← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 53 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 53 Ch. 523-524

​​အခန်း ၅၂၃ - မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြခြင်း

​"နောက်ကို လှည့်ကြည့်လိုက်ပါဦး ဟုတ်လား"

ရွှီချင်စုန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်ပါတယ်။

​သူ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့နှုတ်ခမ်းထက်က ခပ်ဖွဖွ အပြုံးတွေ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာတစ်ခုလုံး ပျက်သွားပါတော့တယ်။

နတ်ဘုရားချုပ်နှောင်ခြင်း အစီရင် က ပျက်စီးသွားရုံတင်မကဘဲ သူခေါ်လာတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၀၈ ယောက်စလုံးလည်း ဘာအစအနမှ မကျန်တော့ဘဲ ပြာအချို့ပဲ ကျန်ရစ်ပါတော့တယ်။

သူ့တပည့် ၁၀၈ ယောက်စလုံး အသတ်ခံလိုက်ရပြီဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး။

​ဂိုဏ်းအသီးသီးက လူငယ်ကျင့်ကြံသူတွေဟာ မှင်တက်နေကြပြီး ဖန့်ချန်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြပါတယ်။

ဒီလူက တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်လား

​သူတို့က တော်တော်လှမ်းလှမ်းမှာ ရှိနေတာတောင် ခုနက ဓားချက်နှစ်ချက်ရဲ့ အရှိန်အဝါကြောင့် ကျောရိုးထဲအထိ စိမ့်သွားကြပါတယ်။

တကယ်လို့ သူတို့သာ မဆုတ်ခွာဘဲ ဆက်တိုက်ဖို့ ဆုံးဖြတ်ခဲ့ရင် အခုချိန်မှာ အဲဒီ ၁၀၈ ယောက်နဲ့အတူ ပြာဖြစ်နေလောက်ပြီဆိုတာ တွေးမိပြီး ချွေးစေးတွေ ပြန်လာကြပါတယ်။

တော်သေးတာပေါ့ သူတို့ သိက္ခာအတွက် နောက်ဆုတ်ခဲ့လို့သာ အသက်ဘေးက လွတ်ခဲ့တာပါ။

​"ဒါက ဘာဓားကျင့်စဉ်လဲ သူက ဘယ်ဓားဂိုဏ်းကလဲ"

​ကျောက်ဝူကျိနောက်က ဝိညာဉ်သန္ဓေသားအဆင့်ကျင့်ကြံသူတွေတောင် ရင်ထဲ အေးစက်သွားကြပါတယ်။

သူတို့မျက်လုံးထဲမှာတော့ ထိတ်လန့်မှုနဲ့ ဝေခွဲမရမှုတွေ အပြည့်ပါပဲ။

ဓားကျင့်ကြံသူတွေဟာ အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ သူတို့ သိထားပေမယ့်

အခုက အခြေခံတည်ဆောက်ခြင်း အစောပိုင်း အဆင့်လေးက အဆင့်ကြီးနှစ်ဆင့်ကို ကျော်ဖြတ်ပြီး နတ်ဘုရားချုပ်နှောင်ခြင်း အစီရင်ကို ဖျက်ဆီးလိုက်တာလေ

ပြီးတော့ ရွှေအမြုတေအဆင့် ၁၀၈ ယောက်ကိုလည်း တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်သေးတယ်။

​ဒီမြင်ကွင်းကို ကောင်းကင်လျှို့ဝှက်ကြေးမှန် ကနေတစ်ဆင့် တစ်လောကလုံးက ကျင့်ကြံသူတွေ မြင်တွေ့သွားကြပါပြီ။

အလယ်ပိုင်းတိုက်ကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖန့်ချန်ရဲ့ ဓားချက်နှစ်ချက်ကို မြင်လိုက်ရတဲ့အချိန်မှာ အားလုံး တိတ်ဆိတ်သွားကြပါတယ်။

သူတို့ရင်ထဲမှာ မေးခွန်းတစ်ခုပဲ ရှိပါတော့တယ် ဓားကျင့်ကြံခြင်းက ဒီလောက်တောင် အစွမ်းထက်တာလား

​ဟင်လင်းပြင်ထာဝရဓားဂိုဏ်း

​ဓားကျင့်ကြံသူ အုပ်စုတစ်စုဟာ ကြေးမှန်ကို ကြည့်ရင်း တိတ်ဆိတ်နေကြပါတယ်။

သူတို့တွေက အလယ်ပိုင်း သုံးဆင့် ကျွမ်းကျင်သူတွေ ဖြစ်ကြပြီး ပေါင်းစပ်ခြင်းအဆင့် တောင် ပါဝင်နေပါတယ်။

