ဖန့်ချန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
"သူ့နောက်ခံက ဘာလဲ"
"သူ့နောက်မှာ ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာဘုရင်တစ်ပါး ရှိတယ်"
ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာဘုရင် ဖန့်ချန် စဉ်းစားလိုက်ပါတယ်။
သူ့ရဲ့ အဆင့် (၄) ဓားခန္ဓာကိုယ်နဲ့ ရှစ်မျက်နှာအရပ် ဓားကျင့်စဉ် အစွမ်းနဲ့ဆိုရင် ဝိညာဉ်သန္ဓေသားအဆင့် အစောပိုင်းလောက်ကိုတော့ သူ ယှဉ်နိုင်လောက်ပါတယ်။
အဖိုးကြီးဝုကတော့ လူတွေရဲ့ မြှောက်ပင့်သံကြောင့် သဘောကျပြီး အော်ရယ်လိုက်ပါတယ်။
"အားလုံးရဲ့ စေတနာကို ငါ မဖျက်စီးပါဘူး"
ပြီးတော့ သူက နတ်မိမယ်ယွီကို ကြည့်ပြီး
"မိန်းကလေး မင်းရဲ့ အတိတ်ကို ငါ ဂရုမစိုက်ပါဘူးမင်းသာ ငါ့နောက်လိုက်မယ်ဆိုရင် မင်းရဲ့ ယောက်ျားဟောင်းကိုလည်း ဘေးကင်းကင်း ထွက်သွားခွင့်ပေးမယ်"
နတ်မိမယ်ယွီက ဒေါသထွက်သွားပြီး ချင်ဟုဘုရင်မကို ညွှန်ပြကာ
"ရှင်မှာ ဇနီးရှိနေတာပဲလေ"
"ငါက ရွှေအမြုတေအဆင့် အထွတ်အထိပ်လေမယားအများကြီး ရှိတာက သဘာဝပဲ"
လို့ အဖိုးကြီးဝုက ဂုဏ်ယူစွာ ပြောပါတယ်။
နတ်မိမယ်ယွီက ဖန့်ချန်ကို ကြည့်ပြီး အသံလွှင့်လိုက်ပါတယ်။
"သခင်လေး သူ့ကို သတ်ပစ်ကြမလား"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ အပြင်ကနေ အသံတစ်သံ ဟိန်းထွက်လာပါတယ်။
"သက်တံ့ဘုရင်ရဲ့ သားတော် မင်းသား ရောက်ရှိလာပါပြီ"
ဆံပင် ခုနစ်ရောင်နဲ့ ချောမောတဲ့ လူငယ်တစ်ယောက် ခန်းမထဲကို ဝင်လာပါတယ်။
လူတိုင်းက မတ်တတ်ရပ်ပြီး အရိုအသေ ပေးကြပါတယ်။ အဖိုးကြီးဝုလည်း ဝမ်းသာအားရ ကြိုဆိုပါတယ်။
မင်းသားက လက်ဆောင်သေတ္တာတစ်ခုကို ဖွင့်ပြလိုက်တဲ့အခါ အထဲမှာ ရွှေအိုရောင် တောက်နေတဲ့ သမင်သွေးသစ်မြစ် တစ်ခု ရှိနေပါတယ်။
ဒါဟာ အဆင့်မြင့် အဝါရောင်အဆင့် ဆေးဖက်ဝင် အမြစ်ဖြစ်ပြီး ယောကျ်ားပီသမှုနဲ့ ခွန်အားကို အထူးတိုးတက်စေတာပါ။
'သမင်သွေးသစ်မြစ် အဲဒါ ငါ့ရဲ့ တောက်ပသောနတ်ဘုရားမျက်စိ ဒုတိယအဆင့်ကို တက်ဖို့ လိုနေတဲ့ ပစ္စည်းပဲ'
လို့ ဖန့်ချန် တွေးလိုက်ပါတယ်။ ဒီနေ့ ခရီးစဉ်က တကယ်ကို တန်သွားပါပြီ။
အဖိုးကြီးဝုက မင်းသားကို ချင်ဟုဘုရင်မနဲ့ မိတ်ဆက်ပေးပြီး၊ နတ်မိမယ်ယွီကိုလည်း သူ့ရဲ့ ဒုတိယမြောက် ဇနီးလောင်းအဖြစ် ဂုဏ်ယူစွာ မိတ်ဆက်ပေးပါတယ်။
ဒါပေမဲ့ မင်းသားက နတ်မိမယ်ယွီကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ အပြုံးတွေက ခဲသွားပါတယ်။
အဖိုးကြီးဝုက ဒါကို သတိမထားမိဘဲ ဖန့်ချန်ကို အော်ငေါက်ပါတော့တယ်။
"မင်း ဘာလို့ ရှိနေသေးတာလဲ မင်းရဲ့ ဇနီးဟောင်းနဲ့ ငါ မင်္ဂလာဦးည ကျင်းပတာကို ကြည့်ချင်လို့လား"
မိစ္ဆာကျင့်ကြံသူတွေက တဟားဟား ရယ်ကြပေမယ့်၊ လူသားကျင့်ကြံသူတချို့ကတော့ ဖန့်ချန်ကို သနားတဲ့မျက်လုံးနဲ့ ကြည့်နေကြပါတယ်။
ဒါပေမဲ့ မင်းသားရဲ့ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေပါပြီ။ သူက ဖန့်ချန်ကို ကြည့်ပြီး
"အဖိုးကြီးဝု မင်း ဒီမင်္ဂလာဆောင်ကို ပြန်စဉ်းစားသင့်တယ် ထင်တယ်"
လို့ သတိပေးလိုက်ပါတယ်။
အဖိုးကြီးဝုက အံ့သြသွားပြီး
"မင်းသား ဘာဖြစ်လို့လဲ"
"စဉ်းစားလိုက်ပါ ငါ့မှာ ကိစ္စရှိလို့ အရင်သွားတော့မယ်"
လို့ ပြောပြီး မင်းသားက အမြန်လှည့်ထွက်ဖို့ လုပ်ပါတယ်။ အဖိုးကြီးဝုက မင်းသားရဲ့ လက်မောင်းကို ဆွဲတားပြီး အတင်းမေးနေတော့ မင်းသားက ထိတ်လန့်တုန်လှုပ်သွားပါတယ်။
နတ်မိမယ်ယွီက ပြုံးပြီး မေးလိုက်ပါတယ်။
"ရှင် ကျွန်မတို့ကို မှတ်မိနေတာလား"
မင်းသားက ချွေးပြန်နေပြီး
"မိန်းကလေး ကျုပ် မင်းကို မသိပါဘူး"
လို့ ငြင်းပါတယ်။
အဖိုးကြီးဝုကလည်း
"မင်းသားကော ဒီမိန်းကလေးကို စိတ်ဝင်စားလို့လား စိတ်ဝင်စားရင် ကျုပ် အလျော့ပေးပါ့မယ်"
လို့ တိုးတိုးလေး ပြောလိုက်တဲ့အခါမှာတော့
"ပါးစပ်ပိတ်ထားစမ်း"
လို့ မင်းသားက အော်ဟစ်ပြီး အဖိုးကြီးဝုရဲ့ ပါးကို အားကုန် လွှဲရိုက်လိုက်ပါတော့တယ်။
ရိုက်ချက်က ပြင်းလွန်းလို့ အဖိုးကြီးဝုရဲ့ မျက်နှာမှာ ပိုးနဂါး ခေါင်းပုံသဏ္ဌာန် ခဏပေါ်သွားပြီးမှ လူမျက်နှာ ပြန်ဖြစ်သွားပါတယ်။