← Chapters

အခန်း (၅၂၁-၅၂၂)

Vol. 53 Ch. 521-522

အခန်း (၅၂၁-၅၂၂)

Vol. 53 Ch. 521-522

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၅၂၁ - အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသေးတာလား

​"နှမြောစရာပဲ"

​မုန့်ထျန်းရှူးရဲ့ စိတ်ဓာတ်ပြိုလဲသွားမှုကို ဖန့်ချန်က ပြန်လည်ဆယ်တင်ပေးလိုက်တာကို ကြည့်ပြီး လူအတော်များများက နှမြောတသ ဖြစ်နေကြပါတယ်။

​ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ အကြီးအကဲနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အံ့သြနေကြပါတယ်။

"ဒီကောင်လေးရဲ့ ဓာတ်ကြီးငါးပါး ထိန်းချုပ်မှု က မူလဆီ ပြန်သွားခြင်း သဘောတရားမျိုး သက်ရောက်နေတယ် ဒါမျိုးက ရွှေအမြုတေအဆင့်မှာ မရှိသင့်ဘူး"

​မူလဆီ ပြန်သွားခြင်း ဆိုတာ ကျင့်စဉ်တစ်ခုရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး အပိုအလှအပတွေကို ဖယ်ခွာကာ မူလအနှစ်သာရအတိုင်း ပြန်ဖြစ်သွားတာကို ဆိုလိုတာပါ။

အဲဒီအဆင့်မှာဆိုရင် မြက်ပင်တစ်ပင်၊ သစ်ကိုင်းတစ်ခက်ကတောင် အလိုရှိရင် နတ်ဓားတစ်စင်း ဖြစ်သွားနိုင်ပါတယ်။

​ဒါပေမဲ့ အထွတ်အထိပ်ကို မရောက်သေးတဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်က ဒါကို ဘယ်လိုလုပ် တတ်မြောက်နေတာလဲ

​"မိတ်ဆွေချန် သူ့ရဲ့ နောက်ခံဂိုဏ်းကို ခန့်မှန်းလို့ရလား"

​"သူက ဓာတ်ကြီးငါးပါး ထိန်းချုပ်မှုကိုပဲ သုံးသွားတာလေ ငါ ဘယ်လိုလုပ် သိမှာလဲ ဆက်ကြည့်ရအောင်"

​အကြီးအကဲနှစ်ယောက်စလုံး ဖန့်ချန်ကို အာရုံစိုက်လိုက်ကြပါတယ်။

အခုအချိန်မှာတော့ ကျန်တဲ့ နတ်မျိုးစေ့တွေရဲ့ မျက်နှာကလည်း တင်းမာနေပါပြီ။

ဖန့်ချန်က မုန့်ထျန်းရှူးရဲ့ ဓားချက်ကို အေးအေးဆေးဆေး ဖြိုခွဲလိုက်တာက သူဟာ နတ်မျိုးစေ့ တစ်ယောက်ဖြစ်နိုင်ရုံတင်မကဘဲ သူတို့အားလုံးထက် အများကြီး သာလွန်နေတာကို သက်သေပြလိုက်သလိုပါပဲ။

​ကျောက်ဝူကျိကတော့ မျက်မှောင်ကြုတ်ရင်း စဉ်းစားနေပါတယ်။

ငါသာ ဓာတ်ကြီးငါးပါး ထိန်းချုပ်မှုကို သုံးရင် မုန့်ထျန်းရှူးရဲ့ တိုက်ကွက်ကို တားနိုင်ပါ့မလား

​သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်တော့ အဖြေက မဖြစ်နိုင်ပါ။

ကျောက်ဝူကျိ တွေးတောရင်း အော်ပြောလိုက်ပါတယ်။

​"အားလုံး နားထောင်ကြ ဒီကောင့်မှာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတဲ့ ရတနာ ရှိနေတာ သူက ရွှေအမြုတေအဆင့် မဟုတ်ဘဲ ဝိညာဉ်သန္ဓေသားအဆင့် ဒါမှမဟုတ် သိမြင်ခြင်းအဆင့် တောင် ဖြစ်နေနိုင်တယ်"