​"ငါ မမှားဘူးဆိုရင် သူ့နာမည်က ဖန့်ချန် မဟုတ်လား လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့ဂိုဏ်းမှာ စာရင်းသွင်းခဲ့ဖူးတယ် ဒါကို ဘယ်သူ တာဝန်ယူခဲ့တာလဲ"

လို့ အကြီးအကဲတစ်ယောက်က မေးလိုက်ပါတယ်။

​"ရှောင်ဟွမ် ထင်တယ်"

လို့ အမျိုးသမီး အကြီးအကဲတစ်ယောက်က ခန့်မှန်းပါတယ်။

​မကြာခင်မှာပဲ ဝတ်စုံဖြူနဲ့ အဖိုးအိုတစ်ယောက် ရောက်လာပြီး အရိုအသေပေးပါတယ်။

​"ရှောင်ဟွမ် မင်းပဲ သူ့ကို စာရင်းသွင်းပေးခဲ့တာလား"

​"ဟုတ်ပါတယ် ဆရာဘကျုပ်ပဲ စာရင်းသွင်းပေးခဲ့တာပါ သူ သေပြီလို့ ထင်ထားတာ အခုလို ပြန်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး"

လို့ အဖိုးအိုက ပြန်ဖြေပါတယ်။

​"ဒါဆို ဘာလို့ သူက ငါတို့ဂိုဏ်းသား မဟုတ်တော့တာလဲ"

​အဖိုးအိုက ခါးသက်သက် အပြုံးနဲ့

"မကြာခင်ကပဲ ကောင်းကင်ဘုရင်ကျန့် နန်းတော်က လူတွေ လာမေးကြတယ် ဒီကိစ္စမှာ ငါတို့ဂိုဏ်း ပါသလားဆိုတာကိုလေ"

" အဲဒါနဲ့ စုံစမ်းကြည့်တော့မှ ဒီလူဖြစ်နေတာ သိလိုက်ရတာ ငါတို့ဂိုဏ်းနဲ့ နန်းတော်ကြားက သဘောတူညီချက်ကို မပျက်စီးစေချင်လို့ ကျုပ်ပဲ သူ့ကို ဂိုဏ်းကနေ ထုတ်ပစ်လိုက်တာပါ"

​ပေါင်းစပ်ခြင်းအဆင့် အကြီးအကဲက တည်ကြည်စွာ ပြောလိုက်ပါတယ်။

"လူလွှတ်ပြီး သူ့ကို ဂိုဏ်းကို ပြန်ခေါ်ခဲ့ သူ့နာမည်ကို စာရင်းပြန်သွင်း ဒီလို ပါရမီရှင်မျိုးကို အပြင်မှာ ပစ်မထားနိုင်ဘူး သူက မွေးရာပါ ဓားကျင့်ကြံသူပဲ"

​"ဒါပေမဲ့ နန်းတော်နဲ့ သဘောတူညီချက်က"

​"အမှားက သူတို့ဆီမှာ ရှိတာ ငါတို့မှာ မဟုတ်ဘူး သူ့ကိုသာ ပြန်ခေါ်လာခဲ့ ကျန်တာ ငါ တာဝန်ယူတယ်"

ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ အထွတ်အထိပ်ဓားတောင် မှာလည်း ဓားကျင့်ကြံသူ ထောင်ပေါင်းများစွာ မှင်တက်နေကြပါတယ်။

​"ဒီလူက ညီမလေးယွီ ပြောတဲ့ သခင်လေး ဆိုတာလား သူ့ဓားပညာက ကြောက်စရာကြီး ငါတောင် သူ့ဓားကို ရင်ဆိုင်ဖို့ သတ္တိမရှိဘူး"

လို့ ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်က အံ့သြတုန်လှုပ်စွာ ပြောပါတယ်။

​ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်က ခပ်အေးအေးပဲ မှတ်ချက်ပေးပါတယ်။

"ဒီဓားချက်က ဝိညာဉ်သန္ဓေသားအဆင့် အစောပိုင်း ကိုတောင် သတ်နိုင်တယ် မင်းသာ တိုက်ရင် တစ်ကွက်တည်းနဲ့ ပြတ်မှာပဲ"

