အခန်း (၅၂၉-၅၃၀)
Vol. 53 Ch. 529-530
အခန်း ၅၂၉ - ဖြတ်သွားဖြတ်လာလည်း အရိုက်ခံရမယ်
ကောင်းကင်နဲ့ မြေကြီး တုန်ဟိန်းသွားစေမယ့် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာပါတယ်။
"မဟာချဲ့ထွင်းဂိုဏ်းက ရွှီချင်စုန် အခုချက်ချင်း တက်လာပြီး အသေခံစမ်း"
ရွှီချင်စုန်ရဲ့ မျက်နှာက အဆိုးရွားဆုံးအခြေအနေကို ရောက်သွားပါတယ်။
"ငါတို့ မဟာချဲ့ထွင်းဂိုဏ်းနဲ့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဘာရန်ငြိုးမှ မရှိဘူးလေ မင်းတို့က ဘာလို့ လာပြီး ပြဿနာရှာနေတာလဲ"
"မင်းက ကောင်းကင်ဘုရင်ကျန့်နဲ့ ဓားဂိုဏ်းကြားက သဘောတူညီချက်ကို ချိုးဖောက်ရဲတယ်ပေါ့ သေရမှာကို ကြောက်သင့်နေပြီလေ အပိုတွေ ပြောမနေနဲ့တော့ မင်း တက်မလာရင် ငါတို့ ဆင်းလာခဲ့မယ်"
အဲဒီအသံက ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်ပါတယ်။
ရွှီချင်စုန်က မျက်လုံးတွေ ကစားရင်း
"စည်းမျဉ်းကို ချိုးဖောက်တာ တခြားသူလေ ငါမဟုတ်ဘူး"
လို့ အရူးကွက် နင်းဖို့ ကြိုးစားပါတယ်။
"ကြည့်ရတာ ဒီကောင်ကတော့ သောက်ရူးလို လုပ်နေတာပဲ "
"ဒါဆိုရင် စကားများမနေနဲ့တော့"
စကားအဆုံးမှာပဲ လူရိပ်အချို့ဟာ ဓားအလင်းတန်းတွေအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်စုန်ကို ချက်ချင်း ဝိုင်းလိုက်ပါတယ်။
သူတို့အားလုံးဟာ ပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူတွေဖြစ်ပြီး သူတို့ဆီက ထွက်နေတဲ့ ဓားအသိတွေက ရှေးဟောင်းသားရဲကြီးတွေလို ကြောက်စရာကောင်းနေပါတယ်။
ရွှီချင်စုန်က ထိတ်လန့်သွားပြီး
"မင်းတို့က မင်းတို့ဂိုဏ်းက အစွန့်ပစ်ခံ တပည့်ကို ကူညီဖို့ အကြောင်းပြချက် ရှာနေတာလား"
လို့ အော်လိုက်ပါတယ်။
"ဒီကောင်က ငါတို့ကို နာမည်ဖျက်ဖို့ ကြိုးစားနေတာပဲ ငါတို့ ဓားကျင့်သူတွေက ဘယ်တုန်းကမှ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို မကြောက်ဘူး"
" မင်း ပါးစပ်က တော်တော်အနံ့ထွက် တာပဲ ခဏနေရင်ရော အရူးကွက်နင်းရလား ကြည့်ရသေးတာပေါ့"
တစ်ယောက်က ရယ်မောရင်း လက်ကို ဝေ့ယမ်းလိုက်ပါတယ်။
ပြင်းထန်တဲ့ ဓားအရှိန်အဝါတွေက အရပ်မျက်နှာပေါင်းစုံကနေ ရွှီချင်စုန်ကို တိုက်ခိုက်ပါတော့တယ်။
ရွှီချင်စုန်လည်း သူ့ရဲ့ နတ်ဘုရားနှင်တံနဲ့ ပြန်ခုခံပေမဲ့ ဓားအသိတွေက တစ်လှိုင်းပြီး တစ်လှိုင်း ရောက်လာတာကြောင့် သူ့ဝိညာဉ်တောင် တုန်ယင်သွားရပါတယ်။
"မင်းတို့ အရှက်မရှိတဲ့ကောင်တွေ"
သူ ကျိန်ဆဲဖို့ပဲ အချိန်ရလိုက်ပါတယ်။