​ဒီစကားကို ကြားတော့ နတ်မျိုးစေ့တွေအားလုံး လန့်ပြီး နောက်ကို ဆုတ်လိုက်ကြပါတယ်။

တကယ်လို့ ပြိုင်ဘက်က စီနီယာအဆင့် ကျင့်ကြံသူဖြစ်နေရင် သူတို့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

​"စည်းမျဉ်းရှိတယ်လေ ရွှေအမြုတေအဆင့်ထက် မြင့်တဲ့သူ ဝင်ပါရင် စည်းမျဉ်းကျိုးတာပေါ့"

​အဲဒီအချိန်မှာ နတ်ဘီလူးဂိုဏ်းက ကိုယ်စားလှယ်က ဒေါသတကြီးနဲ့ လူအုပ်ထဲ ခုန်ဆင်းလာပြီး ဖန့်ချန်ရဲ့ နှာခေါင်းကို လက်ညှိုးထိုးကာ ငေါက်လိုက်ပါတယ်။

​"မင်းက ရွှေအမြုတေအဆင့် မဟုတ်ဘူးလား"

​ဖန့်ချန်က ခပ်ပြုံးပြုံးပဲ ပြန်ဖြေပါတယ်။

"ငါက ရွှေအမြုတေအဆင့်ပါလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"

​"ဘာ ဒါဆို မင်းက အဆင့်မြင့်ကျင့်ကြံသူ ဖြစ်နေပြီးတော့ ငါတို့ဂိုဏ်းက နတ်မျိုးစေ့ကို သတ်ရဲတယ်ပေါ့ ဒီနေ့ မင်းကို ငါကိုယ်တိုင် သတ်ပြီး ယဇ်ပူဇော်မယ်"

​နတ်ဘီလူးဂိုဏ်းက လူကြီးက တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ဆူးမော့ ဆိုတဲ့ နယ်မြေပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူကြီး ပေါ်လာပြီး တားလိုက်ပါတယ်။

​"မလောပါနဲ့ဦး သူက အဆင့်မြင့်ကျင့်ကြံသူ အစစ်ဆိုရင် ငါတို့ ဝင်ပါလို့ ရတာပေါ့"

လို့ ဆူးမော့က ပြောပြီး ဖန့်ချန်ကို လှည့်ကြည့်ပါတယ်။

"လူငယ်လေး မင်းက ရွှေအမြုတေအဆင့် မဟုတ်ဘူးလို့ ပြောတယ်နော် ဒါဆို မင်းရဲ့ အရှိန်အဝါ ဖုံးကွယ်ထားတာကို လွှတ်ချပြီး ငါတို့ကို ပြစမ်း မင်းသာ စည်းမျဉ်းချိုးဖောက်ထားရင်တော့ ဒီက ကျင့်ကြံသူ အားလုံးက မင်းကို သတ်ဖို့ အသင့်ပဲ"

​အားလုံးက ဖန့်ချန်ကို အာရုံစိုက်လိုက်ကြပါတယ်။

ဖန့်ချန်ကလည်း အော် ဒီအကြီးအကဲတောင် ငါ့အဆင့်ကို ဖောက်မမြင်နိုင်ဘူးလား ငါ့ရဲ့ ဝိညာဉ်စွမ်းအားက တော်တော် အားကောင်းတာပဲ လို့ တွေးလိုက်မိပါတယ်။

​ခဏအကြာမှာတော့ ဖန့်ချန်က သူ့ရဲ့ ဝိညာဉ်စွမ်းအားကို ရုပ်သိမ်းလိုက်ပြီး သူ့ရဲ့ အရှိန်အဝါကို လွှတ်လိုက်ပါတယ်။