​"ဖန့်ချန်က ညီမလေးယွီကို ကာကွယ်ပေးနေတာ ကံကောင်းတာပဲ ငါတို့က ဝင်ပါလို့ မရတာ နှမြောစရာပဲ"

​"မင်းတို့ မသိသေးဘူး ဖန့်ချန်က ငါတို့ဂိုဏ်းသား ဖြစ်ခဲ့ဖူးတာ မကြာခင်ကမှ ထုတ်ပစ်ခံလိုက်ရတာ ပြောရရင် သူက ငါတို့ရဲ့ ညီငယ်လေးပဲ"

လို့ စီနီယာအစ်ကိုကြီး ချင်ဟော့ချိန် က ဝင်ပြောပါတယ်။

​"ဘာ ဒါမျိုးလည်း ရှိလား ငါတို့ ဘာလို့ မသိရတာလဲ"

အားလုံးက စိတ်လှုပ်ရှားသွားကြပါတယ်။

​"ငါ သွားပြီး အကြီးအကဲတွေကို ဂိုဏ်းက ထုတ်ခိုင်းခိုက်မယ် ဒါဆိုရင် စည်းမျဉ်းမပျက်ဘဲ ငါ ညီငယ်လေးကို သွားကူလို့ရပြီ"

ဓားကျင့်ကြံသူ တစ်ယောက်က အော်ဟစ်ရင်း ဓားပျံနဲ့ ထွက်ခွာသွားပါတော့တယ်။

​"ဒါက မဟာချန်း တုန်းက ဖြစ်ရပ်ကို ပြန်သတိရစေတာပဲ သခင်လေး ဒီလိုမျိုး အစွန်းရောက်တာကို ထပ်မမြင်ချင်တော့ဘူး"

လို့ နတ်မိမယ်ယွီက စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်ပါတယ်။

​"ငါ အဆင်ပြေပါတယ်"

ဖန့်ချန်က ပြုံးပြပါတယ်။

"အခုကစပြီး ဘယ်ရွှေအမြုတေအဆင့်မှ ငါတို့ကို လာတိုက်ရဲမှာ မဟုတ်တော့ဘူး သေချင်တဲ့သူကလွဲရင်ပေါ့"

​တကယ်တော့ နတ်ဘုရားချုပ်နှောင်ခြင်း အစီရင် က တော်တော် အစွမ်းထက်ပါတယ်။

အဲဒီက ထွက်လာတဲ့ ပုံရိပ်က ဝိညာဉ်သန္ဓေသားအဆင့် အထွတ်အထိပ် နီးပါး ရှိပါတယ်။

ဒါကြောင့် ဖန့်ချန်က ရှစ်မျက်နှာအရပ် ဓားကျမ်း ရဲ့ တတိယဓားကွက်ကို သုံးလိုက်တာပါ။

သူ့ရဲ့ ဓားခန္ဓာကိုယ် က စတုတ္ထအဆင့်ကို ရောက်နေပြီမို့ ဓားငယ်လေးရဲ့ စွမ်းအားက အရင်ကထက် အများကြီး ပိုပြင်းထန်လာတာကိုး။

​ဒီဓားချက်က ပုံရိပ်ကြီးကို ဖျက်ဆီးရုံတင်မကဘဲ အစီရင်ထဲက ကျင့်ကြံသူ ၁၀၈ ယောက်လုံးကိုပါ မျက်တောင်တစ်ချက်ခတ်အတွင်း သုတ်သင်လိုက်တာပါ။

ဒါက ဖန့်ချန် လိုချင်တဲ့ အကျိုးသက်ရောက်မှုပါပဲ။

မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြခြင်း ဆိုသလို ကျန်တဲ့ ရွှေအမြုတေအဆင့်တွေ ကြောက်သွားအောင် လုပ်ပြလိုက်တာပါ။

​ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေစဉ်မှာ ရွှီချင်စုန်က အသက်ပြင်းပြင်းရှုရင်း မေးလိုက်ပါတယ်။

​"ဘယ်စီနီယာက စည်းမျဉ်းချိုးဖောက်ပြီး ဝင်ပါလိုက်တာလဲ"