ခဏအတွင်းမှာပဲ သူ့ခန္ဓာကိုယ်ပေါ်မှာ အရိုးထိအောင် နက်ရှိုင်းတဲ့ ဓားဒဏ်ရာတွေ အများကြီး ရသွားပါတယ်။
"အားလုံး အတူတူ တိုက်ကြ သူ ဒူးထောက်ပြီး တောင်းပန်တဲ့အထိ မရပ်နဲ့"
တစ်ဖက်မှာလည်း တခြားဓားကျင့်သူတွေက အားမနေပါဘူး။
သူတို့က ဘေးနားမှာရှိတဲ့ တခြားဂိုဏ်းက လူတွေကိုပါ ရန်စပြီး လိုက်ရိုက်နေကြပါတယ်။
"လုကန် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့အတင်းကို မင်း ပြောခဲ့တယ် မဟုတ်လား လာလေ ဒီနေ့ အပြတ်ရှင်းရအောင်"
"ကျောက်မင်း မင်းရဲ့ အဘိုးက ငါ့အဘိုးဆီက ဆေးသစ်ဥကို ခိုးသွားတာ ငါ မှတ်မိသေးတယ်ဟေ့ လာခဲ့"
"ညီမလေး လျူ မင်းက ဘာလာလုပ်တာလဲ အော် ဒါ မင်းရဲ့ တပည့်လား ကောင်းပြီ လာတိုက်ကြမယ်"
ဘေးက ကြည့်နေတဲ့သူတွေ မှင်တက်ကုန်ပါတယ်။
ဓားဂိုဏ်းက လူတွေဟာ ရူးသွပ်သွားသလိုမျိုး တွေ့သမျှလူကို ရန်ရှာနေကြတာပါ။
ပါးရိုက်ခံထားရလို့ မျက်နှာတွေ ဖူးယောင်နေတဲ့ ကြားထဲကပဲ ဓားဂိုဏ်းသားတွေရဲ့ အနိုင်ကျင့်မှု ကို ထပ်ခံနေရပါတယ်။
လမ်းဘေးက ဖြတ်သွားတဲ့ ခွေးတစ်ကောင်တောင် ပါးနှစ်ချက် အရိုက်ခံလိုက်ရလို့ အော်ဟစ်ပြီး ပြေးသွားရပါတယ်။
ကိုင်ဟုန်ဆီကိုလည်း ဓားကျင့်သူတစ်ယောက် ရောက်လာပါတယ်။
"ကိုင်ဟုန် မင်းက မင်းရဲ့ နိုင်ငံမှာ မနေဘဲ ဒီမှာ ဘာလာရှုပ်နေတာလဲ လာ ငါနဲ့ တိုက်ခိုက်ရအောင်"
ကိုင်ဟုန် ခမျာ ပါးကလည်း ရောင်၊ စိတ်ကလည်း ညစ်နဲ့ မတိုက်ချင်ဘဲ တိုက်နေရပါတယ်။
အကြီးအကဲ ချန်က ဝင်ကူဖို့ လုပ်ပေမဲ့ ဆူးမော့က တားလိုက်ပါတယ်။
"မိတ်ဆွေ ချန် မင်း ဝင်ပါရင် ကိစ္စက ပိုကြီးသွားလိမ့်မယ် ဒီဓားကျင့်သူတွေက ကိစ္စကြီးလေ ပိုပျော်လေပဲဆိုတာ မင်း သိတယ်မဟုတ်လား"
အဲဒီအချိန်မှာပဲ ဖန့်ချန် သတိပြန်ရလာပါတယ်။
"ယွီလေး ငါ မင်းကို သစ်စိမ်းဂိုဏ်းကို သွားခိုင်းတာ ဘာလို့ ငါ့စကားကို နားမထောင်တာလဲ"
နတ်မိမယ်ယွီက ဝမ်းသာအားရနဲ့
"သခင်လေး အဆင်ပြေရဲ့လား"
လို့ မေးလိုက်ပါတယ်။
ဖန့်ချန်ရဲ့ အသံနဲ့ ပုံစံက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကြောင့် သူမ အရမ်းပျော်သွားတာပါ။
"အင်း အခုတော့ အဆင်ပြေသွားပါပြီ"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့လက်ထဲက ဓားပေါ်က သွေးစွန်းတွေကို ကြည့်ရင်း သူ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ရှိနေတုန်းပါ။
ဓားငယ်လေးရဲ့ အသံကလည်း ထွက်လာပါတယ်။
"ဖန့်ချန် နောက်တစ်ခါ အဲဒီလို မလုပ်နဲ့တော့ ငါ့အပေါ်မှာ ရှိနေတုန်းက ငါ ထိန်းထားနိုင်ပေမဲ့ မင်းကိုယ်ထဲ ရောက်သွားရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး"