​အဲဒီအခါ အကြီးအကဲ ဆူးမော့ရဲ့ မျက်နှာက တောင့်တင်းသွားပါတယ်။

​နတ်မျိုးစေ့တွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါတယ်။

​ဘေးက ကြည့်နေတဲ့သူတွေလည်း မယုံနိုင်ဘဲ မျက်လုံးကို ပွတ်ကြည့်နေကြပါတယ်။

​ကိုင်ဟုန်ကလည်း သူ့ညီမ ကိုင်ယွန်နောကို ကြည့်ပြီး

"ညီမလေး... ငါ မြင်တာ မှန်ရဲ့လား"

​ကိုင်ယွန်နောက မျက်မှောင်ကြုတ်ရင်း ဖန့်ချန်ကို စိုက်ကြည့်နေပါတယ်။

"သူက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိတာလား ဒါက မဖြစ်နိုင်ဘူးလေ"

​ဟုတ်ပါတယ်။

ဖန့်ချန်ဆီက ထွက်လာတဲ့ အရှိန်အဝါက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း သာ ဖြစ်နေလို့ပါပဲ

​ဒါက နတ်မျိုးစေ့ သုံးယောက် သေတာထက်တောင် ပိုပြီး တုန်လှုပ်စရာ ကောင်းနေပါတယ်။

နတ်မျိုးစေ့ အချင်းချင်း တိုက်လို့ သေတာက ထားပါတော့ အခုက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးက နတ်မျိုးစေ့ သုံးယောက်ကို သတ်ပြီး မုန့်ထျန်းရှူးကိုပါ အနိုင်ယူခဲ့တာလား

​"သူက အဆင့် ၁ ဂိုဏ်းချုပ်တစ်ယောက်ယောက်ရဲ့ အချစ်တော် တပည့်များလား"

တစ်ယောက်က တုန်တုန်ရင်ရင်နဲ့ မေးလိုက်ပါတယ်။

​ဒီစကားကို ကြားတော့ အားလုံး ကြက်သီးထသွားပါတယ်။

အဆင့် ၁ ဂိုဏ်းချုပ် ဆိုတာ ကောင်းကင်ဘုရင်ကျန့် တောင်မှ သူတို့ရှေ့မှာ ဘာမှ မဟုတ်တဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီးတွေပါ။

​နတ်ဘီလူးဂိုဏ်းက လူကြီးကလည်း မှင်တက်သွားပြီး မေးပါတယ်။

"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိတာလား"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပါတယ်။

"ဟုတ်ပါတယ် ငါက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိပါသေးတယ်"

​နတ်မျိုးစေ့တွေ အားလုံးရဲ့ မျက်နှာက ရှုံ့မဲ့ကုန်ပါတယ်။

သူတို့က ရွှေအမြုတေအဆင့် အထွတ်အထိပ် ကို ရောက်နေတဲ့ ပါရမီရှင်တွေလို့ ဂုဏ်ယူနေခဲ့တာပါ။

ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်လေးကိုမှ မယှဉ်နိုင်ရင် သူတို့က ဘာတွေလဲ ခွေးနဲ့ ကြက်ပဲလား

​တကယ်လို့ ဖန့်ချန်သာ ရွှေအမြုတေအဆင့် အထွတ်အထိပ် ကို ရောက်သွားရင် ဝိညာဉ်သန္ဓေသားအဆင့်တွေတောင် သူ့ရှေ့မှာ ကြက်ကလေး၊ ငှက်ကလေးတွေ ဖြစ်သွားမှာ မဟုတ်လား။

​နတ်ဘီလူးဂိုဏ်းက လူကြီးက ဒေါသနဲ့ မေးပါတယ်။

"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိပြီးတော့ ငါတို့ နတ်မျိုးစေ့တွေကို ဘယ်လိုသတ်ခဲ့တာလဲ"

​ဖန့်ချန်က ပြုံးပြီး ပြန်မေးလိုက်ပါတယ်။

"အခြေခံတည်ဆောက်ခြင်းအဆင့်က နတ်မျိုးစေ့တွေကို မသတ်ရဘူးလို့ ဘယ်သူက ပြောလို့လဲ"