​လူတွေအားလုံး ကြောင်သွားပါတယ်။

သူက ခုနက နောက်လှည့်နေတာမို့ ဖန့်ချန်ကိုယ်တိုင် လုပ်လိုက်တာကို မမြင်လိုက်ရတာကိုး။

​အခန်း ၅၂၄ - နတ်ဘုရားသွေး

​ရွှီချင်စုန်ရဲ့ အော်ဟစ်မေးမြန်းမှုကို ဘယ်သူမှ ပြန်မဖြေကြပါဘူး။

ဖန့်ချန်ကတော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ နတ်မိမယ်ယွီကို ခေါ်ပြီး ရှေ့ကို ဆက်လျှောက်သွားပါတယ်။

ဘေးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေဟာ ဖန့်ချန်ရဲ့ လမ်းကို မတော်တဆ ပိတ်မိပြီး အသတ်ခံရမှာ ကြောက်တာကြောင့် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြပါတယ်။

​ရွှီချင်စုန်ရဲ့ မျက်နှာက ဒေါသကြောင့် ပြာနှမ်းနေပါတယ်။

ဖန့်ချန်နဲ့ နတ်မိမယ်ယွီက သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ကျော်ဖြတ်သွားတာကို ကြည့်ပြီး သူက ပတ်ဝန်းကျင်ကလူတွေကို ထပ်မေးပါတယ်။

"ဘယ်သူလုပ်တာလဲ ဝန်ခံစမ်း ငါတို့ မဟာချဲ့ထွင်းဂိုဏ်းကလူတွေကို ဒီအတိုင်း သတ်လို့ရတယ်လို့ မင်းတို့ ထင်နေတာလား"

​လူအုပ်ကြီးဆီက ဘာတုံ့ပြန်မှုမှ မရတဲ့အပြင် သူတို့ရဲ့ အကြည့်တွေက ပိုပြီး ထူးဆန်းလာပါတယ်။

ဒါကို မြင်တော့ ရွှီချင်စုန်က စင်မြင့်ပေါ်က ကိုင်ဟုန်ဆီကို လှမ်းအော်လိုက်ပါတယ်။

"ကိုင်ဟုန် တစ်ယောက်ယောက်က နန်းတော်နဲ့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကြားက သဘောတူညီချက်ကို ချိုးဖောက်နေပြီ မင်း ဒီအတိုင်း ကြည့်နေမှာလား"

​ကိုင်ဟုန်က သက်ပြင်းချလိုက်ပြီး ရွှီချင်စုန်ကို သနားစဖွယ် ကြည့်လိုက်ပါတယ်။

"မိတ်ဆွေရွှီ ဘယ်သူမှ စည်းမျဉ်းမချိုးဖောက်ပါဘူး အစကနေ အခုအထိ ရွှေအမြုတေအဆင့်ထက် မြင့်တဲ့သူ ဘယ်သူမှ ဝင်မပါသေးဘူး"

​မဟာချဲ့ထွင်းဂိုဏ်းက လောကကြီးနဲ့ ကင်းကွာနေတာ ကြာပြီမို့ သူတို့ရဲ့ အသိဉာဏ်တွေကပါ ထုံထိုင်းကုန်ပြီ ထင်ပါရဲ့။

​"ဟားဟားဟား မင်း ပြောချင်တာက ဒီအခြေခံတည်ဆောက်ခြင်းအဆင့်လေးက ငါ့ဂိုဏ်းရဲ့ နတ်ဘုရားချုပ်နှောင်ခြင်း အစီရင်ကို ဖျက်ဆီးလိုက်တာလို့လား ဒါက ဟိုးရှေးရှေးတုန်းက တကယ့်နတ်ဘုရားတွေကိုတောင် သတ်ခဲ့တဲ့ အစီရင်ကွ"

ရွှီချင်စုန်က ဖန့်ချန်တို့ ကျောပြင်ကို လက်ညှိုးထိုးရင်း ဒေါသတကြီး ရယ်မောလိုက်ပါတယ်။

​"ရွှီချင်စုန် တော်လိုက်တော့ ရှေးခေတ်တုန်းက မင်းတို့ဂိုဏ်းတောင် မရှိသေးဘူး"

တစ်ယောက်က အေးစက်စက် လှောင်ပြောင်လိုက်ပါတယ်။

"ပြီးတော့ အဲဒီအစီရင်နဲ့ နတ်ဘုရားသတ်ဖို့ဆိုတာ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ၁၀၈ ယောက် လိုတာလေ မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ"