"ဟိုကလေး ပြောတာ မှန်တယ် နောက်တစ်ခါ ဒီလို မိစ္ဆာနည်းလမ်းတွေကို မသုံးပါနဲ့တော့ မင်း ဝိညာဉ် ပူးကပ်ခံရတော့မလို့ပဲ"
လို့ စကြဝဠာကြေးမှန်ကလည်း ထောက်ခံလိုက်ပါတယ်။
ဖန့်ချန် ခေါင်းညိတ်လိုက်ပါတယ်။
နတ်ဘုရားသွေးထဲမှာ ပါတဲ့ ရှေးဟောင်းဝိညာဉ်တွေက ဒီလောက်အထိ အစွမ်းထက်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
သူ့ဝိညာဉ်က လှောင်အိမ်ထဲမှာ ပိတ်မိနေသလို ဖြစ်ခဲ့တာပါ။
"ယွီလေး ငါ ဘယ်လို ပြန်ကောင်းလာတာလဲ အဲဒီ စီနီယာကြောင့်လား"
နတ်မိမယ်ယွီက အဖြစ်အပျက်တွေကို ရှင်းပြတဲ့အခါ ဖန့်ချန်က အဖိုးအိုရဲ့ အစွမ်းကို အံ့သြသွားပါတယ်။
အဲဒီအဖိုးအိုက မသေမျိုးဝိညာဉ်တွေကို အလွယ်တကူ နှိမ်နင်းနိုင်တယ်ဆိုရင် သူ့ရဲ့ အဆင့်က ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ဒါမှမဟုတ် တက်လှမ်းခြင်းအဆင့် တောင် ဖြစ်နိုင်ပါတယ်။
"သခင်လေး သခင်လေးရဲ့ စီနီယာ အစ်ကို အစ်မတွေကို မတွေ့ရသေးဘူး မဟုတ်လား ကျမ မိတ်ဆက်ပေးမယ် ဟိုမှာက ဓားထွတ်ခေါင်တောင် က စီနီယာအစ်ကိုကြီး ချင်ဟော့ချိန် ဟိုဘက်ကတော့ ဖန်တီးခြင်းတောင် က စီနီယာအစ်မ လျူ"
နတ်မိမယ်ယွီက စိတ်အားထက်သန်စွာနဲ့ မိတ်ဆက်ပေးနေပါတယ်။
ဖန့်ချန်ကတော့ သူ့ကို ကာကွယ်ဖို့အတွက် တွေ့သမျှလူကို လိုက်ရိုက်နေတဲ့ ခွေးတောင် မချန်တဲ့ သူ့ရဲ့ ဂိုဏ်းတူ စီနီယာတွေကို ကြည့်ရင် ဒီဂိုဏ်းက လူတွေကတော့ တကယ့်ကို ထူးခြား တာပဲလို့ တွေးနေပါတော့တယ်။
အခန်း ၅၃၀ - ဘိုးဘိုးလို့ ခေါ်စမ်း
ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ တောင်ထွတ် ၃၆ ခု ရှိပါတယ်။
အခု ဒီနေရာကို တောင်ထွတ်အားလုံးက ထိပ်တန်းတပည့်တွေ မလာနိုင်ကြပေမဲ့ ရောက်နေတဲ့ ဓားကျင့်သူ ထောင်ပေါင်းများစွာထဲမှာ တောင်ထွတ်တစ်ခုချင်းစီက တပည့်တွေ အနည်းဆုံးတစ်ယောက်စီတော့ ပါလာကြတာပါ။
လက်ရှိမှာတော့ ဖန့်ချန်ကို လာပြီး ပြဿနာရှာခဲ့တဲ့ ကျင့်ကြံသူတွေအားလုံးဟာ အရိုက်ခံနေရပြီး ရွှီချင်စုန်ကတော့ အဆိုးဆုံးပါပဲ။
တကယ်တော့ အရိုက်ခံနေရသူတွေဟာ အစွမ်းမရှိတာ မဟုတ်ပါဘူး။
ဒါပေမဲ့ သေနေ့စေ့တော့မယ့် ဓားကျင့်သူ အရူးတွေနဲ့ အသက်ချင်းလဲပြီး မတိုက်ချင်ကြတာပါ။
ဓားကျင့်သူတွေက သက်တမ်းတိုပေမဲ့ တိုက်ခိုက်ရင် အသက်စွန့်တိုက်တတ်ကြတာကြောင့် သူတို့နဲ့ယှဉ်ရင် ကိုယ်ကပဲ ရှုံးမှာစိုးလို့ အလျှော့ပေးနေကြတာ ဖြစ်ပါတယ်။