​နတ်ဘီလူးဂိုဏ်းက လူကြီး ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။

​ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။

ဖန့်ချန် ပြလိုက်တဲ့ အစွမ်းက သူတို့ နားလည်ထားတဲ့ ကျင့်ကြံခြင်းဆိုင်ရာ အသိတရားတွေကို အကုန်လုံး ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ပါပြီ။

မိမိကိုယ်ကိုယ် ပါရမီရှင်လို့ သတ်မှတ်ထားတဲ့ နတ်မျိုးစေ့တွေလည်း သူတို့ရဲ့ ယုံကြည်ချက်တွေ ပျောက်ဆုံးပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြပါတော့တယ်။

​​အခန်း ၅၂၂ - ခင်ဗျား နောက်ကို လှည့်ကြည့်လိုက်ပါဦး

​"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းပြီလေ မင်းကတော့ ဘယ်စည်းမျဉ်းကိုမှ မချိုးဖောက်ထားဘူး"

"တကယ်လို့ မင်း ဒီနေ့ နတ်ဘုရားနိုင်ငံတော်စံအိမ်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင် နောက်ကျရင် ငါ့ဆီ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"

လို့ ဆူးမော့က ဖန့်ချန်ကို ခပ်ပြုံးပြုံး ပြောလိုက်ပါတယ်။

​အဲဒီနောက် သူက လှည့်ထွက်သွားသလို၊ နတ်ဘီလူးဂိုဏ်းက လူကြီးလည်း သူ့နောက်ကနေ ကပ်လိုက်သွားပါတယ်။

​ဒါပေမဲ့ ဖန့်ချန်ရဲ့ ကျင့်ကြံခြင်းအဆင့် ပေါ်ထွက်လာပြီးနောက်မှာတော့ လေထုက ပိုပြီး လေးလံလာပါတယ်။

နတ်မျိုးစေ့တွေရဲ့ မျက်နှာက တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုပြီး ကြည့်ရဆိုးလာပါတယ်။

​ဖန့်ချန်က ပြုံးစိစိနဲ့

"အားလုံးပဲ ငါက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိတာဆိုပြီး လက်လျှော့မပေးကြပါနဲ့ ဒီကိစ္စကို မြန်မြန်အပြတ်ဖြတ်ရအောင် အစွမ်းကုန်သာ ထုတ်သုံးကြပါ"

​"မင်းလို အခြေခံတည်ဆောက်ခြင်းအဆင့်လေးနဲ့ တိုက်နေရင် ငါတို့အတွက် အကျိုးမရှိဘူး"

​နတ်မျိုးစေ့တစ်ယောက်က တောက်ခေါက်ပြီး လှည့်ထွက်သွားပါတယ်။

သူ့နောက်ကနေ တခြားသူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြရာ နောက်ဆုံးမှာ လူအနည်းငယ်ပဲ ကျန်ပါတော့တယ်။

သူတို့လည်း ဖန့်ချန်ကို လေးလေးစားစား ခေါင်းညိတ်ပြပြီး ထွက်ခွာသွားကြပါတယ်။

​နတ်မိမယ်ယွီကတော့ ကြောင်ပြီး ကြည့်နေပါတယ်။

ပွဲက ဒီလိုပဲ ပြီးသွားတာလား သူမကတော့ ဒီနတ်မျိုးစေ့တွေ ဖန့်ချန်ရဲ့ လက်အောက်မှာ အလဲလဲအကွဲကွဲဖြစ်ပြီး အသနားခံနေတာကို ကြည့်ချင်နေတာပါ။

သူမက သက်ပြင်းချလိုက်ရင်း

"ဟူး သူတို့ ကံကောင်းသွားတာပဲ"