​ရွှီချင်စုန် တုန်လှုပ်သွားပါတယ်။

အဲဒီနောက် သူက ဖန့်ချန်တို့ဆီကို အငြိုးတကြီး ကြည့်လိုက်ပါတယ်။

"မင်းတို့က အရင် စည်းမျဉ်းချိုးဖောက်တာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့"

​သူ့ဆီကနေ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာပြီး ခဏချင်းမှာပဲ ပေါင်းစပ်ခြင်းအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်သွားပါတယ်။

​"သူက ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ် ရောက်နေတာလား"

လူအုပ်ကြီးက ဟားကနဲ ဖြစ်သွားပါတယ်။

​ကိုင်ယွန်နောက မျက်မှောင်ကြုတ်လိုက်ပါတယ်။

"ရွှီချင်စုန်က စည်းမျဉ်းချိုးဖောက်ဖို့ ပြင်နေပြီ"

​ကိုင်ဟုန်းကတော့ လှောင်ပြောင်တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။

"သူက တကယ် မိုက်တာ မဟုတ်ပါဘူးအကြောင်းပြချက် ရှာနေတာ သူ့ညီအတွက် လက်စားချေဖို့ထက် ဂိုဏ်းရဲ့ ရတနာကို ပြန်လိုချင်နေတာ"

​အဲဒီအချိန်မှာပဲ ဖန့်ချန်ရဲ့ ခြေလှမ်းတွေ ရပ်သွားပါတယ်။

သူ့မျက်လုံးထဲမှာ အပြာရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး သတ္တုဓာတ် နံရံကြီးတွေက ကောင်းကင်ယံအထိ မြင့်တက်လာကာ ခံတပ်ကြီးတစ်ခုလို သူတို့နှစ်ယောက်ကို ကာကွယ်လိုက်ပါတယ်။

​ဖန့်ချန်က သူ့ရဲ့ သစ်စိမ်းတံဆိပ် ကို ထုတ်ပြီး နတ်မိမယ်ယွီကို ပေးလိုက်ပါတယ်။

"သစ်စိမ်းဂိုဏ်းကို သွားတော့ အခွင့်အရေး နည်းပေမယ့် ကြိုးစားကြည့်ပါ အသက်ရှင်အောင် နေပါ"

​"ကျမ သခင်လေးကို ထားမသွားဘူး"

နတ်မိမယ်ယွီက တံဆိပ်ကို ဆုပ်ကိုင်ရင်း ခေါင်းခါပါတယ်။

"သခင်လေး ကျွန်မ မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိတယ် ကျမရဲ့ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားကြောင့် ကျမရဲ့ သက်တမ်းက နှစ် ၃၀ ပဲ ကျန်တော့တယ် တခြားသူတွေရဲ့ သက်တမ်းကို စုပ်မယူရင် ကျမ သေရလိမ့်မယ်"

​"ဒါပေမဲ့ ကျွန်မသာ အမှောင်ဘက်ကို တကယ်ကူးသွားရင် သခင်လေး ကျမကို စကားပြောတော့မှာ မဟုတ်ဘူး၊ ဂရုစိုက်တော့မှာ မဟုတ်ဘူး"

" အဲဒီလို အဓိပ္ပာယ်မရှိတဲ့ နှစ် ၃၀ ကို ရှင်သန်နေရမယ့်အစား သခင်လေးနဲ့အတူ နောက်ဆုံးအချိန်အထိ အတူရှိသွားချင်တယ်"

​ဖန့်ချန် မှင်တက်သွားပါတယ်။

"နှစ် ၃၀ ပဲလား"

​နတ်မိမယ်ယွီက ပြုံးပြပါတယ်။

"သခင်လေး ထွက်ပြေးတော့ သခင်လေးရဲ့ ဓားကျင့်စဉ်က အရမ်းမြန်တယ် လွတ်ဖို့ အခွင့်အရေး ရှိပါသေးတယ် ကျွန်မအတွက် မပူနဲ့ သူတို့ ကျွန်မကို သတ်ဖို့ ဝိညာဉ်သန္ဓေသားအဆင့်တွေကို လွှတ်မှာ မဟုတ်ပါဘူး"

​"ပြေးမယ် ငါက သုံးလောကတောင်တိုက်ပွဲ မှာလည်း မပြေးခဲ့ဘူး မဟာချန်း မှာလည်း မပြေးခဲ့ဘူး"

ဖန့်ချန်က ခေါင်းခါလိုက်ပါတယ်။

"ဘာလို့လဲ သိလား"