ရွှီချင်စုန်ဟာ သွေးတွေ တစ်ပွက်ပြီးတစ်ပွက် အန်ထုတ်ရင်း မြေပြင်ပေါ်မှာ လဲကျနေပါတယ်။
သူက မျက်လုံးတွေ နီမြန်းလျက်နဲ့ အော်လိုက်ပါတယ်။
"တော်တော့"
"ဘယ်ချိန် တော်ရမလဲဆိုတာ ငါတို့ပဲ ဆုံးဖြတ်မယ် မင်း ဆက်ပြီး အရိုက်မခံချင်ရင် ငါတို့ကို တစ်ယောက်ချင်းစီ ဒူးထောက်ပြီး ဘိုးဘိုး လို့ ခေါ်စမ်း မဟုတ်ရင်တော့ ဒီနေ့ မင်း အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး"
ဓားကျင့်သူတစ်ယောက်က ရက်ရက်စက်စက် ပြုံးရင်း ပြောလိုက်ပါတယ်။
"မင်းရဲ့ မဟာချဲ့ထွင်းဂိုဏ်းက လူတွေ လာကယ်မှာကိုတော့ မျှော်မနေနဲ့ ငါတို့ဂိုဏ်းက လူကြီးတွေက မင်းတို့ဂိုဏ်းရဲ့ တောင်ပေါ်ကို သွားပြီး ဂါရဝပြု နေကြပြီ သူတို့ မင်းကို လှည့်ကြည့်ဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူး"
ရွှီချင်စုန် မျက်နှာ ဖြူဖျော့သွားပါတယ်။
သူက တိတ်တဆိတ် သတင်းပို့ဖို့ ကြိုးစားပေမဲ့ သူ့ဂိုဏ်းဆီက ပြန်လာတဲ့ သတင်းစကားကတော့
"ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းပါ သေဘေးက လွတ်အောင်ပဲ ကြိုးစားပါ" တဲ့
ရွှီချင်စုန် အံကြိတ်လိုက်ပါတယ်။
"ငါက နတ်မျိုးစေ့ဖြစ်သလို ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ"
"ငါ့ကို ဒူးထောက်ပြီး ဘိုးဘိုးလို့ ခေါ်ခိုင်းတာက သိက္ခာချတာပဲ သူရဲကောင်းဆိုတာ သေချင်သေမယ် အရှက်တော့ မခံနိုင်ဘူး"
ချင်ဟော့ချိန်က အေးစက်စက် ပြုံးလိုက်ပါတယ်။
"ဒါဆိုရင်လည်း သေလိုက်ပေါ့"
သူ့ဓားဆီကနေ သေမင်းအရှိန်အဝါတွေ ထွက်ပေါ်လာတဲ့အခါမှာတော့ ရွှီချင်စုန်ရဲ့ သတ္တိတွေ အရည်ပျော်သွားပါတယ်။
သူက အသည်းအသန် အော်လိုက်ပါတယ်။
"ငါ... ငါ ခေါ်မယ်"
"ဟေ့ လူတွေ မဟာချဲ့ထွင်းဂိုဏ်းက ရွှီချင်စုန်က ငါတို့ကို ဘိုးဘိုးလို့ ခေါ်တော့မလို့တဲ့ အလုပ်တွေခဏရပ်ပြီး လာကြည့်ကြဦး"
ချင်ဟော့ချိန်ရဲ့ အသံက တစ်မြို့လုံးကို ဟိန်းထွက်သွားပါတယ်။
ဓားကျင့်သူတွေ အားလုံး ရပ်ပြီး လာကြည့်ကြပါတယ်။
ကိုင်ဟုန် တို့အုပ်စုကတော့ စိတ်ပျက်လက်ပျက်နဲ့ ရွှီချင်စုန်ကို ကြည့်နေကြပါတယ်။
"ဒီကောင့်ကြောင့် ငါတို့ပါ ဒီအရူးတွေနဲ့ ပတ်သက်ကုန်တာ"
လို့ တွေးနေကြတာပါ။
"မြန်မြန်ခေါ်စမ်း ငါတို့ဆီမှာ လူတစ်ထောင်ကျော် ပါလာတာဆိုတော့ တစ်ယောက်ချင်းစီကို ဘိုးဘိုးလို့ ခေါ်ရမှာနော်"
ချင်ဟော့ချိန်က ရယ်မောလိုက်ပါတယ်။
ရွှီချင်စုန် မျက်နှာက ပြာနှမ်းနေပါပြီ။
သူက ဓားကျင့်သူတစ်ယောက်ကို ကြည့်ပြီး တိုးတိုးလေး ခေါ်လိုက်ပါတယ်။
"ဘိုးဘိုး..."