လို့ ရေရွတ်လိုက်ပါတယ်။

​ဘေးက ကြည့်နေတဲ့သူတွေလည်း သက်ပြင်းချလိုက်ကြပါတယ်။

သူတို့ နားလည်ပါတယ် ဒီနတ်မျိုးစေ့တွေ အကျပ်ရိုက်နေတာကိုး။

တကယ်လို့ ဖန့်ချန်က ရွှေအမြုတေအဆင့် နတ်မျိုးစေ့ဖြစ်နေရင် ရှုံးတာက ကိစ္စမရှိပါဘူး။

သေသွားရင်တောင်

"နတ်မျိုးစေ့အချင်းချင်း တိုက်ရင်း သေဆုံးသည်"

ဆိုတဲ့ ဂုဏ်သိက္ခာရှိတဲ့ အုတ်ဂူစာတမ်း ရဦးမှာပါ။

​ဒါပေမဲ့ ဖန့်ချန်က အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိတာလေ

​တကယ်လို့ သူတို့ အသတ်ခံလိုက်ရရင် သူတို့ရဲ့ အုတ်ဂူမှာ

"ပါရမီရှင် နတ်မျိုးစေ့ကြီး ဘာညာသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးရဲ့ လက်ချက်ဖြင့် သေဆုံးသည်"

လို့ အရေးခံရမှာလား ဒါက ဂိုဏ်းကို အရှက်ခွဲရုံတင်မကဘဲ ဘိုးဘွားသင်္ချိုင်းမှာတောင် မြှုပ်ခွင့်ရမှာ မဟုတ်ပါဘူး။

​အတိုချုပ်ပြောရရင် သူတို့က အသက်ထက် သိက္ခာကို ပိုတန်ဖိုးထားကြတာပါ။

အခြေခံတည်ဆောက်ခြင်းအဆင့်ကို အုပ်စုလိုက် ဝိုင်းတိုက်ပြီး နိုင်ရင်တောင် နတ်မျိုးစေ့ ဆိုတဲ့ အမည်နာမက နောင်တစ်ချိန်မှာ ဟာသတစ်ခု ဖြစ်သွားမှာ မဟုတ်လား။

​"သခင်လေးတို့ ကျုပ်တို့ကတော့ နတ်မျိုးစေ့ မဟုတ်လို့ အရှက်ကွဲမှာ မကြောက်ပါဘူး တိုက်ကြမလား"

နန်းတော်စောင့်စစ်သည်တွေ ဖြစ်တဲ့ ကျောက်ဝူကျိနဲ့ သူ့လူတွေက ရှေ့တက်လာပါတယ်။

​ကျောက်ဝူကျိက စင်မြင့်ပေါ်က ကိုင်ဟုန်ကို လှည့်ကြည့်လိုက်ပါတယ်။

"သခင်လေးတို့က ဘာမှ မပြောသေးဘူး မင်းတို့က ဘာလို့ ဒီလောက် လောနေတာလဲ"

​"အစ်ကို အခု ဘယ်လိုလုပ်မလဲ"

ကိုင်ယွန်နောက မျက်မှောင်ကြုတ်လိုက်ပါတယ်။

"ဒီနတ်မျိုးစေ့တွေကို အတင်းတိုက်ခိုင်းလို့ မရဘူး သူတို့က လက်ရှောင်သွားပြီဆိုတော့ ကျမတို့က နန်းတော်စောင့်တွေကိုပဲ သေတွင်းထဲ ပို့ရတော့မှာလား"

​ကိုင်ဟုန်က စိတ်ပျက်လက်ပျက်နဲ့

"ဘယ်လိုလုပ်မလဲ အခြေအနေက ငါတို့ ထိန်းချုပ်လို့ မရတော့ဘူး ဒီကောင့်နောက်မှာ အဆင့် ၁ ဂိုဏ်းချုပ် ရှိ၊ မရှိ ဘယ်သူမှ မသိဘူးလေ"

​အဲဒီအချိန်မှာပဲ လှောင်ပြောင်သရော်သံ တစ်ခု ထွက်ပေါ်လာပါတယ်။

"နတ်မျိုးစေ့လို့ အမွှမ်းတင်ခံထားရတဲ့သူတွေက တိုက်ပွဲရှေ့ရောက်မှ သတ္တိကြောင်တဲ့ ငကြောက်တွေ ဖြစ်ကုန်ကြတာလား"