​နတ်မိမယ်ယွီက ရယ်လိုက်ပါတယ်။

"သခင်လေး သိက္ခာကျမှာ ကြောက်လို့တော့ မဟုတ်ဘူးဆိုတာ ကျမ သိတယ်"

​ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။

နတ်မိမယ်ယွီက သူ့ကို တကယ် နားလည်တာပဲ။

သူ့မှာ တာဝန်တွေ မရှိရင် သူက ကြောက်စရာကောင်းတဲ့ ရန်သူနဲ့ တွေ့တဲ့အခါ လစ်ရင် လစ်သလို ပြေးမယ့်လူပါ။

သိက္ခာဆိုတာ သူ့အတွက် ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ အခုက မတူတော့ဘူး။ သူ့နှလုံးသားထဲမှာ တန်ဖိုးထားရမယ့် အရာတွေ များလာပြီ။

​"မင်းမှာ နှစ် ၃၀ ရှိသေးတယ် မျှော်လင့်ချက် ရှိပါသေးတယ် အဲဒီ ပြောင်းပြန် မသေမျိုးမိစ္ဆာသန္ဓေသား ကို ဖြေရှင်းဖို့ နည်းလမ်းရှာမရရင်တောင် ငါ မင်းကို ဝိညာဉ်သွေးဂိုဏ်း ဆီ ခေါ်သွားပြီး သက်တမ်းတွေ ချေးပေးမယ်"

" ဒါကြောင့် မင်း အသက်ရှင်နေရမယ် ကျန်တာ ငါ့ကို လွှတ်ထားပြီး သစ်စိမ်းဂိုဏ်းကိုသာ သွားပါ"

​ဖန့်ချန်က သူ့ရဲ့ သိုလှောင်လက်စွပ်ကို ချွတ်ပြီး နတ်မိမယ်ယွီကို ပေးလိုက်ပါတယ်။

​အဲဒီနောက် သူ့ရဲ့ အကြည့်က ဓားငယ်လေး ဆီ ရောက်သွားပါတယ်။

ဓားပေါ်က စွန်းထင်းနေတဲ့ သွေးကွက်တွေက အသက်ဝင်လာသလို လှုပ်ရှားလာပြီး ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပါတော့တယ်။

​နတ်မိမယ်ယွီက တစ်ခုခုကို ခံစားမိပြီး ဓားငယ်လေးကို လှမ်းဖမ်းဖို့ ကြိုးစားပေမယ့် အစွမ်းထက်တဲ့ စွမ်းအားတစ်ခုက သူမကို ပေရာနဲ့ချီ ဝေးရာကို လွင့်စင်သွားစေပါတယ်။

​"ဒီ သတ္တုဓာတ် စွမ်းအားက ဝိညာဉ်သန္ဓေသားအဆင့်တောင် ခဏလောက် အကျပ်ရိုက်သွားနိုင်တယ်"

လို့ လူအုပ်ထဲက တစ်ယောက်က မှတ်ချက်ပေးပါတယ်။

​ဒါပေမဲ့ သူ ရင်ဆိုင်နေရတာက ဝိညာဉ်သန္ဓေသား မဟုတ်ဘဲ ပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူပါ။

ရွှီချင်စုန်က သူ့ရဲ့ လက်ကို ဝေ့ယမ်းလိုက်တဲ့အခါ ဟင်းလင်းပြင်ထဲကနေ နတ်ဘုရားနှင်တံ တစ်ခု ထွက်ပေါ်လာပြီး ဖန့်ချန် တည်ဆောက်ထားတဲ့ သံမဏိနံရံကြီးတွေကို တစ်စစီ ရိုက်ခွဲပစ်လိုက်ပါတယ်။

​ဖုန်မှုန့်တွေ ကြားထဲမှာတော့ လူရိပ်တစ်ခုက မလှုပ်မယှက် ရပ်နေပါတယ်။

​နတ်မျိုးစေ့တွေကတော့ အံ့သြနေကြပါတယ်။

"သူ ကြောက်ပြီး တောင့်နေတာလား"

​ပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူနဲ့ ရင်ဆိုင်ရရင် ကြောက်ပြီး မလှုပ်နိုင်တာက အရှက်ရစရာ မဟုတ်ပါဘူး။

အဆင့်ချင်းက ကောင်းကင်နဲ့ မြေကြီး လို ကွာခြားလွန်းတာကိုး။

All Chapters