"အေး... မြေးကောင်းလေး"
အဲဒီဓားကျင့်သူက အားရပါးရ ရယ်မောလိုက်ပါတယ်။
"ဟားဟား ပေါင်းစပ်ခြင်းအဆင့်ကြီးက ငါ့ကို ဘိုးဘိုးလို့ ခေါ်နေပါလားဟ အတော်ပျော်စရာကောင်းတာပဲ"
ရွှီချင်စုန်ဟာ တစ်ယောက်ပြီးတစ်ယောက်
"ဘိုးဘိုး"
လို့ လိုက်ခေါ်နေရပါတယ်။
အချိန်အတော်ကြာပြီးတဲ့နောက် သူက အားနည်းတဲ့အသံနဲ့ မေးလိုက်ပါတယ်။
"ခေါ်လို့ ပြီးပြီ ငါ သွားလို့ရပြီလား"
"ပြီးပြီလား"
ချင်ဟော့ချိန်က နတ်မိမယ်ယွီနဲ့ ဖန့်ချန်ကို ညွှန်ပြလိုက်ပါတယ်။
"အဲဒီ နှစ်ယောက် ကျန်သေးတယ်လေ"
"သူတို့က ဓားဂိုဏ်းကမှ မဟုတ်တာ"
ရွှီချင်စုန်က ဒေါသတကြီး အော်ပါတယ်။
"သူတို့က ငါတို့လူပဲ ခေါ်မလား သေမလား"
ချင်ဟော့ချိန်က အေးအေးဆေးဆေးပဲ ပြန်ပြောပါတယ်။
ရွှီချင်စုန်ဟာ ဖန့်ချန်ကို ကြည့်ပြီး အံကြိတ်ကာ ခေါ်လိုက်ပါတယ်။
"ဘိုးဘိုး..."
ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။
နတ်မိမယ်ယွီကတော့ မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်ပါတယ်။
"ဘွားဘွားလို့ ခေါ်စမ်း"
"ဘွားဘွား"
လို့ ရွှီချင်စုန် ခေါ်လိုက်ပြီးတဲ့နောက် အမြန်ဆုံး ပြေးထွက်သွားပါတော့တယ်။
ဓားကျင့်သူတွေကတော့ မရပ်သေးပါဘူး။
"မဝသေးဘူးဟေ့ ဆက်ရိုက်ကြမယ်"
ဆိုပြီး ကိုင်ဟုန် တို့ဆီကို ခြေဦးလှည့်လာပါတယ်။
ကိုင်ဟုန် တို့ခမျာ မတိုက်ချင်ဘဲနဲ့ ဆက်တိုက်နေရပါတယ်။
"ဓားဂိုဏ်းက လူကြီးတွေ ပြောတာ ရှိတယ် ငါတို့ တစ်ခုခု ဆုံးရှုံးရင် ဆယ်ဆ အဆတစ်ရာ ပြန်ယူရမယ်တဲ့ မဟုတ်ရင် ငါတို့ရဲ့ ဓားအသိက ထက်မြက်လာမှာ မဟုတ်ဘူး"
လို့ ချင်ဟော့ချိန်က ပြောရင်း လုကန်ရဲ့ ဆံပင်တွေကို ဓားနဲ့ ရိတ်ပစ်လိုက်ပါတယ်။
နာရီအနည်းငယ်အကြာမှာတော့ တစ်မြို့လုံးမှာ အော်ဟစ်သံတွေနဲ့ ပြည့်နှက်နေပါတယ်။
ဆူးမော့ကလွဲရင် ကျန်တဲ့သူတွေအားလုံး ဒဏ်ရာကိုယ်စီ ရကုန်ကြပါပြီ။
အဲဒီအချိန်မှာပဲ ကောင်းကင်လျှို့ဝှက်ကြေးမှန် မှာ ပုံရိပ်တစ်ခု ပေါ်လာလို့ အားလုံး ရပ်သွားကြပါတယ်။
ကြေးမှန်ထဲမှာတော့ မြူတွေဆိုင်းနေတဲ့ မသေမျိုးတောင်ကြီးတစ်လုံးပေါ်မှာ လူတစ်ယောက်ဟာ လက်ကို နောက်ပစ်ပြီး ကျောပေးရပ်နေပါတယ်။
သူ့ရဲ့ ဘေးတစောင်း ပုံရိပ်လေးပဲ မြင်ရပေမဲ့ သူ့ဆီက ထွက်နေတဲ့ အရှိန်အဝါက ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုပါပဲ။
ဓားကျင့်သူတွေကတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
"အဲဒါ ဂိုဏ်းချုပ် မဟုတ်လား သူကတော့ နောက်တစ်ခါ လာကြွားနေပြန်ပြီ"