​ထွက်သွားဖို့ ပြင်နေတဲ့ နတ်မျိုးစေ့တွေက ဒေါသတကြီးနဲ့ လှည့်ကြည့်လိုက်ကြပါတယ်။

​ပေါ်လာတဲ့သူက လူငယ် တာအိုဘုန်းကြီးတစ်ပါးပါ။

သူက ခန့်ညားထည်ဝါပြီး ခရမ်းရွှေရောင် သရဖူကို ဆောင်းထားပါတယ်။

သူ့နောက်မှာတော့ ဝတ်စုံတူ ဝတ်ထားတဲ့ ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ရာနဲ့ချီပြီး ပါလာပါတယ်။

​"ဒါ မဟာချဲ့ထွင်းဂိုဏ်း ကပဲ"

​နတ်မျိုးစေ့တွေက ဆဲဆိုဖို့ ပြင်လိုက်ပေမယ့် ပေါ်လာတဲ့သူက ဘယ်သူလဲဆိုတာ သိသွားတော့ စကားလုံးတွေကို ပြန်မျိုချလိုက်ရပါတယ်။

ဒီလူကလည်း နတ်မျိုးစေ့ပါပဲ။

ဒါပေမဲ့ သူက ဒီမျိုးဆက် မဟုတ်ပါဘူး ကိုင်ဟုန်တို့ထက်တောင် စီနီယာကျတဲ့သူပါ။

​"ရွှီချင်စုန် လား ကြည့်ရတာ မဟာချဲ့ထွင်းဂိုဏ်း က သူတို့ရဲ့ နတ်မျိုးစေ့အတွက် လက်စားချေဖို့ တကယ် ရည်ရွယ်ထားပုံပဲ"

လို့ ကိုင်ဟုန်က မျက်မှောင်ကြုတ်ရင်း ပြောပါတယ်။

​ရွှီချင်စုန်က နတ်မျိုးစေ့တွေကို လှောင်ပြောင်ပြီးနောက် ဖန့်ချန်ကို ပြုံးပြုံးလေး ကြည့်လိုက်ပါတယ်။

"ငါ့ရဲ့ အသုံးမကျတဲ့ ညီလေးက မင်းလက်ချက်နဲ့ သေသွားတာလား"

​လူအုပ်ကြီးက အခုမှ သတိထားမိသွားပါတယ်။

ဖန့်ချန် သတ်လိုက်တဲ့ နတ်မျိုးစေ့က ဒီ ရွှီချင်စုန်ရဲ့ ညီလေး ဖြစ်နေတာကိုး။

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပါတယ်။

"မင်းညီက ခေါင်း မရှိဘူးလေ"

​ရွှီချင်စုန်က ရယ်မောလိုက်ပြီး

"အဲဒါ ထားပါတော့ ဒါနဲ့ သူ့ရဲ့ ဘယ်ဘက်မျက်လုံးက ဘယ်ရောက်သွားလဲ"

​"အဲဒီမျက်လုံးက ငါတို့ ဂိုဏ်းရဲ့ ရတနာပဲ ငါ့ညီက ခိုးယူသွားခဲ့တာ သူ သေသွားပေမယ့် အဲဒီပစ္စည်းကိုတော့ ငါ ပြန်ယူရမယ်"

​"မျက်လုံး ဟုတ်လား"

လူအုပ်ကြီးက အံ့သြသွားပါတယ်။ ဘယ်လို မျက်လုံးမျိုးမို့လို့လဲ

​ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။

"အဲဒီမျက်လုံးကို ငါ စားလိုက်ပြီ"

​ရွှီချင်စုန်က အကျယ်ကြီး ရယ်မောလိုက်ပါတယ်။

"ကိစ္စမရှိပါဘူး မင်း စားလိုက်ပြီဆိုတော့လည်း အဲဒီ ဆေးစွမ်းတွေက မင်းကိုယ်ထဲမှာ ရှိနေမှာပေါ့ မင်းကို ဖမ်းပြီး ဆေးဖော်စပ်လိုက်ရင် အတူတူပါပဲ"

​သူက သူ့နောက်က တပည့်တွေကို အမိန့်ပေးလိုက်ပါတယ်။

"အစီရင်ချလိုက်ကြ မိန်းမကို သတ်ပြီး ယောက်ျားကို အရှင်ဖမ်းစမ်း"

​ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၀၈ ယောက်ဟာ ချက်ချင်းဆိုသလို အစီရင်တစ်ခု တည်ဆောက်လိုက်ကြပါတယ်။

​"သခင်လေး သူတို့က ၁၀၈ ယောက်တောင်"

နတ်မိမယ်ယွီက စိုးရိမ်တကြီး ပြောပါတယ်။

​ရွှီချင်စုန်က စင်မြင့်ပေါ် တက်သွားရင်း လှည့်ပြောလိုက်ပါသေးတယ်။

"ဒါက ငါတို့ ဂိုဏ်းရဲ့ နတ်ဘုရားချုပ်နှောင်ခြင်း အစီရင် ပဲ ဟိုးအရင်တုန်းကတော့ ဒီအစီရင်နဲ့ တကယ့် နတ်ဘုရားတွေကိုတောင် ချုပ်နှောင်ပြီး သတ်ခဲ့ဖူးတယ်"

​၁၀၈ ယောက်သော ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေ ပေါင်းစပ်သွားတဲ့အခါ ဟင်းလင်းပြင်ထဲမှာ ကြောက်စရာကောင်းတဲ့ ပုံရိပ်ကြီးတစ်ခု ပေါ်လာပါတယ်။

အဲဒီအရှိန်အဝါက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အများအပြားကိုတောင် ကျော်လွန်နေပါတယ်။

​ရွှီချင်စုန်က စင်မြင့်ပေါ်က ကိုင်ဟုန်ကို လှမ်းအော်လိုက်ပါတယ်။

"ကိုင်ဟုန် ဒီနေ့ ငါ မင်းအတွက် မိစ္ဆာမယွီကို ရှင်းပေးလိုက်ပြီ မင်းတို့ ကောင်းကင်ဘုရင်ကျန့် နန်းတော်က ငါ့ကို ဘာပြန်ပေးမလဲ"

​ကိုင်ဟုန်က စကားပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ သူ့မျက်နှာက ထိတ်လန့်သွားပြီး တောင့်တင်းသွားပါတယ်။

​သူ ဘာမြင်လိုက်ရလဲဆိုတော့ ဓားအလင်းတန်းတစ်ခုက နတ်ဘုရားချုပ်နှောင်ခြင်း အစီရင် က ဖြစ်ပေါ်လာတဲ့ ပုံရိပ်ကြီးကို တစ်ချက်တည်းနဲ့ ပိုင်းဖြတ်လိုက်တာပါပဲ။

အဲဒီနောက် ၁၀၈ ယောက်သော ကျင့်ကြံသူတွေ အားလုံး သွေးအန်ပြီး ဓားအလင်းတန်းထဲမှာ ပျောက်ကွယ်သွားကြပါတယ်။

​အဲဒီဓားအလင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားတဲ့အခါ လမ်းကြောင်းပေါ်မှာ ရှိသမျှ အရာအားလုံး ပြာအဖြစ် ပြောင်းလဲသွားပါတယ်။

အစီရင်လည်း ပျက်စီးသွားသလို၊ မဟာချဲ့ထွင်း ဂိုဏ်း က ကျင့်ကြံသူ ၁၀၈ ယောက်စလုံးလည်း တစ်ယောက်မကျန် သေဆုံးသွားပါတယ်။

​ကိုင်ဟုန်က ထူးဆန်းတဲ့ မျက်နှာပေးနဲ့ ရွှီချင်စုန်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

​"ရွှီချင်စုန် မင်း နောက်ကို တစ်ချက်လောက် လှည့်ကြည့်လိုက်ပါဦး"

All Chapters